♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎
9.71K subscribers
27.3K photos
514 videos
1 file
3.66K links
News Channel
Download Telegram
ပေါင်းတည်မြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက် ၂ လက်နှင့်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၂၂

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မှတ္တိုင်နယ်မြေရဲစခန်းမှ ထွက်လာသော စစ်သား၊ ရဲများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သ တင်းပြန်ကြားရေး တာဝန်ခံ Shadow ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က ပေါင်းတည်မြို့နယ်၊ မှတ္တိုင်ရဲစခန်းမှ အကြမ်း ဖက်စစ်သား၊ ရဲ ၁၄ ဦးသည် ဆိုင်ကယ် ၇ စီးဖြင့် ကျောက်ကြီးတောင ဂိတ်ဘက်သို့ ရိက္ခာရှာရန် ရှေ့ ပြေး ထွက်လာစဉ် ပေါက်တောကျေးရွာနှင့် အဂ္ဂရာပြည့်ကွက်သစ်ကြား တံတားအနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မိုင်းကွင်း ၂ ကွင်း၊ မိုင်း ၆ လုံးဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်သား၊ ရဲ ၂ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ဆိုင်ကယ်တွေနဲ့အတူလဲကျသေဆုံးနေတဲ့ အလောင်းတွေကို ညနေ ၃ နာရီခွဲလောက်မှာ မှတ္တိုင်ရဲ စခန်းကနေ ကားနဲ့လာပြီးသယ်သွားတယ်။ ပေါက်တောဘက်ကို သယ်သွားတာပါ၊ သေတဲ့သူတွေကို ပေါက်တောတပ်ထဲမှာ သင်္ဂြိုလ်တယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ မှတ္တိုင်ဆေးရုံမှာ တင်ပို့ကုသ ထားတယ်လို့ သိရပါတယ်” ဟု အမှတ် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သ တင်းပြန်ကြား ရေးတာဝန်ခံ Shadow ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃၆၀၁ တပ်ရင်းမှ ရဲ ဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်လက်အောက်ခံ ရဲများက လက်နက်ငယ်များဖြင့် ပြန် လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ် တပ် ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၂ လက်သိမ်း ဆည်း ရရှိခဲ့ ကြောင်း Kayan Nationla Army က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၈ ရက်နေ့ ညပိုင်း မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၂၂၄ တပ်ရင်းမှ စစ် သားအင် အား ၃၀ ခန့်ဖြင့် မိုးဗြဲမြိုု့တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေးသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား များကျန်ခဲ့သည့် MA -1 အမျိုးအစား သေနတ် ၂ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို Kayan National Army အပါအဝင် ကရင်နီဒေသအခြေစိုက်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိခဲ့ ကြောင်း ၊ မိုးဗြဲမြို့တွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် ပြည်သူများအနေဖြင့် အထူးသတိ ပြုသွားလာနေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။
သံတောင်ကြီးမြို့နယ်မှ တောင်ငူသို့ ဆင်းလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ဘက်သို့ ဆင်းလာသော အကြမ်း ဖက်စစ်ကောင်စီ၏ စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက် နံနက် ၁၁ နာရီခန့်အချိန် သံတောင်ကြီးမြို့နယ်မှ တောင်ငူမြို့ဘက်သို့ ဆင်း လာသော စစ်သားအင်အားပြည့်ပါ စစ်ကား ၆ စီးကို တောင်ငူ -လိပ်သို -သံတောင်လမ်းပိုင်းတနေရာ ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ခဲ့ကြောင်း သိရသည်။

“သံတောင်ကြီးဘက်ကနေ တောင်ငူဘက်ကို ဆင်းလာတာ၊ အင်အားက ကား ၆ စီးအပြည့်ပါတယ်။ စခထိခိုက်သေဆုံးမှုကတော့ အခုထိစုံစမ်းနေတုန်းပဲ၊ တောင်ငူ - လိပ်သို ၊ တောင်ငူ - သံတောင်ကြီး လမ်းပိုင်းတွေမှာ စခကင်းပုန်းတွေ ဝပ်နေတာရယ်၊ စစ်ကြောင်းထိုးနေတာတွေရယ်ရှိလို့ မိဘပြည်သူ တွေအနေနဲ့ သတိထားပြီး သွားလာနေထိုင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အကြမ်းဖက်စစ် ကောင်စီတပ် ခလရ ၃၉ တပ်ထဲသို့ လူနာတင်ယာဥ်နှစ်စီးဝင်သွားကြောင်း၊ ထိခိုက်သေဆုံးမှု အရေ အတွက် သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကီးကူစစ်ကြောင်းနှင့် KNU တပ်မဟာ ၂ တပ်ရင်း ၅ ကွန်မန်ဒို အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
Khit Thit သတင်းဌာန၏ ဧပြီ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေးအတွက် ဆက်လက် လုပ်ဆောင်နေပြီး မကြာမီ မင်းအောင်လှိုင်တို့အတွက် ဖမ်း၀ရမ်းထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်သွားပြီးနောက် တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ ပျက်စီးသွားတဲ့အတွက်ဆိုပြီး အကြမ်းဖက် စစ်ကောင်စီက မန္တလေး၊ စစ်ကိုင်း၊ကချင် နဲ့ နေပြည်တော်တို့မှာ ဇွန်လ ၁၆ ရက်နေ့ကစပြီး စာမေးပွဲတွေ ပြန်ဖြေရမယ်လို့ ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာပဲ အတိအလင်း ကြေညာလိုက်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီက ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာ လူငယ် ၄၇ ဦးကို သင်္ကြန်ကာလအတွင်းမှာပဲ ပေါ်တာဆွဲဖမ်းဆီးသွားကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/lzrfxT3b29g?si=DBYrp_8e9yadvse2
လားရှိုးမြို့သို့ တရုတ်၏ ကြားဝင်စွက်ဖက်မှုဖြင့် စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာသော်လည်း မြန်မာ့အရေး စွက်ဖက်မှု မရှိဟု တရုတ်အစိုးရ ဗြောင်ငြင်းပြန်

ရန်ကုန်| ဧပြီ ၂၂

MNDAA ကိုးကန့်က သိမ်းပိုက်ထားသော လားရှိုးကို တရုတ်၏ ကြားဝင်အကျပ်ကိုင်မှုဖြင့် စစ်ကောင်စီတပ်များ ပြန်လည် ဝင်ရောက်ခွင့်ရရှိချိန် မြန်မာ့အရေးတွင် တရုတ်အနေဖြင့် ကြားဝင်စွက်ဖက်မှုမရှိကြောင်း တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဗြောင် ငြင်းဆန်ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က သတင်းထောက်များ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် အာ ဏာသိမ်း စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးလိုက်ရသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက မြန်မာ့အရေး ကြားဝင်စွက်မှုမရှိ မူကို ဆက်လက်ကျင့်သုံးနေသည်ဟု ပြောဆိုလာခြင်းဖြစ်သည်။

Guo Jiakun က “တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက အိမ်နီးချင်းမိတ်ဆွေတွေဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ကျနော်တို့အနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးမူကို လိုက်နာပြီး မြန်မာ့နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ အမျိုးသားညီညွတ်ရေး၊ နယ်မြေပိုင်ဆိုင်မှုကို ထောက်ပံ့ပေးနေပါတယ်။
တရုတ် နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေကို နိုင်ငံရေးပြန်လည်သင့်မြတ်ဖို့ နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့ မိတ်ဆွေအဖြစ် အကြံပြုပေးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဧပြီလ ၁၉ ရက်နေ့က လားရှိုးမြို့ထဲကို စစ်ကောင်စီ၏ ဝန်ထမ်းအချို့နှင့် တရုတ်အထူးသံတမန် တိန့်ရွှီကျင်းတို့ ရောက်ရှိလာပြီး ယနေ့တွင် စစ်ကား စီးရေ ၂၀၀ နီးပါး ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

လားရှိုးမြို့အား စစ်ကောင်စီထံ လွှဲပြောင်းပေးရေးကို တရုတ်အထူးသံတမန်က ကြားဝင်ဆောင်ရွက်နေကြောင်းနှင့် အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် MNDAA တို့ ဆွေးနွေးနေကြသည်ဟုဆိုသော်လည်း မည်သည့်ဘက်ကမှ ယင်းကိစ္စကို ထုတ်ပြန်ခြင်းမပြုကြပေ။

MNDAA ၏ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးကိစ္စများတွင် ပါဝင်ပတ်သက်ခဲ့သူတချို့က MNDAA တပ်များ လားရှိုးမြို့ပေါ်မှ ဆုတ်ခွာခဲ့ရပြီဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်တွင် လားရှိုးမြို့အတွင်း စိုက်ထူထားသော MNDAA ၏ အလံကို ပြန်လည်ဖြုတ်ချထားကြောင်း၊ စစ်ကောင်စီ၊ တရုတ်နှင့် MNDAA တို့အကြား လျှို့ဝှက်သော ဆွေးနွေးမှုများရှိနေသော်လည်း လက်တွေ့ မြေပြင်တွင် လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်ရရှိသွားသည်မှာ သေချာကြောင်း မြို့ခံများက ပြောဆိုကြသည်။
ဖယ်ခုံနှင့် ဝက်လက်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် ကလေး ၃ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရရှိပြီး နေအိမ်နှင့်အဆောက်အအုံများပျက်စီး

ရန်ကုန်၊ ဧပြီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၈ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ် ၁ ဗျူဟာ သတင်းပြန်ကြားရေးမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက် မွန်းလွဲ ၁ နာရီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖယ်ခုံမြို့ပေါ်ရှိ စကခ ၇ တပ် စခန်းမှ ခေါင်းအိရွာသစ်အတွင်းသို့ လက်နက်ကြီး ၁၀ လုံးကျော် ရမ်းသမ်းပစ်ခတ်ခဲ့ရာ စစ်ဘေး ရှောင်နေသူ အသက် ၈ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများအနက် အသက် ၄၀ အရွယ်အမျိုးသမီးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဖယ်ခုံကျန်း မာရေး ကယ်ဆယ်ရေး PKHC အဖွဲ့မှ ဆေးကုသပေးခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လေကြောင်း၊ လက်နက် ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဝိရိယဖြင့် နေထိုင်သွားလာကြရန် သတိပေးတိုက်တွန်းထားသည်။

အလားတူ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မြင်းသည်ရွာရှိ ဓာတ်ဆီဆိုင်ကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံး၂ လုံးကျဲချ၍ နေအိမ် တိုက် ၂ လုံး နှင့် ဆိုင်ခန်းများ မီးလာင်ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်‌ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ ည ၁၁နာရီခန့်အချိန် အကြမ်းဖက်စစ်တပ်က ဗုံး၂ လုံးချခဲ့ခြင်း ဖြစ်ပြီး ဓာတ်ဆီဆိုင် အနောက်ဘက်တွင် ၁ လုံး၊ ဆိုင်မြောက်ဘက်တွင် ၁ လုံးကျခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

"လူတွေကတော့ ဗုံးကျပြီး တိုက်နဲ့ ဆိုင်မီးလောင်လို့ တိုက်ပေါ်က ခုန်ချတာ ခြေထောက်ပြင်းထန်ဒဏ်ရာရတယ်"ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါဗုံးချခံရသည့် ဓာတ်ဆီဆိုင်သည် ဓာတ်ဆီနှင့် ကုန်မာဆိုင်တွဲဖွင့်ထားသည့် ဆိုင်ဖြစ်ပြီး အနီးနားကျေးရွာများ၊ ခရီးသွားပြည်သူများ အားကိုးဝယ်နေကြသည့် ဆိုင်ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
တောင်သာမြို့နယ်၊ သံဘိုရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သံဘိုရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ သံဘိုကျေးရွာပေါ်ကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံးသီး ၁၁ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နွား ၂ ကောင်သေဆုံးပြီး နေအိမ် ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

"မနေ့က စက်တပ် လေထီး ၃ စီးနဲ့ ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူ ၃ ဦး သေဆုံးတယ်။ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရတယ်" ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှုများ ကျူးလွန်လျက်ရှိသောကြောင့် ဗုံးခိုကျင်းများ စနစ်တကျ တူးဖော်ထားကြပါရန်နှင့် လေကြောင်းအန္တရာယ်သတိပေးချက်ကြားရသည့်အခါ ဗုံးခိုကျင်းများအတွင်း နေထိုင်ကြပါရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက အသိပေးနှိုးဆော်ထားသည်။
KNU ထိန်းချုပ်နယ်မြေများသို့ စစ်တပ်က တစ်ပတ်အတွင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ ဦးကျော်သေဆုံးပြီး ပြည်သူ ၅၀၀၀၀ ကျော် တိမ်းရှောင်ရ

ရန်ကုန်၊ ဧပြီ ၂၂

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေများသို့ စစ်တပ်က တစ်ပတ်အတွင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ရဟန်း သံဃာများ အပါအဝင် အရပ်သား ပြည်သူ ၂၀ ကျော်သေဆုံးပြီး ပြည်သူ ၅၀၀၀၀ ကျော် တိမ်း ရှောင်ရကြောင်း မွန်နှင့်ကရင် ပြည် နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရှိရသည်။

ဧပြီလ ၁၄ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့ အထိ KNU ထိန်းချုပ်နယ်မြေများဖြစ်သော ဘီးလင်း၊ သထုံ၊ ဘားအံ၊ဖာပွန် ၊ ကော့ကရိတ်၊ ကျုံဒိုးဒေသများသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ရဟန်း၊ သံဃာများ အပါအဝင် ပြည်သူ ၂၀ ဦးခန့်သေဆုံးပြီး ၃၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ ၅၀၀၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်ရန်အတွက် နေရပ်စွန့်ခွာ ထွက် ပြေးရကြောင်း သိရှိရသည်။

" ဧပြီလ ၁၄ ရက်နေ့ စစ်တပ်က ကျုံဒိုးမြို့၊ ကမ်းနီဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကျဲရာကနေ ဧပြီလ ၂၁ ရက် နေ့ အထိ ဘီးလင်း၊ မင်းစောရွာဘုန်းကြီးကျောင်းဗုံးကျဲခဲ့တယ်။ ဖာပွန်၊ ကတိုင်တိ၊ ဘားအံ၊ တဂေးလောင်ရွာ၊ ကော့ကရိတ်အင်းကြီး၊မိဂလုံ၊နွားခြံကုန်း စတဲ့ ရွာပေါင်း ၂၀ ကျော်ကိုလည်း လေယာဉ်နဲ့ ဗုံးကျဲတယ်။ သေဆုံးမှုက ဘုန်းကြီးရော၊ လူရော၊ ကလေးတွေ၊ ကိုရင်တွေပါ အပါဆိုရင် သေတာ၂၀ ဦးကျော်ပြီ။ ဒဏ်ရာရတာ က ၃၀ ကျော်ရှိပြီ၊ စာရင်း မသိရသေးတာတွေလည်းရှိသေးတယ်။ KNU တပ်မဟာ ၁၊ တပ်မဟာ ၅ ၊ တပ်မဟာ ၆၊ တပ်မဟာ ၇ နယ်မြေတွေမှာ လေယာဉ်နဲ့ ဗုံးကျဲတာ၊ တိုက်ပွဲဖြစ်တာကြောင့် စစ်ဘေးရှောင်အားလုံးပေါင်း ပြည်သူ ၅၀၀၀၀ ကျော်ရှိနေပြီ။ ဗုံးဆက်ကျဲနေရင် စစ်ရှောင်တွေ ဆက်များလာဖို့ပဲ ရှိတယ်" ဟု KNU နယ် မြေအတွင်းစစ်ဘေးရှောင်ကူညီနေသည့် ကွန်ရက်အဖွဲ့တစ်ခုက ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၆ နာရီအထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ၊ အရှေ့ဘက်ကမ်း ကျေးရွာများ၊ တောင်ကြာအင်း၊ ကြာအင်းဆိပ်ကြီးလမ်းပိုင်းရှိ ကျေးရွာများပေါ်သို့ လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ နာရီ ခန့် ဆက်တိုက်လုပ် ဆောင် ခဲ့ကြောင်း၊ လူထိခိုက်သေဆုံးမှုများရှိကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

" ညပိုင်း ဒရုန်းကင်းထောက် ၊ဂျက်လေယာဉ်ကင်းထောက်တွေ ပျံတယ်၊ ဖုန်းလိုင်းတွေမရဘူး၊ မနက် ၃နာရီခွဲလောက်မှာ Y-12 လေယာဉ်သံကြားပြီး ဗုံးတွေ ကျဲတာနဲ့ ပေါက်ကွဲသံတွေကြားနေရတယ်။ အဓိကတော့ ကရင်အဖွဲ့ ၊ မွန်အဖွဲ့ ၊ PDF အဖွဲ့ ရှိနေတဲ့နေရာတွေ၊ ရွာ တွေဆိုပြီးကျဲနေတာ၊ အခုသိရသလောက် တောင်ကမ္မရိုက်၊မြောက်ကမ္မရိုက်၊ သမိန်ဒွတ်၊ဝင်းက ဘက်တွေကိုလည်း ဗုံးတွေကျတယ်။ အထိအခိုက်နဲ့ အပျက်အစီးကိုသိဖို့ နဲ့ ရွာသားတွေကယ်ထုတ်ဖို့က မိုးကြီး ရွာထား‌တာ ရွာလမ်းတွေပျက်နေတော့လောလောဆယ်မသိရသေးဘူး၊ထိခိုက် တာတွေတော့ရှိ‌နေတယ်" ဟု KNU စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ KNU တပ်မဟာနယ်မြေများတွင် စစ်ကောင်စီလက်လွှတ်ဆုံးရှုံးထားရသည့် စစ်စခန်းများအားပြန်လည်သိမ်းပိုက်ရန် လေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

" အခုတက်နေတာ က Y12က မော်လမြိုင်က ၊ဂျက်ဖိုက်တာတွေက တောင်ငူလေတပ်ကတက်လာနေတာ။ စစ် ဆင် ရေးတပ်တွေ မြေပြင်မှာ ပြုန်းတီးကုန်ပြီဆိုတော့လေယာဉ်နဲ့ ဗုံးကျဲ၊ မြေပြင်သိမ်းပုံစံပေါ့ ၊လိုအပ်ရင်ဘားအံတောင်ကလေးလေယာဉ်ကွင်းကို စစ်သုံးလေ ကြောင်းထောက်ပို့ကွင်းသုံးမယ့်အစီအစဉ်လည်းရှိနေတယ်" ဟု ဘားအံအခြေစိုက် ကရင်ပြည်နယ်စစ်ကောင်စီနှင့်နီး စပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။