People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဗုံးကြဲခံရလို့ ​သေဆုံးဒဏ်ရာရခဲ့တဲ့က​လေးငယ် ၂ ဦး ။ အပျက်အစီး​တွေနဲ့ ​သေဆုံ၊ဒဏ်ရာရသူ ၊​​နေအိမ်ပျက်စီးသူစာရင်း။ ဓါတ်ပုံ-AA Infodesk
😢42🤬173😭2👎1🥰1👏1🤮1🤣1🍾1
စဉ့်ကူးနယ်က ရွှေဘယက်ရွာကို စစ်တပ် ဗုံးကြဲ၊ အမျိုးသား ၁ဦး ထပ်မံသေဆုံး

ဩဂုတ်-၁၆၊၂၀၂၆၊ရှိန်း/People's Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ရွှေဘယက်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၆၄)နှစ်အရွယ် ဒေသခံ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၆ ရက် ဒီကနေ့ မနက်၁၀နာရီကျော်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စဉ့်ကူးမြို့နယ်၊ညောင်ပင်ရွာက စစ်တပ် အထိုင်စခန်း နေရာကနေ ရွှေဘယက်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုအတွင်း (၆၄)နှစ်အရွယ် ဦးတင်ထွန်း ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။

" ဗုံးထိတာ။ဆေးကုဖို့ ခေါ်သွားရင်း လမ်းမှာဆုံးသွားတယ်လို့ ပြောတယ်။ရေကြောင်းကလည်း သင်္ဘော တွေနဲ့တက်လာတယ်။ဒရုန်း တွေလည်းကြဲ နေတာ ၄ရက်ရှိပြီ။အထိခိုက်များတယ်၊"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က စဉ့်ကူးမြို့နယ် ထုံးကြီး၊ ရွှေဂုံတိုင်နဲ့ ညောင်ပင်ရွာတို့ကနေ ဒရုန်းတွေနဲ့ ရွှေဘယက်၊ပေါက်ကုန်း၊ဆင်သေရွာတွေကို ဗုံးကြဲတာတွေဆက်တိုက်လုပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၄ရက်ကလည်း ဆင်သေကျေးရွာက အမျိုးသမီး ၁ဦး ဒရုန်းဗုံးထိမှန် သေဆုံးခဲ့ပြီး အဲဒီနေ့မှာပဲကြက်တူရွေးရွာက ပြည်သူ ၄ဦး ထိမှန်ဒဏ်ရာ တွေရခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ရေဘေးသင့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊မန္တလေးတိုင်း၊ မကွေးတိုင်အပြင် နိုင်ငံနှံ့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ရေဘေးသင့်ဒေသက ရေဘေးရှောင်ပြည်သူတွေ ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်မှုတွေ ဖြစ်နေပါတယ်။


(စစ်တပ် ဗုံံးကြဲတိုက်ခိုက်လို့ သေဆုံးခဲ့ရတဲ့ အမျိုးသား။ ဓာတ်ပုံ - Wetlet information Network)
🤬327👎4👏1🎉1
🤬27😢64👎4👏1
နဂါးတပ်မှတပ်ရင်းမှူးနှစ်ဦး ထွက်ပြေးပြီးနောက် ဆေးကုပေးတဲ့ပင်လည်ဘူးဆေးရုံကို စစ်တပ်ဗုံးကြဲ

■စစ်တပ် ဗုံးကြဲလို့ ပြည်သူ ၁ ဦး​သေပြီး ၇ ဦးဒဏ်ရာရ

ဩဂုတ်-၁၆၊၂၀၂၆။ကတ်သရင်း/People's Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက်နဂါးရဲ့ BNRAတပ်ဖွဲ့မှ တပ်ရင်းမှူးနှစ်ဦးဟာ ပင်လည်ဘူးမြို့နယ်ကဆေးရုံမှာ ဆေးကုသ​​နေရင်းထွက်ပြေးသွားပြီးတဲ့နောက် အဲဒီဆေးရုံကို စစ်တပ်က လေကြောင်းက​နေ ဒီ​နေ့ဗုံးကြဲခဲတယ်လို့ဒေသခံ တွေက ပြောပါတယ်။

ဩဂုတ်လ၁၆ရက် နေ့၊ ည​နေ ၄နာရီဝန်းကျင်မှာ ပင်လည်ဘူးမြို့နယ် ကင်းပန်းဆေးရုံနဲ့ စာသင်ကျောင်းကို စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲသွားတာလို့ သိရပါတယ်။

"နဂါးထဲကနှစ်ကောင်ထွက်ပြေးပြီးတော့ အဲဒီနေရာကို စစ်တပ်က လာကြဲတာပဲ။အထိခိုက်တော် တော်များတယ်လို့ သိရတယ်"လို့ ဒေသ
ခံတဦးက ပြောပါတယ်။ထပ်မံရရှိတဲ့သတင်း​တွေအရ ဗုံးကြဲခံရမှု​ကြောင့် ပြည်သူ ၁ ဦး​သေဆုံး ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ် ။ဒဏ်ရာရရှိသူ​တွေ ထဲမှာ က​လေးငယ် ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦးပါဝင်ပြီး ဒဏ်ရာပြင်းထန်တဲ့အတွက်​ဆေးကုသမှုခံယူ​နေရတယ်လို့ သိရပါတယ် ။

နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအမိန့်နဲ့ PDFနဲ့ ပကဖ တပ်ရင်း၊တပ်ဖွဲ့တွေကတိုက်ခိုက်ရှင်းလင်း
ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ BNRA တပ်ရင်းမှူး သုဘရာဇာနဲ့ ဒေါင်းညိုတို့ဟာ ဆေးကုသမှုခံယူစဥ်ထွက်ပြေးသွားတာလို့ ဖြစ်စဥ်သိတဲ့​ဒေသခံသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သူတို့ ၂ဦးဟာ လူနာစောင့်ကို အဆိပ်လိုလို ၊ အိပ်ဆေးလိုလို ခပ်ပြီးထွက်ပြေးသွားလို့ တွေ့ရှိရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားဖို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော် တစ်ဦးက လူမှုကွန်ရက်ကတဆင့် ဩဂုတ် ၁၅ရက် ညပိုင်းမှာ အသိပေးထားပါတယ်။

ပင်လည်ဘူးမြို့ဟာ PDFနဲ့ တော်လှန်ရေးတပ်တွေ ၂၀၂၃ နိုဝင်လကတည်းကထိန်းချုပ်ထားခဲ့တဲ့ မြို့ဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ ၁
ရက်ညနက်ပိုင်းကစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှုအချို့အပါအဝင် ဥပဒေမဲ့လုပ်ရပ်တွေကို နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ဝင်တွေက ကျူးလွန်နေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့် BNRA စခန်းတွေကို PDFနဲ့ ပကဖ ရဲဘော်တွေက ဖယ်ရှားရာကနေ ၂၀၂၆ ဖေဖော်ဝါရီ ၁၇ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီ​နောက် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့က စစ်တပ်နဲ့ပူး​ပေါင်းသွားပြီး စစ်တပ်က ဗိုလ်နဂါးကို ရဟတ်ယာဥ်နဲ့ ​ခေါ်​ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းမှာ ကျန်ရှိနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို PDFနဲ့ ပကဖ ရဲဘော်တွေက လိုက်လံဖမ်းဆီးတာတွေ၊ စည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

BNRA စခန်းတွေစီးနင်းဖယ်ရှားပြီးနောက် လက်ကျန်တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်တွေအပ်ဖို့၊ပြစ်မှုမရှိရင်တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့နဲ့ ပြစ်မှုရှိသူတွေကို စစ်
ဆေး၊ ဖော်ထုတ်၊ အပြစ်ပေး၊ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာ
ကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ခဲ့ပြီးပြစ်မှုကျုးလွန်ထားခြင်းမရှိတဲ့ သူတွေစိတ်ဆန္ဒရှိပါက စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ MODကလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

PDF နဲ့ ပကဖထံ BNRA တပ်ဖွဲ့ဝင် ၂၀၀‌ ကျော် လက်နက်ချခဲ့ပြီး ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ စစ်နိုင်ဆိုသူတွေလည်း ပါဝင်ပါတယ်။နဂါးနဲ့အတူ ယောက်ဖဖြစ်တဲ့ BNRA ဒုဥက္ကဋ္ဌကိုဖြိုးနဲ့ စစ်ရေးဝာာဝန်ခံ ကိုလတ်အပါအဝင် ၅ ဦးနဲ့ စုစုပေါင်း ၂၀ ကျော်ဟာစစ်တပ်နဲ့ ပူး​ပေါင်းသွားခဲ့ကြပါတယ်။

သုဘရာဇာနဲ့ ဒေါင်းညိုဟာ ထွက် ပြေးတဲ့ဖြစ်စဉ်ဟာ BNRAအဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူအချို့ကို ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားတဲ့ ဒုတိယမြောက်ဖြစ်စဉ် ဖြစ်ပါတယ်။ ဖေ‌ဖော်ဝါရီမှာဘဲBNRAတပ်ရင်း(၃)တပ်ရင်း
မှူး ဗိုလ်မျက်လုံးဟာ PDF တွေဆီ လက်နက်
ချပြီးမှ ထွက်ပြေးသွားကာစစ်တပ်နဲ့ ပူးပေါင်းခဲ့ပါတယ်။

စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ BNRA ခေါင်းဆောင်နဂါးကတော့လက်ရှိမှာတော်လှန်ရေးကိုပုံဖျက်တဲ့ သုံးသပ်ချက်စာတွေလူမှုကွန်ယက်
ပေါ်မှာရေးပြီးစစ်တပ်အတွက်ဆက်တိုက်ဝါဒ
ဖြန့်ချိနေတယ်လို့ ပုလဲမြို့နယ်ကတော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။


●မှတ်ချက်-သတင်းကို ထပ်မံဖြည့်စွက်ထားပါတယ်
🤬439👎2👏2🎉1
(BNRA တပ်ရင်းမှူး သုဘရာဇာနဲ့ ဒေါင်းညို တို့ကို ၂၀၂၆ ​ဖေ​ဖော်ဝါရီ တတိယပါတ်မှာ
PDF ​တွေကဖမ်းဆီးထိန်းသိမ်းပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-ရဲ​ဘော်ကိုစွမ်း
💩26🤬132🖕2👍1👎1👏1
ဝေဖန်မှုမြင့်တက်နေတဲ့ YBS ကားခ ၅၀ ရာခိုင်နှုန်းတက်မယ့် အစီအစဉ် ပယ်ဖျက်

သြဂုတ်-၁၆၊၂၀၂၆။ရောင်နီ/People's Spring

YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့်အစီအစဥ်ကို ဝေဖန်မှုမြင့်တက်ခဲ့တာကြောင့် ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က ပြောပါတယ်။

လက်ရှိရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး ၄၀၀ ကျပ်ကနေ ၆၀၀ကျပ် ၊ ၂၀၀ ကျပ်ကနေ ၃၀၀ကျပ် အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးလျန်ကျင့်မန်က ဩဂုတ်၁၄ ရက် ညနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

" ကျွန်တော်တို့ ဩဂုတ်လ ၁၄ ရက်နေ့က YBS ယာဉ်စီးခ တိုးမြှင့်မှုဆိုတာ ပြန်ဖျက်လိုက်ပါပြီ။စက်တင်ဘာလ ၁ ရက်က စတင်ပြီးတော့ တိုးမြှင့်မှု ကြေညာချက်ကိုဒီနေ့ ဩဂုတ်လ ၁၆ ရက်နေ့မှာစတင်ပြီးတော့ ပြန်လည် ပယ်ဖျက်လိုက်ပါပြီ။ တော်တော်လေးလည်းဝေဖန်ကြတယ်။ ခရီးသည်တွေဘက်ကလည်းအဆင်မပြေဖြစ်တယ်ဆိုတယ့် ဝေဖန်သံတွေကြားရတော့ ဖျက်သိမ်းလိုက်တာပါ" လို့ YRTC မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယာဥ်ပြင်ဆင်ခစရိတ်တွေ ကြီးမြင့်လာတာကြောင့် YBS ကားခတွေကို စက်တင်ဘာ ၁ ရက်ကနေစပြီး
တိုးမြင့်ကောက်ခံမယ်လို့ YRTC က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခရီးစဥ် အစ/အဆုံး ၄၀၀ ကျပ်ကနေ ၆၀၀ ကျပ်အထိလည်းကောင်း ၊ မြို့တွင်းခြောက်မြို့နယ်အတွင်း ပြေးဆွဲနေတဲ့ YBS 56 ၊ YBS 57 ၊ YBS 58 ကားခတွေကို ၃၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပါတယ်။

YBS ယာဥ်စီးခတိုးမြှင့်ကောက်ခံတာကို ခရီးသည်တွေက အဆင်မပြေဖြစ်နေကြပြီး ဝေဖန်မှုတွေမြင့်တက်လာတာလည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တိုင်းပြည်စီးပွား​ရေးကြပ်တည်းပြီး အလုပ်အကိုင်​တွေရှားပါးကာ ​ငွေ​ဖောင်းပွပြီး အ​ထွေ​ထွေစာရိတ်​တွေကြီးမြှင့်တာ​ကြောင့် ပြည်သူအများစုက ​အ​ခြေခံစားဝတ်​နေ​ရေးအတွက်ကို​တောင်ရုန်းကန်​နေကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်စီးခတွေကို ကတ်နဲ့ပေးဆောင်သူတွေကိုလည်း တိုးမြှင့်ကောက်ခံမယ်လို့ သိရပြီး ဈေးနှုန်းတရားဝင်ကြေညာတာတော့ မသိရသေးပါဘူး။ လက်ရှိမှာ YBS ကတ်အသုံးပြုသူတွေက ၄၀၀ တန်ခရီးစဉ်ကို ၃၅၀ကျပ် နဲ့ ၂၀၀တန်ခရီးစဉ်ကို ၁၅၀ ကျပ်ကျသင့်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဏာရှင်ဟောင်းနေဝင်းမျိုးဆက်တွေ ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းအောက်က YBS ယာဉ်တွေအပါအဝင် အချို့ယာဉ်လိုင်းတွေ က ယာဉ်စီးခကို ကတ်စနစ်နဲ့ငွေချေခွင့်မပေးပဲ ငွေသားနဲ့ ပေးချေရတာဖြစ်ပါတယ်။

YRTC လက်အောက်မှာ YBS ယာဉ်အစီးရေ ၆ဝဝဝ ကျော်ရှိနေပြီး နေ့စဉ်ယာဉ်အစီးရေ ၃ဝဝဝ ခန့်ပြေးဆွဲ ပေးနေတယ်လို့ သိရပါတယ်။
👏18😁87👍5🥰1
👍29🥰1😁1
SCEF အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသ တို့သဘောတူ

ဩဂုတ်-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အဖွဲ့ဝင်အဖြစ် ပါဝင်ရန် မန္တလေးဒေသနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့သဘောတူညီခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

SCEFအနေနဲ့စစ်ကိုင်းဖက်ဒရယ်ယူနစ်၊မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆွေး
နွေးမှုတွေ ပြုလုပ်လျက်ရှိရာ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

၂၀၂၆ မတ်လ ၃၀ရက်မှာKNU၊ KIO၊ NUG၊ CRPH၊ KNPP၊ CNF စတဲ့တော်လှန်ရေးအဖွဲ့ ​တွေနဲ့SCEFကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ဖွဲ့စည်း
ပြီးနောက် SCEFမှာပါဝင်မယ့်ပထမဆုံး​တော်လှန်​ရေးအင်အားစု​တွေအဖြစ် စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့က ပူး​ပေါင်း ပါဝင်လာတာဖြစ်ပါတယ်။

SCEF အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေနဲ့ ဩဂုတ် ၁၃ရက်မှာ တွေ့ဆုံခဲ့ပြီး ဩဂုတ် ၁၄ရက်မှာ မန္တလေးဒေသ အုပ်ချုပ်ရေးကောင်စီ ၊ မန္တလေးဒေသလွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံမှုတွေမှာ SCEF ဘက်က အလှည့်ကျ သဘာပတိ ခူဦးရယ် ဦးဆောင်တက်ရောက်ခဲ့တာဖြစ်ပြီး SCEF ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ၊ လုပ်ငန်းလမ်းညွှန် မူဘောင် (Operational Framework) နဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်အဆိုပြုချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှင်း
လင်းတင်ပြခဲ့တယ်လို့ SCEFက ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးမှုတွေအပြီးမှာ SCEF အဖွဲ့ဝင်အဖြစ် ပါဝင်မယ်လို့သဘောတူညီချက်များရယူအ
တည်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်
ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦး ဖွဲ့စည်းထားတဲ့ SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်
ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင်
စတဲ့ ထောက်တိုင်သုံးရပ် ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ဆောင်ရွက်မယ်လို့ စတင်ဖွဲ့စည်းချိန်ကတည်းက အသိပေးထားပါတယ်။

“ကျနော်တို့ SCEF ဆိုတာ တော်လှန်ရေး ၅နှစ်တာကာလ အတွေ့အကြုံကို ကျနော်တို့ အား
နည်းချက်တွေ အားသာချက်တွေ ပြန်လည်ဖော်ထုတ်ပြီး စစ်ကောင်စီကို တွန်းလှန်နိုင်မယ့် အပြောင်းအလဲ ဖြစ်နိုင်မယ့် အစုအရပ်ကြီးတခု SCEFကို ဖွဲ့စည်းတာဖြစ်ပါတယ်။ကျနော်တို့နဲ့ ရည်မှန်းချက်တူ ဦးတည်ချက်တူတယ်ဆိုရင်တော့ အင်အားကောင်းတဲ့ One Command, One Strategy(တစ်ခုတည်းသော အမိန့်ပေးကွပ်ကဲမှုနှင့် တစ်ခုတည်းသော စစ်ဗျူဟာ) အောက်မှာရှိတဲ့တပြည်လုံးအတိုင်း
အတာအပြောင်းအလဲအတွက်အခုက အ
တက်နိုင်ဆုံးလုပ်နေတာဖြစ်ပါတယ်” လို့ SCEF အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်၊ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားပါတယ်။

SCEF ဟာ စစ်ရေးနဲ့ပတ်သက်ပြီး ကော်မတီတရပ်ကို KNUနဲ့ KIO စစ်ရေးခေါင်းဆောင်တွေနဲ့ ဦးဆောင်ဖွဲ့စည်းထားသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ဆလိုင်းထက်နီက ပြောထားပါတယ်။
36👍12👏5🖕2🥰1🤮1
(SCEF အဖွဲ့ဝင်​တော်လှန်​​ရေးတပ်ဖွဲ့​တွေရဲ့ တပ်ဖွဲ့ဝင်​တွေ
33👍11🥰4👏3🖕3🤮1
■Photo Essay

အိမ်ပြန်မရောက်တော့တဲ့ နယ်လှည့်ဈေးသည်နှစ်ဦး

သြဂုတ်-၁၆၊၂၀၂၆။ကဖေး/People's Spring

ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေး​နေတဲ့ဓါတ်ပုံဖြစ်ပါတယ်။

စျေးသည်အမျိုးသားနှစ်ဦးဟာ တခြားရွာကနေလာပြီးကြက်သွန်၊ငရုတ်သီး၊ ဟင်းသီး
ဟင်းရွက်အပါအဝင် မီးဖို​ချောင်းသုံးစား
သောက်ကုန်တွေကို ဆိုင်ကယ်နဲ့ ရွာစဉ်လှည့်
လည်ပြီးရောင်းချသူတွေဖြစ်ပါတယ်။သြဂုတ်လ၁၆ရက်မနက်ပိုင်းမှာမိုးညှင်းမြို့အနီး
၇ မိုင်ကျေးရွာအနီး စစ်တပ်နဲ့ရှမ်းနီတပ်
(SNA)ပူးပေါင်းတပ်​တွေက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် ဆိုင်ကယ်တွေဟာ လမ်းလယ်ခေါင်မှာကျန်ရစ်ခဲ့ပါတယ်။

အဲဒီဆိုင်ကယ်နှစ်စီးပေါ်က ကုန်စည်တွေကို ဒေသခံတွေကအနီးပတ်ဝန်းကျင်မှာ လိုက်လံရောင်းချပေးခဲ့ကြပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးရဲ့မိသားစုဝင်တွေအနေနဲ့ ဈေးရောင်းချလို့ရတဲ့ငွေနဲ့ ဆိုင်ကယ်ကို အနီး၇မိုင်ကျေးရွာမှာ လာရောက်ထုတ်ယူနိုင်တယ်လို့ ဒေသခံတွေအချင်းချင်း သတင်းစကားပါးထားပါတယ်။

စစ်တပ်ဟာ ၂၀၂၄ ​ဖေ​​ဖော်ဝါရီလကစပြီးစစ်မှုထမ်းဥပဒေကို အဓမ္မထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေမှာ လစဉ်စစ်သားစု
ဆောင်းနေသလို အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းကိုပို့ဆောင်နေတာတွေလည်း ရှိနေပါတယ်။

မိုးညှင်းမြို့မှာဖမ်းဆီးခံလိုက်ရတဲ့ စျေးသည်နှစ်ဦးရဲ့ မိသားစုဝင်တွေကတော့ အိမ်ပြန်ရောက်မလာ နိုင်တော့တဲ့ အိမ်ထောင်ဦးစီးနှစ်ဦးအတွက်အရူးမီးဝိုင်းဖြစ်နေတော့မယ်လို့ မြို့ခံတွေကပြောပါတယ်။
😢424🖕2😱1🤮1🤣1
😢443🖕2🤬1🤮1🤣1
■သ​ရော်စာ

သတိ...ဗြဟ္မာ့ဦးခေါင်းကြီးလာနေပြီ

-ငြိမ်း ရေးသားသည်။

သူလာနေပြီ။
သင်တို့ဆီကို သူလာနေပြီ။ သမုဒ္ဒရာထဲပစ်ချရင်ရေခမ်း၊ ကောင်းကင်ပေါ်ပစ်တင်ရင်မိုးခေါင်၊ မြေပြင်မှာ ပစ်ထားရင်မီးဟုန်းဟုန်း
တောက်လောင်တဲ့ မြန်မာပြည်ဖွား ဗြဟ္မာ့ဦး
ခေါင်းကြီး သင်တို့ထံ လာနေပြီဖြစ်တဲ့အကြောင်း အချိန်မီ အသိပေးပါတယ်။ သတိကြီးကြီးထားကြဖို့ပါ။

မယုံမရှိပါနဲ့။ ထပ်ပြောပါရစေ။ သမုဒ္ဒရာထဲပစ်ချရင်ရေခမ်း၊ ကောင်းကင်ပေါ်ပစ်တင်ရင်မိုးခေါင်၊ မြေပြင်မှာ ပစ်ထားရင် မီးဟုန်းဟုန်း
တောက်လောင်တာမျိုး တကယ်ဖြစ်နေတယ်ဆိုတာ မယုံမရှိပါနဲ့။ အလှမ်းမဝေးသေးတဲ့ ဖြစ်စဉ်တွေကိုသာ ကြည့်လိုက်ပါ။

အနီးကပ်ဆုံးဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်ထိုင်း
နိုင်ငံကိုကြည့်နိုင်ပါတယ်။အခုလိုပဲ ထိုင်းနိုင်ငံကို ဗြဟ္မာ့ဦးခေါင်းကြီး သွားဖို့ရှိတယ်။ ထိုင်းဝန်ကြီးချုပ်က ဖိတ်ခေါ်ထားတယ်ဆိုတာကို ကြားသိလိုက်ကတည်းက သတိထားကြဖို့ ကြိုတင်သတိပေးခဲ့ဖူးပါတယ်။ တကယ်လည်း ထိုင်းမြေကို ဗြဟ္မာ့ဦးခေါင်းကြီးခြေချပြီး ၂၄ နာရီမပြည့်သေးခင်မှာပဲ ဖြစ်ရပ်ဆိုးတွေစတင်ကြုံတွေ့ရတော့တာပါပဲ။

ပထမဆုံးဖြစ်စဉ်က စာသင်းကျောင်းတစ်ခုမှာအသက် (၁၄) နှစ်အရွယ်Grade 9 ကျောင်း
သားတစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမငါးဦး၊ ကျောင်းသူတစ်ဦး၊ သူ့အဘိုး၊ အဘွားနှစ်ဦးအပါအဝင် သူကိုယ်တိုင် ပါသေဆုံးခဲ့ရတဲ့ လူကိုးဦးသေဆုံးခဲ့မှုဖြစ်ရပ်ဆိုးနဲ့ကြုံရပါတယ်။ ဒုတိယဖြစ်
စဉ်က အဲဒီနေ့၊ အဲဒီအချိန်နဲ့ မတိမ်း မယိမ်းမှာပဲ ဖြစ်ခဲ့တာပါ။ နေ့ကလေးထိန်းကျောင်းကို ကားဝင်တိုက်လို့ ကလေးငယ် ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်ရပ်ဆိုးပါ။

ဒီဖြစ်ရပ်ဆိုးတွေနဲ့ပတ်သက်ပြီး“ထိုင်းနိုင်ငံထဲကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်”လို့ မြန်မာပြည်ဖွားဗြဟ္မာ့ဦးခေါင်းကြီးမင်းအောင်လှိုင်ကို ရည်ညွှန်းပြီး ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း သူ့ရဲ့ လူမှုကွန်ရက်ပေါ် ကနေ အများသိအောင်ပြောဆိုထားပါတယ်။

ဒီလိုပြောပြီး မကြာခင်မှာပဲ ထိုင်းလွှတ်တော်အမတ်ဟောင်း တစ်ဦးက အုပ်ချုပ်ရေးအရာ
ရှိတစ်ဦးကို သေနတ်နဲ့ပစ်သတ်လိုက်တဲ့ဖြစ်
စဉ်၊ ကျောင်းသားတစ်ဦးက အတန်းဖော်ကို သေနတ်ပြခြိမ်းခြောက်တဲ့ဖြစ်စဉ်၊စျေးရောင်း
ပွဲတော်တစ်ခုမှာ လူတစ်စုကဓားတွေ၊ ပြောင်း
တိုသေနတ်တွေနဲ့ တိုက်ခိုက်မှု ကြောင့် လူ ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့သလို ဗြဟ္မာ့ဦးခေါင်းကြီးကို နိုင်ငံတွင်း လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ ဝန်ကြီးချုပ်အနုတင်ဟာဆိုရင်လည်း လွှတ်တော်တွင်းကနေ အယုံ အ
ကြည်မရှိအဆိုတင်သွင်းခံရပြီး ဖြုတ်ချခံရ
မယ့်အရေးနဲ့ပါ ရင်ဆိုင်နေရပါတယ်။

ဗြဟ္မာ့ဦးခေါင်းကြီးကို လက်ခံခဲ့တဲ့ ထိုင်းနိုင်ငံကတော့အထက်မှာဖော်ပြခဲ့တဲ့ဖြစ်ရပ်ဆိုးတွေနဲ့ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရပြီး ဒီစာရေးနေချိန်မှာတင်ပဲ နောက်ထပ်ဖြစ်ရပ်ဆိုးတစ်ခုနဲ့ကြုံရဖို့ နီးနီးကပ်ကပ်ရှိခဲ့ပြန်ပါတယ်။ အဲဒါ ကတော့ ချင်းမိုင်မြို့အနီးက မယ်စရေတံခွန်မှာ တောင်ကျရေရုတ်တရက်ကြီးပြီး ခရီး
သွားအချို့မျောပါခဲ့တဲ့ ဖြစ်စဉ် ပါ။ ဥယျာဥ်ဝန်ထမ်းတွေက အချိန်မီကယ်တင်လိုက်နိုင်လို့ သက်သာရာရစေခဲ့တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်၊ ဇွတ်သမ္မတ
မင်းအောင်လှိုင် (ခ) ဗြဟ္မာ့ဦးခေါင်းကြီးက
ဆဝါဒီစကပ်လို့ပြောတာ၊ ရှန် ပိန်ခွက်ကို တလွဲတချော်ဆုပ်ကိုင်တာ၊ ခရီးဦးကြိုပြုသူထံက ပန်းကုံးတင်မကကလပ်ကြီးပါ အတင်း
အဓမ္မ လုယူ တာတွေဟာလည်း မတော်တဆဖြစ်ရပ်တွေမဟုတ်ဘူးဆိုတာ သိမှတ်ထားကြရပါမယ်။

ဒါကြောင့် မယုံမရှိပါနဲ့။သတိထားပါလို့ အ
လေးထားပြောနေရတာပါ။ အခုထိုင်းဖြစ်စဉ်လိုပဲ ဗြဟ္မာ့ဦးခေါင်းကြီးကို လက်ခံခဲ့ကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့မှာလည်း ဖြစ်ရပ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။ တရုတ်ဆိုရင် သဘာဝ ဘေးတွေနဲ့ ပြင်းပြင်းထန်ထန်ရင်
ဆိုင်ကြုံတွေ့ခဲ့ရပြီးဒီကနေ့ကာလအထိလည်း အဲဒီသက်ရောက်မှုက မအေးငြိမ်း သေးပါဘူး။

အိန္ဒိယဆိုရင်လည်းပညာရေးဝန်ကြီးပြုတ်ကျသွားတဲ့အထိ၊ ဝန်ကြီးချုပ်မိုဒီထိုင်ခုံ လှုပ်ရတဲ့အထိဖြစ်စေတဲ့လူထုလှုပ်ရှားမှုတွေပေါ်ပေါက်ခဲ့ပါတယ်။ မင်းအောင်လှိုင်နဲ့လက်ဆွဲနှုတ်
ဆက်ခဲ့တဲ့ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဆိုရင်လည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သေဆုံးသွားခဲ့ရပါပြီ။

အခုတော့ မြန်မာ့လက်ထဲက ဗြဟ္မာ့ဦးခေါင်းကြီးဟာ ရုရှား၊ ဘယ်လာရုစ်နဲ့ ကာဇက်စတန်နိုင်ငံတွေဆီခရီးစတင်ပါပြီ။ အဲဒီနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာအာဏာသိမ်းစစ်ခေါင်း
ဆောင်မင်းအောင်လှိုင်နဲ့ ပုလင်းတူဘူးဆို့ အာဏာရူးတွေချည်းဆိုပေမယ့် ဗြဟ္မာ့ဦး
ခေါင်းကြီးကနေ သက်ရောက်လာမယ့်ဂြိုဟ်ဆိုးတွေက လူထုထံကိုပါ သက်ရောက်စေမှာကြောင့် အခုလို ကြိုတင်အသိပေး၊ သတိပေးရခြင်းပါ။

ပြောရမယ်ဆိုရင် ရုရှားနိုင်ငံဆိုတာအဲဒီဗြဟ္မာ့ဦးခေါင်းကြီးကိုခုနစ်ခေါက်တိတိ လက်ခံထားခဲ့ပြီးဖြစ်တဲ့အတွက် သူကပေးတဲ့ ဂြိုဟ်ဆိုးတွေ၊ ဖြစ်ရပ်ဆိုးတွေကို ဦးစွာရရှိခံစားထားရတဲ့နိုင်ငံပါ။ ယူကရိန်းနဲ့စစ်ရေးမှာ
သောမကြွက်မင်း ပူတင်ကိုယ်တိုင် ပုန်း
လျှိုးကွယ်လျှိုးနဲ့ နေထိုင်နေရတဲ့အခြေအနေအထိပါ။ အပြောမဟုတ် လက်တွေ့ကျတဲ့ ဂြိုဟ် ဆိုးတွေကို အဲဒီဗြဟ္မာဦးခေါင်းကြီးမင်းအောင်လှိုင်က သယ်ဆောင်လာနေတာပါ။
💯217🤣2🔥1
စစ်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ယာယီသမ္မ
တစတဲ့ရာထူးတွေထက် အခုဇွတ်သမ္မတရာ
ထူးနဲ့က ဗြဟ္မာ့ဦးခေါင်း ကြီးရဲ့ အစွမ်းက ပိုထက်နေတဲ့သဘောကိုလည်း တွေ့ရပါတယ်။ ဒီတော့ အသိ၊ သတိကြီးစွာနဲ့ ရှောင်နိုင်၊ ရှားနိုင်ကြ ဖို့ ဒီနေရာကနေ ကြိုတင်အသိပေး၊ သတိပေးရခြင်းဖြစ်ပါတယ်။

သတိ...သမုဒ္ဒရာထဲပစ်ချရင်ရေခမ်း၊ ကောင်းကင်ပေါ်ပစ်တင်ရင်မိုးခေါင်၊ မြေပြင်မှာပစ်ထားရင် မီးဟုန်းဟုန်း တောက်လောင်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီး သင်တို့ထံ လာနေပါပြီ။ ။ ။
👍26🤣4🔥21🤮1
🖕295🔥1🤬1🌚1😘1
မင်းအောင်လှိုင်ကိုဆန္ဒပြတဲ့အမတ်အပါအဝင် ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ CRPH တွေ့ဆုံဆွေးနွေး

ဩဂုတ် ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ Mr. Anusorn Tamajai၊ Mr. Chonlathan "Ice" Supphaiboonlerd နဲ့ Mr. Krokiat Korsoongsak တို့အား သွားရောက်တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

CRPH နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံမှုမှာ မြန်မာ့နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးဖလှယ်ခဲ့သလို အောက်လွှတ်တော်ကိုယ်စားလှယ် အနုဆွမ်သာမချိုင်( Mr. Anusorn Tamajai)ကိုလည်း မကြာသေးမီက ထုတ်ဖော်ပြောကြားမှုများ နဲ့ ရပ်တည်ချက်များအတွက် CRPHက ကျေးဇူးတင်စကား ပြောကြားခဲ့တယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် CRPHG ရဲ့ ကျေးဇူးတင်ကြောင်း စာအား ပေးအပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ပါဝင်တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနုဆွမ် သာမချိုင်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်မှာ မင်းအောင်လှိုင်ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့သူဖြစ်ပါတယ်။ မင်းအောင်လှိုင်ကို ဩဂုတ် ၇ ရက်နေ့တုန်းက ထိုင်းအထက်လွှတ်တော် ဥက္ကဋ္ဌ မွန်ကို ဆူရဆတ်ချာနဲ့ အတူတွဲပြီးဓာတ်ပုံရိုက်နေချိန်မှာအနုဆွမ်က ငြိမ်းချမ်းရေးအတွက် ၊လူသားချင်းစာနာမှုအတွက် လို့အော်ဟစ်ဆန္ဒပြခဲ့တာပါ။

CRPH ကိုယ်စားလှယ်အဖွဲ့ရဲ့ အခုခရီးစဉ်မှာ မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒေသများရှိ နေ့ရပ်စွန့်ခွာနေရတဲ့ ပြည်သူများ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်းအလုပ်သမားများနဲ့ သားသမီးများ ပညာဆက်လက်သင်ကြားနိုင်ရေးတို့အတွက် ပံ့ပိုးကူညီမှုများရရှိရေးအတွက် အကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


(ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ CRPH တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - CRPH)
42👍12🥰3👏2🤮1🤣1🖕1
38👍15🥰4👏4🤮1🖕1