YoteShin KaBar (Script)
518 subscribers
8 links
{ ဇာတ်ညွှန်းဖတ်ရှု့နိုင်ပါသည် }
Download Telegram
✍️ Bunny & Clive (2024)

ဇာတ်လမ်းအကျဉ်းကတော့ ဘဝကိုခပ်ပေါ့ပေါ့နေတတ်တဲ့သတင်းထောက်သမားလေး ဒေါ့ဂီဟာ သူငယ်ချင်းဖြစ်သူတွမ်နီရဲ့အကူအညီနဲ့ Alchemy သတင်းစားတိုက်မှာ အလုပ်လုပ်နေတဲ့သူပါ။ အလုပ်ဆိုလည်းနောက်ကျ ၊ သတင်းသွားယူ
ခိုင်းရင်လည်း အဆင်မပြေဖြစ်နေတော့တွမ်နီက စိတ်ပျက်ပြီးတော့ သတင်းကောင်းကောင်းရှာမလာနိုင်ရင် အလုပ်ထုတ်ပစ်မယ်လို့ပြောလိုက်တယ်။ဒေါ့ဂီလည်းစိတ်ဓာတ်ကျပြီးဘားမှာအရက်သောက်ပြီးအပြန်စုံတွဲတစ်တွဲဟာ လူတစ်ယောက်ကိုသတ်လိုက်တာကိုမြင်သွားတယ်။ အဲဒါကြောင့်မျက်မြင်သက်သေဖြစ်တဲ့ဒေါ့ဂီကိုစုံတွဲနှစ်ယောက်ကခေါ်လာပြီးတော့မေးမြန်းတယ်။သတင်းထောက်မှန်းလည်းသိရော သူတို့စိတ်ကူးယဉ်တဲ့နာမည်ကြီးရာဇဝတ်စုံတွဲအဖြစ်သတင်းမှာပါချင်ကြောင်းပြောတယ်။မအူမလည်ပါသွားတဲ့ဒေါ့ဂီဟာ ဖြစ်ရပ်မှန်သတင်းရေးဖို့ရာဇဝတ်စုံတွဲနဲ့အတူတူ နေထိုင်ရတဲ့အခါမှာတော့…..

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ Slaughterhouse On The Hill (2024)

ဒီကားကိုတော့ ဒါရိုက်တာ Tom Delvin ရိုက်ကူးထားပြီးKristy Adams, Amber Amlin, Chris Arredondo တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားလေးမှာတော့ နာမည်အတိုင်း တောင်ပေါ်က
သားသတ်ရုံမှာပျောက်ဆုံးသွားတဲ့ ဘောလုံးလက်ရွေးစင်ဟောင်းအုပ်စုရဲ့ အမှုအကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဒီကားကတော့ သွေးထွက်သံယိုသတ်ဖြတ်ခန်းတွေကို နှစ်ခြိုက်တဲ့သူတွေအတွက်တော့ တကယ်ကို ကြိုက်နှစ်သက်မယ့် ပုံစံမျိုးရိုက်ကူးထားတာပါ။အရင်ကကျောင်းရဲ့လက်ရွေးစင် ကစားသမားတွေက အရွယ်ရောက်ပြီးကြတဲ့နောက် သူတို့ကျောင်းရဲ့ အားကစားပွဲကိုဆင်နွှဲဖို့ ပြန်လာကြရင်း ပြန်လည်ဆုံတွေ့ကြပါတယ်။အဲဒီမှာပဲ အရင်က သူတို့ပါတီတွေလုပ်နေကျဖြစ်တဲ့ တောင်ပေါ်ကသားသတ်ရုံကို သွားပြီးတော့ အောင်ပွဲခံဖို့ စီစဉ်ကြပါတယ်။ဒါပေမယ့် သားသတ်ရုံကို သူတို့ရောက်ပြီးတဲ့နောက် ပါတီလုပ်ကြရင်း အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာကြတဲ့အခါ သူတို့အဖွဲ့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ…..သူတို့က ဘာကြောင့် ပစ်မှတ်ထားခံနေရတာလဲ…..ဝက်အရေခွံခြုံထားတဲ့ လူသတ်သမားနဲ့ သူတို့ကရော ဘယ်လိုဇာတ်လမ်းတွေ ရှိခဲ့ဖူးတာလဲ……တကယ်ပဲ ကျိန်စာသင့်နေတဲ့ ဝက်ဆိုတဲ့ ဒဏ္ဍာရီတွေကအမှန်ဖြစ်နေမလား။ ဘယ်သူတွေကရော ဒီအိပ်မက်ဆိုးကလွတ်မြောက်သွားမလဲ။ ဒါတွေကို ဒီဇာတ်ကားလေးထဲမှာထိတ်လန့်သည်းဖို ဇာတ်ကွက်တွေနဲ့ ရင်တထိတ်ထိတ် ရှုစားရမှာပါ။

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ Ouseppinte Osiyathu (2025)

မိုးအေးအေးနဲ့ အလိုက်ဖက်ဆုံး တငွေ့ငွေ့ တမြေ့မြေ့လောင်စေမယ့် ဖမ်မလီဒရာမာလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။အိုဆက်ပက်တာဆိုတဲ့ ဥယျာဉ်ခြံစိုက်တဲ့ မြေရှင်သူဌေးကြီးမှာ မိုက်ကယ် ဂျော့နဲ့ ရွိုင်းဆိုတဲ့ သား ၃ ယောက်ရှိပါတယ်။မိုက်ကယ်က မြေတိုင်းစာရင်းအင်းဝန်ထမ်း ဂျော့က ရဲအရာရှိဖြစ်ပြီး ညီထွေးလေးရွိုင်းကတော့ အငယ်ဆုံးတို့ထုံးစံ ခပ်ပေါ့ပေါ့နေတတ်တဲ့ဇိုးလေးပေါ့။ဒီလိုနဲ့တစ်နေ့ မိုက်ကယ်နဲ့ဂျော့တို့ လုပ်ငန်းတစ်ခုမှာ ပြဿနာပေါ်လို့ အဖေ့ဆီက အကူအညီတောင်းရာကနေ အဖေ့ဆီက ရလိုက်တာက မထင်မှတ်ထားတဲ့တုံ့ပြန်မှု
ပြဿနာက မီးခိုးလျှောက်လိုက်ရင် တစ်ပူပေါ်နှစ်ပူဆင့်ရာက ဖြစ်လာတဲ့ သားအဖကြားပြဿနာ ညီအစ်ကိုကြားပြဿနာ ညီအစ်ကိုပြဿနာတွေ…မိသားစုတစ်ခုရဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ခံစားချက်၊ အလတ်တွေရဲ့လစ်ဟာမှု၊ အငယ်တွေရဲ့ ထုတ်မပြဖြစ်တဲ့ခံစားချက်နဲ့အတူ…စည်းကမ်းတင်းကြပ်တဲ့ဖခင်ပီပီ သားသမီးတွေကိုချစ်ကြောင်းထုတ်မပြတတ်တဲ့ ဖခင်တစ်ယောက်ရဲ့ရင်တွင်းဖြစ်ကို ပေါ်လွင်အောင်ရိုက်ကူးပြထားတာဖြစ်လို့ ခုပဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ Taken at a Basketball Game (2025)

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ တုန်းက ထွက်ရှိထားတဲ့Drama Thriller ဇာတ်ကားလေးပါ။ဒါရိုက်တာ Ruba Nadda က ရိုက်ကူးထားပြီးတော့D.B. Woodside, Claire Qute, L.A. Sweeney,
Moni Ogunsuyi တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဘတ်စကတ်ဘောပွဲကိုသွားကြည့်ကြတဲ့ အဖေနဲ့သမီး သားအဖနှစ်ယောက်ထဲကသမီးဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရပါတယ်။အထူးရဲတပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အဖေဖြစ်သူဟာပြန်ပေးဆွဲသွားတဲ့သူကို ခြေရာခံလိုက်ရင်း မမျှော်လင့်ထားတဲ့အခြေအနေတွေ အခက်အခဲတွေကို ကျော်ဖြတ်ကာသူ့သမီးကို ဘယ်လိုပြန်လည်ကယ်တင်မလဲဆိုတာကိုစိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။သမီးဖြစ်သူအတွက် အတိတ်ကစိတ်ဒဏ်ရာတွေကိုကျော်လွှားရင်း အဖေတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုလှလှပပလေး ပုံဖော်ထားပါတယ်။ဇာတ်လမ်းအသွားက စိတ်ဝင်စားဖို့ကောင်းပြီးတော့ကြည့်ရှုသူတွေကို အစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်ပါတယ်။IMDb မှာ rating ကောင်းကောင်းရထားပြီးတော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါ။

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ Undisputed 2: Last Man Standing (2006)

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျော့ဂျ်အိုက်စ်မန်းချိန်ဘာတစ်ယောက် မူးယစ်ဆေးမှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရပြီး ထောင်ထဲကိုရောက်သွားပါတယ်။
သူရောက်သွားတဲ့ထောင်ကတော့ ထောင်ကြိုးဝိုင်းတွေရဲ့ဘုရင် ယူရီဘွိုင်ကာရှိတဲ့ထောင်ပါပဲခင်မျာ။စည်းပွားရေးသမားတွေရဲ့ လှည့်ကွက်တွေကြောင့် ယူရီဘွိုင်ကာနဲ့ ချိန်ဘာ သတ်ကွင်းထဲကိုရောက်ရှိလာတဲ့အခါမှာတော့ …..

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ Undisputed (2002)

ဒီဇာတ်ကားလေးကတော့Boxing ဝါသနာအိုးတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ခုပါ။ဇာတ်ကားအစမှာပဲ ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံတစ်ယောက်က မုဒိန်းမှုနဲ့စွပ်စွဲခံရပြီးထောင်ကျသွားပါတယ်။
ရှုံးပွဲလုံးမရှိခဲ့ဖူးတဲ့ချန်ပီယံက ထောင်ထဲမှာပဲသူ့လိုဖိုက်တာတစ်ယောက်နဲ့တွေ့မိပြီးနောက်…လူမိုက်ဗီဇရှိထားတဲ့ကမ္ဘာ့ချန်ပီယံဆိုသူကသူ့ရဲ့ဂုဏ်သိက္ခာကိုဘယ်လိုထိန်းသွားမလဲ?ထောင်ထဲမှာရှိတဲ့ချန်ပီယံကရော ဘယ်လိုလက်ရည်မျိုးရှိမလဲဆိုတာ…အပြိုင်အဆိုင်ဖြစ်ကြရင်း အဆုံးသတ်မှာဘယ်သူက တကယ်တမ်းချန်ပီယံဖြစ်သွားမလဲဆိုတာကို ထောင်သားတွေရဲ့ဘဝနဲ့ရောနှောပြီးပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ Undisputed 3: Redemption (2010)

Scott Adkins ကို ဘွိုင်ကာလို လူသိများစေခဲ့တဲ့ ဇာတ်ကားကို သိပြီးသားဖြစ်ကြမှာပါ။ ထောင်သားတွေအချင်းချင်းချကြတဲ့ အကြမ်းစားဖိုက်တာကားကြီး။ယူရီဘွိုင်ကာဟာ အရင်က အတော်ဆုံးဖိုက်တာဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ ဒူးဒဏ်ရာနဲ့ ဒဏ်ရာရမြင်းတစ်ကောင်လိုဖြစ်နေပြီး အကျဉ်းထောင်ထဲမှာ အိမ်သာဆေးနေကာ အိမ်သာတိုက်ချန်ပီယံကြီးဖြစ်နေရတယ်။
အနိုင်ရတဲ့သူကို လွတ်လပ်ခွင့်ပေးမယ်ဆိုတဲ့ နိုင်ငံတကာက ကြမ်းပေ့ဆိုတဲ့ထောင်တွင်းလူမိုက်တွေနဲ့ ထိုးသတ်ရမယ့်ပွဲမှာတော့ ဘွိုင်ကာဟာ ပြီးပြည့်အစုံဆုံးဖိုက်တာဖြစ်ပြီး တစ်ခုခုနဲ့ထိုက်တန်တယ်ဆိုတာကို သက်သေပြသွားမှာပါ။

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ Bunshinsaba vs Sadako ( 2016 )

ဂျပန် နိုင်ငံကနေပြီးတော့ ပြန်နှံ့လာခဲ့တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဗီဒီယိုဖိုင်တစ်ခု…!
ပိုပြီး ထူးဆန်းဖွယ်ကောင်းတာက အဲဒီ ဗီဒီယိုဖိုင်ကို
ကြည့်ရှုသူတိုင်းဟာ ၇ ရက်အတွင်းမှာ အသေဆိုးနဲ့ သေဆုံးကြရတဲ့အခါ…?ဒီသတင်းဟာ အနယ်နယ် အရပ်ရပ်ကို ပျံ့နှံ့ပြီးလူတွေရဲ့ စိတ်ကို
ဂယက်ထအောင် ခြောက်လန့်လို့နေခဲ့ပါတယ် ။ ဒီလိုနဲ့
ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့ ကျောင်းတစ်ခုမှာ
အဲဒီ ထိတ်လန့်ဖွယ် ကျိန်စာသင့် ဗီဒီယိုနဲ့ပတ်သတ်ပြီး
ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတော့တယ် ။ အဲဒီအရာကတော့…?ဒီကျိန်စာဆိုးကြီးကို ဖြေရှင်းနိုင်ပါ့မလား ?
ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာအတွင်းမှာ
သူတို့တွေ ဘယ်အရာတွေ စတေးကြရဦးမှာလဲ ?
ဆိုတာ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှူလိုက်ရအောင်လားရှင် ။

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ The Old Way (2025)

ကွန်ဖူးပရိသတ်တွေအတွက် ရှယ်ချမယ့် ကွန်ဖူးကားကောင်းလေးကို
Channel Myanmar မှတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တရုတ်နိုင်ငံတော်လှန်ရေးခေတ်ကိုအခြေခံထားတာဖြစ်ပါတယ်။
စစ်ဘုရင်တွေဟာ နယ်မြေအသီးသီးမှာအုပ်စိုးနေပြီးတော့
နိုင်ငံရေးရှုပ်ထွေးနေတဲ့အချိန်ဖြစ်မှာ ဓားပြတွေဟာသောင်းကျန်းနေပါတယ်။ဖြောင့်မတ်တဲ့လူတစ်ယောက်ဟာ ပြည်သူတွေအားလုံးဘက်မှာရပ်တည်ပြီးတော့
ဆန့်ကျင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဓားပြတွေရဲ့
ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်ဟာသူ့ရဲ့မင်္ဂလာဦးညမှာ
သူ့ကိုသတ်ပေးဖို့ သိုင်းလောကသားတစ်ယောက်ကိုအလုပ်အပ်ခဲ့ပါတယ်။
ဒီမိန်းကလေးလက်ထပ်ရမယ့်သူဟာ ဓားပြခေါင်းဆောင်ကြီးရဲ့
သားဖြစ်နေတဲ့အခါ ငြိမ်သက်နေခဲ့တဲ့အတိတ်ကအရိပ်တွေဟာ
ပြန်လည်ပေါ်လာပြီးတော့ လက်စားချေဖို့အခွင့်အရေးပေါ်လာပါတယ်။
မိဘနဲ့မိသားစုအတွက် လက်စားချေဖို့ခရီးစဉ်ကိုစတင်လိုက်ပါတော့တယ်

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
👍1
✍️ Promised Hearts (2025)

Niyala က ဆရာဝန်ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို သူ့သူငယ်ချင်း Faiq နဲ့လိုက်ပြီး Faiq အမေတိုနဲ့ အတူနေကာ မြိုမှာပညာသင်ကြားခဲ့တယ်။Niyala နဲ့ Faiq က ငယ်ငယ်လေးကတည်းက မောင်နှမတွေလို နေကြတယ်ဆိုပေမဲ့ Niyala က Faiq အပေါ်မှာ မောင်နှမထက်ပိုတဲ့ ခံစားချက်တွေ ရှိနေခဲ့တယ်။
Niyala ဆေးကျောင်းကနေ ဘွဲရပြီး ရွာကိုပြန်တော့ သူ့အဖေနဲ့ အစ်ကိုရဲ့ အကြွေးတွေကြောင့် Niyala ကို ငယ်ငယ်က အနိုင်ကျင့်နေကျကောင်လေးဖြစ်တဲ့ ရွာမှာ အချမ်းသာဆုံးသူဌေးရဲ့သား Roger နဲ့ လက်ထပ်ဖို ဖိအားပေးခံရပါတော့တယ်။အဲဒီအပြင် Faiq ကလည်း သူနဲ့ လက်ထပ်မဲ့ မိန်းကလေး Diah ကို ရွာကိုခေါ်လာပြီး Niyala က သူ့မိသားစုကို ကယ်တင်ဖို Roger နဲ့ စေ့စပ်တာကို သဘောတူချိန်မှာတော့ ကိုယ်တိုင်တောင်မသိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ၊ လှည့်စားမှုတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ…ကိုယ့်နှလုံးသားဆန္ဒကိုသိချိန်မှာ အရာအားလုံးနောက်ကျသွားပြီလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ Vena (2024)

ဂျန်နီဟာ သူ့ရဲ့အတူနေချစ်သူနဲ့မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားခဲ့ပါတယ်။မိသားစုဘ၀ကိုလိုချင်ပေမယ့်လည်းငယ်ရွယ်သူဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်အမှားတွေတစ်ခုပြီးတစ်ခုအပြင် မိခင်ဖြစ်သူရဲ့အုပ်ထိန်းမှုအောက်က သူ့ရဲ့သားဦး၊လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကနေ ရှောင်ထွက်ဖို့အလွယ်လမ်းကိုလိုက်ရင်း မူးယစ်ဆေးရဲ့သားကောင်အဖြစ်ကလည်းရုန်းမထွက်နိုင်တဲ့အတွက် သူ့ဘ၀ဟာ ထွက်ပေါက်မဲ့ မွန်းကြပ်စရာအတိပါပဲ။ဒါပေမယ့်လည်း ဘယ်တုန်းကသူ့ဆီမှာရှိနေမှန်းမသိတဲ့ မိခင်စိတ်တစ်ချို့ရုန်းကြွလာချိန်မှာတော့ ဂျန်နီတစ်ယောက်အတိတ်ကအမှားတွေမှန်သမျှကိုပြုပြင်ဖို့ကြိုးစားရင်း၊ သူ့အနာဂတ်အတွက် သူ့ကလေးလေးအနာဂတ်အတွက်မကောင်းနိုင်တဲ့ပတ်ဝန်းကျင်ကသူတွေကိုပါရှောင်ဖယ်ရုန်းထွက်ချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ မျှော်လင့်ချက်ရောင်ခြည်တွေ၊ ထင်မှတ်မထားသူတွေဆီကအကူအညီနဲ့ ကြိုဆိုမှုတွေကို မြင်တွေ့ရမှာပါ။သူ့အတွက် ပြင်ဆင်ချိန်ဟာ တကယ်တမ်းမှီနိုင်သေးရဲ့လား?ဘာလင်မြို့မှာကျင်းပခဲ့တဲ့ First Steps Awards ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု ဓာတ်ပုံဆုတွေ ရရှိခဲ့ပြီးဝေဖန်ရေးဆရာတွေရဲ့အကောင်းမြင်မှတ်ချက်တွေရရှိထားတဲ့ ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။ကလေးမွေးတဲ့အခန်းကိုကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ပြထားတာတွေနဲ့ လိင်ဆက်ဆံခန်းတစ်ချို့၊မူးယစ်ဆေးအသုံးတွေကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေနိုင်ပါ။

18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
1👍1
✍️ Monster House (2006)

Monster House ဆိုတဲ့ ဇာတ်ကား​လေးကို
ကျွန်​တော်တို့ ငယ်ငယ်က ၆ကားတွဲအ​ခွေ​တွေမှာ ကြည့်ဖူးကြမယ်ထင်ပါတယ်။
အဲ့ဒီတုန်းက​တော့ စာပါ​တာ​တွေ​ရော စာမပါတာ​တွေ​ရောနဲ့
အင်္ဂလိပ်လို ကြည့်​ကောင်းကြည့်ခဲ့ရမှာပါ။
အခုတစ်ခါ​တော့ ငယ်ငယ်ကနားမလည်ပါးမလည်ကြည့်ခဲ့ဖူးတဲ့
ဇာတ်ကား​ကောင်း​လေးကို တစ်ခါပြန်ပြီး​တော့ ကြည့်လိုက်ကြရ​အောင်ပါ။အမြဲမှန်​ပြောင်းတစ်ခုနဲ့ အလုပ်ရှုပ်​နေတတ်တဲ့ DJ တစ်​ယောက်က
သူ့အိမ်​ရှေ့အိမ်ကိုအမြဲစူးစမ်း​နေတတ်ပါတယ်။
အမြဲတိတ်ဆိတ်ပြီး​တော့ က​လေး​တွေကို မနှစ်သက်၊
က​လေး​တွေလာရင် ​မောင်း​ထုတ်တဲ့ Mr. Nebbercracker ရဲ့ အိမ်ကြီး​Mr. Nebbercracker က က​​လေး​တွေတော်တော်မုန်းတဲ့သူဗျ
ကလေးတွေကလည်းသူ့ကိုကြောက်ကြ
သူ့ကိုကြည့်မရတဲ့ လူဆိုး​လေး​တွေကလည်း အိမ်ကိုနည်းမျိုးစုံနဲ့ ​နှောက်ယှက်ကြ​နဲ့
က​လေး​တွေ အများဆုံးလမ်း​ပေါ်ထွက်တဲ့ Holloween ကာလဆိုတာကလည်း
Mr. Nebbercracker အတွက် အမုန်းဆုံးအချိန်ဖြစ်လာ​တော့တာပေါ့ဒါပေမယ့် သူဘာလို့ဒီလောက်တောင် ပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့
နောက်ကွယ်ကအကြောင်းအရင်းလေးတွေရှိသေးတယ်
ဒီလိုအကြောင်းအရာတွေကိုဖော်ထုတ်ဖို့ အကြောင်းဖန်လာတော့
DJ တို့ က​လေးတစ်သိုက်ကဘယ်လိုတွေလုပ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်လိုက်ရအောင်ဗျာ

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ The Raid (2011) The Raid: Redemption

အင်ဒိုနီးရှားမင်းသား Iko Uwais ရဲ့ အကောင်းဆုံးနဲ့အကြမ်းဆုံး အက်ရှင်ဇာတ်ကားပါ။
ဇာတ်လမ်းကတော့…
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတခုမှာ အလွန်ရက်စက်ပြီး အာဏာလဲရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက် SWAT အဖွဲ့က အဆောက်အဆုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ် ….အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ် အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေ့ရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်…

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ The Raid 2 (2014) Berandal

2011 ကထွက်ထားတဲ့ The Raid: Redemption ရဲ့အဆက်ဖြစ်ပြီး တခြားအဆက်ကားတွေနဲ့မတူ Rating တွေတောင် ပိုလို့ကောင်းလာတဲ့ Sequel ကားဖြစ်ပါတယ်။
အာရှဇာတ်ကားတွေထဲမှာတော့ တော်တော်လေးကောင်းတဲ့ အက်ရှင်ဇာတ်ကားဆိုတာ ငြင်းလို့မရပါဘူး။
ဇာတ်လမ်းအကျဉ်းကတော့ ……….
လူဆိုးဂိုဏ်း ခေါင်းဆောင်တွေ၊ စိတ္တဇ ဝေဒနာသည်တွေနဲ့ ပြည့်နေတဲ့ အဆောက်အဦကြီးထဲမှာ တိုက်ခိုက်ပြီး ထွက်ခွာလာတဲ့နောက်ပိုင်း ဂျာကာတာ ရဲသား ရမ်ဟာ အရာအားလုံးဟာ ပြီး
ဆုံးသွားခဲ့ပြီ၊ သူဟာ သာမန်ဘဝမှာ နေထိုင်နိုင်ပြီလို့ စဉ်းစားပါတယ်။ သူကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကြီးမှာက ရဲနဲ့ လူဆိုးတွေရဲ့ အလောင်းတွေဟာ အခန်းတစ်ခုလုံး ပြည့်မတတ်ပါပဲ။ ဒီလိုအခြေအနေကို ကြုံတွေ့ခဲ့ရတော့ ရမ့်အနေနဲ့ ထပ်ပြီး အမှားတွေ မလုပ်ချင်တော့ဘူး။
သူ့ရဲ့ ပြိုင်ဘက်တွေဟာ ဖြုံလောက်တယ်ဆိုပေမဲ့ ဒီအဆောက်အဦထဲမှာတော့ ကြမ္မာငင်သွားခဲ့ရပါတယ်။ ဒါပေမဲ့ သူ့မိသားစုကတော့ အန္တရာယ်ရှိနေပါပြီ။ ရမ့်အနေနဲ့ သူ့ဇနီးနဲ့ မွေးကင်းစအရွယ် သားငယ်ကို ကာကွယ်ဖို့သာ ရွေးချယ်စရာ ရှိပါတော့တယ်။ ဒါကြောင့် သူဟာ ဒုစရိုက်လောကကို လျှို့ဝှက်ဝင်ရောက်ရ ပါမယ်။ ခြစားနေတဲ့ နိုင်ငံရေးသမားတွေနဲ့ ရဲတွေဆီကို ပြိုင်ဆိုင်နေတဲ့ အင်အားစုတွေကို အဆင့်ဆင့် ဝင်ရောက်ရမှာပါ။ ရောက်ပြီဆိုမှ သူတို့ရဲ့ အပြုအမူတွေကို ရပ်တန့်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ရမ်ရဲ့ ရှည်လျားတဲ့ ခရီးကြမ်းကြီးကို စတင်ခဲ့ပါတယ်။ ဒီခရီးဟာ သူ့ရဲ့ ကိုယ်ပိုင်ဘဝကနေ ကွဲထွက်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ ယုဒါ့အဖြစ် တာဝန်ပေးအပ်ခံရတယ်။ ထောင်ထဲမှာတော့ သူဟာ နာမည်ကြီး လူဆိုးဂိုဏ်းမှာ အခရာတစ်ဦးရဲ့သား ယူကိုရဲ့ ယုံကြည်မှုကိုရရှိခဲ့ပြီး လူဆိုးဂိုဏ်းနဲ့ ဆက်သွယ်ဝင်ရောက်တယ်။
နောက်ပိုင်းမှာတော့ ဆိုးဆိုးရွားရွား အခြေအနေမှာ ရောက်ရှိနေတဲ့ အဖွဲ့အစည်းကြီးကို အဆုံးသတ်သွားစေဖို့ ဘဝတစ်ခုလုံး ပုံအောပြီးကြမ်းကြမ်းရမ်းရမ်း ဆောင်ရွက်သွားတာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဇာတ်ကားကောင်းလေးအဖြစ် တော်တော်များများက ရွေးချယ်မှတ်ချက်ပေးထားတာကို တွေ့ရလို့အက်ရှင်ကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
✍️ The Match (2025)

ဝါရင့်မင်းသားကြီး Lee Byung Hun၊ မင်းသား Yoo Ah In၊ က‌လေးသရုပ်ဆောင် Kim Kang Hoonတို့
အဓိကပါဝင်ထားပြီး တကယ့် သရုပ်ဆောင်ကောင်းတဲ့ မင်းသားတွေဖြစ်တဲ့အတွက် ကြည့်ပြီး လုံးဝနောင်တမရ‌‌စေမဲ့ကားကြီးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။
ကိုးရီးယားနိုင်ငံတွင်းမှာသာမက တစ်ကမ္ဘာလုံးပြိုင်ဘက်ကင်း လက်ရွေးစင် ဘာဒုကစားသမားဂျိုဟွန်းဟျွန်းဟာ တစ်နေ့မှာတော့ ဂျွန်းဂျူဘက်ကိုရောက်ရင်း ဘာဒုကစားနည်းကို ကျွမ်းကျင်တဲ့ချန်းဟိုဆိုတဲ့ ကလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။လက်ရွေးစင်ဂျိုဟာ သိချင်စိတ်နဲ့ ပြိုင်ဆော့ခဲ့ရာကနေ တစ်ပွဲရှုံးနိမ့်ခဲ့တဲ့အတွက် လက်ရွေးစင်ဂျိုဟာချန်းဟိုဆိုတဲ့ကောင်လေးအပေါ် စိတ်ဝင်စားသွားခဲ့ကာ တပည့်အဖြစ် လက်ခံပြီး ဆိုးလ်မြို့မှာရှိတဲ့ကိုးရီးယားဘာဒုအဖွဲ့အစည်းဆီ ချန်းဟိုကို ခေါ်ဆောင်လာခဲ့ပါတယ်။ရွာသားလေး ချန်းဟိုကတော့ မြို့ပေါ်ရောက်တဲ့အချိန်ကစပြီး သူ့ဘာဒုပညာတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် အနိုင်ပိုင်းခဲ့ကာ ဆိုးလ်မြို့မှာ သူ့ဂုဏ်သတင်းဟာ ဟိုးလေးတစ်ကျော်လာခဲ့ရုံသာမကဆရာ့လက်ရည်ကိုပါ တရားဝင် စိန်ခေါ်နိုင်သူအထိ ဖြစ်လာခဲ့ပါတယ်။ဆရာ တပည့်အဖြစ် အစပြုခဲ့တဲ့ ဒီဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ ပြိုင်ဘက်အဖြစ်သို့ကူးပြောင်းသွားချိန်မှာတော့ ဆရာ တပည့်ဆက်ဆံရေးဟာ ပြိုလဲပျက်စီးသွားမလား..မကျေနပ်ချက် အမုန်းတရားတွေ ပေါက်ဖွားလာမလားဆိုတာကို စိတ်ဝင်စားစွာ စောင့်မျှော်ကြည့်ရှုရင်းနဲ့ဘာဒုကစားနည်းဟန်တွေကိုလည်း လေ့လာမြင်တွေ့နိုင်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဂျိုဟွန်းဟျွန်းအဖြစ် မင်းသားကြီး Lee Byung Hun နဲ့ အီချန်းဟိုအဖြစ် ကလေးသရုပ်ဆောင်Kim Kang Hoon နဲ့ လူကြီးသရုပ်ဆောင် Yoo Ah In တို့က သရုပ်ဆောင်ထားပါတယ်။

#Credit
Please open Telegram to view this post
VIEW IN TELEGRAM
👍1
✍️ Captain Phillips (2013)

Richard Phillips တာဝန်ယူ ဦးဆောင်တဲ့ MV Maersk Alabama ဆိုတဲ့ ကုန်တင် သင်္ဘောကြီးဟာ Oman သဘောၤဆိပ်ကနေ Mombasa အသွား Gulf of Aden အဖြတ်မှာ ဆိုမာလီက ပင်လယ်ဓားပြတွေရဲ့ ရန်ကိုရင်ဆိုင်ခဲ့ရပါတယ်… Captain Phillips ဟာ ဓားပြတွေသောင်းကျန်းတဲ့အတွက် သတိပေး အီးမေလ်းကိုရအပြီး အရေးပေါ်အခြေအနေကို လေ့ကျင့်နေတဲ့အချိန်မှာပဲ မင်္သကာစရာ မော်တော်ဘုတ် ၂စီးကို ရေဒါထဲမှာ မြင်ခဲ့ပါတယ်… ဒီလိုနဲ့ လေ့ကျင့်မှုကနေ တကယ့်အခြေအနေကို တဟုန်းထိုး ကူးပြောင်းသွားပါတော့တယ်… Captain Phillips ရဲ့ ဟန်ဆောင်ရေဒီယို စကားပြောကို လေလှိုင်းကြားက ခိုးနားထောင်နေတဲ့ ပင်လယ်ဓားပြတွေကြားပြီး မကြာခင်မှာ စစ်တပ်ရောက်လာတော့မည်အထင်နဲ့ မော်တော်ဘုတ် ၂စီးမှာ ၁စီးက လှည့်ပြေးသွားပါတော့တယ်… ကျန်တစ်စီးက ဆက်လက်လာနေပင်မဲ့ Captain Phillips ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တာတွေကိုလုပ်ဆောင်ခဲ့တဲ့အတွက် ပင်လယ်ဓားပြတွေ သင်္ဘောနားကို မကပ်နိုင်ခဲ့ပဲ ပထမအကြိမ်မှာလက်လျော့ခဲ့ပါတယ်… နောက်နေ့မနက်မှာတော့ Muse (Nickname: Skinny) ခေါင်းဆောင်တဲ့ ပင်လယ်ဓားပြ ၄ဦးပါ မော်တော်ဘုတ်က ထပ်မံချဉ်းကပ်လာပြန်ပါတယ်… ဘယ်လိုပဲ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်လုပ် အဆုံးမှာတော့ လူဆိုးတွေဟာ သင်္ဘောပေါ်ကိုရောက်လာခဲ့ပါတယ်…တခြားသင်္ဘောသားများကို အင်ဂျင်ခန်းထဲမှုာ ပုန်းခိုင်းထားပြီး လူဆိုးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူကတော့ Captain Phillips နဲ့ နောက် အရာရှိ ၂ယောက်ပါပဲ… သင်္ဘောကို ပါဝါတွေ အကုန်ပိတ်ချလိုက်ပြီး အရေးပေါ် ပါဝါကိုပါ ပိတ်ချနိုင်ခဲ့တယ်… တစ်ချိန်မှာ လူဆိုးခေါင်းဆောင် Skinny ကို သူ့ သင်္ဘောသားတွေ ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ဘောပေါ်ကနေ ပိုက်ဆံ ဒေါ်လာ ၃သောင်းကိုယူကာ သင်္ဘောပေါ်က အသက်ကယ်လှေကို ယူပြီး အေးအေးဆေးဆေးဆင်းဖို့ တောင်းဆိုခဲ့တယ်… သို့သော် လူဆိုးတွေဟာ Captain Phillips ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး အာမခံကြေးငွေ ၆ မီလီယံနဲ့ ရွေးယူဖို့ ခြိမ်းခြောက်ပါတော့တယ်…
ဒီအခက်ခဲတွေကြားမှာ Captain Phillips ဘယ်လိုလွတ်မြောက်မလဲ… US Navy ရောက်ရှိလာအပြီးမှာ ဓားစာခံခေါ်ခံထားရတဲ့ Captain Phillips ကို ဘယ်လိုကယ်မလဲဆိုတာ…။ဒီကားက ဇာတ်လမ်းအကုန်ပြောပြလိုက်လို့တောင်မှ တကယ်ကြည့်တာနဲ့ အရသာတူမှာမဟုတ်ပါဘူး… ဒီပိုစ့်ထဲမှာတော့ မှတ်မှတ်ရရ သတိထားမိတဲ့ အခန်းလေးတွေကိုပဲ တစ်ခုချင်းရေးပါတော့မယ်…သင်္ဘောနားကို ပင်လယ်ဓားပြ မော်တော်ဘုတ်ကပ်လာတော့ မီးသတ်ပိုက်ရေပန်းတွေစဖြန်းတဲ့အချိန်မှာ ကိုယ်ကပါသူ့လိုပဲ (လူဆိုးတွေ သင်္ဘောပေါ်ရောက်လာတယ်ဆိုတာ Trailer မှာကြည့်ပြီးတာတောင်မှ) စိုးရိမ်နေပါပြီ… မီးသတ်ပိုက်တစ်ခုက ကောင်းကောင်းမတတ်ထားတော့ အဲဒိနေရာမှာ ဟာနေတာကို လူဆိုးတွေတွေ့သွားပြီး အဲဒိကနေတက်လာဖို့ကြိုးစားတော့ သင်္ဘောသား လက်ထောက်ကို ပြန်တပ်ခိုင်းရင်း ဒီဘက်ကလဲ လူဆိုးတွေကို Captain Phillips က ပါလာတဲ့ အချက်ပြမီးပန်းနဲ့ လှမ်းပစ်တဲ့အချိန်မှာ စိတ်ထဲ US မှာ ဒီလောက် သေနတ်ပေါတာ သင်္ဘောပေါ်မှာ သေနတ်လေးတော့ ဆောင်ထားသင့်တာပေ့ါလို့ထင်မိတယ် (ဒါပေမဲ့လဲ တစ်ခါတစ်ရံမှာ သင်္ဘောသားချင်းပြန်သတ်တဲ့ ဇာတ်လမ်းတွေ အပြင်မှာကြားဖူးနေတော့လဲ သေနတ်ထားသင့်မထားသင့်က အငြင်းပွားစရာ ကိစ္စတစ်ခုပါပဲ) ခုတော့ သူက မီးရှုးနဲ့ပစ်လိုက် လွဲသွားလိုက် ဟိုဘက် သေနတ်နဲ့ ပြန်ပြစ်လိုက်… ကိုယ်က သာမာန်လူ… ဟိုဘက်က သေနတ်နဲ့ လုပ်စားနေကျ ဓားပြ… ကိုယ်သာ ဓားပြတွေနဲ့တွေ့ရင်ဆိုတဲ့ အတွေးက ဝင်လာတယ်… အဲလိုဝင်လာတာလဲ Tom Hank ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုကြောင့်လို့ ထင်တယ်… တကယ်သရုပ်ဆောင်ကောင်းတဲ့သူက ကြည့်လိုက်ရင် ဘာမှမဟုတ်သလိုလိုသာမာန်လိုလိုနဲ့ ကြည့်နေတဲ့ လူရဲ့ စိတ်ထဲကို ဇာတ်ကောင်နဲ့အတူ မြောပါသွားအောင်လုပ်နိုင်စွမ်းရှိတယ်… သူသရုပ်ဆောင်သွားတဲ့အထဲမှာ သူ့ကို Super hero ကြီးလို့ ထင်ရလောက်တဲ့ Confidence နဲ့ သူရဲကောင်းဆန်ဆန်လုပ်ပြနေတဲ့ မျက်နှာ အမူအရာမျိုးမတွေ့ရဘူး… လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခကို ခေါင်းဆောင်တစ်ယောက် (သာမာန် တာဝန်ရှိသူတစ်ယောက်) အနေနဲ့ တတ်နိုင်သလောက် လုပ်နေတဲ့ပုံစံမျိုး တစ်ကယ်ပေါ်လွင်တယ်… (ဇွတ်ကြီး သရုပ်ဆောင်ပြနေတယ်လို့ မထင်ရပဲ… ပရိတ်သတ်ကပါ အဲဒိထဲဝင်ခံစားလာအောင် သရုပ်ဆောင်တာကိုပြောချင်တာ)..နောက်တစ်ခန်းက သင်္ဘောစက်ပိတ်လိုက်လို့ လူဆိုးတွေက သင်္ဘောသားတစ်ယောက်ကို သေနတ်နဲ့ချိန်ထားပြီး ပစ်မယ်လုပ်နေတဲ့အချိန်မှာ “မင်းတို့ပြောတော့ စီးပွားလာရှာတာဆို… မင်းတို့ ပိုက်ဆံလိုချင်ရုံသပ်သပ်ဆို… ဘာလို့ ငါ့လူတွေကို ဒုက္ခပေးရတာလဲ” ဆိုတဲ့ အခန်းမှာ သရုပ်ဆောင်တွေအပြင် ဒါရိုက်တာရဲ့ တင်ပြပုံကိုလဲ ချီးကျူးမိတယ်… ကိုယ်ပါ အသက်အောင့်နေမိတယ်… Captain လဲ ကြောက်နေမှာပဲ သူ့လက်အောက်ငယ်သားသာ ဒီလိုသေသွားရင် သူလဲ စိတ်ထိခိုက်မှာပဲ… ကြောက်ပေမဲ့ ပြောစရာရှိတာတော့ သူပြောတာပဲ… အဲဒိအချိန်မှာ ပြောတဲ့စကားက လူတစ်ယောက်ရဲ့ အသက်သေရေးရှင်ရေးအရေးကြီးနေတယ်… အဲဒိအချိန်မှာ သေနတ်နဲ့အချိန်ခံထားရတဲ့သူကိုပြလိုက်… Tom Hank ကိုပြလိုက်… Muse ကိုပြလိုက်နဲ့ စကားတွေကလဲ အပြိုင်အဆိုင် ရုံးရင်ဆန်ခတ်ပြောနေတာကို ဖြတ်ကနဲ ဖြတ်ကနဲ ပြကွက်တွေနဲ့ ဇာတ်ဝင်ခန်းကို intense
Please open Telegram to view this post
VIEW IN TELEGRAM
ဖြစ်အောင်ရိုက်ထားတယ်…
နောက်တစ်ချက်က အသက်ကယ်သဘောၤပေါ်မှာ Muse (Skinny) က Captain Phillips နှဖူးကို သေနတ်နဲ့ ချိန်ထားပြီး နောက်မှ သေနတ်ပြောင်းကို ပြန်ချလိုက်တဲ့အချိန်မှာ တန်းသတိထားလိုက်မိတာက Tom Hanks နှဖူးပေါ်က သေနတ်ပြောင်းရာ… အရာလေးထင်ကျန်နေခဲ့တာ… ဒီအခန်းမှာ မင်းသားကြီးမို့ မထိရ၊ မကိုင်ရ၊ မနာရ၊ သရုပ်ဆောင်အသစ်ဖြစ်တဲ့အပြင် လူကြမ်းမို့ မင်းသားကို အဲလိုမလုပ်ရဘူးဆိုတာမရှိဘူး… ဒီဇာတ်ကားကို ပေးချင်တဲ့ ရသမြောက်ဖို့ အားလုံးက သူ့နေရာကသူ ပိုင်နိုင်အောင် မင်းဘယ်သူ ငါဘယ်သူမထားပဲ အလုပ်လုပ်သွားကြတယ်… Youtube မှာ သူတို့ကို အင်တာဗျူးထားတာတွေ့တော့ အဲဒိအခန်းကို အင်တာဗျူးတဲ့သူက မေးတာတွေ့တယ်… Muse(skinny) နေရာမှာ သရုပ်ဆောင်သွားတဲ့ သူ Barkhad Abdi ကို ခုလို မင်းသားကြီးရဲ့ နှဖူးကို သေနတ်ရာထင်အောင် မင်းလုပ်ရဲတယ် ဟုတ်လား? အဲဒါ ဘယ်သူ့ Idea လဲလို့ မေးတော့… Tom Hank ကိုယ်တိုင်က ဝင်ထောက်တယ်… ငါက ဘယ်သူမှ မဟုတ်ဘူး… ဘာလို့ ငါ့လိုလူကိုလို့ သုံးရတာလဲ ဆိုပြီးတော့… ပြီးတော့ အဲဒါ Tom Hank ကိုယ်တိုင်ရဲ့ အိုင်ဒီယာပါပဲ… Tom Hank က လုပ်ခိုင်းရင်တောင်မှ မင်းက လုပ်ရဲတယ်ဟုတ်လား? ဆိုတော့ Abdi က အစကတော့ သူမလုပ်ရဲပါဘူး ဒါပေမဲ့ ရိုက်ရင်းနဲ့ ဇာတ်ကောင်ထဲကို စိတ်သွင်းလိုက်တော့လဲ လုပ်ဖြစ်သွားတာပါပဲ… လို့ ပြန်ဖြေခဲ့ပါတယ်..။

#Credit
✍️ The Green Mile (1999)

ကျမတို့ဂြိုဟ်ကမ္ဘာမှာ တရားသဖြင့်ဆိုတဲ့စကားဟာ တကယ်ရှိရဲ့လား။လူသားတစ်ယောက်နဲ့တစ်ယောက်နှိပ်စက်သတ်ဖြတ်ကြတာ ၊အားငယ်သူကို အားကြီးသူက ညှဉ်းပန်းတာ ၊
မတရားမှုမှန်းသိသိကြီးတောင်ဝင်မစွက်ရဲတာ / ဝင်စွက်ဖို့ရာအင်အားမလုံလောက်တာ ။ ကျမတို့မျက်စိရှေ့လေးတင်မှာပဲမတရားမှုကို တွန်းလှန်နိုင်တဲ့ အင်အားနည်းပါးလို့ ကျရှုံးခဲ့ရပြီးသူတွေဘယ်လောက်လောက် ရှိနေပြီလဲ။ကျမတို့ တတ်နိုင်သရွေ့ကယ်တင်ခဲ့လား။မမြင်ချင်ယောင်ဆောင်ခဲ့ကြလား။ဒါမှမဟုတ် ရှင်ဟာ တစ်ပါးသူနာကျင်မှုုအကြီးစားနဲ့ညည်းတွားနေတာကို လျှာလေးတသပ်သပ်နဲ့အရသာခံကြည့်တတ်သူလား။ကဲ အခု ကျမဇာတ်ကားဟောင်းတစ်ခုအကြောင်းနည်းနည်း ပြန်ပြောပြမယ်လေ။The Green Mile ဆိုတဲ့ ခြောက်အုပ်တွဲ ဝတ္ထုထဲကပထမတွဲကို ၁၉၉၆ ခုနှစ် မာ့ချ်လကုန်လောက်မှာ စထုတ်တယ်။ထုတ်ထုတ်ပြီးချင်းပဲ ဒုတိယတွဲအတွက်လူတွေ အုတ်အော်သောင်းနင်း ရင်ခုန်ကြသတဲ့။ဒါနဲ့ စာရေးဆရာ Stephen King ရဲ့ The Green Mileအခန်းဆက်ဝတ္ထုရှည်ဟာ ကမ္ဘာကျော်သွားခဲ့တယ်။၁၉၉၉ ဒီဇင်ဘာမှာ စကြဝဠာရဲ့အကောင်းဆုံးဇာတ်လမ်းကောင်းတွေကိုပဲ ထုတ်လုပ်တယ်လိ့ကြေငြာထားတဲ့Warner Bros ကနေ The Green Mile အမည်နဲ့ဇာတ်လမ်းတစ်ပုဒ် စတင်ဖြန့်ချိလာတယ်။Fantasy crime drama အမျိုးအစားပေါ့။ဝတ္ထုရော ဇာတ်လမ်းရောက Paul Edgecombe လို့အမည်ရတဲ့ ထောင်ဝါဒါဟောင်းတစ်ဦးကသူ့ရဲ့မိတ်ဆွေဖြစ်သူကို ၁၉၃၀ ဝန်းကျင်ကာလတွေတုန်းက အမေရိကရဲ့ တရားစီရင်ရေးနဲ့ချွတ်ချော်တိမ်းပါးမှုတွေ ၊ အမှားအယွင်းနဲ့အားနည်းချက်တွေအကြောင်းကို ပြန်ပြောပြနေဟန်ဇာတ်လမ်းတည်ထားတယ်။အင်းစိန်ထောင်ထဲမှာ အပြင်လူတွေ မသိနိုင်တဲ့အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေနဲ့တချို့ထူးဆန်းအံ့သြဖွယ် ရင်နာဖွယ်အဖြစ်တွေ ၊တရားရေးနဲ့ဥပဒေရဲ့အားပျော့ကွက်တွေကိုတဆင့်ပြန်ကြားနေရပုံနဲ့ ခပ်ဆင်ဆင်ပေါ့။ ပေါလ်ဟာ ၁၉၃၂ခုနှစ်များဆီတုန်းကတော့ ငယ်ရွယ်သန်မာတဲ့ထောင်ဝါဒါ လူလတ်ပိုင်းတစ်ဦးပေါ့။သူကြီးကြပ်ရတဲ့ ဝါ့ဒ်က သေဒဏ်ကျ အကျဉ်းသားတွေကိုသေဒဏ်မပေးခင် ယာယီချုပ်တဲ့ ဝါ့ဒ်ပေါ့။အင်မတန် စည်းကမ်းထားရပြီး တင်းကြပ်ထားတဲ့ဥပဒေနဲ့လူ့နူးညွတ်မှု စိတ်ခံစားချက်နှစ်ခုကြားအလယ်တည့်တည့်မှာ ၊ ဒါမှမဟုတ်ဥပဒေဘက်ခြမ်းမှာ မတ်မတ်နေပေးရတဲ့ နေရာပေါ့။ဒီနေရာဟာ သေဒဏ်ကျခံ အကျဉ်းသားတွေရဲ့အထီးကျန်ဆန်မှုတွေ၊ နောင်တနဲ့ ညည်းတွားသံတွေ၊အားငယ်စိတ်ပျက်ဟန်တွေကြား ထောင်အုပ်ချုပ်သူတို့ပါလိုက်ပြီး ယိမ်းယိုင်မသွားအောင် ဟန်ချက်လိုက်ညှိနေရတဲ့ နေရာပေါ့။အပြစ်လုပ်ခဲ့ရင်လည်းခံ၊ မလုပ်ခဲ့သည်ရှိသော်မှသက်သေအထောကိအထားခိုင်လုံနေခဲ့ရင်လည်း ခံပေါ့။ဥပဒေဟာ တကယ့်ကို စာအုပ်ကြီးပဲ။လူသားချင်း စာနာထောက်ထားစိတ် သူ့မှာမရှိဘူး။တခါတလေမှာ စစ်မှန်တဲ့ တရားမျှတမှုဆိုတာအကြီးဆုံးဒိုင်ဖြစ်တဲ့ အဲဒီဥပဒေဆိုတဲ့ကောင်ဆီမှာတောင် မရှိဘူး။ဒါဆို ဘာလို့ဥပဒေထားနေတော့မှာလဲ။ဘာလို့ဥပဒေထားနေတော့မှာလဲဆိုတော့အသိဉာဏ်နည်းတဲ့ တိရိစ္ဆန်ထက်စိတ်ဓာတ်အထားအသို ပိုနိမ့်ကျတဲ့လူ့တိရိစ္ဆာန်တွေ ရှိနေလို့ပေါ့။ဒီတော့လည်း လက်ခံကြရုံပေါ့။ ဒီဇာတ်ကားက ဘာသာရေးကိုလည်း အတန်ငယ် တိမ်းညွှတ်ထားတယ်။low-angel လို့ပဲ ခေါ်ကြစို့ရဲ့။အဲဒီတယောက်ဟာ သေဒဏ်ကျခံဖို့ရာတရားခံမှားယွင်းရောက်ရှိလာသူ ။တန်ဖိုးမြင့် တန်ခိုးအာနုဘော် ရှိသူ၊ထွားကျိုင်းသန်မာပြီး အရပ် ခြောက်ပေ ရှစ်လက်မရှိတဲ့လူမည်းကြီးပေါ့။ဂျွန်ကော်ဖီတဲ့ ။ John Coffey ပေါ့။သူ့နံမည်ကလွဲလို့ ကျန်တဲ့စာကို မဖတ်တတ်ရှာသူကြီးပေါ့။သူ့နံမည်ကိုမေးတိုင်း ”ဂျွန်ကော်ဖှီပါခင်ဗျာ။သောက်တဲ့ ကော်ဖီနဲ့အသံထွက်တူပါတယ်။စာလုံးပေါင်းတော့မတူပါဘူး။” လို့လေးတိလေးကန် ယဉ်ယဉ်ကျေးကျေး ပြန်ပြောတတ်သူကြီးပေါ့။ဘဝမှာ တခါဘူးမျှ ရုပ်ရှင်မကြည့်ဖူးသူကြီးပေါ့။လူတိုင်းကို ချိုချိုသာသာနဲ့မျက်ရည်တွေ ဝိုင်းပြီးသနားကရုဏာသက်ဟန်နဲ့ပြောတတ် ကြည့်တတ်သူကြီးပေါ့။ကိုယ်တိုင်ကတော့ သူတပါးအခက်အခဲတွေကိုတတ်နိုင်သလောက် အစွမ်းကုန် ကူညီကယ်တင်ခဲ့ပေမဲ့ကိုယ့်အလှည့်မှာတော့ ကူည်ီကယ်တင်သူမရှိရှာဘဲ ဘုရားသခင်လိုပဲ သူတပါးအပြစ်အတွက်ကိုယ့်ကိုကိုယ် စွန့်ပစ်လိုက်ရသူ သနားစရာ လူထွားကြီးပေါ့။ သေဒဏ်ကျခံဖို့ ရောက်နေတဲ့ တခြားအကျဉ်းသားလေးငါးခြောက်ယောက်လည်း ရှိသပေါ့။သူတို့လည်း သူတို့အကြောင်းနဲ့သူတို့ပေါ့။သေဖို့နောက်ဆုံးနေ့ရက်နဲ အချိန်အတိအကျကိုသိသိကြီးနဲ့စောင့်နေကြရတဲ့ အထီးကျန်လူသားများပေါ့။ရဒ်အင်ဒီးယန်းတယောက်ပါတယ်၊ထောင်ထဲက ကြွက်စုတ်လေးတစ်ကောင်အပေါ် သူ့ရဲ့အဖော်အဖြစ်နောက်ဆုံးထွက်သက်ထိ သံယောဇဉ်တကြီးတွယ်ဖက်သွားတဲ့ လူတစ်ယောက်ပါတယ်၊ ဆေးအမြဲကွဲနေတဲ့ဆေးဘဲတစ်ပွေပါတယ်၊ စသဖြင့်ပေါ့လေ။သူတို့ရဲ့နောက်ဆုံးချိန်တွေကို သူတို့နဲ့အတူကူစောင့်ပေးရင်း သူတို့ဖြစ်ချင်တဲ့ နောက်ဆုံးဆန္ဒတွေကိုတတ်နိုင်တဲ့ဘက်က ဝိုင်းဖြည့်ပေးနေကြတဲ့ထောင်ဝန်ထမ်း အရာရှိများရဲ့ ဖြစ်တည်မှုပေါ့။ ဇာတ်ကားကြည့်ရင် ငိုတတ်တဲ့အကျင့် ရှင်တို့မှာရှိလား။ကျမကတော့ တယောက်ထဲ ဇာတ်ကားကြည့်မှစိတ်ကိုလွှတ်ပြီး ကြည့်လေ့ရှိတယ်။ကိုယ်မျက်ရည်ကျတာကို သူများမလှောင်စေဖို့ပေါ့။ရှင်ဟာ အကယ်၍ အဲဒီလို ခံစားမှု အားကောင်းသူဆိုရင် ၊မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်ပေါ့။ရှင်တို့ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။
Please open Telegram to view this post
VIEW IN TELEGRAM
ငိုကြွေးရမယ်။အထီးကျန်ဆန်ရမယ်။ သေဒဏ်ကျခံရတဲ့ အကျဉ်းသားတွေကိုကွပ်မျက်တဲ့ပုံစံက လျှပ်စစ်ကုလားထိုင်မှာ တကိုယ်လုံးကိုဝါယာကြိုးတွေနဲ့ စည်းပြီး စီရင်တဲ့ပုံစံပဲ။သူတို့ကို စီရင်နေချိန်မှာ သူတို့ရဲ့ အသားတွေကိုလျှပ်စစ်ဖြတ်စီးသွားရာကနေ ရလာတဲ့လူသားညှော်နံ့တွေကို ရှင်တို့နှာခေါင်းထဲ ရလာလိမ့်မယ်။သေခြင်းတရားကို ဘယ်လောက်ပဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့တွေးထားထားတကယ့်သေခြင်းတရားဟာ ဗို့အားထောင်ချီပြီးလျှပ်စီးကြောင်းတွေအဖြစ် ကိုယ့်ခန္ဓာကိုယ်ထဲ ဝင်လာချိန်မှာအသက်ဓာတ်လေးနဲ့ လက်ရှိဖြစ်တည်မှုလေးအပေါ်ဖကိတွယ်ထားသေးချင်စိတ်က ဟုတ်ခနဲ တောက်ကြွလာမယ်။သူတို့ရဲ့သေခြင်းတရားအပေါ် ရင်ဆိုင်ကြပုံဟာဒီလိုပါလားလို့ ရှင်တို့ အလမ့်တကြားတွေ့ရမယ်။လောကကြီးရဲ့ တရားမျှတမှုအပေါ်မှာလည်းသံသယဝင်ကောင်း ဝင်လာနိုင်သေးတယ်။ ဇာတ်ညွှန်းသမားနံမည်ကို အရင်မိတ်ဆက်စို့ရဲ့။ဒီဇာတ်ကားနဲ့အော်စကာရခဲ့တဲ့ ဇာတ်ညွှန်းခွဲသူကတော့Frank Darabont ပါတဲ့။နံမည်ကျော် ဒါရိုက်တာတစ်ယောက်လည်းဖြစ်တာမို့ဒီဇာတ်ကားကို အစအဆုံး သူပဲဇာတ်ညွှန်းခွဲသူပဲရိုက်ကူးခဲ့တာဖြစ်တယ်။ပရိုဂျူဆာလည်း သူပဲ။John Coffey နေရာမှာ Michael Clarke Duncan,supporting roles နေရာတွေမှာDavid Morse, Bonnie Hunt, Jamrs Cromwell နဲ့အသက်ကြီးသွားတဲ့ ပေါလ်အဒ်ချ်ကုမ့်ဘ် နေရာမှာတော့မင်းသားကြီး Dabbs Greer တို့ပါဝင်သရုပ်ဆောင်ထားတယ်။ကြုံတုန်း ထည့်ပြောရမယ်ဆိုရင် Dabbs Greer ဟာအဲဒီကားမှာ သရုပ်ဆောင်စဉ်အချိန်မှာအသက်ရှစ်ဆယ့်နှစ်နှစ်အရွယ် ရှိနေပြီမို့ ဒါဟာသူနောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်တယ်။ တဲ့။ ဒီဇာတ်ကားရဲ့အားကြီးတဲ့ သက်ရောက်မှုကြောင့်အမေရိကရဲ့ တရားစီရင်ရေးစနစ်အချို့ပြောင်းလဲခဲ့တယ်။ဝတ္ထုမှာတင် အောင်မြင်ပြီးသားကမ္ဘာကျော်ပြီးသား The Green Mile ဟာဇာတိလမ်းအနေနဲ့လည်း အကောင်းဆုံးဇာတ်ကားဆု၊အကောင်းဆုံး အသံဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့အကောင်းဆုံး ဇာတ်ပို့ဆုအဖြစ်Michael Clarke Duncan (John Coffey) တို့ ရရှိခဲ့တယ်။ကန်ဒေါ်လာ သန်း ၆၀ ကုန်ကျခံရိုက်ကူးခဲ့ပြီးဝင်ငွေ ၂၉၀.၇ သန်း ကန်ငွေ ပြန်ရခဲ့တယ်။မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်စေချင်တယ်။ကြည့်ပြီးရင်လည်း ထပ်ကြည့်ချင်တတ်တဲ့ ကားမျိုးပါ။

#Credit
3
👈ရုပ်ရှင်ကမ္ဘာချန်နယ်အား အမြဲအားပေးနေတဲ့အတွက် ကျေးဇူးတင်ပါသည်။ Main Channel အားလည်း Join ထားနိုင်ပါသည်။🙏

🤩 @yoteshinkabar2
Please open Telegram to view this post
VIEW IN TELEGRAM