♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎
9.7K subscribers
27.3K photos
515 videos
1 file
3.66K links
News Channel
Download Telegram
ရပ်စောက်မြို့နယ်၊ ကျောက်ဂူ တိုက်နယ်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ ဧပြီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ တိုက်နယ်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၃ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLF က ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ စတင်ပြီး နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသသို့ စစ်ကူအင်အား ဖြည့်တင်းရန် ချီတက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် - DPLA က ရပ်စောက်မြို့နယ် ၊ ကျောက်ဂူ‌တိုက်နယ် ကျေးရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၅ နာရီ ၃၀ မိနစ် အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သာများ ထိခိုက် သေဆုံးမှုရှိပြီး လက်နက်ချ အညံ့ခံခဲ့သည့် စစ်သား ၃ ဦးကို အရှင်ဖမ်းမိကာ ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော် (DPLA) ဘက်မှလည်း ထိခိုက်ကျဆုံးမှုရှိကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲ မဖြစ်ပွားမီ အချိန်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ကျောက်ဂူတိုက်နယ် ကျေးရွာ အနီးတဝိုက်ရှိ ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေယာဉ်ဖြင့် ဗုံးများကျဲချခြင်းကို မကြာခဏပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်းခမ်းကျေးရွာတွင်လည်း မဟာမိတ် TNLA နှင့် DPLA တပ်များရှိရာ နေရာများကို အကြမ်းဖက် စစ်ကောင်စီဘက်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ယနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ ဇန်နဝါရီလမှ ဧပြီလအထိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၆၇ ကြိမ်အထိရှိခဲ့ကြောင်း သိရှိရသည်။
စလင်းနှင့် ခန္တီး တို့တွင် စစ်မှုထမ်း တပ်သားသစ် ၃ ဦးနှင့် စစ်ကောင်စီ တပ်သား ၁ ဦး တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်

ရန်ကုန်၊ ဧပြီ ၂၂

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင် ရောက်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာခြင်းမရှိဘဲ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ထံ အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများဖြစ်ပြီး စစ်ကိုင်းနှင့် နေ‌ပြည်တော်တို့မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင်လည်း စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက်နက်နှင့် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ခန္တီးမြို့နယ်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသည် သေနတ် ၁ လက်နှင့် လက်နက် ခဲယမ်းများ ယူဆောင်လာပြီး ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခန္တီးခရိုင် အထူးတပ်ခွဲ) နှင့် နာဂပြည်သူ့ကာကွယ်ရေးတပ်(NPDF) ပူးပေါင်းမဟာမိတ်အဖွဲ့ထံသို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး လွတ်မြောက် နယ်မြေတစ်နေရာသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၊ ကျောက်ဂူ တိုက်နယ်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ ဧပြီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ တိုက်နယ်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၃ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLF က ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ စတင်ပြီး နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသသို့ စစ်ကူအင်အား ဖြည့်တင်းရန် ချီတက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် - DPLA က ရပ်စောက်မြို့နယ် ၊ ကျောက်ဂူ‌တိုက်နယ် ကျေးရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၅ နာရီ ၃၀ မိနစ် အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သာများ ထိခိုက် သေဆုံးမှုရှိပြီး လက်နက်ချ အညံ့ခံခဲ့သည့် စစ်သား ၃ ဦးကို အရှင်ဖမ်းမိကာ ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော် (DPLA) ဘက်မှလည်း ထိခိုက်ကျဆုံးမှုရှိကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲ မဖြစ်ပွားမီ အချိန်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ကျောက်ဂူတိုက်နယ် ကျေးရွာ အနီးတဝိုက်ရှိ ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေယာဉ်ဖြင့် ဗုံးများကျဲချခြင်းကို မကြာခဏပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်းခမ်းကျေးရွာတွင်လည်း မဟာမိတ် TNLA နှင့် DPLA တပ်များရှိရာ နေရာများကို အကြမ်းဖက် စစ်ကောင်စီဘက်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ယနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ ဇန်နဝါရီလမှ ဧပြီလအထိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၆၇ ကြိမ်အထိရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၂

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၂၂ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
နေပြည်တော်မြို့ အသစ်ပြန်တည်ဆောက်ရေးနှင့် အဟောင်းများ ပြန်လည် ပြုပြင်ရေး မင်းအောင်လှိုင်က မောင်မောင်အေးကို တာဝန်ပေး၊

🟥 ဆောက်လုပ်ရေး တင်ဒါနှင့် ဘိလပ်မြေ၊ သံချောင်းများ အခွန်မဲ့ သွင်းခွင့်ရရရေး လုပ်ငန်းရှင်များက ဗိုလ်ချုပ်ကြီးများ ထံသို့ ချောင်းပေါက် မတတ်သွားနေသော်လည်း မင်းအောင်လှိုင်သားကို ကျော်ရန် မလွယ်

ရန်ကုန်၊ ဧပြီ ၂၃

စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသော နေပြည်တော်မြို့ အသစ်ပြန်တည်ဆောက်ရေးနှင့် အဟောင်းများ ပြန်လည် ပြုပြင်ရေး မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို တာဝန်ပေးထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် အစိုးရဌာနရုံးများပျက်စီးခဲ့ကြောင်း၊ ယင်းနောက် နေပြည်တော်ကို မြို့သစ် ပြန်လည် တည်ဆောက်ရန်၊ မြို့ကွက်ပြန်ချရန်နှင့် အဟောင်းများကို ပြန်လည် ပြုပြင်ရေးအတွက် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို တာဝန်ပေးအပ်ခဲ့ကြောင်း၊ လက်ရှိတွင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး နေပြည်တော် ပြန်လည် တည်ဆောက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိကြောင်း သိရှိရသည်။

"ဗိုလ်ချုပ်ကြီး မောင်မောင်အေးက နေပြည်တော် ပြန်လည် တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ထားတာရှိတယ်။ အသစ်တွေကို နေရာရွှေ့ဆောက်မယ်။ အဟောင်းတွေမှာ သုံးလို့ရတာတွေကို ပြုပြင်တည်ဆောက်ရမယ်။ အခြား ဝန်ကြီးနဲ့ ဗိုလ်ချုပ်တွေလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်" ဟု နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော နေပြည်တော်တွင် ဆောက်လုပ်ရေး တင်ဒါများစွာ ပေးအပ်ရန် ရှိနေပြီး လုပ်ငန်းရှင်များက နေပြည်တော် ပြန် လည် တည်ဆောက်ရေးတွင် လုပ် ကိုင်ခွင့်များရရှိရေးအတွက် ဗိုလ်ချုပ်ကြီး မောင်မောင်အေး အပါအဝင် ဗိုလ်ချုပ်ကြီးများထံသို့ ချောင်းပေါက်မတတ် သွားလာချည်းကပ်နေကြကြောင်း သိရှိရသည်။

"ဝန်ကြီးဌာနရုံးတွေ တော်တော်များများ ပြန်တည်ဆောက်မှာဖြစ်လို့ လုပ်ငန်းရှင်တွေ တော်တော်များများက နေ ပြည်တော်ကို ချောင်းပေါက်မတတ် လာနေကြတယ်။ သွင်းကုန်ဖြစ်တဲ့ ဘိလပ်မြေ၊ သံတင်သွင်းခွင့်တွေလည်း အခွန်မလိုဘဲ သွင်းခွင့်ချထားပေးဖို့ ရှိတယ်။ တင်ဒါရယ်လို့ မခေါ်တော့ဘူး။ နီးစပ်ရာတွေ ချထားပေးဖို့ရှိနေတယ်။ ဒါပေမယ့် တပ်ချုပ်သား (အောင်ပြည့်စုံ) ကုမ္ပဏီက တော့ အများဆုံးရမှာဖြစ်လို့ သူ့ကိုတော့ ကျော်ဖို့ မလွယ်ပါဘူး" ဟုနေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်တွင် ဝန်ကြီးဌာနရုံးများနှင့် ဝန်ထမ်းအိမ်ရာ အများ အပြား ပျက်စီးပြိုကျခဲ့ကာ မြို့ပျက်ကြီးကဲ့သို့ ဖြစ်ပေါ်ခဲ့ကြောင်း နေပြည်တော်မှ ဝန်ထမ်းများက ပြောဆိုကြသည်။