တပ်မတော်စစ်ကြောင်းများက CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် ဖလမ်းမြို့နှင့် အဆိုပါဒေသတစ်ခုလုံးအား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်
========================
နေပြည်တော် ဧပြီ ၂၅
ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဖလမ်းမြို့သည် ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများစိုက်ရာ တောင်ပေါ်မြို့တစ်မြို့ဖြစ်သည်။ မြောက်ဘက်တွင် တီးတိန်မြို့နယ်နှင့် တောင်ဘက်တွင် ဟားခါးမြို့နယ်တို့တည်ရှိကာ ဖလမ်းမြို့အနီး ဆူရ်ဘုန်တောင်တွင် လေယာဉ်ကွင်းရှိပြီး ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ရှိသည့်မြို့ဖြစ်သည်။ ဖလမ်းမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်သို့လည်းကောင်း၊ ဖလမ်း-ဟားခါးမှတစ်ဆင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ဘက်သို့လည်းကောင်း သွားလာနိုင်ပြီး အချက်အချာကျပြီး နယ်မြေအေးချမ်းသည့် မြို့တစ်မြို့ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်»https://mdd.gov.mm/my/news/3727

❤5👍2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
============================
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများ ခင်ဗျား
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အလုပ်သမားများ၏ လုပ်အားတန်ဖိုးကို မြှင့်တင်ပေးသောနေ့၊ အလုပ်သတ်မှတ်ချိန်ကို မှန်ကန်သင့်လျော်စွာ ခံစားရသောနေ့၊ ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုသမိုင်းတွင် မှတ်ကျောက်တင်နိုင်သည့် သမိုင်းဝင်နေ့ထူးနေ့မြတ် အခါသမယဖြစ်ပါသည်။ ထိုကဲ့သို့သော မင်္ဂလာနေ့ရက်မှစ၍ နိုင်ငံတော်အတွင်းရှိ အလုပ်သမားကြီးများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ချစ်ခင်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
ဆက်လက်ဖတ်ရှုရန်»https://mdd.gov.mm/my/news/3800

👍1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို
===============================
နေပြည်တော် ဧပြီ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုသည်။
ဆက်လက်ဖတ်ရှုရန်»https://mdd.gov.mm/my/news/3799

❤2👍1
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၅)အဆန်/အမှတ်(၆)အစုန်လူစီးအမြန်ရထားအား ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲ
======================
နေပြည်တော် မေ ၁
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မှတောင်ငူအထိ ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ (ODA Loan)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည်။ တောင်ငူ - နေပြည်တော်နှင့် နေပြည်တော်- မန္တလေးရထားလမ်းပိုင်းအား နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ရန်ကုန်-မန္တလေး အဓိက ရထားလမ်းပိုင်း၌ ရထားအမြန်နှုန်းများတိုးမြှင့်ပြီး ပြေးဆွဲချိန်လျှော့ချခြင်း၊ ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရေးအတွက် ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် အမှတ်(၅)အဆန်၊ အမှတ်(၆)အစုန် လူစီးအမြန်ရထားများကို ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းများဖြင့် ယနေ့မှစ၍ စတင်ပြေးဆွဲပေးသည်။
အမှတ်(၅)အဆန်/(၆)အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတွင် ပထမတန်း လေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်းတွဲ ခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်ပြီး ခရီးသွားလက်မှတ်ခအနေဖြင့် ခရီးစဉ်အစအဆုံးတစ်ဦးလျှင် ပထမတန်းငွေကျပ် ၃၄၀၀၀ နှင့် အထက်တန်း ငွေကျပ် ၄၈၀၀၀ နှုန်းကျသင့်မည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာ စုစုပေါင်းကိုးဘူတာ ရပ်တန့်ပေးမည်ဖြစ်ကာ အမှတ်(၅) အဆန် DEMU လူစီးအမြန်ရထားသည် ရန်ကုန်မှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ညနေ ၄ နာရီတွင် လည်းကောင်း၊ အမှတ်(၆)အစုန် DEMU လူစီးအမြန်ရထားသည် မန္တလေးမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်သို့ ညနေ ၄ နာရီ ၁၀ မိနစ်တွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ရာ ရထားပြေးဆွဲချိန် ၁၀ နာရီသာကြာမြင့်မည်ဖြစ်သည်။

👍2❤1
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၆ ခုနှစ်လူရည်ချွန်စခန်းများသို့သွားရောက်မည့် လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်
==========================
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ၂၀၂၆ ခုနှစ် လူရည်ချွန်စခန်းများသို့သွားရောက်မည့် လူရည်ချွန်ကျောင်းသား ကျောင်းသူများအား ပဲခူးမြို့တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များထက်သန်ပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း တန်ဖိုးထားတတ်စေရန်၊ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်နှင့် စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်တို့ ရှင်သန်ကိန်းအောင်ရန်၊ မိမိပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းများကို အကျိုးပြုနိုင်ရန်ရည်ရွယ်ပြီး လူရည်ချွန်စခန်းများသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလူရည်ချွန်စခန်းများသို့ရောက်သည့်အခါ တစ်ဦးနှင့်တစ်ဦးနားလည်စာနာမှု၊ သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန်ရိုင်းပင်းကူညီဖေးမမှု၊ ယုံကြည်မှုစသည့် စိတ်ဓာတ်ရေးရာအခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်စခန်းများသို့သွားရောက်မည့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် လူရည်ချွန်ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်ဆရာ ဆရာမများ စုစုပေါင်း ၄၄ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၃၂ သိန်းကို ထောက်ပံ့ပေးအပ်ရာ လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ
=========================
နေပြည်တော် မေ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး မြန်မာနိုင်ငံတွင် မေလ ၆ ရက်အထိနေထိုင်၍ အထင်ကရ နေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြင်ဦးလွင်မြို့နယ်၌ Cherry Trail Run 2026 (Pyin Oo Lwin)ပြိုင်ပွဲကျင်းပ
=======================
ပြင်ဦးလွင် မေ ၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ RUNderful Myanmar Group (Yangon) ၊ MARS Running Group (Mandalay) နှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အားကစားသမားဟောင်းများ လူမှုရေးအသင်းတို့ပူးပေါင်းကျင်းပသည့် Cherry Trail Run 2026 (Pyin Oo Lwin) ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီ ခွဲက အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ၃၆ ကီလိုမီတာ အမျိုးသားပြိုင်ပွဲဝင် ၂၂၈ ဦးနှင့် အမျိုးသမီးပြိုင်ပွဲဝင် ၆၇ ဦး၊ ၁၆ ကီလိုမီတာအမျိုးသားပြိုင်ပွဲဝင် ၄၁၁ ဦးနှင့် အမျိုးသမီးပြိုင်ပွဲဝင် ၂၄၀၊ နိုင်ငံခြားသား ပြိုင်ပွဲဝင် ၁၁ ဦး စုစုပေါင်း ၉၅၇ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၃၆ ကီလိုမီတာပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင်များအား ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ခုနစ်သိန်းနှင့် တတိယဆု ငါးသိန်းအားလည်းကောင်း၊ ၁၆ ကီလို မီတာပြိုင်ပွဲတွင် ဆုရပြိုင်ပွဲ၀င်များအား ပထမဆု ငါးသိန်း၊ ဒုတိယဆု သုံးသိန်းနှင့် တတိယဆုနှစ်သိန်းအား တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲကို ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့် RUNderful Myanmar Group (Yangon)၊ MARS Running Group (Mandalay)နှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အားကစားသမား ဟောင်းများလူမှုရေးအသင်းတို့မှ တာဝန်ရှိသူတို့က အလံချိုး၍ ပြိုင်ပွဲဝင်ကစားသမားများအား တာလွှတ်ပေးသည်။
အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ ပြင်ဦးလွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး(ပြန်/ဆက်)

👍2
ဘားအံမြို့၌ အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ (အခွန်လွတ်) တောင်သူလယ်သမားဈေး ဖွင့်လှစ်ရောင်းချ
=========================
ဘားအံ မေ ၂
ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၎င်းထုတ်ကုန်များကို သက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ဘားအံမြို့သီရိကွင်း၌ အမှန်တကယ်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ (အခွန်လွတ်)တောင်သူ လယ်သမားဈေးကို ဖွင့်လှစ်ရောင်းချသည်။
အဆိုပါ တောင်သူလယ်သမားဈေးတွင်သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝသော ကြက်၊ ဝက်၊ ဆိတ်၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည်အစရှိသော ဒေသထွက်မွေးမြူရေးထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ကန်စွန်းရွက်၊ မှို၊ မုန်လာဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ချဉ်ပေါင်၊ ဘူးသီး၊ အာလူး၊ ဖရုံသီး အစရှိသော ဒေသထွက် ဟင်းသီးဟင်းရွက် (စားဖိုဆောင်သီးနှံ)အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ ပြင်ပပေါက်ဈေးထက် သက်သာသောဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီအရောင်းဆိုင်ခန်းများ စုစုပေါင်းအရောင်းဆိုင်ခန်းပေါင်း ၃၀ ကျော်ဖြင့် အရည်အသွေးပြည့်ဝ၍ ဘေးဥပဒ်ကင်းရှင်းသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အများပြည်သူထံတိုက်ရိုက်ရောင်းချခြင်းဖြစ်သည့်အတွက် ကုန်ဈေးနှုန်းတည်ငြိမ်လျော့နည်းကျဆင်းစေကာ ဒေသခံစိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် စားသုံးသူများအတွက်ပါအကျိုးရှိ စေမည်ဖြစ်သည်။

👍4
အများပြည်သူသို့ အသိပေးကြေညာချက်
==================
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme– PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
၃။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည်အသွေးကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့မေးမြန်းလိုက်သော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းသည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

(၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Virtual စနစ်ဖြင့် တက်ရောက်
===================
နေပြည်တော် မေ ၃
ဥဇဘတ်ကစ္စတန်နိုင်ငံ၌ ယနေ့ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (29th ASEAN+3 Finance Ministers’ and Central Bank Governors’ Meeting – 29th AFMGM+3) သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဆက်လက်ဖတ်ရှုရန်»>https://mdd.gov.mm/my/news/3836

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲ မေ ၁၀ ရက်အထိ ဖွင့်လှစ်ပြသမည်
==========================
ရန်ကုန် မေ ၃
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော် ပရိဝုဏ်အတွင်း၌ မေ ၁၀ ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန်»https://mdd.gov.mm/my/news/3839

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား လက်ခံတွေ့ဆုံ
===============================
နေပြည်တော် မေ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေး၊ ပညာရေးနှင့် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဆေးဘက်ဆိုင်ရာနှီးနှောဖလှယ်ပွဲများ၊ ကုသရေးအတွေ့အကြုံများဖလှယ်ခြင်းနှင့် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ စာအုပ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်အချက်များ
=================
၁။ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများသည် အလုပ်ရှင်ထံမှခွင့်စာ (Letter of Permission for Leave) နှင့် သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ မှန်ကန်ကြောင်း စိစစ်ထောက်ခံချက်ရယူပြီး သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာမှ ထုတ်ပေးသော ထောက်ခံချက်ပူးတွဲ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။
၂။ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့မတိုင်မီကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေကြသည့် အလုပ်သမားများတွင် ခွင့်ကာလ (၁) လအထက်ကျော်သူများ၊ OWIC တွင် ဖော်ပြထားသော နိုင်ငံနှင့် လုပ်ငန်းခွင်ကွဲလွဲသူများသည် ခွင့်ကာလတစ်လကျော်ယူရသည့် အကြောင်းပြချက်နှင့် အထောက်အထားခိုင်လုံစွာဖြင့် တင်ပြရပါမည်။
၃။ မြန်မာနိုင်ငံသားများ အလုပ်သွားရောက်လုပ်ကိုင်နေသော နိုင်ငံအများစုတွင် သတ်မှတ်ထားသော ခွင့်အမျိုးအစားများအနက် မီးဖွားခွင့်၊ မိသားစုစောင့်ရှောက်ခွင့်၊ နာမကျန်းခွင့် စသည်တို့မှအပ နှစ်ပတ်လည် ခွင့်အပါအဝင် သာမန်ခွင့်များကို အများဆုံး (၁) လသာ ခွင့်ပြုထားသည်ဟု သိရှိထားရသဖြင့် အမှန်တကယ် ခွင့်တင်ပြရယူထားသော ခွင့်ပြန် အလုပ်သမားဖြစ်ကြောင်း သေချာစေရန် စိစစ်ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား အလုပ်သမားများ အမှန်တကယ်အလုပ်လုပ်ကိုင်နေသော OWIC ပါ အလုပ်ရှင်နှင့် လုပ်ငန်းခွင်တို့တွင် အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ရပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ လက်ရှိအလုပ်လုပ်နေသော အလုပ်ရှင်/ လုပ်ငန်းခွင်အမှန်ကိုသိရှိနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။
၄။ သို့ပါ၍ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ စာအုပ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ၎င်းတို့အလုပ်လုပ်ကိုင်ရာ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များသို့ အချိန်မီပြန်လည်ဝင်ရောက်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေးအတွက် အထောက်အထားများကို မှန်ကန်ပြည့်စုံစွာ တင်ပြနိုင်သည့် လျှောက်လွှာများကို ရက်သတ္တပတ်တစ်ပတ် (ရုံးပိတ်ရက်အပါအဝင်) အတွင်း ပြည်ပထွက်ခွာခွင့်နှင့် OWIC အသစ်လဲလှယ်နိုင်ရေးတို့ကို စနစ်တကျနှင့် အမြန်ဆုံး စိစစ်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား လက်ခံတွေ့ဆုံ
================
နေပြည်တော် မေ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်လတ်၊ ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
==========================
နေပြည်တော် မေ ၄
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရေးနှင့် ကဏ္ဍစုံတွင် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များအတွက် ပိုမိုအားကောင်းခိုင်မာလာစေရန်တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်ပြားများကို Online တွင် ကြော်ငြာ၍ စာရွက်စာတမ်းအတုများ ထုတ်ပေးလျက်ရှိသဖြင့် ပွဲစားများ၊ အကောင့်အတု (Fake Account) များနှင့် လုံးဝဆက်သွယ်ခြင်းမပြုရန် အများပြည်သူသို့ အသိပေးကြေညာ
============
ပြည်သူများအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များ၊ လုပ်ငန်းအဆင်မပြေမှုများနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက် နိုင်ပါကြောင်း အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်-
- အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန - ၀၆၇-၃၄၃၁၀၄၅/ ၃၄၃၁၀၅၆
- အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန - ၀၆၇-၃၄၃၁၅၅၁
- ကချင်ပြည်နယ်ဦးစီးမှူးရုံး - ၀၉-၂၆၃၅၁၉၇၈၇
- ကယားပြည်နယ်ဦးစီးမှူးရုံး - ၀၉-၂၅၀၀၆၄၀၅၀
- ကရင်ပြည်နယ်ဦးစီးမှူးရုံး - ၀၉-၄၂၂၄၆၈၉၈၂
- ချင်းပြည်နယ်ဦးစီးမှူးရုံး - ၀၉-၄၀၀၃၁၀၈၂၀
- စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၇၆၂၆၄၁၄၆၉
- တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၂၅၀၉၅၀၅၅၀
- ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၄၂၁၀၆၀၃၇၀
- မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၄၅၀၀၆၄၉၈၅
- မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၄၀၇၅၉၀၆
- မွန်ပြည်နယ်ဦးစီးမှူးရုံး - ၀၉-၆၉၂၂၇၆၃၅၈
- ရခိုင်ပြည်နယ်ဦးစီးမှူးရုံး - ၀၉-၄၃၀၇၀၇၈၉
- ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၄၃၀၃၅၈၂၉
- ရှမ်းပြည်နယ်ဦးစီးမှူးရုံး - ၀၉-၆၉၉၀၃၂၈၀၅
- ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ရှမ်းမြောက်) - ၀၉-၆၇၇၆၁၈၂၂၈
- ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ရှမ်းအရှေ့) - ၀၉-၄၂၈၂၃၅၁၄၈
- ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး - ၀၉-၈၉၈၉၄၂၀၆၉
- ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး - ၀၉-၄၂၇၂၂၇၀၁၁