View of Sue
14.7K subscribers
78.1K photos
4.24K videos
2 files
9.39K links
သတင်းအမှန်နှင့် သဘောတရားရေးများ တင်ပြပါမယ်
Download Telegram
၂၀၂၁ တုန်းက
စစ်ဝတ်စုံ ဝတ်ထားတဲ့ လူတွေ လူကို ခုတ်ထစ်ပြီး ဝက်သားတွေ ရမယ် ဆိုပြီး
ပြောနေတဲ့ video က
တကယ်ပဲ KNU တွေ ဖြစ်မယ်ထင်တယ်
😱482😁2👍1
ဘင်းဂလားဘက်က ဖမ်းပြန်ပြီ။ နေ့စဉ်လိုပါပဲ။

မောင်တောကို AA စရခါစက
ဟိုဘက်က အဲဒီလောင် မဖမ်းသေးဘူး။

မိမိအထင် ရခိုင်နဲ့ ဘင်းဂလား ကုန်သွယ်နေတဲ့ ဦးကျောက်တောင်တို့ ကုန်သင်းဘောတွေကို AA ဖမ်းပြီး ငွေညှစ်ကတည်းက
Bangladesh က AA ကို ဓါးပြအဖွဲ့အဖြစ် သတ်မှတ်လိုက်လို့
AA နဲ့ ကုန်သွယ်မှူကို တရားဝင် ဝေးလို့ တရားမဝင်တောင် ခွင့်မပြုတော့တာ ဖြစ်နိုင်သည်။
👍661😁1
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာ
ရှမ်းနီအမျိုးသားတပ်မတော်တပ်မဟာ ၇၅၃ (SNA) တပ်မဟာမှ တပ်မမှူးကိုယ်တိုင် နမ့်တော ရပ်မိရပ်ဖ
နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ကျေးရွာသန့်ရှင်းလှပရေးအတွက် အမှိုက်သိမ်းကားတစ်စီး ပေးအပ်လှူဒါန်းမှု ပြုလုပ်ခဲ့ပါသည်။
(၂၉-၁၂-၂၀၂၅ တနင်္လာ)

Credit
👍6114👎1😁1
လီဆူတွေက ဂျိန်းဖောတွေနဲ့ လူမျိုး မတူချင်ပါဘူးတဲ့
👏4210👍4😁2
View of Sue
Photo
မြန်မာပလာဇာ လူသတ်မှုက တရားခံတွေကို သေမိန့်ချ

ဒီဇင်ဘာ ၃၀ - ၂၀၂၅
SN (VOM)

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က မြန်မာပလာဇာ ကားပါကင်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒေါ်စန်းစန်းအေး ဆိုသူ အမျိုးသမီးတယောက် အသတ်ခံရမှုမှ တရားခံ နှစ်ယောက်ကို ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ သေမိန့် ချမှတ်လိုက်ပြီ ဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

သေမိန့်ချခံရသူတွေဟာ ဦးမြတ်သူရကျော်နဲ့ ဦးမျိုးလွင်ဦးတို့ ဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ပုဒ်မ ၃၀၂ (၁)(ခ) အရ ဦးမြတ်သူရကျော်အပါ တရားခံနှစ်ယောက်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်စေ ဆိုပြီး ဒီနေ့ အမိန့်ချလိုက်ပါတယ်။ ကမာရွတ်ခရိုင် တရားရုံးက အမိန့်ချတာပါ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

လူသတ်မှု ကျူးလွန်သူတွေထဲက ဦးမြတ်သူရကျော်ဟာ သေဆုံးသူ ဒေါ်စန်းစန်းအေးနဲ့ စီးပွားရေး အကျိုးအတူ လုပ်ကိုင်သူ ဖြစ်တယ်လို့ သိရပြီး အကြွေး ပြန်မဆပ်နိုင်တဲ့အတွက်ပြစ်မှု ကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အကြွေး သိန်း ၃၅၀၀ ပြန်မပေးချင်လို့ သတ်တာပါ။ တရားခံက စဖမ်းတုန်းက သုံးယောက်။ ဦးမြတ်သူရကျော်ရဲ့ အမျိုးသမီးလည်း ပါတယ်။ နောက်တော့ အဲဒီ အမျိုးသမီးက အမှုကလွတ်တယ်။ လူသတ်မှု ကျူးလွန်ချိန် သူမပါတဲ့အတွက်ကြောင့်ပါ” လို့ သူက ပြောပါတယ်။

သေဆုံးသူ ဒေါ်စန်းစန်းအေး (၅၉ နှစ်) ဟာ အခင်းဖြစ်ချိန် ဩဂုတ် ၅ ရက်နေ့၊ ညနေ ၄ နာရီကျော်ဝန်းကျင်က အမျိုးသား တယောက်နဲ့အတူ နေအိမ်ကိုပြန်ဖို့အတွက် မြန်မာပလာဇာအောက်ထပ် ကားပါကင်မှာ ရပ်ထားတဲ့ ကားအနီးကို ရောက်ရှိစဉ် အမျိုးသား နှစ်ယောက်က ဓားနဲ့ ဝိုင်းဝန်းထိုးခဲ့တာကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြစ်မှုကျူးလွန်သူ တရားခံတွေကို ဖမ်းဆီးရမိနိုင်ရေးအတွက် ဗဟန်းမြို့မ ရဲစခန်းက (ပ) ၁၉၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ နဲ့ အမှုဖွင့်စစ်ဆေး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo - CJ

#voiceofmyanmar #VOM #မြန်မာပလာဇာ #လူသတ်မှု #တရားခံ #သေမိန့်ချ
👍417👏7😁3
ဟိုနေ့က မုံရွာမှာ ပြန်ပေးဆွဲတဲ့ pdf တွေကို ၅ မိနစ်အတွင်း မိတယ်လို့ ထုတ်ပြန်ထားတာ စိတ်ထဲတော့ မယုံဘူး။ အဲဒီလောက် မြန်ပါ့မလားပေါ့။ လူလည်း မမိတော့။ PDF တွေ ဖမ်းသွားတာရော လခရတွေက ဘယ်လို သိလဲပေါ့။
တော်ရုံက သတင်း မပို့ကြဘူး။ ပို့လည်း ချက်ချင်း မိဖို့ လွယ်ပါ့မလားပေါ့။
နောက်ပိုင်းကြားရတာတော့ အဖြစ်မှန်ပါတယ်။ အဲဒီ ကုလားကြီး ဖမ်းသွားချိန် သူ့မိသားစုထဲက ရဲအသိရှိလို့ ဖုန်းလှမ်းဆက်လိုက်ချိန် ဟိုကလည်း လှည့်ကင်းပတ်နေချိန်နဲ့ ကျပြီး ချက်ချင်း ပိတ်ဆို့နိူင်တာတဲ့။
ဒီနေရာမှာ အညာမှာ ဘာလို့ ပြန်ပေးတွေ သောင်းကျန်းနေလဲ၊ ဘာလို့ မမိတာလဲ။
တာဝန်ရှိတာကတော့
ပြည်သူရော၊ လုံခြုံရေးတွေရောပဲ။
ပြည်သူအများစုက အနီတွေဆိုတော့ လခရတွေကို မယုံဘူး။ ဖြစ်လည်း သတင်းမပို့ပဲ ငွေပေး ရှင်းလိုက်ကြတယ်။

တာဝန်ရှိသူတွေဘက်ကကျ ဖြစ်လာရင် အကြောင်းကြားနိုင်မယ့် ဖုန်းနံပတ်တွေကို ပြည်သူကို ချပေးမထားချင်ဘူး။
ဒီတော့ ယုံတဲ့ ပြည်သူ ရှိဦးတော့ တိုင်စရာ နံပတ်မသိကြဘူး။

အဲဒီဟာကွက်မှာ pdf တွေဟာ လုပ်စားနေကြဦးမှာဖြစ်ပြီး အုပ်ချုပ်သူတွေလည်း နာမည်ပျက်နေဦးမှာပါပဲ။
👍7110😁1🤔1
KIA ကို ဖျင်ချနိုင်တဲ့ ဝါရာဇွပ်ပသစ
👍5715👏7🫡5😁2
ခရုတွေကလည်း အတိတ်နမိတ် ယုံသလား
👍32😁189
ဒဏ္ဍာရီကို ဒဏ္ဍာရီအနေနဲ့ပဲ မြင်ဖို့၊ လက်ခံကြဖို့ လိုတယ်။

ဝမ်ပေါင်မှာ သား ၆ ယောက်ပဲ ရှိရှိ၊ ၁၂ ယောက်ပဲ ရှိရှိ ဘာအရေးလဲ။ ချင်းနဲ့ ကချင် ညီအကို ဖြစ်တဲ့အကြောင်း ဒဏ္ဍာရီပုံပြင်လည်း ရှိသေးတာပဲလေ။ အဓိက က ဒဏ္ဍာရီကို ဒဏ္ဍာရီပုံပြင်တခုအဖြစ်ပဲ လက်ခံကြဖို့ပါ။

ခုဟာက ဆန်နဲ့ သဲ ကို ပေါင်းပြီး ထုပ်ပိုးလို့မရဘူးဆိုတာကို ဖက်နဲ့ ထုပ်မရရင် ပလပ်စတစ်အိတ်နဲ့ ထုပ်မယ် ဆိုသလို ဖြစ်နေတယ်။ ဆန်နဲ့ သဲ ကို ပေါင်းပြီး တစ်အိတ်ထဲ ထည့်မရဘူး ဆိုတာ ထည့်တဲ့အိတ်အမျိုးအစားကြောင့် မဟုတ်ဘဲ ဆန်နဲ့ သဲဟာ မတူတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ လီဆူ၊ ရဝမ်၊ လော်ဝေါ်၊ ဂျိန်းဖော၊ လချိတ်၊ ဇိုင်ဝါး တွေရဲ့ ဘိုးဘွားစဉ်ဆက် အမွေဆက်ခံလာတဲ့ မွေးရာပါအခွင့်အရေး (inherent rights) အရ သီးခြားလူမျိုးစုတွေ ဖြစ်တယ် ဆိုတာ ငြင်းမရတဲ့အရာ ဖြစ်တယ်။

ဒီနေရာမှာ ပြောစရာရှိတာက ညီအကို မျိုးနွယ်စုဆိုတဲ့ သဘောတရား ဖြစ်တယ်။ ဟုတ်ပါတယ်။ ကျနော်တို့သည် ညီအကိုမျိုးနွယ်စုတွေပါပဲ။ လီဆူ၊ ရဝမ်၊ လော်ဝေါ်၊ ဂျိန်းဖော၊ လချိတ်၊ ဇိုင်ဝါး တွေတင်မဟုတ်ဘဲ ကရင်၊ ဗမာ၊ ချင်း၊ သျှမ်း အားလုံးကလည်း ညီအကိုမျိုးနွယ်စုတွေပါပဲ။ ကျနော်တို့ အားလုံးသည် Sino Tibetan မျိုးနွယ်စုတွေ ဖြစ်ပြီး တရုတ်ပြည်ကတဆင့် ရွေ့ပြောင်းရောက်ရှိလာကြတဲ့ လူမျိုးစုတွေ ဖြစ်ပါတယ်။ နုဂျီအခေါ်အရ migrant ကို ခိုးဝင်လို့ သုံးရင် ကျနော်တို့ အားလုံးက ဌာနေလူမျိုးစုတွေမဟုတ်ဘဲ ခိုးဝင်လူမျိုးစုတွေပါ။ ဒီညီအကိုမျိုးနွယ်စုဆိုတဲ့သဘောတရားကို အာဏာရှင် စစ်အုပ်စုကလည်း 'သွေးချင်းတိုင်းရင်းသား' ဆိုပြီး တွင်တွင်ကျယ်ကျယ် သုံးခဲ့၊ သုံးနေဆဲ ဖြစ်ပါတယ်။ ဆိုလိုချင်တာသည် ညီအကိုမျိုးနွယ်စုဆိုတဲ့ သဘောတရားအောက်က လူမျိုးစုတခုက နောက်တခုကို လွမ်းမိုးတာ၊ အခွင့်အရေးယူချယ်လှယ်တာမျိုး မဖြစ်ဖို့ လိုပါတယ်။

နောက်ပြီး မဟာလူမျိုးကြီးဝါဒအကြောင်းပြောရင် Super majority ဖြစ်တဲ့ ဗမာအုပ်စုအပြင် Local majority တွေ အကြောင်းလည်း ပြောဖို့ လိုပါတယ်။ မဟာဗမာအတွေးအခေါ်ကိုပဲ မြင်ပြီး မဟာဂျိန်းဖော/ကချင်၊ မဟာသျှမ်း၊ မဟာရခိုင် အတွေးအခေါ်တွေကို မပြောမဆိုကြရင် ကျနော်တို့ ပြောနေတဲ့ ဖက်ဒရယ်ကလည်း အပေါ်ယံဖက်ဒရယ်ပဲ ဖြစ်နေအုံးမှာ ဖြစ်ပါတယ်။

ကျနော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုသည် လူမျိုး ၈ မျိုးရဲ့အာဏာခွဲဝေရေးဆိုတာထက် ပိုရပါမယ်။ ပြည်နယ်သစ် ဖွဲ့စည်းရေး၊ နယ်မြေရှိတဲ့ လူမျိုးစုတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နယ်မြေမရှိတဲ့ လူမျိုးစုတွေအတွက် နယ်မြေအခြေမပြုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (non-territorial autonomy) သတ်မှတ်ပေးခြင်းအပြင် လူနည်းစုဗီတို (minority veto) ပေးသင့်တဲ့အုပ်စုတွေအတွက် လူနည်းစုဗီတို ပေးဖို့အထိ စဉ်းစားကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ ဖက်ဒရယ်အခင်းအကျင်းအတွက် လူမျိုးစုငယ်တွေအပေါ်မှာ ခေတ်အဆက်ဆက် အင်အားသုံးပြီးသော်လည်းကောင်း၊ အနုနည်းဖြင့်သော်လည်းကောင်း ဖိနှိပ်လွမ်းမိုးထားမှုတွေကို ဖယ်ရှားပြီး ကိုယ်ပိုင်အမျိုးသားလက္ခဏာများကို ဖော်ထုတ်တာ၊ ပြန်လည်တည်ဆောက်တာတွေ လုပ်နိုင်အောင် ပံ့ပိုးပေးဖို့ လိုပါတယ်။ ဒါဟာ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ယူဆပါတယ်။



မူရင်း ရေးသားသူ Dee Jar Fish
👍3515😁1
မီးရထားတွေကို ဖေါက်ခွဲဖျက်စီးဖို့ ပြောနေတဲ့လူ။ ရန်ကုန်က

Account link
https://www.facebook.com/share/p/1BeABueNFy/

သူမန့်တဲ့ post
https://www.facebook.com/share/p/1BCbY1DnA3/
👍36😡19🔥43😁2
ဖာပွန်မှာ ပဒပ်တွေ ရှောကြောင်း
နီပိတ်မရဲ့ ဝန်ခံချက်
👍351
ပြည်သူတွေရဲ့ ငွေတွေ ခိုးထားတော့
နူနာဖြစ်နေပြီထင်တယ်
😁27👍102👏2🫡1
နီပိတ်တွေရဲ့ BC အောင်မြင်နေမှူ
👍29😁12👏4😡1