Ye Yint Htet (#yyh)
27.7K subscribers
59.6K photos
7.45K videos
2 files
4.66K links
Download Telegram
-
▪️ချင်းတွင်းမြစ်မှာ ရွှေမျောလုပ်နေပြီး လက်နက်ကိုင် စီးပွားရှာနေတဲ့ NLD အမတ်ဟောင်းနဲ့ NUG ရဲ့ ပသုံးလုံးကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြ

၂၅. ၄. ၂၀၂၅
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ ရွှေမျောလုပ်ကိုင်နေကြတဲ့ လက်နက်ကိုင် NLD အမတ်ဟောင်းနဲ့ NUG ရဲ့ ပသုံးလုံးတွေကို ဒေသခံတွေက မနေ့က ဧပြီလ ၂၄ ရက် ညနေပိုင်းမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ဘုတလင်မြို့နယ် လေးမြေရွာအနီးမှာ ချင်းတွင်းမြစ်ထဲ ရွှေမျောစီမံကိန်း လုပ်ကိုင်နေကြတဲ့အထဲ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးမြင့်ဟန်ထွန်းဆိုသူ ပါဝင်ပတ်သက်နေတာဖြစ်ပြီး NUG ရဲ့ ပသုံးလုံးအဖွဲ့ဝင်တွေဖြစ်တဲ့ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တိုင်းမှာ ဦးမြင့်ဟန်ထွန်းရဲ့ လူယုံတွေနဲ့ ဆွေမျိုးသားချင်းတွေချည်း ရှိနေတယ်လို့လည်း သိရပြီး ဘယ်သူကမှ တားမြစ်အရေးယူမပေးတာကြောင့် အခုလို ဆန္ဒပြကြတာလို့လည်း သိရ...

Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98826

#NLD #လွှတ်တော်အမတ်ဟောင်း #လက်နက်ကိုင် #စီးပွားရှာ #ရွှေမျော #ပကဖ #ပလဖ #ပအဖ #NUG #MT #mtnews
-
▪️ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ရေခဲပါ၊ ကွင်းကောက်မြို့နယ် ရေခဲပါ၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးရွာ မနေ့ကထိ လက်နက်ကြီးထုစဲပါ၊ အေအေသူပုန်တွေ ရာကျော်ကျပြီး နေသာထိုင်သာရှိပုံရသွားပါတယ်။ တပ်ကတော့ ထပ်ချပ်မကွာ လိုက်မရှင်းပဲ သူပုန် နောက်တစ်ကြိမ်ပြန်အလာကို ပြန်စောင့်နေပါတယ်။
▪️25.04.2025
▪️KoMaungMaung
Ye Yint Htet (#yyh)
Photo
-
▪️ကျောက်ပန်းတောင်တွင် ပြည်သူ့စစ်ခေါင်းဆောင် ကိုဌေးနိုင် ကို အကြမ်းဖက်အဖွဲ့က အရှင် ဖမ်းဆီးရရှိသော်လည်း ခုခံထွက်ပြေးလို့ဟုဆိုပြီးပစ်ခတ်ခဲ့

ဧပြီ ၂၅

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ကိုဌေးနိုင် ကိုအကြမ်းဖက်အဖွဲ့က အရှင် ဖမ်းဆီး နိုင်သော်လည်း ခုခံထွက်ပြေးလို့ဆိုပြီးတော့ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း Popa Guerilla Force (PGF) အဖွဲ့ကထုတ်ပြန်ပါတယ်။

ဧပြီလ ၂၂ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာ၌ မင်းဘူးမြို့နယ်ပြည်သူ့ စစ်ခေါင်းဆောင် ကိုဌေးနိုင်နှင့် အမျိုးသမီး ၁ ဦး လိုက်ပါလာသော ကားကို Popa Guerilla Force (PGF) အဖွဲ့က ဖရဲသီး သတင်း ပေးချက် အရ စောင့်ကြိုဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ထိုသို့ ဖမ်းဆီးစဉ် ပြည်သူ့ စစ်ခေါင်းဆောင် ကိုဌေးနိုင်နှင့် အမျိုးသမီး ၁ ဦးသည် ခုခံ ထွက်ပြေးရန် ကြိုးစားစဥ်အကြမ်းဖက်Pdfများက ပစ်ခတ် လို့သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

သေဆုံးသွားသော ပြည်သူ့စစ်ခေါင်းဆောင် ကိုဌေးနိုင်ထံမှ ၎င်းတို့ မောင်းနှင်လာသောကားတစ်စီးနှင့်အတူ ကာဘိုင်ကျည် ၇၉ တောင့်၊ ကျည်ဘောက် ၁ ဘောက် ၊ ဗုံးသီး ၁ လုံး၊ icon ၁ လုံး၊ ဓား ၁ ချောင်း၊ ဖုန်း ၄ လုံးနှင့် ဝန်ထမ်းကတ်၊ ဘက်တံဆိပ်နှင့်စပ်ဆက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီးအကြမ်းဖက် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းတို့အားထောက်ခံအားပေးသော မီဒီယာ ကဖော်ပြထားကြောင်းသိရပါတယ်။

▪️crd
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
April-25

⚠️‼️ မြစ်ကြီးနားသတင်း ‼️⚠️
=====================

တပ်မတော်က ငလျင်ကြောင့် အပစ်အခတ်ရပ်စဲပေးထားတာကို အခွင့်​ကောင်းယူနေတဲ့ Kia/Pdf အကြမ်းဖက်များက ယနေ့၊ နံနက်ပိုင်း ၆ နာရီချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ လူနေရပ်ကွက်အတွင်းကို ရှော့တိုက်ဒုံးများနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့်၊ ပြည်သူတွေအပေါ်ဒုက္ခပေးနေတဲ့ လူယုတ်မာ Kia/Pdf အကြမ်းဖက်တွေကို ပြင်းပြင်းထန်ထန်ချေမှုန်းပေးဖို့ မြစ်ကြီးနားဒေသခံပြည်သူတွေက တပ်မတော်ထံ ဝိုင်းဝန်းတောင်းဆိုနေကြကြောင်း သိရပါတယ်။

✍️ မြစ်ဆုံသတင်းဌာန
-
💥 တိုက်ပွဲသတင်း(ဖားကန့်) 💥
>>>>>>>>>>>>>>>>>>>

ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကို အကြမ်းဖက် KIA/PDF အဖွဲ့က ယမန်နေ့၊ ညနေပိုင်း ၃ နာရီခွဲ အချိန်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်လာ၍ တပ်မတော်က ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ပြီး အကြမ်းဖက် Kia/Pdf တွေ အလောင်း/လက်နက်တောင် မကောက်နိုင်ပဲ ကစဥ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးသွားကြရကြောင်း သိရပါတယ်။

✍️ မြစ်ဆုံသတင်းဌာန
Forwarded from BO SAW(ဖထီးစော)🇲🇲
လားရိှုး သတင်းနဲ့ စလိုက်ကြရအောင်လား ခင်ဗျာ

လွန်ခဲ့တဲ့ ၂ ရက်က လားရိှုး မြို့အဝင် အထွက်တွေမှာ တပ်က ကားတွေကို ငွေတောင်းခံတဲ့သတင်း တကမလာတာရှိတယ် အဲ့ဒီ တုန်းက သတင်းကို Confirm လုပ်တော့ မမှန်ပါဘူး

အခုက ယနေ့ အခြေအနေပါ သိန္နီဘက်မှ လားရိှုးအဝင် AT ဂိတ်မှာ အိမ်စီးကား ငါးထောင် ကုန်တင်ကားဆို ယွမ်ငွေ တစ်ထောင် တောင်းနေတယ်ဆိုပါလား မယ်ဟန်ဘက်ကနေ လားရိှုးအဝင် ဂိတ်မှာလည်း အလားတူ ငွေကြေးတောင်းခံနေတယ် ဆိုတဲ့ သတင်းကိုတော့
Confirmation လုပ်နေဆဲပါဘဲ

ဒီလိုအချိန်မှာ မလုပ်သင့်တဲ့ အချိန်ပါ
ဒါဆို နောင်ဆိုရင်ရော နောင်ဆိုလည်း မလုပ်သင့်ပါဘူးဗျာ

မိမိတပ်မတော်ရဲ့ ဂုဏ်သိက္ခါ ကျဆင်းစေရန်အတွက် အတိုက်အခံ ရန်သူဘက်က ဝါဒဖြန့်တာလည်း ဖြစ်နိုင်ပါတယ် ရဲသုံးဖေါ် ထံကနေ အခုလို စစ်သတင်းအဖြစ်တင်လိုက်ပြီ ဆိုတာနဲ့ လူကြီးတွေ နားကို တိုက်ရိုက်ရောက်တယ် ဆိုတာကိုတော့ သတိထားဖို့ လိုပါ့မယ်ခင်ဗျာ

လားရိှုး မြို့ရဲ့ အဝင် အထွက် ဂိတ်များမှာ လုံခြုံရေး တာဝန် ထမ်းဆောင်လျှက်ရှိသော တပ်မတာ် / မြန်မာနိုင်ငံရဲတပ်ဖွဲ့/ ပြည်သူ့စစ်တပ်ဖွဲ့များ အနေဖြင့် အထက်ပါ သတင်းမှာ မမှန်ကန်ပါဘူး ဆိုလျှင် Comment တွင် တို -တိ -လုံ -လျှင် Reply ပြန်ပေးပါရန် မေတ္တာ ရပ်ခံတင်ပြအပ်ပါသည်

အညာသားတောသီး ပဒက်တွေကို လောလော လတ်လတ် တိကျတဲ့ စစ်သတင်းကြောင့် ရဲသုံးဖေါ် ရဲ့ လက်ချက်နဲ့ နဂါးတို့ နားကား သွားပြီး DB ၃၅ ကျော်ဖြစ်သွားကြောင်း မကြာမှီစစ်သတင်းများ တက်လာပါလိမ့်မည် လုပ်တုန်းကိုင်တုန်း စစ်သတင်းများသာ များပြားနေပါသဖြင့် နယ်မြေအစုံမှ စစ်သတင်းများကို ၃၅ လုပ်ထားရပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်
လူအချင်းချင်း
လှည့်ပတ်ခြင်း ကင်းရှင်း ကြပါစေ

အားလုံးကို လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅ အေ ၂၅ ၁၉၄၅
Forwarded from BO SAW(ဖထီးစော)🇲🇲
စိမ့်ဝင်နေတဲ့ PDF
================

                မြင်းခြံမြို့ မီးသတ်စခန်း နဲ့ တောင်စျေးကြား လမ်းအနောက်ဘက် လမ်းဒေါင့်မှာ မြင့်မြင့်ဝေ ဆိုတဲ့ ဖိနပ်ဆိုင်ကြီး ရှိပါတယ် ။ အဲဒီဆိုင်ကို 23 - 4 - 2025 နေ့မှာ ဒါးမြ တိုက်ကြတယ် ။ လူ ၆ ယောက်ပါသတဲ့ ။

          ဘာပစ္စည်းမှ မရကြပဲ ထွက်ပြေးခဲ့ကြရတယ် ။ ဆိုင်ရဲ့ မြောက်ဘက်ကို ထွက်ပြေးကြတဲ့ ဒါးပြတွေကို ဖမ်းမိကြပါတယ် ။ ၃ ယောက်မိပြီး ၃ ယောက် လွတ်သွားပါတယ် ။

          အဲဒီ ည မှာပဲ ဖိနပ်ဆိုင်ပိုင်ရှင်ရဲ့ အိမ်ကို PDF အချို့ရောက်လာပြီး ဆိုင်ရှင်ကို CCTV ဖျက်ပေးဖို့ ခြိမ်းခြောက်လို့ ဖျက်ပေးလိုက်ရတယ်လို့ ကြားပါတယ် ။ မြင့်မြင့်ဝေ ဖိနပ်ဆိုင်ကလည်း ရဲရဲတောက်လို့ သတင်းကြားပါတယ် ။

              ဒီဖြစ်စဥ်အရ မြင်းခြံမြို့တွင်းမှာ စိမ့်ဝင် PDF တွေ ရှိနေတာ သိသာနေပါပြီ ။ ယခု အချုပ်ထဲရောက်နေတဲ့ ဒါးမြတွေကို စနစ်တကျ စစ်ဆေးနိုင်ဖို့ အရေးကြီးပါတယ် ။ CCTV ဖျက်ပစ်ထားသလား အတိအကျ စစ်ဆေးသင့်ပါတယ် ။

           ဒါမှသာ မြို့တွင်း စိမ့်ဝင်နေတဲ့ PDF တွေကို ဖော်ထုတ်နိုင်မှာပါ ။ ဘူတာရုံ အနီး ဒါးမြတိုက်မှု ၊ မကြာခင်က ဖြစ်ခဲ့တဲ့ အမှတ် ၁၈ ရပ်ကွက် ဒါးမြတိုက်မှု ၊ စွန်းလွန်းပြန်ပြေးမှု ဒါတွေ ပြန်ချိတ်ကြည့်ရင် အံ့သြစရာ တူနေတာက ခံကြရသူတွေက နီတုံးတွေချည်းပဲ ။

            ကဲ ကိုလှရွှေတို့ ဘာလုပ်သင့်လည်း စဥ်းစားကြပါဗျာ ။ သာမန် ဒါးမြမှုထက် ပိုနေတာလို့ သိစေချင်ပါတယ် ။

          ကိုရွှေမျိုးဝင်း
This media is not supported in your browser
VIEW IN TELEGRAM
-
▪️တပ်မတော်ပြန်လည်ထိန်းချုပ်ပီးနောက်မြို့ခံတော်တော်များများမြို့ထဲပြန်ဝင်လာတယ်၊ဒါကဘာကိုသက်သေပြချင်သလဲဆိုတော့ တပ်မတော်အပေါ်ကို ပြည်သူတွေကအားကိုးတယ်၊တပ်မတော်ရဲ့လက်အောက်မှာလုံ​ခြုံအေးချမ်းသာယာပျော်ရွှင်စွာနေရမယ်ဆိုတဲ့အသိကပြည်သူတွေရဲ့စိတ်ထဲကိန်းအောင်းနေလိူ့ပဲ။
-
ရှမ်းမြောက်ဒေသ၊နောင်ချိုမြို့နယ်၊နောင်လင်ရွာရှိ စစ်သွေးကြွ TNLA/PDF စခန်းကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့သည့် မြင်ကွင်း
April-25

ဧပြီ -၂၅ ရက်
▪️လားရှိုးသိူ့ပြည်သူအဝင်များ
မယ်ဟန်၌ကားများတန်းစီနေ။
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် အမှတ်စဉ်(၂၄)အား ထုတ်ပြန်
Media is too big
VIEW IN TELEGRAM
အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ ဗန်းမော်မြို့ရှိ တပ်တစ်ခုအား တိုက်ခိုက်ရန် ချဉ်းကပ်လာသည့် အကြမ်းဖက် KIA များကို ချေမှုန်းသုတ်သင်ခြင်း။ 👍
-
တိုက်ပွဲသတင်းစုံ
-
▪️မုံရွာ တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့ က အမျိုးသမီး တစ်ဦးကို လူမှားကာ အကြမ်းဖက် ဖမ်းဆီး ခေါ်ဆောင်

ပီယ (NP News) – ဧပြီ ၂၅

https://npnewsmm.com/news/680b9c2743532d38c05203a8
-
▪️မနက်က ဗန်းမော်သတင်းရေးတုန်းက သတင်းကောင်းစောင့်ပါလို့ ရေးထားတာ သတိထားမိကြလား။ 😊😊😊

သင်းကြန်ပြီးရင်လာတိုက်မယ်ဆိုတာ သိလို့ စောင့်နေတာ စကခ (၂၁) နဲ့ ခလရ (၄၇) ကိုလာတိုက်တဲ့ KIA PDF တွေ ရာဂဏန်းလောက်ကျပြီး ပြန်ဆုတ်သွားရပါတယ်။ ပြေးလမ်းတလျှောက်လည်း လေယာဥ်နဲ့ဆော်တာ စစ်သွေးကြွတွေ အီစိမ့်ကုန်ပါတယ်။
25.05.2025
KoMaungMaung