မြန်မာ့ တော်လှန်ရေး အကြောင်း အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းကို တစိုက်မတ်မတ် lobbying လုပ်ပေးနေတဲ့ မိတ်ဆွေ တစ်ယောက်က ပြောဖူးတယ်။ အမေရိကန် အစိုးရထဲမှာ လတ်တလော မြန်မာနဲ့ ပတ်သတ်ပြီး ရွေးချယ်မှုတွေ စဉ်းစားနေတုန်းပဲတဲ့။ အမေရိကန် လွှတ်တော်ကတော့ တော်လှန်ရေး အင်အားစုတွေ ဘက်က ပြတ်ပြတ်သားသား ရပ်တည်ပြီး ဒါဟာ ပထဝီ နိုင်ငံရေးမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု အပေါ် တန်ပြန်ရမယ့် ကိစ္စလို့ မြင်ပါသတဲ့။
ဒီအချိန်မှာ ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် နေရာ (ယခင် သောမတ် အန်ဒရူးနေရာ) မှာ မစ္စ ကယ်လီ ကူရီကို ခန့်အပ်လိုက်တာ တွေ့ရတယ်။ အင်ဒရူးဟာ စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူမှု လမ်းကြောင်းတွေကို ဖော်ထုတ်တာ၊ နိုင်ငံတကာကို ပြင်းပြင်းထန်ထန် တိုက်တွန်းတာတွေလုပ်ပြီး တော်လှန်ရေး အင်အားစုတွေကြားမှာ လေးစားယုံကြည်မှု ကြီးကြီးမားမား ရရှိခဲ့သူပါ။
အခု အဆိုပြုခံရတဲ့ မစ္စ ကယ်လီရဲ့ နောက်ခံကို ကြည့်ရင် လူ့အခွင့်အရေး ရှေ့နေတစ်ဦး ဖြစ်တဲ့အပြင် အင်ဒို-ပစိဖိတ် လုံခြုံရေး၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒနဲ့ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုတွေကို အထူးပြုလေ့လာခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာ့အရေးကို လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သက်သက် ဆိုတာထက် ဒေသတွင်း လုံခြုံရေး၊ တရုတ်-အမေရိကန် အားပြိုင်မှု စတဲ့ နိုင်ငံတကာ ပထဝီနိုင်ငံရေး ပြဿနာ တစ်ခုအနေနဲ့ ပိုမိုကျယ်ပြန့်စွာ ပုံဖော် ချဉ်းကပ်လာနိုင်ပါတယ်။
သူမဟာ NED လို အဖွဲ့အစည်းတွေ၊ Atlantic Council လို မူဝါဒရေးရာ ဩဇာကြီးမားတဲ့ အဖွဲ့တွေမှာ တာဝန်ယူခဲ့သလို၊ အမေရိကန် အစိုးရယန္တရား (အထူးသဖြင့် နိုင်ငံခြားရေးဌာန) မှာလည်း အတွေ့အကြုံရှိသူပါ။ ဒါကြောင့် ကြေညာချက်တွေ ထုတ်ပြန်ရုံသက်သက်ထက် ကျော်လွန်ပြီး၊ BURMA Act လို အမေရိကန်အစိုးရရဲ့ လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှုတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အတွက် ဝါရှင်တန်အပေါ် ပိုပြီး ဩဇာညောင်း လာနိုင်ပါတယ်။
အမျိုးသမီးရေးရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သူမရဲ့ အတွေ့အကြုံအရ၊ စစ်ကောင်စီတပ်တွေက ကျူးလွန်နေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေကို ICJ နဲ့ ICC လို နိုင်ငံတကာ တရားရုံးတွေမှာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အရေးယူနိုင်ရေးအတွက် ဥပဒေကြောင်းအရ ပိုမို ဖိအားပေး လုပ်ဆောင်လာနိုင်ပါတယ်။
သူက ၂၀၀၉ ကနေ ၂၀၁၇ အတွင်း Burma Transition Initiative ကို ဦးဆောင်ခဲ့သူဖြစ်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေ၊ စစ်တပ်ရဲ့ သဘောသဘာဝတွေကို နားလည်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အင်ဒရူး ချမှတ်သွားတဲ့ စံနှုန်းက အရမ်းမြင့်ပါတယ်။ မြေပြင်က တော်လှန်ရေး အင်အားစုတွေ၊ အရပ်ဘက် အဖွဲ့အစည်း CSOs တွေ နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ပြီး အချိန်တိုအတွင်း ယုံကြည်မှုရယူနိုင်ဖို့ သူမအနေနဲ့ ကြိုးစားရပါလိမ့်မယ်။
ဒါပေမယ့် ကျွန်တော်တို့ ထည့်စဉ်းစားရမယ့် အချက် တစ်ချက်က သူမဟာ ဘယ်လောက်ပဲ အရည်အချင်းပြည့်ဝပြီး အမေရိကန် ကျောထောက်နောက်ခံ ရှိတဲ့ ကိုယ်စားလှယ်ဖြစ်ပါစေ တရုတ်နဲ့ ရုရှားတို့ ဗီတိုအာဏာသုံးနိုင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အကန့်အသတ်တွေကိုတော့ ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
ခြုံပြောရရင်တော့ မစ္စ ကယ်လီကို ခန့်အပ်ခံရတာဟာ မြန်မာ့အရေးကို ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ပထဝီနိုင်ငံရေး ရှုထောင့်ကနေ ချဉ်းကပ်ပြီး တရုတ် ဩဇာ လွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ အလားအလာ ကောင်းတွေ ရှိပါတယ်။ သူမရဲ့ အမေရိကန် မူဝါဒရေးရာ အသိုင်းအဝိုင်းနဲ့ ချိတ်ဆက်နိုင်မှုက တော်လှန်ရေး အင်အားစုတွေအတွက် နိုင်ငံတကာရဲ့ လက်တွေ့ကျတဲ့ အကူအညီတွေ ရလာဖို့ အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

❤320👍135👏11🖕2🥰1🥱1
◾️ သူပုန်ကြောင့် မြို့ပျက်တာလား၊ မြို့ဖျက်လို့ မြို့ပျက်တာလား
အကြမ်းဖက် စစ်ကောင်စီဟာ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နယ်မြေတွေနဲ့ တော်လှန်ရေး စိုးမိုးနယ်မြေက အရပ်သားတွေ နေထိုင်တဲ့ ရပ်ရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘုန်းကြီးကျောင်းပါမကျန် ဗုံးကျဲ မီးရှို့ ဖျက်ဆီးပြီး ဒါဟာ သူပုန်တွေ နေတဲ့ နေရာ၊ သူပုန်တွေကို လက်ခံထားလို့ ပျက်ဆီးတာ ဆိုပြီး အမြဲတစေ ဝါဒဖြန့်ပါတယ်။ သူတို့ စိုးမိုးနယ်မြေတွေက ပြည်သူတွေ ဒီလို ဒုက္ခမျိုး မကြုံရဘူး ဆိုတာမျိုးလည်း အမြဲနှိုင်းယှဉ် ပြောလေ့ ရှိပါတယ်။
ဒါကို သေချာ တွေးကြည့်ရင် တော်လှန်ရေး တပ်တွေက ပြည်သူကို ဘယ်လို သဘောထားသလဲဆိုတာ မြင်သာပါတယ်။ တော်လှန်ရေး တပ်တွေက မိမိ စိုးမိုးအုပ်ချုပ်နေတဲ့ နယ်မြေက ပြည်သူကို ဘာကိစ္စနဲ့မှ ထိခိုက်အောင် လုပ်စရာ အကြောင်း မရှိပါဘူး။ စစ်ကောင်စီတပ်တွေ ကပဲ လာလာပြီး ဒုက္ခပေးတာပါ။ တစ်ဘက်မှာ စစ်ကောင်စီ အုပ်ချုပ်နေတဲ့ နယ်မြေက ပြည်သူတွေကို အပြန်အလှန် အနေနဲ့ တော်လှန်ရေး တပ်တွေက သွားပြီး ဒုက္ခပေးတာမျိုး မရှိတာကြောင့် အေးအေးချမ်းချမ်း နေထိုင်ခွင့် ရနေတာ ဖြစ်ပါတယ်။
NUG လက်အောက်ခံ PDF တွေဟာ ယေဘုယျအားဖြင့် ပြည်သူကို ဗဟိုပြုတဲ့ မူဝါဒကို ကိုင်စွဲထားပါတယ်။ မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ထောက်တိုင်တွေ၊ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အရပ်သားပြည်သူတွေ ထိခိုက်မှု မရှိစေရေးဟာ UG တွေအတွက် အဓိက စိန်ခေါ်မှု ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ မစ်ရှင် လုပ်ဆောင်ဖို့ ဗုံးထောင်ထားပြီးမှ အနီးအနားကို ကလေးငယ်တွေ၊ အရပ်သားတွေ ရောက်လာလို့ မစ်ရှင်ကို ဖျက်သိမ်းခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။
စစ်ကောင်စီရဲ့ အဓိကဗျူဟာ ကတော့ အရပ်သားတွေကို အကြောက်တရား သွင်းပြီး တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့မှု ဖြတ်တောက်ဖို့ ရည်ရွယ်တဲ့ ဖြတ်လေးဖြတ် စနစ် ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေး စိုးမိုးနယ်မြေတွေက အရပ်သားတွေကို စစ်ရေး ပစ်မှတ် သဖွယ် သဘောထားပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စစ်ရေးပစ်မှတ်တွေကို တိတိကျကျ မတိုက်ခိုက် နိုင်တဲ့အခါ လေကြောင်းကို အသုံးပြုပြီး ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ကျောင်းကန် ပုထိုးပါမကျန် တိုက်ခိုက် ဖျက်ဆီးလေ့ ရှိပါတယ်။
နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ မှတ်တမ်းတွေအရ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့မှုကြောင့် အရပ်သားနေအိမ် ရှစ်သောင်းကျော် (အထူးသဖြင့် စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့မှာ) ပြာကျခဲ့ရပါတယ်။ ဒါဟာ တိုက်ပွဲဖြစ်ပွါးလို့ မတော်တဆ လောင်ကျွမ်းတာမျိုး မဟုတ်ဘဲ ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး ရည်ရွယ်ချက် ရှိရှိ မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ပြည်သူတွေ အေးချမ်းစွာ မနေရတာဟာ တော်လှန်ရေး အဖွဲ့တွေကြောင့် မဟုတ်ဘဲ မင်းအောင်လှိုင် စစ်တပ်က သူတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထု တစ်ရပ်လုံးကို ရန်သူသဖွယ် သဘောထားပြီး အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေကို နိုင်ငံတော် အဆင့် မူဝါဒတစ်ရပ်အနေနဲ့ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်နေခြင်းကြောင့်သာ ဖြစ်ပါတယ်။

👍354❤43💯17🥱4😁1🤣1🖕1
◾️ ကျွန်တော်တို့ နိုင်နေပါတယ်
နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ လေယာဉ်ဗုံးကျဲသံတွေ၊ ရှေ့တန်းက ရဲဘော်တွေရဲ့ အခက်အခဲတွေ၊ အဖွဲ့တွင်း သွေးခွဲမှုတွေနဲ့ ကျဆုံးမှု သတင်းတွေကြားမှာ "ငါတို့ တကယ်ရော နိုင်ပါ့မလား" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတဲ့ အခိုက်အတန့်တွေ ရှိကောင်းရှိပါလိမ့်မယ်။
ဒါဟာ လူ့သဘာဝပါ။ ရန်သူကလည်း ကျွန်တော်တို့ကို ဒီလို စိတ်ဓာတ်ကျလာအောင်၊ မျှော်လင့်ချက် ကင်းမဲ့လာအောင် စိတ်ဓာတ်စစ်ဆင်ရေး (Psywar) တွေနဲ့ အစွမ်းကုန် ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ခံစားချက်တွေကို ခဏဘေးဖယ်ပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ ပထဝီရေးရာ Logic အရ အပေါ်စီးကနေ ခြုံငုံကြည့်လိုက်တဲ့အခါ ငြင်းဆန်လို့မရတဲ့ အမှန်တရားတစ်ခုက တော်လှန်ရေးဟာ လက်ရှိမှာ တစိတ်တပိုင်း အနိုင်ရနေပြီ ဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ရန်သူဟာ တအိအိ ပြိုကျသွားမယ့် လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတဲ့ အချက်ပါပဲ။
တချို့က မေးကြတယ်။ ရန်ကုန်နဲ့ နေပြည်တော်ကို မသိမ်းနိုင်သေးဘဲ ဘယ်လိုလုပ် နိုင်နေတယ်လို့ ပြောရမလဲတဲ့။ စစ်ရေးမဟာဗျူဟာမှာ Anaconda Strategy ဆိုတာ ရှိပါတယ်။ ရန်သူ့ကို အချက်အချာကျတဲ့ နေရာမှာ လှောင်ပိတ်ထားပြီး အသက်ရှူကျပ် သေဆုံးစေတဲ့ နည်းလမ်းပါ။
ဒီကနေ့ စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၁၀၀ နီးပါးနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ် အများစုကို လက်လွှတ် ထားရပါတယ်။ သူတို့ဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့ မြေပြန့်က မြို့ကြီးတွေမှာ ဘန်ကာတွေတူး၊ ခြံစည်းရိုးတွေခတ်ပြီး ပုန်းအောင်းနေရတဲ့ City-State အဆင့်ကို လျှောကျသွားပါပြီ။
မြို့အပြင်ထွက်တာနဲ့ အတိုက်ခံရမယ့် အနေအထားမို့ မြေပြင်စိုးမိုးနိုင်တဲ့ Ground Control က မရှိသလောက် နီးပါးပါပဲ။ နေပြည်တော်ကို မသိမ်းနိုင်သေးတာဟာ သရေကျနေတာ မဟုတ်ဘဲ ရန်သူကို ရေပတ်လည် ဝိုင်းနေတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ အသေ ပိတ်လှောင်ထားနိုင်လိုက်ခြင်းသာ ဖြစ်ပါတယ်။
စစ်ကောင်စီက မြို့ပျက်တချို့ကို ပြန်သိမ်းပြတာ၊ စစ်မှုထမ်းဥပဒေနဲ့ လူသောင်းချီ စုဆောင်းပြတာတွေကို ကြည့်ပြီး ရန်သူ အင်အားပြန်ကောင်းလာပြီလို့ ထင်စရာရှိပါတယ်။ ယုတ္တိကျကျ စဉ်းစားကြည့်ပါ။ အင်အားတောင့်တင်းတဲ့ စစ်တပ်ဟာ အရွယ်လွန် စစ်မှုထမ်း ဟောင်းတွေကို ပြန်မခေါ်ပါဘူး။ လမ်းသွားလမ်းလာတွေကို အတင်းအဓမ္မ ပေါ်တာဆွဲစရာ မလိုပါဘူး။
အတင်းအကျပ် သေနတ်တပ်ပေးလိုက်တဲ့ လက်နက်ကိုင်ဖို့ ဆန္ဒမရှိသူ လူသောင်းချီဟာ စစ်ကောင်စီအတွက် တိုက်ခိုက်ရေးစွမ်းရည် တက်လာတာ မဟုတ်ဘဲ၊ ကိုယ့်ရင်ခွင်ထဲ ကိုယ်ပြန်ထည့်ထားတဲ့ ချိန်ကိုက်ဗုံး တွေသာ ဖြစ်ပါတယ်။
ဒီလူတွေဟာ အခွင့်အရေးရတာနဲ့ လက်နက်ချပြေးမယ့်သူတွေ၊ တော်လှန်ရေး အဖွဲ့တွေဆီ အတွင်းသတင်းတွေ ပြန်ပို့ပေးမယ့် ဖရဲသီးတွေပဲ ဖြစ်လာမှာပါ။ ဒါဟာ စစ်ကောင်စီ ပြန်လည်နာလန်ထူလာတာ မဟုတ်ဘဲ၊ ရေနစ်နေသူက ကောက်ရိုးမျှင် လှမ်းဆွဲနေတဲ့ နောက်ဆုံးအဆင့်သာ ဖြစ်ပါတယ်။
မြေပြင်မှာ မျက်နှာချင်းဆိုင် မတိုက်နိုင်တော့တဲ့အခါ စစ်ကောင်စီမှာ လက်နက်နှစ်ခုပဲ ကျန်ပါတော့တယ်။ ပထမတစ်ခုက ပြည်သူကို အကြောက်တရားသွင်းဖို့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို လေယာဉ်နဲ့ ဗုံးကျဲတာဖြစ်ပြီး၊ ဒုတိယတစ်ခုက တော်လှန်ရေးအဖွဲ့တွေထဲ သူလျှိုတွေ၊ ဒလန်တွေထည့်ပြီး အချင်းချင်း သံသယဝင်အောင်လုပ်တာ ပါပဲ။
ဒီလုပ်ရပ်နှစ်ခုစလုံးဟာ Desperate Defensive Tactics တွေသာ ဖြစ်ပါတယ်။ တကယ့် စစ်တပ်ကောင်းတစ်ခုဟာ မြေပြင်ကို ခြေလျင်တပ်နဲ့ သိမ်းပိုက်အုပ်ချုပ်နိုင်ရပါတယ်။ လေယာဉ်နဲ့ သူလျှိုတွေဟာ အဖျက်အမှောင့် လုပ်နိုင်ရုံသာရှိပြီး စစ်ပွဲတစ်ခုကို အနိုင်ရအောင် ဘယ်တော့မှ မစွမ်းဆောင်နိုင်ပါဘူး။
တော်လှန်ရေး ဘက်မှာ လက်နက်ကိုင်တိုက်ပွဲ အဆင့်ကနေ အုပ်ချုပ်ရေး ယန္တရား တည်ဆောက်တဲ့ အဆင့်ကို အခိုင်အမာ ကူးပြောင်းလာနိုင်ပါပြီ။ စစ်ကိုင်း၊ မကွေးနဲ့ ကရင်၊ ကရင်နီ၊ ချင်း၊ ကချင်၊ ရခိုင် စတဲ့ ဒေသတွေမှာ ကျန်းမာရေး၊ ပညာရေးနဲ့ တရားစီရင်ရေး ကိစ္စတွေကို လည်ပတ်နေတဲ့ လက်တွေ့မြေပြင် ဖက်ဒရယ် ယူနစ်တွေ ပေါ်ပေါက်နေပါပြီ။
ဒါဟာ အရေးအကြီးဆုံး အောင်ပွဲပါ။ ကုန်သွယ်ရေးနဲ့ သယံဇာတတွေကို ထိန်းချုပ်လာနိုင်တဲ့ အချိန်ကြာလေလေ ပိုပြီး ရေရှည်ရပ်တည်နိုင်စွမ်း ရှိလာလေလေ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဘယ်သူက ပိုအခက်တွေ့မလဲ တွက်ကြည့်ပါ။
စစ်ကောင်စီဘက်မှာ နိုင်ငံခြားဝင်ငွေ ရှာပေါက်တွေ ပိတ်လာရင်၊ လေယာဉ်ဆီနဲ့ လက်နက်ဝယ်ဖို့ ခက်လာရင်၊ စီးပွားရေး ပြိုလဲလာရင်၊ အတင်းအကျပ် ဖမ်းဆီးထားတဲ့ တပ်သားတွေကြား ပုန်ကန်မှုတွေ များလာရင် ဘာတွေ ဆက်ဖြစ်မလဲ တွေးကြည့်ပါ။ ဒါကြောင့် အတုအယောင် ရွေးကောက်ပွဲ လုပ်ပြီး နိုင်ငံရေးအရ အကျပ်ရိုက်လွန်းလို့ ထွက်ပေါက်ရှာပေမယ့် ဘယ်သူမှ အသိအမှတ် မပြုလို့ ရာဝင်အိုးထဲ ခေါင်းဝင်ပြီး အော်နေသလိုသာ ဖြစ်နေပါတယ်။
အခွန်အခတွေ၊ သယံဇာတတွေ ရရှိနိုင်မှု ပိုအားကောင်း လာတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကကတော့ လက်နက်ခဲယမ်း တပ်ဆင်နိုင်မှု ပိုကောင်းလာမယ်၊ တပ်ဖွဲ့ဝင်တွေ စစ်ရေးအတွေ့အကြုံ ပိုရင့်ကျက်လာမယ်၊ နောက်ဆုံးမှာ အိမ်နီးချင်းနိုင်ငံတွေကပါ မဖြစ်မနေ တရားဝင် ဆက်ဆံလာရတဲ့ အစိုးရအဆင့်ကို တက်လှမ်းလာပါလိမ့်မယ်။

❤251👍86🤣10😁2🥱2
စစ်ပွဲတစ်ခုမှာ နာကျင်မှုတွေ၊ အကျအဆုံးတွေ၊ ပင်ပန်းဆင်းရဲမှုတွေ ရှိနေဦးမှာပါပဲ။ ရန်သူက ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ ညီညွတ်မှုကို ဖြိုခွဲဖို့ ကြိုးစားလေလေ၊ ကျွန်တော်တို့က ပိုမို သွေးစည်းပြရပါမယ်။ လက်ရှိ အခြေအနေဟာ စစ်ကောင်စီ ပြိုကျနိုင်မလားဆိုတဲ့ အဆင့်ကို ကျော်လွန်သွားပါပြီ။ ဘယ်အချိန် ပြိုကျမလဲ၊ ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲ ဆိုတဲ့ အဆင့်ကို ရောက်နေပါပြီလို့ပဲ ဆိုချင်ပါတယ်။
(အခုပြထားတဲ့ မြေပုံက ၂၀၂၆ မတ်လ ၆ ရက်နေ့ update လုပ်ထားတဲ့ တော်လှန်ရေး အခြေပြ မြေပုံပါ။ စကစရဲ့ ပိုင်နက် နယ်မြေဟာ တနေ့တခြား ပိုပို ကျဉ်းမြောင်း လာတာကို လက်တွေ့ မြင်ရပါလိမ့်မယ်)

❤254👍115🤣6🥱3
◾️ တော်လှန်ရေးဟာ လူထုနဲ့ ကင်းကွာလို့မရ
ပြီးခဲ့တဲ့ လအနည်းငယ်က မိတ်ဆွေ တစ်ယောက်ရဲ့ ဇနီး အဖမ်းခံရတယ်။ အကြောင်းရင်းကတော့ ၂၀၂၁ အစောပိုင်း ကာလတွေတုန်းက CDM ဝန်ထမ်းတွေအတွက် ငွေကြေး ထောက်ပံ့ရင်း ဘဏ်အကောင့် ပိတ်ခံရဖူးလို့ပါပဲ။ ၅ နှစ်နီးပါး ကြာမှ စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်သန်းတဲ့အချိန်မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်က ကျွန်တော်တို့ကို အရေးကြီးတဲ့ သတိပေးချက်တစ်ခု ပေးနေပါတယ်။ အဲဒါကတော့ တချို့ကိစ္စတွေကို ကျွန်တော်တို့ဘက်က မေ့လျော့စ ပြုလာပေမဲ့ ရန်သူကတော့ ဘယ်တော့မှ မမေ့ဘူး ဆိုတာပါပဲ။
သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်အောင် ကိုင်လှုပ်နိုင်ခဲ့တဲ့ CDM လှုပ်ရှားမှုနဲ့ ထောက်ပံ့သူတွေကို အခုချိန်ထိ အညှိုးတကြီး ရန်ရှာနေတုန်းပါပဲ။ ဒါဟာ တနည်းအားဖြင့် ပြည်သူလူထုရဲ့ စွမ်းအားကို သူတို့ ဘယ်လောက်အထိ ကြောက်ရွံ့နေဆဲလဲ ဆိုတာကို သက်သေပြနေတာလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ရဲ့ နွေဦးပေါက်ကာလကို ပြန်တွေးကြည့်ပါ။ အဲဒီအချိန်က ကျွန်တော်တို့ဆီမှာ လက်နက် တပ်ဆင်ထားတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ သယံဇာတ ရနေတဲ့ စိုးမိုးနယ်မြေတွေ၊ စနစ်ကျနတဲ့ အစိုးရ အဖွဲ့အစည်းတွေ မရှိခဲ့ပါဘူး။
ကျွန်တော်တို့ဆီမှာ ရှိခဲ့တာဟာ အာဏာရှင်ကို ရင်ဘတ်ဗလာနဲ့ အန်တုရဲတဲ့ သတ္တိ၊ လက်လုပ်ဒိုင်းကာလေးတွေနဲ့ ပူပြင်းတဲ့ ကတ္တရာလမ်းမပေါ်က သွေးကွက်တွေသာ ဖြစ်ပါတယ်။ ယခု ၅ နှစ်တာ အချိန်ကာလ ကြာမြင့်လာတဲ့အခါ တော်လှန်ရေးဟာ မယုံနိုင်လောက်အောင် ခရီးပေါက်ခဲ့ပါပြီ။
နိုင်ငံအနှံ့က မြို့ရွာပေါင်းများစွာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်။ စစ်ကောင်စီရဲ့ ခိုင်မာလှပါတယ်ဆိုတဲ့ တပ်စခန်း ရာထောင်ချီကို အမြစ်ပြတ် ဖြိုခွင်းနိုင်ခဲ့တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေ၊ ပီပြင်တဲ့ ကာကွယ်ရေးတပ်မတော်တွေနဲ့ အစိုးရ ယန္တရားတွေကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါဟာ သမိုင်းမှာ မကြုံစဖူး ကြီးမားလှတဲ့ တိုးတက်အောင်မြင်မှုကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို စစ်ရေး၊ နိုင်ငံရေးအရ အောင်ပွဲတွေ ကြီးမားလာတာနဲ့အမျှ သတိပြုရမယ့် အန္တရာယ်တစ်ခုလည်း ရှိလာပါတယ်။
အဲဒါကတော့ ဖွဲ့စည်းပုံကျနလာတဲ့ တော်လှန်ရေးအင်အားစုတွေဟာ၊ တော်လှန်ရေး အစောပိုင်းကတည်းက အသက်သွေးချွေး ပေးဆပ်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီ စိုးမိုးနယ်မြေမှာ အကျဉ်းကျနေဆဲဖြစ်တဲ့ လူထုနဲ့ တဖြည်းဖြည်း သီးခြားကမ္ဘာတစ်ခုလို ကင်းကွာလာခြင်းပါပဲ။ မြို့ပေါ်က ပြည်သူတွေကို အသိအမှတ်ပြုပေးနိုင်မှု အားနည်းလာတာဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်တစ်ခု ဖြစ်လာနေပါတယ်။
ဒီကနေ့ ကျွန်တော်တို့ ခြေချနေတဲ့ လွတ်မြောက်နယ်မြေတွေ၊ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းတွေနဲ့ ရရှိထားတဲ့ အောင်ပွဲတွေဟာ အစောပိုင်းကာလ လမ်းမထက်က ပြည်သူတွေရဲ့ အသက်တွေနဲ့ ရင်းနှီးပေးဆပ်ခဲ့လို့ ရလာတာပါ။
ဒီလို အသက်ပေးခဲ့ကြသူတွေဟာ နိုင်ငံရေးသမားတွေချည်း မဟုတ်ပါဘူး။ နေ့စားအလုပ်သမားတွေ၊ ကျောင်းသားလူငယ်တွေနဲ့ သာမန် အရပ်သားပြည်သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ရဲရင့်မှုကမှ ဒီကနေ့ လက်နက်ကိုင် တော်လှန်ရေးကို ရှင်သန်ကြီးထွားလာအောင် ပျိုးထောင်ပေးခဲ့တာပါ။
အသက်ပေးခဲ့ရသူတွေရော၊ အခုချိန်ထိ စစ်ကြောရေးနဲ့ ထောင်တွေထဲမှာ အဖမ်းအဆီးခံ၊ ဒုက္ခခံနေရသူတွေရော၊ အပြင်ဘက်မှာ အံကြိတ်ခံစားရင်း တိတ်ဆိတ်စွာ ထောက်ပို့နေကြတဲ့ ပြည်သူတွေရောဟာ တော်လှန်ရေးရဲ့ မမြင်ရတဲ့ ကျောရိုးတွေ၊ ရေသောက်မြစ်တွေ ဖြစ်ပါတယ်။
အောင်ပွဲအဆင့်ဆင့်နဲ့ ရှေ့ဆက်ချီတက်နေတဲ့ အခုလိုအချိန်မှာ ၂၀၂၁ နွေဦးရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ လက်ချင်းချိတ်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ မူလအစ စိတ်ဓာတ်တွေကို ပြန်လည် နိုးကြားကြဖို့ လိုပါတယ်။ အောင်ပွဲဆီသို့ နောက်ဆုံးခရီးကို လူထုအားနဲ့သာ ဆက်လက် ချီတက်ကြရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ လူထုဖြစ်ပြီး၊ လူထုဆိုတာ တော်လှန်ရေးပဲ ဖြစ်ပါတယ်။

👍331❤92👏6🤮2😁1🥱1🤣1
ဒီနေ့တော့ ပြောလက်စနဲ့ OTS ဆင်း သန်းရွှေနဲ့ DSA ဆင်း မင်းအောင်လှိုင်ရဲ့ ဥာဏ်ရည် ဘယ်လောက် ကွာသလဲ ဆိုတာ ပြောပြရဦးမယ်။ သန်းရွှေက သူအနားယူမယ့် အချိန်အတွက် နှစ်ပေါင်းများစွာ ကြိုတင် ပြင်ဆင်ခဲ့ပြီး Guided Transition ကို စနစ်တကျ လုပ်ဆောင်ခဲ့တဲ့သူလို့ နိုင်ငံရေး လေ့လာသူတွေက အမြဲ သုံးသပ်ကြတယ်။
သူအနားယူတဲ့အချိန် အာဏာအားလုံးကို လူတစ်ဦးတည်းလက်ထဲမှာ မထားဘဲ ခွဲဝေ ပစ်လိုက်တယ်။ သမ္မတက သိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌက ရွှေမန်း၊ တပ်ချုပ်က မင်းအောင်လှိုင်၊ ကြံ့ဖွတ် ဥက္ကဋ္ဌက ဌေးဦး စသဖြင့် နေရာခွဲဝေပေးပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန် ထိန်းကျောင်းစေတဲ့ မော်ဒယ်ကို သုံးခဲ့တယ်။
၂၀၀၈ ခြေဥမှာ လွတ်တော်ထဲ အစိတ်သား ထည့်ပြီး နိုင်ငံအုပ်ချုပ်ရေး အတွက် အရေးပါတဲ့ ဝန်ကြီးဌာန ၃ ခုကို စစ်တပ်လက်ထဲ ထည့်ခဲ့တယ်။ ဒါက ဘာကိုပြနေ သလဲ ဆိုတော့ သူနဲ့ သူ့မိသားစုအတွက် အနာဂတ် လုံခြုံရေး၊ စီးပွါးရေးနဲ့ နောက်ကြောင်းပြန် အရေးယူ မခံရဖို့ ခိုင်မာတဲ့ အာမခံချက်တွေ လုပ်ခဲ့ပြီးမှ ကန့်လန့်ကာ နောက်ကွယ်ကို ဝင်သွားခဲ့တယ် ဆိုတာပဲ။
အသိသာဆုံး တစ်ချက်က သန်းရွှေဟာ သူအနားယူတဲ့ အချိန်မှာ သိပ်ပြီး နာမည်ပျက် မများခဲ့တဲ့သူ၊ ရုပ်ပြ ကောင်းမယ့် သူတွေကိုပဲ နေရာပေးခဲ့တာ တွေ့ရတယ်။ သူ့လက်ထက်မှာ နိုင်ငံရေးသမားတွေကို လက်သံ ပြောင်ပြောင်နဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့တဲ့ ခင်ညွန့်လို လူမျိုးဟာ အမြင့်ဆုံး အဆင့်ထိ တက်မလာခဲ့ သလို နောက်ဆုံး သူ့အာဏာကို ခြိမ်းခြောက်လာလို့ သူကိုယ်တိုင် ထောင်ထဲကို ပို့ခဲ့တာ တွေ့ရတယ်။
မင်းအောင်လှိုင် ကျတော့ ၂၀၂၁ မှာ မဆင်မခြင် အာဏာလုပြီး နောက်ပိုင်း သူကြိုတင် မခန့်မှန်းထားတဲ့ နိုင်ငံရေးနှင့် စစ်ရေး အကျပ်အတည်းတွေကို ရင်ဆိုင်နေရတယ်။ ဒီအချိန်မှာ သမ္မတ၊ ဝန်ကြီးချုပ်၊ တပ်ချုပ် စတဲ့ အမြင့်ဆုံး အာဏာအားလုံးကို ခွဲဝေပေးဖို့ အချိန် အတော်ကြာ ခက်ခဲနေပြီး လူယုံတွေကိုပဲ မကြာခဏ နေရာ အပြောင်းအလဲ လုပ်နေရတယ်။
သူ့လက်ထက်မှာ တော်လှန်ရေးတပ်တွေနဲ့ EROs တွေရဲ့ ထိုးစစ်တွေကြောင့် မြို့ရွာတွေ၊ စစ်စခန်းတွေနဲ့ နယ်စပ် ကုန်သွယ်ရေးစခန်း အများအပြားကို လက်လွှတ် ဆုံးရှုံးထားရတယ်။ ဒါဟာ စစ်တပ်သမိုင်းတစ်လျှောက် အကြီးမားဆုံး စစ်ရေး အကျပ်အတည်းလို့ ပြောလို့ရတယ်။ အရင်ကလည်း ပြည်တွင်းစစ်ကို ကာလရှည်ကြာ တိုက်ခဲ့ရပေမယ့် စစ်ဌာနချုပ်တွေ ကျတဲ့အထိ ရုပ်ပျက်ဆင်းပျက် မရှုံးဖူးဘူး။
ဒီလိုအချိန်မှာ နောက်ကျော မလုံတဲ့ မင်းအောင်လှိုင်ဟာ ပြည်သူတွေ အများကြီးကို မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ထားတဲ့ စရဖ အရာရှိချုပ်ဟောင်း ရဲဝင်းဦးလို လူမျိုးကို ဘေးနားမှာ အမြဲခေါ်ထားရပြီး အရေးပါဆုံး တပ်ချုပ်နေရာကိုပါ ပေးအပ်ခဲ့တာ တွေ့ရတယ်။ ဒါဟာယုံကြည်မှု ဆိုတာထက် သူကိုယ်တိုင်က DSA ကျောင်းဆင်း တွေကို မယုံကြည်လို့ OTS ဆင်း ရဲဝင်းဦးအပေါ် မှီခိုနေရတာကို မြင်သာစေပါတယ်။
မင်းအောင်လှိုင်ဟာ ပြည်သူလူထုရဲ့ ဆန့်ကျင်တော် လှန်မှုတွေသာမက တပ်တွင်းမှာပါ သူ့အပေါ် မကျေနပ်မှုတွေနဲ့ သစ္စာဖောက်မှုတွေ ကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ သဘောပါပဲ။ ဒါကြောင့် သူ့ကို ကာကွယ်ပေးဖို့နဲ့ တပ်တွင်းက အရာရှိတွေကိုပါ ပြန်လည် စောင့်ကြည့် ထိန်းချုပ်ပေးဖို့ ရဲဝင်းဦးလို ရက်စက် ပြတ်သားပြီး ထောက်လှမ်းရေး သတင်း ရယူနိုင်သူ တစ်ယောက်ကို မရှိမဖြစ် လိုအပ်နေတာပါ။
ခြုံကြည့်ရင် DSA ဆင်း မင်းအောင်လှိုင်က OTS ဆင်း သန်းရွှေလို စနစ်တကျ Exit Strategy ကို မဖော်နိုင် သလို နိုင်ငံတကာဖိအားနဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားကို ရေရှည် ကာကွယ်နိုင်မည့် စနစ်လည်း မတည်ဆောက် နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပေါ် သူ့ရဲ့ ပုဂ္ဂိုလ်ရေး မနာလိုမှုနဲ့ သမ္မတ ဖြစ်ချင်တဲ့ လောဘစိတ်ကြောင့် တိုင်းပြည်ကိုရော၊ သူ့စစ်တပ်ကိုပါ ချနင်းပြီး မဆင်မခြင် လုပ်နေတာတွေက သူ့ရဲ့ ဥာဏ်နည်းမှုကို ပြသနေတဲ့ သဘောပါပဲ။

👍358❤43💯17🤣3🥱2👏1
◾️ ဇာတ်ကောင် ပြောင်းပေမယ့် ဇာတ်သိမ်းမလှမယ့် မင်းအောင်လှိုင်
အခုရက်ပိုင်း သတင်းတွေထဲမှာ အရယ်ရဆုံးကတော့ ခွေးပုတစ်ကောင် ပလ္လင်ပေါ် တက်ပြီး သူ့ကိုယ်သူ မတန်မရာ သမ္မတရာထူး ပြန်ပေးလိုက်တဲ့ ကိစ္စပါပဲ။ ၂၀၂၁ ကတည်းက သမ္မတ ဖြစ်ချင်လွန်းလို့ အတင်းအကြပ် အာဏာဝင်လုပြီး တိုင်းပြည်ကို ဇွတ်အုပ်ချုပ် လာတာ အခုချိန်ထိ ဘာတစ်ခုမှ ကောင်းမလာတဲ့ အပြင် တနေ့တခြား ပိုပိုနိမ့်ကျသွားတာ တနိုင်ငံလုံး အသိပါပဲ။
အခုမှ အင်္ကျီလေးလဲဝတ်၊ ရာထူးလေး ပြောင်းလိုက်ရုံနဲ့ ဘာတွေများ ရုတ်တရက် အံ့ဖွယ်သုတ ကောင်းလာစရာ အကြောင်းရှိမလဲ။ Facebook မှာ Profile ပုံလေး လဲလိုက်တဲ့ သဘောပါပဲ။ ထမင်းသိုးကို အိုးအသစ်နဲ့ ပြောင်းထည့်သလို ဒီလူဟောင်း၊ ဒီစောင်ကျင့်ဟောင်း တွေနဲ့က ဘာထူးခြားလာစရာ ရှိမလဲ။ နိုင်ငံတကာကလည်း အင်္ကျီ အသစ်လေးနဲ့ပါလား ဆိုပြီးတောင် လှည့်မကြည့်ပါဘူး။ ခြေသလုံး ပြေးဖက်နေကျ ၃ နိုင်ငံလောက်က လွဲပြီး ဘယ်သူမှ အသိအမှတ် မပြုပါဘူး။
စခ လော်ဘီတွေက ဘယ်လို ပြောင်းလဲ လာတော့မယ် ဆိုပြီး လေလှိုင်းထဲက မစားရ ဝခမန်း မက်လုံးတွေ ပေးနေပေမယ့် မြေပြင်မှာ ဆီတွေ တန်းစီနေရတုန်း ပါပဲ။ မီးတွေ ပျက်နေတုန်း ပါပဲ။ အတင်းအကြပ် စစ်မှုထမ်း ခေါ်တာ၊ ပေါ်တာဆွဲတာတွေ လုပ်နေတုန်း ပါပဲ။ ကုန်စျေးနှုန်းတွေ တက်ပြီး စီးပွါးရေးတွေ ထိုးကျနေတုန်း ပါပဲ။ ဒါဟာ အတုအယောင် Psywar သက်သက်တွေ ဆိုတာ ရှင်းနေတာပါပဲ။ အနှစ်သာရမရှိတဲ့ ပြဇာတ်တစ်ပုဒ်ကို အတင်း လက်ခုပ်တီးခိုင်းနေသလိုပါပဲ။
တစ်ဘက်မှာတော့ တော်လှန်ရေး အင်အားစုတွေ ဘက်ကို ကြည့်ရင် အကောင်းဆုံး အနေအထား တစ်ခု မရောက်သေးပေမယ့် လက်နက် တပ်ဆင်နိုင်မှုရော၊ စစ်ရေး ဗျူဟာတွေမှာပါ တရိပ်ရိပ် တိုးတက်နေတာ မြင်နေရပါတယ်။ လတ်တလော ကြားနေတဲ့ သတင်းတွေအရ AA တစ်ခုတည်းတင် အင်အားက သိန်းဂဏန်း နီးပါး ရှိနေပြီလို့ ဆိုပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက နိုင်ငံရေးနဲ့ စစ်ရေးကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မယ့် SCEF လို အဖွဲ့မျိုး ပေါ်လာတာပါပဲ။
NUG ရဲ့ PDF အင်အားနဲ့အတူ ကချင်၊ ကရင်၊ ချင်းနဲ့ ကရင်နီက သမ္ဘာရင့် EAOs အဖွဲ့ကြီးတွေ ပူးပေါင်းထားတဲ့ ဒီမဟာမိတ် အဖွဲ့ကြီးဟာ စကစအတွက်တော့ အိပ်မက်ဆိုး ပါပဲ။ တကယ်တမ်း ဒီအင်အားကို အပြည့်အဝ စုစည်းနိုင်မယ် ဆိုရင် လက်ရှိ စကစတပ်ထက် အင်အား ပိုများပါတယ်။ ဒီထဲမှာ မပါသေးတဲ့ တခြား EAOs တွေရဲ့ အင်အားပါ ပေါင်းထည့်လိုက်ရင်တော့ စကစတပ်ထက် နှစ်ဆမက အင်အား ပိုကြီးနိုင်တယ်လို့တောင် ခန့်မှန်းရပါတယ်။
လတ်တလောမှာ တော်လှန်ရေးတပ်တွေ အချင်းချင်း ပွတ်တိုက်မှု သတင်းတွေအပေါ် ပြည်သူတွေ စိတ်ပူ နေတာ၊ စိတ်ပျက် နေတာမျိုး ရှိကောင်း ရှိနိုင်ပေမယ့် ဒါကပဲ နိုင်ငံရေးအရ ပိုပြီး တည်ငြိမ်တဲ့၊ ဩဇာ လွှမ်းမိုးမှု ပိုကြီးတဲ့ တော်လှန်ရေး အင်အားစုတွေ ဖြစ်လာနိုင်တဲ့ အလားအလာလည်း ရှိပါတယ်။ အထက်မှာ ပြောခဲ့သလို ကိုယ့်အင်အားကို တကယ် ထိထိရောက်ရောက် အသုံးချနိုင်မယ် ဆိုရင် ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အောင်ပွဲတွေက မဖြစ်နိုင်စရာ မရှိပါဘူး။

❤273👍91👏10
◾️ မင်းအောင်လှိုင်တပ်မှာ စစ်သားအင်အား ဘယ်လောက် ရှိသလဲ
အရင်တုန်းက မြန်မာစစ်တပ်ဟာ အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံး စစ်တပ်တစ်ခုဆိုတဲ့ ယူဆမှုတွေနဲ့အတူ စစ်သည်အင်အားကို ၃ သိန်းနဲ့ ၄ သိန်း အကြား ရှိနိုင်တယ်လို့ ဝါဒဖြန့်ကြတာတွေ ရှိကြပါတယ်။
ဒါပေမယ့် အဲဲဒီအချိန်ကတည်းက စစ်ရေး လေ့လာသူတွေဟာ ဒီကိန်းဂဏန်းတွေ မဖြစ်နိုင်ဘူးလို့ ကောက်ချက် ချခဲ့ကြပြီး Lowy Institute ရဲ့ သုတေသန စစ်တမ်းထဲမှာ ဒီပမာဏဟာ စာရင်းပေါ်မှာသာရှိတဲ့ (စိတ်ကူးယဉ်) ပမာဏဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
တကယ့် လက်တွေ့မှာ စစ်တပ်ရဲ့ စုစုပေါင်း လူအင်အားဟာ တပ်မိသားစုတွေပါ ပေါင်းမှ ၃ သိန်းထက် မပိုခဲ့ဘဲ တကယ် ရှေ့တန်းထွက် တိုက်ခိုက်ရေးအင်အား (Combat Troops) ဟာ ၁၀၀,၀၀၀ ကနေ ၁၂၀,၀၀၀ ကြားပဲ ရှိနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဏာလုပြီး နောက်ပိုင်း နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံမှုတွေနဲ့ ရင်ဆိုင်လာရချိန်မှာ စစ်တပ် အင်အားဟာ ပိုပြီး သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ကိုရဲမျိုးဟိန်းက စစ်တပ်ရဲ့ စုစုပေါင်း အင်အားဟာ အများဆုံး တစ်သိန်းခွဲ ဝန်းကျင်သာ ကျန်ရှိတော့တယ်လို့ ၂၀၂၃ ခုနှစ် မေလက သုံးသပ်ခဲ့ပါတယ်။
အဲဒီထဲမှာ တကယ် စစ်တိုက်နိုင်တဲ့ တိုက်ခိုက်ရေးအင်အားက ခန့်မှန်းခြေ ၇ သောင်းဝန်းကျင်သာ ရှိပါတော့တယ်။ အာဏာလုပြီး ၂ နှစ်တာ ကာလအတွင်း ထိခိုက်ကျဆုံးမှု၊ တပ်ပြေးမှုနဲ့ ဘက်ပြောင်းခိုလှုံမှုတွေ ကြောင့် အနည်းဆုံး အင်အား ၂၁,၀၀၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။
တပ်ရင်းတစ်ရင်းကို အင်အား ၈၅၇ ဦး ရှိရမယ့်အစား လက်တွေ့မှာ ၁၅၀ အောက်သာ ရှိတဲ့ တပ်ရင်းတွေ အများအပြား ဖြစ်လာခဲ့ပါတယ်။ Ghost Soldiers လို့ ခေါ်တဲ့ စာရင်းလိမ် တင်ထားမှုတွေကြောင့် တပ်ချုပ် ကိုယ်တိုင်တောင် မြေပြင်ရဲ့ တကယ့်အင်အားကို အတိအကျ မသိနိုင်ဘူးလို့ သုတေသီတွေက ထောက်ပြခဲ့ပါတယ်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ်အတွင်း ညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် နိုင်ငံတစ်ဝန်း ထိုးစစ်တွေကြောင့် စစ်တပ်ဟာ တပ်စခန်း ရာနဲ့ချီ စွန့်လွှတ်ခဲ့ရသလို၊ အရာရှိစစ်သည် ထောင်သောင်းချီ ကျဆုံး၊ လက်နက်ချ၊ ဖမ်းဆီးခံခဲ့ရ ပြန်တာကြောင့် တကယ် စစ်တိုက်မယ့် အင်အားက ကုန်သလောက် နီးနီး ဖြစ်သွားပါတယ်။
ဒီလို အင်အားပြိုဆင်းမှုကို ကာမိစေဖို့ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို အသက် သွင်းခဲ့ပါတယ်။ ဒီဥပဒေနဲ့ အနည်းဆုံး လူသစ် ရှစ်သောင်း ဝန်းကျင် လောက် ထပ်ရဖို့ ခန့်မှန်းထားပေမယ့် အဲဒီအင်အားကလည်း ထွက်ပြေးတာနဲ့ အတွေ့အကြုံ မရှိဘဲ ရှေ့တန်းပို့လို့ အတုန်းအရုန်း သေဆုံးတာတွေကြောင့် ထင်သလောက် မရခဲ့ပါဘူး။ ဒါကြောင့် ပျူစောထီးနဲ့ ပြည်သူ့စစ်လို လက်နက်ကိုင်အဖွဲ့တွေကို ပိုမိုအားပြုလာရပါတယ်။
ဒီအချက်တွေကို ပေါင်းစပ်ပြီး လက်ရှိ အနီးစပ်ဆုံး ခန့်မှန်းကြည့်ရင် စကစ စစ်တပ်ရဲ့ လက်ရုံးတပ်၊ ထောက်ပို့နဲ့ ရုံးဝန်ထမ်းတွေ အပါအဝင် စစ်မှုထမ်းအသစ်တွေပါ ပေါင်းမှ လူတစ်သိန်းခွဲ ကနေ နှစ်သိန်း ကြားပဲ ရှိနိုင်ပါတယ်။ အဲဒီထဲမှာ တကယ့် သန္ဓေ တိုက်ခိုက်ရေး အင်အားဟာ ၅ သောင်းကနေ ၇ သောင်းကြားပဲ ရှိပါတယ်။
ဒီပမာဏဟာ တကယ်တမ်း ကရင်၊ ကချင်၊ ကရင်နီ ဒေါင်ဒေါင်မြည် EAOs ၃ ခုစာ လောက်ပဲ ရှိပါတယ်။ တခြား EAOs တွေနဲ့ PDF အင်အားပါ ပေါင်းလိုက်ရင် တော်လှန်ရေး တပ်တွေက စစ်တပ်ထက် အင်အား နှစ်ဆလောက် ပိုများပါတယ်။ စစ်တပ်ရဲ့ အားသာချက်က လေကြောင်းနဲ့ လက်နက် ခဲယမ်း လိုသလောက် ရနိုင်တာ ဖြစ်ပြီး ဒါတွေကိုသာ ကန့်သတ်ခံရရင် စစ်တပ်ဟာ စက္ကူကျား အဆင့်ပဲ ဖြစ်သွားပါ လိမ့်မယ်။
အခုလက်ရှိမှာ စစ်တပ်ဟာ အညာကို အာရုံစိုက်ပြီး NUG ရဲ့ စိုးမိုးနယ်မြေတွေ ပြန်သိမ်းဖို့ ကြိုးစားနေချိန်မှာ ကရင်နဲ့ ကချင်က စခန်းတွေ ဆက်တိုက် ဆုံးရှုံးနေတာကို တွေ့ရပါလိမ့်မယ်။ လက်ရှိ သူတို့အင်အားဟာ တပြည်လုံးကို ထိထိရောက် ရောက် တပ်ဖြန့် နိုင်တဲ့ ပမာဏ ရှိမနေတာကြောင့် SCEF လို အဖွဲ့မျိုးက တနိုင်ငံလုံးမှာ ရှိတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ စနစ်တကျ ဗျူဟာခင်းပြီး ထိုးစစ် ဆင်နိုင်မယ် ဆိုရင် စစ်တပ်ရဲ့ ကျရှုံးခန်းကို မြင်ရနိုင်ပါတယ်။

👍331❤55🖕2
မအိမ်လုံး သမ္မတရူးက အသိအမှတ်ပြု ခံချင်လွန်းလို့ သဝဏ်လွှာတွေ တကူးတက လိုက်တောင်း တာတောငိ ပို့တဲ့နိုင်ငံက စုစုပေါင်းက လေးခုနဲ့ တပိုင်း။ အဲဒီထဲမှာ လူမကြားဖူးတဲ့ နိုင်ငံက တခုပါသေးတယ်။ ထိုင်းဆိုရင် အကျိုးစီးပွါးတွေ ရှိနေလို့ မလွှဲမရှောင်သာ ပို့ရတာတောင် ဝန်ကြီးချုပ်က မပို့ဘဲ နိုင်ငံခြားရေး ဝန်ကြီးပဲ ပို့တာ။ လယ်ဗယ်တူ မဆက်ဆံချင်ဘူး ဆိုတဲ့ သဘော။
ဒီလို သဝဏ်လွှာမျိုး နိုင်ငံခြားရေး ဝန်ကြီးက ပို့တာ ခုမှ မြင်ဖူးတယ်။ သူ့ဂုဏ်ပြုပွဲကိုလည်း ထိုင်းဝန်ကြီးချုပ်ကို ဖိတ်တာ ဝန်ကြီးဟောင်း တစ်ယောက်ပဲ လွှတ်လိုက်သတဲ့။ မျက်ခွက် အပြောင်ဆုံး ကောင်က ကမ္ဘောဒီးယား။ ရွေးကောက်ပွဲ စောင့်ကြည့် အဖွဲ့ ဘာညာနဲ့ ခပ်တည်တည် လွှတ်ပေးပြီးတော့ ခုချိန်ထိ သဝဏ်လွှာ မပို့ဘူး။ အာဏာရှင် အချင်းချင်းတောင် စောင်ဖက် အလုပ်မခံရတဲ့ ဘဝ 😅

😁364👍44🤣26❤22🥱4
ထိုင်ဝမ်ရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကူမင်တန် (KMT) ပါတီ ဥက္ကဋ္ဌ ကျန်းလီဝမ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပေကျင်းမှာ တွေ့ဆုံခဲ့တဲ့သတင်းဟာ ခုရက်ပိုင်း မီဒီယာတွေမှာ တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။ KMT ပါတီက ဒီခရီးစဉ်ကို ငြိမ်းချမ်းရေးခရီးစဉ်လို့ ခေါင်းစဉ်တပ်ထားပြီး ထိုင်ဝမ် ရေလက်ကြား ပဋိပက္ခကို ရှောင်လွှဲဖို့လို့ အကြောင်းပြ ခဲ့ပါတယ်။
တရုတ်အစိုးရ ဘက်ကတော့ KMT ပါတီနဲ့ ဆက်ဆံရေးတိုးမြှင့်ခြင်းဖြင့် ထိုင်ဝမ် လွတ်လပ်ရေးကို ဆန့်ကျင်ပြီး One China policy ကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အကောင်အထည် ဖော်ဖို့ ခြေလှမ်းလို့ ဆိုပါတယ်။ လတ်တလောမှာ KMT ပါတီဟာ ထိုင်ဝမ်လွှတ်တော်တွင်းမှာ အမေရိကန်ထံမှ လက်နက်ဝယ်ယူမယ့် ကာကွယ်ရေး ဘတ်ဂျက်တွေကို နှောင့်နှေးအောင် လုပ်ဆောင် နေတာမျိုးလည်း ရှိပါတယ်။
ဒီတွေ့ဆုံမှုအပေါ် နာမည်ကျော် သတင်းသမားနဲ့ တက်ကြွ လှုပ်ရှားသူ ဘန်းနဒစ် ရော်ဂျာစ်ကတော့ ရွံရှာဖွယ် ကောင်းတဲ့ မြင်ကွင်းလို့ ဝေဖန်ခဲ့သလို အကယ်၍ သူမသာ ထိုင်ဝမ် မှာ အာဏာရလာခဲ့မယ်ဆိုရင်၊ အဲဒီအခြေအနေဟာ တရုတ်ကွန်မြူနစ်ပါတီ (CCP)က ထိုင်ဝမ်ကို သိမ်းပိုက်လိုက်တာနဲ့ အတူတူပဲဖြစ်ပြီး ထိုင်ဝမ်ပြည်သူတွေကို သစ္စာဖောက်လိုက်တာရာ ရောက်သွားပါလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။
ပြောရရင် မျက်မှောက် နိုင်ငံရေးမှာ အဲဒီလို အင်အားကြီးတဲ့ အဓမ္မ ဝါဒီတွေနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေက အဆန်းတော့ မဟုတ်ပါဘူး။ ကိုယ့်မူဝါဒအတိုင်း ခိုင်ခိုင်မာမာ မရပ်တည်ဘဲ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ အတွက် လေယူရာ ယိမ်းကြတဲ့ သူတွေကြောင့် ယနေ့ ကမ္ဘာကြီးမှာ အဓမ္မဝါဒီတွေ ခေါင်းထောင် လာတာလို့လည်း ဆိုနိုင်ပါတယ်။
ပြောရရင် ကျန်းလီဝမ်ကတောင် အတိုက်အခံပါတီ တရပ် အနေနဲ့ ဒီမိုကရေစီဘောင်ထဲကနေ မတူညီတဲ့ နိုင်ငံရေး ချဉ်းကပ်မှု အနေနဲ့ လုပ်တာလို့ ပြောလို့ ရပါသေးတယ်။ တရုတ်က လတ်တလော ထိုင်ဝမ်ကို စစ်လာတိုက်နေတဲ့ နိုင်ငံ မဟုတ်သေးတာကြောင့် ထိုင်ဝမ်ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်တွေကို ရန်ရှာနေတဲ့သူလို့ ပြောလို့ မရပါဘူး။ ကျန်းလီဝမ် ကိုယ်တိုင်လည်း ဒီလုပ်ရပ်အပေါ် ပြည်သူ လက်မခံရင် လာမယ့် ရွေးကောက်ပွဲမှာ လက်ပြနှုတ်ဆက် ရမှာပါ။
ကိုယ်တွေဆီမှာက ပြည်သူတွေကို နေ့စဉ်နဲ့အမျှ လေကြောင်းက ဗုံးကြဲတာ၊ ရွာလုံးကျွတ် မီးရှို့တာတွေ လုပ်နေတဲ့ မင်းအောင်လှိုင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အားတက်သရော ဝင်ပြိုင်တဲ့ သူတွေ ရှိခဲ့သလို ပြည်သူက ဘာမဲမှ မပေး၊ အသိအမှတ် မပြုလည်း မင်းအောင်လှိုင်ရဲ့ အလိုတော်ရိ ဆွဲခန့် အဖွဲ့တွေထဲ ဝမ်းသာ ဂုဏ်ယူစွာ ဝင်ထိုင်ကြတဲ့ အရှက်မရှိ နိုင်ငံရေးသမားတွေက ပြည်သူကို သစ္စာဖောက်တဲ့ အဆင့်ထက် ပိုပြီး သူတို့ကိုယ်တိုင် ပြည်သူကို သတ်ဖြတ် နေတဲ့သဘောပါပဲ။

🤬104👍73❤15