Shambhala 𓅓
551 subscribers
2.38K photos
9 videos
2 files
119 links
စိတ်ဝင်စားဖို့ကောင်းတဲ့ Historyနဲ့ ပတ်သတ်တာတွေ၊ဗဟုသုတများစွာရရှိသော Knowledge တွေ၊ Poemတွေကို Shambhala တွင် အခမဲ့ တင်ဆက်ပေးနေပါသည်။ အကောင်းဆုံးဖြစ်အောင်တင်ဆက်နေတာမို့ Join ပေးပါ။

Owner - @Akojitanakha
Download Telegram
ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း

လောကအလယ်၊ ဗဟိုဝယ်၌
ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက်
သက်ရှင်ကာလ၊ ဘဝတစ်ပါး
‌ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ
အနိုင်အရှုံး၊ အမုန်းအချစ်
အဖြစ်အပျက်၊ အတက်အဆင်း
ထိုအချင်း၌၊ အလင်းမဲ့ကား
နောင်တများကို၊ ကြောင်းကြားပြကာ
ဤသို့သာလျှင် ပို၍တည်း။

မိမိကိုယ်ကိုယ်၊ ‌တော်တတ်ဆို၍
မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု
မြင့်ပယ်ထားကာ၊ အမှားအမှန်
ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့်
ထိုသို့ခံယူ၊ လူများကြားတွင်
ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ
ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး
နည်းတူသကဲ့၊ အကြောင်းမဲ့ရာ
ဤပုံသာလျှင် ဆို၍တည်း။

ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို
အိုးအိမ်ပြောင်ဝင်း၊ ‌ဗိုက်ဖြိုးတင်းလို့
အဆင်းလှပ၊ ခံစားရချိန်
နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား
ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ
စားဝတ်နေရေး၊ ဒုက္ခဘေးတို့
‌မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ
စာနာစိတ်က၊ ကြောင်းပြသည်သာ
ဤဖြစ်ပျက်လျှင် လို၍တည်း။

ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ်
နှစ်ခါအကြည့်ချင်းဆုံ၍
၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။
ယနေ့လည်း
သူပျော်နေပုံပေါ်ပါသည်။

-အံ့လွန်းပျို
❤‍🔥2
ချစ်ဖူးသူဟာ
တစ်ယောက်တည်းပါ။
ငါကြည့်မိတဲ့ မိန်းမတွေအထဲ
မင်းအလှဆုံးလို့ ပြောရင်
သံသယမရှိ ယုံကြည်ပါကွယ်။

-အံ့လွန်းပျို
ခဏခဏနေမကောင်းဖြစ်ခြင်းမှာ
မင်းဂရုစိုက်တာကို ခံချင်တဲ့
ငါ့ဆန္ဒဟာ ရာနှုန်းပြည့်ပါကွယ်။

-အံ့လွန်းပျို
🌍⏳ ကမ္ဘာပျက်ဖို့ 85 စက္ကန့်ပဲ ကျန်တော့တယ်ဆိုရင် သင်ဘယ်လိုလုပ်မလဲ။ 💥
(Doomsdayclock) ⚡


🌍 ​⏰ည ၁၂ နာရီ သန်းခေါင်ယံအချိန် ရောက်သွားတာနဲ့ ကမ္ဘာကြီး လုံးဝပျက်စီးသွားမယ်လို့ သတ်မှတ်ထားတဲ့ နာရီတစ်လုံး ရှိပါတယ်။ အဲဒါကတော့ Doomsday Clock (ကမ္ဘာပျက်ကိန်း နာရီ) ပါပဲရှင့်။ 🌑💥

​ဒါပေမဲ့ ဒါဟာ တကယ့်လက်တွေ့ အချိန်ကို ရေတွက်နေတာမဟုတ်ဘဲ လူသားတွေ ကမ္ဘာပျက်ဖို့ ဘယ်လောက်အန္တရာယ်နီးနေပြီလဲဆိုတာကို ပြသထားတဲ့ သတိပေး သင်္ကေတနာရီ တစ်လုံးဖြစ်ပါတယ်။ ⏰

⚛️ ​ဒီနာရီကို ဘယ်သူတွေ လုပ်ခဲ့တာလဲ? 👥


🎬❌ ​ဒါဟာ သိပ္ပံရုပ်ရှင်တွေထဲက နာရီမဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ်မှာ Manhattan Project (အနုမြူဗုံး စီမံကိန်း) မှာ ပါဝင်ခဲ့တဲ့ ဂျူလိုင်အိုပန်ဟိုင်းမား (Oppenheimer) အပါအဝင် ထိပ်တန်းသိပ္ပံပညာရှင်တွေနဲ့ Bulletin of the Atomic Scientists အဖွဲ့က စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ 🔬💣⚡️

​သန်းခေါင်ယံ (၁၂ နာရီ) ဆိုတာ ဘာလဲ? 🕛 ⚠️


🌪️ ဒီနာရီမှာ ည ၁၂ နာရီ (Midnight) ရောက်သွားတာနဲ့ လူသားတွေ ရာသီဥတုဆိုးရွားမှု၊ နျူကလီးယားစစ်ပွဲ ဒါမှမဟုတ် နည်းပညာဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် လုံးဝပျက်စီးသွားမယ့် အခြေအနေကို ကိုယ်စားပြုပါတယ်။ 💥 🤖 🌍

⏳ ​နာရီလက်တံကို ဘယ်အရာတွေက ရွေ့လျားစေတာလဲ? ⚙️


​⚛️ နျူကလီးယား စစ်ပွဲခြိမ်းခြောက်မှုများ 💥

​🌍 ကမ္ဘာ့ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှု (Climate Change) 🌊

​🤖 ထိန်းချုပ်ရခက်လာသော AI နည်းပညာနှင့် ဇီဝအန္တရာယ်များ ☣️

​လက်ရှိ အခြေအနေ 📊🚨


၁၉၄၇ ခုနှစ်က နာရီစတင်ချိန်မှာ သန်းခေါင်ယံ​ရောက်ဖို့ ၇ မိနစ် အလိုမှာ ရှိခဲ့ပေမဲ့၊ လက်ရှိ ကမ္ဘာ့ရေးရာ တင်းမာမှုတွေကြောင့် သန်းခေါင်ယံရောက် ဖို့ စက္ကန့်ပိုင်း (85 စက္ကန့်) အလိုအထိ စံချိန်တင် နီးကပ်နေပါပြီ။​ 💣 ⚠️

ဒါဟာ လူသားသမိုင်းမှာ ကမ္ဘာပျက်ကိန်းနဲ့ အနီးကပ်ဆုံးနဲ့ အန္တရာယ်အရှိဆုံး အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။⚡️🌋

​တကယ်လို့သာ ဒီနာရီရဲ့ သန်းခေါင်ယံအလို 85 စက္ကန့်ဆိုတာ တကယ့်အချိန်အဖြစ် ပြောင်းလဲသွားခဲ့ရင်ရော... သင် ဘာလုပ်မလဲ? Comment မှာ မျှဝေခဲ့ကြပါဦး​နော်! 💬👇

#Moe
#Science_Facts
#Global_Threats
❤1
Shambhala 𓅓
🌍⏳ ကမ္ဘာပျက်ဖို့ 85 စက္ကန့်ပဲ ကျန်တော့တယ်ဆိုရင် သင်ဘယ်လိုလုပ်မလဲ။ 💥 (Doomsdayclock) ⚡ 🌍 ​⏰ည ၁၂ နာရီ သန်းခေါင်ယံအချိန် ရောက်သွားတာနဲ့ ကမ္ဘာကြီး လုံးဝပျက်စီးသွားမယ်လို့ သတ်မှတ်ထားတဲ့ နာရီတစ်လုံး ရှိပါတယ်။ အဲဒါကတော့ Doomsday Clock (ကမ္ဘာပျက်ကိန်း နာရီ) ပါပဲရှင့်။…
စာရှည်​နေလို့ပုံမဆန်လို့ rp ပြန်ပြီးတင်လိုက်တာပါရှင့်။

#Moe
အရာအားလုံးကို သတိတရ...
မျက်လုံးချင်းဆုံခဲ့တဲ့ အချိန်တွေ၊
မင်းလက်ကလေးကိုင်ခဲ့ရတဲ့
စက္ကန့်ပိုင်းတွေ၊ ကြည့်ရင်းနဲ့
ပြုံးရတဲ့ငေးမောမှုတွေ...
အသက်ရေ
ငါဟာမင်းကို သတိတရပါကွယ်။

-အံ့လွန်းပျို
Media is too big
VIEW IN TELEGRAM
ကဗျာအမည် - အိပ်ဆေးမေ့တဲ့ည
ရေးသားသူ - အံ့လွန်းပျို
ရွတ်ဖတ်သူ - လင်းဧနူ
အမျိုးအတွက် စွန့်ဝံ့သူ

ချစ်တဲ့သူငယ်လေ . . .
သူငယ်ချင်းကောင်း သွေးသောက်တို့လေ . . . ။

တိုက်ပါရလို့ တိုက်ရလျှင်လဲ
ဗမာအရှင်၊ တို့သခင်မျိုး
မျိုးရိုးဂုဏ်ထက်၊ ဓားရေးသွက်သည့်
ဗမာဘက်မှသာတဲ့။

ကိုင်ပါရလို့ ကိုင်ရလျှင်လဲ
ကျောက်ကြီးကျောက်ငယ်၊ ခုနစ်သွယ်တို့
စီခြယ်အပ်သည့်၊ ရွှေထပ်ထားတဲ့
ယိမ်းနွဲ့ပါးဓားမှသာတဲ့။

စွန့်ပါရလို့ စွန့်ရလျှင်လဲ
ဘိုးဘွားတို့ချွေး၊ အသက်သွေးနှင့်
တို့မျိုးဇာနည်၊ ထီးနန်းတည်ထောင်
ဗမာပြည်ကြီးမှသာတဲ့။
ရန်သူတို့လည်းချောင်းသွေး၊
ခြေဆေးချင်တယ်လေး။

-ဒေါင်းနက်
တံခါးမရှိ၊ ဓားမရှိ
ကော်ဇောခင်းလို့ စောင့်နေသူမို့
ရွှေရှိဖို့၊ ငွေရှိဖို့မလို
သူရှိရင်ပဲ ပြည့်စုံပါပြီ။

-အံ့လွန်းပျို
မရှိမဖြစ် ဆိုတာမျိုး
တကယ်ရှိခဲ့တယ် အသက်။
မင်းမရှိလို့ မဖြစ်တာမဟုတ်ဘဲ
မင်းရှိမှဖြစ်မယ့် အခိုက်အတန့်မျိုး
ငါ့ဘဝမှာလဲ ရှိခဲ့တယ်။

-အံ့လွန်းပျို
အချစ်ခံရဖို့ ချစ်တာမဟုတ်ပေမဲ့
အပြစ်ခံရဖို့လို့လဲ မရည်ရွယ်ပါဘူး။
ရခဲ့တာကတော့
ဥပေက္ခာတွေချည်း...။

-အံ့လွန်းပျို
တိုးတက်ချင်တယ်ဆိုရင် ဒီနည်းပညာခေတ်ကြီးမှာ ဘာတွေစတင်ပြင်ဆင်သင့်လဲ 🤔


🚀 အခုလို Digital ခေတ်ကြီးထဲမှာ နည်းပညာတွေက တစ်နေ့ထက်တစ်နေ့ မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ်။

ဒါကြောင့် ခေတ်နဲ့အညီ တိုးတက်ခေတ်မီဖို့ဆိုရင် နည်းပညာတစ်ခုမကဘဲ အခြားကျွမ်းကျင်မှုတွေကိုပါ ယှဉ်တွဲ ပြင်ဆင်ထားဖို့ လိုပါတယ်။ ယနေ့မှာတော့ အရေးကြီးဆုံး ချက် ၄ ချက်ကို မျှဝေပေးလိုက်ပါတယ်။ 📝

1⃣ Digital & AI Skills (ခေတ်သစ် နည်းပညာ အသုံးချမှု) 📱🤖


- AI Tools တွေ (ChatGPT, Claude ..... etc) ကို သာမန် မေးမြန်းရုံတင် မဟုတ်ဘဲ ကိုယ့်ရဲ့ စာပေသင်ယူမှု၊ အလုပ်အကိုင်နဲ့ စိတ်ကူးတွေကို အထောက်အကူပြုအောင် Prompt စနစ်တကျ ပေးပြီး အသုံးပြုတတ်ရမယ်။ 💡

- Digital Content & Communication ကို လေ့လာရမည်။ ကိုယ့်ပိုင် အသိပညာ ဒါမဟုတ် ဝါသနာပရိသတ်ကို Online Platform တွေမှာ ထိရောက်စွာ တင်ဆက်နိုင်တဲ့ Skill က အဖိုးတန် လက်နက်တစ်ခု ဖြစ်ပါတယ်။ 📱✨

2⃣ ဘာသာစကားနှင့် သတင်းအချက်အလက် စိစစ်နိုင်စွမ်း (Languages & Critical Thinking) 🌍🧠


- အင်္ဂလိပ်ဘာသာစကားအပြင် နောက်ထပ် ဒုတိယ ဘာသာစကားတစ်ခုခု (Japan, Thai, Chinese ..... etc) ကို ထပ်ဆောင်း လေ့လာထားခြင်းက အခြေအလမ်း အသစ်တွေကို ပိုမို ပွင့်စေပါတယ်။ ✨

- အင်တာနက်ပေါ်မှာ သတင်းအချက်အလက်တွေ များပြားလွန်းတာကြောင့် အမှန်/အမှားနဲ့ မိမိအတွက် တကယ်အသုံးဝင်တာကို ခွဲခြားစိတ်ဖြာနိုင်တဲ့ စွမ်းရည် (Data Literacy) ရှိဖို့ လိုအပ်ပါတယ်။ 📊✨

3⃣ Self-Directed Learning (ကိုယ်တိုင် စဉ်ဆက်မပြတ် လေ့လာခြင်း) 📚


ဘွဲ့တစ်ခု သို့မဟုတ် သင်တန်းတစ်ခုတည်းနဲ့ ရောက်ရှိနေမဲ ကိုယ် စိတ်ဝင်စားတဲ့ ခေါင်းစဉ် (ဥပမာ - စိတ်ပညာ၊ သိပ္ပံ၊ စာပေ၊ မော်တော်ကား စသည်) တွေကို Online ကနေ ကိုယ်တိုင် ရှာဖွေ လေ့လာတဲ့ အလေ့အကျင့် မွေးရမည်။ 💻

4⃣ Deep Work & Focus (အာရုံစိုက်နိုင်စွမ်းကို ထိန်းချုပ်ခြင်း) 🎯


Short-form Video တွေနဲ့ Notification တွေကြောင့် အာရုံစိုက်မှု ပျံ့လွင့်လွယ်တဲ့ ခေတ်မှာ စာတစ်အုပ် သို့မဟုတ် အကြောင်းအရာ တစ်ခုပေါ်မှာ အချိန်ပေးပြီး အာရုံစိုက် စနစ်တကျ လေ့လာနိုင်ခြင်းက ကြီးမားတဲ့ အားသာချက် ဖြစ်ပါတယ်။ 📚✨

စိန်ခေါ်မှုလေး တစ်ခု 📢


"ပြောင်းလဲခြင်းဆိုတာ အချိန်တစ်ခု ပေးရပေမဲ့ ဒီနေ့ စတင်လိုက်တဲ့ အသေးငယ်ဆုံး အလေ့အကျင့်တစ်ခုက နောင်တချိန်မှာ ကြီးမားတဲ့ ရလဒ် ဖြစ်လာမှာပါ။"

ဒီနေ့ကစပြီး ဒီအချက်တွေထဲက ဘယ့်အချက်ကို စတင် ပြင်ဆင်မလဲဆိုတာ ကွန်မန့်မှာ မျှဝေသွားခဲ့ကြပါဦးနော် 📝✨

#Moe
#Digital_Skills
#Growth_Mindset
#Forward_only
လေနှင်ရာလွင့်တဲ့
လေလွင့်ရွက်ဝါလေး တစ်ရွက်ကို
ငါ့အတွက် ရောက်လာတဲ့
ကံကောင်းခြင်းလေးလိုမျိုး
တန်ဖိုးထားပေးခဲ့ပါတယ်...။

-အံ့လွန်းပျို
Shambhala 𓅓
တိုးတက်ချင်တယ်ဆိုရင် ဒီနည်းပညာခေတ်ကြီးမှာ ဘာတွေစတင်ပြင်ဆင်သင့်လဲ 🤔 🚀 အခုလို Digital ခေတ်ကြီးထဲမှာ နည်းပညာတွေက တစ်နေ့ထက်တစ်နေ့ မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ်။ ဒါကြောင့် ခေတ်နဲ့အညီ တိုးတက်ခေတ်မီဖို့ဆိုရင် နည်းပညာတစ်ခုမကဘဲ အခြားကျွမ်းကျင်မှုတွေကိုပါ ယှဉ်တွဲ…
စာရှည်​နေလို့ပုံမဆန်လို့ rp ပြန်ပြီးတင်လိုက်တာပါရှင့်။

#Moe
အသက်ရှင်နေရခြင်းမှာ
ဝန်ကင်းချင်တယ်။အများအကျိုး
အတွက်ဆိုရင်တောင် တစ်ခါတစ်လေ
ကိုယ့်ကိုယ်ကိုယ် ပြန်ငဲ့ရမယ်။
ငါဟာ ချောက်ကမ်းပါးစွန်းမှာ...။

-အံ့လွန်းပျို
အလွမ်း

တမ်းတမ်းတတ
လွမ်းနာကျ
ဘဝအစဉ် လွမ်းမိပင်။

-အံ့လွန်းပျို
❤1
ပွဲတော်တွေဟာလည်း
ပျော်စရာမကောင်းတော့ပါဘူး။
ဒို့ခေါင်းပေါ်မှာ
ကောင်းကင်ကြီးဟာ
လွတ်လွတ်လပ်လပ်မှမဟုတ်တာ ။

-မောင်ချောနွယ်
❤1
ပညာဟူသည်၊ နတ္တမည်ပင်
တည်တံ့ဉာဏ်ဦး၊ ထည်ဝါထူးလည်း
အရူးစကား၊ ယုံကြည်ထားမူ
အလားတူဟန် ဉာဏ်မဲ့တည်း။

-အံ့လွန်းပျို
❤1
လူဆန်ခြင်း

ဘဝမှာ
မရခဲ့တာတွေ အများကြီးအတွက်
တစ်ဝက်နောင်တနဲ့ နေထိုင်တယ် ။

စိတ်မကုန်နိုင်သေးသော ကမ္ဘာကြီး
မိုက်လုံးကြီးမှုတွေအတွက် ခွင့်လွှတ်ပါ ။

-လှသန်း