ရှေးဟောင်းယဥ်ကျေးမှုနယ်မြေပုဂံမှာစစ်
တပ်က တပ်စွဲပြီးစစ်ရာဇဝတ်မှုတွေကျူးလွန်နေဟု MDSI ဖော်ပြ
အောက်တိုဘာ-၁၉၊၂၀၂၆။နေ့သစ်/People's Spring
အာဏာသိမ်းစစ်တပ်ဟာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တပ်စွဲပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာပုဂံရှေးဟောင်းယဉ်
ကျေးမှုနယ်မြေမှာလေတပ်ဆွယ်နဲ့အမြောက်
လက်နက်ကြီးတွေ တပ်စွဲချထားပြီး မကွေး
တိုင်းဒေသ နဲ့ ဧရာဝတီမြစ်ကြောင်းရှိ မြို့နယ်ကျေးရွာတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ MDSI က အောက်
တိုဘာ ၁၉ ရက်မှာထုတ်ပြန်ပါတယ်။
ပုဂံဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၁၉ ဇူလိုင်လမှာ သတ်
မှတ်ခံရတာဖြစ်ပါတယ် ။
၂၀၂၆ မေလဝန်းကျင်ကစပြီးညောင်ဦးလေ
ဆိပ်မှာအခြေပြုထားတဲ့ လေတပ်ဆွယ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျိုင်ရိုကော်ပတာ (Gyrocopter) နဲ့ စက်တပ်လေထီး (Paramotor)တွေ အသုံးပြုကာ မြင်းခြံ၊ ငါးဇွန်၊ မြစ်ခြေ၊ ရေစကြို၊ ပခုက္ကူ နဲ့ မကွေး
တိုင်းဒေသတကြောကို လေကြောင်းတိုက်
ခိုက်မှုတွေ လုပ်ဆောင်နေတာလို့ ဖော်ပြပါတယ်။
ဒါအပြင် အာနန္ဒာဘုရား အနောက်မုဒ်နဲ့ မြို့ဟောင်းနယ်မြေ ပုဂံအိမ်တော်တို့မှာတပ်စွဲအ
ခြေချထားတဲ့ စစ်တပ်ဟာ ၁၀၂ မမမော်တာစိန်ပြောင်း၊ ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်တွေတပ်ဆင်အသုံးပြုပြီးဧရာဝတီမြစ် အ
နောက်ဘမ်းခြမ်းကမကွေးတိုင်းဒေသအ
တွင်းတော်လှန်ရေးတပ်ဖွဲ့တွေအားကောင်း
ရာ မြို့နယ်ကျေးရွာတွေကိုနေ့စဉ်နဲ့ အမျှ ပစ်
ခတ်တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပုဂံရှေးဟောင်းနယ်မြေလို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေကို စစ်ရေးအတွက် တပ်စွဲအသုံးပြုကာ စစ်ရာဇဝတ်ကျူးလွန် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းမှာပဲ စစ်တပ်က အောက်တိုဘာ ၁၆ ရက်မှာ ညောင်ဦး နဲ့ မကွေးလေတပ်တို့မှ Mi-35 တိုက်ခိုက်ရေးဟယ်လီကော်ပတာ (၂) စီး၊ ဂျက်ဖိုက်တာ (၂) စီး နဲ့ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ ဒရုန်း (၂) စီးတို့နဲ့ ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတောရွာကစတားလင့်သုံးတဲ့နေရာကို ဗုံးကြဲခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ရက်ကတော်လှန်ရေးတပ်
တွေက စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊
ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ပုဂံ၊ညောင်ဦးလေဆိပ်ဟာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေ နဲ့ Gyrocopter တွေထားရှိပြီး ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး အညာဒေသက ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ အဓိက အသုံးပြုနေတဲ့ လေဆိပ်ဖြစ်တယ်လို့ ညောင်ဦးဒေသမှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ ခေါင်း
ဆောင်တစ်ဦးက မှတ်ချက်ပြုပါတယ်။
" ညောင်ဦးလေဆိပ်က ခရီးသည်တွေအတွက်ပဲသုံးတဲ့လေဆိပ်မဟုတ်တော့တာကြာပြီလေ။တစ်လလောက်ရှိပြီ။အညာဒေသက မ
ကွေးတိုင်း ဆောတို့ မြိုင်တို ကျောက်ထုဒေသတွေကို ဂျက်ဖိုက်တာနဲ့ ပစ်နေတာက ညောင်ဦးလေဆိပ်က တက်သွားတဲ့ ဟာတွေပဲ။ လေဆိပ်က စစ်ဖက်သုံးလေဆိပ်ဖြစ်နေပြီ"လို့ ညောင်ဦးဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
စစ်တပ်အနေနဲ့ မကွေးလေတပ်စခန်းက Mi 35 ရဟတ်ယာဉ်နဲ့ Gyrocopter တွေကို မေလကတည်းက ညောင်ဦးလေဆိပ်ကို ရွှေ့ပြောင်းခဲ့တာဖြစ်ပြီး ညောင်ဦးလေဆိပ်ကနေ ပခုက္ကူ၊ မြိုင်၊ ပေါက် အပါအဝင် ချင်းတောင် ကျောက်ထုဘက် နဲ့မြစ်ချေ မြို့ဝန်းကျင်ကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာလို့ Brave Warriors for Myanmar (BWM) အဖွဲ့ကလည်း ထုတ်ထားပြန်ပါတယ်။
ညောင်ဦးလေဆိပ်ကို စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်ရေးမှာ အဓိကအသုံးပြုတဲ့ Y8 နဲ့ Y12 ယာဉ်တွေ မကြာခဏဆင်းသက်ရပ်နားတာတွေ ပြုလုပ်တယ်လို့လည်း သိရပါတယ်။
"ပုဂံမှာ စစ်တပ်က အင်အားတွေ တိုးနေတာ ထင်တယ်။ မကြာခဏတော့ စစ်ကားတွေ တွေ့နေရတယ်"လို့ ပုဂံဒေသခံ တစ်ဦးက ပြောပါတယ်။

👍21🤬13❤4🖕2👎1🥴1🤣1
အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့အတွက် ဒေါက်တာစင်သီယာမောင်ကို NUG ကျန်းမာရေးဝန်ကြီးဌာန ဂုဏ်ပြု
အောက်တိုဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။
၁၃ ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို မြန်မာ-ထိုင်းနယ်စပ် မယ်တော်ဆေးခန်းက ရရှိခဲ့ရာ ဆေးခန်းဦးဆောင်သူ ဒေါက်တာစင်သီယာမောင်ဟာ အောက်တိုဘာ ၁၉ရက်မှာ ဆုလက်ခံရယူခဲ့ပါတယ်။
ဒေါက်တာစင်သီယာမောင်ဟာ ဒုက္ခသည်များ၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများနဲ့ ပဋိပက္ခဒဏ်ခံစားနေရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သလို လူပေါင်းများစွာအတွက် ကျန်းမာသက်သာမှု၊ မျှော်လင့်ချက်နဲ့ လူ့ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးခဲ့သူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
မယ်တော်ဆေးခန်းမှတစ်ဆင့် ကျန်းမာရေးလုပ်သားမျိုးဆက်များကိုလည်း လေ့ကျင့်ပျိုးထောင် ပေးခဲ့ရာ ၎င်းတို့သည် အခက်ခဲဆုံးအခြေအနေတွေမှာပင် စေတနာ၊ ကရုဏာနဲ့ တာဝန်သိစိတ်တို့ဖြင့် ပြည်သူများကို ဆက်လက်စောင့်ရှောက်လျက်ရှိတယ်လို့ဆိုပါတယ်။
“ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဒေါက်တာစင်သီယာမောင်၏ ဦးဆောင်မှု၊ နှိမ့်ချရိုးသားမှုနှင့် မည်သည့်ခွဲခြားဆက်ဆံမှုမျှမရှိဘဲ ကျန်းမာရေးလိုအပ်ချက်အပေါ် အခြေခံ၍ လူတိုင်းကို စောင့်ရှောက်ပေးရန် ခိုင်မာစွာ ရပ်တည်ဆောင်ရွက်မှုတို့ကို အထူးလေးစားတန်ဖိုးထားပါသည်။ သူမ၏ လုပ်ဆောင်ချက်များသည် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသူများထံ ရောက်ရှိနိုင်ရေးအတွက် လူထုအခြေပြု ကျန်းမာရေးဝန်ဆောင်မှုများနှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကို ထင်ရှားစွာ ပြသလျက်ရှိပါသည်” လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အခု ရရှိခဲ့တဲ့ ဆုဟာ ဒေါက်တာစင်သီယာမောင်ရဲ့ ထူးချွန်ပြောင်မြောက်သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များကို ဂုဏ်ပြုအသိအမှတ်ပြုခြင်းဖြစ်သကဲ့သို့ မယ်တော်ဆေးခန်းမိသားစုနဲ့ ပူးပေါင်းဆောင်ရွက်နေသော မိတ်ဖက်များအားလုံးရဲ့ စေတနာနဲ့ ကြိုးပမ်းအားထုတ်မှုများကိုလည်း ဂုဏ်ပြုခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာပြည်သူများ အလွန်အမင်း ဒုက္ခဆင်းရဲခံစားနေရတဲ့ ယခုကာလတွင် ဒေါက်တာ စင်သီယာမောင်ရဲ့ စံနမူနာက ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊ လူ့ဂုဏ်သိက္ခာကို မြှင့်တင်ထိန်းသိမ်းခြင်းနဲ့ အချင်းချင်း ဖေးမကူညီစောင့်ရှောက်ခြင်းတို့ဟာ ငြိမ်းချမ်းရေး အတွက် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်များဖြစ်ကြောင်း သတိပေးလျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်သူအားလုံး ကျန်းမာရေးစောင့် ရှောက်မှုကို တန်းတူညီမျှ လက်လှမ်းမီရရှိနိုင်ရေးအတွက် ကျန်းမာရေးမိတ်ဖက်များနဲ့အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်းများစွာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ အတွက် အားကိုးအားထားရာ ဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် အရင်ကလည်း ကျန်းမာရေး၊ လူ့အခွင့်အရေးဆိုင်ရာ ဆုတံဆိပ်များစွာ ရရှိခဲ့သူဖြစ်ပါတယ်။
ကရင်လူမျိုးတဦးဖြစ်တဲ့ ဒေါက်တာစင်သီယာမောင်ကိုကမ္ဘာကျော် ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ်ကလည်း အသိအမှတ်ပြုချီးကျူးထားပါတယ်။

👍38❤11👏2🤣2🥰1🤮1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(အောက်တိုဘာ ၁၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ပလက်၀မြို့နယ်ကို စစ်တပ် ၂ ရက်ဆက် ဗုံးကြဲ၊ သေဆုံးထိခိုက်သူ ဆယ်ချီရှိ
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော် AA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ပလက်၀မြို့နယ် ချောင်းဆုံကို လေယာဉ်အုပ်လိုက်နဲ့ ဒီနေ့ အောက်တိုဘာ ၁၉ ရက်မှာလည်း ဗုံးဆက်ကြဲခဲ့တာကြောင့် ထိခိုက်၊ သေဆုံးသူ ဒေသခံ ဆယ်ချီရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဟာ မနေ့က အောက်တိုဘာ ၁၈ ရက် နေ့လယ် ၁ နာရီကျော်မှာ ချောင်းဆုံ၀န်းကျင်ကို လေယာဉ် ၅ စီးထက်မနည်းနဲ့ ဗုံးအလုံး ၅၀ ၀န်းကျင် ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၇ ဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာပြင်းထန်စိုးရိမ်ရသူ ၄ ဦး ထက်မနည်း ရှိခဲ့ပါတယ်။ ဒီနေ့မနက် ၁၁ နာရီကျော်မှာလည်း ထောက်ပို့လေယာဉ် Y12 ၁စီး၊ တိုက်လေယာဉ် ၂စီး တို့နဲ့ ဗုံးအလုံး ၂၀ ကျော် ထပ်မံလာကြဲခဲ့တာဖြစ်ပြီး သွားလာနေတဲ့ ကုန်ကားတွေကိုလည်း စက်သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဗုံးကြဲမှုကြောင့် ထိခိုက်၊ သေဆုံးသူအရေအတွက် အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။
◾️ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိတိန်ချားစ်ဘုရင်က စာအုပ်နှစ်အုပ်ပေးပို့
အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိိတိန်ရဲ့ ချားစ်ဘုရင်ဆီက ပေးပို့လာတဲ့စာအုပ်နှစ်အုပ်ကို လက်ဝယ်သွားရောက်ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်းစစ်အုပ်စုက သတင်းထုတ်ပြန်လာပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းမှာ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက သွားပေးခဲ့တာလို့ ဆိုထားပါတယ်။ အဲဒီသတင်းထုတ်ပြန်ချက်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာကို မဖော်ပြပါဘူး။ ချားစ်ဘုရင်ကပေးပို့လာတဲ့ စာအုပ် ၂ အုပ် ဖြစ်တဲ့ The Land Garderners – Soil to Table ၊ Soil The World at Our Feet နဲ့ အိတ်ပိတ်စာအိတ် ၁ အိတ်၊ သံတမန်အိတ်ပိတ်စာတို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုး ဆိုသူက သတင်းထုတ်ပြန်ရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်စုကြည်လို့ သုံးနှုံးဖော်ပြထားပါတယ်။
◾️AAပစ်ခတ်လို့ စစ်သင်္ဘောတစီး မီးလောင်ပျက်စီး
စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရွှေမင်းဂံရေတပ်စခန်းအနီး ကုလားတန်မြစ်ပြင်မှာ စစ်တပ်ရဲ့စစ်သင်္ဘောတစီး လက်နက်ကြီးကျည်ထိမှန် မီးလောင်၊ ပျက်စီးသွားတဲ့ ရုပ်သံဖိုင်တစ်ခု ဒီနေ့ အောက်တိုဘာ ၁၉ရက်မှာ လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာပါတယ်။ အဲဒီရုပ်သံဖိုင်ဟာ အာရက္ခတပ်တော်(AA) ပစ်ခတ်လို့ စစ်တပ်သင်္ဘော ထိမှန်ပျက်စီးသွားတာဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာ ၁၉ ရက် ဒီနေ့ မနက်ပိုင်းမှာ ပျံ့နှံ့လာတဲ့ အဲဒီရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကို စစ်တပ်က ကမ်းတက်ဖို့ ကြိုးစားချိန် AA က အဝေးပစ်လက်နက်ကြီး၊ ဒရုန်းတို့နဲ့ လှမ်းပစ်လို့ ထိမှန်သွားခဲ့တာလို့ သိရပါတယ်။ ထိမှန်သွားတဲ့ သင်္ဘောဟာ မြုပ်မသွားဘဲ ရွှေမင်းဂံရေတပ်ထဲ သင်္ဘောသုံးစီးနဲ့ တွဲခေါ်သွားရကြောင်း AA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
◾️စစ်တပ်လက်အောက်ခံလူ့အခွင့်အရေးကော်မရှင်ကို ဒေသတွင်းလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် အဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲ
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်(SEANF)ဟာ အာဏာသိမ်းစစ်တပ် လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC)ကို ဖိုရမ်ရဲ့အဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲလိုက်တယ်လို့ မလေးရှားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို SEANF ရဲ့ အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိခွင့်ကို ပယ်ဖျက်ဖို့ အောက်တိုဘာ ၁ရက် ဆုံးဖြတ်အတည်ပြုခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ကို မလေးရှားအပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တီမောလက်စ်တေ စတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌ ၅ ဦးက တူညီဆန္ဒ(Consensus)နဲ့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဟာ လာမယ့် ၂၀၂၇ ခုနှစ် အလှည့်ကျ ဖိုရမ်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခွင့် မရှိတော့တဲ့အပြင် အောက်တိုဘာ ၁ ရက်ကစလို့ ၂၀၂၆ ခုနှစ်အတွက် ၂၃ ကြိမ်မြောက် SEANF နှစ်ပတ်လည်ညီလာခံ ဒါမှမဟုတ် အခြား အစည်းအဝေးတွေမှာ ဆက်လက်ပါဝင်ခွင့်မရှိတော့ဘူးလို့ ဆိုပါတယ်။ အခု ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနဲ့ SEANF အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်နိုင်တဲ့ အရည်အချင်း ပြည့်မီမှု ရှိ၊ မရှိ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်မှာ စတင်ခဲ့တဲ့ တရားဝင် ပြန်လည်သုံးသပ်စိစစ်မှုအပြီး ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
◾️နွားထိုးကြီးမှာ မိန်းကလေးတွေကို အုပ်စုဖွဲ့ အဓမ္မကျူးလွန်တဲ့စစ်ကြောင်း အောင်ပန်းကုန်းရွာကို မီးရှို့

🔥10❤6🖕2
မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ် အောင်ပန်းကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့သွားတာကြောင့် နေအိမ်အလုံး ၃၀ ခန့်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထနောင်းပင်လဲရွာကို ပြန်ဝင်ရောက်နေတဲ့စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းမှာ အောင်ပန်းကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်အကြမ်းဖက်ခဲ့တာဖြစ်ပါတယ်။ ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၁၇ ရက် ညပိုင်းမှာ ဒေသခံ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံး ၃၀ ခန့်မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာ ၅ ရက်က ထနောင်းပင်လဲရွာက ဒေသခံ အမျိုးသမီး ၅ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး လက်ရှိလည်း ထနောင်းပင်လဲကို တပ်စွဲထားဆဲဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
◾️ပေါ်တာဆွဲတဲ့အကြောင်း လူမှုကွန်ရက်ကနေဝေဖန်လို့ ၂ လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိ
စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ စုဆောင်းမှုတွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာကြောင့် နှစ်လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာအတွင်းမှာ ဖေ့စ်ဘွတ်ခ် နဲ့ Tik Tok မှာ ပို့စ် နဲ့ ဗီဒီယိုတွေ တင်ခဲ့တာကြောင့် ၇ ဦးရှိပြီး ဩဂုတ်အတွင်းမှာ ၉ ဦးရှိတယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူအများစုက စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကို ဝေဖန်တာ တိုင်ကြားတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ NUG၊ CRPH တို့နဲ့ ပတ်သက်တဲ့ အကြောင်းပြချက်နဲ့ ၆ဦး ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ လူမှူကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တယ်လို့ စွပ်စွဲအမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
◾️ဗန်းမော်မှာ တိုက်ပွဲဆက်ဖြစ် ၊ KIA ပူးပေါင်းတပ်ရဲ့ လက်နက်ကြီးကြောင့် စစ်တပ်အထိနာ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အောက်တိုဘာ ဒုတိယပတ်က ဗန်းမော်မြို့ (၃)မိုင်ကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနဲ့ ပြည်သူ့နေအိမ်တွေ မီးရှို့ခဲ့တဲ့ စစ်တပ်ကို အထိနာအောင် KIAက တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ရေး သတင်းရင်းမြစ်က အခုလို ပြောပြတာပါ။ KIA ပူးပေါင်းတပ်ဘက်က လက်နက်ကြီးနဲ့ တန်ပြန်တိုက်ခိုက်လို့ စစ်တပ်အထိနာနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က လတ်တလော ဗန်းမော်ဒေသ တိုက်ပွဲ အခြေအနေကို ပြောပါတယ်။ KIAနဲ့ စစ်တပ်ဟာ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၊ ရှမ်းမြောက် မိုးမိတ်ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။
◾️KNU တပ်မဟာ(၁)နယ်မြေကို စစ်တပ်က လေယာဉ်၊လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ထဲက အရပ်သား ပြည်သူနေထိုင်ရာ ရွာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်နေကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ စက်တင်ဘာနဲ့ အောက်တိုဘာအတွင်းမှာ KNU တပ်မဟာ(၁)နယ်မြေကို လက်နက်ကြီးပစ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၁၅ရက်က ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ဘီးလင်းမြို့နယ် ရှမ်းစုရွာကိုလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ လေယာဉ်ကနေ ဗုံးသီး ၂လုံးကြဲချခဲ့ရာ ဗုံးသီး ၁လုံးဟာ ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေမှာတော့ အရပ်သားထိခိုက်မှု သေဆုံးမှုမရှိခဲ့ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
◾️လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော် စစ်တပ်နဲ့ ပူးပေါင်းသွားမှု TNLA အတည်ပြု

🔥11👏5❤2🖕2
၁၀၂၇ စစ်ဆင်ရေးကာလမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနဲ့ ပူးပေါင်းလာတဲ့ လီဆူတပ်ဖွဲ့ဝင် ဦးဂူဆီးဟာ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော်၊ လက်နက် ၅၀ခန့်နဲ့အတူ စစ်တပ်ထံ ပူးပေါင်းသွားကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၃ရက်မှာ ဂူဆီးဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်တိုင်း လိုက်နာစောင့်ထိန်းရတဲ့ ကတိသစ္စာကို ဖောက်ဖျက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားကြောင့် TNLA အဖွဲ့အစည်းနဲ့ ကင်းကွာပြီဖြစ်ကြောင်း အသိပေးအပ်တယ်လို့ TNLAက ဖော်ပြပါတယ်။ TNLA ဟာ သူတို့ရဲ့ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ပြီး တကယ်လို့ အဲဒီတပ်ဖွဲ့က မိဘပြည်သူများအပေါ် ဖိနှိပ်စော်ကားမှုများ ပြုလုပ်လာပါက ပြည်သူ့ဘက်ကနေ ရပ်တည်ကာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။ ဂူဆီးဦးဆောင်တဲ့ အဖွဲ့ဟာ မိုးမိတ်ဒေသမှာ အခြေပြုတာဖြစ်ပြီး သူတို့အဖွဲ့ကို TNLA ဗဟိုက နမ့်ဆန်ကို တပ်ရွှေ့ပြောင်းခိုင်းရာ အမိန့်မလိုက်နာဘဲ ကျောက်မဲက စစ်တပ်ဆီ လက်နက်ချခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တပ်ဖွဲ့ဝင် ၅၁ဦး အလင်းဝင်ခဲ့တာဖြစ်ပြီး လက်နက် ၄၉ လက်ပါသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
◾️အထည်ချုပ် လုပ်သား တစ်သောင်းနီးပါး အလုပ်လက်မဲ့ဖြစ်ဖို့ရှိနေ
အထည်ချုပ်လုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာနေပြီး အထည်ချူပ်အလုပ်သမား တစ်သောင်းနီးပါးဟာ အလုပ်အကိုင်ဆုံးရှုံးဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ပြည်ပက အမှာစာ(အော်ဒါ)မရမှုတွေကြောင့် တချို့ အထည်ချုပ်စက်ရုံတွေက လုပ်သားလျှော့ချမှုတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ စက်ရုံပိတ်သိမ်းမှုတွေ ဖြစ်စေဖို့အတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တာ၀န်ရှိသူက ပြောပါတယ်။ အဖွဲ့ချုပ်ရဲ့စာရင်းတွေအရ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံ(၄)က အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိသော အထည်ချုပ်စက်ရုံ၊ လှိုင်သာယာစက်မှုဇုန်က ၀န်ထမ်း ၁,၀၀၀ နီးပါးရှိတဲ့စက်ရုံနဲ့ ရန်ကုန်ပြည်လမ်းမကြီးပေါ်က မှော်ဘီမြို့နယ်က အလုပ်သမားဦးရေ ၅,၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ အထည်ချုပ်စက်ရုံတွေက အခု အောက်တိုဘာအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်္ဂလာဒုံစက်မှုဇုန်က အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိ အထည်ချုပ်စက်ရုံကလည်း အပြီးပိတ်သိမ်းတော့မယ့် သတင်းတွေကြောင့် အထည်ချုပ်အလုပ်သမားစုစုပေါင်း တစ်သောင်း နီးပါးက အလုပ်အကိုင်အခွင့်လမ်းဆုံးရှုံးဖွယ်ရှိနေတယ်လို့ အသိပေးပါတယ်။ လွန်ခဲ့တဲ့ ၄လခန့်ကလည်း H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fishion အထည်ချုပ်စက်ရုံဟာလည်း အော်ဒါမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။
◾️ပုဂံမှာ စစ်တပ်က တပ်စွဲပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေဟု MDSI ဖော်ပြ
အာဏာသိမ်းစစ်တပ်ဟာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံအတွင်း တပ်စွဲပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)က ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ လေတပ်ဆွယ်နဲ့ အမြောက်လက်နက်ကြီးတွေ တပ်စွဲချထားပြီး မကွေးတိုင်းဒေသ နဲ့ ဧရာဝတီမြစ်ကြောင်းရှိ မြို့နယ်ကျေးရွာတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ MDSI က အောက်တိုဘာ ၁၉ ရက်မှာထုတ်ပြန်ပါတယ်။ ပုဂံဒေသဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၁၉ ဇူလိုင်မှာ သတ်မှတ်ခံရတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပုဂံရှေးဟောင်းနယ်မြေလို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေကို စစ်ရေးအတွက် တပ်စွဲအသုံးပြုကာ စစ်ရာဇဝတ်ကျူးလွန် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
◾️အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့အတွက် ဒေါက်တာစင်သီယာမောင်ကို NUG ကျန်းမာရေးဝန်ကြီးဌာန ဂုဏ်ပြု

🔥9❤5🖕2👍1🕊1
ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။ ၁၃ ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို မြန်မာ-ထိုင်းနယ်စပ် မယ်တော်ဆေးခန်းက ရရှိခဲ့ရာ ဆေးခန်းဦးဆောင်သူ ဒေါက်တာစင်သီယာမောင်ဟာ အောက်တိုဘာ ၁၉ရက်မှာ ဆုလက်ခံရယူခဲ့ပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ ဒုက္ခသည်များ၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများနဲ့ ပဋိပက္ခဒဏ်ခံစားနေရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သလို လူပေါင်းများစွာအတွက် ကျန်းမာသက်သာမှု၊ မျှော်လင့်ချက်နဲ့ လူ့ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးခဲ့သူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ မယ်တော်ဆေးခန်းမှတစ်ဆင့် ကျန်းမာရေးလုပ်သားမျိုးဆက်များကိုလည်း လေ့ကျင့်ပျိုးထောင် ပေးခဲ့ရာ ၎င်းတို့သည် အခက်ခဲဆုံးအခြေအနေတွေမှာပင် စေတနာ၊ ကရုဏာနဲ့ တာဝန်သိစိတ်တို့ဖြင့် ပြည်သူများကို ဆက်လက်စောင့်ရှောက်လျက်ရှိတယ်လို့ဆိုပါတယ်။
🔥12❤9🖕2🙏1
ဘုတလင်နဲ့ ဆားလင်းကြီးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံဆန္ဒပြပွဲတွေ ပြုလုပ်
အောက်တိုဘာ ၁၉၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း ဘုတလင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။
ဘုတလင်မြို့နယ် နေရာ ( ၄ ) နေရာမှာ ဘုတလင်မြို့နယ်သပိတ်အင်အားစုမှ "ကျွန်ုပ်တို့၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးသည် ဦးကျော်မိုးထွန်း သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရန်" ၊ "Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar" ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံဆန္ဒပြပွဲ ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမ္မဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုလုပ်ဆောင်ခဲ့ကြတာပါ။
ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစုက "ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ပါတယ်။ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ တိုက်တွန်းအပ်ပါတယ်" လို့ အသိပေး ပြောကြားထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

❤30👍10🖕2👏1🤮1🤣1