People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်တွေရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်က ရိုဟင်ဂျာတွေ သုံးတိုက်ခိုင်းနေ

■"ဖမ်းတာကတော့အကြောင်းမျိုးစုံပြပြီးဖမ်း
တာပဲ။ ပြီးရင် ဘယ်သူမှ တရားရုံးလည်း မရောက်၊ ရဲစခန်းလည်းမရောက်ဘူး။စစ်တပ်ထဲပဲ ရောက်သွားတယ်"-စစ်​တွေမြို့ကရိုဟင်ဂျာလူငယ်တဦး

စက်တင်ဘာ-၁၁၊၂၀၂၆။ခိုင်မြတ်/ People's Spring

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း ရိုဟင်ဂျာကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာရာချီကို အခြေခံ စစ်သင်တန်းပေးထားပြီး အခုဖြစ်နေတဲ့ ရှေ့တန်းတိုက်ပွဲတွေမှာ အသုံးပြုနေတာလို့ ဆိုပါတယ်။

“ရှေ့တန်းမှာ မူဆလင်တွေ တွေ့ရတယ်ပြောကြတယ်။မျက်မြင်တွေ့ကြတာပေ့ါနော်။မူဆ
လင်အလောင်းတွေ ရတာတော့ မရှိသေးဘူး။ ဒါပေမယ့် စစ်ကြောင်းတိုင်း စစ်ကြောင်းတိုင်းမှာ မူဆလင်တွေပါတယ်။ မိုင်းရှိနိုင်တဲ့နေရာ တွေဆိုရင်သူတို့တွေကိုအရှေ့ကသွားခိုင်းတယ်၊ဓါးစာခံသဘောမျိုးပေ့ါ”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တ ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်ဘက်ကနေ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်နေရာတွေကို စစ်တပ်က အင်အားအလုံးအ
ရင်းသုံးကာ ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ပြီး မြေပြင်မှာတော့ စစ်တပ်က အထိနာကာ ပြန်ဆုတ်နေ ရတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့ခံတစ်ဦးကလည်း “ဟုတ်တယ်၊အဲလို ပြောကြတယ်။ကျွန်တော်တို့လည်း တွေ့တယ်။ယူနီဖောင်းဝတ်ထားတဲ့မူဆလင်တွေကို စစ်ကားအပြည့်နဲ့ ပို့နေတာ။အရင်နှစ်ရက်၊ သုံးရက်လောက်ကထင်တယ်။စစ်ကားနဲ့ ငါးစီးသွားတာမှာမူဆလင်ငါးဆယ်လောက် ပါ
သွားတယ်။ အကုန်လက်နက်အပြည့်အစုံနဲ့၊ ရှေ့တန်းပို့တာဖြစ်မယ်”လို့ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေစဖြစ်ချိန်ကတည်းက ရိုဟင်ဂျာတွေရာနဲ့ချီကို အတင်းအကြပ်ဖမ်းဆီး စစ်သင်တန်းပေးထားခဲ့တာဖြစ်ပြီး စစ်တွေတိုက်ပွဲအရှိန်မြင့်လာချိန် ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ လည်း ဒေသခံရိုဟင်ဂျာ ၂၀၀ ကျော်ကို ထမ်မံဖမ်းဆီး စစ်သင်တန်းပို့ခဲ့တယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

“ဖမ်းတာကတော့ အကြောင်းမျိုးစုံပြပြီး ဖမ်းတာပဲ။ ပြီးရင် ဘယ်သူမှ တရားရုံးလည်း မရောက်၊ ရဲစခန်းလည်း မရောက်ဘူး။စစ်တပ်ထဲပဲ ရောက်သွားတယ်။ ရွာဘက်တွေမှာ အဖမ်းခံရတာများတယ်”လို့စစ်တွေမြို့မှာနေ
ထိုင်တဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ရခိုင်ဒေသမှာ တိုက်ပွဲတွေစဖြစ်တုန်းကလည်း အာဏာသိမ်းစစ်တပ်ဟာ စစ်တွေဒေသခံရိုဟင်ဂျာရာချီကို စစ်သင်
တန်းပေးပြီး AA နဲ့ဖြစ်တဲ့ ရှေ့တန်းစစ်မျက်နှာတွေဆီ ပို့ခဲ့ကာ တိုက်ပွဲတွင်း သေဆုံး သွားတဲ့အလောင်းတွေကိုတောင် မိသားစုက ပြန်မရခဲ့ဘူးလို့ ဆိုကြပါတယ်။

AA ကလည်း ရသေ့တောင်မြို့နယ်အတွင်းက စစ်တပ်နဲ့ဖြစ်တဲ့ ရှေ့တန်းတိုက်ပွဲတွေမှာ ရိုဟင်ဂျာ (ထုတ်ပြန်တာမှာမူဆလင်လို့​ဖော်ပြ) အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ဓါတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်တပ်ဟာ အခုစစ်တွေမြို့ တိုက်ပွဲပြင်းထန်လာချိန်မှာလည်း ရိုဟင်ဂျာတွေကို အသုံးချလာနိုင်တယ်လို့စစ်ရေးလေ့လာသူတွေနဲ့ ဒေ
သခံတွေက ပြောကြပါတယ်။

"ရိုဟင်ဂျာတွေက အခုလည်း ဓါးစာခံဘ၀နဲ့ပဲ နေရတာ။ ရခိုင်သားတွေမှာ တိုက်ပွဲဖြစ်ရင် ပြေးလို့ရသေးတယ်။ ကျွန်တော်တို့မှာ ပြေးစရာလည်း မရှိဘူး။ စစ်တပ်က ဖမ်းရင်လည်း ခံ၊ သတ်ရင်လည်း ခံရမယ့်အခြေအနေဖြစ်နေတယ်” လို့ စစ်တွေမြို့ခံ ရိုဟင်ဂျာလူငယ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ်မှာလည်း ကျောက်တလုံးရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတွေကို တအိမ်တယောက်ကျ စစ်မှုထမ်းစေပြီး လုံခြုံရေးကင်းစခန်းတွေမှာ တာဝန်ချထားပါတယ်။ ဒါ့အပြင် ဘူးသီးတောင်၊ မောင်တောတိုက်ပွဲကာလတွေတုန်းကလည်း ရိုဟင်ဂျာလူငယ်အများအပြားကို စစ်သင်တန်းပေး၊ရှေ့တန်းပို့တိုက်ခိုက်
စေခဲ့ပါတယ်။

စစ်တပ်ဟာစက်တင်ဘာလ ၄ ရက်နေ့ကစပြီး စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားကနေ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်း တောင်ရွာဘက်ဆီ စစ်ကြောင်းတခု၊ ရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက် ရဲရိုးပြင်၊ ဆားပို့ တောင်၊ အောင်မြေကုန်းစတဲ့ ရွာတွေဘက်ထိ စစ်ကြောင်းတခု ထိုးစစ်ဆင်ခဲ့တာပါ။

အမြင့်ကျွန်းတံတားက တက်လာတဲ့စစ်
ကြောင်းဟာ ကွမ်းတောင်ရွာနားအရောက်မှာ အကျအဆုံးများပြီး တပ်လန် ဆုတ်ပြေးခဲ့ရကာအရင်ကစခန်းချနေခဲ့တဲ့အမြင့်ကျွန်းတံတားပေါ်ကနေပါဆုတ်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ ရွှေမင်းဂံရေတပ်စခန်းကနေ ထွက်လာတဲ့စစ်ကြောင်းတခုပဲ ကျန်တော့ပြီး အဲဒီစစ်ကြောင်းဟာလည်း ရှေ့ မတိုးနိုင်တော့ဘဲ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေပေးကာ ဆားပို့တောင်ရွာဝန်းကျင်မှာပဲ တန့်နေတယ်လို့ မြေပြင်မှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
19👍12😁3👎2🖕2👏1🤬1🤣1
အာဏာသိမ်းစစ်တပ်ဟာ ၄၉၂၆ စစ်ဆေးရေးလို့နာမည်တပ်ပြီး AA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ပုဏ္ဏားကျွန်း၊ကျောက်ဖြူ၊မကွေး
တိုင်း မင်းတုန်း၊ ပဒါန်း၊ပဲခူးတိုင်းပန်းတောင်း၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်မြို့နယ်တို့မှာ ထိုးစစ်လုပ်နေပြီး စက်တင်ဘာ ၁၀ ရက်အထိတပတ်ကြာ ထိ AA စခန်းတခုမှ သိမ်းနိုင်တာမရှိဘဲ အထိနာတပ်ပြန်ဆုတ်ကာ စစ်တပ်စခန်းတွေ ထပ်ပါမသွားစေဖို့သာ ခံစစ်လုပ်နေကြရတယ်လို့ မြေပြင်သတင်းရင်း မြစ်တွေက ပြောပါတယ်။
14👍13🖕3🤣2👎1👏1🤬1
အာဏာသိမ်းစစ်တပ်က၂၀၂၄ ခုနှစ်ကရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေစဥ်။ ဓါတ်ပုံ-CJ
13🔥8🖕6👎4🤣2👏1
ဗန်းမော်မှာ ကမ်းကပ်ထားတဲ့ စစ်တပ်ရေယာဉ်ကို KIA ပူးပေါင်းတပ် ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်

ကမ်းကပ်ထားတဲ့သင်္ဘောအချို့နဲ့ မြစ်အတွင်းမောင်းပြေးတဲ့အမြန်ရေယာဉ်ငယ် တိုက်ခိုက်ခံရမှု ရုပ်သံ ထွက်ပေါ်

စက်တင်ဘာ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကမ်းကပ်ရပ်နားထားတဲ့ စစ်တပ် ရေယာဉ်အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြစ်ကမ်းဘေးကပ်ထားတဲ့ သင်္ဘောတွေထဲက ၁စီးကို ဒရုန်းနဲ့ တိုက်ခိုက်မှု ရုပ်သံနဲ့ မြစ်အတွင်း မောင်းပြေးတဲ့ အမြန်ရေယာဉ်ငယ်ကို ဒရုန်းနဲ့ လိုက်လံတိုက်ခိုက်တဲ့ ရုပ်သံထွက်ပေါ်လာရာ မြစ်ကမ်းဘေး ကပ်ထားတဲ့ ရေယာဉ်ကို တိုက်ခိုက်မှုဟာ ဗန်းမော်ရောက်သင်္ဘောကို တိုက်ခိုက်တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့က တိုက်ခိုက်တာရှိပါတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဗန်းမော်ကမ်းကပ် စစ်သင်္ဘော တိုက်ခိုက်မှု ဖြစ်စဉ်အပေါ် အတည်ပြုပါတယ်။

မြစ်အတွင်း အရှိန်နဲ့ မောင်းနေတဲ့ အမြန်ရေယာဉ်ငယ်တိုက်ခိုက်မှု အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေဆဲပါ။ ရုပ်သံဖော်ပြချက်အရ မောင်းနှင်နေတဲ့ အမြန်ရေယာဉ်ငယ်ကို ပထမအကြိမ် ဒရုန်းနဲ့ တိုက်ခိုက်ရာ အမြန်ရေယာဉ်ငယ်ဘေး ပေါက်ကွဲပြီး နောက် အမြန်ရေယာဉ်ငယ်ဟာ ကမ်းဘေးကပ်စဉ် နောက်ထပ် ဒရုန်း ၁စီးနဲ့ ထပ်မံ တိုက်ခိုက်လို့ ထိခိုက်ခဲ့တာတွေ့ရပါတယ်။

အခြားသတင်းရင်းမြစ်တစ်ဦးကတော့ လတ်တလော ထွက်ပေါ်နေတဲ့ ရုပ်သံဟာ ရွှေကူမြို့နယ်အတွင်း ဖြစ်စဉ်လို့ ပြောပြပါတယ်။

ကမ်းကပ်သင်္ဘောအချို့နဲ့ အမြန်ရေယာဉ်ငယ်တိုက်ခိုက်ခံရမှု အခြေအနေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ စက်တင်ဘာ ၁၁ရက်မနက်မှာ ဆက်သွယ်မေးမြန်းရာ လတ်တလောအဲဒီဖြစ်စဉ်တွေကို မကြားသိရသေးဘူးလို့ ပြောပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ဩဂုတ်လကုန်ပိုင်းမှာ ပထမအသုတ် သင်္ဘောအုပ်စု တက်လာရာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ရေယာဉ် ၁၅စီးပါ သင်္ဘောအုပ်စုထဲက သင်္ဘောအများစုထိခိုက်ပျက်စီးနစ်မြုပ်ခဲ့ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရာ ဩဂုတ် ၂၇ရက် ကသာ-ရွေကူကြား တိုက်ခိုက်မှုမှာ စစ်တပ်သင်္ဘော ၁စီး ပျက်စီးခဲ့သလို ဩဂုတ် ၂၉ရက်ကနေ စက်တင်ဘာ ၉ရက်အကြား နှစ်ပတ်တာအတွင်း ပထမအသုတ်သင်္ဘောအုပ်စုက သင်္ဘော ၁၁စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

၁၁စီးထဲမှာ တိုက်ခိုက်ရေးသင်္ဘော ၃စီးပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ဒုတိယပတ်မှာ ကချင်ပြည်နယ်ကို ဝင်လာတဲ့ ၆စီးပါ စစ်တပ်သင်္ဘောအုပ်စုက ၂စီးကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီဒုတိယအသုတ်သင်္ဘောတွေ ရွှေကူမြို့မှာ ကမ်းကပ်ထားစဉ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂စီး မီးလောင်ပျက်စီးခဲ့တာပါ။

ဒါကြောင့် စစ်တပ်ရဲ့ ပထမအသုတ်သင်္ဘောအုပ်စုက စစ်သင်္ဘောတွေအပါအဝင် ရေယာဉ် ၁၂စီး၊ ဒုတိယအသုတ် သင်္ဘောအုပ်စုက သင်္ဘော ၂စီး စုစုပေါင်း ၁၄စီးကို နှစ်ပတ်အတွင်းမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။သင်္ဘောအများစုဟာ ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ တိုက်ခိုက်ဖျက်ဆီးခံရတာလည်းဖြစ်ပါတယ်။

စစ်တပ်က ကချင်ပြည်ကို စစ်အင်အားဖြည့်ဖို့ ရေကြောင်း၊ မြေပြင်၊ လေကြောင်း ထိုးစစ်ဆင်လာလို့ ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလအတွင်းမှာ ဗန်းမော် စင်းခန်းတံတားဝန်းကျင်နဲ့ ရွှေ့ကူ ဇင်းဘုံဒေသ ဝန်းကျင်မှာ မြေပြင်တိုက်ပွဲတွေ ရေကြောင်းတိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာပါ။


ရုပ်သံ - Ler Pyaw၊ Royal Kachin
👍3610👏8🖕2👎1🔥1🥰1🤣1
Media is too big
VIEW IN TELEGRAM
29👏20👍13🔥3🤣1
လောင်းလုံမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ် ဒရုန်းနဲ့ တိုက်ခိုက်

စက်တင်ဘာ ၁၁၊ ၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ရက်မှာ လောင်းလုံမြို့ကနေ ပြင်းထိန်ကျေးရွာကို ထွက်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းဗုံးသီး ၉လုံးကြဲချတိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၉ရက်မှာလည်း အဲဒီစစ်ကြောင်းကို ဒရုန်း ဗုံးသီး ၂၇လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၉ရက်မှာ ပြင်းထိန်ကျေးရွာကနေ ဝေဒီကျေးရွာဘက်ကို ထွက်ခွာလာတဲ့ စစ်ကြောင်းကို လမ်းပိုင်းတနေရာမှာ တိုက်ခိုက်ခဲ့ရာ ၁၅မိနစ်ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြောင်း အသိပေးပါတယ်။ စက်တင်ဘာ ၁၀ရက်မှာလည်း ဝေဒီရွာကနေ ၀ဗျောကျေးရွာကို ထွက်လာချိန် ၅မိနစ်ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂ဦး ဒဏ်ရာရခဲ့သလို စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးများပြားခဲ့ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် တိုက်ပွဲသတင်းမှာ ရုပ်အလောင်းတစ်လောင်းရဲ့ ဓာတ်ပုံကို ဖော်ပြကာ ဒုဗိုလ်မှူးကြီးကျော်ဖြိုးအောင်လို့ ရေစာရေးသားထားပါတယ်။

စစ်တပ်ဘက်က ထိခိုက်ကျဆုံးအခြေအနေအပါအဝင် စစ်ဆင်ရေးနဲ့ပတ်သက်ပြီး မေးမြန်းဖို့ သံမဏိလိပ်ပြာတပ်ခွဲထံ ဆက်သွယ်ထားပြီး အဆက်အသွယ်မရသေးပါဘူး။

စစ်တပ်စစ်ကြောင်းကို ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲ(SBF) အထူးပြောက်ကျားတပ်ဖွဲ့(SGF)၊ ကျောင်းသားတော်လှန်ရေးတပ်(SRF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

စစ်တပ်က အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာအနေအထိုင် ဆင်ခြင်ကြဖို့ လည်း တိုက်တွန်းထားပါတယ်။

အရင်က ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ လောင်းလုံ သံမဏိလိပ်ပြာတပ်ဖွဲ့ဟာ အခုနှစ် ဇူလိုင်မှာ ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်းရဲ့ တပ်ခွဲအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ တပ်ဖြစ်ပါတယ်။ အရင်ကလည်း လောင်းလုံမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းတွေကို မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။
👏33👍104👎1🔥1🥰1🤣1🖕1
(ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Steel Butterfly Force)
28👍18🖕2🔥1🤮1🤣1
မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ ICCက ဖမ်းခိုင်းရင် ဖမ်းပေးဖို့ ကမ္ဘောဒီးယားကို Fortify Rights တောင်းဆို

စက်တင်ဘာ-၁၁၊ ၂၀၂၆။ People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

အတုအယောင် ရွေးကောက်ပွဲ တစ်ခုကို အသုံးချပြီး သမ္မတ ရာထူးကို ရယူခဲ့တဲ့နောက် မင်းအောင်လှိုင်ဟာ နိုင်ငံတကာ တရားဝင် အသိအမှတ်ပြုမှုကို ရရှိဖို့ ရည်ရွယ်ပြီး ပြည်ပ ခရီးစဉ်တွေ သွားရောက်နေပါတယ်။

ကမ္ဘောဒီးယားကိုလည်း စက်တင်ဘာ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ သွားရောက်ဖို့ စစ်ခေါင်းဆောင်က စီစဉ်ထားပါတယ်။

Fortify Rightsကတော့ ကမ္ဘောဒီးယား အနေနဲ့ မင်းအောင်လှိုင်ကို အသိအမှတ်ပြု ကြိုဆိုတာမျိုး မလုပ်သင့်ကြောင်းနဲ့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းစေသင့်ကြောင်း စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပြီး ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ ICC ရှေ့နေချုပ်ဆီက လျှောက်ထားမှုကို ICCရဲ့ ကြိုတင် တရားစီရင်ရေးဌာနက လက်ခံရရှိထားကြောင်း၊ တကယ်လို့ ICCကသာ မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ တောင်းဆိုလာမယ်ဆိုရင် အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားဟာ အဲဒီတောင်းဆိုချက်အပေါ် အပြည့်အဝ လေးစား တုံ့ပြန်သင့်ကြောင်းလည်း Fortify Rightsက ပြောပါတယ်။

ဖမ်းဝရမ်း လျှောက်ထားမှုနဲ့ ပတ်သက်ပြီး ICCက ဆက်လက် လက်ခံ စဉ်းစားနေသလား၊ လျှို့ဝှက် ဖမ်းဝရမ်းအမိန့် ထုတ်ပေးထားသလားဆိုတဲ့ အချက်တွေကိုတော့ မသိရပါဘူး။

လုပ်ထုံးလုပ်နည်းအရ ICCဟာ ဖမ်းဝရမ်း လျှောက်ထားမှုကို လက်ခံ အတည်ပြုပေမယ့် တရားဝင် မကြေညာဘဲ လျှို့ဝှက်ထားခွင့် ရှိပါတယ်။ Fortify Rightsရဲ့ လူထုဆက်ဆံရေး အရာရှိ ဝင်းတား ဘယ်ရီက ကမ္ဘောဒီးယား အစိုးရဟာ မင်းအောင်လှိုင်ကို ကော်ဇောနီခင်းပြီး ကြိုမယ့်အစား သူကျူးလွန်ခဲ့သမျှ တာဝန်ခံစေဖို့ ဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။

တကယ်လို့ ICCက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြီး ကမ္ဘောဒီးယားရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုခဲ့မယ်ဆိုရင် သက်ဆိုင်ရာ အစိုးရက လေးစားလိုက်နာပြီး မင်းအောင်လှိုင်ကို ICCဆီ လွှဲပြောင်းပေးသင့်ကြောင်း၊ အဲဒီ တာဝန် ဝတ္တရားကို မကျေပြွန်နိုင်ဘူးဆိုရင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းစေသင့်ကြောင်း ဘယ်ရီက ပြောပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာတော့ ICCရဲ့ ပဋိညာဉ်ဖြစ်တဲ့ ရောမ ဥပဒေဆုံးဖြတ်ချက် (Rome Statue)ကို သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေအဖြစ် ကမ္ဘောဒီးယားနဲ့ အရှေ့တီမောတို့ ရှိနေပါတယ်။ ICCဟာ တရားရုံး အမိန့်နဲ့ ညွှန်ကြားချက်တွေကို အကောင်အထည် ဖော်ဖို့အတွက် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင် နိုင်ငံတွေကို တောင်းဆိုလို့ ရပါတယ်။ ဒါပေမဲ့ ICCမှာ ကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိတာကြောင့် အလိုရှိသူတွေကို ဖမ်းဆီးရေး ဆိုတာက သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံရဲ့ လုပ်ရပ်အပေါ်မှာပဲ မူတည်ပါတယ်။

တကယ်လို့ ICCက မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်း လျှောက်ထားမှုကို လျှို့ဝှက်လက်ခံပေးထားတယ်ဆိုရင် သူ့ကို ဖမ်းဆီးပေးဖို့အတွက် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားဆီ လျှောက်ထား တောင်းဆိုနိုင်ပါတယ်။

နိုင်ငံတကာက အသိအမှတ် မပြုတဲ့ ရွေးကောက်ပွဲ တစ်ခုကို အသုံးချပြီး သမ္မတ အရေခြုံထားရုံနဲ့တင် မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေကို တရားဝင် ကိုယ်စားပြုတဲ့ နိုင်ငံခေါင်းဆောင်အဖြစ် မမှတ်ယူသင့်ကြောင်း၊ သူ့ရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ ကမ္ဘောဒီးယား အစိုးရက ပူးပေါင်းဆောင်ရွက်စေလိုကြောင်း Fortify Rightsက ကြေညာခဲ့ပါတယ်။

ကိုးကား: Fortify Rights
👍4013😁4👎2🤮2🤣1🖕1
(ဒီနေ့ ကမ္ဘောဒီးယားကို ရောက်ရှိသွားတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်။ ဓာတ်ပုံ - စကစ)
🤮33🖕12🔥5💩5👏42👎2🙏2🤣1
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown အကြိမ်ကြိမ်ဖြစ်နေဟု EPC ဆို

စက်တင်ဘာ-၁၁၊၂၀၂၆။ရောင်နီ/People's Spring

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့မနက် ၆နာရီလောက်ကတည်းက မီးတွေပြတ်တောက်နေတာဖြစ်ပြီး နေ့လည် ၁၁ နာရီလောက်မှာ မီးပြန်လာခဲ့ပါတယ်။

"မီးက တနိုင်ငံလုံး နီးပါး ပျက်နေတာ တော်တော်ကြာပြီ။ အခုမီးပွိိုင့်တွေပါ ပျက်လို့ ယာဥ်ကြောပိတ်တာတွေပါ ဖြစ်ကုန်တယ်။ System Breakdown ဖြစ်တယ်လို့ ပြောတာပဲ။ တနေကုန်နီးပါး ပျက်နေတော့ ဘာအလုပ်မှတောင် လုပ်လို့အဆင်မပြေဘူး။ တိုင်းပြည်ကလည်း မိုးရွာရင် ရေကြီးလိုက်၊ မီးပြတ်ရင် ပွိုင့်ပျက်လိုက်နဲ့ ဘာတစ်ခုမှကို မကောင်းပါဘူး" လို့ ရန်ကုန်မြို့မှ အဌားယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။

မနက်အစောမှာ မီးပြတ်သွားတာဖြစ်တာကြောင့် CNG နဲ့ပြေးဆွဲရတဲ့ YBS တွေ ပုံမှန်ထက် အရည်အတွက်နည်းသွားတယ်လို့လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

"ကားဆက်ကတော်တော်ပြတ်တာ။ မီးပျက်တော့ CNG မရတာကြောင့်ဖြစ်နိုင်တယ်" လို့ ၎င်းက ပြောပါတယ်။

မီးပျက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdownဖြစ်တာဖြစ်ပြီး ပြင်ဆင်ချိန် ၂နာရီကြာမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ၅ နာရီကျော်ကြာမီးပြတ်ခဲ့တာဖြစ်ပါတယ်။

"မနက်အ‌‌စောကတည်းက မီးပျက်နေတော့ ထမင်းလာဝယ်သူတွေများတယ်။ ထမင်းဖြူတော်တော်ရောင်းရတယ်" လို့ စမ်းချောင်းမြို့နယ်ကထမင်းဆိုင်တစ်ဆိုင်က ပြောပါတယ်။

နေ့လည် ၁၁ နာရီ ကျော်မှာ ပြန်လာတဲ့လျှပ်စစ်မီးက နေ့လည် ၁ နာရီခွဲလောက်မှာ ထပ်မံပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း လျှပ်စစ်ဝန်ကြီးဌာနဘက်က မီးပြတ်ရတဲ့အကြောင်းကို System Breakdown လို့ ထုတ်ပြန်ထားပြီး ဓာတ်အားရရှိ‌ရေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

"မီးအားတွေတအားကျပြီး ပျက်သွားတာ။ တဖျတ်ဖျတ်နဲ့ မီးလုံးတွေဆို။" လို့ နေ့လည်ပိုင်း မီးပျက်သွားချိန်ကအခြေအနေကို လှိုင်မြိုနယ်မှာနေထိုင်သူကပြောပါတယ်။

ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့မှာတော့ မနက်အစော မီးပျက်တဲ့ အချိန်ကတည်းက မီးပြန်မလာသေးဘူးလို့ ဒေသခံတွေက ပြောထားပါတယ်။
👍33😁6🔥52🤬2👏1
ဓာတ်ပုံ - AFP
👍29🔥61💩1🤣1
တံတားဦး​လေတပ်ကိုတိုက်ခိုက်တဲ့ ဒရုန်း​တွေကိုစစ်တပ် ဟန့်တားနိုင်ခဲ့တယ်လို့ လိမ်လည်တာကိုထင်ရှား​စေတဲ့ရုပ်သံထပ်မံထွက်​​ပေါ်

​စက်တင်ဘာ-၁၁၊၂၀၂၆။​နေ့သစ်/People's Spring

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

ဒါက PDF ​တွေက တံတားဦး​လေတပ်က စက်တင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းမှာဒရုန်း​တွေနဲ့တိုက်ခိုက်မှု မှတ်တမ်းကို ဒုတိယအကြိမ်ထုတ်ပြန်ပါတယ် ။ပထမရုပ်သံအ​ထောက်အထားက ​လေတပ်ထဲရပ်နား​နေတဲ့ YAK-130 တိုက်​လေ​ယာဥ်အနီးကို FPV ဒရုန်းကပျံသန်းသွားပြီးတိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို စက်တင်ဘာ ၁၀ ရက်ညမှာစစ်​ရေးသတင်းရင်းမြစ်အချို့ကစတင် ဖြန့်​ဝေခဲ့တာဖြစ်ပါတယ်။

ဒါ​ကြောင့် PDF ​တွေရဲ့ဒရုန်းကို စစ်တပ်ကဟန့်တားဖျက်ဆီးနိုင်ခဲ့ပြီးထိခိုက်မှုမရှိဘူးလို့စစ်တပ်ထုတ်ပြန်ချက်ဟာ မှားယွင်း​ကြောင်းခိုင်မာတဲ့အ​ထောက်အထား​တွေထပ်မံထွက်​ပေါ်လာတာလည်းဖြစ်ပါတယ် ။

ဒုတိယ​မြောက် ဗီဒီယိုဖိုင်မှာ PDF ​တွေရဲ့ဒရုန်းက ​လေတပ်ထဲပျံသန်းဝင်​ရောက်ပြီး ​လေယာဥ်​ပြေးလမ်း​ဘက်ပျံသန်းချိန်မှာ စစ်သား​တွေကမြင်​တွေ့သွားကြပြီး ထွက်​ပြေးကြပါတယ် ။စစ်သား​တွေဝရုန်းသုန်းကားထွက်​ပြေးကြချိန်မှာပဲ FPV ဒရုန်းက စစ်သားတချို့နဲ့ ရပ်ထားတဲ့ကားအနီး ​ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။သေဆုံးထိခိုက်ပျက်စီးမှူအ​ခြေအ​နေကို​တော့မသိရ​​သေးပါဘူး။

စစ်တပ်အတွင်းကရတဲ့သတင်းအရ တံတားဦး​လေတပ်က တိုက်​လေယာဥ်တစ်စီးဗုံးသွားကြဲဖို့ ပျံသန်းဖို့ ပြင်ဆင်​နေချိန် ​လေတပ်စစ်သား​တွေလေယာဥ်​ပြေးလမ်း​ပေါ်မှာရှိ​နေတုန်း ဒရုန်းက​​ရောက်လာပြီးတိုက်ခိုက်ခံရတာလို့​ပြောပါတယ် ။

စစ်တပ်ရဲ့ ဂျန်ဘာ အထပ်ထပ်တပ်ထားတဲ့ တံတားဦး​လေတပ်ကို PDF တွေက ဒရုန်း ​တွေဖြတ်​ကျော်ပျံသန်းပြီး တိုက်ခိုက်မှု​ကြောင့် တိုက်​လေယာဥ် ၄ စီးထိခိုက်ပျက်စီးခဲ့ပြီး အဲဒီထဲက ၂ စီးဟာ လုံးလုံးပျက်စီးခဲ့တယ်လို့​တော်လှန်​ရေးအဖွဲ့​တွေက​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေအတွက်​တော့ ဗန်း​မော်ကိုစစ်ကူပို့တဲ့ စစ်​သ​ဘာ်​တွေ တိုက်ခိုက်ဖျက်ဆီးခံရတာကို မဟုတ်ပါဘူးလို့ ငြင်း​နေတုန်း​KIA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်က စစ်သ​​ဘော်​တွေကိုတိုက်ခိုက်နှစ်မြှပ်တဲ့ ရုပ်သံအ​ထောက်အထား​တွေ ဆက်တိုက်ထုတ်ပြတာကိုကြုံခဲ့ရပြီး တံတားဦး​လေတပ်တိုက်ခိုက်ခံရတဲ့အပြင်သတင်းလိမ်လည်ထုတ်ပြန်တာ ထင်ရှားတဲ့ဖြစ်ရပ်ဖြစ်လာပါတယ် ။

ရုပ်သံ-​ပေးပို့
👍5119🤣8👏3🖕2👎1
TaTarOo.mp4
47.8 MB
43👏16🤣5👍2😁2👎1🥰1
ရေစကြိုမှာ စစ်တပ်က ဆယ်ဘီးကား
နှစ်စီးနဲ့ ပေါ်တာဆွဲ

စက်တင်ဘာ-၁၁၊၂၀၂၆။ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာ
သိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသ
တင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်၊မွန်းလွဲ ၁ နာရီခန့်က ရေစကြိုမြို့၊ အမှတ် ၂၅၆၊၂၅၇၊၂၅၈ ခြေ
လျင်တပ်ရင်း( ခလရ-၂၅၆၊၂၅၇၊၂၅၈) တွေထဲက အင်အား ၅ဝ ခန့်ပါတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဆယ်ဘီးကား ၂ စီးနဲ့ ပေကုန်းရွာ ဘောလုံးကွင်းအနီး ရောက်လာပြီး တွေ့သမျှပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"လူငယ်တွေကိုအဓိကထားပြီး ဖမ်းခေါ်သွားတာ။များတယ်လို့ပဲသိရပြီး အတိအကျတော့မသိရပါဘူး။ အရင်ကအဲလိုလုပ်တာ မရှိခဲ့ပါဘူး"လို့ အထက်ပါကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပေကုန်းရွာဟာခမရ (၂၅၆) ၊(၂၅၇)၊(၂၅၈) တွေနဲ့ ရေစကြိုမြို့ကြားမှာရှိပြီး အခြားရွာတွေကိုတော့ လက်တလော ပေါ်တာဝင်ဆွဲတာ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ပေါ်တာလှည့်ဆွဲနေလို့ ပြည်သူတွေ သတိပြုသွားလာကြဖို့ ရေ
စကြိုသတင်းအချက်အလက်ကော်မတီက သတိပေးထားပါတယ်။

မကွေးတိုင်းထဲက ပခုက္ကူ၊ မကွေးအပါအဝင် စစ်တပ်အာဏာသက်ရောက်ရာ မြို့ပေါ်တွေမှာ စစ်မှုထမ်းပေါ်တာဆွဲတာတွေရှိနေပြီး လူငယ်တွေ ပျောက်ဆုံးနေကြောင်း ဒေသခံအချို့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာအခုစက်တင်ဘာလမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီဖြစ်ပေမဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်​နေ
ပါတယ်။



#ရေစကြို #ပေါ်တာဆွဲ #ဆယ်ဘီကား
#peoplesspring #ludunwayoo
🤬37👍76👎2🔥1👏1😢1🎉1🤮1🤣1
၂၀၂၁ ဖေဖော်ဝါရီလက ရေစကြိုမြို့ပေါ်တွင် အေးချမ်းစွာ ဆန္ဒပြနေသူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
🤬33👎5🖕4👏3🤮2🔥1😱1🎉1🤣1
ဖမ်းမိမူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

စက်တင်ဘာ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၉ရက်မှာ ကျရောက်တဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပတဲ့ နေ့မှာပဲ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်ကို ထည့်သွင်း ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ဒူးပလာယာခရိုင် တရားသူကြီးမှ အမိန့်ပေးဖတ်ကြားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ (၁၀၀) ဂရမ် (၂) ကဒ်၊ စိတ်ကြွရူးသွပ်ဆေးပြား ( ၁၁၆,၉၃၅) ပြားနဲ့ ဆေးခြောက် (၂) ထုတ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

KNU ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) ဖွဲ့စည်းမှု ၃၅နှစ်ပြည့် အခမ်းအနားကို KNU ခရိုင်နဲ့ တပ်မဟာ အသီးသီးနယ်မြေမှာ ကျင်းပခဲ့ပါတယ်။

KNU လက်အောက်ခံ လက်နက်ကိုင်တပ်တွေကတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ KNPF ရဲတပ်ဖွဲ့တို့ ဖြစ်ပါတယ်။ အရင်က ရဲတပ်ဖွဲ့ လုပ်ငန်းတွေကို KNDOက ဆောင်ရွက်တာဖြစ်ပေမဲ့ စစ်ရေးဆိုင်ရာ သီးသန့် တာဝန်ထမ်းဆောင်နိုင်ဖို့ KNPF ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
👍38👏42🥰1😁1🤮1🤣1🖕1
👍43👏8🖕3🥰1👌1🤣1
"ဒရုန်းနည်းပညာမှာတော့ အခုလတ်တလောအားဖြင့် ကျွန်တော်တို့ သူတို့(စစ်အုပ်စု)ထက်သာနိုင်မယ့်နည်းလမ်းတွေ သာတဲ့ အပိုင်းတွေကိုရောက်ရှိနေတာကိုလည်းတွေ့ရပါတယ်"

"စစ်တပ်ကအမြဲတမ်း ဒါ Lesson Learned လုပ်တယ်။ ပြန်သာအောင်ကြိုးစားနေတယ်။ ဒီဟာကိုသိထားဖို့လိုတယ်ပေါ့။ အဲဒိတော့ သူထပ်ပြီးမသာနိုင်အောင်လို့ ကျွန်‌တော်တို့ ဘက်ကလုပ်ဖို့လိုမယ်။ ထပ်ကြိုးစားဖို့လိုတာပေါ့။ တစ်ခုခု အားသာပြီးတဲ့အခါမှာ ထပ်ပြီးတော့ ထပ်ပြီးတော့ကို ကျွန်တော်တို့ကထပ်အားစိုက်ပြီးတော့ သူပြန်ပြီးတော့ ခေါင်းမထောင်နိုင်တဲ့အထိ တစ်ခါတည်း နောက်ကောက်ဖြစ်သွားတဲ့အထိကို ကျွန်တော်တို့ဘက်က ကြိုးစားဖို့လည်းလိုပါတယ်။"

︎ဦး​ကျော်နီ (NUGပြည်ထဲရေး နဲ့ လူဝန်မှုကြီးကြပ်ရေးဒုဝန်ကြီး )

(၂၀၂၆ ဇွန် ၁၇ ရက်မှာ NUGပြည်ထဲရေး နဲ့ လူဝန်မှုကြီးကြပ်ရေးဒုဝန်ကြီး ဦး​ကျော်နီ နဲ့ ​မေးမြန်းခန်းကို ပြန်လည်​ဖော်ပြထားတာဖြစ်ပါတယ် )


https://youtu.be/BOwRoSFgTog?si=ZUBin6rXZuya8epm
51👍29😁2🥰1🤮1👌1🤣1🖕1
တံတားဦးလေတပ်စခန်းတိုက်ခိုက်မှု ဗိုလ်မှူးကြီးအပါအဝင် ၅ဦးသေ၊ တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးဟု PDF ထုတ်ပြန်

▪️တိုက်လေယာဉ်ရပ်နားရာ ချဉ်းကပ်တိုက်ခိုက်နိုင်ဟုဆို

စက်တင်ဘာ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်တပ်ရဲ့ လေတပ်စခန်း(တံတားဦး)ကို တိုက်ခိုက်မှုအတွင်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇)မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ YAK-130 တိုက်လေယာဉ်တွေ ရပ်နားထားတဲ့ နေရာတွေကို တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

တံတားဦးမြို့နယ်က စစ်တပ်ရဲ့ လေတပ်စခန်းကို အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ လေတပ်စခန်း (တံတားဦး)ဟာ ပြည်သူလူထုအပေါ် လေကြောင်းကတစ်ဆင့် ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုများကို အဓိက ကျူးလွန်နေတဲ့ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ်တစ်ခု ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

စစ်ဆင်ရေးအတွင်း စစ်တပ်က ထိခိုက်သေဆုံးခဲ့သလို တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။

“စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ၎င်းတို၏ အဓိက စစ်ဘက်သုံး လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို ဝန်ခံခြင်းမရှိဘဲ လေတပ်စခန်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိနေသော မန္တလေးအပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်စားဝါဒဖြန့်လျက် ရှိသည်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်လေယာဉ်ထိခိုက်ပျက်စီးမှု အခြေအနေ ဖော်ပြမထားပေမဲ့ စစ်ရေးသတင်းရင်းမြစ်အချို့ကတော့ စစ်တပ်လေယာဉ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ပြောပြပါတယ်။ မနေ့က စစ်ဆင်ရေးမှာ ဒရုန်း ၆စီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေယာဉ်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်များ အပါအဝင် စစ်တပ်ရဲ့ အဓိက ကျောရိုး စစ်ဘက် ဗဟိုချက်မများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က ထုတ်ပြန်ပါတယ်။

အခု လေတပ်စခန်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်စုဖွဲ့ကာ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၄) တပ်ရင်း၊ တံတားဦးမြိုနယ် ပကဖ၊ စဉ့်ကိုင်မြိုနယ် ပကဖ၊ ငါန်းဇွန်မြိုနယ် ပကဖ၊ STF၊ အမှတ် (၁)နဲ့ အမှတ် (၂) ရွှေဘိုခရိုင်စစ်ဌာနများက ပူးပေါင်းအင်အားများဖြင့် ဟန်ချက်ညီ ဖော်ဆောင်ခဲ့တာလို့ အသိပေးထုတ်ပြန်ပါတယ်။
48👍21👏4🤣3🤮1👌1🖕1
43👍18🤣2👎1🥰1🙏1🖕1
တံတားဦးလေတပ်စခန်းတိုက်ခိုက်မှု ဗိုလ်
မှူးကြီးအပါအဝင် ၅ဦးသေ၊ တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံး

■PDF ရဲ​ဘော်များနဲ့အတူ PDF ရဲ​​မေများပါစစ်ဆင်​ရေးမှာပါဝင်တိုက်ခိုက်ခဲ့

စက်တင်ဘာ-၁၁၊၂၀၂၆။ထားမြတ်/People’s Spring

စစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းအားတိုက်
ခိုက်မှုအတွင်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇)မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ YAK-130 တိုက်လေယာဉ်တွေ ရပ်နားထားတဲ့ နေရာတွေကို တိကျစွာ ချဉ်း
ကပ်တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

တံတားဦးမြို့နယ်က စစ်တပ်ရဲ့ လေတပ်စခန်းကို အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မ
တော်က ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့တာလို့ အသိ​ပေးပါတယ်။

အဲဒီလေတပ်စခန်းဟာ ပြည်သူလူထုအပေါ် လေကြောင်းကတစ်ဆင့်ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုများကို အဓိက ကျူးလွန်နေတဲ့ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ်တစ်ခု ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

စစ်ဆင်ရေးအတွင်း စစ်တပ်က ထိခိုက်သေ
ဆုံးခဲ့သလို တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့တယ်လို့ အသိပေးပါတယ်။

“စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ၎င်းတို၏ အဓိက စစ်ဘက်သုံး လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို ဝန်ခံခြင်းမရှိဘဲ လေတပ်စခန်းနှင့် မျက်နှာ
ချင်းဆိုင်တွင်တည်ရှိနေသောမန္တလေးအပြည်
ပြည်ဆိုင်ရာ အရပ်ဘက်လေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်စားဝါဒဖြန့်လျက် ရှိသည်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်လေယာဉ်ထိခိုက်ပျက်စီးမှု အခြေအနေ ဖော်ပြမထားပေမဲ့ မြင်းခြံခရိုင်PDF​တွေရဲ့ထုတ်ပြန်မှုမှာလေတပ်စခန်းအတွင်းက jet Fighter (၄)စီး ထိမှန်ခဲ့ပြီး
၂ စီးပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးမှာ ဒရုန်း ၆စီးနဲ့ တိုက်ခိုက်ခဲ့တာလို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါ တယ်။

စစ်ဆင်​ရေးမှာဝင်တဲ့ PDFတပ်ဖွဲ့ဝင်​တွေရဲ့ရုပ်သံမှတ်တမ်းကိုမြင်းခြံခရိုင်PDFတပ်ရင်းကထုတ်ပြန်ခဲ့ပြီး တပ်ဖွဲ့ဝင်​အများစုဟာ လူငယ်​တွေဖြစ်ကာPDFရဲ​မေ​တွေပါ စစ်ဆင်​ရေးမှာပါဝင်တာ​တွေ့ရပါတယ်။ပြည်သူတဦးက​တော့ပြည်သူ​တွေကို​နေ့စဥ်ဗုံးကြဲသတ်ဖြတ်​နေတဲ့ စစ်တပ်ရဲ့ ​လေတပ်ကို တိုက်ခိုက်တဲ့ PDF ရဲ​ဘော်​တွေဟာ ငယ်ရွယ်တဲ့ PDF တပ်ဖွဲ့ဝင်​တွေဖြစ်​နေပြီး စစ်အာဏာရှင်​​တော်လှန်​ရေးအတွက် လူငယ်​တွေရဲ့ကြိုးပမ်း​နေမှုကိုကြည့်ပြီး မျက်ရည်ပါဝဲရတယ်လို့​ပြောပါတယ်။


ဒါ့အပြင်စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနဲ့ အညီ လေတပ်စခန်းဌာနချုပ်များအပါအဝင် စစ်တပ်ရဲ့ အဓိက ကျောရိုး စစ်ဘက် ဗဟို
ချက်မများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က ထုတ်ပြန်ပါတယ်။

အခု လေတပ်စခန်းတိုက်ခိုက်တဲ့ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်စုဖွဲ့ကာ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၄) တပ်ရင်း၊ တံတားဦးမြိုနယ် ပကဖ၊ စဉ့်ကိုင်မြိုနယ် ပကဖ၊ ငါန်းဇွန်မြိုနယ် ပကဖ၊ STF၊ အမှတ် (၁)နဲ့ အမှတ် (၂) ရွှေဘိုခရိုင်စစ်ဌာနများက ပူးပေါင်းအင်အားများဖြင့် ဟန်ချက်ညီ ဖော်ဆောင်ခဲ့တာလို့ အသိပေးထုတ်ပြန်ပါတယ်။



ရုပ်သံ-မြင်းခြံခရိုင်PDF ၊ Soe Aung Npdf
38👍19🔥3🤣3👎1🥰1🖕1