Ye Yint Htet (#yyh)
27.7K subscribers
59.6K photos
7.45K videos
2 files
4.66K links
Download Telegram
နေမျိုးဇင်က စစ်တပ်ကို ဝိုင်းတိုက်ဖို့ဆိုပြီး FB မှာ
တင်ထားတဲ့ဗီဒီယိုမှာ နောက်က စိုက်ထားတဲ့ အပင်တွေက
ဘိန်းပင်တွေပါ။
နောက်ခံပုံထဲက ဘိန်းခင်းဟာ ဖြစ်သလိုစိုက်ထားတာ မဟုတ်ပါဘူး။
ရေပန်းတွေနဲ့ စနစ်တကျ စိုက်ထားတဲ့ပုံပါ။

လက်ရှိနေမျိုးဇင်ရောက်နေတာက ကယားပြည်နယ်ထဲက
KNPP ကရင်နီသူပုန်တွေ ထိန်းချုပ်ထားတဲ့နေရာဆိုတော့
KNPP တွေက ဘိန်းစိုက်ပြီး ဝင်ငွေအကြီးအကျယ်ရနေပုံပါပဲ။

စစ်တိုက်ဖို့ဆိုရင် ငွေလိုပါတယ်။
သယံဇာတရှားပါးတဲ့၊ ဘာမှမထွက်တဲ့ ကယားပြည်နယ်မှာ
ဒီလောက်များတဲ့ လူတွေကို လက်နက်နဲ့ ခဲယမ်းဆင်ဖို့ရယ်
စားသောက်ဖို့အတွက် ရိက္ခာနဲ့ လစာတွေကို
ဘယ်ကရတဲ့ ပိုက်ဆံနဲ့ ပေးနေလဲဆိုတာ
နေမျိုးဇင် နောက်ခံပြထားတဲ့ ပုံကို ကြည့်ရင် သိနိုင်ပါတယ်။

ပြီးတော့ နေမျိုးဇင်ရောက်သွားတဲ့ နေရာတိုင်းဟာ ဗုံးကြဲခံရသလို
အမြောက်နဲ့ ပစ်ပြီးလဲ တိုက်ရိုက်ချေမှုန်းခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးတယ်။

၂၀၁၅ ခုနှစ်တုန်းက နေမျိုးဇင် ကချင်ပြည်နယ်ဖက်မှာ ငြိမ်းချမ်းရေးအတွက်ဆိုပြီး လိုင်ဇာမြို့ကို ချီတက်သွားခဲ့ဖူးသေးတယ်။
အဲ့တုန်းကလည်း လိုင်ဇာမြို့၊ KIA ဗိုလ်သင်တန်းကျောင်းကို
စစ်တပ်က အမြောက်နဲ့ပစ်လို့ သူပုန်ဗိုလ်လောင်း အယောက် ၂၀ ကျော်
သေခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့ဖူးတယ်။

ခုလည်း အာဏာသိမ်းဖြစ်စဉ်စတဲ့ ၂၀၂၁ မှာ နေမျိုးဇင်ဟာ အဖမ်းမခံရပါဘူး။
၂၀၂၃ ခုနှစ်ရောက်မှ ကယားပြည်နယ်ဖက်ကို ထွက်ပြေး
ခိုလှုံသွားခဲ့ပါတယ်။

ဒီတုန်းက ကယားပြည်နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲတွေအတော်ပြင်းထန်နေတဲ့အချိန်…
တိုက်တိုက်ဆိုင်ဆိုင် နေမျိုးဇင် ရောက်သွားပြီးမှ ကယားပြည်နယ်ဖက်မှာ
စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ ထိရောက်လာပြီး
ပြန်အသာစီးရလာတာဟာလည်း သိသာတဲ့ အချက်တစ်ချက်ပါ။

ခုလည်း နေမျိုးဇင်က KNPP က စနစ်တကျစိုက်ထားတဲ့ ဘိန်းခင်းပုံကို
နောက်ခံထားပြီး FB မှာ ဗီဒီယိုထားပြန်တယ်။
ဒီပုံအရ KNPP ဟာ ဘိန်းစိုက်ပြီး စီးပွားရှာနေတာကို နိုင်ငံတကာသိအောင်
အထူးသဖြင့် ထိုင်းနဲ့ အမေရိကန်က သိအောင် ပြထားတယ်။
(အမေရိကန်က မူးယစ်ဆေးဆိုရင် ကမ္ဘာပေါ်မှာ ဘယ်‌ဒေသကထွက်ထွက်
လိုက်ပြီး ရှင်းတတ်တဲ့ နိုင်ငံပါ။)

ဒီပုံအရ
၁- KNPP က ဘိန်းကို သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေမှာ
တရားဝင်စိုက်ပျိုးပြီး တခြားနိုင်ငံတွေကို ရောင်းပေးနေတယ်။
၂- KNPP နဲ့ PDF တွေဟာလည်း မူးယစ်ဆေးကို တရားဝင် သုံးခွင့်
ရနေတယ်လို့ ယူဆရမယ်။

ကျေးဇူးပါ
မြေပြင်က နေဇင်ရေ….


htinmyataung
-
▪️ညောင်ကျိုးမှာ ဖိုက်တာတပ်တွေ လက်သံပြောင်လွန်းပါတယ် 24ရက်နေ့ နေ့လည် မွန်းလွဲ ၂နာရီခန့်က ထိတွေမှုဖြစ်စဥ်မှာ အေအေသူပုန်အလောင်း ၈လောင်းနဲ့ လက်နက် ၄လက်၊ အတိုတစ်လက် ရရှိခဲ့ပါတယ်။
တပ်ဘက်က ထိခိုက်မှု တစ်စုံတရာ မရရှိခဲ့ပါ။ ရဟတ်ယာဥ်နှစ်စင်းဖြင့် ဆက်လက် ခြေမှုန်းခဲ့ပါတယ်။
▪️၂၅.၀၄.၂၀၂၅
▪️KoMaungMaung
-
▪️အမြင်မှန်ရပြီး အလင်းဝင်လာတဲ့ PDF ၃၂ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ။
ပုံရိုက်ထွက်ပြေး ဇော်ဝေစိုး
သတင်းဘာကြားသေးလဲ😂

#yyh
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
-
▪️နိုနဲ့ ...တိတိ😉😉😉

ငါတောင် စကားမပီတော့ပူးး။🤣
Forwarded from Myanmar Hard Talk
Media is too big
VIEW IN TELEGRAM
တက္ကသိုလ်ဝင်စာမေးပွဲကို နောက်တစ်ကြိမ်ပြန်ဖြေပေးရမယ့်ကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေက ဘာပြောထားကြသလဲ?

ဒီသတင်းရုပ်သံမှာ နားဆင်နိုင်ပါပြီ။
#mhtnews@myanmarhardtalk
#myanmarhardtalk@myanmarhardtalk
ဖားစည်သံများ မကြားနိုင်တော့ပါ
---------------------------
(၂၅-၄-၂၀၂၅)

ရှမ်းမြောက်မှာ တိုက်ပွဲတွေငြိမ်သွားတာနဲ့ အချိန်ကိုက် ကရင်ပြည်ဘက်မှာ တပ်စခန်းတွေကို တိုက်ခိုက်မှု ခပ်စိတ်စိတ်ပြုလုပ်လာနေတယ်။ ငလျှင်နဲ့ အပစ်အခတ်ရပ်စဲထားတာက တစ်ကြောင်း၊ NCA ထိုးထားတဲ့ နယ်မြေတွေဖြစ်တဲ့အပြင် ပစ်ကူ စစ်ကူ မလွယ်တဲ့ နယ်စပ်စခန်းတွေမို့လို့ KNU နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကို တောင့်မခံနိုင်ခဲ့ပါဘူး။ KNU ဆိုတာ လက်နက်ကိုင်တွေရဲ့ ဘိုးအေကြီး၊ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရမယ့် အောင်ဆန်းအက်တလီစာချုပ်ကို ကန့်ကွက်ခဲ့တဲ့ အဖွဲ့ပါ။

အဲ့ဒီကတည်းက လက်နက်ကိုင်ခဲ့တဲ့ KNU/KNDO ဟာ အင်းစိန်အစိုးရလို့ခေါ်ရလောက်တဲ့အထိ ရန်ကုန်မြို့ကို သိမ်းပိုက်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်က KNU ကိုသာ ပြန်မတိုက်နိုင်ခဲ့ရင် အခုအချိန်လောက်ဆို မြန်မာနိုင်ငံအစား ကော်သူးလေနိုင်ငံဆိုပြီး ဖြစ်ရင်ဖြစ်နေမှာပေါ့။

၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့အချိန်ကတည်းက သူပုန်အဖြစ်တောခိုခဲ့တဲ့ KNU ကြောင့် ကရင်မြေဆိုတာ ဖားစည်သံတွေအစား နေ့စဉ်နဲ့အမျှ ဗုံးခွဲသံတွေပဲကြားရပါတော့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကျော်လောက်တုန်းက စစ်တပ်ရဲ့ တိုက်ပွဲတွေဟာ ကရင်ခွင်မှာသာ အများဆုံးရှိခဲ့ပါတယ်။

၁၉၉၅ ခုနှစ် DKBA ပေါ်ပြီးတဲ့နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာနဲ့ငြိမ်းချမ်းရေးကို ဦးတည်သွားလို့ ကရင်မြေမှာ ဖားစည်သံလေးတွေ ပြန်ဝေခဲ့ရတယ်။ ကရင်အချင်းချင်း ထိန်းကျောင်းခဲ့ကြလို့ ကရင်မြေဟာ အေးအေးချမ်းချမ်းလေးပြန်ဖြစ်လာပြီး အခုနောက်ပိုင်း တောင်ဝိုင်းတို့ ဇွဲကပင်တို့ဆို တကူးတက သွားရောက်လည်ပတ်ကြတဲ့ ဧည့်သည်လေးတွေနဲ့ စည်စည်ကားကားလေးဖြစ်လာရတယ်။

၂၀၁၅ မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ် NCA ထိုးတယ်။ အဲ့ဒီအတွက်လည်း KNU ဟာ တကယ် ငြိမ်းချမ်းရေးကိုလိုလားပြီး ကရင်မြေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တော့မယ်လို့ ထင်ခဲ့ဖူးပါတယ်။ ဇွဲကပင်တောင်မှာဆိုရင်လည်း ကေဘယ်ကားတွေနဲ့ အတက်အဆင်းလုပ်နိုင်တော့မယ်လို့ကြားတော့လည်း တိုင်းရင်းသားဒေသလေး တိုးတက်လာတာမြင်ရလို့ မုဒိတာပွားမိပါတယ်။

အခုတော့ နိုင်ငံရေးအကြပ်အတည်းကို အခွင့်ကောင်းယူပြီး စိတ်ရင်းတွေပြန်ပေါ်လာတာပါပဲ။ ၂၀၂၂ တုန်းကတောင် နိုင်ငံတော် အခမ်းအနားတွေတက်နေခဲ့တဲ့ KNU ဟာ ဘာမှ ၂၀၂၁ ဖြစ်စဉ်ကြောင့် တိုက်ပွဲတွေပြန်ဖော်နေတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ကွက်အဖော်ခံနေရတဲ့အပြင် ငလျင်ဒဏ်နဲ့ အလုပ်တွေပိုနေတဲ့ စစ်တပ်ကို အခွင့်ကောင်းယူတာသက်သက်ပဲ။

အခုလ ၁၉ ရက်နေ့က KNU သိမ်းလိုက်တဲ့ ထီးထ စခန်းဆိုတာ ကရင်အဖွဲ့တွေကို တိုက်ဖို့ လုပ်ထားတဲ့ စခန်းမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်တိုက်ခိုက်ရင် ရှေ့ပြေးခုခံဖို့လုပ်ထားတဲ့ စခန်းတစ်ခုပဲ။ အဲ့ဒီအတွက် လေယာဉ်ပစ်သေနတ်တွေလည်း တပ်ဆင်ထားတယ်။

အဲ့ဒီတော့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘယ်လောက်အထိ ယုံကြည်လို့ရသလဲဆိုတဲ့မှတ်ကျောက်ကို ကိုယ့်ဘာသာပဲ တင်လိုက်ကြတာမို့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကိုလည်း ကိုယ်ပဲရင်စည်းခံကြဖို့ ပြောရမှာပဲ။ ကရင်ပြည်သူတွေအနေဲ့လည်း ဖားစည်သံအစား လေယာဉ်သံတွေ ကြားခဲ့ရင် NCA စာချုပ်ကိုဖောက်ဖျက်ပြီး နယ်စပ်စခန်းတွေကို တိုက်ကွက်ဖော်နေတဲ့ KNU ကိုပဲသွားအပြစ်တင်ကြပါ။

(ပိုင်စိုး)

FB တွင်ဖတ်ရန်
https://www.facebook.com/permalink.php?story_fbid=pfbid026DWtqLR7Ztttm8uQ2HDqGVWRWP6B6RFDpsjD5TiJedvVgJqZtQPv19ue7KWduoTtl&id=61573845303977

Telegram တွင်ဖတ်ရန်
https://t.me/paing_soe21
utter devastation/ အလုံးစုံပျက်သုန်းရေး

သမိုင်းထဲက သမိုင်းဝင်စကားများ
ဘယ်သူပြောလဲကတော့ ကိုယ့်ဘာသာ ရှာဖွေကြပါရန်။
(ပိုင်စိုး)
-

▪️ဗန်းမော်ကတော့ လက်နက်ကြီးနဲ့ အပြန်အလှန် အဝေးပစ်လှမ်းပစ်တဲ့အဆင့်ပဲရှိပါသေးတယ်။ စိတ်ဓာတ်ကောင်းတဲ့ တပ်တွေပါ ရန်သူတောင်ရှေ့ဆက်တိုးဖို့ တစ်ခါလုပ်တိုင်း ဆယ်ကြိမ်လောက်ပြန်စဥ်းစာနေရတဲ့အခြေအနေပါ။ မြို့ထဲတော့ အောင်မြေချဲ့နေပါတယ်။

သတင်းကောင်းလည်းမကြာခင် ကြားရနိုင်တယ်။
25.04.2025
#KoMaungMaung
ဆူဆိုက်ဒရုန်းတဲ့နော်။ ကြိုတင်ရှင်းထားမှ ရမယ်။ တောသီး ပညာမဲ့တွေလုပ်တဲ့ ဒရုန်းက ရပ်ကွက်တွေထဲ ပျက်ကျလို့ ပြည်သူတွေ ပဲ ဒုက္ခ ရောက်ဦးမယ်။