People's Spring
✔
59.4K subscribers
72.4K photos
1.29K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - ဘုတလင်သပိတ်အင်အားစု၊ ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု
❤35👍4🥰3🖕3🤮1
တရားမျှတမှု​ဖော်​ဆောင်နိုင်​ရေး PDFနဲ့မဟာ
မိတ်​တွေရဲ့ထိုးစစ်အရှိန်မြှင့်​ဖော်​ဆောင်​နေဟု
စစ်ရုံးချုပ်ထုတ်ပြန်

■စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

​အောက်တိုဘာ-၁၉၊၂၀၂၆။ရွှေပြည်စိုး/ People's Spring

နိုင်ငံတဝန်း အရပ်သားပြည်သူ‌တွေကို နည်းမျိုးစုံဖိနှိပ်နေတဲ့ အာဏာသိမ်းစစ်‌တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်မှု​တွေကို အရှိန်မြှင့် တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေဝန်ကြီးဌာန၊
ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်)
က ဒီက​နေ့ သတင်းထုတ်ပြန်ပါတယ်။

PDF နဲ့ မဟာမိတ်တပ်​တွေကတရားမျှတမှုဖော်ဆောင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တိုက်ခိုက်​နေပြီးလက်ရှိ
ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်‌ ရေးသတင်းတွေကိုသင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် တိုက်ပွဲပြင်းထန်‌နေတဲ့စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်ထဲမှာစစ်တပ်က အရပ်
သားတစ်ဦးကိုရက်စက်စွာသတ်ဖြတ်ပြီး တစ်ဦးက်ို ဖမ်းဆီးသွားတယ်လို့ အောက်တိုဘာလ ၁၉ရက်မှာ ထုတ်ပြန်အသိပေးတာပါ။

အင်းတော်မြို့နယ်မှာအောက်တိုဘာလ ၁၉ ရက် နေ့လယ်ပိုင်းက အမျိုးသားနှစ်ဦးဟာ
ညောင်ကုန်းရွာ ကနေ ဆိုင်ကယ်နဲ့ ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တပ်တွေစိုးမိုးထားတဲ့ နယ်မြေကို ကျော်ပြီး စစ်တပ် တပ်စွဲနေရာယူထားတဲ့ မအူကုန်းရွာအနီးကို မှားယွင်းရောက်ရှိသွားတာလို့ သိရပါတယ်။

စစ်သား​တွေကအသက် (၂၃) နှစ်အရွယ်ခန့်ရှိ လူငယ်ကို လက်နောက်ပြန်ကြိုးတုပ်၊ မြေပြင်မှာ မှောက်ခိုင်းပြီးသေနတ်ဒင်နဲ့အချက်ပေါင်း
များစွာ ရိုက်နှက်ကာ သေနတ်နဲ့ အနီးကပ်ပစ်သတ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။ အသက် ၅၀ ကျော်အရွယ်ကျန်အမျိုးသားကို လက်နောက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်နှိပ်
စက်ကာ လယ်ပြင်ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

"လမ်းပိုင်းသတိပေးချက်တွေ ထုတ်ထားတာဗျ။ သူတို့က လမ်းမှားသွားတာ။လူငယ်ကိုသတ်ပြီးအလောင်းကို ထားခဲ့တယ်။ ဒီကောင်တွေ သွေးဆာနေတဲ့ အရိုင်းအစိုင်းတွေပဲ"လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့ မတရားဖမ်းဆီးညှဉ်းပန်းသတ်
ဖြတ်ခြင်းခံရတဲ့ အရပ်သားပြည်သူ တွေအတွက် ဝမ်းနည်းကြေကွဲရပြီး နိုင်ငံတစ်ဝန်းမှာ နည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရတဲ့ ပြည်သူ တွေအတွက် မဟာမိတ်တွေနဲ့အတူ
တရားမျှတမှုဖော်ဆောင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှု တွေ အရှိန်မြှင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားတာဖြစ်ပါတယ်။

လက်ရှိမှာ အင်း‌တော်-ထီးချိုင့်လမ်းနဲ့ အင်းတော်-ဝန်းသိုလမ်းမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး စစ်ရေးတင်းမာ နေပါတယ်။ စစ်ကောင်စီက လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲနေပါတယ်။

စစ်ကောင်စီက ယခုရက်ပိုင်းမှာ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို လေ
ကြောင်းကနေဗုံးကြဲလို့ ​ဒေသခံပြည်သူ​တွေထိခိုက်သေဆုံးမှုတွေများပြားနေပါတယ်။ တိုက်ပွဲတွေမှာ အထိနာတိုင်း တိုက်ပွဲနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်ခြင်းက အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ပြည်သူ့ကာကွယ်ရေး
တပ်မတော် (စစ်ရုံးချုပ်)က ထုတ်ပြန်ထားပါတယ်။
👍25🤮6🤬5❤3👎2🖕2🥰1🤣1
စစ်တပ်က ​အောက်တိုဘာ ၁၉ ရက်​နေ့ခင်းပိုင်းမှာ အင်း​တော်မြို့နယ်၊မအူကုန်းရွာအနီးအသက် ၂၀ ​ကျော်အရွယ်လူငယ်တဦးကိုဖမ်းဆီးသတ်ဖြတ်ပြီးတရွတ်တိုက်ဆွဲ​ခေါ်သွားစဥ်နဲ့ အမျိုးသားတဦးကိုဖမ်း​ခေါ်သွားစဥ်။ဓါတ်ပုံ-PDF စစ်ရုံးချုပ်
🤬36👍7❤4🤣2👎1👏1🤮1
စစ်သုံပန်း၁၆ ဦး တာဝန်​ကျေပြီးသစ္စာရှိ၍
ဆန္ဒအလျောက် PDF အဖြစ်တာဝန်ထမ်းဆောင်ခွင့်ပြု

အောက်တိုဘာ-၁၉၊၂၀၂၆။သတိုး/People's Spring

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အ
ထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအ
လျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဥပဒေ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ အညီ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၆ ဦးက ပေးအပ်တဲ့ တာဝန်‌တွေ ကိုသစ္စာရှိစွာထမ်းဆောင်တာ ၊ တာဝန်ကျေပွန်တာ ၊ တော်လှန်ရေးတိုက်ပွဲ တွေမှာပါဝင်ပေးဝာာ ၊စစ်ရာဇဝတ်မှုကင်းရှင်း တာတွေအတွက်စစ်သုံ့ပန်းစာရင်းကပယ်
ဖျက်ပေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်သုံပန်းစာရင်းက ပယ်ဖျက်ခံခဲ့ရသူတွေက သူတို့ရဲ့ ဆန္ဒအလျောက် ပြည်သူ့ကာကွယ်
ရေးတပ်မတော်သားတွေ အဖြစ်ခံယူဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ တာ
ဝန်ရှိသူတွေရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့ကာကွယ်
ရေးတပ်မတော်သားတွေ အဖြစ် ခံယူခွင့် ပြုလိုက်တာလို့ ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထားပါတယ်။

၂၀၂၄ ဇူလိုင်လမှ ၂၀၂၆ သြဂုတ်လအထိ ၂ နှစ်​ကျော်အတွင်းစစ်တပ်မှ​သေဆုံးသူ နှစ်​သောင်း​ကျော် ၊ဒဏ်ရာရသူ တစ်​သောင်းခန့်၊
ပြည်သူ့ရင်ခွင်ခိုလှုံသူ (အလင်းဝင်သူ) ၃၈၇၄ ဦး ၊စစ်တပ်မှ ထွက်​ပြေးသူ နှစ်​သောင်းခန့်ရှိတယ်လို့ NUG ကာကွယ်​ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ် ။ အများစုဟာ ပစ ​ခေါ် စစ်မှုထမ်းစစ်သားသစ်​တွေလို့ဆိုပါတယ်။ NUG ကာကွယ်​ရေးဝန်ကြီးဌာနကဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၅၃၆ ဦးရှိတယ်လို့လည်း​ဖော်ပြထားပါတယ်။
❤36👍17🥰2👎1🥴1🤣1🖕1
PDF တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-NUG-MOD
👍35❤6🥰1🤮1🥴1🖕1🫡1
တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတို့အပြိုင်
အဆိုင် လိုချင်နေတဲ့ မြေရှားသတ္တု (Rare Earth) တွေထဲကတန်ဖိုးအမြင့်ဆုံးအချို့ဟာ ကချင်တောင်တန်းတွေရဲ့ အောက်မှာ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီသတ္တုတွေကို ပိုင်ဆိုင်ထားတဲ့ ကချင်ပြည်နယ်ဟာ ယခုအခါမှာတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ အတူစစ်
မြေပြင်ဖြစ်နေခဲ့ပြီး၊ အဲဒီ သယံဇာတတွေအတွက်ဒုတိယကမ္ဘာစစ်အတွင်းတည်
ဆောက်ခဲ့တဲ့ စတီးဝဲလ်လမ်းမကြီး (Stilwell Road) ဟာလည်း နှစ်ပေါင်းများစွာအကြာမှာ ပထဝီနိုင်ငံရေးရဲ့ အလယ်ဗဟိုကို တစ်ဖန် ပြန်လည်ရောက်ရှိလာပါတယ်။

ဒီဖြစ်စဉ်နောက်ကွယ်က ပထဝီနိုင်ငံရေး၊ သယံဇာတနဲ့ ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အပြောင်းအလဲများကို Geopolitical Monitor တွင် Augustine R K ရေးသားတဲ့ဆောင်းပါးကအသေးစိတ်လေ့လာသုံးသပ်ထားပါတယ်။အဆိုပါဆောင်းပါးမှာကမ္ဘာ့မြေရှား ထောက်ပံ့ရေး ကွင်းဆက်၊ ကချင်ပြည်နယ်ရှိ သယံ
ဇာတရင်းမြစ်များရဲ့မဟာဗျူဟာမြောက် အရေးပါမှုနဲ့ စတီးဝဲလ်လမ်းမကြီး ပြန်လည်အာရုံစိုက်ခံလာရမှုတို့ကို အဓိကထား ဖော်ပြထားပါတယ်။

ဒီလိုအရေးပါလာတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု ထောက်ပံ့ရေး ကွင်းဆက်မှာ လျစ်လျူရှုလို့မရတဲ့ ရင်း
မြစ်တစ်ခုဖြစ်လာနေခြင်းကြောင့်ဖြစ်ပါတယ်။

အိန္ဒိယ၊ အမေရိကန်အပါအဝင် နိုင်ငံအချို့ဟာ ဒီအရေးပါတဲ့ သတ္တုများရရှိရန်အတွက် ရင်းမြစ် တစ်ခုတည်းအပေါ် မှီခိုနေရမှုကို လျှော့ချကာ ထောက်ပံ့ရေးလမ်းကြောင်းအသစ်များ ရှာဖွေနေကြချိန်မှာ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တု ကဏ္ဍဟာ နိုင်ငံတကာရဲ့ စိတ်
ဝင်စားမှု ပိုမိုရရှိ လာတာဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနိုင်ငံတွေ လိုအပ်နေတဲ့ မြေရှားသတ္တု ရင်းမြစ်တွေ ရှိနေပါတယ်။ အထူး
သဖြင့် ဒစ်စပရိုစီယမ် (Dysprosium) နှင့် တာဘီယမ် (Terbium )တို့လို လေးလံတဲ့ တန်ဘိုးကြီး မြေရှား ဒြပ်စင်တွေ (Heavy Rare Earth Elements – HREE) ပါဝင်နေတာပါ။

https://www.ludunwayoo.com/feature-mm/2026/10/19/171146/
👍33❤7🥰1🤣1
■ဖွင့်ဆိုရှင်းပြ-Expainer

မြန်မာအ​ပေါ် သက်ရောက်နိုင်တဲ့
အ​မေရီကန်ကြားဖြတ်ရွေးကောက်ပွဲ

-ကိုပါဝဲလ်​ရေးသားသည်။

အမေရိကန်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ
(Midterm Elections)ကိုနိုဝင်ဘာလဆန်းမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲလို့ဆိုပေမယ့် ဒီရွေး
ကောက်ပွဲ ရလဒ်ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေပေါ်မှာ သက်‌ရောက်မှု ရှိနေပါတယ်။ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွေ အကြောင်း လေ့လာကြရအောင်ပါ။

●အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ​တွေ -Midterm Elections ဆိုတာ ဘာလဲ။

အမေရိကန်သမ္မတ တစ်ဦးရဲ့ ၄ နှစ် သက်
တမ်းရဲထက်ဝက်တိတိ(၂ နှစ်ပြည့်တဲ့အချိန်) မှာကျင်းပတဲ့လွှတ်တော်ရွေးကောက်ပွဲတွေကို
ကြားဖြတ်​ရွေး​ကောက်ပွဲလို့ ခေါ်ပါတယ်။

သမ္မတရွေးကောက်ပွဲကြီး မရှိတဲ့ကြားကာလမှာ လုပ်တာဖြစ်လို့ ကြားဖြတ်ရွေးကောက်ပွဲလို့ ခေါ်တာပါ။ အမေရိကန်နိုင်ငံမှာ Midterm Elections ကို Midterm Curse( ကြားဖြတ်ကျိန်စာ)လို့လည်း ခေါ်ကြပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအများစုလုပ်တိုင်းမှာ သမ္မတရွေးကောက်ပွဲတုန်းက နေရာအများစု အနိုင်ရခဲ့တဲ့ပါတီရဲ့လွှတ်တော်ကိုယ်စား
လှယ်နေရာတွေ လက်လွှတ်ဆုံးရှုံးရတတ်လို့ပါ။သမ္မတကို မကျေနပ်သူတွေ၊ ဒါမှမဟုတ် အတိုက်အခံတွေရဲ့ မဲဆွယ်စည်းရုံးမှု အား
ကောင်းလာတတ်တာကြောင့် ဖြစ်ပါတယ်။

●ဘယ်အချိန်တွေမှာ လုပ်ရတာလဲ။

သမ္မတသစ်တစ်ဦးတက်လာပြီး ၂ နှစ်အကြာ၊ နိုဝင်ဘာလ ပထမပတ်ရဲ့ အင်္ဂါနေ့မှာ ကျင်းပပါတယ်။ဥပမာအနေနဲ့ လက်ရှိ ၂၀၂၆ ခုဟာ အမေရိကန်သမ္မတသက်တမ်းရဲ့ နှစ်ဝက်ရောက်ရှိတဲ့ နှစ်ဖြစ်တာမို့ လာမယ့် နိုဝင်ဘာ
လ ၃ ရက်၊ ၂၀၂၆ ခုမှာ ကြားဖြတ်ရွေး
ကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

●လက်ရှိ လွှတ်တော်တွေမှာ ဘယ်သူတွေက အသာစီးရနေသလဲ။

လက်ရှိအောက်လွှတ်တော်(House of Representatives) နဲ့ အထက်လွှတ်တော် (Senate) နှစ်ခုစလုံးကိုသမ္မတထရန့်ရဲ့ရီပက်ဘလစ်ကန်ပါတီက အသာစီးရနေပါတယ်။

အောက်လွှတ်တော်မှာ ရီပက်ဘလစ်ကန်ပါတီက ၂၁၈ နေရာ၊ ဒီမိုကရက်တစ်ပါတီက ၂၁၄ နေရာနဲ့ တစ်သီးပုဂ္ဂလိက က ၁ နေရာ ဖြစ်ပါတယ်။လစ်လပ်နေရာ၂ နေရာ ရှိပါတယ်။အ
ထက်လွှတ်တော်မှာ ရီပက်ဘလစ်ကန်ပါတီက ၅၃ နေရာ၊ ဒီမိုကရက်တစ်ပါတီက ၄၅ နေရာနဲ့ တစ်သီးပုဂ္ဂလိက က ၂ နေရာ ဖြစ်ပါတယ်။
(နေရာအနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်)

●ဘာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်ရတာလဲ။

အမေရိကန်မှာသမ္မတတစ်ဦးဟာရွေး
ကောက်တင်မြှောက်ခံရပြီးရင် သက်တမ်း ၄ နှစ် တာဝန်ထမ်းဆောင်ရပါတယ်။သက်တမ်း ၂ နှစ်ကြာလာတဲ့အခါ အုပ်ချုပ်ရေးမဏ္ဍိုင်မှာရှိတဲ့ သမ္မတကို ဒီမိုကရေစီနည်းအရ အပြန်
အလှန်ထိန်းကျောင်းဖို့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တွေကို ပြန်လည်ဖွဲ့စည်းဖို့ အခုလို ကြားဖြတ်‌ရွေးကောက်ပွဲ လုပ်တာဖြစ်ပါတယ်။

လာမယ့်ကြားဖြတ်‌ရွေးကောက်ပွဲမှာအမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဥပဒေပြု
လွှတ်တော် ဖြစ်တဲ့ ကွန်ဂရက်(Congress) ရဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေကို ပြန်လည်ရွေးချယ်မှာပါ။

ကွန်ဂရက်ဆိုတာမြန်မာနိုင်ငံမှာဆို ပြည်
ထောင်စုလွှတ်တော်လိုမျိုးပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်ကိုအောက်လွှတ်
တော် (House of Representatives) နဲ့ အထက်လွှတ်တော် (Senate) တို့ နှစ်ခုပေါင်းပြီး ဖွဲ့စည်းထားတာပါ။

အောက်လွှတ်တော်ဟာသက်တမ်း ၂ နှစ်ရှိပြီး ကိုယ်စားလှယ် ၄၃၅ နေရာ ရှိပါတယ်။ ပြည်
နယ်တစ်ခုချင်းစီရဲ့လူဦးရေအချိုးအစား အ
ပေါ်မူတည်ပြီး ကိုယ်စားလှယ်နေရာ မတူပါဘူး။ လူဦးရေများတဲ့ ပြည်နယ်က ကိုယ်စား
လှယ်နေရာပိုရပါတယ်။ အခုကြားဖြတ်‌
ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၃၅ နေရာစလုံးကို ၂ နှစ်သက်တမ်းနဲ့ အသစ်ပြန်ရွေးကြပါတယ်။

အထက်လွှတ်တော်မှာကိုယ်စားလှယ် ၁၀၀ နေရာရှိပြီး ၆ နှစ်သက်တမ်း ထမ်းဆောင်ကြရတာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာပြည်နယ် ၅၀ ရှိပြီးတစ်ပြည်နယ်ကို ၂ နေ
ရာစီ အညီအမျှ ခွဲတမ်း ရပါတယ်။ဒါ​ပေမယ့်အထက်လွှတ်တော်မှာရှိတဲ့ကိုယ်စားလှယ် ၁၀၀ နေရာရဲ့ သက်တမ်းတွေက မတူညီကြပါဘူး။

ကိုယ်စားလှယ်အားလုံးကိုတစ်ပြိုင်နက်မကုန်
ဆုံးစေရန် သက်တမ်းတွေကို အလှည့်ကျစနစ် (Staggered terms) နဲ့ ကျင့်သုံးတာကြောင့် အထက်လွှတ်တော်ရွေးကောက်ပွဲတိုင်းမှာ ၃ ပုံ ၁ ပုံခန့်သာ အလှည့်ကျ ပါဝင်ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။

အခုကြားဖြတ်‌ရွေးကောက်ပွဲမှာ ကိုယ်စား
လှယ်အားလုံးရဲ့ ၃ ပုံ ၁ ပုံကျော် (ဒီနှစ်မှာဆိုရင် ၃၅ နေရာခန့်) ကို ရွေးချယ်ကြမှာပါ။
ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) အချို့နဲ့ မြူနီစပယ်အရာရှိတွေ၊မြို့နယ်နဲ့ ခရိုင်တရား
သူကြီးတွေ၊ ရှေ့နေတွေ၊ ပညာရေးမှူးတွေကိုလည်း ကြားဖြတ်‌ရွေးကောက်ပွဲတွေလုပ်ပြီး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ပြည်နယ်တခုနဲ့ တခုတော့ မတူညီကြပါဘူး။

●ကြားဖြတ်ရွေးကောက်ပွဲတွေ က ဘာကြောင့် အရေးကြီးတာလဲ။

အမေရိကန်သမ္မတတစ်ဦးဟာအာဏာကို
အပြည့်အဝကိုင်တွယ်နိုင်ဖို့လွှတ်တော်ရဲ့ထောက်ခံမှုလိုပါတယ်။ကြားဖြတ်ရွေး
ကောက်ပွဲမှာ သမ္မတရဲ့ပါတီက လွှတ်တော်ရဲ့ နေရာအများစုကို ဆက်ထိန်းနိုင်မလား၊ ဒါမှမဟုတ် အတိုက်အခံပါတီက လွှတ်တော်နေရာ အများစုကို သိမ်းပိုက်ပြီး သမ္မတရဲ့ အလုပ်လုပ်ပုံတွေကို ဘရိတ်အုပ် (စစ်ဆေးကန့်သတ်) မလားဆိုတာကို ဒီရွေးကောက်ပွဲက အဆုံးအဖြတ်ပေးပါတယ်။
❤19👍11🤮2👎1🤣1
အတိုက်အခံတွေကလွှတ်တော်တစ်ရပ်ရပ်ကို အနိုင်ရသွားပြီဆိုရင် သမ္မတရဲ့ ဥပဒေကြမ်းတွေ၊ အစိုးရအဖွဲ့ဝင်နဲ့ တရားသူကြီး ခန့်အပ်မှုတွေကို အပြင်းအထန် ကန့်ကွက်ပိတ်ပင်နိုင်စွမ်း ရှိသွားပါတယ်။ကာရန်မသင့်ရင် သမ္မတကိုတောင်အယုံအကြည်မရှိအဆိုတင်ပြီး ဖြုတ်ချနိုင်ပါတယ်။

●လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ ရလဒ်က မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိနိုင်လား။

အမေရိကန်ပြည်ထောင်စုရဲ့ ကြားဖြတ်ရွေး
ကောက်ပွဲတွေဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ၊ အကူအညီပေးရေးအစီအစဉ်တွေနဲ့ စီး
ပွားရေးပိတ်ဆို့အရေးယူမှုတွေအပေါ် တိုက်
ရိုက်သက်ရောက်မှုရှိတာမို့ မြန်မာနိုင်ငံရဲ့ နိုင်
ငံရေးနဲ့ နွေဦးတော်လှန်ရေးအတွက် အလွန်အရေးပါပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန်အောက်လွှတ်တော် ဒါမှမဟုတ် အထက်
လွှတ်တော်ရဲ့ အများစုနေရာကို ဒီမိုကရက်တစ်ပါတီက အသာစီးရသွားခဲ့ရင် မြန်မာနိုင်ငံအတွက် ဘတ်ဂျက်လျာထားမှုနဲ့ စစ်ကောင်စီအပေါ် ဖိအားပေးမယ့်ဥပဒေကြမ်းတွေ၊ တိုက်
တွန်းမှုတွေမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့စိတ်ဝင်စား
မှုပေါ်မူတည်ပြီး စစ်ကောင်စီထံ လေယာဉ်ဆီနဲ့ ဘဏ္ဍာရေးစီးဆင်းမှုတွေကို ပိတ်ဆို့ဖို့ သမ္မ
တထရန့်ဦးဆောင်တဲ့ အမေရိကန်အစိုးရကို ပိုမိုတွန်းအားပေး လာနိုင်ပါတယ်။

အမေရိကန်ရဲ့ ပါတီကြီးနှစ်ခုလုံးဟာ မြန်မာအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကိုတားဆီးဖို့ မူဝါဒ တူညီကြပေမယ့်မြန်မာနိုင်ငံဟာ တ
ရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဟာ
ဗျူဟာမြောက် နေရာဖြစ်တာမို့ အမေရိကန်ရဲ့ တောင်အာရှနှင့် အရှေ့တောင်အာရှ မူဝါဒမှာ မြန်မာ့အရေးကို ဘယ်လောက်အထိ ပြန်ပြီး အရေးပေးမလဲဆိုတာဟာ လွှတ်တော်အသစ်ရဲ့ အခင်းအကျင်းပေါ် မူတည်နေပါတယ်။

စစ်ဘေးရှောင်တွေ၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ရခိုင် စတဲ့ဒေသတွေက ပြည်သူတွေအတွက် US Agency for International Development (USAID)၊ NED Burma Act အပါအဝင် နိုင်ငံ
တကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှု ဘတ်ဂျက်တွေဟာ အမေရိကန်လွှတ်တော်ကပဲ အတည်ပြုပေးရတာပါ။

ပြီးခဲ့တဲ့၂၀၂၅ ခု နှစ်စပိုင်းကတည်းက USAID အဖွဲ့ဟာ သမ္မတ ထရန့်ရဲ့အမိန့် ဖျက်
သိမ်းခံခဲ့ရပြီး ကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ တကယ်လို့ ကြားဖြတ်ရွေး
ကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကသာ လွှတ်တော်တွေမှာ နေရာအသာစီး ပြန်ရခဲ့ရင် နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေ ပြန်ရကောင်း ရနိုင်ပါတယ်။

ဒါ့အပြင်ရပ်စဲထားတဲ့ယာယီတရားဝင်နေ
ထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်(Temporary Protected Status-TPS)တွေ၊ အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ ပိတ်ထားတဲ့ ပြည်ဝင်ခွင့်တွေလည်းအပြောင်းအလဲရှိလာနိုင်ပါတယ်။

●ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် လက်ရှိ စစ်တမ်းတွေအရ ဘယ်ပါတီက အသာရနေလဲ။

အမေရိကန်နိုင်ငံရဲ့ရွေးကောက်ပွဲတွေနဲ့ နိုင်ငံ
ရေးဆိုင်ရာ အချက်အလက်တွေကို အဓိကထား တင်ဆက်ပေးနေတဲ့ Decision Desk HQ နဲ့ Ballotpedia တို့ရဲ့ အောက်တိုဘာလဆန်း စစ်တမ်းစုစည်းမှု (Polling Averages) အရ
ဒီမိုကရက်တစ်က ရီပက်ဘလစ်ကန် ထက် ၇/ ၈ ရာခိုင်နှုန်းလောက် အသာစီးရထားပါတယ်။

Fox News နဲ့ The Guardian သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မဲဆန္ဒရှင်တွေရဲ့ ထောက်
ခံမှုဟာ ပျမ်းမျှ ၅၀ ရာခိုင်နှုန်း ကျော်အထိ ရှိလာကာဒီမိုကရက်ပါတီကဦးဆောင်နေတယ်လို့ သိရပါတယ်။ ။
👍41🥰6❤2🤣2🔥1😁1🤮1
👍43🤮2❤1👎1🤣1
မုံရွာမှာ ပစ်သတ်ခံထားတဲ့ ရဲဘော်ရုပ်အလောင်းနား စစ်တပ်က ကင်းပုန်းဝပ်စောင့်နေ

အောက်တိုဘာ ၂၀၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ မုံရွာ-မန္တလေးလမ်း၊ မြေနဲ-အောင်သာ လမ်းကူးမှာ တော်လှန်ရေးရဲဘော်တစ်ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

"အဲဒီလမ်းမှာက ကြေးနီတင်ကားတွေသွားတိုင်း ခဏတိုင်းဖြစ်တယ်။ သွားကောက်ဖို့က မလွယ်ဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ ရုပ်အလောင်းမှာ လမ်းပေါ်မှာပဲဆက်လက်ရှိနေပြီး အနီးနားမှာ စစ်တပ်က ကင်းပုန်းဝပ် စောင့်ဆိုင်းနေတာကြောင့် ဒီကနေ့ အောက်တိုဘာ ၂၀ရက် ၃ ရက်မြောက်တဲ့အထိ လာရောက်သိမ်းဆည်းတာမျိုး မရှိသေးဘူးလို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ရဲဘော်ရုပ်အလောင်းဟာ ရက်ကြာလာလို့ ပုပ်ပွလာပြီး စစ်တပ်က လူနေအိမ်တွေရဲ့ရှေ့ လမ်းပေါ်မှာ ထားထားတယ်လို့ သိရပါတယ်။ လာကောက်မယ့်သူတွေကိုလည်း ပစ်ခတ်ဖမ်းဆီးဖို့ စောင့်ဆိုင်းနေတာဖြစ်ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အောက်တိုဘာလလယ်ပိုင်းကလည်း မုံရွာ-သာစည်လမ်းဘက်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။
🤬40❤3👎3👍2👏2🔥1😁1
(၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်က မုံရွာမြို့တော်ခန်းမအနီး ဆန္ဒပြသူတွေကို ရင်ဆိုင်နေတဲ့ စစ်တပ်လက်အောက်ခံ ရဲများ။ ဓာတ်ပုံ - CJ)
🔥20👎4🤬3👏2😁1
သာစည်မြို့နယ်အစပ်က တိုက်ပွဲ စစ်တပ်အထိနာ

အောက်တိုဘာ-၂၀၊၂၀၂၆။မိုမို/People's Spring

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ထိခိုက်သေဆုံးသူရှိပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA) တာ၀န်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်က အင်အား ၅၀ ၀န်းကျင်ပါတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းနဲ့ ၁နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"ရတဲ့အလောင်းတွေအရဆို တပ်မ ၆၆ ကပါ။ပုံမှန်ဆို တပ်မ ၅၅ နဲ့ ၉၉ ပဲ။ပစ(စစ်မှုထမ်း) တွေများတယ်"လို့ တိုက်ပွဲနဲ့ပတ်သက်လို့ DSNDA တာ၀န်ရှိသူက ရှင်းပြပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က အရာရှိ ၂ဦး အပါအ၀င် ၁၀ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်းဒဏ်ရာရှိတဲ့အပြင် တပ်ပျက်ကာ ဖရိုဖရဲနဲ့ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ DSNDA က အသိပေးပါတယ်။

ဒါ့အပြင် MA1 ၁လက်၊ MA 3 ၁လက် ၊60မမ ဗုံးသီး ၄လုံး ကျည်တွေနဲ့ တခြားစစ်အသုံးအဆောင် ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

"ခုလက်ရှိတော့အင်အားပြန်ဖြည့်ပြီး တောထဲတွေစစ်ကြောင်းထိုးနေတယ်။ရွာငံနယ်မှာက ဩဂုတ်လပိုင်းကတည်းက အင်အားထောင်ချီနဲ့ထိုးနေတာ။နယ်မြေအနှံ့ကိုထိုးနေတာ"လို့ ရွာငံဒေသခံတော်လှန်ရေးတပ်နဲ့ နီးစပ်သူက ပြောပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ပြန်စိုးမိုးရေး အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမှုတွေမှာ အရပ်သားတွေကို ဖမ်းဆီးတာ၊သတ်ဖြတ်တာ၊မုဒိမ်းကျင့်တာတွေနဲ့ ပစ္စည်းတွေကို ခိုးယူနေတာတွေရှိတယ်လို့လည်း DSNDA က ထုတ်ပြန်ထားပါတယ်။


ရုပ်သံ - DSNDA

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #သာစည်မြို့နယ် #စစ်ကောင်စီ #တိုက်ပွဲဖြစ်ပွား #စစ်တပ်အထိနာ #မြန်မာ့စစ်ရေးသတင်း #ThaziTownship
👏34👍8❤2🥰2👎1🔥1🖕1
Media is too big
VIEW IN TELEGRAM
❤28👍14🥰2👎1🔥1🖕1
Free Her ကမ်ပိန်း ပို့စ်စကတ်တွေပို့ပြီး တောင်းဆိုဖို့ All in One Movement ‌တိုက်တွန်း

အောက်တိုဘာ-၂၀၊၂၀၂၆။သတိုး/People's Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ် ဦးဆောင်တောင်းဆိုနေတဲ့ Free Her ကမ်ပိန်းမှာပါဝင်ပေးကြဖို့နဲ့ ကမ်ပိန်း Postcard တွေကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ မြန်မာသံရုံးတွေကို ပို့ဆောင်ကြဖို့ All in One Movement ကတောင်းဆိုလိုက်ပါတယ်။

"FREE HER လှုပ်ရှားမှုများ စီစဉ်ပါ။ မြန်မာသံရုံးများရှေ့တွင် ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ပို့စကတ်နှင့် စာများ ပေးပို့ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးပါ။" လို့တိုက်တွန်းထားပါတယ်။

Free Her ကမ်ပိန်း Website (https://free-her-aung-san-suu-kyi-campaign.pages.dev/)
မှာ Postcard တွေဒေါင်းပြီး ကိုယ်နေထိုင်တဲ့ နိုင်ငံတွေရဲ့ မြန်မာသံရုံးတွေကို ပို့ဆောင်ပေးကြဖို့ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကိုစာရေးသား တောင်းဆိုဖို့လည်း အကြံပြုထားပါတယ်။

ဒီကမ်ပိန်းကို လုပ်ဆောင်ရတာက ဒေါ်အောင်ဆန်းစုကြည် မိသားစုနဲ့ အမြန်ဆုံး ပုံမှန်တွေ့ဆုံခွင့်ရဖို့ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

"မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးနေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျွန်တော် မေးချင်တယ်။ သူ့လုပ်ရပ်တွေအတွက် တာဝန်ခံဖို့၊ ကျွန်တော့်မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ခင်ဗျားတို့ တောင်းဆိုခဲ့ကြရဲ့လား။" လို့ ကင်မ်က‌ ဒီနေ့(အောက်တိုဘာ၂၀) သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ မေးခွန်းထုတ်ထားပါတယ်။

မိခင်က အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် မတရားဖမ်းဆီးကာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ခံထားရတယ်လို့ ကင်မ်ကရင်ဖွင့်ထားပါတယ်။

"ကျွန်တော် လိုချင်တာ မများပါဘူး။ မေမေ့ဘဝရဲ့ ကျန်ရှိတဲ့အချိန်လေးတွေကို မိသားစုနဲ့အတူ အေးအေးချမ်းချမ်း ဖြတ်သန်းစေချင်တာပါပဲ။မေမေလည်း လွတ်လပ်ခွင့်ရသင့်တယ်။ မြန်မာပြည်သူတွေလည်း လွတ်လပ်ခွင့်ရသင့်တယ်။
မေမေ့ကို လွှတ်ပေးပါ။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ။" လို့ ကင်မ်ကတောင်းဆိုထားပါတယ်။
👍32❤4🥰3🤮1🤣1🖕1
❤35👍11🥰5🤮1🤣1🖕1
ဟုမ္မလင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်စခန်း ၁ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်

အောက်တိုဘာ-၂၀၊ ၂၀၂၆။ထားမြတ်၊ကဖီး/People’s Spring

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နယ်၊တောင်ဦးကျေးရွာအုပ်စုမှာရှိတဲ့စစ်တပ်လက်အောက်
ခံ ရှမ်းနီတပ် SNA ခြေကုတ်နေရာယူထားတဲ့ စခန်း ၁ ခုကိုကချင်လွတ်လပ်ရေးတပ်မတော်
(KIA)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

တောင်ဦးကျေးရွာအုပ်စုတာမယ်ပုတ်ကျေး
ရွာမှာရှိတဲ့ ရှမ်းနီတပ်စခန်းကို အောက်တိုဘာ ၁၈ရက်မှာ KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများရရှိခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲအခြေအနေတွေမေးမြန်းနိုင်ဖို့ KIA
သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး
ကြီးနော်ဘူနဲ့ ကချင်စစ်ရေးသတင်းရင်းမြစ်
အချို့ထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွား​နေစဥ်မှာ ဟုမ္မလင်းနဲ့ ကချင်
ပြည်နယ် နယ်စပ်ဘက်ကို စစ်တပ်က လေ
ကြောင်းကနေ ဗုံးကြဲခဲ့ပြီး ရွှေပြည်အေးမြို့နယ်မှာလည်း ‌လေကြောင်းပျံသန်းမှုတွေရှိတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။

"အဓိကကတော့ဒေသခံတွေရှိနေတဲ့ရွှေလုပ်
ကွက်တွေကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတာပါ။ အရင်ကလည်း ဒေသခံတွေ ရွှေတူးဖော်တဲ့နေရာတွေကို ကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်ဆိုတော့ အခုလို စစ်ရေးတင်းမာနေတဲ့ကာလမှာဘေးကင်းအောင် နေကြမယ်ထင်တယ်"လို့၎င်းက‌ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ရက်နေ့က ဟုမ္မလင်းမြို့မြို့နယ်အတွင်းတိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ စစ်ကောင်စီက တိုက်ပွဲနေရာနဲ့ဝေးတဲ့ သဲဇလောက်ရွှေမှော်ပတ်ဝန်းကျင်ကို ဗုံးကြဲလို့အရပ်သား ရှစ်ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဖားကန့်နဲ့ မိုးညှင်းဒေသက SNA တပ်စွဲရာ နေရာတွေ တပ်စခန်းတွေကိုလည်း အခုလပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာတွေရှိပါတယ်။

စက်တင်ဘာလကုန်ပိုင်းက ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာမှာ ရှိတဲ့ SNA စခန်း ၂ခုကို KIA ပူးပေါင်းတပ်က သိမ်း
ပိုက်ခဲ့သလို မိုးညှင်းမြို့နယ်က SNA ကာကင်းစခန်းအချို့ကိုလည်း သိမ်းရခဲ့တာရှိပါတယ်။

တဖက်မှာ SNAကလည်း အင်းတော်ကြီးဒေ
သမှာ စစ်တပ်နဲ့ ပေါင်းပြီး KIA တပ်တွေရှိရာ ထိုးစစ်ဆင်တိုက်ခိုက်တာ၊ဒေသတွင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအ
ချို့ကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ဘုရားကျောင်းမှာ စစ်သင်တန်းဆင်းပွဲ ပြုလုပ်တာတွေရှိခဲ့ပါတယ်။

ဒါ့အပြင်KIAနဲ့ ပူးပေါင်းတပ်တွေဟာအောက်
တိုဘာလ၁၉ရက်ညပိုင်းကလည်း ဗန်းမော်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်စစ်​ကြောင်း​တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပြီး သေနတ်ကြီးပစ်ခတ်သံတွေကိုကြားနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ဗန်းမော်မြို့မှာ စစ်တပ်က အင်အားဖြည့်တင်းပြီးနောက် နေ့တိုင်းလိုလို တိုက်ပွဲတွေရှိနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဒါ့အပြင် ရှမ်းမြောက် မိုးမိတ်ဒေသ၊ ကချင်
ပြည်နယ် ခေါင်လန်ဖူးဒေသတွေမှာလည်း စစ်ရေးတင်းမာနေသလို တနိုင်းလီဒိုလမ်းဘက်မှာလည်း စစ်တပ်နဲ့ လက်အောက်ခံ ပြည်
သူ့စစ်တွေက စစ်အင်အားဖြည့်တင်းတာတွေ လုပ်နေတယ်လို့KIAကထုတ်ပြန်ထားပါတယ်။
❤41👍13👏3🤣2👎1🥰1🖕1
KIA နဲ့ KPDF တပ်ဖွဲ့ဝင်​တွေ ။
ဓါတ်ပုံ-Sirinda
❤52👏13🥰4🖕2🫡2🔥1🤮1
ကမ္ဘာ့အကြီးဆုံးစာရင်းကိုင်နဲ့ စီးပွားရေးအ
ကြံပေးဝန်ဆောင်မှုလုပ်ငန်း​​ Pwc မြန်မာကထွက်ခွာ​တော့မယ်

အောက်တိုဘာ-၂၀၊၂၀၂၆။ဇော်၀င်း/People's Spring

ကမ္ဘာ့အကြီးဆုံးစာရင်းကိုင်နဲ့ စီးပွားရေးအ
ကြံပေးဝန်ဆောင်မှုလုပ်ငန်း​​ကွန်ယက်​ကြီး​တွေထဲက တစ်ခုဖြစ်တဲ့ Pwc(PricewaterhouseCoopers)ဟာ မြန်မာ
နိုင်ငံကထွက်ခွာတော့မယ်လို့ကြေညာပါတယ်။

ဒီကနေ့ထုတ် စစ်တပ်လက်​အောက်ခံမြန်မာ့အလင်းသတင်းစာမှာဖော်ပြချက်အရ ဒေဝါလီခံယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ (Insolvency Law) ပုဒ်မ ၁၅၆ နဲ့ ဒေဝါလီခံယူခြင်းဆိုင်ရာ နည်းဥပဒေ ၉ နဲ့ ၃၂ တို့အရ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို စာရင်းရှင်းလင်း ဖျက်သိမ်းဖို့ (Winding-up) ဆောင်ရွက်နေတယ်လို့ ပါရှိပါတယ်။

ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းရှင်းလင်းဝေခြမ်းဖို့အတွက် စာရင်းရှင်းလင်းဖျက်သိမ်းသူ (Liquidator)ခန့်အပ်ရေးနဲ့ ကြွေးရှင်များကော်မတီဖွဲ့စည်းဖို့အတွက်​အောက်တိုဘာလ ၃၀ ရက်မှာ အစည်းအဝေးလုပ်မယ်လို့လည်း ​ဖော်ပြထားပါတယ်။

လန်ဒန်အခြေစိုက် Pwcဟာ ၂၀၁၂ ခုနှစ် က မြန်မာနိုင်ငံကို စတင်၀င်ရောက်ခဲ့တာဖြစ်ပါတယ်။ထွက်ခွာရတဲ့ အကြောင်းအရင်းအ
သေးစိတ်ကို သတင်းစာပါ ကြေညာချက်မှာ မဖော်ပြထားပါဘူး။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသူတွေ၊ ပြည်
တွင်းပြည်ပ ကုမ္ပဏီ၊အဖွဲ့အစည်းတွေ အ
တွက် စီးပွားရေးဆိုင်ရာ အကြံပေးတာ (Advisory)၊ အခွန်ဆိုင်ရာ အကြံပေးတာ(Tax)၊ ဘဏ္ဍာရေး စာရင်းစစ်ဆေးတာ (Assurance)၊ ဈေးကွက်ဝင်ရောက်ရေးနဲ့ စီး
ပွားရေးဖွဲ့စည်းပုံ ပြင်ဆင်တာ စတဲ့ ဝန်ဆောင်
မှုတွေကို ကို Pwc ဆောင်ရွက်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊​ဖေ​ဖော်ဝါရီလ နောက်ပိုင်းစီးပွားရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တယ်လို့ စီးပွားရေးအကြံပေးတစ်ဦးက မှတ်ချက်ပြုပါတယ်။

"ရင်းနှီးမြှုပ်နှံမှု အသစ်မပြောနဲ့ အဟောင်းတွေမရှိတော့တာနဲ့ ပြည်တွင်းစီးပွားရေး ဘယ်လောက် အခြေအနေဆိုးနေလဲဆိုတာ
ဒီလိုလုပ်ငန်းစုကြီးတွေ ထွက်ရတာက သက်
သေပဲ"လို့သူကပြောပါတယ်။

ဒါ့အပြင် အခုလပိုင်းအတွင်း ဆောက်လုပ်ရေးကုမ္ပဏီ တွေစာရင်းရှင်းလင်းဖျက်သိမ်းတာ၊ပြည်ပရင်း နှီးမြှုပ်နှံမှုတွေထဲက အထည်ချုပ်လုပ်ငန်းတွေ ရပ် ဆိုင်းတာနဲ့ ထုတ်ပိုးမှုလုပ်ငန်းတွေတစ်ခုပြီးတစ်ခုရပ်နား​နေတဲ့ အခြေအနေတွေ ကြုံနေပါတယ်။

ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ ထိန်းချုပ်ထားတဲ့ စစ်အုပ်စုရဲ့ သွင်းကုန်ထုတ်ကုန် ကန့်သတ်ချက်တွေ၊ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းမြင့်တက်မှု)နဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတာတွေ က အဓိကအခက်အခဲဖြစ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

Pwc လုပ်ငန်းကွန်ယက်ကြီးဟာ​ ဈေးကွက်တန်ဖိုးအ​မေရီကန်​ဒေါ်လာ ၆၀ ဘီလီယံ​ကျော်ရှိပြီး ကမ္ဘာတစ်ဝန်း ပညာရှင်နဲ့ဝန်ထမ်း​ပေါင်း ၃၆၀,၀၀၀ ​ကျော်လုပ်ကိုင်​နေတယ်လို့ကွန်
ယက်ရဲ့အစီရင်ခံစာမှာ​ဖော်ပြထားပါတယ်။
❤24👏11👎2🤣1
နိုင်ငံတကာရှိ Pwc ရုံးအ​ဆောက်အအုံတစ်ခုနဲ့ Pwc မြန်မာရဲ့​ကြေညာချက်
👍31👏4👎2😭2🔥1
သစ်ကြီးတောရွာဟာကိုယ့်အိမ်မှာတင် အမွှေးတိုင်လုပ်တဲ့ နေ့စားလက်လုပ်လက်စားသမား​လေးတွေလည်း အများအပြား ရှိပါတယ်။ နိုင်ငံရေးအရတော့ ပြည်ခိုင်ဖြိုးထောက်ခံတဲ့သူတွေ များတဲ့ရွာဆိုပြီးလူသိများတယ်။ သစ်ကြီးတောရွာဟာ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ
တုန်းကရော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကပါ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့တဲ့ ရွာကြီးပါ။

သစ်ကြီးတောရွာဟာ ၂၀၁၈ ခုနှစ် မတ်လဆန်းက မီးအကြီးအကျယ်လောင်ပါတယ်။ ပေါ့ဆမီးကြောင့်လောင်တာ အိမ်ခြေ ၁၅၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်။ ရွာသူရွာသားတွေ မျက်ရည်လည်ရွှဲ ဖြစ်ခဲ့ရတယ်။ သူတို့ရွာ မီးလောင်တဲ့သတင်းကို သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြတော့ လူသိများသွားပြီး လာလှူကြတာ မနည်းမနောပဲ။

​ရွေး​ကောက်ခံအရပ်သားအစိုးရ NLDအုပ်
ချုပ်နေပေမယ့် ဒီရွာဟာ အစိမ်းထောက်ခံတဲ့ရွာဆိုတဲ့သဘောထားမျိုး ဘယ်သူဘယ်ဝါမှ စိတ်ထဲ မရှိခဲ့ကြဘူး။ အဲဒီအချိန်က မီးဘေးသင့်အိမ်တွေကို NLD အစိုးရရဲ့ လူကယ်ပြန်ကနေ ပစ္စည်း ၁၆ မျိုးပါ အိတ်တွေနဲ့ အိမ်
ထောင်တစ်စုကိုငွေသားတစ်သိန်းစီ ထောက်
ပံ့တယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ကနေလည်း ဆန်အိတ်တစ်ရာကျော် လာလှူတယ်။ တခြားပြည်တွင်းပြည်ပက အလှူရှင်တွေကလည်း လာလှူလိုက်ကြတာ မနည်းမနောပဲ။ မီးလောင်တဲ့အိမ်တစ်အိမ်ကို ဆန်အိတ်အပိုင်းတွေ ဆယ်ချီရကြတယ်။ ငွေသားသက်သက်ကိုက မီးလောင်တဲ့အိမ်တစ်အိမ်ကို သိန်း ၅၀ ကျော်စီ ရကြတယ်။ မီးလောင်ပြီး သူဋ္ဌေးဖြစ်သွားတဲ့ရွာလို့တောင် ကျီစယ်ကြတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းက သစ်ကြီးတောရွာကို မီးဝင်ရှို့လို့ နေအိမ် ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရဖူးတယ်။ အာဏာသိမ်းစစ်တပ်က မီးဝင်ရှို့သွားလို့ PDF တွေ ထွက်တဲ့ရွာလားဆိုတော့ မဟုတ်ပါဘူး။

တော်လှန်ရေးအဖွဲ့တွေ ခိုအောင်းတဲ့ရွာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ နဂိုကမှ ပြည်ခိုင်ဖြိုးထောက်ခံတဲ့သူတွေ များတဲ့ရွာ။ “အဲရွာမှာလည်း ဘာမှမရှိဘူး။ နေလို့လည်းအဆင်မပြေဘူး။ တစ်ရွာလုံးက အဲရွာတွေဆိုတော့။ ကျွန်တော်တို့စိုးမိုးလို့သာ ပျူရွာမဖြစ်တာ အဲရွာတွေက”လို့ ရေစကြိုနယ်က PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

၂၀၂၂ ခုနှစ်တုန်းကလိုပဲ အာဏာသိမ်းစစ်
တပ်ဟာ သစ်ကြီးတောရွာကို အံ့အားသင့်စရာ အပြုအမူတစ်ခု ထပ်လုပ်ပြန်ပါတယ်။

၂၀၂၆ အောက်တိုဘာလ ၁၆ ရက်နေ့၊မွန်းလွဲ ၂ နာရီခန့်က သစ်ကြီးတောရွာလယ်လောက်က စတားလင့်အင်တာနက်ဆိုင်ကို လေ
ကြောင်းတိုက်ခိုက်မှုတွေ ရက်ရက်စက်စက် ပြုလုပ်သွားခဲ့တာပါ။

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ စတင်ထွက်ပေါ်လာတဲ့ အသေခံဒရုန်းနှစ်စီး၊ ညောင်ဦးနဲ့ မကွေးဘက်ကနေ ရောက်ရှိလာတဲ့ MI-35 တိုက်ခိုက်​ရေးရဟတ်ယာဥ် ၂ စီး၊ ဂျက်ဖိုက်တာ ၂ စီးအပြင် ဒရုန်း​တွေ နဲ့ သစ်ကြီးတောရွာ၊ ပိတ်သင်းကပ်ကျေးရွာနဲ့ သစ်
ကောက်ဆိပ်ကျေးရွာတွေဆီကို ဦးတည်ကာ မိုးပေါ်ကနေဗုံးမိုးတွေ ရွာချခဲ့ကြပါတယ်။

“နေ့လယ် ၂ ချက်ထိုးလောက်မှာ တပ်မ ၁၀၁ ကနေတက်လာတဲ့ အသေခံဒရုန်း ၂ စီးနဲ့ အရင်လာတယ်။ ပြီးတော့ ညောင်ဦးက တက်လာတဲ့ MI 35 နဲ့ ပစ်တယ်။မကွေးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့လည်း လာကြဲတယ်။ သစ်ကြီးတော ရွာလယ်ခေါင်လောက်ကျမှာပေါ့။ စတားလင့်ဆိုင်ရှေ့ ကျတာပေါ့။ ဘေးရွာပတ်ပတ်လည်တွေလည်း ပတ်ပြီးပစ်သွားတယ်” လို့ ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

ဗုံးတွေဟာ သစ်ကြီးတောရွာလယ်ခေါင်၊ လူစည်ကားရာ စတားလင့်ဆိုင်ရှေ့လမ်းမပေါ်ကို ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံးသီးဒဏ်ကြောင့် လမ်းပေါ်မှာ ကျင်းကြီး၊ ချိုင့်ကြီးတွေ ဖြစ်သွားခဲ့ရုံသာမက လမ်းသွားလမ်းလာတွေ၊ ကျောင်းကအပြန် ခဏရပ်နားကြသူတွေနဲ့ ဆိုင်ထဲမှာ ရှိနေသူတွေပါ တစ်ပြိုင်နက်တည်းလို ထိခိုက် သေဆုံးခဲ့ကြရပါတယ်။

“စတားလင့်ဆိုင်ရှေ့က လမ်းပေါ်ကိုကျတာ။ လမ်းပေါ်ကျတော့ လမ်းသွားလမ်းလာတွေရော၊ကျောင်းသွားတဲ့၁၀နှစ်လောက် ကလေး
တစ်ယောက်လည်း သေဆုံးတယ်။ ၈ လ ၉ လသား ကလေးတစ်ယောက်လည်း ပါသေးတယ်။ သူ့အုပ်ထိန်းသူကော သေတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

​အဲဒီ တိုက်ခိုက်မှုကြောင့် လက်ပွေ့အရွယ် ၇ လ၊ ၈ လသာရှိသေးတဲ့ ရင်သွေးငယ်၊ ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကစလို့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတွေအထိ အရပ်သားပြည်သူ ၁၂ ဦး ထက်မနည်း သေ
ဆုံးခဲ့ရပါတယ်။သစ်ကြီးတောရွာမှာ၁၁ဦးနဲ့ ပိတ်သင်းကပ်ကျေးရွာမှာ၁ ဦးစုစုပေါင်းအပြစ်မဲ့ပြည်သူ ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး စတားလင့်ဆိုင်အပါအဝင်အနီးနားက နေအိမ် ၇လုံး၊၈လုံးခန့်လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ထပ်မံရရှိတဲ့ သတင်း​တွေအရ ၃ ရက်အကြာမှာ သေဆုံးသူ ၁၅ ဦး အထိ ရှိလာပြီလို့ သိရပါတယ်။


https://www.ludunwayoo.com/feature-mm/2026/10/20/171229/
😢23👍11❤5🔥2🖕2🤣1