Kyimyindaing Scout Channel
189 subscribers
423 photos
52 videos
280 links
Download Telegram
Kyimyindaing Scout Channel
Photo
တိုးတိုးလေးငိုနေသူတွေရှိလို့ တိတ်တိတ်လေးပျော်ပေးပါ။

ပြည်သူများခင်ဗျာ…

မကြာခင်အချိန်တွင်းမှာ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံး တန်ဖိုးထားတဲ့ သကြင်္နကာလကို ကျရောက်တော့မှာဖြစ်ပါတယ်။ ယခင် အာဏာသိမ်းမှုဖြစ်စဉ်မတိုင်ခင်က ဒီလို အခါသမယမျိုးရောက်ပြီဆိုရင် ကိုယ်ချစ်ခင်တန်ဖိုးထားတဲ့ မိသားစုတွေနဲ့ မုန့်လုပ်စားတာ၊ခရီးသွားတာတွေ နဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရင်း ဖြတ်သန်းလေ့ရှိကြပါတယ်။ ဒါ့ကြောင့် လာမယ့် သကြင်္န်ကာလမှာဆိုရင်လည်း ပျော်ပွဲရွှင်ပွဲ ဆင်နွှဲလိုတဲ့ စိတ်တွေ ကျွန်တော်တို့ပြည်သူတွေမှာ အနည်းနဲ့အများ ရှိနေကြဦးမှာပါ။

ဒါပေမယ့်လည်း ဒီနှစ်မှာတော့ နိုင်ငံတဝှမ်းမှာ ဖြစ်ပျက်နေတဲ့ ကပ်ဘေးတွေကြား တိုးတိုးလေးငိုနေတဲ့သူတွေရှိတာကြောင့် တိတ်တိတ်လေး ပျော်ပေးကြဖို့၊ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက် စာမျက်နှာတွေမှာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ မတင်ကြဖို့၊ မမျှဝေကြဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ…..။

အကြောင်းကတော့ အကြမ်းဖက်စစ်ကောင်စီက နေ့ရော၊ညပါမကျန် ပြည်သူလူထုကို မတရားဖမ်းဆီးခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း ၊ သတ်ဖြတ်ခြင်း၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း ၊ အဓမ္မပြုကျင့်ခြင်းတို့ အပါအဝင် အစရှိတဲ့ စစ်ရာဇဝတ်မှုတွေကို အဆက်မပြတ် ကျူးလွန်လျက်ရှိနေတာကြောင့်ပဲဖြစ်ပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီအနေနဲ့ ၎င်းတို့ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ၊ စစ်ရာဇဝတ်မှုတွေကို ပြည်သူတွေမေ့လျော့သွားအောင် ၊ ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရား အသက်ဝင်လည်ပတ်နေနိုင်အောင် သင်္ကြန်ပွဲတော်တွေ၊ပျော်ပွဲရွှင်ပွဲတွေကို စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

ဒါတင်မကသေးပါဘူး။ လာမယ့်မကြာခင်ကာလအတွင်းမှာပဲ စစ်ကောင်စီဟာဆိုရင် သူတို့အနေနဲ့ အကယ်ဒမီပေးပွဲကို ကျင်းပနိုင်အောင် စီစဉ်လျက်ရှိနေပြန်ပါတယ်။ အဆိုပါ အကယ်ဒမီပေးပွဲမှာဆိုရင်လည်း ပြည်သူလူထုဘက်မှာ မရပ်တည်တဲ့ အနုပညာရှင်တွေနဲ့ ပူးပေါင်းကာ ကျင်းပဖို့ပြင်ဆင် နေတာတွေရှိသလို မပါဝင်လိုတဲ့ အနုပညာရှင်တွေကိုလည်း အတင်းဖိအားပေးကာ ဖြစ်မြောက်အောင် ဆောင်ရွက်နေတာတွေရှိတာကို ကြားသိထားရပါတယ်။

ဒါ့ကြောင့် နိုင်ငံတဝှမ်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက် စစ်ဘေးဒဏ်ကို ခံစားနေရတဲ့ ၊ စစ်ဘေး တိမ်းရှောင်နေကြရတဲ့ပြည်သူတွေ ၊ ဆီမီးခွက်လေးနဲ့ ထမင်းဝိုင်းထဲပြန်မဆုံနိုင်တော့တဲ့ မိသားစုဝင်တွေ ၊ မလျှော့သောဇွဲနဲ့ တော်လှန်တိုက်ပွဲဝင်နေကြတဲ့သူတွေကို ငဲ့ညှာတဲ့အနေနဲ့ ဒီနှစ် သင်္ကြန်ကိုတော့ မိမိတန်ဖိုးထားရတဲ့ မိသားစုလေး အနီးမှာပဲနေရင်း တိုးတိုးလေးပျော်ပေးကြဖို့အတွက် လှိုက်လှိုက်လှဲလှဲ တောင်းဆိုလိုက်ရပါတယ်။

ကဲ… နောက်ဆုံးအနေနဲ့ ဒီနှစ် တော်လှန် သင်္ကြန်ကို ငါတို့ပြည်သူတွေ ဘယ်လိုဆင်နွှဲကြမလဲ ဟေ့….။

စစ်ကောင်စီကျင်းပမယ့် သင်္ကြန်ပွဲမှာမပါဝင်ဘူး။

မပါဝင်ဘူး…ဟေ့…မပါဝင်ဘူး…ဟေ့…။

စစ်ကောင်စီနဲ့ဆက်စပ်နေတဲ့ ကုန်ပစ္စည်းတွေ၊ တည်းခိုမယ့်နေရာတွေကို Boycott ကြမယ်။

Boycott ကြမယ်… Boycott ကြမယ်…။

စစ်ကောင်စီကကျင်းပမယ့် အကယ်ဒမီပေးပွဲကို
မကြည့်ဘူး။

မကြည့်ဘူး ဟေ့ ၊ မကြည့်ဘူး…ဟေ့။

အကယ်ဒမီပေးပွဲအကြောင်း မပြောဘူး ။ မမျှဝေဘူး။

မပြောဘူး… ဟေ့၊ မမျှဝေဘူး ဟေ့ …။
Forwarded from Y.S.D Scout Channel
‼️ အကြမ်းဖက်စစ်​ကောင်စီ၏ ​မင်္ဂလာဒုံ​လေတပ်အား ပစ်ခတ်တိုက်ခိုက်ခြင်း​ကြေညာချက်နှင့်အတူ လာမည့်သင်္ကြန်ကာလအတွင်း စစ်​ကောင်မှပြုလုပ်ကျင်းပမည့် သင်္ကြန်မဏ္ဍပ်များအား ပစ်ခတ်ရန်အတွက်လည်း ၁၀၇ မမ ​ရှော့တိုက်ဒုံးများ အလုံအ​လောက်ပြင်ဆင်ထားပြီးဖြစ်​ကြောင်း အသိ​ပေး​ကြေညာခြင်း ‼️

7 April 2023
Forwarded from GenZ Phoe Maung
"စစ်တပ်စီးပွားဒို့ငြင်းဆန်၊
တော်လှန်သင်္ကြန်ပြည်သူ့အသံ"
=====================

မကြာခင်ကျရောက်လာမယ့် အတာသင်္ကြန် ကာလကို ဘယ်လိုဖြတ်သန်းကြမလဲ?
Forwarded from GenZ Phoe Maung
တနိုင်ငံလုံးအနှံ့ စစ်အုပ်စုက မီးရှို့လူသတ် အကြမ်းဖက်တာကို ခံနေကြရချိန်မှာ ကိုယ်နဲ့ဘာမှမဆိုင်သလိုမေ့ပြီး စိတ်လွတ်လက်လွတ် ပျော်ကြကဲကြဖို့တော့ နှလုံးသားရှိတဲ့ ပြည်သူတွေအနေနဲ့လိပ်ပြာလုံကြမယ်မထင်ပါဘူး…

ဒါပေမယ့်လည်း ခြွင်းချက်ဆိုတာရှိတတ်ပြန်တော့ တချို့က စောဒကတက်စရာရှိမယ်… တို့တွေက တနှစ်လုံးစာ ငွေကိုရသလောက် ကုန်းရုန်းရှာ လစဉ်ရော ကြုံရင်ကြုံသလိုရော တော်လှန်ရေးကို နိုင်သလောက်ထောက်ပံ့နေခဲ့ကြတာပါ…

သင်္ကြန်ရက်ကလေးမှာတော့ မိဘဆွေမျိုးတွေဆီသွားရင်း လမ်းမှာ ဘုရားဝင်ဖူးဖို့၊ တချို့က အပြန်မှာ ကမ်းခြေဝင်ဖို့၊ တချို့ကလည်း မိသားစုလိုက်အားတုန်းလေး အပူရှောင်ဖို့ တောင်ပေါ်တက် စသည် စသည်ပေါ့…

အပျော်ကြူးဖို့မဟုတ်ပေမယ့် ရင်နဲ့မမျှအောင် ထမ်းထားရတဲ့ စိတ်ဝန်ထုပ်ကို ရသလောက်လျှော့ဖို့ ခရီးလေးဘာလေး သွားကြတာရော မဖြစ်ဘူးလားပေါ့… ဖြစ်ပါတယ်… ။

တော်လှန်ရေးကိုလည်း နိုင်သလောက်ကူနေတယ် ခဏတဖြုတ်လေး စိတ်လက်အပန်းပြေချင်တယ်ဆိုရင် ခရီးထွက်တာက ကြီးကြီးမားမား ပြဿနာမဟုတ်ပါဘူး… ။

ဒါပေမယ့် တခုသတိထားဖို့လိုတာက အပန်းဖြေရင်းကြုံတုန်းကြိုက်တုန်းမှာ တနည်းတဖုံနဲ့ တော်လှန်သင်္ကြန်ပွဲကို ဆင်နွှဲကြဖို့တော့ တိုက်တွန်းချင်ပါတယ်။ ဘယ်လိုဆင်နွှဲရမလဲဆိုတော့ ခရီးပဲထွက်ထွက် မိဘဆွေးမျိုးရပ်ရွာပဲပြန်ပြန် ကျွန်တော်တို့တော်လှန်ပြည်သူအနေနဲ့ရှောင်ရန် ဆောင်ရန် တော်လှန်ရန်လေးတွေတော့ရှိပါတယ်။

ခရီးသွားပြီဆို အိမ်ကကားကို ဆီထည့်ရမှာပေါ့…
လာပါပြီ ရှောင်ရန်…

- ကြုံရာဆိုင်မှာ မထည့်ဘူးဒီဆိုင်တွေဆို ရှောင်ကြမယ်။

- အပန်းဖြေကမ်းခြေသွား အနားယူမယ်ဆိုလည်း ကြုံရာဟိုတယ် မတည်းဘူး။ ဒီဟိုတယ်တွေ ရှောင်ကြမယ်…

- လမ်းခရီးမှာ အရမ်းငြီးငွေ့လို့ ဘီယာလေးအရက်လေး တခွက် တဖလားသောက်မယ်ဆိုလည်း ဒီတံဆိပ်တွေတော့ ဝေရာမဏိ မသောက်ဘူးဟေ့ ရှောင်ကြမယ်။


- ဆေးလိပ်လေးဖွာမယ်ဆိုလည်း ဒီတံဆိပ်တွေ ဝေးဝေးနေထား စျေးကြီးပလေ့စေ တခြားတံဆိပ်သောက်မယ်။


- နေပူပူခရီးမို့ ရေသန့်ဗူးလေး ဝယ်သောက်တာကအစ ဒီတံဆိပ်ဆိုရင်တော့ ရှောင်ကြမယ်ဟ တခြားဟာရှာဝယ်ဆိုတာမျိုး…

ဟ မင်းတို့ဟာက တော်လှန်သင်္ကြန်ဆိုတာလည်းပါသေး ခရီးသွားတာလည်း ဟိုမှာ မတည်းနဲ့ ဒီဟာမသောက်နဲ့ ဒီဆီမထည့်နဲ့ ဘာတွေတုန်းကွလို့ မေးစရာရှိပါတယ်၊ ဟုတ်ပါတယ် ချစ်သော ပြည်သူတို့ အပန်းဖြေ အနားယူတာကို ကျနော်ကျမတို့ တော်လှန်ရေး ရဲဘော်တွေက တိုက်ပွဲတွေကြားကနေပဲ မုဒိတာပွါးပါတယ်။

ကိုယ့်ပြည်သူတွေ ပျော်ရွှင်နိုင်တဲ့ အနာဂတ်ရဖို့ ကိုယ့်အသက်ကိုယ်တောင် စတေးပြီး တိုက်နေကြတာပဲ… ပြည်သူတွေ စိတ်အပန်းဖြေကြတာ ဘာမနာလိုစရာ ရှိမှာလဲဗျာ..။

ဒါပေမယ့်လို့ ခုနက လုပ်ငန်းတွေ အမှတ်တံဆိပ်တွေက အကြမ်းဖက်လူသတ် စစ်အုပ်စုနဲ့ သူတို့ဆွေမျိုးအပေါင်းအပါတွေရဲ့ စီးပွါးရေးမို့လို့ ဒီလုပ်ငန်းတွေဆီကို ပြည်သူတွေပေးမိသမျှငွေက ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်ဖို့ ကျည်ဆန်တွေ အမြောက်ဆံတွေ လေယာဉ်ဆီတွေ ဖြစ်ကုန်မှာပါခင်ဗျ…။

ဒါကြောင့်မို့လို့ တနှစ်တခါကျတဲ့ အတာသင်္ကြန်ကာလနေရထိုင်ရခက်ကြရင် အပန်းဖြေတာ အနားယူတာ ခရီးသွားတာဟာ ပြဿနာမဟုတ်ပါ။
စစ်တပ်ထုတ်ကုန် စီးပွါးရေးကိုတော့ ရှောင်ကြရှားကြ ငြင်းဆန်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါခင်ဗျာ...။


မိဘပြည်သူအပေါင်းလည်း၊ နှစ်သစ်သင်္ကြန်ကာလမှာ တော်လှန်ရေးအဖွဲ့အသီးသီးရဲ့လုံခြုံရေးထုတ်ပြန်ချက်များကိုမပျက်မကွက်လိုက်နာပြီး ဂရုတစိုက်သွားလာကြဖို့နဲ့၊ သွားလာတဲ့ခရီးတစ်လျှောက် ခလုတ်မထိဆူးမငြိ၊ ဘေးအန္တရာယ်ကင်းစေဖို့၊ နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ... ။

"ဘူးသပိတ်နဲ့တူဆင်နွှဲ၊ တော်လှန်သင်္ကြန်ပုန်ကန်ပွဲ"


#အရေးတော်ပုံ_မုချအောင်ရမည်
Forwarded from GenZ Phoe Maung
သေသွားတဲ့ လူ​တွေထဲ
ငါ့မိဘ မပါဘူး၊

​သေသွားတဲ့ လူ​တွေထဲ
ငါ့​မောင်နှမ မပါဘူး၊

​သေသွားတဲ့ လူ​တွေထဲ
ငါ့က​လေး​တွေ မပါဘူး၊

ဒါဆိုရင် ပုံမှန်အတိုင်းဆက်ပြီး ​​ပျော်​နေလိုက်ကြပါ.... ။

​သေသွားတဲ့ လူ​တွေထဲ
ငါ့မိဘ ပါလာတဲ့နေ့

​သေသွားတဲ့ လူ​တွေထဲ
ငါ့​မောင်နှမ​တွေ ပါလာတဲ့နေ့၊

​သေသွားတဲ့ လူ​တွေထဲ
ငါ့က​လေး​တွေ ပါလာတဲ့နေ့​
ရောက်တဲ့အထိ

ခုလို
ဖန်ခွက်ချင်းတိုက်ပြီး
​ပျော်​နေနိုင်ကြပါ​စေ...။

ရခိုင်မှာ ငို​ကြတုန်းက
ပြည်မမှာ အ​ပျော်မပျက်ခဲ့သလို

အညာမှာ ငို​နေတဲ့အချိန်လည်း
ပြည်မက အ​ပျော်မပျက်ခဲ့ဘူး ...

ဒါ​ကြောင့်
ဖြစ်​လေရာဘဝတိုင်း
လူဟန်​ဆောင်ပြီး လူ
နံ့​ပျောက်တဲ့အရပ်မှာ
မ​နေရပါလို၏ အရှင်ဘုရား ...။

ဖိုး​မောင်...
💥 Share this with your friends from the US and other countries so that they can support us.
The international community must do more than just write and post statements.

#WhatsHappeningInMyanmar
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
🏳️တော်လှန်ရေးပန်းခြံအနီးတွင် ရေဘဝဲမှ
တော်လှန်သင်္ကြန်အတွက်နှိုးဆော်မှုပြုလုပ် 🏳️

အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးတိုးမြှင့်ထားသည့် မြို့နယ်တစ်ခုဖြစ်သော စမ်းချောင်းမြို့နယ်ရှိ တော်လှန်ရေးပန်းခြံအနီးတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ သရုပ်ဆောင်၊အဆိုတော် မင်းမော်ကွန်း၏ CDM သင်္ကြန်သီချင်းကို တော်လှန်ယိမ်းအကဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုံ့ဆော်မှုပြုလုပ်ခဲ့ကြသည်။ထိုလှုပ်ရှားမှုကို Youth Scout for Democracy (Y.S.D) မှမြေပြင်ကင်းထောက်အဖြစ် ကူညီဆောင်ရွက်ပေးခဲ့သည်။

"မိဘပြည်သူများရှင်၊တော်လှန် သင်္ကြန်အချိန်အခါသမယကို ရောက်ရှိလာပြီဖြစ်ပါတယ်။နွေဦးတော်လှန်ရေးနဲ့ယှဥ်တွဲပြီး ရိုးရာယဥ်ကျေးမှုအမွေအနှစ် ပွဲတော်များကိုထိန်းသိမ်းကြတဲ့အခါမှာ - မအေလိုးမင်းအောင်လှိုင်၊မင်းအောင်လှိုင်မအေလိုးကြောင့် အိုးပစ်၊အိမ်ပစ်၊သေကွဲ၊ရှင်ကွဲကွဲနေကြတဲ့ ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအတွက် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ တိတ်တိတ်လေးပျော်ပေးကြဖို့ ရေဘဝဲက နှိုးဆော်တိုက်တွန်းလိုက်ပါတယ်"

ဧပြီ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်

#တော်လှန်သင်္ကြန်
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from GenZ Phoe Maung
သစ္စာ​ဖောက်တဲ့ အထဲမှာ နိုင်ငံ​ရေးသစ္စာ​ဖောက်တဲ့​ကောင်က အဆိုးဆုံးပဲ !!!

ကိုယ့်အ​ပေါ် သစ္စာ​ဖောက်သွားတာထက် အမှန်တရားကို သစ္စာ​ဖောက်သွားတာက အဆိုးဆုံးပဲ ...

👇👇