People's Spring
60K subscribers
71K photos
1.23K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍217🔥1👏1🖕1
■​ဆောင်းပါး

ကူရာမဲ့ ညငှက်ငယ်များ

​နေ့သစ်/People's Spring

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဆက်စပ်နိုင်ငံရေး အခြေအနေ တွေကြောင့်မြန်မာနိုင်ငံကအမျိုးသမီးငယ် တွေဟာ မိသားစု တာဝန်ကို တထောင့်တနေ
ရာက ဝင်ထမ်းလာရပါတယ်။

အာဏာသိမ်းမှု နောက်ဆက်တွဲ မြင့်တက်လာတဲ့ကုန်ဈေးနှုန်း တွေနဲ့ ရှားပါးလာတဲ့အလုပ်
အကိုင်တွေကြောင့်အခြေခံလူတန်းစား တွေဟာ ရရာအလုပ် လုပ်ကိုင်လာရတာပါ။

မန္တလေးမြို့ရဲ့ညခင်းမီးရောင်စုံအောက်မှာ အမျိုးသမီးငယ်လေးတွေဟာ စတိတ်စင် ပေါ်ဟို ၊ဒီယိမ်းလို့ လမ်းလျှောက်နေပါတယ်။
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ ဒေါက်ဖိနပ်အမြင့်ကြီး တွေကသူမတို့ကို ရှိရင်းစွဲရုပ်ထက် ပိုရင့် နေသလိုပါ။

အလည်မှာ တော့မြူးကြွစွာ သီချင်းသီဆို နေတဲ့ အမျိုးသမီးတဦးရှိပါတယ်။စင်အောက်မှာ များစွာ သော အမျိုးသားတွေပျော်ရွှင်အော်
ဟစ်နေကြပါတယ်။အများစုက​တော့ အသက်
၄၅ နှစ်က နေ ၆၀ နှစ်ဝန်းကျင်အမျိုးသာတွေ
ဖြစ်ပါတယ်။

ပန်းစည်း‌ တွေအပြုံလိုက်စုချနေသလိုစင်ပေါ်ကနေပိုက်ဆံတက်ကြဲနေပြီးပျော်စရာညကို ဖန်တီးယူ နေကြတာပါ။ဒီအပျော် တွေကြားထဲရင်ထိတ် နေရတဲ့အမျိုးသမီးငယ်လေး တွေရှိပါတယ်။

"စင်ပြတ်ဆုချရင်အဲဒီဝိုင်းကိုသွားထိုင်ပေးရတယ်။ဧည့်သည်ကအပြင်ခေါ်ရင်လည်း ငြင်းလို့မရဘူး။လိုက်ကိုလိုက်ရတယ်"လို့ မသဲနုကပြောပါတယ်။

မသဲနုဟာ ၂၀၀၇ခုနှစ်မှာ မွေးဖွားပြီး အသက်
၁၉နှစ်ပဲရှိပါသေးတယ်။ဒါပေမယ့် သူမ ဒီလောကထဲကို ရောက်လာတာ၃နှစ်ရှိပါပြီ။

မော်လမြိုင်မြို့ဇာတိဖြစ်တဲ့သူမက မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူတို့အိမ်ထောင်ကွဲပြီးတဲ့ နောက်သူမ ၈နှစ်သမီးအရွယ်မှာဖခင်ရဲ့နောက်အိမ်ထောင်နဲ့ပါလာခဲ့ပါတယ်။မိထွေး
ဖြစ်သူကလည်း မောင်နှစ်မ နှစ်ယောက်ပါ
လာပြီး ရုပ်ရှင် တွေထဲကလို မတည့်တဲ့ ဇာတ်
လမ်း တွေဖြစ်လာခဲ့ပါတယ်။

အ​ခြေခံပညာကျောင်းတက်ဖို့ ကိုယ့်စရိတ်ကိုယ်ရှာရသလို မိထွေးဖြစ်သူပိုင် နေအိမ်မှာသူမဟာဝင်ငွေရဖို့ ရုန်းကန်လာရပါတယ်။
မိသားစုလိုက်ရန်ကုန်ကိုပြောင်းရွေ့လာရာကနေ မသဲနု တစ်​ယောက်ဆယ်တန်းကျကာ လှိုင်သာယာကစက်ရုံတခုမှာ အလုပ်လုပ်ခဲ့ရပါတယ်။

"အဲဒီအချိန်က တကယ်ခက်ခဲခဲ့တာ။အိမ်ကလည်းမိထွေးသမီးနဲ့ ရန်ဖြစ်။အဖေကသူ့မိန်း
မဘက်ကပဲပါတယ်။ကိုယ်ချည်းပဲအဆူခံရတာ"လို့မသဲနုကပြောပါတယ်။

အလုပ်လုပ်ရင်းသူငယ်ချင်းတယောက်က မန္တလေးမှာ အလုပ်ရှိတယ်။ပင်ပင်ပန်းပန်းမလုပ်ရဘူး။လစာလည်းကောင်းတယ်ဆိုတာနဲ့လိုက်လာခဲ့တာပါ။မန္တလေးရောက်တော့ မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ထဲတိုက်
ခန်းတခုမှာ နေပါတယ်။

"အဲဒီအချိန်မှာပြန်လို့လည်းမရတော့ဘူး။သ
မီးကိုပို့တဲ့သူ တွေကပိုက်ဆံထုတ်သွားပြီလို့ပြောတယ်။၃လသမီးကအလကားလုပ်ပေးရတယ်။အပြင်လည်းမထွက်ရဘူး"လို့ မသဲနုက ပြောပါတယ်။

အဲဒီတုန်းကမန္တလေးမြို့ ၊ကညနရုံးအနီးနာ
မည်ကြီး စင်တင်တခုမှာ သူမရှိုးလျှောက်ခဲ့ရတာပါ။အသက်ကြီးကြီး အမျိုးသမီးတွေနဲ့အားလုံးအတူ‌‌တူနေရပြီး ဝတ်လစ်စလစ်နေထိုင်သူ‌တွေ၊တနေ့လုံးဒီအကြောင်းကိုထ
မင်းစားရေ သောက်လို ပြောနေသူ တွေနဲ့ နေထိုင်ရပါတယ်။

နောက် တော့သူမလည်း ဒီလောကတည်းကျင့်သားရလာပြီး ဒီနေရာမှာတနှစ်ကျော်ကြာခဲ့ပါတယ်။

"၆ လလောက်က ဘာပိုက်ဆံမှရဘူး။အဲဒီနောက်မှာ ဘောနပ်စ် ပေးတာ။ဂျာကြီးလည်းကြောက်ရ။အဖိုးကြီးတွေ ခေါ်လည်းလိုက်ရ။၊KTVထပ်စင်တင်ကပိုဆိုးတယ်။မလိုက်ချင်လို့လည်းမရဘူး"လို့မသဲနုကပြောပါတယ်။

တခါကအုပ်စုဖွဲ့အဓမ္မပြုကျင့်ဖို့ကြိုးစားတာ ကြောင့် အော်ဟစ်အကူညီတောင်းခဲ့တာမို့ မန်နေဂျာကိုပြန်အတိုင်ခံရကာ ခြိမ်းခြောက်ခံရဖူးတယ်လို့ မသဲနုကပြောပါတယ်။

"နင်တို့ကို သတ်ပစ်လိုက်လည်း ဘယ်သူမှမသိဘူး။ကောင်မတွေ အာမကျယ်နဲ့ခိုင်းတဲ့အတိုင်းလုပ် ဆိုပြီးပဲပြောတာ"လို့ မသဲနုကအ​တွေ့အကြုံကိုပြန်ပြောပါတယ်။

အဲဒီနောက် KTVအထိုင်ဖက် ပြောင်းခဲ့ပြီး ဒီလောကမှာ ပြန်ကျင်လည်ခဲ့ပါတယ်။

"အဲဒီအချိန်ကတရုတ်တွေ ဟိုင်းခန်းစသွားကြပြီ။ညီမက အဲဒီက နေဟိုင်းမယ်ကိုပြန်စဝင်ခဲ့တာ။ပျော်လည်းပျော်ရတယ်။ပိုက်ဆံလည်းပိုရတယ်"လို့ မသဲနုကဆိုပါတယ်။

ဒီလိုလုပ်နေရင်း​ခြောက်လ လောက်အကြာမှာပဲ ရွယ်တူအမျိုးသားတဦးနဲ့ သမီးရည်းစားဖြစ်ခဲ့ပါတယ်။အဲဒီနောက် တိုက်ခန်းတခုမှာငှားနေရင်း KTVက နေထွက်လာခဲ့ပါတယ်။

"အခန်းထိုင်(KTVမယ်)လုပ်တုန်းကချိတ်တွေနဲ့ ဆေးပစ်တယ် (မူးယစ် ဆေးလက်လီ ရောင်းချခြင်း)။အဲဒီမှာတခါ အဖမ်းခံရသးတယ်။ခံဝန်နဲ့ပြန်လွတ်လာတာ"လို့မသဲနုက ပြောပါတယ်။

ဒီလိုနဲ့ ဒီအမျိုးသားနဲ့ပါလမ်းခွဲပြီး Date Girl
လုပ်လိုက်၊ငွေလိုရင်အခန်းထိုင်လိုက်နဲ့ဘဝကို ဖြေရှင်းခဲ့ရတယ်လို့ဆိုပါတယ်။၂၀၂၅၊
မတ်လ ၂၈ စစ်ကိုင်းငလျင်ကြီးမလှုပ်ခင်မှာ အမျိုးသားတယောက်နဲ့ ထပ်မံသမီးရည်းစားဖြစ်ပြီး သူ့အကူအညီနဲ့ နေထိုင်နေတာ တနှစ် ကျော်ခဲ့ပါပြီ။

အဲဒီ​နောက် ဒီလုပ်ငန်း တွေအားလုံးကိုလည်းသူမစွန့်ပစ်လိုက်ပြီလို့​ပြောပါတယ်။ဒါ​ပေမယ့်
လူကဒီအဝန်းဝိုင်းက နေရုန်းထွက်ခဲ့ပေမယ့်သူမ နောက်ကို အရိပ်လို‌‌လိုက် နေတဲ့ ကိစ္စတချို့လည်းရှိ နေပါတယ်။

အပြင်ဘဝမှာနေ ထိုင်ချိန်မှာတခြားအမျိုး
သမီးတွေက သူမကို KTVကလာမှန်းသိသာတယ်လို့ ဝေဖန်ကြသလို တချို့က မပေါင်းဘဲ ဖယ်ကျဉ်တာတွေလည်းခံရတယ်လို့ သူကဖွင့်ဟပါတယ်။
22👍9🤣3💔2😢1🖕1
"သူတို့ကပြောတာပဲ။သမီးပုံစံကမြင်တာနဲ့သိသာတယ်တဲ့။တက်တူးတွေကြောင့်ပဲလား‌‌
မသိဘူး"လို့မသဲနုကပြောပါတယ်။

မသဲနုလိုပဲ မနိုနိုဟာလည်း ဟိုင်းမယ်ဘဝကို ဖြတ်သန်း နေရတာပါ။သူမအသက်က ၁၈နှစ်ပဲရှိ သေးတာပါ။

မန္တလေးက ဟိုတယ်တခုမှာ အလုပ်တူ အမျိုး
သမီးတွေနဲ့ အတူတူစုနေကြတာပါ။မာမီလို့
ခေါ်တဲ့သူတို့ရဲ့ ခေါင်း ဆောင်နဲ့အတူ ဈေးအသင့်အတင့်ရှိတဲ့ ဟိုတယ်တခုမှာ ၇ယောက် ပေါင်းပြီးငှား နေကြတာပါ။

ရှမ်းပြည်နယ်ဇာတိဖြစ်တဲ့သူမကကျောက်မဲမြို့စစ်ဖြစ်ချိန်မှာ မိသားစုအတွက်ပိုပြီးရုန်း
ကန်ရတယ်လို့​ပြောပါတယ်။

"ကိုယ့်မိဘက ပြေးနေရပြီ လေ။ကိုယ်မှလုပ်မကျွေးဘယ်သူကကျွေးမလဲနော်။နိုနိုကမူဆယ်မှာအလုပ်လုပ်ရင်းနဲ့သူငယ်ချင်းက ခေါ်လို့ပါလာတာ"လို့ဆိုပါတယ်။

မနိုနိုက တော့ သူမ စပြီးဝင်လာကတည်းက တလကို အနည်းဆုံး ငွေကျပ် ၇သိန်းကနေ ၁၅သိန်း လောက်အထိ ရတယ်လို့ဆိုပါတယ်။
သူမက မိဘ တွေကို တလကို ငွေကျပ်၅သိန်း ထောက်ပံ့နေရပြီး တခါတရံမိဘ တွေကျန်း
မာရေး အရပိုပေးရတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်။

မနိုနိုက ဟိုတယ်မှာနေ ပြီးတယ်လီဂရမ်ကနေ အဓိက ခေါ်တဲ့ date girlမျိုးမဟုတ်ဘဲ ချိတ်
ဆက်ထားတဲ့ KTV တွေမှာလိုအပ်ရင် အခန်းလိုက်ထိုင်ပေးသလိုဟိုင်းခန်းတွေမှာ ချိတ်
ဆက် ခေါ်ရင်လိုက်ထိုင် လေ့ရှိတယ်လို့ဆိုပါတယ်။

"အဓိက က နိုကကျဆော့တာ။ရိုးရိုးခန်းသိပ်မထိုင်ဘူး။ဆော့တဲ့အခန်းကျ After ဆက်ရင် တောင်မနက်အထိကဆို နိုက တသိန်းခွဲလောက်ရတယ်။ကိုယ်ကလည်း ဆော့တော့အဆင်ပြေတယ်လေ"လို့မနိုနိုက ပြောပါတယ်။

ဆော့တယ်ဆိုတာ မူးယစ်စိတ်ကြွ ဆေးသုံးတာကို​ပြောတာပါ။ After ဆက်တယ်ဆိုတာ မူးယစ်စိတ်ကြွ​ဆေးသုံးပြီးအချိန်ပိုဆက်ကတယ်​ပြောတာပါ ။

၆တန်း(ဆဌမတန်း)နဲ့အတန်းပညာရပ်နားထားပြီး နယ်ကနေ လာရောက်အလုပ်လုပ်
ကိုင်သူတ ယောက်အတွက် နေထိုင်စရိတ်နဲ့ ရတဲ့လခက အိမ်ကိုပြန်ထောက်ပံ့ဖို့ အဆင်မ ပြေတာ ကြောင့် ဒီအလုပ်ကို လုပ်ကိုင်ခဲ့တာလို့ဆိုပါတယ်။

"နိုနိုအခြေ အနေနဲ့ မြို့ပေါ်မှာ ဒီဝင် ငွေရပြီး ဒီလိုနေနိုင်ဖို့ကကျားဖြန့်သွားလုပ်မှပဲရမယ်။နိုသူငယ်ချင်းတွေဆို ကျားဖြန့်သွားလုပ်ကြတယ်။အဲတာတောင်တရုတ်စာမတက်ရင် သိန်း၂၀ လောက်ပဲရတာ"လို့ မနိုနိုကပြောပါတယ်။

သူမက လတ်‌‌တလောမှာ ဒီအလုပ်က နေ
ထွက်ဖို့ စိတ်ကူးမရှိ သေးဘူးလို့ဆိုပါတယ်။
သူမ မိဘ တွေကလည်း နယ်မြေ ငြိမ်းချမ်းသွားပေမယ့် ဆက်ထောက်ပံ့ဖို့ လိုအပ် သေးပြီး ၇နှစ်အရွယ်မောင်အငယ်ဆုံး ကျောင်းစရိတ်လည်းရှိ သေးတယ်လို့ဆိုပါတယ်။

စစ်တပ်အာဏာ သိမ်းပြီး နောက် မန္တလေးမြို့မှာ Date Girl Agency တွေအထိ ပေါ်ပေါ်ထင်ထင်များလာပြီးဆယ်ကျော်သက်မိန်းက လေးများစွာ ဒီလောကထဲကို ရောက်ရှိလာပါတယ်။
မန္တလေးက Queen Date Girl Agency မှာဆိုရင် အသက် ၁၆နှစ်က ၁၈နှစ်အတွင်း အမျိုးသမီးငယ် လေး တွေပဲရှိတယ်လို့အမျိုးသမီးငယ်တဦးက ပြောပြပါတယ်။

မန္တလေးမြို့ကဟိုတယ်တချို့မှာဆိုရင် Telegram QR Scanတခု ချထားပြီး ဒါကို Scanဖတ်ပြီး Telegram မှာ ပြထားတဲ့အမျိုး
သမီးပုံ​တွေထဲက ကိုယ်ကြိုက်တဲ့ အမျိုးသမီးငယ်ကို ခေါ်လိုက်ရုံပါပဲ။

ဒီလိုခေါ်ယူရင် Agency တချို့ဟာ ခေါ်ယူသူအမျိုးသားဆီက နေ အမျိုးသမီးငယ်လုံခြုံ
ရေးအတွက်ကာကွယ်ပေးတဲ့ အနေနဲ့ အချက်
အလက်တချို့ဟိုတယ်နဲ့ချိတ်ဆက် တောင်းယူတဲ့ကုမ္ပဏီတွေ ရှိတယ်လို့ ဆိုပါတယ်။
လုံခြုံရေး အတွက် အာမှမခံတဲ့ ကုမ္ပဏီ တွေဆီမှာ အလုပ် လုပ်ကိုင်မိရင် ခေါ်ယူတဲ့ အ
မျိုးသား တွေက အချိန်ပိုပြန်မလွှတ်တာ တွေ၊သဘာဝနဲ့ ဆန်ကျင်တဲ့လိင်ဆက်ဆံဖို့ကြိုး
စားတာမျိုး တွေလည်းရှိတယ်လို့ဆိုပါတယ်။

ဒီလို ရုန်းကန် နေရတဲ့ အမျိုးသမီးငယ် တွေအတွက် လက်ရှိနိုင်ငံ ရေးအ ခြေအနေမှာ အကာကွယ်မဲ့နေပါတယ်။ဒီလို အမျိုးသမီးတွေ အတွက် အန္တရယ်ဟာ လက်တကမ်းမှာပဲရှိ နေပါတယ်။

ကူးစက်ကာလသား ရောဂါ တွေထပ် မူးယစ် ဆေးလွန် သေဆုံးမှုတွေ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်မှု၊ဆေး ကြောင်ပြီး သတ်
ဖြတ်ခံရတာ တွေရှိပါတယ် ။၂၀၂၄ခုနှစ်မှာဆိုရင် KTVအများဆုံးရှိတဲ့ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်နဲ့ မြို့ပတ်လမ်း တွေမှာ အမျိုးသမီးငယ် တွေ အသက်ခံရပြီး စွန့်ပစ်ထားတဲ့ ရုပ် အလောင်း တွေ တွေ့ရပါတယ်။

၂၀၂၄ခုနှစ်မေလမှာ ၅၈လမ်း ၁၃၉လမ်း ထောင့်က မြောင်းအတွင်းမှာ အဝတ်စလစ်နဲ့ အသက်၂၀အရွယ် အမျိုးသမီးငယ်ဟာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ဇူလိုင်လ
မှာလည်း ချမ်းမြသာစည်မြို့နယ်၊၅၆လမ်းနဲ့ ၁၀၇လမ်းထောင့် မှာ အမျိုးသမီးငယ်တဦးရဲ့ ဒဏ်ရာ တွေနဲ့ ရုပ်အ လောင်း ကိုတွေ့ခဲ့ပါတယ်။

အောက်တိုဘာလမှာလည်း သေဆုံးအမျိုး
သမီးငယ်တဦးကို ပုသိမ်ကြီးမြို့နယ်မှာ တွေ့ခဲ့ပါတယ်။၂၀၂၄ခုနှစ်အတွင်းမှာ ဟိုင်းမယ်လို့ ခေါ်တဲ့ KTVအခန်းထိုင် မိန်းက လေး တွေ မူးယစ် ဆေးလွန်ကာ သေဆုံးမှု တွေအများအပြားရှိခဲ့တယ်လို့ အဲဒီတုန်းက KTV မန်
နေဂျာတဦးက ဖြေကြားခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းမှု ကြောင့် ပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံအနှံ့တိုက်ပွဲတွေရဲ့ နောက်ဆကတွဲ အနေနဲ့ အမျိုးသားတွေဟာ တော်လှန်ရေး တပ်တွေအတွင်းဝင် ရောက်တာ တွေရှိသလို စစ်တပ်ရဲ့ ပေါ်တာဆွဲမှုတွေနောက်မှာ အမျိုသမီး တွေဟာ မိသားစု တာဝန်ကို တထောင့်တနေရာကထမ်းဆောင်နေကြရပါတယ်။
26🥴3🖕2👍1😢1💔1
နယ်မြေ မတည်ငြိမ်မှု တွေကြောင့် စစ်ရှောင်ဘဝက နေ မြိုပေါ် တက် နေရတဲ့အမျိုးသမီးငယ် တွေလည်း ကြုံရာ၊လုပ်ကိုင်ရင်းဘဝကို ဖြတ်သန်း နေကြရတာပါ။ခေတ်ပြန်ကောင်းခဲ့ရင်တော့ ဒီအလုပ်ကိုသူတို့ဆက်မလုပ်ချင်ကြပါဘူး ။

"ဒီအလုပ်ကြီးတော့ဘယ်သူကလုပ်ချင်မှာလဲ။ဒီအလုပ်က အသက်အရွယ်လည်းရှိတယ်လေ။အဲဒီအချိန်ကျရင်တော့ နိုနိုက ကိုယ်ပိုင် အင်္ကျီဆိုင် လေးဖွင့်ချင်တယ်"လို့ နိုနိုကသူဆန္ဒကိုဖွင့်ဟပါတယ်။ ။



#ညငှက်ငယ် #KTV #ဟိုင်းခန်း
#dategirl #စစ်တပ်အာဏာသိမ်း
#peoplesspring
😢274🖕4👍3💔2
👍20🤣3😢1💔1
စစ်တပ်အာဏာသိမ်းမှု​​ကြောင့် အမျိုးသမီးငယ်​တွေရဲ့ဘဝ​တွေကိုပိုမိုခက်ခဲကြပ်တည်း​စေခဲ့သလို အကာ
အကွယ်လည်းကင်းမဲ့​စေခဲ့ပါတယ်)
👍26🤣2😢1
မြို့သာအနီးတိုက်ပွဲစစ်တပ်လေကြောင်းရန် ကာကွယ်ရေးတပ်ကဗျူဟာမှူး​သေဆုံး

စက်တင်ဘာ-၁၀၊၂၀၂၆။​ဇော်ဝင်း/People's Spring

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊
ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၁၀ ရက်)မွန်းလွဲ ၂နာ
ရီ၀န်းကျင်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်ဗျူဟာမှူး ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သာမြို့အနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဗျူဟာမှူး ကျဆုံးတယ်။နန်းတွင်းထဲကို ည
နေကသယ်သွားတယ်"လို့ တံတားဦးခရိုင်
စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

အခြားစစ်​ရေးသတင်းရင်းမြစ်တဦးကလည်း PDFတွေက စစ်တပ်ကားတန်းကို​စောင့်ပြီးတိုက်ခိုက်တာမှာ ဗျူဟာမှူးကားကို အဓိက ထားပစ်တာကြောင့် ဗျူဟာမှူးထသွားပြီးဆေးရုံပို့စဥ်လမ်းမှာ သေဆုံးတယ်လို့​ပြောပါတယ်။

ဒါ့အပြင် တံတားဦးလေဆိပ်ကို ပိတ်ထားပြီး တံတားဦးနဲ့ နွားထိုးကြီးကြားမှာဒီကနေ့ (စက်
တင်ဘာ ၁၀ ရက်)ညပိုင်းအထိ တိုက်ပွဲဖြစ်နေပါတယ်။ ​စစ်တပ်ဘက်က ဗျူဟာမှူးအပါ
အဝင်​သေဆုံး ဒဏ်ရာရသူ​တွေရှိသလိုတော်
လှန်​ရေးတပ်ဖွဲ့ဝင်အချို့လည်းထိခိုက်ကျ
ဆုံးမှုရှိတယ်လို့စုံစမ်းသိရပါတယ်။

"တံတားဦးနဲ့ နွားထိုးကြီးကြားကိုစစ်ကား အစီး ၇၀ လောက်နဲ့ဆင်းလာတယ်"လို့ တံ
တားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူကပြောပါတယ်။

သေဆုံးသွားတဲ့ လေကြောင်းရန် ကာကွယ်
ရေးတပ်ဗျူဟာမှူးနဲ့ နောက်ဆက်တွဲ အသေး စိတ်အချက် အလက်ကို လူထုနွေဦးက ဆက်
လက်စုံစမ်း​​နေဆဲ ဖြစ်ပါတယ်။

စစ်ရေးအချက်အလက်တွေအရတံတားဦးမြို့နယ်မှာအမှတ် (၃၀၂၇) လေကြောင်းရန်ကာကွယ်ရေးတပ်(လကတ-၃၀၂၇) အခြေ
စိုက်ထားပါတယ်။

အဓိကအားဖြင့် အနီးဝန်းကျင်ရှိ တံတားဦးလေတပ်စခန်းဌာနချုပ်နဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းရန်အန္တရာယ်တွေက ကာကွယ်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီက​နေ့ မွန်းလွဲပိုင်းမှာ တံတားဦး​လေတပ်က
တိုက်​လေယာဥ်​​တွေ ထားတဲ့​နေရာကို PDF ​တွေက ဒရုန်းနဲ့တိုက်တာ​ကြောင့် တိုက်​လေယာဥ် ၄ စီးထိခိုက်ပျက်စီးခဲ့ပြီး ၂ စီးကလုံးဝပျက်စီးခဲ့တယ်လို့ ​တော်လှန်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ် ။ စစ်တပ်က​တော့ တံတားဦးခရီးသည်တင်​လေဆိပ်နဲ့အနီးဝန်းကျင်ကို PDF ​တွေကဒရုန်း ၆ စင်းနဲ့တိုက်ခိုက်​ပေမယ့် ဒရုန်း​တွေကိုတားဆီးဖျက်ဆီးနိုင်ခဲ့တယ်လို့လိမ်လည်ထုတ်ပြန်ပါတယ်။YAK-130 တိုက်​လေယာဥ်ကို FPV ဒရုန်းနဲ့ဖျက်ဆီးခဲ့တဲ့ရုပ်သံမှတ်တမ်းကိုလည်း စစ်​ရေးသတင်းရင်းမြစ်အချို့က ​ပေးပို့ပြီး တိုက်​လေယာဥ်ရပ်ထားတဲ့​နေရာကို ဒရုန်းကအနီးကပ်ပျံသန်းတိုက်ခိုက်​ဖောက်ခွဲတာကို
ထင်ထင်ရှားရှားမြင်​တွေ့ရပါတယ် ။
52👏13👍11🤣3👎1🥰1👌1🖕1
45👏13🤣7👍4🔥2💩2👎1🥰1🖕1👻1
မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေ

စက်တင်ဘာ ၁၁၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၁ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ် မုံရွာမြို့နယ်၊ မုံရွေးရွာရှိ တိုးဂိတ်ကနေ ကြေးမုံရွာထိပ်အထိ လမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး ခရီးသွားယာဥ်တွေပေါ်က ပြည်သူတွေကို ဆင်းခိုင်းပြီး မိုင်းရှင်းခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

"တန်ပိုဂိတ်က စစ်တပ်က မုံရွေးစျေးထိပ် ကြေးမုံရွာထိပ်ထိ သွားလာတဲ့သူ ပြည်သူတွေကို မိုင်းတွေ ရှင်းခိုင်းနေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မုံရွာ–ချောင်းဦးလမ်းပိုင်းရှိ မအူရွာ၊ မြေနဲရွာ၊ အောင်သာရွာနဲ့ မုံရွေး–ကြေးမုံရွာထိပ်တွေမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိနေကြောင်း၊ အဆိုပါလမ်းပိုင်းကို ဖြတ်သန်းသွားလာသူတွေ သတိပြုသွားလာဖို့လိုကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။

စစ်တပ်ဟာ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင် က ကြေးနီတွေ သယ်ဆောင်ချိန်နဲ့ လက်နက်နဲ့ရိက္ခာတွေ၊ စစ်အင်အားတွေ သယ်ဆောင်ချိန် လုံခြုံရေးတင်းကျပ်လေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇၊ ရက်ကလည်း မုံရွာ-မန္တလေးလမ်းမှာ ဝမ်ပေါင်က ကြေးနီတွေ သယ်လာတဲ့ စစ်ကောင်စီယာဥ်တွေ စုစုပေါင်း (၂၆)စီးဟာ စစ်ကိုင်းတပ်မ(၃၃)ဘက် ဦးတည် ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကျပ်ခဲ့ပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ယာဥ်တွေဟာ မုံရွာ-မန္တလေးလမ်းဖြတ်သန်းတိုင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို တားဆီးပြီး ပြည်သူတွေကို မိုင်းဆင်းရှာခိုင်းတာ၊ လူသားဒိုင်းလုပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
🤬41👍53👎1🔥1👏1🤮1🤣1🖕1
(မုံရွာ-မန္တလေးလမ်း အုန်းတောလမ်းဆုံတွင် ဖြတ်သန်းသွားလာနေသော ယာဥ်များအား ပြီးခဲ့သည့် နှစ်အတွင်းက တွေ့ရစဥ်။ ဓါတ်ပုံံ-CJ)
🤬393🔥3👎1😁1🤣1
ကိုဝင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာနေပြီး ကားအငှားလိုက်ပါတယ်။ ကိုဝင်းဟာ အပြောအဆိုမွန်ရည်တာ၊ လူမှုဆက်ဆံရေးကောင်းတာကြောင့် ရပ်ဝေးရပ်နီး ကားငှားကြသူ များပါတယ်။စက်တင်ဘာလဆန်းကဆိုရင် နေပြည်တော်ကနေ မန္တလေးမြို့အထိ စင်းလုံးငှားလို့ လိုက်ပို့ပေးခဲ့ရတယ်။ သူ့ဝန်ဆောင်မှုသဘောကျပြီး မန္တလေးလက်ဆောင် လက်ဖက်တွေရော၊ ထိုးမုန့်တွေရော ဝယ်ထည့်ပေးလိုက်သေးတယ်လို့ သူက Tiktok ကနေ ဂုဏ်ယူစွာ ပြောပြခဲ့တယ်။ “ကျေးဇူးအများကြီးတင်ပါတယ်အမရေ။ ခုလို ကျွန်တော့်ကားလေးကို ယုံယုံကြည်ကြည်နဲ့ ငှားစီးပြီး လက်ဆောင်တွေပေးတဲ့အတွက်”လို့ ပြောဆိုခဲ့တယ်။

စက်တင်ဘာလ ၆ ရက်နေ့က ကိုဝင်း ကားအငှားလိုက်ဖို့ ဖြစ်လာပါတယ်။ ကားငှားသူက နေပြည်တော်ကပါပဲ။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်သား ရဲရင့်အောင်တဲ့။ သွားမှာက မိတ္ထီလာမြို့ကိုပါ။ ကောင်မ​​​လေး သွားတွေ့မှာတဲ့။ ကားခ လေးသိန်းနဲ့ စျေးတည့်ပြီး နှစ်ယောက်သား မိတ္ထီလာ ထွက်လာခဲ့ကြတယ်။

ညနေ ၄ နာရီခွဲလောက်မှာ အငှားယာဥ်မောင်း ကိုဝင်းရဲ့ မိသားစုက ကိုဝင်းဆီ ဖုန်းဆက်တယ်။ ဖုန်းက ကိုင်တယ်။ ဒါပေမယ့် ဖုန်းဖြေတဲ့သူက ကိုဝင်းမဟုတ်ဘူး။ တခြားယောကျာ်းတစ်ယောက်။ ခုမိတ္ထီလာမှာ။ ကားဆရာ အပြင်ခဏသွားနေတယ်လို့ ပြောတယ်။ မိသားစုက စိုးရိမ်ပြီးနောက်ထပ် ထပ်ဆက်တော့ ဖုန်းက စက်ပိတ်သွားပြီ။

အဲဒီနေ့ညနေပိုင်းမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၇၉/၁) အနီး၊ အမြန်လမ်းနဲ့ ပေ ၃၀၀ ခန့်အကွာ၊ မန္တလေးဘက်သွားတဲ့ လမ်း အရှေ့ဘက်ခြမ်းမှာ နွားကျောင်းပြန်လာတဲ့ ​ကလေးတစ်ယောက်က လူသေအလောင်းတစ်လောင်း တွေ့လိုက်ရတယ်။ အဲဒီရုပ်အလောင်းဟ အငှားယာဥ်မောင်း ကိုဝင်းအလောင်း ဖြစ်နေခဲ့တာပါ။ သူ့အနီးမှာ ကားကို မတွေ့ရပါဘူး။

နောက်ဆုံးတော့ ကိုဝင်းကို မိတ္ထီလာမှာ ကောင်မလေးသွားတွေ့ဖို့ ကားငှားခဲ့တဲ့ လူကုန်တား ရဲတပ်ဖွဲ့က ရဲကိုယ်တိုင် သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ပေါ်ပေါက်တယ်။ သူဟာ ကားလုယူဖို့ ကိုဝင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သိရတယ်။ ရဲဟာ ကျွဲဂိမ်း အရမ်းဆော့တယ်လို့ သိရတယ်။စက်တင်ဘာ ၇ရက်မှာတော့ လုယက်သွားတဲ့ ကားနဲ့အတူ ဒုရဲအုပ်ရဲရင့်အောင်ကို ဖမ်းမိခဲ့ပါတယ်။

ရာဇဝတ်မှုတွေကို တားဆီးကာကွယ်ရမယ့်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစိတ်ချရအောင် စောင့်ရှောက်ရမယ့် ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင်က ရာဇဝတ်မှုကို ကျုးလွန်လိုက်တာပါ။ ဇာတ်လမ်းဟာ ဒီမှာတင်မပြီးသေးပါဘူး။ အသတ်ခံလိုက်ရတဲ့ အငှားယာဥ်မောင်း ကိုဝင်းဟာ နေပြည်တော်က ရဲမှူးအောင်မျိုးလတ်ရဲ့ တူသားတစ်ယောက် ဖြစ်နေခြင်းပါ။ သတ်တဲ့သူကလည်း ရဲဖြစ်သလို အသတ်ခံရသူကလည်း ရဲမှူးရဲ့ သား ဖြစ်နေခဲ့တာပါ။


https://www.ludunwayoo.com/feature-mm/2026/09/10/167938/
👍28💩4👎2🔥2🤣21
မန္တလေးလေဆိပ် ပိတ်ပြီး နိုင်ငံတကာခရီးစဉ်တွေအားလုံး ယာယီရပ်ဆိုင်းကြောင်း MAI ထုတ်ပြန်

စက်တင်ဘာ ၁၁၊၂၀၂၆။တာရာ/People's Spring

တံတားဦးလေတပ်စခန်းက တိုက်လေယာဉ်တွေ ဒရုန််းနဲ့ တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်လိုက်ပြီး နိုင်ငံတကာခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ MAI (Myanmar Airways International) လေကြောင်းလိုင်းက စက်တင်ဘာ ၁၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၀ ရက်ညပိုင်းမှာ PDF ပူးပေါင်းတပ်တွေက တံတားဦးလေတပ်စခန်းရဲ့တိုက်လေယာဉ်တွေထားရှိရာကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ တိုက်ခိုက်မှုရုပ်သံမှာ လေယာဥ် ၆စီးခန့် ထားရှိဖို့ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံရှိရာကို ပျံသန်းလာတဲ့ ဒရုန်းဟာ တိုက်လေယာဉ် ၁စီးရှိရာ ရှေ့တည့်တည့်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ လေယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံဖော်ပြထားသူ သတင်းရင်းမြစ်က တိုက်ခိုက်မှုကို ဒရုန်း ၆စီး အသုံးပြု စစ်ရေးဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

MAI လေကြောင်းလိုင်းက လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေတွေကြောင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ကပ်မယ့် သို့မဟုတ် လေဆိပ်က ထွက်ခွာမယ့် နိုင်ငံတကာခရီးစဉ်တွေ အားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။

ရပ်ဆိုင်းထားတဲ့ကာလအတွင်း မန္တလေး လေဆိပ် ဆိုက်ကပ်ရန် သို့မဟုတ် လေဆိပ်က ထွက်ခွာရန် လျာထားတဲ့ MAI နဲ့ မင်္ဂလာလေကြောင်းလိုင်းတို့ရဲ့ ပြည်တွင်းခရီးစဉ်တွေအားလုံးကို ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ် ပြောင်းလဲ ပြေးဆွဲသွားမယ်လို့ ဖော်ပြထားပါတယ်။

ခရီးစဉ်ထိခိုက်မှုရှိတဲ့ ခရီးသည်တွေအနေနဲ့ လက်မှတ်ခ အပြည့်အဝ ပြန်လည် ထုတ်ယူခြင်း၊ ခရီးစဥ်လမ်းကြောင်းကို အခမဲ့ ၁ကြိမ်ပြောင်းလဲနိုင်ခြင်း လုပ်တယ်လို့လည်း ဆိုပါတယ်။

ခရီးသွား အေဂျင်စီတွေ သို့မဟုတ် အွန်လိုင်း ကိုယ်စားလှယ်တွေက တစ်ဆင့် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေ အနေနဲ့ သက်ဆိုင်ရာ အေဂျင်စီများထံ တိုက်ရိုက် ဆက်သွယ်ရန်နဲ့ လေကြောင်းခရီးစဥ်တွေ ရပ်ဆိုင်းမှုအတွက် တောင်းပန်ထားပါတယ်။
👍3610😁5🔥3🥰1👏1🤣1🖕1
(စက်တင်ဘာ ၁၀ ရက်ညပိုင်းမှာ PDF ပူးပေါင်းတပ်တွေက တံတားဦးလေတပ်စခန်းရဲ့တိုက်လေယာဉ်တွေထားရှိရာကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Screengrab)
👍39👏13🔥31👎1🥰1🤣1🖕1
■​ဆောင်းပါး

အသက် ၁၀ နှစ်မှ စတင်စုဆောင်းမည့် အထောက်အထားဒေတာ နှင့် စစ်မှုထမ်းအသက်အုပ်စုကို ခြေရာခံနိုင်မှု

●အင်တာနက်မလိုဘဲ အော့ဖ်လိုင်း စစ်ဆေးနိုင်သည့် Digital ID

-ဥဂ္ဂါ ရေးသားသည်။

အသက်၁၀နှစ်အရွယ်ကလေးတစ်ဦးရဲ့ လက်
ဗွေ၊ မျက်နှာနဲ့ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းထားခြင်းဟာ ယနေ့အတွက်သာ သက်ဆိုင်တဲ့ အချက်အလက်မဟုတ်ပါဘူး။ အဆိုပါ ဒေတာတွေဟာ အနာဂတ်မှာလည်း ဆက်လက်အသုံးပြုနိုင်တဲ့ အခြေခံအချက်
အလက်များ ဖြစ်လာနိုင်ပြီး၊ လူတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်၊ နေရပ်နဲ့ အခြားဆက်စပ်အချက်အလက်တွေကို ချိတ်ဆက်ဖော်ထုတ်နိုင်မယ့် အလားအလာရှိတာကြောင့် ကိုယ်ရေးလုံခြုံမှုနဲ့ ဒေတာလုံခြုံရေးအတွက် ကြီးမားတဲ့ စိုးရိမ်စရာအန္တရာယ်တစ်ရပ်ဖြစ်
လာနိုင်ပါတယ်။

ဒီအချက်ကြောင့် ဒီဂျစ်တယ် အထောက်
အထား(Digital ID)စနစ်ရဲ့အဓိကအရေးပါမှုဟာ နည်းပညာတိုးတက်မှုတစ်ခုတည်းမှာ မရှိဘဲ စုဆောင်းထားတဲ့ အချက်အလက်တွေကို ဘယ်သူက ဘယ်လိုအသုံးချမလဲဆိုတဲ့ အ
ချက်မှာ ရှိနေပါတယ်။

ကနေဒါနိုင်ငံအခြေစိုက် Biometric Update ရဲ့ ဖော်ပြချက်အရ မြန်မာစစ်အစိုးရ(မူရင်းအသုံးအနှုန်း)ဟာပြည်တွင်းစစ်တွေ ဆက်
လက်ဖြစ်ပွားနေပြီး နိုင်ငံတစ်ဝန်း လုံခြုံရေးအခြေအနေမတည်ငြိမ်နေတဲ့ကြားကအမျိုး
သားဒီဂျစ်တယ် အထောက်အထား (National Digital Identity Infrastructure) စနစ်ကိုအရှိန်မြှင့်တည်ဆောက်နေပါတယ်။

ဒီစနစ်မှာတော့ အင်တာနက်မလိုဘဲ စစ်ဆေးနိုင်တဲ့ကတ်စနစ်တွေ၊ဗဟိုပြုဇီဝဗေဒ အချက်
အလက် (Biometrics) စနစ်နဲ့ မိုဘိုင်း ဒီဂျစ်တယ် အထောက်အထား (Mobile Digital ID) တွေကိုပေါင်းစပ်အသုံးပြုသွားမှာဖြစ်ပါ
တယ်။ယင်းစနစ်ကို၂၀၃၀ခုနှစ်ဒစ်ဂျစ်တယ် စီးပွားရေး လမ်းပြမြေပုံ (Digital Economy Roadmap 2030) အကောင်အထည်ဖော်ရေးအတွက်အသုံးပြုရန်စီစဉ်ထားတယ်လို့ ဖော်
ပြထားပါတယ်။

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ဖြစ်ပွားနေခြင်း၊ အင်တာနက်ဖြတ်တောက်မှုတွေ ရှိနေခြင်းနဲ့ နယ်မြေထိန်းချုပ်မှုတွေ ကွဲပြားနေတဲ့ အခြေ
အနေတွေကြောင့် အွန်လိုင်းချိတ်ဆက်မှု မလိုဘဲ အတည်ပြုနိုင်တဲ့(အွန်လိုင်းနှင့်အော့ဖ်လိုင်းနှစ်မျိုးလုံးအသုံးပြုနိုင်သည့် Hybrid အထောက်အထားစနစ်)ကိုအသုံးပြုဖို့စီစဉ်ထားတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။

ဒီရွေးချယ်မှုဟာ နည်းပညာပိုင်းအရ လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ထားတာလို့ ရှင်းပြထားပေမယ့် တစ်ဖက်မှာတော့ အင်တာနက်မရှိတဲ့ ဒေသတွေမှာတောင် လူတစ်ဦးချင်းစီရဲ့ အထောက်အထားကို အချိန်မရွေး စစ်ဆေးနိုင်မယ့် စနစ်တစ်ခုကို တည်ဆောက်လိုက်ခြင်းလည်း ဖြစ်လာပါတယ်။ စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်
ပွားနေတဲ့အခြေအနေကြားကပင်ဒီစီမံကိန်း
အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေခြင်းက စစ်အုပ်စုအတွက် ဒီစနစ်ဟာ အရေးကြီးတဲ့ ဦးစားပေးစီမံကိန်းတစ်ခု ဖြစ်နေကြောင်း ပြသနေပါတယ်။

ဒါ့အပြင်စစ်အုပ်စုဟာ၂၀၂၆–၂၀၂၇ ဘဏ္ဍာ
ရေးနှစ်အတွက် အမျိုးသား အီး-အိုင်ဒီ (e-ID) စမတ်ကတစမ်းသပ်စီမံကိန်းကိုအကောင်
အထည်ဖော်ရန် အရည်အချင်းစစ် အကြိုတင်ဒါကို စတင်ခေါ်ယူ ခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ ကတ်ပေါင်း ၁၁၀,၀၀၀ ထုတ်
လုပ်ဖို့ စီစဉ်ထားပြီး ချစ်ပ် (Chip) ပါဝင်တဲ့ စမတ်ကတ်များနှင့် မြင်သာတဲ့ ဒီဂျစ်တယ် တံဆိပ် (Visible Digital Seal – VDS) ပါ စက္ကူကတ်များကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် ပြည်တွင်းကုမ္ပဏီများကို နိုင်ငံတကာနည်းပညာကုမ္ပဏီများနဲ့ပူးပေါင်း
ပြီး တင်ဒါတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားပါတယ်။

Biometric Updateကရရှိထားတဲ့လူဝင်မှုကြီး
ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (MoIP) ရဲ့ မူကြမ်းအရ အဆိုပါစနစ်မှာ နိုင်
ငံတကာ မြို့ပြလေကြောင်းအဖွဲ့ (ICAO) စံ
ချိန်မီပိုလီကာဗွန်နိတ်စမတ်ကတ်များကို အ
သုံးပြုသွားမည်ဖြစ်ပြီး၊ VDS စနစ်တွင် ဒစ်ဂျစ်တယ် လက်မှတ်ထိုးထားသော ဘားကုဒ် (Barcode) များကို အသုံးပြုထားသဖြင့် အင်တာနက်ချိတ်ဆက်မှုမရှိဘဲ စစ်ဆေးနိုင်မည် ဖြစ်ပါတယ်။ ထိုစနစ်ကို ဗဟို အိုင်ဒီ (UID) ဒေတာဘေ့စ်နှင့်လည်း တိုက်ရိုက် ချိတ်ဆက်ထားမည်ဟု ဖော်ပြထားပါတယ်။

ဒီနေရာမှာ အထူးသတိထားရမယ့်အချက်ကတော့ ဒီစနစ်ကို လူစစ်ဆေးရေးနဲ့ စောင့်ကြည့်ရေးစနစ် (PSMS) နဲ့ ချိတ်ဆက်ထားမယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အဆိုပါစနစ်ကို စစ်မှုထမ်းရန် သတ်
မှတ်ခံရသူတွေကို စောင့်ကြည့်ဖို့၊ လူတစ်ဦးချင်းစီရဲ့ သွားလာမှုတွေကို စစ်ဆေးဖို့နဲ့ ဒေသအလိုက် ခရီးသွားလာခွင့်တွေကို ကန့်သတ်ဖို့ အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဒီဂျစ်တယ် အထောက်အထားစနစ်ဟာ ဝန်ဆောင်မှုရယူဖို့အတွက်သာမက လူတွေရဲ့ လှုပ်ရှားမှုတွေကို စီမံထိန်းချုပ်နိုင်တဲ့ အခြေခံစနစ်တစ်ခုအဖြစ်လည်း အသုံးချနိုင်
ခြေရှိနေတယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

အဆိုပါ အီး-အိုင်ဒီ (e-ID)စနစ်ဟာအိန္ဒိယနိုင်ငံရဲ့ အာဒါ(Aadhaar)စနစ်ကို အခြေခံနမူနာယူထားပြီးအဖွင့်အရင်းအမြစ် (Open-source)
🤮145👍5🖕2🔥1🤣1
ဖြစ်တဲ့မိုဆစ်(MOSIP)ပလက်ဖောင်းကို အ
သုံးပြုထားပါတယ်။ဒီနည်းပညပလက်ဖောင်း
ကိုယ်တိုင်ကတော့ နိုင်ငံအများအပြားမှာ အ
သုံးပြုနေတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက နည်းပညာကိုယ်တိုင်ရဲ့လုံခြုံမှုတစ်ခုတည်းမဟုတ်ဘဲ၊ဒီစနစ်ကို
ဘယ်သူကထိန်းချုပ်မလဲ၊ဘယ်လိုရည်ရွယ်
ချက်တွေအတွက် အသုံးပြုမလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

MoIP ကတော့ “လမင်း စီမံချက်” လို့ခေါ်တဲ့ ရွှေ့လျားဝန်ဆောင်မှုနဲ့ ကျေးရွာတွေ၊ကျောင်း
တွေ၊ မြို့နယ်ရုံးတွေထိ ကွင်းဆင်းပြီး နိုင်ငံ
သားစိစစ်ရေးကတ်တွေနဲ့ ဂဏန်း ၁၀ လုံးပါ တစ်ဦးချင်း အိုင်ဒီ (UID) တွေကို ထုတ်ပေးနေပါတယ်။ ဒီအစီအစဉ်မှာ အသက် ၁၀ နှစ်နဲ့အထက် ကျောင်းသားတွေနဲ့ အသက် ၁၈ နှစ်နဲ့အထက်ပြည်သူတွေကိုအဓိကထားပြီးလက်
ဗွေ၊ မျက်နှာ စတဲ့ ဇီဝဗေဒ အချက်အလက်
(Biometrics)တွေကိုပါစနစ်တကျ စုဆောင်း
မှတ်တမ်းတင်နေကြောင်းဖော်ပြထားပါတယ်။

ဒီအချက်က သာမန် စာရင်းကောက်ယူခြင်းတစ်ခုထက် ပိုမိုနက်နဲတဲ့ အဓိပ္ပာယ်ရှိနေပါတယ်။ အသက် ၁၀ နှစ်အရွယ်ကတည်းက UID နဲ့ ချိတ်ဆက်ထားတဲ့ အချက်အလက်စနစ်ကြောင့် ကလေးတစ်ဦးရဲ့ အသက်အ
ရွယ်၊ နေရပ်နဲ့ အခြားဆက်စပ်အချက်အ
လက်တွေကို အချိန်ကြာမြင့်စွာ စီမံခန့်ခွဲနိုင်မယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။ထိုကလေး အသက် ၁၈ နှစ်ပြည့်လာမယ့်အချိန်ကို ကြိုတင် သိရှိနိုင်သလို၊ နှစ်အလိုက် စစ်မှု
ထမ်းနိုင်တဲ့ အသက်အုပ်စုမှာ လူဦးရေ ဘယ်
လောက်ရှိလာမလဲ ဆိုတာကိုလည်း ခန့်မှန်းနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ထို့အပြင် ထိုသူရဲ့ နေရပ်၊ ကျောင်း၊ ဖုန်း၊ ဘဏ်အသုံးပြုမှု၊ ခရီးသွားလာမှုနဲ့ နောင်အလုပ်
အကိုင်ဆိုင်ရာ အချက်အလက်တွေကိုပါ တစ်
ဆက်တည်း ချိတ်ဆက်နိုင်မယ့် အခြေခံဒေတာစနစ်တစ်ခု တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် ယင်းစနစ်ဟာ အနာဂတ် လူငယ်မျိုးဆက်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုငယ်စဉ်ကတည်းကစုဆောင်းထားပြီး၊ နောင်အချိန်တွေမှာလည်းသူတို့ရဲ့အချက်အ
လက်တွေကို ဆက်လက်ခြေရာခံနိုင်မယ့် စ
နစ်တစ်ခု ဖြစ်လာနိုင်တာကြောင့် စိုးရိမ်စရာအဖြစ် မြင်လာရခြင်း ဖြစ်ပါတယ်။

စစ်အုပ်စုကတော့ ဒီဂဏန်း ၁၀ လုံးပါ အိုင်ဒီ (UID) ကို နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ ဝန်
ဆောင်မှုတွေနဲ့ မဖြစ်မနေချိတ်ဆက်အသုံးပြု
ဖို့ သတ်မှတ်ထားပါတယ်။ ပတ်စ်ပို့ လျှောက်
ထားတာနဲ့ သက်တမ်းတိုးတာ၊ နယ်စပ်ဖြတ်ကျော်သွားလာတာ၊ ဆင်းကတ် (SIM Card) မှတ်ပုံတင်တာ၊ ဘဏ်အကောင့်ဖွင့်တာနဲ့ ပင်
စင်လစာထုတ်ယူတာတွေမှာUIDမရှိရင်ဆောင်ရွက်ခွင့်မရနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။

အဓိပ္ပာယ်ကတော့ လူတစ်ဦးရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုအများစုကို အိုင်ဒီတစ်ခုတည်းနဲ့ ချိတ်ဆက်လိုက်တာဖြစ်ပြီး၊ အဲဒီအိုင်ဒီကနေတစ်ဆင့် လူတစ်ဦးရဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်အချက်အလက်တွေကို ပြန်လည်ဖော်ထုတ်နိုင်မယ့် အခြေအနေတစ်
ရပ်ကို ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တစ်တော့ (TikTok) အပါ
အဝင်လူမှုကွန်ရက်တွေမှာအိမ်ထောင်စုဇယားအတုတွေ၊ ရက်ချိန်းယူကူပွန်အတုတွေ ရောင်းချတဲ့ လိမ်လည်မှုတွေ ပေါ်ပေါက်လာတာကြောင့် MoIP က ဖုန်းနံပါတ်တွေနဲ့ လူမှုကွန်ရက်အကောင့်အချို့ကို Blacklist ထဲ ထည့်သွင်းပြီး အရေးယူနေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒါက စနစ်သစ်တစ်ခု စတင်အသုံးပြုလာတဲ့အခါ အတုအယောင်ပြုလုပ်မှု၊ လိမ်လည်မှုတွေအပြင် ဒေတာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေပါ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာနိုင်ကြောင်း ပြသနေပါတယ်။

စစ်အုပ်စုရဲ့ အစီအစဉ်အရ ၂၀၂၇ ခုနှစ်ကနေ ၂၀၃၀ ခုနှစ်အတွင်း ဒီဂျစ်တယ် အထောက်
အထားကိုအီး-ကုန်သွယ်ရေး (e-Commerce)
၊ဘဏ်စနစ်၊ အခွန်စနစ်နဲ့ ဥပဒေရေးရာ ဝန်
ဆောင်မှုတွေမှာ အသုံးပြုမယ့် တစ်ခုတည်းသော အတည်ပြုစနစ် အဖြစ် တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။

ဒီစနစ်ကိုအာဆီယံဒစ်ဂျစ်တယ်စီးပွားရေး သ
ဘောတူညီချက်(Digital Economy Framework Agreement – DEFA) နဲ့ ကိုက်ညီစေရန် ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုထားပေမယ့်၊ နည်းပညာစနစ်တွေ တိုးချဲ့လာတဲ့ အရှိန်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို ကာကွယ်ပေးမယ့် ဥပဒေနဲ့ အာမခံချက်တွေက
တော့ အားနည်းနေဆဲ ဖြစ်ပါတယ်။

Biometric Update က ထောက်ပြထားတဲ့ စိုး
ရိမ်စရာအချက်တွေထဲမှာပထမဆုံးအချက်ကတော့ဥပဒေစိုးမိုးမှု အားနည်းနေခြင်းဖြစ်ပါတယ်။ စစ်တပ်ရဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ
ဒေ ပုဒ်မ ၃၅၇ နဲ့ ၂၀၁၇ကိုယ်ရေးအချက်အ
လက် ကာကွယ်ရေးဥပဒေတွေဟာ UID ဒေတာဘေ့စ်လို အရေးကြီးတဲ့ အချက်အလက်စနစ်ကို လုံလောက်စွာ အကာအကွယ်ပေးနိုင်မယ့် အာမခံချက် မရှိသေးကြောင်း ဖော်ပြထားပါတယ်။

ဒုတိယအချက်ကတော့ လွတ်လပ်တဲ့ စောင့်ကြည့်စစ်ဆေးရေး အဖွဲ့အစည်း မရှိခြင်း ဖြစ်ပါတယ်။ဒေတာတွေကို ဘယ်သူက အသုံးပြုမလဲ၊ ဘယ်အတိုင်းအတာအထိ အသုံးချခွင့်ရှိမလဲဆိုတာ ထိန်းကျောင်းနိုင်တဲ့ စနစ်မရှိရင်၊ ဒီအချက်အလက်တွေဟာ လူတစ်ဦးချင်းစီကို စောင့်ကြည့်ခြင်းနဲ့ ထိန်းချုပ်ခြင်းတွေအ
တွက် အသုံးချခံရနိုင်ပြီး၊ အာဏာပိုင်စနစ်တစ်ခုရဲ့ အခြေခံယန္တရားတစ်ခု ဖြစ်လာနိုင်ပါတယ်။
🔥227👍5🤣2🖕2
တတိယအချက်ကတော့ လူ့အခွင့်အရေးဆိုင်
ရာအန္တရာယ်ဖြစ်ပါတယ်။လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် အစီရင်
ခံစာအရ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စုဆောင်းထားတဲ့ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ဇီဝဗေဒအချက်
အလက် တွေဟာဘင်္ဂလားဒေ့ရှ်ကတစ်ဆင့်
မြန်မာဘက်ကို ပေါက်ကြားခဲ့ဖူးကြောင်း ထောက်ပြထားပါတယ်။

ဒီဖြစ်ရပ်က ဇီဝဗေဒအချက်အလက် တွေဟာ တစ်ကြိမ်ပေါက်ကြားသွားရင် စကားဝှက် (Password) ကဲ့သို့ ပြန်လည်ပြောင်းလဲလို့ မရနိုင်တဲ့အတွက် အန္တရာယ်အလွန်ကြီးမားကြောင်း ပြသခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ စုဆောင်းနေတဲ့ ဒေတာတွေကို လူတွေကို စောင့်ကြည့်ခြင်း၊ ဖမ်းဆီးခြင်း သို့မဟုတ် ဖိနှိပ်ခြင်းတွေအတွက် အသုံးချနိုင်မယ့် အခြေအနေကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် အထူးသတိထားသင့်သူတွေက
တော့ အသက် ၁၀ နှစ်နဲ့အထက် ကျောင်းသားတွေ၊ မကြာမီ အသက် ၁၈ နှစ်ပြည့်မယ့် လူ
ငယ်တွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ နိုင်ငံခြားသွားလာဖို့ စီစဉ်ထားသူတွေ၊ ဘဏ်ဝန်ဆောင်မှုနဲ့ ဆင်းကတ် (SIM Card) အသုံး
ပြုသူတွေ၊ နိုင်ငံသားမှတ်ပုံတင်နဲ့ ပတ်စ်ပို့ဆိုင်ရာ ဝန်ဆောင်မှုတွေ လိုအပ်သူတွေ အပါ
အဝင် ပြည်သူအားလုံး ဖြစ်ပါတယ်။

မိဘများအနေဖြင့်လည်းမိမိတို့ကလေး​တွေရဲ့
ကိုယ်ရေးအချက်အလက်နဲ့ ဇီဝဗေဒအချက်
အလက်တွေ စုဆောင်းခံရခြင်းဟာ ယနေ့အတွက်သာ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ဘဲ၊ နောင် ၁၀ နှစ်၊ ၂၀ နှစ်အထိ သက်ရောက်နိုင်တဲ့ အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်ကြောင်း နားလည်ထားရန် လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးနဲ့ ဥပဒေရေးရာ အခြေအနေအောက်မှာဒီဂျစ်တယ် အထောက်
အထား စနစ်ကို နည်းပညာတိုးတက်မှုတစ်ခုအဖြစ်သာ မမြင်သင့်ဘဲ၊ လူ့အခွင့်အရေး၊ ကိုယ်ရေးလုံခြုံမှုနဲ့ အနာဂတ်မျိုးဆက်တွေရဲ့ လွတ်လပ်ခွင့်အပေါ် ကြီးမားတဲ့ အကျိုးသက်
ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အလားအ
လာရှိတာကြောင့် ယင်းစနစ်က ဘယ်လိုသက်
ရောက်လာနိုင်မည်ကို ကြိုတင်သတိထားပြီး အလေးအနက် စောင့်ကြည့်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ။

ကိုးကား-

Biometric Update, “Myanmar’s digital ID strategy comes amid a fraught landscape
🔥21👍102🖕2🤮1🤣1
👍26👎5🤮2🔥1🤣1🖕1
စစ်တွေတိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်က ပုဏ္ဏားကျွန်းကို ဗုံးကြဲ၊ အမျိုးသမီးတစ်ဦးသေဆုံး

▪️ကျိန္တလီကိုလည်း မနေ့ညက ဗုံးကြဲခဲ့

စက်တင်ဘာ-၁၁၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring

စစ်တွေတိုက်ပွဲမှာ အထိနာပြန်ဆုတ်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာလ ၁၁ ရက် မနက်အစောပိုင်းအချိန်မှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

မနက်အာရုံတက်အချိန်မျာ FPV Drone နဲ့ လူနေရွာထဲ ဗုံးကြဲခဲ့တာဖြစ်ပြီး အသက် ၆၃ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီး ဒေါ်လှသန်းရီရဲ့ ဘယ်ဖက်ရင်အုံမှာ ထိမှန်၊ သေဆုံးခဲ့ရတာပါ။

“ပေါက်တောဘက်ကနေ စစ်ရှောင်ဖို့ ရောက်နေကြတာ သူတို့က အဘွားက ဂွင်ချင်း(ပွဲချင်းပြီး)သေသွားတယ်” လို့ ပုဏ္ဏားကျွန်းဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

ဗုံးကြဲခံရတဲ့ ကျောက်ဆိပ်ရွာဟာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ ဆယ်မိုင်ကျော်ကွာဝေးပြီး ပုဏ္ဏားကျွန်းမြို့အနီး ဂူ၀ဘုရားတောင်ခြေရင်းက ကျေးရွာတခုဖြစ်ပါတယ်။ အဲဒီရွာမှာ ဒေသခံ ရွာသားတွေအပြင် စစ်ဘေးရှောင်ပြည်သူတွေလည်း အများအပြားနေထိုင်ကြတာပါ။

စစ်တပ်ဟာ ကျောက်ဆိပ်ရွာကို ဗုံးကြဲတဲ့အပြင် ကျောက်ဆိပ်ရွာရှေ့ ဂူ၀ဘုရား၊ ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်တွေ ရှိ စာသင်ကျောင်းနဲ့ နေအိမ်တွေ၊ အခြားအနီးတဝိုက်ကျေးရွာတွေကိုလည်း အခုရက်ပိုင်းအတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။

အခုလိုဗုံးကြဲနေတာဟာ စစ်တွေ - ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားလာနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ဒီရွာတွေမှာ ဘာ AA မှလည်း မရှိဘူး။ ရွာသားတွေ စစ်ရှောင်တွေ၊ ကလေးတွေပဲ ရှိတယ်။ စစ်တိုက်ရင်လည်း စစ်ကို စစ်လိုတိုက်လေ။ စစ်တွေဘက်မှာ တိုက်ပွဲဖြစ်နေတာ ဒီရွာတွေကို ကြဲစရာအကြောင်းကို မရှိဘူးလေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကူညီရေးလုပ်ငန်းတွေ လုပ်နေတဲ့ လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ မနေ့က စက်တင်ဘာလ ၁၀ ရက်နေ့ညမှာလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ကို ဗုံးကြဲခဲ့ပြီး ထိခိုက်၊ သေဆုံးမှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

“အခုလည်း လေယာဉ်ဝဲနေတယ် ဒီဘက်မှာ။ ကျိန္တလီမှာ ဒဏ်ရာရတဲ့သူတွေရှိတယ်လို့တော့ ကြားတယ်။ မသိရသေး” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ စစ်တပ်ဟာ ပြီးခဲ့ တဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ၄၉၂၆ စစ်ဆေးရေးလို့နာမည်တပ်ပြီး စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက် ခြမ်းကို စစ်ကြောင်းနှစ်ခုနဲ့ ထိုးစစ်ဆင်ခဲ့ပေမယ့် စစ်ကြောင်းတခုဟာ အကျအဆုံးများပြီး တိုက်ပွဲပထမနေ့မှာပဲ ပြန်လှည့်ခဲ့ရကာ နောက်ထပ်စစ်ကြောင်းတခုဟာလည်း ရှေ့မတိုးနိုင်ဖြစ်နေပါတယ်။
🤬2513👏2👎1😢1🤣1
(ကျောက်ဆိပ်မှာ ဗုံးထိမှန်သေဆုံးသွားတဲ့ အမျိုးသမီး။ ဓါတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း)
😢382👏2👎1🤬1🎉1🤣1