Forwarded from Eleven Media Group
■ မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူခွင့်နှင့်ပတ်သက်ပြီး ယာဉ်အုပ်စုနှင့်စက်စွမ်းအင်အလိုက် တစ်ပတ်အတွင်း ဝယ်ယူခွင့်ရရှိမည့် စက်သုံးဆီပမာဏအား Barcode, QR Code ဖြင့် စတင်ရောင်းချနေ
မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူခွင့်နှင့် ပတ်သက်ပြီး ယာဉ်အုပ်စုနှင့် စက်စွမ်းအင်အလိုက် တစ်ပတ်အတွင်းဝယ်ယူခွင့်ရရှိမည့် စက်သုံးဆီပမာဏအား ယမန်နေ့ဧပြီလ (၂၂) ရက်နေ့မှ မှစပြီး Barcode, QR Code ဖြင့်စတင်ရောင်းချနေကြောင်း သိရသည်။
ယမန်နေ့တွင် စက်သုံးဆီလာရောက်ဝယ်ယူကြသည့် မော်တော်ဆိုင်ကယ်၊ သုံးဘီး/ အိုးဝေယာဉ်များနှင့် မော်တော်ယာဉ်များအား QR Code များလုပ်ဆောင်ပေးကာ သတ်မှတ်တန်ဖိုးအလိုက် စက်သုံးဆီများရောင်းချပေးနေကြောင်း မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “လောလောဆယ်မှာ ယာဉ်လိုင်စင်မှာ ပါရှိတဲ့ ယာဉ်နံပါတ်နဲ့ QR Code လုပ်ပေးလိုက်တယ်။ အဲ့ဒီ QR Code ကိုတော့ ကိုယ့်ဖုန်းနဲ့ကိုယ် ဓါတ်ပုံရိုက်သွားပေါ့။ ပြီးရင်နောက်ထပ်စက်သုံးဆီဝယ်ယူချင်တယ်ဆိုရင် အဲ့ဒီ QR Code ကိုပြပြီးဝယ်ယူလို့ရပါတယ်” ဟု ပြောကြားသည်။
■ Read more >>>> https://news-eleven.com/article/311415

👍25❤4