Kyimyindaing Scout Channel
183 subscribers
423 photos
52 videos
280 links
Download Telegram
Forwarded from GenZ Phoe Maung
မင်းအမေတော့ ချောင်မှာငိုပြီး ရှက်နေတော့မှာပဲ ...

👇👇
Forwarded from GenZ Phoe Maung
သို့ …

မင်းတို့ဆီမှာပဲ အမေရှိတာမဟုတ်ဘူး …
ညီညီ့မှာလဲ အမေရှိတယ်
ခန့်ငြားဟိန်းမှာလဲ အမေရှိတယ်
စိုင်းဘုန်းမင်းသန့်မှာလဲ အမေရှိတယ်
ဇေယျာသော်မှာလဲ အမေရှိတယ်
ရေမွန်မှာလဲ အမေရှိတယ်
တောထဲက PDF တွေမှာလဲ အမေရှိတယ်
CDM တွေမှာလဲ အမေရှိတယ်
အားလုံး အမေ့အိမ်ကို လွမ်းကြတယ်
အားလုံး အ​မေ့အိမ်ကို အိမ်ပြန်ချင်ကြတယ်

ဒါပေမယ့် …
စစ်ဖိနပ်အောက်ဒူးထောက် ကိုယ်ယုံကြည်ရာကို သစ္စာမဖောက်ခဲ့ကြဘူး။
သူတို့ရဲ့အမေတွေ သူတို့သား၊ သမီးတွေအတွက်ဂုဏ်ယူနေကြချိန်
မင်းတို့အမေ​တွေကတော့ ရှက်နေရှာမှာပဲ …။

ဘန်​ကောက်မှာပွဲလုပ်ပြီး ရတဲ့ ပိုက်ဆံနဲ့ ​ခေါက်ဆန်လမ်းမှာ ညတိုင်း မူးရူးပြီး ​နေခဲ့တဲ့ဘဝကို
မင်းတို့အ​မေ​တွေသိရင် ရှက်မှာပဲ...

​တော်လှန်​ရေးသမားအမည်ခံပြီး ဘာ​စောက်လုပ်မှမလုပ်ချင်ဘဲ လူတကာဆီကလက်ဖြန့်​တောင်းပြီး စားချင်တဲ့မင်းတို့​စောက်ကျင့်ကို မင်းတို့အ​မေ​တွေသိရင် ရှက်မှာပဲ...

ခိုးဝင်ဘဝနဲ့​ နေရတယ်လို့​ပြောပြီး သူများအိမ်မှာ စားလိုက်​၊ သောက်လိုက်၊ မူးလိုက်၊ ရူးလိုက်နဲ့ ​နေဝင်းတို့ဖြိုး​လေး တို့သီချင်းပြန်ဆိုတာကိုမြင်ပြီး ငါလည်းပြန်ဆိုချင်တာ​ပေါ့ဆိုတဲ့ စိတ်နဲ့ အ​ဖေအရက်​ပြန်​သောက်တာကို အ​ကြောင်းပြပြီး ပြန်လာတာ မင်းအ​ဖေသိရင်လည်း ရှက်မှာပဲ...။

စစ်​ခွေး​ယောက်ဖကို အကူညီ​တောင်း၊ ယုန်​ခွေးဆီအပူကပ် စကစ ဆီအညံ့ခံဖို့​ပြောပြီး တာချီလိတ်မှာ သာသာယာယာနဲ့ လာကြိုခံရတာ​ကို မသိရင် အဖမ်းခံလိုက်ရသလိုနဲ့ သတင်းလွှင့်ပြီး ပြည်သူ့​မေတ္တာကို အ​ချောင်ကနှိုက်ချင်​​သေးတယ်။

ပါးတစ်ချက်အရိုက်မခံရ၊ ​စောက်ခွက်တစ်ချက်အထိုးမခံရဘဲနဲ့ ​တော်လှန်​ရေးဘက်ကလူ​တွေအ​ကြောင်း အကုန်​ဖော်သွားတဲ့ မင်းတို့အစား ​တော်လှန်​ရေးသမား​တွေက ရှက်မှာပဲ။

ပန်းနု​သွေးဆန်ပုံများ အဆင်မ​ပြေကြလို့ဘဲ ချင်းမိုင်မှာ MTV​ တောင် ရိုက်သွား​သေးတယ်။ ဒါ​တောင် ဘဝကလမ်း​ပျောက်​နေလို့ တိုက်​ပေါ်ကခုန်ချ​ချင်​နေ​သေးတာလား သ​န္ဓေမမှန်တဲ့ ​ကောင်တွေရဲ့ ... ။

ကြည်​ဇော်​အေး​ပြောသလိုပဲ
"မုသာဝါဒဆိုတာ နူး​အောင်ချက်ရင် ​ဆေးဖက်ဝင်တယ်" တဲ့ ...
လိမ်မယ်ဆိုရင်လည်း အဆုံးထိ​ရောက်​အောင် "လိမ်" ။ အဆင်​ပြေ​နေတုန်းက ​တော်လှန်​ရေးအတွက်တစ်ပြားမှ မကူဘဲ သူများနိုင်ငံမှာသုံးဖြုန်း​ပျော်ပါး​နေပြီး အခုကျမှ
" ခိုးဝင်ပြီး​နေရလို့ အဆင်မ​ပြေဘူး။ အထက်ကလူ​တွေမ​​ကောင်းဘူးဆိုပြီး " ​
ခေါင်းစဥ်မတပ်နဲ့။ မျက်ရည်မခြူနဲ့။
အ​ကြောင်းမသိတဲ့ သူ​တွေက​တော့ မင်းတို့ကို သနားမယ်။ အ​ကြောင်းသိတဲ့သူ​တွေက​တော့
မင်းတို့အစားရှက်မှာပဲ ...။

ငါးပါးသီလ မ​ပြောနဲ့ နိုင်ငံ​ရေးမှာ တော်လှန်​ရေး သီလတစ်ပါး​တောင် မလုံတဲ့​ကောင်​တွေ
မင်းတို့အ​ကြောင်းသိလာတဲ့တစ်​​နေ့ မင်းတို့ကိုအား​ပေးတဲ့သူ​တွေက​တော့ ရှက်မှာပဲ...။

ဖိုး​မောင်
#GenZPhoeMaung
အကြမ်းဖက်စစ်တပ်ရဲ့ တစ်နှစ်တာ စစ်အသုံးစရိတ်က ဒေါ်လာ သန်းပေါင်း ၁၈၀၀ခန့်ရှိတယ်လို့ တိကျစွာသိရှိရပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာငွေအသုံးပြုမှု ထုတ်ပြန်ချက်အရ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နိုင်ဖို့ စစ်အသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့် သုံးစွဲမယ်လို့လည်းတွေ့ရှိရပါတယ်။ ဒီလောက်ဝင်ငွေတွေကို သုံးနိုင်သရွှေ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကလည်း နေ့စဉ်နှင့်မျှ ဆိုသလို ပိုမိုဆိုးရွားနေဦးမှာပဲဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေတွေကို ဖြတ်တောက်နိုင်ဖို့ တော်လှန်ပြည်သူတိုင်း သွေးစွန်းငွေဖြတ်တောက်ရေးမှာ ပါဝင်ပေးကြဖို့လိုအပ်ပါတယ်။

#Sanction_MOGE
#PTT_MustStopPaymentToJunta
#FreezePaymentToJuntaAndSaveMyanmar
#Keep_InEscrowAccount
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
Forwarded from GenZ Phoe Maung
မခံစားနိုင်ဘူးဗျာ
Yangon Bread - ရန်ကုန်ပေါင်မုန့်

ကဲကဲ...
အများကြီး မပြောချင်ဖူး.....
သတင်းလာပေးကြ...............ဒါပဲ။

#KyimyindaingScoutChannel
Forwarded from GenZ Phoe Maung
သူများကျတော့ ပြည်ဖျက်​လေးဘာ​လေးနဲ့
ဒီ​ကောင်​တွေကျတော့ သေတာ​တောင်​ ကောင်း​ကောင်းမ​သေဘူး
မဆိုင်တဲ့ လမ်း​ဘေးက ဓါတ်တိုင်ကို ဝင်တိုက်​သွား​သေးတယ်

"ဒီ​ကောင်​တွေမှ တကယ့်ပြည်ဖျက်အစစ် ..."
လျှပ်စစ်မီးမှန်မှန်ရဖို့ တော်လှန်ရေးမှာပါဝင်စို့ 🔥

ယနေ့ ရန်ကုန်မြို့တနေရာတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ "လျှပ်စစ်မီးမှန်မှန်ရဖို့ တော်လှန်ရေးမှာပါဝင်စို့" စာတန်းအားချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုံ့ဆော်မှု ပြုလုပ်ခဲ့ကြသည်။

"အကြမ်းဖက်စစ်ကောင်စီကို မီတာမဆောင်ဘူး ဆိုတဲ့ "ဘူး" သပိတ်တိုက်ပွဲလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာမိဘပြည်သူများအားလုံးသိရှိပြီးသားဖြစ်ပါတယ်။ဒါကို အကြမ်းဖက်စစ်ကောင်စီဟာ ယုတ်မာတဲ့နည်းအသွယ်သွယ်နဲ့ အမျိူးမျိူးခြိမ်းခြောက်စော်ကားခဲ့အတွက် ​ပြည်သူလူထုအနေနဲ့ ကြောက်ရွံ့မှုမျိုးစုံနဲ့ မီတာခဆောင်ခဲ့ရတာရှိသလို၊အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင်တွေဟာလည်း မီတာခပေးဆောင်ခဲ့ကြပါတယ်။အခုဆို အကြမ်းဖက်စစ်ကောင်စီဘက်မှာ ရပ်တည်တဲ့သူဖြစ်စေ၊ပြည်သူ့ဘက်မှာရပ်တည်တဲ့သူဖြစ်စေ၊ တိုင်းပြည်တစ်ခုရဲ့အခြေခံလိုအပ်ချက်တွေထဲကတစ်ခုဖြစ်တဲ့ လျှစ်စစ်မီးဆုံးရှုံးမှုဒဏ်ကို အတူတကွခံစားနေကြရပါတယ်။ဆိုလိုချင်တာက အကြမ်းဖက်စစ်ကောင်စီရဲ့ဘယ်လုပ်ရပ် ဆိုးကျိုးတွေကိုမဆို အနီ၊အစိမ်း၊ပါတီမကွဲပြားပဲ ပြည်သူလူထုအားလုံးအတူတူခံစားနေကြရတာပါပဲ။အကြမ်းဖက်စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ပျက်သုဥ်းမှသာ ကျွန်တော်တို့အားလုံးအတွက် လျှပ်စစ်မီးမှန်မှန်ရရှိဖို့ အဖြေဟာထင်ရှားလာမှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူလူထုတရပ်လုံးအတွက် လျှပ်စစ်မီးမှန်မှန်ရဖို့ တော်လှန်ရေးမှာပါဝင်ကြပါစို့လို့ ရေဘဝဲအနေနဲ့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်"

ဧပြီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်

#မီး
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
ပြည်သူချစ်လျှင် ကဗ္ဗည်းတင်မည်၊ ပြည်သူမုန်းလျှင် ပျောက်ပျက်သုန်းမည်

မကြာမီ အချိန်တွင်းတွင် စစ်ကောင်စီမှ ပြုလုပ်သော ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (အရပ်အခေါ် အကယ်ဒမီ ပေးပွဲ) ကျင်းပတော့မည်ဖြစ်သည်။ ပွဲလမ်းသဘင်များ ပြုလုပ်ကာ ပြည်သူအများ၏ တော်လှန်စိတ်ကို အားပျော့ပျက်ပျယ်သွားအောင်၊ နိုင်ငံအတွင်း သာမန်အခြေအနေ ပြန်လည်ဖြစ်နေသယောင် နိုင်ငံတကာ မှ အထင်မှားစေရန် စစ်ကောင်စီမှ အကြိမ်ကြိမ် အဖန်ဖန်ကြိုးစားခဲ့သည်ဖြစ်သည်။ ထိုသို့ကြိုးစားချိန်တိုင်းလည်း ပြည်သူအများမှ ပါဝင်ခြင်းမရှိ ပတ်သက်ခြင်းမရှိ ဝေးရာမှ ရှောင်ကြဥ်ခဲ့သည်သာဖြစ်သည်။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲသည်လည်း ထိုအများထဲမှ တစ်ပွဲသာ ဖြစ်ပေလိမ့်မည်။ သို့သော် ယခုပွဲတွင် လူသိများ ထင်ရှားသူများ၏ အင်အားကို အသုံးပြုကာ ပြည်သူအများ၏ အာရုံကို ရယူရန်ကြိုးပမ်းခြင်းဖြစ်သည်။ ထို့ကြောင့်ပင်လျင် စစ်ကောင်စီမှ ရုပ်ရှင်သရုပ်ဆောင်အများစုကို ပွဲတက်ရောက်ရန် အတင်းအကြပ်ဖိအားပေး ခြိမ်းခြောက်ကာ အားသွန်ခွန်စိုက် ကြိုးပမ်းနေခြင်းဖြစ်သည်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲဆိုသည်မှာ မိမိ၏ အနုပညာ၊ အတတ်ပညာတို့ကို မှတ်ကျောက်တင်ကာ ပြသပြီး ထူးချွန်ဆုနှင့် ထိုက်တန်ကြောင်းပြသခြင်းဖြစ်သည်။ ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ စစ်ကောင်စီ အလိုကျ ပြုလုပ်သော “လုပ်ပွဲ” သာသာ မျှသာဖြစ်ပြီး အနုပညာရှင်များအတွက် ရင်းနှီးရမည်မှာ ပြည်သူ၏ အချစ်မေတ္တာသာဖြစ်သည်။ ပြည်သူ၏ စစ်ကောင်စီအပေါ် အမုန်းတရားအတွက် ပွဲတက်ရောက်သူတို့မှာ ကြားဝင်ခံစားရမည်။ စစ်ကောင်စီက ဒိုင်းတစ်ချပ် သဖွယ် အသုံးပြုခြင်းခံရခြင်းဖြစ်မည်။ ရှေ့ဆက်လျောက်မည့် ခရီးလမ်းအတွက် အရိပ်မဲနှင့် အတိတ်ဆိုး သာ ဖြစ်ပေလိမ့်မည်။ ညီအကို မောင်နှမ သဖွယ် ယုံကြည်ခဲ့ကြသော အနုပညာသည် အချင်းချင်းအတွက် နောက်ကျော ဓားနှင့် ထိုးသည့် သဖွယ်သာဖြစ်သည်။

အနုပညာသည်တို့အတွက် အရေးကြီးဆုံးအတောင့်တဆုံး ဆုလာဘ်မှာ ပြည်သူတို့၏ အချစ်ဖြစ်သည်။ ပြည်သူတို့၏ ချစ်သော မျက်စိဖြင့် ကြည့်ခံရခြင်းသည် အနုပညာသည်တို့၏ အကြီးမားဆုံးအောင်မြင်မှုဖြစ်သည်။ ပြည်သူတို့၏ လျစ်လျူရှုခြင်းနှင့် အမုန်းကိုခံကာ ပျောက်ပျက်သုဥ်းခံလေမည်မလား။ ပြည်သူ၏အချစ်နှင့် ကဗ္ဗည်း ထိုးခံလေမည်လားဆိုသည်မှာ ကိုယ်တိုင်၏ ရွေးချယ်မှုပင်ဖြစ်ပါသည်..

#အကယ်ဒမီပေးပွဲ #စစ်ကောင်စီ
#အနုပညာရှင်များ #ဖိအားပေးခြိမ်းခြောက်
#AJAY
Forwarded from GenZ Phoe Maung
ကဒါဖီလမ်းလိုက်နေတဲ့ ကြင်စိုး
ဖြစ်ချင်တာက သမ္မတ
ဖြစ်လာမှာက …
(ပရိတ်သတ်ကြီးရဲ့ အဖြေက…?)

#GenZPhoeMaung
Forwarded from GenZ Phoe Maung
🟥 ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု စကစ သတင်းပေး တရားခံများအား ဖမ်းဆီးရမိပြီး၊

အကြမ်းဖက် ပျူခေါင်းဆောင်ဥူးဝါသဝနှင့် အခြား စကစသတင်းပေး ၂ ဦးတို့အပြင်၊

အာဏာသိမ်းအကြမ်းဖက် ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အပါအဝင် တရားခံ (၆) ဦးတို့အား ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ဖြင့် အမှုဖွင့်ထား။

၂၈ ရက်၊ ဧပြီလ၊ ၂၀၂၃ ခုနှစ်

အသေးစိတ်ဖတ်ရှုရန် -
https://www.facebook.com/100069353994741/posts/pfbid06k1oN62tmzH9cLMVxdxgVZEEhoKvCJduh7DpbK2ojwEg6Kts3TVmt8RfAigdHodol/?mibextid=cr9u03
ငယ်ရွယ်လတ်ဆတ်တဲ့ အူတွေ အသည်းတွေ ကလီစာတွေ ရမယ်နော်။ လူမျိုး ဘာသာ မရွေးတဲ့ အသွေးအသားတွေကိုလဲ စိတ်ကြိုက် စားသုံးလို့ရအောင် စီစဉ်ထားပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေရဲ့ နှလုံးကို စားချင်လား၊ ဦးနှောက်ကို စားမလား၊ ခလေးငယ်ငယ်လေးတွေရဲ့ အရိုးနုလေးတွေကို စားမလား။ လိုချင်တာ ရစေရမယ်နော်။

ဒီလိုတွေ စားသောက်နိုင်ဖို့အတွက်

Myanmar Beer၊ Andaman Gold၊ Army Rum၊ Dragon Beer၊ Black Shield Stout စတာတွေ သောက်ဖို့ လိုအပ်ပါတယ်။
Internet data သက်သာတဲ့ Mytel SIM cardတွေ သုံးဖို့ လိုပါတယ်။
Boycott ထားတဲ့ ကုန်ပစ္စည်းတွေကို ရှောင်ဖို့လဲ မလိုအပ်ပါဘူး။ ဖယ်ကြဉ်ခံထားရဖို့ ထိုက်တန်တဲ့ လူတွေကိုလဲ ဖက်လဲတကင်း Social Punishment လုပ်ဖို့ မလိုအပ်ပါဘူး။

တော်လှန်ရေးအတွက် ကူစရာမလိုပဲ စစ်အာဏာရှင်အတွက် ပိုမိုလိုအပ်တဲ့ ငွေကြေးလမ်းကြောင်းကို ကူညီထောက်ပံ့ပေးရုံနဲ့ ဒီလို အသွေးအသားတွေကို သင်လဲ ထပ်တူ စားသုံးနိုင်ပါပြီ။

အူစုံတွေ ရမယ်နော်။
Cafe Amazon မှာထိုင်ပြီးလဲ စားသောက်လို့ ရပါတယ်။ PTT ဆီဆိုင်တွေမှာ ဆီဖြည့်ရင်း အော်ဒါတင်လို့ ရပါတယ်။ online ကနေ Delivery များဖြင့် လူကြီးမင်းတို့ မျက်စိရှေ့ အရောက် ပို့ဆောင်ပေးပါတယ်။နီလာရိုးမ၊ ရွှေဗျိုင်းဖြူ၊ New Day ၊ Star Height တွေမှာ ဆီဖြည့်ပါ။

ဒီလိုတွေ လုပ်ဆောင်နေရင်တော့ သင်လဲ သွေးသံတရဲရဲ လတ်ဆတ်နေတဲ့ အသွေးအသားတွေကို စားသုံးနေပါပြီ။

ယခု နွေဦး တော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ စုစုပေါင်း အရေအတွက်မှာ ( 3447 )ဦး ရှိပြီဖြစ်ကြောင်း AAPPက ဖော်ပြထားပါတယ်။

#WhatsHappeningInMyanmar
#BloodMoneyCampaignMM
“ချီတက်ကြစို့ အတူညီစုံ... လောကသစ် နိဗ္ဗာန်ဘုံ”

မေဒေးနေ့ ခေါ် ကမ္ဘာ့အလုပ်သမားနေ့သည် အလုပ်သမားလူတန်းစားတို့အတွက် နိုင်ငံရေးသဘောတရားအရ လွန်စွာအရေးပါသော နေ့ထူးနေ့မြတ်တစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားတို့အား ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင်စနစ်ကို တော်လှန်၍ အလုပ်သမားတို့၏ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားများ သွေးစည်းလိုက်သည့်နေ့ဟု ဆိုထိုက်ပေသည်။

မြန်မာ့တော်လှန်ရေး၏ သမိုင်းစာမျက်နှာများတွင်လည်း အလုပ်သမားထု၏ တော်လှန်လှုပ်ရှားမှုပုံရိပ်များသည်လည်း ခေတ်အဆက်ဆက် မှတ်ကျောက်တင်နိုင်ခဲ့ပြီးဖြစ်သည်။ မတရားသော အမိန့်အာဏာဟူသမျှကို ဖီဆန်တော်လှန်ကြ၍ သမိုင်းပေးတာဝန်များကို ကျေပွန်စွာ လက်ဆင့်ကမ်း သယ်ဆောင်လာကြသည်မှာ ယခု”နွေဦးတော်လှန်ရေး”အထိပင်ဖြစ်သည်။ နိုင်ငံတော်သစ်ဆီသို့ ချီတက်ရာလမ်းတွင် အလုပ်သမားထု၏ အားသည် ပြည်သူများအတွက် အလွန်အရေးပါသည်ဟု မှတ်ယူပါသည်။

လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူညီမျှခြင်းတို့ဖြင့် ကုံလုံပြည့်ဝသည့် လောကနိဗ္ဗာန်ဘုံဆီသို့ အလံစုံညီ၊ အသွင်သဏ္ဍန်တူညီစုံစွာ ဆက်လက်ချီတက်နိုင်ပါစေကြောင်း ယနေ့ကျရောက်သော “ကမ္ဘာ့အလုပ်သမားနေ့”မှ ဆန္ဒပြုဆုတောင်းအပ်ပါသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု
(Anti-Junta Alliance Yangon – AJAY)
တော်လှန်ရေးနှင့်ပက်သက်သော အချက်အလက်များ၊ လူထုလှုပ်ရှားမှုများ၊ ကမ်ပိန်းများအား စဉ်ဆက်မပျက် သိရှိနိုင်စေရန် စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY) ၏ Telegram Channel နှင့် Twitter အား subscribe လုပ်ထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

AJAY Telegram link
https://t.me/ajayyangon

#AJAY