♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎
9.7K subscribers
27.3K photos
515 videos
1 file
3.66K links
News Channel
Download Telegram
ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၉ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၂၈ နှစ် အရွယ် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၁ ဦးနှင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့ပြီး ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

"ကွန်ဆိပ်ကျေးရွာကို ဧပြီလ ၂၀ ရက်နေ့ ၃ နာရီမှာ စကျဲတာ ဂျက်ဖိုက်တာ ဖြစ်လိမ့်မယ်ထင်တယ်။ ရော့ကတ်ကို တစ်ချက်ထဲပစ်တာ ၄ လုံးပေါ့။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒီအတိုင်းလာရောက် ပစ်ခတ်သွားတာပါ။ ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရတယ်။ အမျိုးသမီးတစ်ယောက်က ၂၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၁ ဦး ကလေးရော မိခင်ပါ ဆုံးပါးသွားပါတယ်။ ကျန်တဲ့ နှစ်ယောက်က ၁၈ နှစ်အရွယ် လေးတွေပဲ ပြည်သူ ၇ ဦးကတော့ ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ရပ်စောက်မြို့နယ်၊ ကျောက်ဂူ တိုက်နယ်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ ဧပြီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ တိုက်နယ်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၃ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLF က ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ စတင်ပြီး နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသသို့ စစ်ကူအင်အား ဖြည့်တင်းရန် ချီတက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် - DPLA က ရပ်စောက်မြို့နယ် ၊ ကျောက်ဂူ‌တိုက်နယ် ကျေးရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၅ နာရီ ၃၀ မိနစ် အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သာများ ထိခိုက် သေဆုံးမှုရှိပြီး လက်နက်ချ အညံ့ခံခဲ့သည့် စစ်သား ၃ ဦးကို အရှင်ဖမ်းမိကာ ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော် (DPLA) ဘက်မှလည်း ထိခိုက်ကျဆုံးမှုရှိကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲ မဖြစ်ပွားမီ အချိန်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ကျောက်ဂူတိုက်နယ် ကျေးရွာ အနီးတဝိုက်ရှိ ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေယာဉ်ဖြင့် ဗုံးများကျဲချခြင်းကို မကြာခဏပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်းခမ်းကျေးရွာတွင်လည်း မဟာမိတ် TNLA နှင့် DPLA တပ်များရှိရာ နေရာများကို အကြမ်းဖက် စစ်ကောင်စီဘက်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ယနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ ဇန်နဝါရီလမှ ဧပြီလအထိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၆၇ ကြိမ်အထိရှိခဲ့ကြောင်း သိရှိရသည်။