Media Development Department
1.22K subscribers
1.28K photos
109 videos
1 file
511 links
Download Telegram
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
👍3
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
👍1
ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
👍4
ဒုတိယသမ္မတ ဦးညိုစော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ
====================================
နေပြည်တော် ဧပြီ ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာစေရေး၊ စီးပွားရေးကဏ္ဍ၊ နယ်စပ်ဒေသကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံဘဏ်များ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် နယ်စပ်ကုန်သွယ်ရေးနှင့် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်
👍2
အရေးပေါ်အခြေအနေကြေညာခြင်း
👍3
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆
👍4
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
👍3
ငြိမ်းချမ်းရေးအတွက်ဖိတ်ခေါ်ချက်နှင့် ဥပဒေဘောင်အတွင်းဝင်ရောက်ရေး တိုက်တွန်းနှိုးဆော်ချက်တို့နှင့် စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်နိုင်
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
============================
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန
👍7
စက်သုံးဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက်
=============================
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသောပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်း သယ်ယူပို့ဆောင်လျက်ရှိသော ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီဈေးနှုန်းများလည်း လိုက်ပါမြင့်တက်သောကြောင့် အခက်အခဲများစွာကြုံတွေ့ခဲ့ကြရပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီမပြတ်လပ်စေရေး ပုံမှန်ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ခဲ့သည့် အတွက် စဉ်ဆက်မပြတ်ဖြည့်တင်းနိုင်ခဲ့ပြီး စက်သုံးဆီများ ပုံမှန်ဖြန့်ဖြူးရောင်းချပေးနိုင်လျက်ရှိသည့်အပြင် စနစ်တကျစိစစ်သုံးစွဲနိုင်မှုကြောင့် ရက် ၆၀ စာ ဖူလုံမှုရှိသည်အထိ ဖြည့်တင်းသိုလှောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။ ထို့အပြင် စက်သုံးဆီဖူလုံမှု အာမခံချက်ရှိစေရေးအတွက် မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး စက်သုံးဆီအပြင် အခြားရေနံထွက်ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက်လည်း သဘောတူညီမှုများ ရရှိထားပါသည်။
ဆက်လက်ဖတ်ရှုရန်»https://mdd.gov.mm/my/news/3741
1👍1
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် ပြည်သူလူထုများ တွေ့ဆုံ
================================
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်‌ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များအနေဖြင့် ၁၄ ကြိမ်မြောက် ဒေသခံပြည်သူများအားတွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဆက်လက်ဖတ်ရှုရန်»https://mdd.gov.mm/my/news/3740
👍1
ဧရာဝတီတံတား (ရတနာပုံ) Load Test စစ်ဆေး၍ လက်ရှိခွင့်ပြုနေသည့် ၂၅ တန်မှ ၄၅ တန်အထိ တိုးမြှင့်ခွင့်ပြု
========================
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ယနေ့တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဧရာဝတီတံတား (ရတနာပုံ) ကို အားဖြည့်ပြုပြင်ခြင်းပြီးစီး၍ Load Test စစ်ဆေးပြီး ၂၅ တန်မှ ၄၅ တန်သို့ တိုးမြှင့်၍ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုပေးနေမှု၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအတွက် အသစ်ပြန်လည်တည်ဆောက်နေသည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ဖတ်ရှုရန်»https://mdd.gov.mm/my/news/3735
👍1