University Council - YTU
476 subscribers
87 photos
37 links
The official channel of YTU Council
Download Telegram
TU network က ဒုတိယအကြိမ် ခေါ်ယူမယ့် သင်တန်းနှစ်တွေနဲ့ မေဂျာတွေကို ကြေညာထားပါတယ်။ ‌

၎င်းတို့မှာ တက်ရောက်ဖို့ ဆန္ဒရှိပြီး သေချာရင် ကောင်စီထံမှာ ကြိုတင် Registration လုပ်ပေးပါ။ TU network ဘက်က Registration ကြေညာရင်လည်း သူတို့ Link မှာ ထပ်ပြီး လုပ်ရပါမယ်။

ပထမနှစ်နဲ့ ကျန်အတန်းတွေကတော့ TU Network ရဲ့ Moodle Platform မှာ တက်ရောက်ရပါမယ်။ နောက်ဆုံးနှစ်အတန်းတွေကတော့ ကောင်စီရဲ့ စီစဉ်မှုအောက်မှာ Board of Examiners တွေ ဖွဲ့ရပါမယ်။ Final တွေ သေချာပြီဆိုရင် ယခုတည်းက စောစော Register ပေးပါ။

ရှေ့တခေါက်တန်းက Final တချို့က Register လုပ်၊ Board တွေဖွဲ့စည်းပြီးမှ စာမလာ အကြောင်းမကြားတော့တာမျိုး ရှိလို့ ကောင်စီဘက်ရော အခြားကျောင်းသားတွေဘက်ရော အခက်အခဲဖြစ်ခဲ့ရပါတယ်။ Board ဖွဲ့ဖို့ လူပေါင်းများစွာနဲ့ အချိန်ပေး ညှိနှိုင်းရတာကြောင့်ပါ။

ပထမတကြိမ်မှာ တက်နေသူတွေ ထပ်မံ Register ဖို့ မလိုအပ်ပါ။ ကျန်မေဂျာတွေကို TU Network က ထပ်ကြေညာပါလိမ့်မယ်။

Council ထံ Registration လုပ်ဖို့ Form ကို info.ytu-uc@proton.me ထံ မိမိရဲ့ CDM-ID ပေးပို့၍ တောင်းယူရပါမယ်။

ခက်ခဲသော်လည်း ယနေ့ထိ ရပ်တည်ပေးနေကြတဲ့ ကျောင်းသား တဦးချင်းစီကိုတန်ဖိုးထား ကျေးဇူးတင်ပါတယ်။
TU Network Registration (2nd Batch)

📌 ခေါ်ယူမည့်သင်တန်းနှစ်နှင့်မေဂျာများ
https://m.facebook.com/story.php?story_fbid=242581665436314&id=100090534476789

📌 Registration ပြုလုပ်ရမည့် နေ့ရက်
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်မှ အောက်တိုဘာလ (၂)ရက်နေ့အထိ

📌 သင်တန်းများ စတင်မည့်ရက်
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၉)ရက်

📌 MES (Myanmar Education System) တွင် Registration ပြုလုပ်ပုံအဆင့်ဆင့် (Tutorial)
https://fb.watch/n2HPo0Tnjm/?mibextid=Nif5oz

📌 MES Registration Link
https://mes.moeedu.org/login

📌 YTU Registration Form
YTU Registration Form ရယူရန် info.ytu-uc@proton.me ထံ မိမိ၏ CDM ID ပေးပို့၍ တောင်းယူပါ။

📌 Remarks
၁။ နောက်ဆုံးနှစ်အတန်းမှလွဲ၍ ကျန်အတန်းများအားလုံးသည် TU Network-MES Moodle ပေါ်တွင် သင်ခန်းစာများ တက်ရောက်သင်ယူရမည်ဖြစ်ပါသည်။
၂။ နောက်ဆုံးနှစ်တန်းများအတွက် တက္ကသိုလ်ကောင်စီ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် Board of Examiners များ ဖွဲ့စည်းပေးပါမည်။
၃။ TU Network တွင် တက်ရောက်လိုသည့် YTU ကျောင်းသားတိုင်း YTU ဘက်မှ Registration Form ကိုလည်း ဖြည့်စွက်ထားရန် လိုပါသည်။
ယခုသင်ကြားရေးအစီစဉ်တွေကို TU Network က ဦးစီးတာပါ။ YTU ကတော့ ၎င်းအစီအစဉ်တွေကို အသိအမှတ်ပြု လက်ခံပြီး ပါ၀င်ကူညီတဲ့ Role ဖြစ်ပါတယ်။ 1st to 5th သင်တန်းတွေက TU Network ဘက် Moodle မှာ ကျောင်းသားကတက်ရောက်ရပါမယ်။ နောက်ဆုံးနှစ်ကတော့ ကောင်စီကနေ ကျောင်းသားတဦးစီအတွက် BoE ဖွဲ့ပေးပြီး ကောင်စီနဲ့ Network က အတူတူပူးတွဲဆောင်ရွက်မှာပါ။ အတန်းတင်၊ ဘွဲ့ပေးတာတွေကို Network ဘက်က Documents တွေ ရလာရင် ကောင်စီဘက်က လိုအပ်တာ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

သိချင်တာရှိ အခက်အခဲရှိရင် ကောင်စီရဲ့ မေးလ်ကို ပို့ပြီး မေးမြန်းနိုင်ပါတယ်။

info.ytu-uc@proton.me
Reminder

TU Network Registration (2nd Batch)

📌 ခေါ်ယူမည့်သင်တန်းနှစ်နှင့်မေဂျာများ
https://m.facebook.com/story.php?story_fbid=242581665436314&id=100090534476789

📌 Registration ပြုလုပ်ရမည့် နေ့ရက်
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်မှ အောက်တိုဘာလ (၂)ရက်နေ့အထိ

📌 သင်တန်းများ စတင်မည့်ရက်
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၉)ရက်

📌 MES တွင် Registration ပြုလုပ်ပုံ Tutorial https://fb.watch/n2HPo0Tnjm/?mibextid=Nif5oz

📌 MES Registration Link
https://mes.moeedu.org/login

📌 YTU Registration Form
YTU Registration Form ရယူရန် info.ytu-uc@proton.me ထံ မိမိ၏ CDM ID ပေးပို့၍ တောင်းယူပါ။

📌 Remarks
၁။ နောက်ဆုံးနှစ်အတန်းမှလွဲ၍ ကျန်အတန်းများအားလုံးသည် TU Network-MES Moodle ပေါ်တွင် သင်ခန်းစာများ တက်ရောက်သင်ယူရမည်ဖြစ်ပါသည်။
၂။ နောက်ဆုံးနှစ်တန်းများအတွက် တက္ကသိုလ်ကောင်စီ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် Board of Examiners များ ဖွဲ့စည်းပေးပါမည်။
၃။ TU Network တွင် တက်ရောက်လိုသည့် YTU ကျောင်းသားတိုင်း YTU ဘက်မှ Registration Form ကိုလည်း ဖြည့်စွက်ထားရန် လိုပါသည်။
Forwarded from TU Network
MES တွင်စာရင်းသွင်းပြီးသူများအနေဖြင့် Moodle Account အသုံးပြု၍ သင်တန်းနှစ်အလိုက် သက်ဆိုင်ရာဘာသာရပ်များကို စတင်လေ့လာသင်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း
_________📣📣📣📣📣
နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်သည် ကြားကာလပညာသင်ကြားရေးအစီအစဥ်အနေဖြင့် ဒုတိယအကြိမ် စက်တင်ဘာလ ၁၄ ရက်မှ အောက်တိုဘာလ ၅ ရက်နေ့အထိ MES တွင် Register ပြုလုပ်ထားသော သပိတ်မှောက် ကျောင်းသားကျောင်းသူများအနေဖြင့် Moodle Account အား စတင်ထုတ်ယူနိုင်ပြီဖြစ်သည်။

MES တွင် Register ပြုလုပ်စဥ်က မိမိတို့ရရှိထားသော ကျောင်းသားကုဒ်နှင့်လျှို့ဝှက်ကုဒ်များကို အသုံးပြု၍ MES link တွင်ဝင်ရောက်ပြီး Moodle Account နှင့် password ကိုရယူပြီး TU Network Moodle Link https://tu.moeedu.org/ တွင် မိမိတို့၏သက်ဆိုင်ရာဘာသာရပ်များကို လေ့လာသင်ယူနိုင်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

MES တွင် Register လုပ်ထားသော်လည်း Moodle acc မရရှိသေးပါက TUNetwork page Messenger တွင်လာရောက်မေးမြန်းနိုင်ပါသည်။ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိသက်ဆိုင်ရာ ဘာသာရပ်အလိုက် စိတ်ပါဝင်စားစွာလေ့လာသင်ယူနိုင်ရန် လိုအပ်မည့် အရာများကို ပြင်ဆင်ထားရန် တိုက်တွန်းပြီး လုံခြုံရေးအထူးဂရုပြုကြဖို့ရန် အကြံပြုပါသည်။

ထို့အပြင် ကျန်ရှိနေသော သင်တန်းနှစ်များ၊မေဂျာများနှင့်ပတ်သက်သော ကြားကာလပညာရေးအစီအစဥ်များကို နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်မှ ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။ ဒုတိယအကြိမ်တွင် မပါဝင်လိုက်ရသော၊ လက်လှမ်းမမီလိုက်သော၊ ပါဝင်ရန်အဆင်မပြေသေးသောသူများကိုအတွက် နောင်အချိန်များတွင် ထပ်မံ၍လက်ခံနိုင်ရေးပြင်ဆင်ပေးသွားမည် ဖြစ်ပါသည်။

#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
#TUs'CouncilNetwork
Forwarded from TU Network
Forwarded from TU Network
Moodle အကောင့်များ ထုတ်ယူနိုင်ပါပြီ။ မနက်က error ဖြစ်နေသူများ ထုတ်ယူနိုင်ပါပြီ။

Moodle အကောင့် ထုတ်ယူရမည့် အဆင့်များ ဖြစ်ပါတယ်။
Scholarship အစီအစဉ်တရပ်ရှိပါသည်။
အကျုံး၀င်သူများမှာ ဘွဲရရှိပြီးသူများ (PhD, Master, Bachelor)၊
ဘွဲ့လွန် (Master သင်တန်းအနည်းဆုံး တနှစ်ပြီးထားသူများ)၊ ဘွဲ့ကြို ကျောင်းသားများ(တတိယနှစ်မှစ၍) လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက info.ytu-uc@proton.me ထံသို့ မိမိတို့၏ CDM ID ပေးပို့၍ Subject နေရာတွင် " Scholarship" ဟု ရေးသား ဖော်ပြ‌ပေးပါရန် အသိပေးအပ်ပါသည်။
USAID-DISP Scholarship Programမှ ပညာသင်ဆုလျောက်လွှာများကို ခေါ်ယူနေပါသည်။ ကျောင်းသူ၊ ကျောင်းသူများ၏ အခြေအနေအပေါ်မူတည်၍ ကိုယ်တိုင်ရွေးချယ်နိုင်ကာ မဟာဘွဲ့၊ ဘွဲ့ကြိုသင်တန်းများကို မြေပြင် (သို့မဟုတ်) အွန်လိုင်းဖြင့် တက်ရောက်နိုင်မည် ဖြစ်သည့်အပြင် online certificate အစီအစဉ်များကိုလဲ လျှောက်ထားနိုင်မည်ဖြစ်သည်။ ပညာသင်ဆုကို ဇန်နဝါရီလ (၁၅) ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလ (၂၃) ရက်နေ့ အမီလျှောက်ထားရမည်ဖြစ်သည်။

YTU ကျောင်းသူ၊ကျောင်းသားအနေဖြင့် လျောက်ထားရာတွင် လွယ်ကူစေရန် ပညာသင်ဆုလမ်းညွှန်ဖိုင်ကို တက္ကသိုလ်ကောင်စီ၏ Email - info.ytu-uc@proton.me ထံ မိမိ၏ ID အမှတ်ကို ပေးပို့၍ ရယူနိုင်ပါသည်။

Websiteတွင် registration ပြုလုပ်ရာ၌ အခက်အခဲ တစ်စုံတစ်ရာကြုံတွေ့သည့်အခါဖြစ်စေ၊ ထောက်ခံစာလိုအပ် သည့်အခါတွင်ဖြစ်စေ အထက်ပါ Mail သို့ ဆက်သွယ်မေးမြန်း တောင်းခံနိုင်သကဲ့သို့ https://www.usaiddisp.com/ တွင်လည်း အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

လေးစားမှုဖြင့်
တက္ကသိုလ်ကောင်စီ
TU network မှ တတိယအကြိမ် ခေါ်ယူမည့် သင်တန်းများအကြောင်း ထပ်ဆင့် မျှဝေအပ်ပါသည်။

https://m.facebook.com/story.php?story_fbid=pfbid0vk4R3T4r32iQeEtUxdiiaTe3v4EdtUAoW2zCSJzBr7Rx4hRrjnyftbABcTebPAnLl&id=100090534476789&mibextid=Nif5oz