■ဆောင်းပါး
တပ်ချုပ်သစ်ရဲ့ ပထမဆုံးလူသတ်ပွဲ
ယောနသံ/People's Spring
ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထဲဓားရှည်တစ်ချောင်း
ရောက်လာသည်။ ဓားအိမ်ပါသည့် ထိုဓားကို ဗိုလ်
ချုပ်ကြီးရဲဝင်းဦးကဆုပ်ကိုင်လိုက်သည်ချက်ချင်း
ဆိုသလိုဗိုလ်ချုပ်မှူးကြီးလက်ထဲပြန်ကမ်းပေး
လိုက်သည်။
အချိန်က မနက် ၁၀နာရီခန့်။ နေရာက နေပြည်
တော် ဇေယျာသီရိ ဗိမ္မာန်ထဲမှာ ဖြစ်သည်။တပ်ချုပ်တာဝန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ ဒီနေ့(မတ်လ ၃၀ရက်)
မနက်ပိုင်း လွှဲပြောင်းပေးလိုက်သည့် မြင်ကွင်းဖြစ်သည်။ဓားက စစ်တပ်သုံးဓားရှည်ဖြစ်သည်။စစ်တပ်အသိုင်းအဝိုင်းမှာတော့တပ်ချုပ်၏ အ
ဆောင်အယောင်ဓါးဟု ခေါ်သည်။ ထိုဓားကို ကမ်း
ပေးခြင်းသည် တပ်ချုပ်ဟု အတည်ပြတင်မြှောက်
ခြင်းဟု အဓိပ္ပါယ်ရသည်။
ဓားသည်ခုတ်ထစ်ရာတွင်သုံးသည့်အရာဖြစ်သည်။
တပ်ချုပ်အသစ်စက်စက်ဗိုလ်ချုပ်ကြီးရဲဝင်းဦးက သူ့ရှေ့တည့်တည့်က ဗိုလ်ချုပ်မှူးကြီးအပါအဝင် ဇေယျာသီရိ ဗိမ္မာန်ထဲက ဘယ်သူ့ကိုမှ မခုတ်ပါ။ သို့သော် နေပြည်တော်မှ မိုင် ၂၀၀ ခန့်အကွာမှာရှိနေသည့် ပြည်သူများကိုမူ ဗုံးကြဲသတ်ဖြတ်လိုက်သည်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ငပယင်းရွာဆေး
ခန်းကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲပြီး ရော့ကတ်နဲ့ပါ ပတ်ချာလည်ပစ်ခတ်ခြင်းဖြစ်သည်။
ပထမအကြိမ်ဗုံးကြဲပြီး သေဆုံးဒဏ်ရာရသူများကိုကူညီရေးနဲ့ ရှင်းလင်းရေးလုပ်နေစဥ်တိုက်လေ
ယာဥ်ကနောက်တကြိမ်လာဗုံးကြဲသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတပ်ချုပ်ရာထူးယူအပြီး နာရီအနည်းငယ်အကြာမှာပဲ နွှဲတဲ့ ပထမဆုံးအကြိမ် လူသတ်ပွဲ။ စစ်ခေါင်းဆောင်အနေဖြင့်ပထမဆုံးကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်သည်။
ပြည်သူလူထုကိုငါးနှစ်ကြာသတ်ဖြတ်ပြီး နေပြည်
တော်မှာ ဒီနေ့ မြန်မြိုင်ဆိုင်ဆိုင်ပြုလုပ်နေသည့် နိုင်ငံတော်အဆင့်ရာထူးတွေအလုအယက် ခန့်အပ်တာဝန်ပေးအနေချိန်မှာ စစ်သူကြီးမဟာဗန္ဓုလ၏ ဇာတိ ဘုတလင်မြို့နယ်၊ငပယင်းရွာတွင် ဒေသခံတွေ ငိုပွဲဆင်နေကြရသည်။
ငပယင်းရွာက ဘုတလင်မြို့နှင့်ငါးမိုင်ခန့်အကွာမှာရှိသည်။ငပယင်းရွာဆေးခန်းတွင်အရပ်သားအချို့ဆေးကုသမှုခံယူနေစဉ်ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲပြီးရော့ကတ်ဖြင့်ပါပစ်ခတ်သွားခြင်းဖြစ်
သည်။ အမျိုးသမီးသုံးဦး၊ အမျိုးသားနှစ်ဦးသေဆုံးပြီး အားလုံးအရပ်သားများဖြစ်သည်ဟု ဒေသခံများကပြောသည်။ဒေသခံအချို့က သေဆုံးသူ ၁၅ ဦးအထိရှိကြောင်းပြောကြသည်။
"စစ်တပ်က ဘယ်ကောင်တက်တက် ရက်စက်မှာပဲ။ကျနော်တို့က ပိုပြီး ဂရုတစိုက်နေမှရမယ်"လို့
ဘုလင်မြို့ခံတဦးကပြောသည်။
ငပယင်းရွာဒေသခံတွေကိုပွဲစဉ်နေချိန်မှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်တပ်ချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် အတူတကပွဲခံနေကြသည်။ အခမ်းအနားဖြင့် ဂုဏ်ပြုခံနေကြသည်။ တပ်ချုပ်မဖြစ်ခင်က ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် စစ်ဘက်လုံခြုံရေးအရာရှိချုပ်(စရဖ)ဖြစ်ပြီးဖေဖော်ဝါရီလထဲတွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)အဖြစ် ယင်းအချိန် တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကခန့်အပ်လိုက်သည်။ထို့
နောက်ပိုင်းတွင် အရပ်သားပြည်သူများအားပစ်
မှတ်ထားသည့် တိုက်ခိုက်မှုများ သိသိသာသာ ပိုဆိုးရွားလာခဲ့သည်။ဆိုးရွားသောအစုလိုက်အပြုံ
လိုက်သတ်ဖြတ်မှုများ ပိုပြီးကျူးလွန်လာသည်။
မတ်လ ၁ ရက်နေ့မနက်ပိုင်းမှာမကွေးတိုင်း၊မင်း
တုန်းမြို့နယ်က အများပြည်သူ စုဝေးရာနေရာကုန်ကားစခန်းကိုဂျက်ဖိုက်တာ သုံးစင်းဖြင့်ဗုံးကြဲ
ခဲ့ရာ အရပ်သား ၂၀ကျော် သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့သည်။မတ်လ မတ်လ ၅ ရက်မနက်မှာ
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းတွေက ဝင်ရောက်စီးနင်းပြီး ဒေသခံ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့သည်။
မတ်လ၈ရက်တွင်အမ်းမြို့နယ်၊ဒါးလက်ချောင်း
ဒေသမှစစ်သုံ့ပန်းအကျဉ်းစခန်းကိုစစ်တပ်ကနာရီနှင့်ချီ ဗုံးကြဲခဲ့၍ အရာရှိကြီးများအပါအဝင် စစ်သုံ့
ပန်း ၁၁၆ ဦး သေဆုံးခဲ့သည်။ မတ်လ ၂၀ရက်တွင် စစ်ကိုင်းတိုင်း ကသာမြို့နယ်က ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့သောကြောင့် သံဃာတော်အချို့အပါ
အဝင် ၈၀ခန့်သေဆုံးပြီး ရုပ်အလောင်းများကို စစ်အုပ်စုက ဖျောက်ဖျက်ဖို့ကြိုးစားခဲ့သည်။
အထက်ပါဖြစ်ရပ်များသည် လူ၂၀ဦးအထက် သေဆုံးသော အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့်ဖြစ်ရပ်များ သာဖြစ်သည်။ ထိုနေရာများအပြင် ရန်ကုန်တိုင်းနှင့်နေပြည်တော်မှလွဲ၍ ကျန်ဒေသများကို ဗုံးကြဲခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရာထူးနှင့် ဒီနေ့ခန့်
အပ်ခံရသည့် တပ်ချုပ်ရာထူးမရခင်ကြားကာလမှာပင် လူ ၃၀၀ ထက်မနည်း သတ်ဖြတ်မှုအတွင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အဓိကနေရာမှ ပါဝင်ခဲ့သည်။ တပ်ချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်း သုံးသောင်းကျော်ကို ဖမ်းဆီးထားသည်။ကိုဂျင်မီ၊ကိုဇေယျာသော်တို့အပါအဝင် ဆန့်ကျင်သူတွေထဲမှ အချ်ို့ကို ကြိုးပေးကွပ်မျက်ခဲ့သည်။

💩19❤9🤬9🤣4
တစ်သောင်းကျော်ကို အကြမ်းဖက်သတ်ဖြတ်ခဲ့သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်
အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အရပ်သားပြည်သူများအပေါ် အဆိုပါစစ်ရာဇ
ဝတ်မှုများကျူးလွန်ထားသည့်တပ်ချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတပ်ချုပ်အသစ်
ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဆရာတင်ထားသည်။အမှန်တွင်တော့အထက်ပါစစ်ရာဇဝတ်မှုများကို
မင်းအောင်လှိုင်နှင့် ရဲဝင်းဦးအပါအဝင် စစ်တပ်ခေါင်းဆောင်များအတူကျူးလွန်ခဲ့ခြင်းပင်ဖြစ်သည်။ထိုအပြင် ရဲဝင်းဦးသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်ဖမ်းဆီးခဲ့သူဟုလည်းသတင်း
ထွက်နေသည်။သို့သော်ထိုအချက်ကို ထပ်မံစီစစ်အတည်ပြုရန်လိုသေးသည်။
တပ်ချုပ်အသစ်သည်သမ္မတရာထူးဆီ သုတ်ခြေ
တင်နေသည့် တပ်ချုပ်ဟောင်းထက် မလျော့သော ရက်စက်ကြမ်းကြုတ်မှု ရှိနေသည်။ယနေ့ မနက်
ပိုင်းမှာ တပ်ချုပ်ရာထူးရယူပြီးသည့်နောက် ပထမဆုံးပြောသည့် မိန့်ခွန်းတွင် နောက်ထပ် စစ်ရာဇ
ဝတ်မှုများကျူးလွန်မည်ဟု အဓိပ္ပါယ်ပါသော ကြွေးကြော်မှုကို ဟစ်ကြွေးသွားသည်။
၎င်းကို တပ်ချုပ်အဖြစ်ယုံကြည်စွာတာဝန်ပေးအပ်
ခဲ့သည့် တပ်မတော်အကြီးအကဲများ၏ ယုံကြည်မှုနှင့် ထိုက်တန်စွာ ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသမျှ ကြိုး
ပမ်းထမ်းဆောင်သွားမည်ဟုကတိပြုသွားသည်။ လူထု၏ရန်သူ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကာကွယ်စောင့်ရှောက်သွားမည်ဟု သူက တပ်ချုပ်ဟောင်း ရှေ့မှာကတိပေးသွားခဲ့ပြီဖြစ်
သည်။ ။

💩27❤5🤣5😡4👏2🤬1
လုံခြုံရေးမကောင်းတဲ့ ရွှေဘို-မန္တလေးလမ်းပိုင်း ဆီရှားလို့ ကားသမားတွေ အရဲစွန့်သွားလာနေရ
မတ်-၃၁၊ ၂၀၂၆။ဟာနာဆန်/People's Spring
ရွှေဘို-မန္တလေးလမ်းပိုင်းဟာ လုံခြုံရေးအရ စိတ်မချရသော်လည်း စက်သုံးဆီမလုံလောက်လို့ ကားသမားတွေက အဲဒီလမ်းပိုင်းကို အရဲစွန့်သွားလာနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဖြတ်သန်းသွားလာလို့မရခဲ့တဲ့
ရွှေဘို-မန္တလေးလမ်းပိုင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက မော်တော်ယာဥ်တွေ ပြန်လည်သွားလာခဲ့ကြသော်လည်း လုံခြုံရေးအခြေအနေအရ ကွင်းလမ်းတွေကနေတဆင့် ပြန်ပတ်သွားနေရကြောင်း၊ ယခုအခါ စက်သုံးဆီရှားပါးမှုတွေကြောင့် ကားသမားတွေဟာ လမ်းပိုင်းတိုတဲ့ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်ကပဲ ပြန်လည်သွားလာနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
"ပြီးခဲ့တဲ့တစ်ပတ်လောက်ကစပြီး ပြန်သွားနေကြတယ်။ ပတ်သွားရတော့ ဆီမလောက်ကြတော့လို့။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မော်တော်ယာဥ်အသွားအလာနည်းပါးနေပြီး အခြားကွင်းလမ်းတွေ အသုံးပြုနေသူတွေလည်းရှိကြောင်း၊ အမှတ်(၃)ခရိုင်ချင်းဆက်လမ်းကလည်း တိုက်ပွဲဖြစ်ထားလို့ ယာယီပိတ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ရွှေဘို-လှတောလမ်းပိုင်းကတော့ အခက်အခဲမရှိဘဲ မောင်းနှင်လို့ရပြီး လှတော-ရွာသာကြီး-ဆားတောင်-အုန်းတောလမ်းပိုင်းကတော့ သတိပြုကာ သွားလာနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် လမ်းပိုင်းအချို့နေရာတွေမှာလည်း စစ်ကောင်စီတပ်စွဲထားတာတွေရှိတဲ့အတွက် သတိပြုသွားလာကြဖို့ ဒေသခံတွေက သတိပေးပါတယ်။
ရွှေဘို-မန္တလေးလမ်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို သွားလာရာမှာ အရေးပါတဲ့လမ်းပိုင်းတစ်ခုဖြစ်ပါတယ်။

👍30❤9😢4🤣3🔥1
“မနေ့ကဘာဖြစ်ခဲ့လဲ”
မနေ့က(မတ်လ ၃၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တပ်အာဏာခွဲဝေနေချိန် ဘုတလင်နယ် ဆေးရုံကို ဗုံးကြဲ၊ သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၆ ဦးရှိ
နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်က အာဏာခွဲဝေနေချိန် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ငပယင်းရွာက ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသခံတွေက ပြောပါတယ်။ ငပယင်းရွာ ဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူ ပြည်သူ ၁၅ဦးရှိလာပြီး ၆ဦးဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။ ငပယင်းရွာက ဆေးခန်းကို စစ်တပ်က ဒီနေ့ နေ့လယ် ၁၂နာရီ ၅၅ မိနစ်မှာ မိတ္ထီလာ ရှမ်းတဲ နဲ့ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဂျက်ဖိုက်တာတွေနဲ့ သုံးကြိမ်ဗုံးကြဲခဲ့တာကြောင့် ဆေးခန်းလာပြတဲ့ ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ၅ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ အဲဒီနောက်ဗုံးကြဲခံရလို့ သေဆုံးထိခိုက်သူတွေကို ကူညီကယ်ဆယ်ရှင်းလင်းနေချိန်မှာ ဂျက်ဖိုက်တာနဲ့ ၄ကြိမ် ထပ်မံဗုံးကြဲခဲ့တာမို့ ပြည်သူ ၁၀ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်စုစုပေါင်းသေဆုံးသူ ၁၅ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးရှိခဲ့တာပါ။
◾️အရာတော်နယ်ကို စစ်တပ်က စစ်ကြောင်းထိုး၊ ဂျက်ဖိုက်တာနဲ့ဗုံးကြဲလို့ အဘွားအိုအပါအဝင် ပြည်သူ ၂ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲလို့ အသက်(၇၀)အရွယ် အဘွားအို အပါအဝင် ပြည်သူ ၂ဦးသေဆုံးပြီး ဖမ်းဆီးခံရသူအချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့(မတ်လ ၃၀ရက်) မနက်ပိုင်းက အရာတော်မြို့ပေါ်ကနေ မြို့အနောက်ခြမ်းကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်ဟာ ကမ်းဖြူရွာနဲ့ မနောယမကျေးရွာအနီး ရောက်ရှိပြီး အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာ အရာတော်မြောက်ခြမ်းနဲ့ တောင်ခြမ်းက ကျေးရွာတွေကိုလည်း စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပါတယ်။ စစ်တပ်က ဆေးခန်းကို ဗုံးကြဲခဲ့တာဖြစ်ပြီး နေမကောင်းလို့ ဆေးခန်းလာပြတဲ့ အသက် ၇၀အရွယ် အဘွားအိုတစ်ဦး သေဆုံးကာ ထိခိုက်သူ နှစ်ဦးရှိတယ်လို့ သိရပါတယ်။
◾️K3C၊ NUG၊ CRPHတို့ပူးပေါင်းပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEF စတင်ဖွဲ့စည်း
အင်းအားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေနဲ့ NUG ၊CRPH တို့ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(Steering Council for the Emergence of a Federal Democratic Union–SCEF)ကိုကနဦးဖွဲ့စည်းလိုက်ကြောင်း ဒီနေ့ ကြေညာပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)စတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဦးဆောင်ကောင်စီကိုဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။ တော်လှန်ရေးကိုအရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ဖို့၊ လက်ရှိတော်လှန်ရေးကို အဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံတွေကို အတည်ပြုပြီးအသွင်ကူးပြောင်းရေးအစိုးရ တရပ်အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေဖို့တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး SCEFကို ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အက္ကနက်စ်က ဖတ်ကြားခဲ့ပါတယ်။ ဦးဆောင်ကောင်စီ ကနဦးဖွဲ့စည်းခြင်းနဲ့ ထုတ်ပြန်ကြေညာခြင်းအခမ်းအနားကိုလည်း မတ်လ ၃၀မှာ ကျင်းပခဲ့ပြီး KIO၊ KNU၊ KNPP၊ CNF၊ NUG၊ CRPH တို့က ခေါင်းဆောင်တွေ တက်ရောက်ပြီးမိန့်ခွန်းတွေပြောကြားခဲ့ပါတယ်။
◾️NUG ပြည်ထဲရေး ဒုဝန်ကြီးတစ်ဦး ခန့်အပ်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဌေးငွေကို ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မတ်လ ၃၀ရက်မှာ ကျင်းပတဲ့ CRPH ပုံမှန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ဒုဝန်ကြီး ခန့်အပ်တာဝန်ပေးအပ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးဌေးငွေကို ခန့်အပ်တာဝန်ပေးခဲ့ပြီး ဒုတိယဝန်ကြီး ဦးဌေးငွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း ဖော်ပြပါတယ်။
◾️တပ်ချုပ်ပြောင်းလဲပေမယ့် အာဏာက မင်းအောင်လှိုင်ဆီမှာ ဆက်ရှိမယ်

👍19🤣7❤3
စစ်တပ်ကို ၁၅နှစ် အုပ်ချုပ်ခဲ့သူ ၂၀၂၁ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့တပ်ချုပ်ရာထူးကို အနီးကပ်လူယုံ ရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်ပေမယ့် အာဏာအလုံးစုံက မင်းအောင်လှိုင်ဆီမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ တပ်မတော်အရာရှိဟောင်းတွေက သုံးသပ်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ စစ်တပ်လွှတ်တော်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်းအဖြစ် ထည့်သွင်းအဆိုပြုခဲ့ပြီး တဖက်မှာလည်း စစ်ခေါင်းဆောင်က တပ်ချုပ်အသစ်ကို သူစိတ်တိုင်းကျ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ရွေးချယ်ခန့်အပ်ခဲ့တာပါ။ စစ်ခေါင်းဆောင်ကို စစ်တပ်ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေကနေ ဒုသမ္မတလောင်းတွေ တင်သွင်းရတာပါ။ အစုအဖွဲ့ သုံးခုက တက်လာတဲ့ ဒုတိယသမ္မတလောင်း ၃ဦးကို လွှတ်တော်ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ရပြီး မဲအများဆုံးရရှိသူက သမ္မတ၊ ဒုတိယက ဒုတိယသမ္မတ(၁)၊ တတိယက ဒုတိယသမ္မတ(၂) တို့ ဖြစ်လာကြမှာပါ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ ပြည်သူရွေးကောက်ခံ NLD အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ သမ္မတဖြစ်လာမယ်လို့ သတင်းရင်းမြစ်တွေက ယုံကြည်ထားကြပါတယ်။ ပြီးခဲ့တဲ့ ၅နှစ်ကျော်ကြာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထပ်ခါတလဲလဲ ပြောဆိုခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက မဲမသမာမှုရှိလို့ အာဏာထိန်းခဲ့ရပါတယ်ဆိုတာ လိမ်လည်မှုဖြစ်ကြောင်း ဒီနေ့မှာတော့ မဖုံးဖိနိုင်အောင် ပေါ်လာခဲ့ပြီလို့ နိုင်ငံရေးအကဲခတ်က မှတ်ချက်ပြုပါတယ်။
◾️ပလက်၀မြို့နယ် စစ်တပ် ဗုံးကြဲမှု ပြည်သူ ၇ဦး သေဆုံး
ချင်းပြည်နယ် ပလက်၀မြို့နယ်က ကြောင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၄ဦး အပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၇ ဦးသေဆုံးတဲ့အပြင် ကလေးငယ် ၂ဦး အပါအဝင် ၄ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ အဲဒီဖြစ်စဥ်အပေါ် ဆွေမျိုးများနဲ့ ထပ်တူဝမ်းနည်းရကြောင်း AA က ဖော်ပြပါတယ်။ AA သိမ်းပိုက်ထားတဲ့ ပလက်၀မြို့နယ် ကြောင်ချောင်းရွာကို စစ်တပ်က မတ်လ ၂၉ရက် မနေ့ ညနေပိုင်းမှာ တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ရော့ကတ်နဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ကျေးရွာအနီးမှာ တိုက်ပွဲမရှိဘဲ သူရဲဘောကြောင်စွာ လာရောက်ဗုံးကြဲခြင်းဖြစ်ကြောင်း AAက ထုတ်ပြန်ပါတယ်။ အဲဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၈နှစ်၊ ၁၀နှစ်၊ ၁၁နှစ်နဲ့ ၁၆နှစ်အရွယ် ကလေးငယ်တွေအပါအဝင် ပြည်သူ ၇ဦး သေဆုံးကာ ၈လသားနဲ့ ၅နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၄ဦး ဒဏ်ရာရခဲ့ကြောင်း သေဆုံးထိခိုက်သူတွေရဲ့ အမည်စာရင်းနဲ့တကွ ဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
◾️သရက်ချောင်းမြို့နယ် စာသင်ကျောင်းကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲ
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် သပြူချောင်းကျေးရွာက မူလတန်းကျောင်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ KNUအုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ ကစယ်ဒို(သရက်ချောင်း)မြို့နယ် သပြူချောင်းကျေးရွာကို မတ်လ ၂၉ရက် ညနေပိုင်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်ဖြစ်ပြီး စာသင်ကျောင်းထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြပါတယ်။ လေကြောင်း တိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးရှိ၊မရှိ အခြေအနေကို ဖော်ပြမထားလို့ မြိတ်ထားဝယ်ခရိုင် တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
◾️တန့်ဆည်ရဲစခန်းအချုပ်မှာ နိုင်ငံရေးအကျဥ်းသူတစ်ဦး ကွယ်လွန်

👍17😁2🤬1
စစ်ကိုင်းတိုင်း၊ တန့်ဆည်ရဲစခန်းမှာ ၃နှစ်ကျော်ကြာ မတရားဖမ်းဆီးပိတ်လှောင်ခံထားရတဲ့ အသက်(၅၄)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မသက်သက်မာဟာ ဆေးဝါးကုသခွင့်မရဘဲ အချုပ်ခန်းမှာဘဲ ကွယ်လွန်သွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ မသက်သက်မာဟာ ရွှေဘိုခရိုင် ထောက်ပို့တာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူရဲ့ ဇနီးဖြစ်ပြီး စစ်တပ်က စာရေးဆရာ ရန်ငြိမ်းသူကို လိုက်လံဖမ်းဆီးရာမှာ မတွေ့တဲ့အတွက်ကြောင့် ဇနီးဖြစ်သူ မသက်သက်မာနဲ့ သားဖြစ်သူတို့ကို ဓားစာခံအဖြစ် မတရားဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ စစ်တပ်က မသက်သက်မာကို ပုဒ်မ ၅၀၅(က)၊ ၅၀(ည) နှင့် ၅၂(က) တို့နဲ့ စွဲချက်တင်ကာ ထောင်ဒဏ် ၂၀ နှစ်အထိ အမိန့်ချမှတ်ပြီး တန့်ဆည်ရဲစခန်းအချုပ်မှာ ၃ နှစ်ကျော်ကြာ ပိတ်လှောင်ထားခဲ့တာလို့ PPNM က ဖော်ပြပါတယ်။ မသက်သက်မာဟာ သွေးလေးဘက်နာရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရသူဖြစ်ပေမယ့် ရဲစခန်းက ပြင်ပဆေးရုံမှာ ကုသခွင့်ပေးဖို့ လုံးဝငြင်းဆန်ခဲ့သလို အကျဉ်းဦးစီးဝန်ထမ်းတွေဘက်က တန့်ဆည်ကနေ ရွှေဘိုထောင်ကို အကျဉ်းသားပြောင်းရွှေ့ရင် လမ်းခရီးမှာ တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့်လို့ဆိုကာ ထောင်မပြောင်းရဲဘဲ အချုပ်ထဲမှာပဲ ဆက်တိုက်ပိတ်လှောင်ထားခဲ့တာဖြစ်ကြောင်း PPNMက အသိပေးပါတယ်။ ရောဂါပြင်းထန်နေတဲ့အချိန်မှာ ဆေးရုံကို ပို့ဆောင်တာမျိုး မရှိဘူးလို့ PPNMရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
◾️ဖလမ်းကိုစစ်ကူလာတဲ့ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးဝင်းမောင်မောင် မိုင်းထိ သေဆုံး
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူလာတဲ့ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင် မိုင်းထိ သေဆုံးခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ် (CDF) CDM စီးယင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ကလေး နဲ့ တီးတိန်မြို့နယ် လမ်းဆုံ သိုင်းငင်းရွာကနေ ဖလမ်းမြို့ဘက်ကို ဗိုလ်မှူးကြီးဝင်းမောင်မောင် ဦးစီးတဲ့ အင်အား ၃၀၀ ပါတဲ့ စစ်ကြောင်းကို မတ်လ ၁၉ ရက်မှာ တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဘေကန်ရွာနဲ့ ဇောင်ကောင်ကြားစစ်ကြောင်းထိုးလာစဥ် စစ်တပ်စစ်ကြောင်း မိုင်းကွင်းသုံးခုထဲ ရောက်ရှိချိန် တိုက်ခိုက်နိုင်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေကို မတ်လ ၄ ရက်ကစပြီး မတ်လ နောက်ဆုံးပတ်အထိ မိုင်းကွင်း ၁၆ ခု နဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
◾️ငါန်းဇွန်မှာ စစ်တပ်ကို မဟာမိတ်အဖွဲ့ ကြားဖြတ်တိုက်ခိုက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၅ ဦးလောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်၊ မနက် ၁၀ နာရီဝန်းကျင်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ဘက်ကနေ ကျွဲဇိမ်ကျေးရွာကို ပြန်လာတဲ့ စစ်သားတွေကို တော်လှန်ရေးအင်အားစုတွေက လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်သား (၃) ဦးသေဆုံးပြီး (၅)ဦးလောက် ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger(MBT)အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။ စစ်တပ်ဟာ ကျွဲဇိမ်ရွာမှာက အင်အားငါးဆယ်လောက်နဲ့ တပ်စွဲထားပြီး အဲဒီတိုက်ခိုက်မှုအတွင်း လက်နက်တော့ မရလိုက်ဘူးလို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။
◾️အာသံရိုင်ဖယ်တပ် တိုက်ခိုက်ခံရပြီး ပန်ဆောင်နယ်စပ်ဂိတ်ကို အိန္ဒိယ တင်းကြပ်ထား
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့မှာ မြန်မာ-အိန္ဒိယနယ်စပ်အနီး အာသံရိုင်ဖယ်တပ်တိုက်ခိုက်ခံရပြီးတဲ့နောက် နယ်စပ်နေရာတွေကို ပိတ်ဆို့ထားလို့ နှစ်ဘက်စလုံးက ဒေသခံတွေ အခက်အခဲကြုံတွေ့နေပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်နယ်နမိတ်ကို အာသံရိုင်ဖယ်တပ်က လုံခြုံရေးယူပြီး အိန္ဒိယဘက်က ကာရံနေစဉ် နာဂလက်နက်ကိုင်တပ်ဖြစ်တဲ့ NSCN-K (YA)က မတ်လ ၂၆ရက် ညနေမှာ တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုအတွင်း အာသံရိုင်ဖယ်တပ်က သုံးဦး သေဆုံးသွားပါတယ်။ ပန်ဆောင်မြို့ရဲ့ တစ်ဖက်မှာရှိတဲ့ အိန္ဒိယထဲကမြို့ဟာ နန်ပေါင်မြို့ဖြစ်ပါတယ်။ နယ်စပ်ဂိတ်ကို တင်းကြပ်ပြီး ကုန်သွယ်ရေးကန့်သတ်ထားလို့ ဒေသခံတွေ ကုန်ရောင်းကုန်ဝယ်နဲ့ သွားရေးလာရေးအခက်အခဲ ကြုံတွေ့နေတယ်လို့ သတင်းရရှိပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက "မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ"၊ "ငါတို့မဲမပေးခဲ့" ၊ "အရေးတော်ပုံမုချအောင်ရမည်" စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် "ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ" စာသားနဲ့ စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြဖို့လည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက နေရပ်စွန့်ခွာတိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူတွေကို ဆန်ထောက်ပံ့ပေးခဲ့ပါတယ်။

👍13❤10🤣5
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက ပြည်သူတွေကို နိုင်ငံရေး၊ စစ်ရေးဗဟုသုတ မပြတ်စေဖို့ ဖတ်၊ မှတ်၊ လေ့လာ၊ မျှဝေနိုင်ရန်အတွက် တူမီးတော်လှန်ရေးစာစဉ်တွေ ဖြန့်ဝေခဲ့ပါတယ်။
👍23🤣5❤1
အခုဆိုရင် ၂၀၂၅ ခု ရွေးကောက်ပွဲအတုကို အခြေ
ခံပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ လွှတ်တော်
နှစ်ခုစလုံးမှာ အရန်သင့်ထိုင်နေကြပါပြီ။ မတ်လ ၃၀ ရက်နေ့ကပြုလုပ်တဲ့ သမ္မတလောင်းရွေးချယ်ပွဲမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်
သမ္မတရူး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရေခွံချွတ်ပြီးသမ္မတလောင်းဦးမင်အောင်
လှိုင်အဖြစ်အရွေးချယ်ခံခဲ့ပါတယ်။စစ်အရေခွံလဲ အစိုးရတခုအဖြစ် လာမယ့်ရက်ပိုင်းအတွင်းရှိလာတော့မှာဖြစ်ပါတယ်။
ဒီလို အရေခွံလဲဖို့ စစ်တပ်ကြိုးစားတဲ့နေရာမှာ သူတို့ကို ကူညီပေးနေတဲ့ အိမ်နီးချင်းနိုင်ငံတချို့နဲ့ ရုရှား၊ တရုတ်တို့လို နိုင်ငံတွေကလည်း ကိုယ်ကျိုးစီးပွားအတွက် စစ်တပ်ကို လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနေကြပါတယ်။
မြွေဟာ အပေါ်ယံ အရေခွံ ဘယ်လောက်ပဲလဲလဲ၊ အတွင်းခန္ဓာကိုယ်ကတော့ အဆိပ်ရှိတဲ့ သတ္တဝါဆိုတာကို ပြည်သူတွေက ကောင်းကောင်း သိနေကြပါပြီ။ နှစ် ၆၀ ကျော်ကြာ ကျင့်သုံးခဲ့တဲ့ စစ်တပ်ရဲ့ အရေခွံလဲတဲ့ ပုံသေနည်းကို မြန်မာပြည်သူတွေဟာ သင်ခန်းစာပေါင်းများစွာ ရခဲ့ပြီးပါပြီ။အရေခွံလဲရုံနဲ့ စနစ်တခုက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ တကယ့် အပြောင်းအလဲဆိုတာ စစ်တပ်က နိုင်ငံရေးထဲကနေ လုံးဝထွက်ခွာသွားပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ရောက်မှသာ ဖြစ်လာမှာပါ။
https://www.ludunwayoo.com/opinion-mm/2026/03/31/152796/

LuduNwayOo
မြွေဟောင်းနဲ့အရေခွံသစ်(နှစ်၆၀ကျော်ကစစ်တပ်ရဲ့နိုင်ငံရေးကစားကွက်) | LuduNwayOo
လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။
👍19🤬10🤮6😁3💩3👎1
အီရန်ကနေ လှမ်းပစ်တဲ့လေးစင်းမြောက် ဒုံးကျည်ကို ကြားဖြတ် ပစ်ချခဲ့ကြောင်း တူရကီပြော
မတ်-၃၁၊၂၀၂၆။People's Spring
အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲကာလအတွင်း အီရန်ဖက်က ပစ်ခတ်လိုက်တဲ့ စတုတ္ထမြောက် ဒုံးကျည်တစ်စင်းကို ကြားဖြတ် ပစ်ချခဲ့ရကြောင်း တူရကီက ပြောပါတယ်။
တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီဒုံးကျည်ဟာ အီရန်ဖက်ကနေ စတင်ပျံသန်းလာတာ ဖြစ်တယ်လို့ ပြောပေမယ့် တူရကီ နိုင်ငံဆိုင်ရာ အီရန်သံရုံးကတော့ ငြင်းဆိုထားပါတယ်။
တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အီရန်နိုင်ငံကနေ စတင်ပျံသန်းလာတဲ့ ဒုံးကျည်ကို NATO စစ်မဟာမိတ် အဖွဲ့က ကြားဖြတ် ပစ်ချခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တူရကီဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပါတယ်။
ဒီလို တိုက်ခိုက်မှုဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ အီရန်မှာ စစ်ပွဲစတင်လာတဲ့နောက်ပိုင်း ၄ ကြိမ်မြောက်ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒုံးကျည် ၄ စင်းစလုံးဟာ တူရကီ ပိုင်နက်ထဲ မဝင်ရောက်နိုင်ခင်မှာပဲ အသီးသီး ပစ်ချခံခဲ့ရကြောင်း တူရကီ ကာကွယ်
ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အီရန်ကနေ စတင်ပျံတက်လာတဲ့ ပဲ့ထိန်း ခဲယမ်းလက်နက် တစ်ခုဟာ တူရကီ လေပိုင်နက်ထဲ ဝင်ရောက်ခါနီးမှာပဲ NATO လေကြောင်းကာကွယ်
ရေး စနစ်တွေရဲ့ ဟန့်တားပစ်ချမှုကြောင့် မြေထဲပင်လယ် အရှေ့ဖက် ကမ်းလွန်ရေပြင်ဆီ ကျရောက်သွားခဲ့တယ်လို့ တူရကီက ထုတ်ပြန်ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသတွင်းက တခြားအမေရိကန် မဟာမိတ် နိုင်ငံတွေနဲ့ ယှဉ်ရင် တူရကီဟာ လက်ရှိစစ်ပွဲ ကာလမှာ အီရန်ရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေကို အတော်လေး သက်သက်
သာသာ ခံစားရတယ်လို့ ဆိုနိုင်ပါတယ်။ ကူဝိတ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဘီးယားနဲ့ အာရပ်စော်
ဘွားများ ပြည်ထောင်စု (ယူအေအီး)တို့လို နိုင်ငံတွေကတော့ အီရန်ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေဒဏ်ကို အတော်ကြီး ပြင်းပြင်းထန်ထန် ကြုံတွေ့နေခဲ့ရပါတယ်။
တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်ကတော့ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရာကအစပြုလာတဲ့ စစ်ရေးပဋိပက္ခကြီးထဲသူ့နိုင်ငံကို ဆွဲသွင်းမခံရအောင် ကာကွယ်ဖို့ဟာ သူ့အစိုးရရဲ့ ဦးစားပေး ရည်မှန်းချက်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
တူရကီနိုင်ငံဆိုင်ရာ အီရန်သံရုံးကတော့ တူရကီဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲချက် မှန်သမျှကို ငြင်းပယ်ထားပြီး အဲဒီကိစ္စကို အကျေ
အလည် ဖြေရှင်းနိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း စုံစမ်းဖို့ တူရကီကို တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တူရကီ အစိုးရဟာ နိုင်ငံတောင်ပိုင်းကအမေရိကန်တပ်တွေ အခြေ
စိုက်ထားရာ အင်ကာလစ်ခ် လေတပ်စခန်းမှာ NATOက Patriot လေကြောင်းကာကွယ်ရေး စနစ်တစ်ခု ထပ်မံဖြန့်ကျက်ဖို့ စီစဉ်နေကြောင်း ကြေညာခဲ့ပါတယ်။
ကိုးကား-AFP

👍43❤12😁3👏1
NUGနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေ ပူး
ပေါင်းမှုကိုအီတလီ-မြန်မာချစ်ကြည်ရေးအသင်း
ကြိုဆို
မတ်-၃၁၊၂၀၂၆။People's Spring
စစ်အာဏာသိမ်းမှုကို တွန်းလှန်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)နဲ့ တိုင်းရင်းသားတော်
လှန်ရေးတပ်တွေပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်
စီ(SCEF)ဖွဲ့စည်းတာဟာမြန်မာနိုင်ငံအတွက်နိုင်ငံ
ရေး အခင်းအကျင်းသစ်တစ်ခု၊ အရေးပါတဲ့ ခြေ
လှမ်းတစ်ခုလို့အီတလီ-မြန်မာချစ်ကြည်ရေး အသင်းက သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ NUG /PDF နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)တို့က အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားကာကွယ်ရေးတပ် (KNU/KNLA)၊ ကရင်နီ အမျိုး
သား တိုးတက်ရေး ပါတီ/ကရင်နီတပ်မတော် (KNPP/KA)၊ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)တို့နဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF)လို့ နာမည်ပေးထားတဲ့ တပ်ပေါင်းစု ဖွဲ့စည်းကြောင်း ကြေညာမှုကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ အီတလီနိုင်ငံရဲ့ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေသော လွှတ်တော်အမတ်များ အသင်း ဥက္ကဋ္ဌဟောင်း အယ်လ်ဘာတီနာ ဆိုလီယာနီက NUGနဲ့ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း အင်အားကြီး လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကြား စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ အားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ရရှိဖို့ သဘောတူညီခဲ့ခြင်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ရည်မှန်းချက်တွေမှာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။
အီတလီ-မြန်မာ ချစ်ကြည်ရေး အသင်းကအဲဒီ လုပ်ဆောင်ချက်ဟာ တန်းတူညီမျှမှု၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်၊ စည်းလုံး ညီညွတ်မှုနဲ့ စုပေါင်း ခေါင်း
ဆောင်မှု ရည်မှန်းချက်တွေနဲ့ ကိုက်ညီပြီး မြန်မာ့ နိုင်ငံရေး မူဘောင်အသစ် တစ်ခုကို ပုံဖော်ပေးရာမှာ အကူအညီ ဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။
နောက်ပြီး တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာတာကို အသိအမှတ် ပြုထားပြီးဆင့်ကဲပြောင်းလဲလာတဲ့နိုင်ငံရေး မဟာ
ဗျူဟာတွေမှာ ထင်ရှားမြင်သာတဲ့ အရွေ့တစ်ခု အဖြစ်လည်း မီးမောင်းထိုးပြထားခဲ့ပါတယ်။
နောက်ပြီး SCEFရဲ့စုစည်းမှုနဲ့ ရည်မှန်းချက်တွေကိုလည်း ဒုတိယကမ္ဘာစစ်ကာလအတွင်း အီတလီမှာ ဖက်ဆစ်အာဏာရှင်တွေကို တော်လှန်ဖို့ အမျိုး
သား လွတ်မြောက်ရေး ကော်မတီ (LBC) ဖွဲ့စည်းခဲ့ပုံနဲ့ နှိုင်းယှဉ်ပြထားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အသစ်ပေါ်ထွန်းလာတဲ့ တော်လှန်
ရေး ခေါင်းဆောင်မှု ပုံစံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ လိုလားတဲ့ပြည်သူတွေရဲ့ဆန္ဒအမှန်ကို ထင်ဟပ်
စေတဲ့ ခြေလှမ်းမျိုးလို့ အီတလီ-မြန်မာ ချစ်ကြည်
ရေး အသင်းကထောက်ခံခဲ့ပြီးနိုင်ငံတကာ အသိုက်ဝန်းက ထိတွေ့ ဆက်ဆံမှုတွေ လုပ်ဆောင်စေလိုကြောင်း တိုက်တွန်းခဲ့ပါတယ်။
အဲဒီအသင်းရဲ့ အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာ နယ်
စပ်ကို ခရီးစဉ်တစ်ခု သွားရောက်ခဲ့ပြီး အဲဒီနောက် မကြာခင်မှာ အခုကြေညာချက် ထွက်ပေါ်လာတာပါ။ အဖွဲ့ဝင်တွေဟာ စစ်ရှောင်ပြည်သူတွေ၊ တိုင်း
ရင်းသား တော်လှန်ရေး အင်အားစုတွေရဲ့ နိုင်ငံရေးနဲ့ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း နယ်စပ်မှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

👍40❤15🥰3🤮3
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF မှာပါဝင်တဲ့ PDF ၊KIA ၊KNLA ၊ KA ၊ CNA တပ်ဖွဲ့ဝင်တွေ။
ဓါတ်ပုံ-EPA ၊အမှတ်(၁)စစ်ဒေသ၊ KNU၊CNF၊KNPP

❤43👍14🥰4👏2🤮2