လွိုင်ကော်အရှေ့ဘက်ခြမ်း စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ
စက်တင်ဘာ -၆၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။
မနေ့က(စက်တင်ဘာ ၅)နေ့လယ် ၁၂ နာရီခွဲ၀န်းကျင်မှာ လွိုင်ကော်-ရှားတောလမ်းပိုင်းအနီးမှာရှိတဲ့
နောင်ပုလုကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။
"ပေါင် ၂၀၀ ဗုံး ၂လုံး ကြဲတယ်။ပြီးတော့ လေယာဉ်ပေါ်ကနေပါ ပစ်တာခတ်တာတွေပါလုပ်ခဲ့တယ်။ကလေး ၂ဦး အပါအ၀င် ၄ဦးသေဆုံးတယ်။၁၁ ဦး ဒဏ်ရာရတယ်။အဲဒီထဲက ၈ဦးက ဒဏ်ရာပြင်းထန် တယ်"လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက ဖြစ်စဉ်ကို ရှင်းပြပါတယ်။
လွိုင်ကော်အရှေ့ခြမ်းကို စစ်တပ်က ၂ရက်ဆက်လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်လို့လည်း သူက အသိပေးပါတယ်။
လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေမကျရေး စစ်တပ်က လေကြောင်းကနေ အပြင်းအထန်ခုခံတာမှာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေထဲအထိ ပစ်မှတ်ထားတိုက်ခိုက်မှုတစ်ခုလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ယခုရက်ပိုင်းအတွင်း ကရင်နီပြည်နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်နေတာကြောင့် အရပ်သားပြည်သူတွေ အနေနဲ့ သတိပြုနေထိုင်ကြဖို့ သူက တိုက်တွန်းပါတယ်။
အခုစက်တင်ဘာ ၁ ရက်ကလည်း ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ရပါတယ်။
(လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ − CJ)
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ကရင်နီပြည်#လွိုင်ကော်#စစ်တပ်
#လေကြောင်းတိုက်ခိုက်

😢25🤬15👎5❤2🤣2👏1🎉1
ကုလားတန်မြစ်ခြားပြီးစစ်တွေရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပေါက်တောမြို့နယ်နဲ့ မယူမြစ်ခြားပြီး စစ်တွေရဲ့ အ နောက်ဘက်မှာရှိတဲ့ ရသေ့တောင်မြို့နယ်တို့ကိုတော့လေကြောင်း
၊လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာ တွေသာ ရှိပြီး မြေပြင်ထိုးစစ်ဆင်ဖို့ ကြိုးစားတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ပုဏ္ဏားကျွန်းကိုစစ်ကူသွားတုန်းကလည်း ဒီအမြင့်ကျွန်းနားမှာပဲတင့်ကားတွေမီးရှို့ခံလိုက်ရတာ။ဒီတခေါက်လည်း တင့်ကားတွေနဲ့ တက်လာသေးတယ်ပြောတယ်။ အခြေအနေမဟန်လို့ ပြန်လှည့်သွားတာ။ထပ်တက်လာ ရင်ထပ်နာမှာပဲ။ ဘာလို့လဲဆိုတော့ AA လည်း အချိန်ယူပြီး အဆင့်သင့်လုပ်ထားပြီးသားဖြစ်မှာပဲလေ” လို့ ရခိုင်ဒေ သခံ စစ်ရေးလေ့လာ
သူတဦးက ပြောပါတယ်။
စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့နေရာတွေကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ ထိုးစစ်ဆင်ဖို့ ကြိုးစားနေသလို ရခိုင်ပြည်နယ် တောင်ပိုင်း ဂွကမ်းခြေနဲ့၊ သံတွဲ ငပလီကမ်းခြေတလျှောက်ကျေးရွာတွေကိုလည်း ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေက နေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံအဝှမ်း စစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်
ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးလာနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာနေတာပါ။
#AA #ပုဏ္ဏားကျွန်း #စစ်တပ်
#Peoplesspring #လူထုနွေဦး #PS

👏30❤6👎3😁2🖕2🤬1🤣1
မြင်းခြံခရိုင်တပ်ရင်းတွေရဲ့အခြေခံစစ်ပညာနဲ့ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
■လက်နက်နဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာ ဦးထုပ်တွေကိုပါတပ်ဆင်
စက်တင်ဘာ-၅၊၂၀၂၆။ဟာနာဆန်/People's Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာ
ကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁)စစ်ဒေသ လက်အောက်က မြင်းခြံခရိုင် တပ်ရင်းတွေဖြစ်တဲ့ အမှတ် (၄) တပ်ရင်းနဲ့ အမှတ် (၁၀) တပ်ရင်းတို့ရဲ့အခြေခံစစ်ပညာသင်တန်းအ
ပတ်စဉ် (၇)နဲ့ မွမ်းမံသင်တန်းဆင်းပွဲကိုစက်
တင်ဘာ ၅ ရက်မှာကျင်းပခဲ့ပါတယ်။
ဒီသင်တန်းမှာရဲဘော်သစ်တွေကို သုံးလနီးပါးကြာအောင် အခြေခံစစ်ပညာနဲ့ တိုက်ခိုက်ရေးပညာတွေ သင်ကြားပေးခဲ့သလို၊ မွမ်းမံသင်
တန်းဆင်းရဲဘော်တွေကိုလည်းတစ်လခန့် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုနဲ့ တိုက်ခိုက်ရေးစစ်ပညာရပ်တွေပြန်လည်မွမ်းမံသင်ကြားပေး
ခဲ့ပြီး လက်နက်နဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာ ဦးထုပ်တွေကိုပါ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(အမှတ်၄-၁၀)တပ်ရင်းက အသိပေးပါတယ်။
အဲဒီရဲဘော်တွေဟာမြင်းခြံခရိုင်အမှတ် (၄)
တပ်ရင်း၊မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဖြစ်ပြီးဆက်လက်တာဝန်ထမ်းဆောင်နေကြကာ စစ်အာဏာရှင်စနစ် အပြီး
တိုင်ချုပ်ငြိမ်းတဲ့အထိ တော်လှန်ရေးစိတ်
ဓာတ်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုထားပါတယ်။
အဆိုပါတပ်ရင်းတွေဟာ မန္တလေးတိုင်းအတွင်းစစ်တပ်နဲ့ မကြာခဏတိုက်ပွဲဝင်နေတဲ့စစ်ကြောင်းတွေဖြစ်ပါတယ် ။စစ်တပ်ကလည်းစစ်ကြောင်းထိုးသလို စစ်တပ်စစ်ကြောင်းတွေကိုအကြိမ်ကြိမ်တိုက်ခိုက်တဲ့တပ်ရင်းတွေလည်းဖြစ်ပါတယ် ။
#မြင်းခြံခရိုင်တပ်ရင်း၄ #နွားထိုးကြီးPDF
#မြင်းခြံခရိုင်တပ်ရင်း၁၀
#Peoplesspring #PS

❤34👍8🤣3🥰2🖕1
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ရမ်းချောင်းဒေသမှာအသက် ၁၄ နှစ်အရွယ် မိန်း
ကလေးငယ်ကိုအဓမ္မပြုကျင့်ခဲ့တဲ့အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှကို အာရက္ခတပ်တော်(AA)လက်အောက်ခံ တရားရုံးက အလုပ် ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တယ်လို့ဒီနေ့ထုတ်ပြန်ပါတယ်။ မုဒိမ်းမှုအပြင်ဓမ္မတာနဲ့ဆန့်ကျင်တဲ့ကာမစပ်ယှက်ခြင်းတို့ကိုအတင်းအဓမ္မကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် တာကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆(မုဒိန်းမှု)နဲ့ ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇(ဓမ္မတာ နဲ့ဆန့်ကျင်တဲ့ကာမစပ်ယှက်မှု)နဲ့ထောင်ဒဏ် ၁၀ နှစ်စီမြောက်ဦးခရိုင်တရားရုံးက ချမှတ်ခဲ့တာလို့ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့ကရမ်းချောင်းဒေသမှာ ခြံစောင့်အငှားလုပ်ကိုင်နေသူရဲ့သမီးကို ခြံပိုင်ရှင်ဖြစ်တဲ့ဦးမောင်အေးလှကအဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီးအဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်ရဲ့ ညီမဖြစ်သူကိုလည်း လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အဲဒီလို ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးနှစ်လကျော်အကြာ ဇူလိုင်လ ၃၀ ရက်နေ့မှာမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကာ မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲတင်ခဲ့တာပါ။ အဲဒီအမှုကို ခရိုင်တရားရုံးက တလ ကျော်ကြာစစ်
ဆေးပြီးနောက် အခုလို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
#ဒီနေ့ဘာဖြစ်ခဲ့လဲ #Peoplesspring
#ludunwayoo #PS

👍19🖕5🤣2😁1
ရခိုင်မှာအမျိုးသမီးနှစ်ဦးကို ပြည်ပအလုပ်
အကိုင်ဆိုင်ရာဥပဒေနဲ့AAရဲတပ်ဖွဲ့ကအမှုဖွင့်
စက်တင်ဘာ-၇၊ ၂၀၂၆ ၊ ခိုင်မြတ်/People’s Spring
အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်
ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်
အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေး
ယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)
လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အရေးယူခံရသူတွေဟာမြောက်ဦးမြို့နယ် အိုးထိမ်းကျေးရွာကမယဉ်ယဉ်ဝင်းနဲ့ ပလက်ဝမြို့နယ် ဟုန်းကျေးရွာက မခိုင်မြတ်မွန်တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပြည်ပကိုလူပို့တဲ့ အလုပ်လုပ်ဖို့ နှစ်ဦးသဘောတူပြီး မလေး ရှားနိုင်ငံနဲ့ ရန် ကုန်မြို့ဆီ သွားမယ့်သူတွေကို ရှာဖွေခဲ့ကြတယ်လို့ဆိုပါတယ်။
မလေးရှားကို သွားမယ့်သူနှစ်ဦးကိုတဦးစီအတွက် ပွဲစားခကျပ်သိန်း ငါးဆယ်စီ တောင်းခဲ့ပြီး ရန်ကုန်ကို သွားမယ့် သူနှစ်ဦးကိုတော့ ဆွေမျိုးတော်စပ်တာကြောင့် ပွဲစားခမယူဘဲ ပို့ဆောင်ပေးခဲ့တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လိုင်စင်မရှိဘဲအဲဒီလိုပို့ဆောင်ခဲ့ကြတာကြောင့်AAလက်အောက်ခံထောက်လှမ်းရေး
ဌာနက မယဉ်ယဉ်ဝင်းကို မြောက်ဦးမြို့နယ်ရှိ သူမရဲ့ နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး မခိုင်မြတ်မွန်ကိုတော့ ချင်းပြည်နယ် ကျင်ဒွေးမြို့ရှိ နေအိမ်တ အိမ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ သူတို့နှစ်ဦးကို ပြည်ပအလုပ်အ
ကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆နဲ့ မြောက်ဦးမြို့မရဲစခန်းမှာ အမှုဖွင့်ပြီးအရေးယူနေတယ်လို့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီပုဒ်မဟာ အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်ကြောင်းပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်ထိချမှတ်နိုင်တဲ့အပြင် ငွေ
ဒဏ်လည်း ချမှတ် လို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာလူငယ်တွေဟာအလုပ်အ
ကိုင်ရှားပါးတာ၊စစ်မှုထမ်းဥပဒေစတာတွေကြောင့် ပြည်မနဲ့ပြည်ပနိုင်ငံတွေကို လူပို့ပေးတဲ့ပွဲစားတွေနဲ့ ထွက်ခွာနေကြပြီး လမ်းခုလတ်မှာ အာဏာသိမ်းစစ်တပ်ကဖမ်းဆီးတာနဲ့ပွဲစားတွေဆီ မှာ လိမ်လည်ခံရ ပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဆီ ရောင်းစားခံကြရတာမျိုးတွေလည်းရှိနေတယ်လို့ဆိုပါတယ်။
AAလက်အောက်ခံရဲတပ်ဖွဲ့ဟာ အကျိုး
ဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးနေ သလို ရခိုင်ကနေ ပြည်ပနဲ့ အခြားနေရာတွေဆီ လူပို့၊ လူကုန်ကူးနေသူတွေကိုလည်း ဖော်ထုတ်အရေးယူနေတယ် လို့ ဆိုပါတယ်။AA ရဲတပ်ဖွဲ့ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခုနစ်လအတွင်း လူကုန်ကူးမှုအပါအဝင် ပြည်
ပအ လုပ်အကိုင် ဆိုင်ရာ ဥပဒေချိုးဖောက်မှုပုဒ်မတွေနဲ့ အမှုပေါင်း၃၅ မှုကိုဖမ်းဆီးအရေး
ယူခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။
စစ်တပ်ရဲ့ဖြတ်လေးဖြတ်ပိတ်ဆို့မှု၊ လက်
နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု၊ အလုပ်
အကိုင်ရှားပါးမှု၊ စီးပွားရေးကြပ် တည်းမှုတွေနဲ့ ကြုံနေကြရတဲ့ ရခိုင်ဒေသခံတွေဟာ ပြည်ပမှာ အလုပ်အကိုင်ရမယ်ဆိုပြီးလိမ်လည်သွေး
ဆောင် ကာ ငွေကြေးအဆမတန်တောင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ပွဲစားတွေရဲ့လူကုန်ကူးမှုကိုပါခံနေကြရတာလို့ AA ရဲတပ်ဖွဲ့ကဆိုထားပါတယ်။
#AA #ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ
#ရခိုင်ပြည်နယ် #Peoplesspring #PS

❤21👍15🤣2🖕2🥰1💩1
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her လှုပ်ရှားမှုစတင်
စက်တင်ဘာ-၇၊၂၀၂၆။တေဇ/People's Spring
Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။
"Proof of lifeကအစပဲဖြစ်ပါတယ်။ အခုတော့အမေ့ရဲ့လွတ်လပ်မှုအတွက် ကျနော်တောင်းဆိုရပါမယ်။ အမေရဲ့အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ဆက်သွယ်တွေ့ဆုံခွင့်နဲ့ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက်တောင်းဆိုမယ့် FREE HER လှုပ်ရှားမှုကိုစတင်နေပါတယ်။ဒီနောက်တစ်ဆင့်မှာလည်း ကျွန်တော်နဲ့အတူ ဆက်လက်ရပ်တည်ပြီး ခင်ဗျားတို့ရဲ့ အသံကို ထပ်မံပါဝင်ပေးကြဖို့ မျှော်လင့်ပါတယ် "လို့ ကင်မ်က ဒီနေ့(စက်တင်ဘာ၇)မှာ All in One Movement ရဲ့ ပေ့ခ်ျကနေ ထုတ်ပြန်ထားတာပါ။
ကင်မ်က မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ Proof Of Life ကမ်ပိန်းကိုပြုလုပ် တောင်းဆို ခဲ့ပြီး ပြည်တွင်းပြည်ပက ပြည်သူတွေ တစ်ခဲနက် ပါဝင်တောင်းဆိုပေးခဲ့တာကြောင့် စစ်တပ်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်းမှာ ICRC နဲ့ ပထမဆုံးအကြိမ် တွေ့ ဆုံခွင့်ပေးခဲ့ပါတယ်။
Proof Of Life ကမ်ပိန်းမှာပါဝင်ပြီး အသံထွက်ပေးခဲ့ကြသူတွေကို ဘယ်တော့မှ မမေ့ဘူးလို့ ကင်မ်ကပြောပါတယ်။
"မကြာသေးခင်က ICRC နဲ့တွေ့ဆုံခွင့်ရခဲ့တာက စိတ်သက်သာရာအနည်းငယ် ရခဲ့ပေမယ့် မေမေက လွတ်လပ်မှုမရသေးပါဘူး။ မေမေက အခုအသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို ကျွန်တော်လည်း အမေနဲ့တွေ့ခွင့် ၊ စကားပြောခွင့် မရသေးပါဘူး" လို့ ကင်မ်ကရင်ဖွင့်ထားပါတယ်။
ဒါကြောင့် Free Her ကမ်ပိန်းကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကမ်ပိန်းမှာပါဝင်နိုင်မယ့် အချက်အလက်တွေကိုတော့ သီးသန့် ထုတ်ပြန်ထားတာမရှိသေးပါဘူး။
လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်တပ်ရဲ့ မတရားဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အကျဉ်းကျခံနေရတာ ၂၀၄၅ ရက်ရှိပြီဖြစ်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#ဒေါ်အောင်ဆန်းစုကြည်#လွတ်မြောက်ရေး#တောင်းဆိုဆန္ဒပြ
#ကင်မ်အဲရစ်

🥰30❤9👍4👏2🤮2🤣1🖕1
စစ်ရေးတာဝန်များ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော် ၁၈၀၀ နီးပါးကို NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုတံဆိပ်တွေ ချီးမြှင့်
စက်တင်ဘာ ၇၊ ၂၀၂၆။ ထားမြတ်/People's Spring
ပြည်သူ့တော်လှန်ရေးတွင် စစ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထူးခြားကျေပွန် အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်များရဲ့ ပေးဆပ်မှု၊ စွန့်လွှတ်မှုနဲ့ အမှုထမ်းဆောင်မှုတို့ကို အလေးအမြတ် ပြုလျက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်များ ခခခချချီးမြှင့်အပ်နှင်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က စက်တင်ဘာလ (၇) ရက် မှာထုတ်ပြန်ပါတယ်။
အခု စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်များဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမြင့်ဆုံး အသိအမှတ်ထား ဂုဏ်ပြုချီးမြှင့်မှုဖြစ်ပြီး ဘွဲ့၊ ဆုနဲ့ တံဆိပ် (၅)မျိုးကို ချီးမြှင့်ပေးအပ်ခဲ့ဟု အသိပေးပါတယ်။
ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ချီးမြှင့်ခံရသူ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ချီးမြှင့်ခံရသူ (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ချီးမြှင့်ခံရသူ (၈၁) ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (BRS) ချီးမြှင့်ခံရသူ (၄၂) ဦး စုစုပေါင်း ဘွဲ့ နဲ့ ဆုတံဆိပ်ချီးမြှင့်ဂုဏ်ပြုခံရသူ (၁၇၉၂) ဦး ရှိဟု ဖော်ပြပါတယ်။
ဘွဲ့၊ ဆု နဲ့ တံဆိပ်ချီးမြှင့်ရေးလုပ်ငန်းစဉ်rSm ပထမအဆင့်အဖြစ် အဆိုပြုလွှာများကို ကွပ်ကဲမှု အဆင့်အလိုက် စိစစ်တင်ပြခဲ့တာ ဖြစ်ပြီး ဒုတိယအဆင့်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အတွင်း ကနဦး စိစစ်ရွေးချယ်မှုကို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် တတိယအဆင့်အဖြစ် အမျိုးသားညီညွတ် ရေးအစိုးရ “စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ဆု၊တံဆိပ်စိစစ်ရွေးချယ်ရေးကော်မတီ” က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကနဦး စိစစ်ရွေးချယ်မှုအပေါ် ထပ်ဆင့်စိစစ် အတည်ပြုရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၆ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူ စာရင်း ကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ အသိပေးပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#NUG#ရဲဘော်၁၈၀၀ #ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)
#အမျိုးသားညီညွတ်ရေးအစိုးရ

❤45👍5🥰5💩3🤣1🖕1
"စစ်အာဏာရှင်ကို အဆုံးထိတိုက်မယ်ဆိုပြီး တော်လှန်ရေးထဲ မြှုပ်နှံထားတဲ့ ရဲဘော်တွေအများကြီးရှိတယ်။ သူတို့ရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်ပြုပေးသလို သူတို့ရဲ့ မိသား
စုတွေ၊ ထိခိုက်ဆုံးရှုံးမှုတွေအတွက်လည်း အစိုးရရဲ့ ဦးစားပေးအစီအစဉ်အနေနဲ့ အထောပ်အပံ့တွေ ပေးစေချင်တယ်"လို့ ပခုက္ကူခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဌ ဦးမြင့်ထွေးကလည်း တော်လှန်ရေးအတွက် စွန့်လွှတ်ထားတဲ့ ရဲဘော်တွေတစ်ဦးချင်းစီကို NUG အစိုးရက သေချာမှတ်တမ်းပြစုထားတယ်လို့ ပြောပါတယ်။
"ဒါကကျတော်တို့ အလေးအနက်ထားတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဂုဏ်ပြုအပ်သူတွေကိုမမေ့မလျော့ဖို့ လွှတ်တော်ကလည်း မှတ်
တမ်းတင်ထားပါတယ်"လို့ ဦးမြင့်ထွေးက ပြောပါတယ်။
စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ဆောင်
ရွက်သွားမယ်လို့လည်း အမျိုးသားညီညွတ်
ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် ပြည်သူတစ်ရပ်လုံး တညီ တညွတ်တည်း ထကြွတွန်းလှန်ခဲ့ကြတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်ပြည့်မြောက်တဲ့ သမိုင်းဝင် နေ့ရက်ဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း မိမိတို့၏ အသက်၊ ခန္ဓာနဲ့ကိုယ်ကျိုးစီးပွားတွေကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်တွေကို ရဲဝံ့စွာစွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို အမျိုး
သားညီညွတ်ရေးအစိုးရအနေနဲ့ လေးနက်စွာ အသိအမှတ်ထား ဂုဏ်ပြုတယ်လို့ ဝန်ကြီးဦးရည်မွန်က ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါလ ၁ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုခုခံတော်လှန်စစ်စတင်ခဲ့တာ ၅နစ် ကျော်လာပြီဖြစ်ပါတယ်။ စစ်တပ်က နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်ကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေအများစုကို လက်လွှတ်ထားရပြီး လက်ရှိမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။အာဏာ
သိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအုပ်စုကို နိုင်ငံတကာကလည်း အသိအမှတ်ပြုမထားဘဲ စစ်အာဏာရှင်အပြီးသတ်ကျဆုံးတဲ့အထိ လူထုအားနဲ့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။
မှတ်ချက်-သတင်းကိုထပ်မံဖြည့်စွက်ထားပါတယ် ။

👍31❤15🥰2🤮2🤣1🖕1🫡1
စစ်သင်္ဘော ၄စီး ကသာက အပေါ်ဆန်တက်နေ၊ စင်းခန်းတံတားပြန်ရဖို့ စစ်တပ်က တပ်ရင်း ၃ရင်းနဲ့ ထိုးစစ်ဆင်
စက်တင်ဘာ ၈၊၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
မန္တလေးမြို့ကတက်လာတဲ့ စစ်သင်္ဘော ၃၁စီးအနက် တိုက်သင်္ဘော ၃စီး နဲ့ သံခွန် ၁စီးဟာ စက်တင်ဘာ ၇ရက် ညနေပိုင်းမှာ ကသာမြို့ကို ရောက်ရှိခဲ့ပြီး အခြားသင်္ဘော ၂၇စီးဟာ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာ ကမ်းကပ်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ရေး သတင်းရင်းမြစ်က အခုလို ရှင်းပြတာပါ။
" မနက်စောစော ကသာကနေ ဆက်ထွက်လာပြီ။ ၄စီး။အခြား သင်္ဘော ၂၇စီးတော့မနေ့ကမောင်းကုန်းမှာ ကမ်းကပ်သွားတယ်။ ကုန်းပေါ်ကနေ ကားကြီးတွေနဲ့ အဲဒီပေါ်ကလူတွေလာသယ်သွားပြီလို့ သိရပါတယ်။ အဲဒီ ၂၇စီးမှာတင်တဲ့သူတွေက တကောင်း နီကယ် စက်ရုံလည်ပတ်ဖို့အတွက် အဲဒီမှာ လုပ်သားတွေနဲ့ပစ္စည်းတွေ လာပို့တယ်ဆိုတာ အခုမှ အတိပြုလို့ရပါတယ်။ တရက် နှစ်ရက်တုန်းက ကြိုတင်သတင်းရတာတော့ရှိပါတယ်"လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
တဖက်မှာ စစ်သင်္ဘောတွေ ကချင်ပြည်နယ်ဘက်ကို ဦးတည်ထွက်ခွာသွားသလို မြေပြင်မှာလည်း အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအနီးက ဧရာ၀တီမြစ်ကူးတံတား(စင်းခန်း)ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
“အဲဒီ စင်းခန်းတံတားကို စကစတွေက ပြန်ရဖို့အတွက် တပ်ရင်းသုံးရင်းနဲ့စစ်ဆင်ရေးလုပ်နေပါတယ်။ အဲဒါကို ကျနော်တို့က လည်း ခုခံကာကွယ် တိုက်ခိုက်နေပါတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အခု စက်တင်ဘာ ပထမပတ်မှာ စစ်တပ်ဟာ မြေပြင်ထိုးစစ်နဲ့အတူ စစ်သင်္ဘောတွေနဲ့ ဗန်းမော်မြို့ကို အင်အားဖြည့်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ စက်တင်ဘာ ၂ရက်မှာ ရွှေကူကနေ ဗန်းမော်ကို တက်တဲ့ စစ်သင်္ဘောအုပ်စုဟာ ရွှေကူမြို့နယ် ဇင်းဘုံနဲ့ စင်းခန်းတံတား အကြားမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့လို့ စစ်သင်္ဘောတွေ နစ်မြုပ်တာ မီးလောင်တာ၊ ကမ်းကပ် လက်နက်ချတာတွေရှိခဲ့ပါတယ်။
အဲဒါကြောင့် စစ်သင်္ဘောအုပ်က သင်္ဘော ၇စီးသာ ဗန်းမော်ကို ကမ်းကပ်နိုင်ခဲ့တာပါ။ အဲဒီလို ကမ်းကပ်နိုင်ခဲ့ပေမဲ့ ဗန်းမော်မြို့ရောက်စစ်သင်္ဘောတွေမှာ လက်နက်ခဲယမ်းအများအပြား ပါဝင်တာမျိုးမရှိဘူးလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အထိနာတဲ့ စစ်တပ်ဟာ စင်းခန်း မြစ်ကူးတံတားကိုလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေလို့ စက်တင်ဘာ ပထမပတ်မှာ စင်းခန်းဒေသနဲ့ ဇင်းဘုံဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar
#စစ်သင်္ဘောအုပ်စု#မန်းလေးမြို့ဂေါဝန်ဆိပ်ကမ်း#ကသာ
#စစ်တပ်

❤23👍16👎2😁2👏1🤬1🎉1
ဝမ်းရောဂါဖြစ်ပွားနေချိန် ပုဇွန်တောင်မှာ လူတစုက မစင်ထုပ်တွေ လမ်းပေါ်ပစ်ချသွား
စက်တင်ဘာ-၁၀၊၂၀၂၆။တာရာ/People's Spring
ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာ ၉ ရက်ညဦးပိိုင်းမှာကားတစ်စီးနဲ့ လူတစ်စုကမစင်ထုပ်တွေကို လမ်းမပေါ်တွေမှာ ပစ်ချသွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
အဆိုပါမစင်ထုပ်တွေကို ညဘက်လမ်းသွားလမ်းလာကားတွေက တတ်ကြိတ်မိတာ
ကြောင့် အနံ့အသက်ဆိုးတွေကို ပတ်ဝန်းကျင်မှာပျံ့နှံ့သွားပါတယ်။
" ဒီလိုလုပ်ရပ်လုပ်တာဟာလူတွေမဟုတ်ဘူး။ ခွေးတွေ။ ဘယ်လောက်ဆိုးတဲ့အခြေအနေလဲ။ မနေ့ကနေလို့တောင်မရဘူး။ နံစော်နေတာ။ပရဟိတကအသင်းကားတွေနဲ့လိုက်ဆေးပေးတာ။ တခြားမြို့နယ်ကအသင်းကားတွေလည်းလာတယ်။ ဒီလုပ်ရပ်က အရမ်းကိုမိုက်ရိုင်းလွန်းတယ်" လို့ပုဇွန်တောင်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
ဘောက်ဆာနဲ့ရေဖြန်းပေးချိန်မှာလမ်းထဲကို ရေထဲဝင်မှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရပ်ကွက်ဥက္ကဌကလာရောက်တားမြစ်တာလည်း ကြုံခဲ့ရတယ်လို့သိရပါတယ်။
အများပြည်သူသွားလာနေတဲ့ လမ်းမပေါ်မှာ အညစ်အကြေးထုတ်တွေစွန့်ပစ်တာကအလွန်
ယုတ်ညံ့တဲ့ အလုပ်ဖြစ်ပြီး သက်ဆိုင်ရာဌာနတွေ အနေနဲ့ လုပ်သူကို ရှာဖွေ အရေးယူသင့်တယ်လို့ ပြည်သူတွေက မှတ်ချက်ပြုထားကြပါတယ်။ CCTV ကနေ ဘယ်သူတွေလုပ်တယ်ဆိုတာ ရှာဖွေသင့်တယ်လို့လည်းရေးသားနေကြပါတယ်။
ဒါ့အပြင် ဝမ်းရောဂါတွေ ပြန့်နှံ့နေတဲ့ ကာလမှာ ဒီလိုလုပ်ရပ်ကို လုပ်ဆောင်တာက ရော
ဂါပိုးပြန့်ပွားစေလိုတဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ဒါကြောင့် စည်ပင်အနေနဲ့ အဲဒီ့နေရာကို ပိုးသတ်ဆေးဖြန်းတာတွေ ပြုလုပ်ဖို့ တိုက်တွန်းထားကြပါတယ်။
ဆိုးရွားတဲ့အနံ့အသက်တွေနဲ့ မစင်တွေကို လူမှုကယ်ဆယ်ရေးကားတွေနဲ့ ရေတွေသုံးပြီး လိုက်လံဆေးကြောသန့်စင်ပေးခဲ့ကြရပါတယ်။
ပုဇွန်တောင်မြို့နယ်မှာဝမ်းရောဂါနဲ့သေဆုံးသူတစ်ဦးရှိခဲ့သလို သြဂုတ်လမှာ ဝမ်းရောဂါဖြစ်ပွားတဲ့မြို့နယ်တွေထဲလည်းပါဝင်ပါတယ်။
ဝမ်းရောဂါဖြစ်ပွားနေချိန် အခုလိုလုပ်ရပ်ဟာ ရောဂါကူးစက်အောင် ဝမ်းပိုးကို ရည်ရွယ်
ချက်ရှိရှိ ဖြန့်နေတာဖြစ်နိုင်တယ်လို့ အနီးနေထိုင်သူတွေကပြောပါတယ်။
ရန်ကုန်မှာ ဝမ်းရောဂါဖြစ်ပွားသူဦးရေဟာ ၂၀၀၀ နီးပါးရှိနေပြီး သေဆုံးသူကလည်း ၁၀ ဦးထက်မနည်းရှိနေတယ်လို့ အမည်မဖော်လိုသူကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။
စစ်ကောင်စီအောက်ကျန်းမာရေးဝန်ကြီးဌာနကတော့ သတင်းတွေကိုထိန်းချန်ထားပြီးဝမ်းရောဂါကို ထိန်းချုပ်နိုင်ပြီလို့ ပြောဆိုထားပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA#ပုဇွန်တောင်မြို့နယ် #မစင်ထုပ်ပစ်ချမှု #ဝမ်းရောဂါသတိပြုရေး #ရန်ကုန်သတင်း #ပတ်ဝန်းကျင်သန့်ရှင်းရေး #PazundaungTownship #DiarrheaOutbreak #PublicHealthRisk #YangonNews #MyanmarNews

🤬32❤9👎4😡1
"ဒရုန်းနည်းပညာမှာတော့ အခုလတ်တလောအားဖြင့် ကျွန်တော်တို့ သူတို့(စစ်အုပ်စု)ထက်သာနိုင်မယ့်နည်းလမ်းတွေ သာတဲ့ အပိုင်းတွေကိုရောက်ရှိနေတာကိုလည်းတွေ့ရပါတယ်"
"စစ်တပ်ကအမြဲတမ်း ဒါ Lesson Learned လုပ်တယ်။ ပြန်သာအောင်ကြိုးစားနေတယ်။ ဒီဟာကိုသိထားဖို့လိုတယ်ပေါ့။ အဲဒိတော့ သူထပ်ပြီးမသာနိုင်အောင်လို့ ကျွန်တော်တို့ ဘက်ကလုပ်ဖို့လိုမယ်။ ထပ်ကြိုးစားဖို့လိုတာပေါ့။ တစ်ခုခု အားသာပြီးတဲ့အခါမှာ ထပ်ပြီးတော့ ထပ်ပြီးတော့ကို ကျွန်တော်တို့ကထပ်အားစိုက်ပြီးတော့ သူပြန်ပြီးတော့ ခေါင်းမထောင်နိုင်တဲ့အထိ တစ်ခါတည်း နောက်ကောက်ဖြစ်သွားတဲ့အထိကို ကျွန်တော်တို့ဘက်က ကြိုးစားဖို့လည်းလိုပါတယ်။"
▪︎ဦးကျော်နီ (NUGပြည်ထဲရေး နဲ့ လူဝန်မှုကြီးကြပ်ရေးဒုဝန်ကြီး )
(၂၀၂၆ ဇွန် ၁၇ ရက်မှာ NUGပြည်ထဲရေး နဲ့ လူဝန်မှုကြီးကြပ်ရေးဒုဝန်ကြီး ဦးကျော်နီ နဲ့ မေးမြန်းခန်းကို ပြန်လည်ဖော်ပြထားတာဖြစ်ပါတယ် )
https://youtu.be/BOwRoSFgTog?si=ZUBin6rXZuya8epm

YouTube
"ပြန်ပြီးတော့ စစ်ဦးမော့ဖို့ နီးလာပြီ" | People's Spring
"ပြန်ပြီးတော့ စစ်ဦးမော့ဖို့ နီးလာပြီ"
NUGပြည်ထဲရေး နဲ့ လူဝန်မှုကြီးကြပ်ရေးဒုဝန်ကြီးဦးကျော်နီနဲ့မေးမြန်းခန်း
မကွေးစစ်မျက်နှာအပါအဝင် နိုင်ငံတစ်ဝန်းစစ်မျက်နှာတွေမှာအခုလပိုင်းအတွင်း တိုက်ပွဲတွေအခြေအနေ ၊စစ်တပ်စစ်ကြောင်းတွေကိုတော်လှန်ရေးတပ်တွေက …

❤51👍29😁2🥰1🤮1👌1🤣1🖕1
စစ်တပ်ထုတ်ပြန်ချက်ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့ဦးကျော်မိုးထွန်းပြော
စက်တင်ဘာ-၁၃၊၂၀၂၆။သော်မွန်/Peopel’s Spring
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်
စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်
အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်
မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့ ကုလ
သမဂ္ဂမှာ ကိုယ်စားပြုခွင့် မရရှိတဲ့ အာဏာ
သိမ်းစစ်တပ်ဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို နေရာကနေဖယ်ရှားဖို့ နှစ်စဥ်ကြိုး
ပမ်းခဲ့သလို ဒီနှစ်မှာလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်ဘူးလို့ စက်တင်ဘာ ၁၃ ရက်စွဲနဲ့ ထပ်မံသတင်းထုတ်ပြန်လာခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ဖို့အထိ လူငှားရမ်းလုပ်ဆောင်ခဲ့သလိုအဲဒီလုပ်ရပ် မ
အောင်မြင်တဲ့နောက်ပိုင်းမှာလည်းနည်းလမ်း
ပေါင်းစုံသုံးပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂထိုင်ခုံကနေသံအမတ်ကြီးကို ဖယ်
ရှားဖို့ လုပ်ဆောင်ခဲ့တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်?
“စစ်အုပ်စုက တရားစွဲဆိုမှုတွေအပါအဝင် ပုံစံအမျိုးမျိုး နဲ့ ဒီအဖွဲ့ရုံးလုပ်ငန်းလှည်ပတ်မှု ရပ်အောင် လုပ်နေတာတွေရှိတယ် ဆိုတာလည်း ဖြေခဲ့တာရှိတာရယ်၊အဖွဲ့ရုံး လည်ပတ်နိုင်ဖို့ အဖွဲ့ရုံးငွေကြေးသုံးစွဲမှု အကြမ်းဖျဉ်းကို ဖြေ
ကြားခဲ့ဖူးတာတွေ ရှိပြီဖြစ်လို့ ထပ်ပြီး ပြောစရာ မရှိသေးပါဘူး။ အခုဟာကိုကြည့်ရင် စစ်အုပ်စု Desparation (ကြံရာမရ)ဘယ်
လောက် ဖြစ်နေပြီလဲ ဆိုတာ ပြနေတာပါပဲ”လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။
ဒီမိုကရေစီနည်းကျရွေးကောက်ခံအရပ်သားအစိုးရNLDအစိုးရလက်ထက်မှာကုလသမဂ္ဂ
ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအ
မတ်ကြီးအဖြစ် ၂၀၂၀ ခုနှစ်မှာ ခန့်အပ်ခံခဲ့ရတဲ့ ဦးကျော်မိုးထွန်းဟာ ၂၀၂၁ စစ်အာဏာ
သိမ်းမှုကို ဖေဖော်ဝါရီလထဲမှာပဲ ကုလသမဂ္ဂစင်မြင့်ကနေ ကန့်ကွက်ရှုတ်ချကြောင်း ကမ္ဘာသိ မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာပြည်သူ
လူထုနဲ့အတူ ရပ်တည်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်တာမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်မှ စတင်၍ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့တဲ့ ကြီး
လေးသော ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံ
တကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနဲ့ ပြည်သူအများ ကြုံ
တွေ့ခံစားနေရမှု စသည်တို့ကို အလေးအနက်အထား ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပါတ်က(၈၁)ကြိမ်မြောက် ကု
လသမဂ္ဂအထွေထွေ ညီလာခံရဲ့ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးနဲ့ ဖွင့်ပွဲအခမ်း
အနားကို ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။အဲဒီနေ့မှာပဲ(၈၁)ကြိမ်မြောက်ကု
လသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ ကိုယ်စားလှယ်များကို စိစစ်မယ့် Credentials Committee ကိုဖွဲ့စည်းခဲ့ပါတယ်။
အဲဒီလို Credentials Committee ကို ဖွဲ့စည်းအပြီးမှာ အာဏာသိမ်းစစ်တပ်က ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးအဖြစ်ကနေ ထုတ်ပယ်ပြီးဖြစ်ကြောင်းနဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအတွက် တရားစွဲဆိုဖမ်းဝရမ်းထုတ်ထားကြောင်းထုတ်
ပြန်လာခဲ့တာပါ။စစ်တပ်လက်အောက်ခံ
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဦးကျော်မိုးထွန်းကို တရားခံပြေးအဖြစ် ကြေညာထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့
(INTERPOL)၊ အမေရိကန်ရဲတပ်ဖွဲ့တို့နဲ့ ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်ရေးလမ်းကြောင်းကနေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ခြိမ်းခြောက်ထားပါတယ်။
#သံအမတ်ကြီးဦးကျော်မိုးထွန်း
#ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် #peoplesspring #ps
#စစ်အုပ်စု

❤46👍12🤣3🥰1👏1🤮1🖕1
ဗန်းမော်ကပြန်ဆင်းလာပြီး KIA ပူးပေါင်းတပ်တိုက်ခိုက်လို့လွတ်လာတဲ့ စစ်တပ်သင်္ဘော ဇင်းဘုံမှာ ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်
စက်တင်ဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ရှိ သင်္ဘောတွေနဲ့ စက်တင်ဘာ ၁၃ရက်မှာ ထပ်မံ စုန်ဆင်းလာရာ အဲဒီနေ့မှာ တိုက်ခိုက်ခံရပြီး သင်္ဘောအချို့ နစ်မြုပ်မီးလောင်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၁၃ရက်က တိုက်ခိုက်ခံရတဲ့ သင်္ဘော ၆စီး ရှိပြီး အဲဒီထဲက ၃စီးနစ်မြုပ်ကာ ၁စီးပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့က သင်္ဘော ၆စီးလုံးထိခိုက်ခဲ့ပြီး ၄စီးနစ်မြုပ် ၂စီးမီးလောင်ခဲ့တယ်လို့ သတင်းရင်းမြစ်က ကနဦး ပြောထားပေမဲ့ ဒီမနက်မှာတော့ မနေ့က ထိခိုက်ခဲ့တဲ့ သင်္ဘောအရေအတွက်ဟာ ၄စီးသာရှိတယ်လို့ ပြန်လည်ပြင်ဆင် ပြောပါတယ်။
" ဗန်းမော်က ဆင်းလာတဲ့ သင်္ဘော ၁စီး ဒီမနက် ဇင်းဘုံနားမှာ မြုပ်သွားပြီ။ မနေ့က ၃ စီးမြုပ် ၁စီးပျက်စီး။ ဒီနေ့ ၁စီးဆိုတော့ ၅စီးပေါ့။မနေ့က လွတ်သွားတဲ့ဟာတွေ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခြားသတင်းရင်းမြစ်တဦးကလည်း ဒီမနက် တိုက်ခိုက်ခံရတဲ့ သင်္ဘောဟာ မနေ့က ဗန်းမော်မြို့နယ် အောက်စာဝတီး တစ်ဝိုက် ဆူးပုတ်ကုန်းမှာ တိုက်ခိုက်ခံရလို့ စက်ပျက်ပြီး မျောလာတဲ့ သင်္ဘောဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီသင်္ဘောဟာ ဒီမနက်စက်တင်ဘာ ၁၄ရက် တိုက်ခိုက်ခံရမှုမှာ ရေယာဉ် တိုက်ရိုက်ထိမှန် မီးလောင်နစ်မြုပ်သွားတာလို့ ဆိုပါတယ်။
လတ်လောမှာ စစ်သင်္ဘောတွေ ဖြတ်သန်းရာ ဗန်းမော်မြို့နယ် စင်းခန်းဒေသမှာ မြေပြင်တိုက်ပွဲတွေ တိုက်ပွဲတွေဆက်ရှိနေဆဲဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဗန်းမော်ဘက်တော့ စစ်ရေး မထူးသေးဘူး။အခု စင်းခန်းနားမှာတော့ နေ့တိုင်း တိုက်ပွဲရှိတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘော အများအပြားကို ရွှေကူနဲ့ ဗန်းမော်ကြားမှာ တိုက်ခိုက်ဖျက်ဆီးထားနိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
တိုက်ခိုက်ဖျက်စီးခဲ့တဲ့ သင်္ဘောအရေအတွက် အတိအကျ ထုတ်ပြန်တာမရှိပေမဲ့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ၂၀၂၆ ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၁၄ရက်အထိ စစ်သင်္ဘောတွေအပါအဝင် တွန်းသင်္ဘော၊ သံခွန်သင်္ဘော စုစုပေါင်း စစ်တပ်သင်္ဘော ၂၀စီးနီးပါးကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
တိုက်ခိုက်ဖျက်ဆီးခံရတဲ့ သင်္ဘောအများစုဟာ ဗန်းမော် နဲ့ ရွှေကူကြား စင်းခန်းဒေသ၊ ဇင်းဘုံဒေသ တွေမှာ ဖြစ်ပါတယ်။ ရွှေကူကနေ ဗန်းမော်မြို့ကို သင်္ဘောတွေ ဆန်အတက်မှာ တိုက်ခိုက်ဖျက်ဆီးခံရတာရှိသလို ဗန်းမော်မြို့ကနေ ပြန်စုအဆင်းမှာလည်း တိုက်ခိုက်ဖျက်ဆီးခံရတာရှိပါတယ်။
အဲဒီလို တိုက်ခိုက်ခံရလို့ စစ်တပ်ဘက်က သေဆုံးထိခိုက်တာ၊ ရေထဲခုန်ချ ရေစီးနဲ့ မျောပါသွားတာ၊ KIA ပူးပေါင်းတပ်ထံ လက်နက်ချတာတွေ ရှိခဲ့ပါတယ်။
KIA ရဲ့ သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၂ရက် ရေကြောင်းတိုက်ပွဲမှာ စစ်တပ်က လက်နက်ချသူ ၁၅၀ ကျော်ရှိရာ အဲဒီထဲက ဗိုလ်ကြီး ၂ဦးအပါအဝင် ၁၁၈ဦးဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန်သူတွေကတော့ အမျိုးသမီး၊ ကလေးငယ်စတဲ့ တပ်မိသားစုဝင်နဲ့ အရပ်သားအချို့ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်းလည်း KIA က ထုတ်ပြန်ထားပါတယ်။
(စစ်သင်္ဘောကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနေစဉ်။ ရုပ်သံ - CJ)
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဗန်းမော်စစ်သင်္ဘော #ဇင်းဘုံတိုက်ခိုက်မှု #စစ်သင်္ဘောနစ်မြုပ်မှု #KIAပူးပေါင်းတပ်

❤28👍11👏8🤣2👎1💩1🖕1
စစ်ကိုင်းမှာ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ
စက်တင်ဘာ ၁၄၊ ၂၀၂၆။ ဟာနာဆန်/People's Spring။
စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၁၃ ရက်က စစ်ကိုင်းမြို့၊ အမှတ်(၁၆)ရဲတပ်ရင်း အနီးမှာ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ တပ်မ(၃၃) သွားတဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကား ၁စီး ပျက်စီးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီ ပျက်စီးသွားတဲ့ ကားကို ကရိန်းနဲ့ လာဆွဲချိန်မှာလည်း စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ပြီး လမ်းကို အချိန်အတန်ကြာ ပိတ်ထားခဲ့ပါတယ်။ စစ်သားတွေက ကားပေါ်ကဆင်းပြီး ရမ်းသမ်းပစ်ခတ်ရင်း အသင့်ပြင်ထားတဲ့ မိုင်းကွင်းထဲ ဝင်လာတာမို့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"မိုင်းမိတဲ့အချိန်မှာပဲ ကားကြီး ၁စီးက လုံးဝ ပျက်စီးသွားတာ။ အချိန်အတော်ကြာမှ ကရိန်းနဲ့ လာဆွဲသွားတာ။ ယာဉ်တန်းလာတဲ့အချိန် လုံခြုံရေး ယူပေးတဲ့ကောင်တွေပါ ကားကို မိုင်းမိတဲ့အချိန် သေတယ်၊ ကားပေါ်ကကောင်တွေ သေဆုံးထိခိုက်ရှိတယ်။ အဲ့နောက် ကင်းပုန်းနေရာတွေကို ၈၀ မမ လက်နက်ကြီးနဲ့ ပစ်တယ်။ အဲ့ဖြစ်စဉ်မှာလဲ သေဆုံးရှိတယ်။ အများဆုံး သေတာကကျ ယာဉ်တန်းကားပေါ်ကကောင်တွေ။ ပကားပေါ်ကနေ ဆင်းပီးတော့ပစ်တာ။ ပစ်ရင်းနဲ့ ကျနော်တို့ မိုင်းပွိုင့်ထဲကို ဝင်လာတာ၊ အဲ့အချိန် မိုင်းဆွဲလိုက်တာက အများကြီးကိုသေတာ"လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီဖြစ်စဉ်တွေအတွင်း စစ်တပ်က ထိခိုက်သေဆုံးမှုများပြီး စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ဦး သေဆုံးကာ နောက်တစ်ဦး ခြေထောက် သေနတ်မှန် ဒဏ်ရာရသွားခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ စစ်အုပ်စုထိခိုက်မှုအခြေအနေတွေကိုတော့ အတည်ပြုလို့ မရသေးပါဘူး။
ကျည်တစ်တောင့် တစ်သောင်းနှုန်းနဲ့ ကူလို့ရတယ်လို့ဆိုတဲ့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)ဟာ လက်ရှိ ကျည် ၃၀၀ဝ ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၁ ရက်ကလည်း စစ်ဏမြို့ မြေစာရင်းရုံးနဲ့ သစ်တောရုံး ကြားမှာ ပါဆယ်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲခဲ့ပြီး ဝန်ထမ်းတွေ CDM လုပ်ဖို့ သတိပေးခဲ့ပါသေးတယ်။
(ရုပ်သံ-လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့(စစ်ကိုင်း)
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #စစ်ကိုင်းစစ်ယာဉ်တန်း #မိုင်းဆွဲတိုက်ခိုက်မှု #စစ်ကိုင်းစစ်ရေး #စစ်ကောင်စီတပ် #မြန်မာ့စစ်ရေးသတင်း #SagaingConvoy #MilitaryConvoyAttack #SagaingConflict #MyanmarJunta #MyanmarNews

👍38❤10👎1🥰1👏1💩1🤣1🖕1
■Photo News
စက်တင်ဘာ ၁၄ ရက်ညမှာ လ နဲ့ သောကြာ
ဂြိုဟ်(Venus) တို့ကို မြန်မာနိုင်ငံမှ မြင်တွေ့ရပုံဖြစ်ပါတယ်။ လအနီးမှာ သောကြာဂြိုဟ်ဟာ တောက်ပစွာနဲ့ မြင်တွေ့ရတာပါ။ယနေ့ညမှာ လ နဲ့ သောကြာဂြိုဟ်တို့ဟာကမ္ဘာကနေကြည့်ရင် တစ်တန်းတည်းနီးပါးဖြစ်ပြီးနီး
ကပ်စွာတည်ရှိနေသလိုမြင်တွေ့ရတာဖြစ်ပါတယ် ။ ။ဓါတ်ပုံ-U Pyay
#moon #venus #peoplesspring #ps

👍40❤11🔥4🤣1
ဒီးမော့ဆိုအနောက်ခြမ်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်နေ
စက်တင်ဘာ -၁၅၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့(စက်တင်ဘာ ၁၅ရက်)မနက်ပိုင်း ၉ နာရီခွဲ၀န်းကျင်မှာ ဒီးမော့ဆိုမြို့နယ်က ပဆေးလာရွာဘက်ခြမ်းကို စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတာအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
"လေယာဉ်ကြဲပြီး လက်နက်ကြီးတွေနဲ့လည်း ထုလာတာ။ပြည်သူတွေပဲရှိနေတာလေ"လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
မြေပြင်အခြေအနေအရ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးဘဲ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ကျောင်းတွေ ပိတ်ထားဖို့နဲ့ ဒေသခံပြည်သူတွေ ဗုံးခိုကျင်းတွေမှာ နေထိုင်ဖို့ ကရင်နီစစ်ရှောင်အရေးကူညီသူတွေက တိုက်တွန်းပါတယ်။
"၉ နာရီ ကျော်ကစပြီး လေယာဉ်နဲ့ကြဲတာ ။၁၀ နာရီနောက်ပိုင်း ၁၁ ကျော်တဲ့အထိ လက်နက်ကြီးနဲ့ပစ်တယ်။အဲဒီဘက်က ဘာတိုက်ပွဲမှတော့ မရှိဘူး"လို့ ကရင်နီစစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်တပ်ဟာ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ်ဘက် ကို စစ်ကြောင်းထိုးနေသလို ဒီးမော့ဆိုမြို့အနီးမှာလည်း တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲရှိနေပါတယ်။
စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့အနီး၀န်းကျင်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။
အခု စက်တင်ဘာအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆို၊လွိုင်ကော် နဲ့ မော်ချီး ဒေသမှာ ကလေးငယ်တွေ အပါအ၀င် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးထားပါတယ်။
ရုပ်သံ - Karenni Hope
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ဒီးမော့ဆိုအနောက်ခြမ်း #စစ်တပ်ဗုံးကြဲမှု #ကယားစစ်ရေး #ကရင်နီစစ်ရေး #မြန်မာ့စစ်ရေးသတင်း #DemosoAirStrike #DemosoWest #KarenniState #MyanmarJuntaBombing #MyanmarConflict #MyanmarNews

👎15🤬7❤2👏1