♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎
10.5K subscribers
19.5K photos
391 videos
1 file
6.88K links
News Channel
Download Telegram
🛑💢🛑 Yangon

6:15 PM

မြေပြင်

မှော်ဘီ၊ ရန်ကုန်

မှော်ဘီ GTCဘေး၊ ဆည်မြောင်းလမ်းဘေး၊ စိတ္တသုခဘုန်ကြီးကျောင်းထဲမှာခွေးတွေရောက်နေ၊ ညအိပ်စောင့်ကြမည်သတင်းရ၊ မအလ မှော်ဘီရောက်နေဟု ဖရဲသီးအသိုင်းအဝိုင်းမှ သိရ။( မိန်းမ စစ်သင်တန်းကျောင်းဆင်းရန်ရှိ ကြောင်းလည်း သတင်းရရှီ။)

#WES
6:07 pm, Dec 29

https://t.me/wdscoutnews

https://t.me/+FpkZjCUWD2FkMDQ1
လွိုင်ကော်အကျဉ်းထောင် တိုက်ပွဲတွင် နိုင်ငံရေးအကျဉ်းသား ၁၄၀ ပိတ်မိနေပြီး အခြေအနေဆိုးဝါး၊ စစ်တပ်က အကျဉ်းသားများနှင့်ထောင်ကို လူသားဒိုင်း ခံတပ်အဖြစ် အသုံးပြုနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

https://t.me/witnessdaily

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်အကျဉ်းထောင်တွင်း အခြေအနေ အလွန်ဆိုးရွားနေပြီး အစားအသောက်နှင့်ဆေးဝါးများ အရေးပေါ်လိုအပ်ရှိကာ နေစဉ့်စောင့်ကြည့်ပြီး အကူအညီများ အဆင်သင့်ပြင်ဆင်ထားကြရန် ကရင်နီနိုင်ငံရေး အကျဉ်းသားများစောင့်ရှောက်ရေးအသင်း - KPPA က တိုက်တွန်းထုတ်ပြန်ထားသည်။

"လက်ရှိမှာအကျဉ်းသား ၅၀၀ ထဲမှာ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၁၄၀ ရော ပိတ်မိနေပါတယ်" ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရေး တက်ကြွလှုပ်ရှားသူ ကွန်ရက်က ပြောသည်။

#ADM 🐉 ဆက်လက်ဖတ်ရှုရန်👇👇👇
ရေဦးမြို့၊ ဂါဝီပန်းခြံအနီးရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူ များပြား၊ ရွှေဘိုတွင် ပြည်သူ့ပိုင် စပါးခင်းများကို လုယက် ရိတ်သိမ်းနေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

https://t.me/witnessdaily

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ ဂါဝီပန်းခြံအနီးတွင် ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်က အကြမ်းဖက်စစ်သား ၂၀ ခန့်ဖြင့် ရေဦး မြို့၊ ဂါဝီပန်းခြံအနီး ဂိတ်ဖွင့် ပြည်သူများအပေါ် ဆက်ကြေးကောက်ရမ်းကားနေသော အကြမ်းဖက် စစ်သားများကို Fix Wings ဒရုန်းလေယာဉ်ငယ်များဖြင့် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

#ADM 🐉 ဆက်လက်ဖတ်ရှုရန်👇👇👇
🟢 သိန္နီမြို့ ကျောင်းခမ်းထဲက စစ်ရှောင်တွေကို လားရှိုးဘက် ပြောင်းရွှေ့ခွင့်ပေး
https://t.me/spmnewsagency2019
လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၂ဝ ရက်၊ သိန္နီ

https://t.me/witnessdaily

ရှမ်းမြောက် သိန္နီမြို့ ကျောင်းခမ်းပရိယတ္တိစာသင်ကျောင်းတိုက်ထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေ လားရှိုးမြို့ဘက် ပြောင်းရွှေ့ခွင့် ရခဲ့ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၁၉ ရက်မှာ စစ်ရှောင်တွေကို ထွက်ခွာခွင့်ပေးတာဖြစ်ပြီး ကျောင်းထဲမှာရှိတဲ့ စစ်ရှောင်ဦးရေ (၁,၃ဝဝ)ထဲမှ ၅၀၀ ကျော်က မပြောင်းရွှေ့ဘဲ ကျောင်းထဲမှာဘဲ ဆက်လက် နေထိုင်တယ်လို့ ဆိုပါတယ်။

#ADM 🐉 ဆက်လက်ဖတ်ရှုရန်👇👇👇