♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎
9.7K subscribers
27.3K photos
515 videos
1 file
3.66K links
News Channel
Download Telegram
ထားဝယ်မြို့နယ်၊ ဆိပ်ကမ်း ဘောတံတားတွင် ငါးလွှတ်ရန် လာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး Speed Boat ၁ စီး ပျက်စီး

ရန်ကုန်၊ ဧပြီ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်၊ ဆိပ်ကမ်းလမ်း၊ ဘောတံတားတွင် ငါးလွှတ်ရန် လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး Speed Boat ၁ စီး ပျက်စီးခဲ့ကြောင်း Special Guerrilla Force - အထူးပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းလမ်း၊ ဘောတံတားတွင် ငါးလွှတ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၁၅၀ ကျော်သည် Speed Boat ၁ စီးဖြင့် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်သားများ လိုက်ပါလာသော Speed Boat လည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Special Guerilla Force - အထူးပြောက်ကျားတပ်ဖွဲ့နှင့် ပင်လယ်ကြယ် တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၁

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၂၁ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး ဆက်လက် လုပ်ဆောင်နေပြီး မကြာမီ ဖမ်း၀ရမ်းထွက်ရှိမည်

🟥 အာဂျင်တီးနားတရားရုံး၏ ဖမ်း၀ရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ သို့ Red Alert အဖြစ် ပေးပို့ထား

ရန်ကုန်၊ ဧပြီ ၂၁

အကြမ်းဖက် မင်းအောင်လှိုင်အပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ဖမ်း၀ရမ်းထုတ်ရေး လုပ် ငန်း စဉ်မှာ ဆက်လက် သွားနေပြီး မကြာမီ မင်းအောင်လှိုင်အတွက် ICC ဖမ်း၀ရမ်းထွက်ရှိလာမည်ဖြစ် ကြောင်း ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ထုတ်ဖော်ပြောဆိုသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ ရခိုင်ပြည်မှ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားသဖြင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးတွင် လျှောက်ထားခဲ့ပြီး ဖမ်း၀ရမ်းထွက်ရှိရန် လုပ်ဆောင်နေသည့် ကာလမှာ ၅ လကျော်ကြာမြင့်နေပြီဖြစ်သည်။

"ICC ဖမ်း၀ရမ်းထုတ်ဖို့က ရှေ့နေချုပ်က တင်ပြထားပြီဆိုတော့ လအနည်း ငယ်တော့ ကြာလောက်တယ်။ ဒါပေမယ့် သူတို့ Process က နည်းနည်းတော့ ကြာတယ်။ ICC ရှေ့နေချုပ်ကနေ ဖမ်း ၀ရမ်းထုတ်ဖို့ ဟာကို လုပ်ထားပြီးပြီဆိုတော့ အချိန်က အရမ်းကြီးတော့ သိပ်မကြာလောက်ဘူး။ ဖမ်း၀ရမ်းထုတ်ပါလိမ့်မယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာဒေးကို ICC ဆီ ဖမ်းဆီးခေါ်လာတာတွေ့ရတယ်။ ICC ရဲ့ မင်းအောင်လှိုင်အပေါ် ဖမ်း၀ရမ်းထွက်လာရင် တော် တော်လေးကို သက်ရောက်မှုရှိနိုင်တယ်။ " ဟု ဦးထွန်းခင်က ပြောဆိုသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု သတ်ဖြတ်မှုလှိုင်းများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာများ ထွက်ခွာလာမှု နှင့် နောက်ဆက်တွဲ ရာဇ၀တ်မှုများကို ICC တရားရုံးက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး စုံစမ်း စစ်ဆေးခဲ့ကြောင်း၊ ကျယ် ကျယ် ပြန့်ပြန့် လွတ်လပ်ပြီး သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုအပြီး စစ်တပ်ကာ ကွယ်ရေးဦးစီးချုပ် မင်းအောင် လှိုင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ ၀တ် မှုများအတွက် ရာဇ၀တ်မှုကျူးလွန်သည်ဟု ICC တရားရုံးက ဆုံးဖြတ်ကောက် ချက်ချခဲ့ကြောင်း၊ စစ်တပ်က ရိုဟင်ဂျာများကို ညှဉ်းပန်းသတ်ဖြတ်မှုများနှင့် နှင်ထုတ်မှုများကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ကျူးလွန်ခဲ့ကြောင်း ICC က ထုတ်ပြန်သည်။

ထို့ပြင် အာဂျင်တီးနားနိုင်ငံရှိ တရားရုံးက လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဝတ်မှုဖြင့် ဖမ်း၀ရမ်းထုတ်ဆင့်ထားမှုမှာလည်း နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်သို့ Red Alert အနီရောင်အဆင့် ထုတ်ဆင့်ပြီး ဖမ်းဆီးနိုင်ရေးမှာလည်း သက်ဆိုင်ရာ တရားရုံးနှင့် အင်တာပိုလ်အကြား လုပ်ငန်းစဥ်များ ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရသည်။

"တစ်ကမ္ဘာလုံးကလည်း ရိုဟင်ဂျာလူမျိုးတုန်းတုန်းသတ်ဖြတ်မှုအတွက် အထောက်အထားတွေ ပတ်သက်တဲ့ဟာရော ၂၀၂၁ နောက်ပိုင်းမှာ အကြမ်းဖက် စစ်ခေါင်းဆောင်က လူသားမျိုးနွယ်အပေါ်မှာ ရာဇဝတ်မှု ကျူး လွန်တာရယ်။ မဟုတ်မတရားဖမ်းဆီးထားပြီးတော့ ရွာတွေကို မီးရှို့တာတွေ ဖမ်းဆီး အကျဉ်းချ သတ်ဖြတ်နေတာတွေ ရာဇဝတ်မှုတွေက မနည်းဘူး။ အကြမ်း ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နိုင်ငံတကာမှာရှိနေတဲ့ပုံရိပ်က ဆိုးသထက် ဆိုးလာတယ်။ တချို့နိုင်ငံတွေက သာ သူ့ကို Head of State ဆိုပေမယ့် အကြမ်း ဖက် မင်းအောင်လှိုင်နဲ့ပတ်သက်လို့ ဆိုးလာနိုင်တာက သူနဲ့ပတ်သက်လို့ နိုင်ငံ တကာက Sanction တွေ အများ ကြီးချထားပြီးသားဖြစ်တယ်။ အမေရိကန်အစိုးရကလည်း ရိုဟင်ဂျာတွေအပေါ် Genocide လုပ်တယ် လို့ ကြေ ညာထားတယ်။ ICC တရားရုံးရော အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းတွေက မင်းအောင်လှိုင် အပေါ်မှာ အများကြီးကို သက်ရောက်မှုရှိပါတယ်"ဟု ဦးထွန်းခင်က ဆက်လက်ပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC အပါအဝင် နိုင်ငံတကာ တရားရုံးများတွင် မင်းအောင်လှိုင်နှင့် စစ်ခေါင်း ဆောင်များကို တရားစွဲဆိုနေမှုများအပေါ် စိုးရိမ်စရာမရှိကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေး ဆိုခွင့်ရှိသူ ဇော်မင်းထွန်းက လွန်ခဲ့သည့် မတ်လအတွင်း Aljazeera သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် တုံ့ပြန်ပြောဆိုထားသည်။
စစ်ကိုင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့တွင် ဇွန်လ ၁၆ ရက်နေ့မှစတင်၍ စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ကြေညာ၊ အများစုသော ကျောင်း သားကျောင်းသူများ စာမေးပွဲ ပြန် ဖြေရန် အခက်အခဲဖြစ်နေ

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့မှ ကျောင်းသားကျောင်းသူများအားလုံး ဇွန်လ ၁၆ ရက်နေ့မှစတင်၍ စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ယနေ့ ကြေညာသည်။

ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ ဇွန်လ ၂၁ ရက်နေ့အထိ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည် ဖြေဆိုရမည်ဟု စစ်ကောင်စီက ကြေညာခြင်းဖြစ်သည်။

စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်ပျက်စီး၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင် စာမေးပွဲ ပြန်ကျင်းပရန် အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။

မတ် ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် စုစုပေါင်း အဖြေလွှာ ၄ သိန်းဝန်းကျင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုကဲ့သို့ အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့သည့်အတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် နေပြည် တော်ကောင်စီနယ်မြေအတွင်းမှ ဖြေဆိုခဲ့သည့် ကျောင်းသားကျောင်းသူများ၏ အဖြေလွှာများ မီးလောင် ပျက်စီးသွားခဲ့သည့်အတွက် စာမေးပွဲ ပြန်လည် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရန် မင်းအောင်လှိုင်က မတ်လ ၂၉ ရက်နေ့ မန္တလေး ခရီးစဉ်အတွင်း ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

အခြေခံပညာကျောင်းများတွင် မေလ ၁ ရက်နေ့ ကျောင်းသားကျောင်းသူများကို အနီးကပ် ၂ ပတ် ကျောင်းတက်ခိုင်းနေပြီဖြစ်ကြောင်း၊ အများစုသော ကျောင်းသားကျောင်းသူများမှာ ငလျင်ဒဏ်ကြောင့် နေအိမ်များ ပျက်စီးခြင်းနှင့် စီးပွားရေးများ ပျက်စီးခြင်းတို့ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆိုရန် ခက်ခဲနေကြကြောင်း သိရှိရသည်။

"အိမ်နဲ့ ဆိုင်နဲ့ တွဲထားတာ။ အိမ်ရော ဆိုင်ရော ပြိုသွားပါတယ်။ အိမ်မှာ ၁၀ တန်းဖြေထားတဲ့ သမီးကို စာမေးပွဲ ပြန်ဖြေခိုင်းဖို့လည်း အဆင်မပြေပါဘူး။ အအောင်ပေးရင်လည်း ရနေတာကို စာမေးပွဲ ပြန်ဖြေခိုင်းတာကတော့ ကလေးကလည်း ငလျင်ကြောင့် စိတ်ဒဏ်ရာရနေတော့ ဖြေဖို့ အဆင်မပြေဘူး။ အိမ်ပြန်ဆောက်ဖို့ရော စီးပွား ရေး ရော အဆင်မပြေဖြစ်နေတာ့ တစ်မိသားစုလုံး စိတ်ဖိအားများနေပါတယ်။ အခုထက်ထိလည်း သူများအိမ်မှာ ကပ်နေရတုန်းပါ" ဟု စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်ရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သာယာဝတီတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၄၇ ဦးကို စစ်သင်တန်းကျောင်းသို့ ပို့ဆောင်၊ မင်းလှတွင်လည်း စစ်တပ်က ကျေးရွာများကို စီးနင်းပြီး လူငယ် များကို လိုက်လံ ဖမ်းဆီးနေ

ရန်ကုန်၊ ဧပြီ ၂၂

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သင်္ကြန်တွင်း ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၄၇ ဦးကို စစ်သင်တန်း ပို့ဆောင်လိုက်ကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ သင်္ကြန်ကာလအတွင်း သာယာဝတီမြို့နယ် အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များမှ လူငယ် ၄၇ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါလူငယ်များကို မြို့နယ် ထွေ/အုပ် ရုံးဟောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက် ဧပြီလ ၁၉ ရက်နေ့တွင် မိသားစုဝင်များထံ အကြောင်းကြားခြင်းမရှိဘဲ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း၊ ဖမ်းဆီးထားသော လူငယ်တချို့ကို စစ်တပ်က ပြန်လွှတ်ပေးမည်ဟုဆိုကာ ငွေကျပ် သိန်းဆယ်ချီ လိမ်လည် တောင်းခံခဲ့ကြောင်း သိရှိရသည်။

"သာယာဝတီမြို့နယ်ထဲက ကျေးရွာ၊ ရပ်ကွက်တွေမှာ အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းထားတဲ့ လူငယ် ၄၇ ဦးကို ဧပြီ ၁၉ ရက်နေ့ ညပိုင်း စစ်သင်တန်းကျောင်း ပို့ဆောင်ပါတယ်။ စစ်သင်တန်း သွားရမယ့် သတင်းကြားလို့ လာတွေ့ကြတဲ့ မိသားစုဝင်တွေကိုလည်း အတွေ့မခံဘဲ စစ်ကား ၃စီးဖြင့် အတင်းအကျပ် စစ်သင်တန်းကျောင်းကို ပို့လိုက်တာပါ" ဟု ဖမ်းဆီးခံ လူငယ် ၁ ဦး၏ မိသားစုဝင် ပြောဆိုသည်။

အလားတူ မင်းလှမြို့နယ်၊ ပက်တန်းကြီးကျေးရွာကို ဧပြီလ ၁၈ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက်စီးနင်းခဲ့ကြောင်း ၊ ယင်းနောက် ကျေးရွာအတွင်းမှ ကိုမျိုးမင်းဦး၊ ကိုရဲထက် နှင့် ကိုဝင်းအောင် တို့ကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်ကလည်း မင်းလှမြို့နယ်၊ ဆင်တဲကုန်းရွာ အရှေ့ဘက်ထိပ်နှင့် ဗိုလ်ရုံကုန်းရွာ အနောက်ဘက်ထိပ်ရှိ ကားလမ်းကို ပိတ်ဆို့၍ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ထန်းပင်ကုန်းရွာမှ လူငယ် ၁ ဦး၊ ဗိုလ်ရုံကုန်းရွာမှ ကိုကိုနိုင်၊ ကိုငပြောင်ကြီး၊ ကိုလင်းလင်း၊ ဆင်တဲကုန်းရွာမှ ကိုဝေယံထက်၊ ကိုဖိုးချစ်၊ ဦးငြိမ်း၏ သား ဖြစ်သူ အပါအဝင် စုစုပေါင်း လူငယ် ၈ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ မင်းလှမြို့နယ်၊ ပန်းတောကျေးရွာကိုလည်း ဧပြီ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ် တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ကိုဖိုးဝဲ၊ ကိုဂျပန်ကြီး၊ ကိုမင်းမင်းအောင် နှင့် ကိုထွန်းထွန်းတို့ ဖမ်းဆီးခံခဲ့ရကြောင်း၊ ထို့ပြင် ဆင်တဲကုန်းအုပ်စုအတွင်းရှိ ကရင်တစ်အိမ်ရွာ နှင့် မစိုးရိမ်ရွာအပါအဝင် အနီး အနား ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသဖြင့် လူငယ်များ နေအိမ်များတွင် မနေရဲတော့ဘဲ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံထားရသည့် လူငယ်များ။
Khit Thit သတင်းဌာန၏ ဧပြီ ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဇန်နဝါရီလကနေ ဧပြီလအတွင်း တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ပွားပြီး ဗိုလ်မှူး သီဟအောင် အပါအဝင် စစ်သား ၆၃ ဦး သေဆုံးကာ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ထိုင်းလေပိုင်နက်ကို ကျူးကျော်ပြီး စစ်ကောင်စီလေတပ်က KNLA နေရာတွေကို ဗုံးကျဲနေတာကြောင့် လေယာဉ်ပစ်အမြောက်တွေကို ထိုင်းစစ်တပ်က ရွှေ့ပြောင်းနေတယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်၊ ဆိပ်ကမ်းလမ်း၊ ဘောတံတားမှာ ငါးလွှတ်ဖို့ လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး Speed Boat ၁ စီး ပျက်စီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/wjN3vUDDcBg?si=I5XhyctRYhLhL8CT
စဉ့်ကူးမြို့နယ်၊ အောက်ဇီးကုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၅ လသား အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၂

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ အောက်ဇီးကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၅ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် စဥ့်ကူးမြို့နယ် အောက်ဇီးကုန်းကျေးရွာကို အ ကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၅ လအရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းတို့ အနက် အသက် ၆၀ အရွယ် အမျိုး သမီးတစ်ဦး အပြင်း အထန် ဒဏ်ရာရရှိပြီး ကျန်ပြည်သူများမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။

ထို့အပြင် ပြည်သူ့နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် နွား ၁ ကောင်၊ ဝက် ၄ ကောင် သေဆုံး လည်း သေ ဆုံးခဲ့ကြောင်း သိရသည်။

“စဉ့်ကူး၊ အောက်ဇီးကုန်းရွာကို လေကြောင်းကနေ ဗုံးကျဲသွားတာ၊ အသက် ၅ လသားအရွယ် ကလေးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရတယ်၊ အဲဒီထဲက အသက် ၆၀ ဝန်းကျင် အမျိုးသမီးက ပြင်းထန်ဒဏ်ရာရပြီး ကျန်တဲ့သူတွေက မစိုးရိမ်ရဘူး။ နွား ၁ ကောင်၊ ဝက် ၄ ကောင်သေတယ်၊ နေအိမ် ၃ လုံးလည်း ပျက်စီးတယ်” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီက မန္တလေးတိုင်း၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ လူထုနေထိုင်ရာကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ နေ့စဉ့်နေ့တိုင်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ် ရေး နည်းလမ်းများ လိုက်နာကြရန်၊ အိမ်တိုင်းတွင် ဗုံးခိုကျင်းများတူးထားကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။

ဧပြီလ ၂၀ ရက်နေ့ ည ၁၀ နာရီအချိန်ကလည်း စဉ့်ကူးမြို့အဝင် တံတားအနီး အကြမ်းဖက်စစ်ကောင် စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သစ်ပင်ထိမှန်ပေါက်ကွဲသွားပြီး ပြည်သူထိခိုက်မှုမရှိ ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာနှင့် သပြေနီကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း နဂါးဖြူတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်က ပဲခူးတိုင်းဘက်မှ မွန်ပြည်နယ်ဘက်သို့ ရန် ကုန် - မော်လမြိုင် လမ်းအတိုင်း ဝင်ရောက်လာသော ပုံစံပြောင်း အကြမ်းဖက်စစ်ယာဉ်တန်းကို ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာနှင့် သပြေနီကျေးရွာကြား၌ မိုင်းဆွဲရန်ပြင်ဆင်နေစဉ် အင်အား ၂၀ ခန့်ပါ အကြမ်း ဖက်စစ်တပ် ရှေ့ပြေးကင်းအဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား အပြန် အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“ပဲခူးကနေ မွန်ပြည်နယ်ဘက်ဝင်ရောက်လာတဲ့ ကားတန်းပါ၊ အဲဒီကားတန်းကို မိုင်းဆင်ဖို့ အသွား ရန်သူရှေ့ပြေးကင်းနဲ့ တိုက်ပွဲဖြစ်တာပါ။ ကင်းပုန်းနဲ့ ရုတ်တရက် ထိတွေ့တိုက်ပွဲဖြစ်တာကြောင့် ရန် သူဘယ်ကထွက်လာလဲဆိုတာ သေချာမသိရဘူး။ ကားတန်းကို လည်းမိုင်းမဆွဲလိုက်ရဘူး” ဟု နဂါး ဖြူတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း၊ တော်လှန် ရေးအင်အားစုများဘက်မှ ရဲဘော်တစ်ဦး ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခိုက်မှုကို နဂါးဖြူတပ်ရင်း ၊ ၇၈၀၁ တပ်ရင်း ၊ ၇၈၀၅ တပ်ရင်း ခွဲ ၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၁ နာရီ ၄၉ မိနစ်အချိန်တွင် အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများကို လက်နက်ကြီး၊ လေ ကြောင်းတို့ဖြင့် တိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင် ကြပါရန်နှင့် စစ်ရေးအရှိန် မြင့်လာနေပြီဖြစ်သဖြင့် တော်လှန်ရေးအဖွဲ့အစည်းများကိုလည်း ဝိုင်းဝန်း ပူးပေါင်းကူညီပေးကြပါရန် တိုက် တွန်းထားသည်။
ကော့ကရိတ်မြို့နယ်နှင့်ကျုံဒိုးမြို့မှ စစ်ဘေးရှောင် ပြည်သူများကို စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပေး

ရန်ကုန်၊ ဧပြီ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့်ကျုံဒိုးမြို့မှ စစ်ဘေးရှောင် ပြည်သူများကို စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပေးနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ဂျိုင်းတံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ကော့ကရိတ်နှင့်ကျုံဒိုးဘက်မှ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးရှောင် ပြည်သူများ၏ ကားများ၊ ဆိုင်ကယ်များကိုစစ် ဆေး ပြီး လူဦးရေအလိုက် ငွေကြေးတောင်းခံကြောင်း၊ ထိုသို့ တောင်းခံပြီးမှသာလျှင် တံတားကို ဖြတ်သန်းခွင့် ပေးကြောင်း၊ စစ်ဘေးရှောင်ပြည်သူများမှာ မိသားစု အလိုက် အနည်းဆုံး ငွေကျပ် ၁ သောင်းမှ ငွေကျပ် သိန်းချီ အထိ ပေးဆောင်ရကြောင်း သိရှိရသည်။

"ကျုံဒိုး၊ ကမ်းနီ၊သရက်တောကို လက်နက်ကြီးတွေ ပစ်နေတော့ မနေရဲတော့ဘူးလေ။ ရွှေဖြူ ကျောင်းဘက်ရှောင် ဖို့ ဂျိုင်းတံတားကနေ ဟိုဘက်ထိပ်ရောက်တော့ ဂိတ်စောင့်နေတာက အရပ်ဝတ်တွေနဲ့ပဲ၊ သေနတ်တွေတော့ လွယ်ထားတယ်၊ ကားကိုစစ်တယ်၊ လိုင်စင်လား၊ လိုင်စင်မဲ့လားဆိုတော့ ရွာကားပဲလေ လိုင်စင်မရှိဘူး၊ရွှေဖြူကျောင်းကို ရှောင်နေမလို့လာတာပါဆိုတော့ မိသားစု ၅ ဦးကို တစ်သောင်း တောင်းတယ်။ ကားက လိုင်စင်မဲ့မို့ တစ်သောင်းတောင်းတယ်။ မပေးရင်လည်း ပေးမသွားဘူး။ နောက်ပြန်လှည့်ခိုင်းတယ်။ ပြည်သူအားလုံးကို တောင်းတာ။ အကုန်လုံးကိုတောင်းတာ" ဟု ငွေကြေးပေးဆောင်ခဲ့ရသည့် စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေချိန် စစ်ဆေးရေးဂိတ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်ပြည်သူများကို ပစ်မှတ်ထား ဦးတည်၍ ငွေကြေးတောင်းခံမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

" မနှစ်ကမွန်ရွာကော့ဘိန်း၊‌ကော့ပေါက်နဲ့ကျုံဒိုးမှာစစ်ဖြစ်တုန်းကလည်းအဲဒီလိုပဲတံတားမှာကားစစ်၊ ဆိုင်ကယ်စစ်ပြီးငွေညှစ်တာပဲ၊ မွန်ငြိမ်းချမိး ရေးတပ်ဖွဲ့ကနိုင်အိုက်ချမ်းတို့လည်းပါတယ်၊အဲဒီတုန်းကစစ်တပ်နဲ့ပေါင်းပြီးငွေညှစ်တာ၊ အခုလည်းတောင်ပေါ်ကားကြီးတွေ ဆင်းမလာတော့ ရွာသားတွေကို ငွေညှစ်တာ။ မပေးရင်ကားဆိုင်ကယ်သိမ်းမယ် ခြိမ်းခြောက်တယ်။ ရွာကလူတွေကလည်း လိုင်စင်မဲ့တွေချည်း စီးကြတာဆိုတော့ သူတို့အမိန့်လိုဖြစ်နေတယ်"ဟု စစ်ဘေးရှောင်ပြည်သူက ရှင်းပြသည်။

လက်ရှိကော့ကရိတ်နှင့် ကျုံဒိုးဒေသအတွင်း စစ်ရေးတင်းမာနေမှုအပေါ် အကြမ်းဖက်စစ်တပ်က ဂျိုင်းတံတားတစ်ဖက်ကမ်း ဘားအံမြို့နယ် ၊ကျားကလေး၊ ဇာသပြင်လမ်းဆုံ၊ အိန္ဒု၊ သာမည၊ နောင်လုံ တောင်ကြားလမ်းပိုင်းတစ်လျှောက်တွင် စစ်အင်အားရာချီ စစ်ပြင်ထားပြီး ဆရာတော်မင်းသုည၏ဘုရားကုန်းရွာဘုန်းကြီးကျောင်းတွင်စစ်အင်အား ၆၀ခန့် ဖြင့် တပ်စွဲ နေရာယူကာ လက်နကိကြီးများတပ်ဆင် စခန်းချထားကြောင်း သိရှိရသည်။