This media is not supported in your browser
VIEW IN TELEGRAM
16.04.2025
08:15 pm
ကျောက်ထုသတင်း
ယနေ့ညနေ 05:35 နာရီခန့်မှာ မိထ္ထီလာရှမ်းတဲလေတပ်မှတက်တဲ့ Y-8 Military Transport Aircraft တစ်စီးဟာ ကျေက်ထုတိုက်နယ် အမတ -၃၆၈ တပ်ထဲသို့ ခဲယမ်းအထုတ်များ ပစ်ချခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။
ခဲယမ်းအထုပ် စုစုပေါင်း (၃၁)ထုပ်ပစ်ချခဲ့တယ်လို့ ကနဦးသိရှိရပါတယ်။
18:14 - 1ထုပ်
18:19 - 1ထုပ်
18:24 - 2ထုပ်
18:28 - 3ထုပ်
18:33 - 4ထုပ်
18:37 - 4ထုပ်
18:43 - 5ထုပ်
18:51 - 4ထုပ်
18:59 -4ထုပ်
19:05 -3ထုပ်
အမြောက်တပ်ထဲသို့ ခဲ၊ယမ်း၊လက်နက်ပစ္စည်းနှင့်ရိက္ခာအချို့ ပစ်ချခဲ့တယ်လို့ယူဆရပါတယ်။
----------------- Aung Gyi -----------------
ယောအလင်းတန်း

စစ်ကောင်စီမှ ယောဒေသကို လေကြောင်းကနေ အင်အားဆက်တိုက်ဖြည့်တင်းနေကာ ခုခံစစ်ပြင်ဆင်နေပြင်နေပြီး ချင်းပြည်နယ်၊မင်းတပ်မြို့ကို ယနေ့ညနေပိုင်းက လေကြောင်းကနေထပ်မံတိုက်ခိုက်။
ဂန့်ဂေါ၊ဧပြီ ၁၆
မကွေးတိုင်း၊ယောဒေသကို စစ်ကောင်စီမှ လေကြောင်းကနေ နေ့စဥ်ရက်ဆကဆိုသလို လက်နက်ခဲယမ်းအင်အားတွေ ဖြည့်တင်းကာ ခုခံစစ်ပြင်ဆင်နေကြောင်း ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတွေထံကဘသိရပါသည်။
ယနေ့ ဧပြီ ၁၆ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီထောက်ပို့လေယာဥ်တစ်စီးဟာ ကျောက်ထုတိုက်နယ်၊အမြှောက်တပ်(၃၆၈)တပ်ထဲကို လေထီးများဖြင့် ပစ္စည်းထုတ်များ ချပေးထားခဲ့ကြောင်းစုံစမ်းသိရှိရပါတယ်။လေယာဥ်ပေါ်ကနေ လေထီးနဲ့အထုတ်များချပေးရာတွင် တစ်ခေါက်လျှင် ပစ္စည်းထုတ် ၁ထုတ်ကနေ၅ထိထုတ်ပါပြီး စုစုပေါင်း(၁၁ခေါက်)ခန့်ချပေးသွားပြီး စုစုပေါင်းအထုတ်ရေ(၃၁)ခန့်ရှိကြောင်းဒေသခံတစ်ဦးကပြောဆိုပါသည်။စစ်ကောင်စီက လာချပေးသွားသည်ပစ္စည်းထုတ်များဟာ လက်နက်ခဲယမ်း၊ရိက္ခာများဖြစ်နိုင်ကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ယောအလင်းတန်းကို ပြောဆိုပါသည်။
ယောဒေသတွင် *စစ်ကောင်စီဟာ မြေပြင်စိုးမိုးမှု တဖြည်းဖြည်းလျော့နည်းလာနေသည့်အတွက် ၎င်းတို့လက်အောက်ခံတပ်များကို လေကြောင်းကနေ အင်အားဖြည့်တင်းခြင်းအပြင်လက်နက်ခဲယမ်းများကိုလည်း လေကြောင်းကနေသာ ပို့ဆောင်ပေးနေရသည်ဟု ယောဒေသ စစ်ရေးအခြေအနေသိရှိသူတစ်ဦး*ယောအလင်းတန်းကိုပြောပါတယ်။စစ်ကောင်စီတပ်ဟာ ယနေ့မှာ ဆောမြို့နယ်၊ယမန်နေ့က ထီးလင်းမြို့နယ်တို့ကို လေကြောင်းကနေ တိုက်ခိုက်မှုများပြုလုပ်ထားပါသည်။
နောက်ပြီး ချင်းပြည််နယ်၊မင်းတပ်မြို့တွင်းကိုလည်း ယနေ့ညနေပိုင်း ၅နာရီအချိန်ကျော်က မြို့တွင်း တစ်နေရာကို ဂျက်ဖိုက်တာဖြင့် ဗုံး၂လုံးကြဲချတိုက်ခိုက်သွားသည်ဟုသိရပြီး ထိခိုက်ပျက်စီးမှုများကို ဆက်လက်စုံစမ်းနေပါသည်။စစ်ကောင်စီဟာ မင်းတပ်မြို့ကို ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ထားသည်ဟု သိရပါတယ်။
စစ်ကောင်စီဟာ သင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများအရှိန်မြှင့်လာသည့်အတွက် ပြည်သူများအနေနဲ့ လူစုလူဝေးဖြင့် ပွဲလမ်းသဘင်များမပြုလုပ်ကြရန် ကာကွယ်ရေးအဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ထားသော်လည်း အချို့နေရာများတွင် ပြည်သူများက လိုက်နာမှုအားနည်းသည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောဆိုပါသည်။
ပုံ-စစ်ကောင်စီထောက်ပို့လေယာဥ်မှ လေထီးဖြင့်အထုတ်များချပေးနေစဥ်
ပေးပို့သူ~နွေဦးမောင်/စာတည်း~နွေဦးအလင်းရောင်

တိုက်ပွဲ သတင်း ထုတ်ပြန်ချက်
ဧပြီလ (၁၆)ရက်၊ ၂၀၂၅ ခုနှစ်
မကွေးတိုင်း ၊ ယောဒေသ (ယောနကတိုင်း) အခြေစိုက် ယောကာကွယ်ရေးတပ် - YDF အနေဖြင့် မိမိတို့ ယောဒေသ လွတ်မြောက်ရေး ဦးတည်ချက်အား တစိုက်မတ်မတ် ကြိုးစား ဆောင်ရွက်နေသလို ညီနောင် မဟာမိတ် ဆက်ဆံရေးကိုလည်း လေးစားတန်ဖိုးထား ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၊ ၉ ရက်နေ့မှ စတင်ခဲ့သော ချင်းပြည်နယ် ၊ ဖလမ်းမြို့မြို့သိမ်းတိုက်ပွဲတွင်လည်း ညီနောင်မဟာမိတ်ဖြစ်သော ချင်းညီနောင် (Chin Brotherhood ) ၏ CB Operation တွင် အခြားသော မဟာမိတ် တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စစ်ရေးစွမ်းရည်ပြည့်ဝမှူ ၊ ကောင်းမွန်သော အမိန့်နာခံမှူတို့ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဆင်နွှဲနိုင်ခဲ့သည့်အတွက် ၂၀၂၅ ခုနှစ် ၊ ဧပြီလ ၊ ၉ ရက်နေ့တွင် ဖလမ်းမြို့ရှိ ခလရ (၂၆၄) ခြေလျင်တပ်ရင်း အပါဝင် စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းအားလုံးအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖလမ်းမြို့ အား အလုံးစုံ ထိန်းချူပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ချင်းပြည် ၊ ဖလမ်းမြို့ မြို့သိမ်းတိုက်ပွဲ အတွင်း ကျွန်ုပ်တို့ ယောကာကွယ်ရေးတပ် - YDF မှ လူသူအင်အားနှင့် အခြားလိုအပ်သော ပံ့ပို့မှူများစွာဖြင့် CB Operation တွင် ပါဝင်ကူညီနိုင်ခဲ့သည့်အတွက် ချင်းပြည်၏ ပြည်သူလူထု များနှင့် ထပ်တူ ဖလမ်းမြို့အား စစ်ကောင်စီ၏ အုပ်ချူပ်မှူ လက်အောက်မှ အလုံးစုံ လွတ်မြောက်နိုင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ရပြီး ညီနောင်မဟာမိတ် ဆက်ဆံရေးအား ပိုမိုကောင်းမွန်မှုဆီ ဦးတည်နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ချင်းပြည် ၊ ဖလမ်းမြို့ မြို့သိမ်းတိုက်ပွဲအတွင်းကျွန်ုပ်တို့ယောကာကွယ်ရေးတပ် - YDF မှ ဒဏ်ရာရရှိသူ ( ၆) ဦး ရှိခဲ့ပြီး အသက်ပေးတိုက်ပွဲ ဝင်ခဲ့ရသည့် ရဲဘော် (၁)ဦး ရှိခဲ့ရသည့်အတွက် ထိုရဲဘော်အပေါင်းတို့အား ဦးညွှတ်အလေးပြု မှတ်တမ်းတင် ဂုဏ်ပြုအပ်ပြီး ယောဒေသလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှူန်းရေးအတွက် ကျန်ရှိသော တာဝန်များအား ကျွန်ုပ်တို့ ယောကာကွယ်ရေးတပ် - YDF တပ်ဖွဲ့ဝင်အားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယောဒေသအတွင်းရှိ မိဘပြည်သူများထံကတိကဝတ်ပြုအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ဗဟိုစစ်ရုံးချုပ်
ယောကာကွယ်ရေးတပ်(YDF)
https://t.me/YawDefenseForce_YDF/299?singleး

Telegram
Yaw Defense Force_YDF News Channel
ဖလမ်းမြို့သိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံများ - YDF
*တော်လှန်ရေးက လူငယ်များအကြောင်း*
ယောအလင်းတန်းမီဒီယာကို စောင့်ကြည့်အားပေးနေကြသော တော်လှန်ပြည်သူများအတွက်*တော်လှန်ရေးက လူငယ်များအကြောင်း*ဆိုသော အစီအစဥ်လေးတင်ဆက်ပေးဖို့ အချိန်ကျရောက်လာပါပြီ။ဒီတစ်ခေါက်မှာတော့ နိုင်ငံရပ်ခြားကိုရောက်နေသော်လည်း မတရားအာဏာသိမ်းယူထားသည့် စစ်ကောင်စီကို ထောက်ပိုုု့အဖွဲ့ဝင် တစ်ဦးအဖြစ်ပါဝင်နေသော Global Yaw Funding(GYF)မှ အသက်အငယ်ဆုံး ထောက်ပို့အဖွဲ့ဝင် မဧပရယ်ကို တော်လှန်ရေးခရီးဖြတ်သန်းပုံများကို မေးမြန်းတင်ဆက်ထားပါတယ်။
ကိုနွေဦး~ စစ်ကောင်စီကနေ ပြည်သူ့အာဏာကို မတရားသိမ်းယူခဲ့သည့်အပေါ် မဧပရယ်ရဲ့
ခံစားချက်လေးပြောပြပေးပါအုန်း။
မဧပရယ်~ ဟုကဲ့ပါရှင့် စစ်ကောင်စီက အာဏာသိမ်းယူခဲ့တဲ့ အမြင်လေး မပြောခင် စိုးရိမ်ကြောက်လန့်ခဲ့တဲ့ နေ့ရက်လေးအကြောင်း စပြောချင်ပါတယ်ရှင့် ။ အဲ့နေ့က ဖေဖော်ဝါရီ 1 ရက်နေ့. လုံးဝ မေ့မရတဲ့နေ့ရက်ပေါ့ ။ ရုတ်တရက် ph လိုင်းတေ ပြတ်တောက်သွားခဲ့တယ် ဘယ်သူ့ကိုမှ ဆက်သွယ် မရတော့ဘူး အမှန်တိုင်းပြောရရင် အရမ်းကြောက်သွားတယ် ဘာဖြစ်တယ်မသိရဘူး စိတ်ထဲမှာတော့ ထင့်သွားတာပေါ့နော်. နောက်တော့ မကြာပါဘူး စစ်ကောင်စီက ပြည်သူ့အာဏာမတရားသိမ်းလိုက်ကြောင်း သိလိုက်ရတယ် ။ ကြားကြားသိခြင်းတော့ စိတ်တိုဒေါသထွက်တာပေါ့နော် ဒါဟာ လုံးဝ မဖစ်သင့်တဲ့အရာဆိုပြီး / ဧပရယ်တိူ့လို လူငယ်တေမှာ အိမ်မက်တွေ ကိုယ်စီရှိနေကြတဲ့အချိန် အာဏာသိမ်းခံလိုက်ရတယ်ဆိုတဲ့ နေ့ကစပီး အိမ်မက်တေအကုန် တစ်စစီ ရိုက်ချိုးခံခဲ့ရသလို ခံစားလိူက်ရတယ်။
ကိုနွေဦး~ လက်ရှိတော်လှန်ရေးကို ပါဝင်ဖြစ်ခဲ့ပုံလေးနဲ့စစ်ကောင်စီကို ဘယ်လိုတော်လှန်
နေသလဲဆိုတာလေး ပြောပြပေးပါအုန်းဗျ။
မဧပရယ်~ လက်ရှိ ဧပရယ် ယောဒေသရဲ့ ထောက်ပို့အဖွဲ့စည်းတစ်ခုဖစ်တဲ့ Global Yaw Funding မှာ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ပါဝင်ထောက်ပို့နေပါတယ်ရှင့်။ ဧပရယ်တို့က ပြည်တွင်းက ရဲဘော်တေလို ခုခံ / ကာကွယ်မှုမျိုးနဲ့ မပါဝင်နိုင်တော့ ဒီတော်လှန်ရေးမှာ ကူညီနိုင်မယ့် အရာမှန်သမျှကို ကြိုးစားပီး အာဏာရှင်စနစ်ကို တော်လှန်နေပါတယ်ရှင့်။
ကိုနွေဦး~တော်လှန်လူငယ်တစ်ယောက်အနေနဲ့လက်ရှိတော်လှန်ရေးမှာ ဘယ်လိုအခက်
အခဲတွေ ကြုံခဲ့ရလည်းဆိုတာလေး ပြောပေးပါအုန်းဗျ။
မဧပရယ်~ ဟုတ်ကဲ့ပါ ဒီအမေးလေးကတော့ ဧပရယ် တစ်ကိုယ်စာ အတွက်ဖြေရမယ်ဆို အခက်ခဲတော့ သိပ်မရှိဘူးရှင့် ဘာလို့လည်းဆို ဧပရယ်က စစ်မြေပြင်မှာ မဟုတ်တော့ ဧပရယ်အတွက်တော့ အဆင်ပြေပါတယ်။ ဒါမယ့် ဒီတော်လှန်ရေးထဲ ပါ၀င်နေတာမို့ မိသားစု ကိုဘဲ စိတ်ပူရတဲ့ အခြေနေမျိုးလေးတေရှိတယ်ရှင့်။
ကိုနွေဦး~ မဧပရယ်က ခုလက်ရှိ Global Yaw Funding(GYF)မှာ ထောက်ပို့လူငယ်
တစ်ယောက်အဖြစ်ပါ၀င်နေတယ်ဆိုတော့ ထိုထောက်ပို့အဖွဲ့လေးကို ပါ၀င်ဖြစ်ခဲ့
ပုံလေးကို ရှင်းပြပေးပါအုန်းဗျ။
မဧပရယ်~ ဧပရယ် GYFအဖွဲ့၀င် မဖြစ်ခင်မှာ ဧပရယ်အနေနဲ့ ယောနယ်အတွင်းရှိ တပ်ရင်းအတွက် ကြိုးစားပီး အလုပ်လုပ်ပေးခဲ့ပါတယ်။ဒီလိုနဲ့ တော်လှန်ရေးအတွက် ထီ / မဲ တွေ စရောင်းရင်း အကိုတစ်ယောက်နဲ့ ဆုံတွေ့ပီး ယောနယ်အတွက် /ကျန်းမာရေး/ ပညာရေး /စစ်ရေး တို့ကိုထောက်ပို့နေတဲ့ ပြည်တွင်းပြည်ပရောက် ယောသူ/ယောသားများအပါ၀င် ကျန်တော်လှန်ပြည်သူတေနဲ့အတူ ဖွဲ့စည်းထားတဲ့ GYF အဖွဲ့စည်းမှာလစဥ်မန်ဘာ ပါ၀င်ထောက်ပို့သူအဖြစ် ဆက်လက်ပါ၀င်နေပါတယ်ရှင့်။
ကိုနွေဦး~ GYFမှာ အမြဲတမ်းထောက်ပို့သူအဖြစ် ပါ၀င်နေတော့ GYFအနေဖြင့်
တော်လှန်ရေးမှာ ဘယ်လိုတွေ ထောက်ပို့ထားပေးနိုင်ပြီး အဖွဲ့မှာ ထောက်ပို့
အဖွဲ့၀င် ဘယ်လောက်ထိရှိနေလဲ၊ဘယ်လိုစိန်ခေါ်မှုတွေလဲရှိနေပါသလဲ။
မဧပရယ်~ Global Yaw Funding (GYF ) ကို 2023 January လမှာ စတင်ဖွဲ့စည်းခဲ့ပီး လက်ရှိအချိန်ထိ တော်လှန် ပြည်သူအားနဲ့ မန်ဘာကြေး ခန့်မှန်း သိန်း၂၀၀၀ကျော်လောက်ရှိပါပီရှင့် တစ်ခြားသော ကမ်ပိန်းတွေမှာလည်း ပါဝင်လုပ်ကူညီခဲ့တာဆိုရင် သိန်း၁၈၀၀၀ ကျော်လောက်ရှိပါတယ် (CRPH ၊OFP )လက်အောက်က ကူပေးတဲ့ ကမ်ပိန်းတွေဆိုရင် သိန်း ၁၀၀၀ကျော်လောက်ကို ( GYF ) အဖွဲ့စည်းအနေနဲ့ ကူညီပေးနိူင်ခဲ့ပါတယ်ရှင့်။GYFကို စဖွဲ့ခဲ့စဥ်အချိန်က ထောက်ပို့အဖွဲ့၀င်(600)ကျော်ရှိခဲ့ပေမဲ့ လက်ရှိမှာ အခက်အခဲတချို့တွေကြောင့် ထောက်ပို့အဖွဲ့၀င်ဦးရေဟာ ထက်ဝက်ခန့်လောက်ကျဆင်းသွားပါတယ်။ဒါကြောင့် ပြည်ပရောက်ယောသူ/ယောသားများအနေနဲ့ (GYF)မှာ လစဥ်ပါဝင်ထောက်ပို့သူအဖြစ်ပါဝင်ရင်း စစ်ကောင်စီကို တော်လှန်ကြရန် မေတ္တာရပ်ခံတောင်းဆိုပါတယ်ရှင့်။
ကိုနွေဦး~ လက်ရှိယောဒေသအတွင်းက တော်လှန်ရေးအခြေအနေကို တော်လှန်လူငယ်
တစ်ယောက်အနေနဲ့ဘယ်လိုရှုမြင်မိလဲဆိုတာလေး ပြောပြပေးပါအုန်းဗျ။
မဧပရယ်~ လက်ရှိ ဧပရယ်တိူ့ယောနယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့မြို့အားလုံးကို ထိန်းချုပ်နိုင်တာမျိုးတော့မရှိသေးပါဘူးရှင့်။ ဒါမယ့် မကြာမှီမှာ ဧပရယ်တို့ ယောနယ်အတွက် သတင်းကောင်းတွေ ရှိလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ တပ်ရင်းတပ်ဖွဲ့တေဘက်က အစွမ်းကုန်ကြိုးစားလုပ်ဆောင်မှုလည်း ရှိနေပြီး ထောက်ပို့ပြည်သူတွေကလည်း တတ်စွမ်းသရွေ့ ပါ၀င်ကူညီနေကြတာကို တွေ့မြင်နေရပါရှင့်။

ကိုနွေဦး~နောက်ဆုံးအနေနဲ့လက်ရှိတော်လှန်ရေးမှာ နည်းမျိုးစုံနဲ့ပါဝင်တော်လှန်နေကြတဲ့
လူငယ်တော်လှန်သူတွေနဲ့တော်လှန်ပြည်သူများကို တော်လှန်ရေးအားပေး
စကားလေးပြောပေးပါအုန်းဗျ။
မဧပရယ်~ ပြည်တွင်း/ပြည်ပမှာ ရှိနေတဲ့ တော်လှန်ပြည်သူတွေနဲ့အတူ မြေပြင်တော်လှန် ရဲဘော်တေအားလုံး ဖိုက်တင်းပါ ဧပရယ်တိူ့ အတူတကွကျော်ဖြတ်ကြမယ် ပိုကြိုးစားကြမယ်နော် 💪💪 ဧပရယ်တိူ့ တေလည်း များရီး ပိုကြိုးစားပေးနေပါတယ်။ရောင်နီလာတဲ့ နေ့ရက်တွေဟာ အမြန်ရောက်တော့မှာမို့ အားလုံး အခက်ခဲတွေကို အတူတူကျော်ဖြတ်ပီး အရင်ကထက် ပိုကြိုးစားကြမယ်ရှင့် ဖိုက်တင်းပါ။
ကိုနွေဦး~ ဟုတ်ကဲ့ပါ၊ခုလို ကျနော်တို့ရဲ့ *တော်လှန်ရေးက လူငယ်များအကြောင်း*ဆိုတဲ့
အစီအစဥ်လေးမှာ ပါဝင်ဖြေကြားပေးခဲ့သော မဧပရယ်ကို ယောအလင်းတန်း
မီဒီယာမှ အထူးကျေးဇူးတင်ပါတယ်။
လာမည့်အပတ်တွေမှာလည်း ယောအလင်းတန်းမီဒီယာမှ *တော်လှန်ရေးက လူငယ်များအကြောင်း*စသော တော်လှန်ရေးအမေးအဖြေအစီအစဥ်မှာ နောက်ထပ် တော်လှန်လူငယ်များအကြောင်းကို ထပ်မံတင်ဆက်ပေးသွားပါမည် ဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါတယ်။
#တော်လှန်ရေးကလူငယ်များအကြောင်း

တော်လှန်ရေးမှာ ပင်မရည်မှန်းချက်ဖြစ်တဲ့
ဘုံရန်သူဟာ စကစဆိုတာမပျောက်သွားဖို့
အရေးကြီးပါတယ်။
လက်ရှိ ထီးလင်းနယ်အတွင်း
ဖြစ်ပေါ်နေသောကိစ္စရပ်များသည်
ဘုံရန်သူပျောက်ဆုံးနေကာ
တော်လှန်ရေးရဲဘော်အချင်းချင်း
ပြောင်းလှည့်လာနိုင်သော ကိစ္စရပ်များဖြစ်သဖြင့်
ယောအလင်းတန်းအနေဖြင့် ယင်းကဲ့သို့
ဖြစ်ပေါ်လာပါက အမှန်တရားဖက်မှ
အပြည့်အဝရပ်တည်သွားမည်ဖြစ်ပါတယ်။
ဆွေးနွေးအဖြေရှာရမည့်အစား
လက်နက်ဖြင့် ဖြေရှင်းချင်းကိုသာ
ဦးစားပေးလုပ်ဆောင်လာပါက
ထောက်ပို့ပြည်သူတစ်ရပ်လုံးအနေဖြင့်
ယင်းကဲ့သို့ လုပ်ဆောင်လာသော
မည်သည့်အဖွဲ့စည်းကိုမဆို
ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမည်ဖြစ်ပါသည်။
ကို ဘကောင်း
17-4-2025

တချို့ကပြောကြတယ်။
နိုင်ငံရေးက မရိုးရှင်းဘူး။
တော်လှန်ရေးက မရိုးရှင်းဘူးတဲ့။
တကယ်တော့ နိုင်ငံရေးရော
တော်လှန်ရေးရောက ရိုးရှင်းတယ်။
မရိုးရှင်းတာ အဲဒိနိုင်ငံရေးနဲ့
တော်လှန်ရေးကို ဦးဆောင်နေတဲ့သူတွေရဲ့
ကိုယ်ကျိုးစီးပွားနဲ့
အာဏာရရှိရေးအတွက် ထားရှိနေကြတဲ့
အတ္တ မာနတွေကသာ မရိုးရှင်းတာပါ။
ကို ဘကောင်း
19-4-2025
နိုင်ငံရေးက မရိုးရှင်းဘူး။
တော်လှန်ရေးက မရိုးရှင်းဘူးတဲ့။
တကယ်တော့ နိုင်ငံရေးရော
တော်လှန်ရေးရောက ရိုးရှင်းတယ်။
မရိုးရှင်းတာ အဲဒိနိုင်ငံရေးနဲ့
တော်လှန်ရေးကို ဦးဆောင်နေတဲ့သူတွေရဲ့
ကိုယ်ကျိုးစီးပွားနဲ့
အာဏာရရှိရေးအတွက် ထားရှိနေကြတဲ့
အတ္တ မာနတွေကသာ မရိုးရှင်းတာပါ။
ကို ဘကောင်း
19-4-2025
ပေါက် ⚠️
ပေါက်နယ် ပုံတောင်ကြော ဖြတ်၍ မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ ၁စီး အနောက်မြောက်အရပ်သို့ပျံသန်း။
#WaiHin
Apr 20, 9:05 PM
📫သတင်းပို့ရန် @WaiHinScout_Bot

ထီးလင်း ⚠️
ထီးလင်းနယ် အရှေ့ခြမ်းတစ်နေရာတွင် မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ ၁စီး ပျံသန်းဝဲနေ။
#WaiHin
Apr 20, 9:06 PM

#ထီးလင်းမြို့နယ်လေကြောင်းသတင်း
မကွေးတိုင်း၊ ထီးလင်းမြို့နယ် အရှေ့ခြမ်း တစ်နေရာကို ဧပြီလ ၂၀ ရက်ည ၉နာရီ ၁၅မိနစ်ခန့်အချိန်တွင် မိတ္ထီလာ ရှမ်းတဲတက် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ကို ဘကောင်း
20-4-2025

ဆော ⚠️
ဆောနယ် တနေရာ မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ ၁စီး ပျံဝဲနေ။
#WaiHin
Apr 21,2:19 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ဆောနယ် တနေရာ မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ ၁စီး ပျံဝဲနေ။
#WaiHin
Apr 21,2:19 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပုလဲ ⚠️
ပုလဲနယ် မြောက်ခြမ်းဖြတ်၍ နေပြည်တော်လေတပ်တက် ဂျက်ဖိုက်တာ ၁စီး အနောက်မြောက် အရပ်သို့ပျံသန်း။
#WaiHin
Apr 21, 7:43 PM

စစ်ကောင်စီက ယောဒေသကို ဧပြီလအတွင်း လေကြောင်းကနေ ၄ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ထားပြီး လေကြောင်းအသုံးပြု၍ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ဟံသာ၀တီကျေးရွာကို ရိက္ခာ၊လက်နက်ခဲယမ်းများဖြည့်တင်းနေ။
ဂန့်ဂေါ၊ဧပြီ ၂၁
မကွေးတိုင်း၊ယောဒေသကို စစ်ကောင်စီမှ ဧပြီလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄ကြိမ်ပြုလုပ်ထားပါတယ်။စစ်ကောင်စီဟာ စိုးမိုးမှုနယ်မြေတွေ နည်းလာတာနဲ့အမျှ လေကြောင်းကိုအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ဧပြီလထဲတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများကို ဂန့်ဂေါမြို့နယ်အတွင်း ၁ကြိမ်၊ထီးလင်းမြို့နယ်အတွင်း ၂ကြိမ်၊ဆောမြို့နယ်အတွင်း ၁ကြိမ် စီပြုလုပ်ထားကြောင်း သိရှိရပါသည်။
စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုများအပြင် ၎င်းတို့ထိန်းချုပ်ရာနေရာများကို လေကြောင်းကို အသုံးပြုပြီး ရိက္ခာပစ္စည်းများ၊လက်နက်ခဲယမ်းများကို အင်အားဖြည့်တင်းနေရပါတယ်။စစ်ကောင်စီဟာ ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ကို Mi17 ရဟတ်ယာဥ်ဖြင့် ပြီးခဲ့သောရက်ပိုင်းကပဲ လူအင်အားဖြည့်တင်းခြင်းများပြုလုပ်ထားပါသည်။ထို့ပြင် ကျောက်ထုနယ်ရှိ စစ်ကောင်စီတပ်ဖွဲ့များကိုလည်း လွန်ခဲ့သောရက်ပိုင်းအတွင်းက ထောက်ပို့လေယာဥ်ဖြင့် ပစ္စည်းများကို လေထီးအသုံးပြု၍ လာရောက်ပို့ဆောင်အင်အားဖြည့်တင်းခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရပါသည်။
ယနေ့ဧပြီ ၂၁ရက်၊နေ့လယ်၁နာရီကျော်အချိန်က ဂန့်ဂေါမြို့နယ်မြောက်ခြမ်းရှိ စစ်ကောင်စီလက်အောက်ခံ ဟံသာဝတီကျေးရွာကို Mi17ရဟတ်ယာဥ်ဖြင့် ရိက္ခာများ၊လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ပေးသွားသည်ဟု စုံစမ်းသိရှိရပါသည်။အဆိုပါ ရဟတ်ယာဥ်ဟာ ကလေးမြို့ရှိ ထပရ(၉၃၄)တပ်ကနေ တက်လာပြီး ဟံသာဝတီကျေးရွာကို ၂ကြိမ်ဆင်းသက်ခဲ့တာလို့ သိရပါသည်။ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်းများ၊ပြည်သူ့စစ်ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက ၎င်းတို့လက်အောက်ခံ ဟံသာဝတီကျေးရွာကို ယနေ့မှာပဲ အင်အားဖြည့်တင်းမှုတွေလုပ်ဆောင်လာတာဖြစ်ပါတယ်။
ယောဒေသအတွင်းမှာ ဆက်သွယ်ရေးဖုန်းလိုင်းများ၊လျှပ်စစ်မီးများ အချိန်ကြာမြှင့်စွာ ပြတ်တောက်နေပြီး စစ်ကောင်စီဘက်မှ စစ်ရေးပြင်ဆင်မှုတွေ ပိုမိုလုပ်ဆောင်လာနေပြီး စစ်ကောင်စီအနေနဲ့ လက်လွှတ်ထားရသောနယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် ဗျုဟာများပြင်ဆင်နေကြောင်း ဒေသခံတွေက* ယောအလင်းတန်းကို ပြောဆိုပါတယ်။
ပေးပို့သူ-Cj၊စာတည်- နွေဦးအလင်းရောင်