KIA နှင့် ကိုးကန့် ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် တပ်ရင်းမှူး ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး နှင့် စစ်ကောင်စီတပ်သားများ အသုံးအဆောင်နှင့် လက်နက်များ ထုတ်ပြ
ရန်ကုန်၊ ဩဂုတ် ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်၊ မုံကိုး ဖောင်းဆိုင်ဒေသ မန်ခွမ် အနီးနေရာတွင် စစ်ကောင်စီတပ်များနှင့် KIA ၊ ကိုးကန့်ပူးပေါင်းတပ်တို့ သြဂုတ်လ ၂၈ ရက်နေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းနီးပါး သေဆုံးကြောင်း ကချင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
သေဆုံးသွားသည့် တပ်ရင်းမှူး ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး နှင့် စစ်ကောင်စီတပ်သားများ အသုံးအဆောင်နှင့် လက်နက်များကို ကိုးကန့်အဖွဲ့က ယနေ့ ထုတ်ပြသည်။
"ကျနော်တို့ဘက်က လက်နက်တွေ တော်တော်များများ သိမ်းမိတယ်။ စစ်ကောင်စီတပ်ရင်း ၅၂၅ တပ်ရင်း နဲ့ KIA ၊ ကိုးကန့် ပူးပေါင်းတပ် တိုက်ပွဲဖြစ်တာပါ။ စစ်ကောင်စီ တပ်ရင်းမှူး တပ်ရင်းမှုးဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး သေပါတယ်။ တပ်ဖွဲ့ဝင်တော် တော်များများလည်း သေပါတယ်။ စကခ ၁၇ စစ် ကြောင်းမှူးဒဏ်ရာပြင်းထန်ဒဏ်ရာရတဲ့အတွက် ရဟတ်ယာဉ်နဲ့ ဒီနေ့ ည ၉ နာရီ ၃၀ မိနစ် မှာ လားရှိုး သယ် သွားပြီ" ဟု ကချင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ဆိုသည်။
အထူးဒေသ(၁) မုံးကိုးခရိုင်ဒေသတစ်ဝိုက်ရှိ စစ်ကောင်စီတပ် တပ်ရင်း (၂၃၀)ကို MNDAA ကိုးကန့်က ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်အဖွဲ့က ထုတ်ပြန်သည်။
လက်တလောပိုင်းတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် MNDAA နှင့် အထူးဒေသ(၁) မုံးကိုးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ပြန်ကြားရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများအဆက်မပြတ် ဖြစ်ပွားခဲ့ကြောင်း၊
သြဂုတ်လ (၂၈) ရက်နေ့တွင် စစ်ကောင်စီတပ်ရင်း (၂၃၀) အပါအ၀င် လူအင်အား (၁၃၀)ခန့်သည် MNDAA တပ်စခန်းကို ထပ်မံထိုးစစ်ဆင်ရန် ချီတက်လာကြောင်း၊
စစ်ကောင်စီချီတက်လာသော သတင်းရရှိသည် နှင့်တစ် ပြိုင်နက်တည်းတွင် MNDAA အနေနဲ့လည်း ကောင်းမွန်စွာခုခံတိုက်ခိုက်နိုင်ရန်အတွက် ပြင်ဆင်ခဲ့ကြောင်း၊
သြဂုတ်လ (၂၈) ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံးကိုးခရိုင် ကွန်းလုံရွာ မှ ရှမန်ခုံရွာသစ် ဘက်သို့ ချီတက်လာ စစ်ကောင်စီတပ်များကို MNDAA က နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ၁၀ မိနစ်ခန့် တိုက်ပွဲများဖြစ် ပွားခဲ့ပြီး MNDAA က ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊
နေ့လည် ၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်တို့သည် ကုန်းလျှံရွာဘက်သို့ဆက်လက်ချီတက်လာခဲ့ပြီး MNDAA က ညနေ ၃ နာရီ ၅၇ မိနစ်ခန့်တွင် ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊
ညနေ ၇ နာရီခန့်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ တစ်နေ့တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးခဲ့ ပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ MNDAA အနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ စစ်သုံးပစ္စည်းတစ်ချို့ကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
MNDAA နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် အခြားအဖွဲ့အစည်းများပါ၀င်ကူညီနေသည်ဟု တစ်ချို့မီဒီယာများက ရေးသားဖော်ပြနေကြောင်း၊ ဤတိုက်ပွဲတွင် အခြားအဖွဲ့အစည်းများ ပါ၀င်ကူညီခြင်း လုံး၀မရှိခဲ့ကြောင်း၊ MNDAA နှင့် မုံးကိုးခရိုင်ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊
စစ်ကောင်စီတပ်၏ အဆက်မပြတ်ထိုးစစ်ဆင်မှုကြောင့် မုံးကိုးဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သည့် အခြေအနေရှိကြောင်း၊ MNDAA အနေဖြင့်လည်း မိမိတို့၏ အုပ်ချုပ်နယ်မြေကို အသက်ပေးကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကောလင်းတွင် စစ်ကောင်စီတပ်၏ စစ်ကားငါးစီးကို PDF များမိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်များအကျအဆုံးများနိုင်ကြောင်း ဒေသခံများပြော
ကောလင်း - ဩဂုတ် ၃၀၊ ၂၀၂၁။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ပဒုမ္မာရွာနှင့် ကျွန်းတောရွာကြား ရွှေဘို - မြစ်ကြီးနား ကားလမ်းပေါ်တွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီယာဉ် ၅ စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ မော်တော်ယာဉ် ၅ စီကို ကောလင်း PDF များက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄၀ ဦးခန့်သေဆုံးနိုင်သည်ဟု ခန့်မှန်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ကျောင်းကုန်းကျေးရွာနဲ့ ထီးချိုင့်လမ်းမှာ လုံခြုံရေးယူထားတဲ့ စကစကား ငါးစီး ကောလင်းဘက်ကိုသွားတာ ပဒုမ္မာနဲ့ ကျွန်းတောကြားမှာ ဟုတ်တယ် မိုင်းခွဲခံရတာ ၄ စီးမိုင်းထိတယ်။ စစ်သားတော့ ၄၀ လောက် ကျနိုင်တယ်” ဟု သူကပြောသည်။
မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။
ကောလင်းမြို့နယ်တွင် ကောလင်း (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) PDF များက စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မကြာခဏ မိုင်းခွဲတိုက်ခိုက်လျက်ရှိသည်။
Photo : ကောလင်းမြို့နယ်အတွင်း ဇူလိုင်လ ၄ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရသည့် စစ်ကောင်စီကားတစ်စီးကို မြင်တွေ့ရစဉ်
===============
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ - https://bit.ly/3vPLY7e

ကျောက်ဆည်မြို့မှ တပ်ကြပ်တစ်ဦး လက်နက်ရောင်းပြီးထွက်ပြေး
သြဂုတ်လ ၃၀ PDF Channel
ယနေ့ည ၆း၅၀ ခန့်တွင် ကျောက်ဆည်မြို့အနောက်ဘက် ရွာတစ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အတွင်းမှ တပ်ကြပ်ကြီးတစ်ဦးသည် "ဥတေနမင်း၏တမာန်တော်များ" ထံ တိုက်ရိုက်ဆက်သွယ်၍ MA3သေနတ် ကျည် အတောင့် ၅၀ လက်ပစ်ဗုံးတစ်လုံးကို မြန်မာငွေ ကျပ် ၂၈သိန်း ၃သောင်းနဲ့ လဲလှယ်ကာ ထွက်ပြေးသွားကြောင်း ဥတေနမင်း၏ တမာန်တော်များအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူထံမှသိရှိရသည် ။
(နောက်ဆက်တွဲသတင်းများကို ထပ်မံဖော်ပြပါမည်)
#pdfchannel

ကိုးကန့် MNDAA မှ စစ်ခွေး အရာရှိများနှင့် နေညက်လိုက်များအား အသေပစ်ခတ်
လက်နက်များစွာရရှိ
လက်နက်များစွာရရှိ
This media is not supported in your browser
VIEW IN TELEGRAM
မတ္တရာမြို့နယ်မှ စစ်ကောင်စီသတင်းပေး ဒလန်အမျိုးသမီး (၁) ဦး သေနတ်ပစ်ခံရပြီးသေဆုံး (ရုပ်/သံ)
*********************
၈ ၊ ၉ ၊ ၂၀၂၁ ။ NBungDatKasa
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဒလန်အမျိုးသမီး (၁) ဦး သေနတ်ပစ်ခံရ၍ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံတစ်ဦးမှ NBung Dat Kasa သို့ ပြောဆိုသည်။
#NBungDatKasa
#nbung_dat_kasa
#WhatsHappenInMyanmar