စစ်တပ်ကို ၁၅နှစ် အုပ်ချုပ်ခဲ့သူ ၂၀၂၁ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့တပ်ချုပ်ရာထူးကို အနီးကပ်လူယုံ ရဲဝင်းဦးကို လွှဲပြောင်းပေးလိုက်ပေမယ့် အာဏာအလုံးစုံက မင်းအောင်လှိုင်ဆီမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ တပ်မတော်အရာရှိဟောင်းတွေက သုံးသပ်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ စစ်တပ်လွှတ်တော်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်းအဖြစ် ထည့်သွင်းအဆိုပြုခဲ့ပြီး တဖက်မှာလည်း စစ်ခေါင်းဆောင်က တပ်ချုပ်အသစ်ကို သူစိတ်တိုင်းကျ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ရွေးချယ်ခန့်အပ်ခဲ့တာပါ။ စစ်ခေါင်းဆောင်ကို စစ်တပ်ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေကနေ ဒုသမ္မတလောင်းတွေ တင်သွင်းရတာပါ။ အစုအဖွဲ့ သုံးခုက တက်လာတဲ့ ဒုတိယသမ္မတလောင်း ၃ဦးကို လွှတ်တော်ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ရပြီး မဲအများဆုံးရရှိသူက သမ္မတ၊ ဒုတိယက ဒုတိယသမ္မတ(၁)၊ တတိယက ဒုတိယသမ္မတ(၂) တို့ ဖြစ်လာကြမှာပါ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ ပြည်သူရွေးကောက်ခံ NLD အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ သမ္မတဖြစ်လာမယ်လို့ သတင်းရင်းမြစ်တွေက ယုံကြည်ထားကြပါတယ်။ ပြီးခဲ့တဲ့ ၅နှစ်ကျော်ကြာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထပ်ခါတလဲလဲ ပြောဆိုခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက မဲမသမာမှုရှိလို့ အာဏာထိန်းခဲ့ရပါတယ်ဆိုတာ လိမ်လည်မှုဖြစ်ကြောင်း ဒီနေ့မှာတော့ မဖုံးဖိနိုင်အောင် ပေါ်လာခဲ့ပြီလို့ နိုင်ငံရေးအကဲခတ်က မှတ်ချက်ပြုပါတယ်။
◾️ပလက်၀မြို့နယ် စစ်တပ် ဗုံးကြဲမှု ပြည်သူ ၇ဦး သေဆုံး
ချင်းပြည်နယ် ပလက်၀မြို့နယ်က ကြောင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၄ဦး အပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၇ ဦးသေဆုံးတဲ့အပြင် ကလေးငယ် ၂ဦး အပါအဝင် ၄ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ အဲဒီဖြစ်စဥ်အပေါ် ဆွေမျိုးများနဲ့ ထပ်တူဝမ်းနည်းရကြောင်း AA က ဖော်ပြပါတယ်။ AA သိမ်းပိုက်ထားတဲ့ ပလက်၀မြို့နယ် ကြောင်ချောင်းရွာကို စစ်တပ်က မတ်လ ၂၉ရက် မနေ့ ညနေပိုင်းမှာ တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ရော့ကတ်နဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ကျေးရွာအနီးမှာ တိုက်ပွဲမရှိဘဲ သူရဲဘောကြောင်စွာ လာရောက်ဗုံးကြဲခြင်းဖြစ်ကြောင်း AAက ထုတ်ပြန်ပါတယ်။ အဲဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၈နှစ်၊ ၁၀နှစ်၊ ၁၁နှစ်နဲ့ ၁၆နှစ်အရွယ် ကလေးငယ်တွေအပါအဝင် ပြည်သူ ၇ဦး သေဆုံးကာ ၈လသားနဲ့ ၅နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၄ဦး ဒဏ်ရာရခဲ့ကြောင်း သေဆုံးထိခိုက်သူတွေရဲ့ အမည်စာရင်းနဲ့တကွ ဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
◾️သရက်ချောင်းမြို့နယ် စာသင်ကျောင်းကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲ
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် သပြူချောင်းကျေးရွာက မူလတန်းကျောင်းကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ KNUအုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ ကစယ်ဒို(သရက်ချောင်း)မြို့နယ် သပြူချောင်းကျေးရွာကို မတ်လ ၂၉ရက် ညနေပိုင်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်ဖြစ်ပြီး စာသင်ကျောင်းထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းတွေ ဖော်ပြပါတယ်။ လေကြောင်း တိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးရှိ၊မရှိ အခြေအနေကို ဖော်ပြမထားလို့ မြိတ်ထားဝယ်ခရိုင် တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
◾️တန့်ဆည်ရဲစခန်းအချုပ်မှာ နိုင်ငံရေးအကျဥ်းသူတစ်ဦး ကွယ်လွန်

🔥12❤4👍1
စစ်ကိုင်းတိုင်း၊ တန့်ဆည်ရဲစခန်းမှာ ၃နှစ်ကျော်ကြာ မတရားဖမ်းဆီးပိတ်လှောင်ခံထားရတဲ့ အသက်(၅၄)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မသက်သက်မာဟာ ဆေးဝါးကုသခွင့်မရဘဲ အချုပ်ခန်းမှာဘဲ ကွယ်လွန်သွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ မသက်သက်မာဟာ ရွှေဘိုခရိုင် ထောက်ပို့တာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူရဲ့ ဇနီးဖြစ်ပြီး စစ်တပ်က စာရေးဆရာ ရန်ငြိမ်းသူကို လိုက်လံဖမ်းဆီးရာမှာ မတွေ့တဲ့အတွက်ကြောင့် ဇနီးဖြစ်သူ မသက်သက်မာနဲ့ သားဖြစ်သူတို့ကို ဓားစာခံအဖြစ် မတရားဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ စစ်တပ်က မသက်သက်မာကို ပုဒ်မ ၅၀၅(က)၊ ၅၀(ည) နှင့် ၅၂(က) တို့နဲ့ စွဲချက်တင်ကာ ထောင်ဒဏ် ၂၀ နှစ်အထိ အမိန့်ချမှတ်ပြီး တန့်ဆည်ရဲစခန်းအချုပ်မှာ ၃ နှစ်ကျော်ကြာ ပိတ်လှောင်ထားခဲ့တာလို့ PPNM က ဖော်ပြပါတယ်။ မသက်သက်မာဟာ သွေးလေးဘက်နာရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရသူဖြစ်ပေမယ့် ရဲစခန်းက ပြင်ပဆေးရုံမှာ ကုသခွင့်ပေးဖို့ လုံးဝငြင်းဆန်ခဲ့သလို အကျဉ်းဦးစီးဝန်ထမ်းတွေဘက်က တန့်ဆည်ကနေ ရွှေဘိုထောင်ကို အကျဉ်းသားပြောင်းရွှေ့ရင် လမ်းခရီးမှာ တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့်လို့ဆိုကာ ထောင်မပြောင်းရဲဘဲ အချုပ်ထဲမှာပဲ ဆက်တိုက်ပိတ်လှောင်ထားခဲ့တာဖြစ်ကြောင်း PPNMက အသိပေးပါတယ်။ ရောဂါပြင်းထန်နေတဲ့အချိန်မှာ ဆေးရုံကို ပို့ဆောင်တာမျိုး မရှိဘူးလို့ PPNMရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
◾️ဖလမ်းကိုစစ်ကူလာတဲ့ စစ်ကြောင်းမှူး ဗိုလ်မှူးကြီးဝင်းမောင်မောင် မိုင်းထိ သေဆုံး
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကူလာတဲ့ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင် မိုင်းထိ သေဆုံးခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ် (CDF) CDM စီးယင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ကလေး နဲ့ တီးတိန်မြို့နယ် လမ်းဆုံ သိုင်းငင်းရွာကနေ ဖလမ်းမြို့ဘက်ကို ဗိုလ်မှူးကြီးဝင်းမောင်မောင် ဦးစီးတဲ့ အင်အား ၃၀၀ ပါတဲ့ စစ်ကြောင်းကို မတ်လ ၁၉ ရက်မှာ တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဘေကန်ရွာနဲ့ ဇောင်ကောင်ကြားစစ်ကြောင်းထိုးလာစဥ် စစ်တပ်စစ်ကြောင်း မိုင်းကွင်းသုံးခုထဲ ရောက်ရှိချိန် တိုက်ခိုက်နိုင်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေကို မတ်လ ၄ ရက်ကစပြီး မတ်လ နောက်ဆုံးပတ်အထိ မိုင်းကွင်း ၁၆ ခု နဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
◾️ငါန်းဇွန်မှာ စစ်တပ်ကို မဟာမိတ်အဖွဲ့ ကြားဖြတ်တိုက်ခိုက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၅ ဦးလောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်၊ မနက် ၁၀ နာရီဝန်းကျင်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ဘက်ကနေ ကျွဲဇိမ်ကျေးရွာကို ပြန်လာတဲ့ စစ်သားတွေကို တော်လှန်ရေးအင်အားစုတွေက လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်သား (၃) ဦးသေဆုံးပြီး (၅)ဦးလောက် ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger(MBT)အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။ စစ်တပ်ဟာ ကျွဲဇိမ်ရွာမှာက အင်အားငါးဆယ်လောက်နဲ့ တပ်စွဲထားပြီး အဲဒီတိုက်ခိုက်မှုအတွင်း လက်နက်တော့ မရလိုက်ဘူးလို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။
◾️အာသံရိုင်ဖယ်တပ် တိုက်ခိုက်ခံရပြီး ပန်ဆောင်နယ်စပ်ဂိတ်ကို အိန္ဒိယ တင်းကြပ်ထား
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့မှာ မြန်မာ-အိန္ဒိယနယ်စပ်အနီး အာသံရိုင်ဖယ်တပ်တိုက်ခိုက်ခံရပြီးတဲ့နောက် နယ်စပ်နေရာတွေကို ပိတ်ဆို့ထားလို့ နှစ်ဘက်စလုံးက ဒေသခံတွေ အခက်အခဲကြုံတွေ့နေပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်နယ်နမိတ်ကို အာသံရိုင်ဖယ်တပ်က လုံခြုံရေးယူပြီး အိန္ဒိယဘက်က ကာရံနေစဉ် နာဂလက်နက်ကိုင်တပ်ဖြစ်တဲ့ NSCN-K (YA)က မတ်လ ၂၆ရက် ညနေမှာ တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုအတွင်း အာသံရိုင်ဖယ်တပ်က သုံးဦး သေဆုံးသွားပါတယ်။ ပန်ဆောင်မြို့ရဲ့ တစ်ဖက်မှာရှိတဲ့ အိန္ဒိယထဲကမြို့ဟာ နန်ပေါင်မြို့ဖြစ်ပါတယ်။ နယ်စပ်ဂိတ်ကို တင်းကြပ်ပြီး ကုန်သွယ်ရေးကန့်သတ်ထားလို့ ဒေသခံတွေ ကုန်ရောင်းကုန်ဝယ်နဲ့ သွားရေးလာရေးအခက်အခဲ ကြုံတွေ့နေတယ်လို့ သတင်းရရှိပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက "မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ"၊ "ငါတို့မဲမပေးခဲ့" ၊ "အရေးတော်ပုံမုချအောင်ရမည်" စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် "ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ" စာသားနဲ့ စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြဖို့လည်း တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက နေရပ်စွန့်ခွာတိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူတွေကို ဆန်ထောက်ပံ့ပေးခဲ့ပါတယ်။

👍20❤7🔥2
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက ပြည်သူတွေကို နိုင်ငံရေး၊ စစ်ရေးဗဟုသုတ မပြတ်စေဖို့ ဖတ်၊ မှတ်၊ လေ့လာ၊ မျှဝေနိုင်ရန်အတွက် တူမီးတော်လှန်ရေးစာစဉ်တွေ ဖြန့်ဝေခဲ့ပါတယ်။
👍15🔥2
ပြည်သူ့သွေးချွေးမျှော်လင့်ချက်ကြောင့် ဖက်ဒရယ်ဦးဆောင်ကောင်စီဖွဲ့နိုင်ခြင်းဖြစ်၊စစ်ရေးစုစည်းကွပ်ကဲပြီး စစ်အာဏာရှင်ဖယ်ရှားမယ်လို့ ခေါင်းဆောင်တွေပြော
■“စစ်ရေးအရ ကျစ်လစ်သော မဟာမိတ်အင်အား
စုကိုအခြေခံပြီးစနစ်ကျနတဲ့ဖက်ဒရယ်တပ်မတော်ဆီကို ဦးတည်နေကြောင်း ပြောလိုပါတယ်” NUG ယာယီသမ္မတ ဒူဝါလရှီးလ
■“အခုအချိန်မှာကျနော်တို့ဟာတဦးချင်း သီးခြား
လှုပ်ရှားနေတဲ့ အဖွဲ့အစည်း မဟုတ်တော့ပါဘူး။ကျနော်တို့ဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်
စု တခုတည်ဆောက်နေတဲ့ သမိုင်းဝင် လုပ်ငန်းစဉ်တခုရဲ့ အစိတ်အပိုင်းတွေဖြစ်နေပါတယ်။” KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း
■ခြောက်ဖွဲ့နဲ့ အစပြုခဲ့ပေမယ့် ပါဝင်သင့်သူတွေ ဖြည့်စွက်နိုင်ဖို့ နှစ်လအတွင်း အမြန်ဆုံး ကြိုးစားမယ်လို့ KNPP ဥက္ကဋ္ဌပြော
မတ်-၃၀၊၂၀၂၆။ထားမြတ်/People’s Spring
တော်လှန်ရေးကိုအရှိန်အဟုန်မြှင့်တင်ဖို့ရည်ရွယ်စုဖွဲ့ခဲ့တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်း
ရေး ဦးဆောင်ကော်မတီဟာပြည်သူလူထုရဲ့ သွေး၊ ချွေး မျှော်လင့်ချက်တွေကြောင့် ဖွဲ့စည်းနိုင်တာဖြစ်ပြီး ကောင်စီအနေနဲ့ စစ်ရေးအရ စုစည်းကွတ်ကဲတာ၊နိုင်ငံရေးအရအမျိုးသားညီညွတ်ရေးကို ကျစ်
ကျစ်လစ်လစ်ဦးဆောင်ပုံဖော်တာ လုပ်ဆောင်သွားမယ်လို့ ဦးဆောင်ကောင်စီ ခေါင်းဆောင်တွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်
ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ကရင်နီအမျိုး
သားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ
(Steering Council for the Emergence of a Federal Democratic Union – SCEF)” ကနဦး ဖွဲ့စည်းကြောင်း မတ်လ ၃၀ရက် ညနေပိုင်းမှာ ပြု
လုပ် အခမ်းအနားမှာ ခေါင်းဆောင်တွေကပြောကြားခဲ့တာပါ။
ဦးဆောင်ကောင်စီကိုတော်လှန်ရေးအရှိန်မြှင့်ပြီး အမြန်အောင်ပွဲရယူဖို့၊အသွင်ကူးပြောင်းရေးအစိုး
ရ ဖွဲ့စည်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လက်တွေ့ ဖော်ဆောင်နိုင်ရေး စစ်ရေး နိုင်ငံရေး ဖက်ဒရယ်ရေးများ ဦးဆောင်ဖို့ ရည်ရွယ်တာလို့ အသိပေးခဲ့ပြီး အခမ်းအနားမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံးနဲ့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။
အခမ်းအနားကို KIO ဒုဥက္ကဋ္ဌ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နဲ့ KIC ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်တို့လည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အခုလို
ဦးဆောင်ကောင်စီဖွဲ့စည်းနိုင်တာဟာနွေဦးတော်
လှန်ရေးသမိုင်းမှာ ထင်ရှားတဲ့ နိုင်ငံရေးမှတ်တိုင် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပြီး ပိုမိုညီညွတ်သော နိုင်ငံရေးစစ်ရေး မဟာ
မိတ်စုဖွဲ့မှု ပုံစံနဲ့ စုဖွဲ့ခဲ့တာလို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
“ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ပေါ်ထွန်းရေး အတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အမျိုး
သားညီညွတ်ရေးအခြေခံမူအပေါ်မှာ အခြေခံပြီး စတင်ဖွဲ့စည်းလိုက်ကြောင်း ပြောကြားလိုပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။
နွေဦးတော်လှန်ရေးဟာ ပြည်သူ့ တော်လှန်ရေးကို အခြေခံပြီး လူမျိုးပေါင်းစုံ လူထုလူတန်းစားပေါင်း
စုံ လွတ်မြောက်ရေးကို ဦးတည်ခဲ့တာဖြစ်ပြီး အခု ကောင်စီကိုလည်း စုပေါင်းခေါင်းဆောင်မှု အခြေခံမူအပေါ် တည်ဆောက်ဖွဲ့စည်းခဲ့တာလို့ အသိပေးပါတယ်။ဦးဆောင်ကောင်စီဟာ တရားဝင်မှု တာဝန်ခံမှုနဲ့ ညီညွတ်မှုကို အခြေခံတဲ့ မဟာဗျူဟာ ခြေ
လှမ်းသစ်ဖြစ်တယ်လို့လည်း လူထုကို အသိပေးပါတယ်။
“ဒါဟာ စစ်ရေးအရ ဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို့ ရည်ရွယ်သလို နိုင်ငံရေးအရ အမျိုးသားညီညွတ်ရေးကို ကျစ်ကျစ်လစ်လစ် ဦးဆောင်စုစည်း ပုံဖော်ဖို့ ရည်ရွယ်ထားရှိပါတယ်” လို့ ယာယီသမ္မတကပြောပါတယ်။ဦးဆောင်
ကောင်စီအနေနဲ့ နိုင်ငံရေး တော်လှန်ရေးအင်အားစုများအကြား ချိတ်ဆက်မှုအားကောင်းရေး အလေး
အနက်ထား ဆောင်ရွက်မယ်လို့ ပြောပြပြီး ဖက်ဒရယ်စနစ်ကို အုတ်မြစ်တည်နိုင်ဖို့ လက်တွေ့ကျတဲ့ မူဝါဒဆိုင်ရာ ဦးဆောင်ညှိနှိုင်းမှုတွေ အဆင့်လိုက်လုပ်ဆောင်ဖို့ ဦးတည်ထားကြောင်း ပြောပါတယ်။
“ကျနော်တို့ အနေနဲ့ အပြီးသတ် နိဂုံးချုပ်ပေးလိုက်ဖို့လိုအပ်တဲ့ အရေးကြီးကိစ္စကတော့မြန်မာစစ်တပ်
ကို နိုင်ငံရေးထဲကနေ အပြီးသတ် ဖယ်ရှားပစ်ဖို့ ကိစ္စပဲဖြစ်ပါတယ်။”လို့ ယာယီသမ္မတက ပြောပြပြီး ဦးဆောင်ကောင်စီဟာ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေ ပြန်လည်အသက်သွင်းမှု မှန်သမျှကို ဖြိုဖျက်ပစ်ဖို့ ဖြစ်တယ်လို့ အသိပေးပါတယ်။စစ်မှန်တဲ့ လူထုကိုယ်စားပြုနဲ့ ထွက်ပေါ်လာတဲ့ ဖက်ဒရယ်အခြေခံဥပဒေနဲ့ အစားထိုး တည်ဆောက်ဖို့ ရည်ရွယ်ချက်ထားရှိပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒီမိုကရေစီနဲ့ အနှစ်
သာရဖြစ်တဲ့ အရပ်သား အုပ်ချုပ်မှုကို အပီပြင်ဆုံး အကောင်အထည်ဖော်ဖို့ လက်တွေ့ကျစွာ ကြိုးစားသွားမယ်လို့ ယာယီသမ္မတက ပြောပါတယ်။

🥰23👍10❤7🤮1
“ပြည်သူကို ဝန်ဆောင်မှု ပေးနေတဲ့ ဌာနဆိုင်ရာတွေအပြင် စစ်ရေးအရ ကွပ်ကဲ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အားလုံးကို အရပ်သား အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ အပြည့်အ၀ ထားရှိနိုင်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်”လို့ယာယီသမ္မတက ပြောပါတယ်။
စုစည်းလိုက်တဲ့ ဦးဆောင်ကောင်စီဟာ တော်လှန်
ရေးအရ ပြတ်ပြတ်သားသားဖြစ်ရမယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။
“စစ်ရေးအရ ကျစ်လစ်သော မဟာမိတ်အင်အားစုကို အခြေခံပြီး စနစ်ကျနတဲ့ ဖက်ဒရယ်တပ်မတော်ဆီကို ဦးတည်နေကြောင်း ပြောလိုပါတယ်။ မဟာ
မိတ်စစ်ရေးအင်အားစုအချင်းချင်းအကြား အပြန်
အလှန်ယုံကြည်မှုအပေါ်မှာ အခိုင်အမာ တည်
ဆောက်ထားပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါတွေအားလုံးဟာဖက်ဒရယ်ဒီမိုကရေစီပြည်ထောငစုသစ် အတွက် အလိုအပ်ဆုံးသော ပြည်
နယ်ဒေသ အားလုံး လွတ်မြောက်ရေးကို ဦးတည်တာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ ယှဉ်သော လူထုတော်လှန်ရေးနည်းနာတွေကို ကျယ်ကျယ်
ပြန့်ပြန့် ပေါင်းစပ်ဖို့ ခြေလှမ်းသစ် စတင်လိုက်တာဖြစ်ကြောင်း အသိပေးပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ကလည်း အခုဖွဲ့စည်းလိုက်တဲ့ ဦးဆောင်ကောင်စီဟာ တော်
လှန်ရေးအတွက် အလွန်အရေးကြီးတဲ့လုပ်ငန်းစဉ် ကို အကောင်အထည်ဖော်နိုင်တာ ဖြစ်ပြီး ကာလရှည်မက်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အိမ်မက်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတဲ့ မှတ်
တိုင်ဖြစ်တယ်လို့ ပြောပါတယ်။
“ဒီမှတ်တိုင်ဟာ နိုင်ငံရေးအစီအမံ တခုထက်ပိုတဲ့ မိမိတို့ နိုင်ငံနဲ့ ပြည်သူ လူထုအတွက် အနာဂတ်တခုကို လျှောက်လှမ်းကြဖိုပ ရဲ့ရင့်တဲ့ ညီညွတ်တဲ့ ခြေလှမ်းတလှမ်းလို့ ယုံကြည်ပါတယ်။” လို့ ဦးအောင်ကြည်ညွန့်က ပြောပြပြီး ညီညွတ်မှု တိုးစေမယ့် ခြေလှမ်းဖြစ်တယ်လို့ အသိပေးပါတယ်။
ညီညွတ်မှုအားကို အပြန်အလှန် လေးစားမှု အပြန်အလှန် အသိအမှတ်ပြုမှုတို့ကို ကိုင်စွဲပြီး ထိန်းသိမ်းမြှင့်တင်သွားဖို့ အားလုံးမှာတာဝန်ရှိကြောင်းလည်း ပြောပါတယ်။
“ ညီညွတ်မှုအားနဲ့ ကျနော်တို့ရဲ့ ဘုံမျှော်မှန်းချက်အတွက်အဓိကအတားအဆီးဖြစ်တဲ့စစ်အာဏာ
ရှင်စနစ်ဆိုးကိုအမြန်ဆုံးဖြိုချနိုင်ရေးဟာလည်း ကျနော်တို့ အားလုံးရဲ့ တာဝန်တခုလို့ ကျနော့်အနေနဲ့ ခံယူပါတယ်” လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
တော်လှန်ရေးရဲ့ အုပ်ချုပ်သူအပြောင်းအလဲ ပုံစံ ပြုပြင်ပြောင်းလဲရေးထက် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တည်ဆောက်ရေး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအတွက်ဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
“တော်လှန်ရေးရဲ့ ငါးနှစ်ကြာ ကာလအထိတိုင် ကြံ့ကြံ့ခံ ရင်ဆိုင်နေကြတဲ့ မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့ ကျနော်တို့ အင်အားစုတွေအကြား အခုတည်ဆောက်နိုင်ခဲ့တဲ့ ညီညွတ်မှုဟာ ပြည်
သူလူထု အတွက် စစ်မှန်တဲ့ မျှော်လင့်ချက်ကို ဖော်ဆောင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ကာလရှည်ဖြစ်တည်ခဲ့တဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့လည်းဖြစ်ပါတယ်” လို့လည်း CRPH ဥက္ကဋ္ဌက ပြောပါတယ်။
ဒီလိုကြီးလေးတဲ့လုပ်ငန်းတာဝန်တွေကိုအောင်မြင်
အောင်လုပ်ဆောင်နိုင်ဖို့ဆိုရင် နိုင်ငံတွင်းနဲ့ ဒေသတွင်း နိုင်ငံတကာရဲ့ ပူးပေါင်းကူညီမှုတွေ လိုအပ်မယ်လို့ ပြောပြပြိး ရွေးကောက်ခံလွှတ်တော်ကိုယ်
စားလှယ်တွေ အနေနဲ့ ဦးဆောင်ကောင်စီရဲ့ မျှော်
မှန်းချက် ရည်ရွယ်ချက်နဲ့ သဘောတူညီချက်တွေကို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို လွှတ်တော်ကဏ္ဍအနေနဲ့လည်း ကောင်စီရဲ့ ကြိုးစားအားထုတ်မှု တွေကို အထောက်အကူဖြစ်စေမယ့် လုပ်ငန်းများချမှတ်ဆောင်ရွက်မယ်လို့ ဦးအောင်ကြည်ညွန့်က အသိပေးပါတယ်။
ဒီကနေ့ ညီညွတ်မှုတွေဟာ အနာဂတ်မှာ ကြုံရမယ့် အခက်အခဲ အတားအဆီး စိန်ခေါ်မှု မျိုးစုံကို အတူ
တူ ရင်ဆိုင်ကျော်လွှားကြမယ်ဆိုတဲ့ စုစည်းမှုနဲ့ ကတိကဝတ်လို့ ယုံကြည်ကြောင်း ပြောကြားပြီး အခုထက် သာတဲ့ ညီညွတ်မှု နဲ့ ပူးပေါင်းသွားကြဖို့လည်း ဦးအောင်ကြည်ညွန့်က တိုက်တွန်းပါတယ်။
KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း မိန့်ခွန်းပြောကြားခဲ့ရာ ဦးဆောင်ကောင်စီဖွဲ့စည်းနိုင်ခဲ့တဲ့ ဒီကနေ့ဟာ တော်လှန်ရေးခရီးကြမ်းအတွက် အရေးကြီးတဲ့ အဆင့်တခုဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ရဲ့ တော်လှန်ရေးဟာ ဒီအချိန်အခါမှာ ပူးပေါင်းညှိနှိုင်းမှု နိုင်ငံရေးရည်ရွယ်ချက်များ ရှင်းလင်းပြတ်သားမှုနဲ့ ပူးပေါင်းဦးဆောင်မှု စတာတွေက မရှိမဖြစ်လိုအပ်နေတဲ့အဆင့်ကို ရောက်ရှိနေပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ တဦးချင်း သီးခြားလှုပ်ရှားနေတဲ့ အဖွဲ့အစည်း မဟုတ်တော့ပါဘူး။ကျနော်တို့ဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တခု တည်ဆောက်နေတဲ့ သမိုင်းဝင် လုပ်ငန်းစဉ်တခုရဲ့ အစိတ်အပိုင်းတွေဖြစ်နေပါတယ်။” လို့ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ပြည်ထောင်စုကို အတူတကွ တည်ဆောက်ရမယ့် အရာဖြစ်လို့ ဦးဆောင်ကောင်စီကို ပြည်နယ်ဖက်ဒရယ်ယူနစ် ERO(တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ) ကိုယ်စားပြု မဏ္ဍိုင်၊ပြည်သူ့ ကိုယ်စားပြု မဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြု မဏ္ဍိုင် စတာတွေနဲ့ တည်ဆောက်ထားတာလို့ အသိပေးပါတယ်။

🥰20👍11❤4🔥2😁2
စစ်တပ်ကိုသာ ရင်ဆိုင်ရမှာမဟုတ်ဘဲ အချင်းချင်းအတွင်း ညီညွတ်မှုကို တည်ဆောက်ဖို့အတွက် မတူညီမှုတွေကို အသိအမှတ်ပြုပြီးပေါင်းစည်းနိုင်တဲ့ ဖွဲ့စည်းပုံတခု လိုအပ်ပါတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
“ ဒီ ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်” လို့ KNU ဥက္ကဋ္ဌက ပြောကြားပါတယ်။ ဦးဆောင်ကောင်စီမှာ ပါဝင်တဲ့ မဏ္ဍိုင်အသီးသီးက သူတွေဟာ တာဝန်ယူမှု ပြတ်သားမှုနဲ့အတူ ဦးဆောင်ကောင်စီမှာ ပါဝင်တာဖြစ်တယ်လို့ လည်း အသိပေးပါတယ်။
“ပြည်သူလူထုကိုလည်း ဒီဦးဆောင်ကောင်စီဟာ သင်တို့ရဲ့ ကောင်စီ၊ ခင်ဗျားတို့ရဲ့ ကောင်စီဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ပြည်သူတွေရဲ့ အားထုတ်မှုတွေ ပြည်သူတွေရဲ့ သွေးချွေးတွေ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်များကသာလျင် ဦးဆောင်ကောင်စီကိုဖွဲ့စည်းနိုင်ဖို့ တွန်းပို့ခဲ့တာဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောပါတယ်။
“ရှေ့မှာစိန်ခေါ်မှုတွေ အများကြီး ရှိမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့ အတူတကွ ရှေ့သို့ လျှောက်လှမ်းသွားကြမှာ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်အာဏာကို ခွဲဝေထားတဲ့ တာဝန်ခံမှု ရှိတဲ့ စနစ်တခုကို တည်ဆောက်သွားကြဖို့ဖြစ်ပါတယ်။ လူမျိုး၊ လိင်၊ ဒေသ မရွေး လူတိုင်းနဲ့ လူမျိုးတိုင်း ဂုဏ်
သိက္ခာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့အတူ နေထိုင်နိုင်တဲ့ အနာဂတ်တခုအတွက်ဖြစ်ပါတယ်။ အဲဒီဟာက ဖက်ဒရယ်ဦးဆောင်ကောင်စီရဲ့ အနှစ်သာရပဲဖြစ်ပါတယ်။” လို့ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပြီး အတူတကွ ရှေ့သို့ လျှောက်လှမ်းသွားကြဖို့တိုက်တွန်းပါတယ်။
KNPP ဥက္ကဋ္ဌ ခူဦးရယ် ကလည်း မိန့်ခွန်း ပြောကြားခဲ့ရာ ဒီကနေ့ဟာ ဆင်နွှဲနေတဲ့ လူထုတော်
လှန်ရေးကြီးရဲ့ အကွေ့တခု ရောက်ရှိခဲ့ပြီလို့ ပြောပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးကြီးရဲ့ တရားဝင်မှုကို ထိန်းသိမ်းထားနိုင်ဖို့ အတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ ပေါင်းကူး
တံတား တစီးလို ဖြစ်ဖို့ရည်ရွယ်ကြောင်းလည်း ပြောပါတယ်။
ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ ပြည်နယ်ယူနစ် EROများ၊ ပြည်သူကိုယ်စားပြုနဲ့ အမျိုးသမီးကိုယ်စားပြုမှု စတဲ့ မဏ္ဍိုင်ကြီး သုံးခုကို အခြေခံထားပေမယ့် အခြေအနေနဲ့ စိန်ခေါ်မှု အမျိုးမျိုးကြောင့် ကနဦးအနေနဲ့ စတင်ဆွေးခဲ့ကြတဲ့ အဖွဲ့ ၅ဖွဲ့(NUG၊ KNU၊ KIO၊ KNPP၊ CNF) နဲ့ CRPH အားလုံး ခြောက်ဖွဲ့နဲ့ အစပြု တာထွက်ဖို့ ဖြစ်လာခဲ့ကြောင်း အသိပေးပါတယ်။
“မဏ္ဍိုင်သုံးခု စုံစုံလင်လင် မပါနိုင်သေးတာနဲ့ မဏ္ဍိုင်တခုဆီမှာပါသင့်ပါထိုက် သူအားလုံး ပါမနေသေးတာကလည်း အချိန်နဲ့ စိန်ခေါ်မှုနဲ့ ဖိအားကို မကျော်လွှားနိုင်တဲ့ ကျနော်တို့ရဲ့ အားနည်းချက်တခုတော့ ဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း လာမယ့် ရက် ၆၀ အတွင်း အမြန်ဆုံး ပြင်ဆင် ဖြည့်စွက်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို့ ခူဦးရယ်က ပြောပါတယ်။
ကြိုးပမ်းမှုမှာ ပြည်သူအားလုံး အနေနဲ့ တော်လှန်
ရေးမှာ ရှိတဲ့နေရာ တက်နိုင်တဲ့ဘက်က စစ်အာ
ဏာရှင်ကို ဆန့်ကျင် တော်လှန်ဖို့ တည်ဆောက်လိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ရောက်တဲ့အထိ ပါဝင်ပေးကြဖို့ တိုက်တွန်းပါတယ်။
CNFဥက္ကဋ္ဌ ပူးဇင်ကျုံးကလည်းဦးဆောင်ကောင်
စီ ဖွဲ့စည်းချင်းဟာ လွတ်လပ်ရေးနဲ့အတူဖြစ်ပေါ်
လာတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမှ လက်ရှိအထိ ဖြစ်နေတဲ့ အာဏာရှင်စနစ်တိုက်ဖျက်ရေး တိုက်ပွဲ ကာလများထဲကအဓိပ္ပါယ်အရှိဆုံးနဲ့ အချိန်
အခါရဲ့ လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ ဖွဲ့စည်းမှု ဖြစ်ကြောင်း ပြောပါတယ်။
ဦးဆောင်ကောင်စီရဲ့ နိုင်ငံရေး ဦးတည်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းဖို့နဲ့ အဲဒါကို အသက်သွင်းဖို့ ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်ရေးဖြစ်ကြောင်း ပူးဇင်ကျုံးက ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ် တည်မြဲရေး အတွက် ရေးဆွဲထားတာဖြစ်တယ်လို့ ပြောပြပြီး ပြည်သူတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှ တိုက်ဖျက်သွားဖိုပ တိုက်တွန်းပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကစစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်တွန်းရေးအတွက် တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ အရင်း
အနှီးကြီးမားတဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တာကြောင့် စုစည်းညီညွတ်မှု အပြည့်နဲ့ အားကုန်ထည့်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ဦးဆောင်ကောင်စီပေါ်ပေါက်လာဖို့ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တွေဟာ လပေါင်းများစွာကြိုးစားခဲ့ကြရတာဖြစ်တယ်လို့လည်းပြောပါတယ်။
တော်လှန်ရေးအောင်မြင်ရေးအကောင်အထည်
ဖော်ဖို့ ရည်မှန်းချက် ထားရှိတဲ့အတိုင်း ဆက်လက်ကြုံရမယ့် တော်လှန်ရေးအခင်းအကျင်းမှာ ပြတ်
သားတဲ့ ဦးဆောင်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်ရမယ်လို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။
အားလုံးရဲ့ အင်အားကို ပိုကျစ်လစ်အောင် တည်

👍22🥰7❤6🤣4🤮1
ဆောက်ဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တည်
ဆောက်ပြီး အင်အားကို ပြိုကွဲစေနိုင်တဲ့ အချင်း
ချင်း ညီညွတ်မှု ပျက်ပြားခြင်းက ပေါ်ပေါက်လာနိုင်တဲ့ အတွင်းရန်၊ သွေးခွဲသပ်လျှိုမှုမှ ပေါ်ပေါက်လာနိုင်တဲ့အပြင်ရန် အဲဒီရန်နှစ်ပါးကြောင့် အား
လုံးပါဝင်တဲ့ စုပေါင်းအားကို အပျက်စီးမခံဘဲ စိတ်
ရှည်သည်းခံမှုတွေနဲ့ အချင်းချင်းအကြား နည်းလည်မှု တည်ဆောက်ပြီး ပိုမိုကျယ်ပြန့်တဲ့ စုဖွဲ့မှုတွေနဲ့ တော်လှန်ရေးဦးတည်ရာသို့ အမြန်ဆုံးရောက်ရှိရေး ဆက်လက်လျှောက်လှမ်းကြဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

👍30❤7🥰5🤣4🤮2