ရေဘေးသင့်ပြည်သူတွေ ဝမ်းရောဂါမဖြစ်ဖို့ ရွှေဘိုမြို့နယ် ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး
သြဂုတ် ၁၆၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ဝမ်းရောဂါ မဖြစ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း ပကဖ အသံက ဒီကနေ့ (သြဂုတ် ၁၆) ထုတ်ပြန်ပါတယ်။
ရေဘေးသင့်ပြည်သူတွေနဲ့ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါနဲ့ ဖျားနာမှုတွေ ခံစားရနိုင်တာကြောင့် သောက်သုံးရေနဲ့ အစားအစာတွေကို သန့်ရှင်းစွာစားသုံးဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ကြဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကျန်းမာရေးမူမမှန်မှုတွေ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေထံ အမြန်ဆုံး ဆက်သွယ်ကုသမှုခံယူကြပါဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။
ရွှေဘိုမြို့နယ် အပါအဝင် အခြားသော မြို့နယ်တွေမှာလည်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါဝင် သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဓာတ်ပုံ - ပကဖအသံ

👍31❤7🥰3👏2🤮1🤣1🖕1
စစ်အာဏာရှင်ကို တွေ့ဆုံတဲ့ ထိုင်းအစိုးရကို ကန့်ကွက်ကြောင်း အမေရိကန်ရောက် မြန်မာတွေ ဆန္ဒပြ
သြဂုတ် ၁၆၊၂၀၂၆။သုည/People's Spring
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၆)မှာ ဆန္ဒပြခဲ့ကြပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတိုင်း လိုက်နာဖို့ မကြိုးစားဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြုဖို့ လုပ်တဲ့ကိစ္စမှန်သမျှကို လုံးဝဆန့်ကျင်ကြောင်း ပြည်ပရောက် မြန်မာ့အရေးဆောင်ရွက်သူတွေက ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ဒါ့အပြင် "Anti Dictators in Burma" ၊ "Burmese Military Stop Killing Us" ၊ "Save Myanmar" ၊ "Let's End Military Dictatorship" ၊ "ကမ္ဘာမကြေဘူး" ၊ "စစ်အာဏာရှင်စနစ် ကျရှုံးရမည်" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့သလို "Proof of Life" နဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
ဓာတ်ပုံ - Myanmar Society of USA,INC

❤37👍15🥰2🤮2👏1🤣1🖕1
■ဆောင်းပါး
စစ်တပ်ရဲ့ရိုင်းစိုင်းမှုကိုဖော်ပြတဲ့ဓါတ်ပုံတစ်ပုံ
-ခိုင်မြတ်ရေးသားသည်။
စစ်တပ်ဗုံးကြဲတာကြောင့် သားငယ်ကိုဖက်ထားလျက်အကာအကွယ်ပေးဖို့ကြိုးပမ်းခဲ့ရင်းသေဆုံးနေတဲ့ သားအမိ နှစ်ဦးရဲ့ ဓါတ်ပုံက မြင်ရသူအပေါင်းကို ဝမ်းနည်းကြေကွဲစေပါတယ် ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ ၊အစုလိုက်
အပြုံလိုက်သတ်ဖြတ်တဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေ မကြာခဏကြုံရတာကြောင့် ပြည်သူတွေနှလုံးသားတွေ အကြိမ်ကြိမ် ကြေကွဲခဲ့ရတာကြောင့် ထုံကြင်နေတာတောင် ကျိန္တလီမြို့က မဖြိုးဖြိုးကျော်တို့သားအမိဓါတ်ပုံက
မြင်ရသူအပေါင်းကို ဝမ်းနည်းဆို့နင့်စေခဲ့ပါတယ်။
"အပြစ်မရှိတဲ့ကလေးတွေဘဲ သေနေရတေ သူတို့တွေကလူတောင်မဖြစ်သေးဘူး"လို့ရခိုင်ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာဩဂုတ်လ ၁၃ ရက်နေ့ ည၊ ၁၀ နာရီခွဲအချိန်မှာ အာရက္ခတပ်တော်(AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ပေါ် အမှတ်(၁)ရပ်ကွက် မေတ္တာပေါင်းကူးလမ်း ပေါ်ရှိ မဖြိုးဖြိုးကျော်တို့နေအိမ်အပါ
အဝင် နေအိမ်တွေကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာပါ။
စစ်တပ်ကအားပြင်းလှတဲ့ဗုံးကိုကြဲချတာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမင်းဝေခန့် ၊ဇနီးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဖြိုးဖြိုးကျော်တို့နဲ့သားငယ် နှစ်ဦးဖြစ်တဲ့အသက် ၁၂ နှစ်အရွယ် မောင်ဥာဏ်လင်းခန့် ၊အသက် ၇ နှစ်အရွယ်မောင်နေလင်းသန့်တို့မိသားစုတစုလုံးကွယ်လွန်ခဲ့ပါတယ် ။
အာဏာသိမ်းစစ်တပ်ကအပြစ်မဲ့အရပ်သားလူနေကျေးရွာ၊ ရပ်ကွက်တွေကိုပါမရှောင် မကြာခဏဗုံးလာကြဲတတ်တာမို့ မဖြိုးဖြိုးကျော်တို့ မိသားစုဟာ လေကြောင်းလာရင်
အဆင်သင့်ပုန်းခို၊ ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းကို အိမ်အနီးမှာပဲ ကြိုတူး၊ ပြင်ဆင်ထားခဲ့ကြတာပါ။
သားကြီး၊ သားငယ်၊ အမျိုးသားဖြစ်သူတို့နဲ့ တနေ့တာ အနားယူ၊ အိပ်စက်ဖို့ လုပ်နေချိန်မှာပဲ လေယာဉ်သံ ကြားတဲ့အတွက်သားငယ် မောင်နေလင်းသန့်ကို ခါးမှာပိုက်၊သားကြီး မောင်ဉာဏ်လင်းသန့်ကိုလက်တွဲခေါ်ကာ ဗုံးခိုကျင်းထဲ အပြေးအလွှား ဝင်ပုန်းခဲ့ကြပါတယ်။
လေယာဉ်ကနေ ဗုံးကြဲမချခင် ဗုံးခိုကျင်းထဲ အချိန်မီရောက်ခဲ့ကြပေမယ့် သူတို့အသက်တွေ ဘေးမကင်းခဲ့ပါဘူး။ သူမတို့ မိသားစု ဗုံးခိုကျင်းထဲရောက်လို့ စက္ကန့်ပိုင်းအကြာမှာပဲ စစ်တပ်ရဲ့တိုက်ခိုက်ရေးဂျက်ဖိုက်တာကနေ ဗုံးနှစ်လုံး ကြဲချရာ နေအိမ်နဲ့ ဗုံးခိုကျင်းပေါ် ထိမှန်ပေါက်ကွဲသွားခဲ့ပါတော့တယ်။
“လေယာဉ်သံကြားလို့ ဗုံးတွင်းထဲကိုဆင်းသွားတယ်။ အဲဒီခါမှာ ဗုံးကျင်းကို တည့်တည့်ကျသွားတာ။ အဲဒီသားအမိ အလောင်းတွေဆိုရင် တွင်းထဲမှာ မြေမြုပ်ပြီးသားလို ဖြစ်သွားတာ တော်တော်သနားဖို့ကောင်းတယ်” လို့
ကျိန္တလီဒေသခံကိုကျော်လင်း (လုံခြုံရေးကြောင့် အမည်လွှဲ)ကပြောပါတယ်။
မဖြိုးဖြိုးကျော်ဟာ ဗုံးခိုကျင်းထဲ သေဆုံးသွားချိန်မှာတောင် သူ့သားငယ်ကို ဖက်လျက်သား။ မသေဆုံးခင်လေယာဉ်သံ၊ ဗုံးကျသံတို့ကြောင့်မဖြိုးဖြိုးကျော်တို့သားအမိတွေ ဘယ်
လောက်တောင်ကြောက်နေခဲ့ကြရှာမလဲမသိ။
“သေရေးကြုံလာတဲ့အခါတောင် အမေဆိုတာ သားသမီးကို ဘယ်လောက်ထိ ကာကွယ်ပေးလဲဆိုတာ မြင်ရတယ်။ ဘယ်လိုမှ မခံစားနိုင်ဘူး။ ငိုမိတယ်။ သား၊ သမီး ရှိတဲ့သူတွေဆို ကြည့်တောင် ကြည့်နိုင်မှာမဟုတ်ဘူး။ သူတို့တွေရက်စက်၊ယုတ်မာတာဒီဓါတ်ပုံတပုံတည်းနဲ့တောင်ပေါ်နေပြီ။စကားနဲ့တောင်မပြောချင်တော့ဘူး” လို့ ကျိန္တလီ ဒေသခံ မခိုင်ကပြောပါတယ်။
မခိုင်ပြောတဲ့ ဓါတ်ပုံဆိုတာ မဖြိုးဖြိုးအောင်တို့ မိသားစုဗုံးခိုကျင်းထဲဖက်လျက်သားသေ
ဆုံးနေတာကို မှတ်တမ်း တင်ထားတဲ့ ဓါတ်ပုံကို ပြောတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ မြင်ရသူတိုင်းအတွက်အလွန်ကြေကွဲဝမ်းနည်း
ရပြီးအာဏာသိမ်းစစ်တပ်ဟာ ဘယ်
လောက်တောင်မှ ရက်စက်ယုတ်မာတယ်ဆိုတာ အထင်းသား မြင်နိုင်တယ်လို့ သူမက ဆက်ပြောပါတယ်။
သူတို့မိသားစုလေးဦးအပြင် မဖြိုးဖြိုးကျော် ရဲ့ ညီမဖြစ်သူ အသက် ၂၆ နှစ်အရွယ်မဝင်းအိကျော်လည်း ဒဏ်ရာဗရပွနဲ့ သေဆုံးခဲ့ရပါတယ်။သူတို့ ၅ ဦးအပြင်အိမ်နီး ချင်းသုံးဦးစုစုပေါင်းလူရှစ်ဦးဟာ တနေ့တည်းတချိန်တည်းမှာပဲ စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရပါတယ်။ဒါ့အပြင် ပြည်သူတဦး ဒဏ်ရာရခဲ့ပါသေးတယ်။
“တချို့ဆိုရင် အလောင်းတောင် အပြည့်အစုံမရဘူး။ အသားစတွေ လိုက်ကောက်ရတယ်။ ဗုံးနှစ်လုံးချတာ ၈ ယောက်သေတယ်။ အကုန်
လုံး အမျိုးတွေ၊ အိမ်နီးချင်းတွေ” လို့ ကျိန္တလီဒေသခံ ကိုကျော်က ပြောပါတယ်။
အိမ် ၇ လုံး၊ သုံးဘီးဆိုင် ကယ် တစီးပါး ပျက်
စီးခဲ့ရပါတယ်။ကျိန္တလီမြို့ဟာ ဂွမြို့နဲ့ သံတွဲမြို့အကြားမှာတည်ရှိပြီးအရင်က လူဦးရေ
ထူထပ်၊ စည်းကားခဲ့တဲ့ ဂွမြို့နယ်ရဲ့ မြို့နယ်
ခွဲတခုဖြစ်ပါတယ်။
စစ်တပ်ဟာ ရခိုင်ဒေသမြို့နယ်တွေကို AA က သိမ်းပိုက်ပြီးနောက်ပိုင်း AA စခန်း၊ AA ရုံးတွေမရှိ၊ အရပ်သားတွေနဲ့ စစ်ဘေးရှောင်တွေသာရှိတဲ့ ကျိန္တလီမြို့ကို ဗုံးကြဲနေခဲ့တာဟာအကြိမ်ပေါင် ဆယ်ကြိမ်ကျော်လာပြီလို့ ဒေသတွင်း လူမှုရေးအဖွဲ့တွေရဲ့ အချက်
အလက်တွေအရသိရပါတယ်။

😢12❤9👍5🤬5🖕2👏1🤣1