Myanmar Update News 🇲🇲
36.9K subscribers
76.7K photos
3.55K videos
10 files
12.3K links
Myanmar Update News
Download Telegram
ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟို ဥက္ကဋ္ဌ၊ မုံရွာမြို့ ရန်ကင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပန ကျင်းပ

ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟိုဥက္ကဋ္ဌ၊ မုံရွာမြို့၊ ရန်ကင်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဧပြီလ(၂၆)ရက်ကကျင်းပရာ စျာပနလှည့်လည်ရာ လမ်းတလျောက် မုံရွာမြို့သူ မြို့သားများစွာ ဖူးမြှော်ခဲ့ကြသည်။

မုံရွာမြို့၊ ရန်ကင်းရပ်၊ ရန်ကင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇော
တိကဓဇ၊ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗဟို ဥက္ကဋ္ဌ ဘဒ္ဒန္တပညာဝံသပျံလွန်တော်မူသည့် ဧပြီလ (၁၈)ရက်မှ ဧပြီလ(၂၆)ရက်
နံနက်(၇)နာရီအချိန်တိုင်း ဆွမ်းစဥ်ခြင်းကို ပြုလုပ်ခဲ့သည်။

ဆရာတော်ကြီးရုပ်ကလာပ်ကို ဧပြီလ(၂၅)ရက်က ယာယီစံကျောင်းတော်မှ ဗဟိုစံကျောင်းတော်သို့ စံကျောင်းချအခမ်းအနားကျင်းပခဲ့ပြီး နေ့လယ်ပိုင်းတွင် မန္တလေးချိုတူးအဖွဲ့က ဧယာဥ်ကျူးသည်။

ဧပြီလ (၂၆)ရက် ၊ နံနက် (၇)နာရီ ဆွမ်းစဥ်အပြီးတွင် သရဏဂုံတင် အခမ်းအနားကျင်းပကာ မုံရွာဇင်မာအောင်အဖွဲ့ကဧယာဥ်ကျူးကာ မွန်းလွဲ (၂)နာရီခွဲတွင် ရန်ကင်းကျောင်းတိုက်မှ အဂ္ဂိစျာပနကွင်းသို့ ပင့်ဆောင်ကြသည်။

အဂ္ဂိစျာပနကွင်းတွင် ဥတုဇရုပ်ကလာပ်တော်ကို ညနေ (၅) နာရီခွဲအချိန် အစီအစဥ်အတိုင်း မီးပူဇော်ခဲ့ကြပြီး ဧပြီလ(၂၇) ရက် ၊နံနက် (၆)နာရီတွင် ကြွင်းကျန်ရစ်သော အရိုးပြာကောက်ယူကာ ချင်းတွင်းမြစ်အတွင်း ဥဒကဝါဟန အရိုးပြာရေမျှောကြမည်ဖြစ်သည်။
🔴 ငလျင်သတိပေးချက်! 🔴

ပြင်းအား : 4.0
တည်နေရာ : Naung Khan, Kyaukse ဒေသ, မန္တလေး, မြန်မာနိုင်ငံ
ကိုဩဒိနိတ် : 21.4950, 96.2800
အနက် : 10.0 ကီလိုမီတာ
ငလျင်လှုပ်ချိန် : 2025-04-26 20:53:27 (ရန်ကုန်အချိန်)
သတိပေးချိန် : 2025-04-26 21:04:00 (ရန်ကုန်အချိန်)
Google Maps : https://www.google.com/maps?q=21.495,96.28

နောက်ထပ်အချက်အလက်များ: https://earthquake.tmd.go.th/inside-info.html?earthquake=14075
Media is too big
VIEW IN TELEGRAM
MT News သတင်းဌာနရဲ့ တစ်နေ့တာအတွင်း ထူးခြားသတင်း

၂၆. ၄. ၂၀၂၅
တင်ဆက်/တည်းဖြတ် MT News

ဒီနေ့အတွက် MT News သတင်းဌာနရဲ့ ၂၄ နာရီ သတင်းအစီအစဉ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့

◾️ PDF ၃၂ ဦးက သေနတ်တွေ၊ ဗုံးတွေနဲ့ ကျည်တွေပါ သယ်ယူလာပြီး တပ်မတော်ထံ အလင်းဝင်လို့ တပ်မတော်က သိန်းရာချီ ဆုချီးမြှင့်တဲ့သတင်း

◾️ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီးနောက် နေပြည်တော်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေ အခုတစ်ပတ်အတွင်း ဆက်သွယ်ဖို့ အသိပေးတဲ့သတင်း

◾️ KNU ဆီ ပို့မယ့်လက်နက်ခဲယမ်း အများအပြားကို ဘန်ကောက်မှာ 🔻🔻🔻
ရာအိမ်မှူးတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အမျိုးသားလေးဦးကို PDF များ သတ်ဖြတ်

၂၆. ၄. ၂၀၂၅
Written by Nay Moe

ရာအိမ်မှူးတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အမျိုးသားလေးဦးကို PDF များ သတ်ဖြတ်လိုက်မှု ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၀ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကျောင်းစုကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဦး(၄၈)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် …

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98979

#ပဲခူး #မကွေး #မန္တလေး #အုပ်ချုပ်ရေးမှူး #NUG #PDF #အကြမ်းဖက် #ပျူစောထီး #ပကဖ #MT #mtnews #MyanmarTransparency
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို လေ့လာဖတ်ရှုနိုင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် www.mdn.gov.mm/uec တွင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်ထားပြီး Mobile Application ကိုလည်း Download ရယူ၍ လေ့လာဖတ်ရှုနိုင်ပါသည်။

ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များ၊ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို လေ့လာဖတ်ရှုနိုင်ပါသည်။

Myanmar Digital News
ဆက်သွယ်ဆောင်ရွက်နိုင်ရေး အသိပေးအကြောင်းကြားခြင်း
ယောဒေသမှာ PDF က စစ်မှုထမ်းဖို့ အမိန့်ထုတ်လို့ လူငယ်များထွက်ပြေးတိမ်းရှောင်နေရ .....။
မျှဝေခွင့်ပြုပါရှင်
မိုင် ၃၀၀၀ ကျော်နဂါးပုံသဏ္ဌန်ပြတ်ရွေ့ကြောင်းကြီး
Himalayan fault line အကြောင်း။
ကမ္ဘာပေါ်မှာအမြင့်ဆုံးဧဝရတ်တောင်နဲ့၊ တောင်အထူထပ်ဆုံး ဟိမဝန္တာတောင်တန်းကြီးကို ဖြစ်ပေါ်လာစေတာဟာ Himalayan fault line လို့ခေါ်တဲ့ Himalayan Megathrust ပါပဲ။
အလည်ပိုင်းနဲ့အနောက်ဖက်ခြမ်းတစ်ခုတည်းတောင်
မိုင်ပေါင်း(1,500)ခန့်ရှည်လျှားပြီး။ ကချင်ပြည်နယ်ခါကာပိုရာဇီတောင်တန်းတွေမှာတောင်ဖက်ကိုကွေ့ဆင်းသွားပြီး၊မြန်မာပြည်က(Sagaing Fault)နဲ့တစ်ဆက်တည်းဖြစ်ကာမုတ္တမပင်လယ်ကွေ့ထဲကိုထိုးဆင်းသွားပါတယ်။
ဆိုလိုတာကစစ်ကိုင်းပြတ်ရွေ့ဆိုတာသီးခြားတည်ရှိနေတာမဟုတ်ပဲ။ Himalayan fault line ကြီးရဲ့အစွန်အဖျား ပိုင်းလေးတစ်ခုသာလျှင်ဖြစ်ပါတယ်။
Himalayan fault line ကြီးရဲ့အလည်ပိုင်းနဲ့အနောက်ဖက်ခြမ်းကမိုင်ပေါင်း(1,500)၊ အရှေ့ဖက်ခြမ်းနဲ့ကွေ့ဆင်းသွားတဲ့အပိုင်းကမိုင်ပေါင်း(800)ကျော်လောက် ရှည်လျားပါတယ်။
တောင်ဖက်ကိုဆင်းလာတဲ့အမြီးပိုင်း(Sagaing Fault)ကတော့မိုင်ပေါင်း(750)လောက်ပဲကျန်ပါတော့တယ်။ ဒါကြောင့် Himalayan fault အစကနေ စစ်ကိုင်းပြတ်ရွေ့အဆုံးမုတ္တမကွေ့နားကနေပင်လယ်ထဲဆင်းသွားတဲ့နေရာအထိအားလုံးပေါင်းကြည့်လိုက်မယ်ဆိုရင်မိုင်ပေါင်း(3,000)ကျော်လောက်ရှည်လျားသွားပါတယ်။တစ်ကယ်တော့စစ်ကိုင်းပြတ်ရွေ့ဆိုတာဟာ Himalayan Megathrust ရဲ့အစွန်အဖျားအမြီးပိုင်းလေးပဲဖြစ်ပါတယ်။
ဒါကြောင့်(Sagaing Fault)မှာလှုပ်နိုင်တဲ့ငလျင်တွေဟာ(7+)အထိပဲရှိတတ်ကြပါတယ်။(Himalayan main fault line)အပေါ်မှာဖြစ်မယ်ဆိုရင်တော့(8+)နဲ့(9)လောက်အထိအင်အားကြီးမားသွားနိုင်ပါတယ်။ဆိုလိုတာကစစ်ကိုင်းငလျင်ထက်(၁၀)ဆမကပိုပြီးပြင်းထန်စွာလှုပ်ခတ်နိုင်ပါတယ်။
-
လူတိုင်းနားလည်အောင် Himalayan fault ကိုနဂါးကြီးတစ်ကောင်နဲ့ဥပမာပေးရမယ်ဆိုရင်၊နဂါးကြီးရဲ့ဦးခေါင်းပိုင်းဟာဟိမဝန္တာတောင်တန်းကြီးဖြစ်ပြီး၊အလည်ပိုင်းက၊ကချင်ပြည်ကနေတောင်ဖက်ကိုကွေ့ဆင်းလာတယ်ဆိုကြပါစို့၊စစ်ကိုင်းပြတ်ရွေ့ဆိုတာ၊အမြီးပိုင်းသေးသေးလေးတစ်ခုလောက်ပဲရှိပါတယ်။စစ်ကိုင်းပြတ်ရွေ့ရဲ့ငလျင်လှုပ်ခတ်နိုင်တဲ့အင်အားဟာလဲ Himalayan Megathrust ရဲ့အင်အားနဲ့နိုင်းယှဉ်ရင်(၁၀)ပုံတစ်ပုံတောင်မရှိပါဘူး။
-
Himalayan Megathrust ရဲ့ငလျင်လှုပ်ခတ်နိုင်မှု့ပြင်းအားကိုအိပ်နေတဲ့နဂါးကြီးတစ်ကောင်နဲ့ဥပမာပြုပြီးလူတွေမှတ်မိလွယ်အောင်ဥပမာထပ်ပေးရမယ်ဆိုရင်တော့
*(အမြီးကလေးထလှုပ်သွားတာတောင်(7.7)ဆိုတော့၊ပါးပြင်းထထောင်ရင်တော့(9)လောက်ဖြစ်သွားနိုင်ပါတယ်)*
ဒီစကားလေးကိုမှတ်မိနေရင် Himalayan Megathrust မှာဖြစ်နိုင်တဲ့ငလျင်ပြင်းအားကိုအားလုံးနားလည်သွားလောက်ပါပြီ။
-
အိပ်နေတဲ့ဟိမဝန္တာနဂါးကြီးကလဲ(7.7)နဲ့အမြီးထလှုပ်ပြပြီးနိုးထလာပါပြီ။ပါးပြင်းထထောင်ဖို့အတွက်ကလဲ(overdue)ဖြစ်နေပါပြီ။ဘယ်နေ့ဘယ်ရက်မှာပါးပြင်းထထောင်မယ်ဆိုတာကတော့ဘယ်သူမှမပြောနိုင်ပါဘူး။ဒါပေမယ့်မကြာတော့ပါဘူး။သတင်းကောင်းတစ်ခုကဦးခေါင်းလှုပ်ရင်မြန်မာပြည်နဲ့တော့ဝေးပါတယ်။
-
ဒီနေရာမှာကျွန်တော်တစ်ခုပြောချင်တာကမိုင်းဖုန်းဆရာတော်ကြီးပြောသွားတဲ့(နဂါးကြီးနိုးထလာပြီ)ဆိုတဲ့စကားဟာ၊မကြာခင်အနာဂါတ်အတွက်အတိတ်နိမိတ်စကားတစ်ခုဖြစ်မလာပါစေနဲ့လို့ပဲဆုတောင်းနေပါတယ်။
-
-
-
ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်သူများယုံကြည်မှု့ကိုတော့မစော်ကားမပုတ်ခတ်ကြပါနှင့်။လူတိုင်းမှာလွတ်လပ်စွာယုံကြည်ခွင့်ရှိပါတယ်။သူတပါးယုံကြည်မှု့ကိုစော်ကားပုတ်ခတ်နေကြတာကတော့လူ့အခွင့်အရေးချိုးဖေါက်တာ၊လူမဆန်တာပါပဲ။
-
ဘာပဲဖြစ်ဖြစ်ဆရာတော်ကြီးရဲ့စကားအရဟိမဝန္တာတောင်တန်းဒေသကိုတော့အထူးသတိထားပြီးစောင့်ကြည့်ရပါတော့မယ်။မှန်တယ်မမှန်ဘူးကတော့(အချိန်)ကသာစကားပြောလာပါလိမ့်မယ်။
-
ကံကောင်းတာတစ်ခုကမြန်မာပြည်နဲ့တော့အလှမ်းဝေးနေပါတယ်။အိန္ဒိယနဲ့နီပေါတွေကပိုပြီးစိုးရိမ်ကြရမှာဖြစ်ပါတယ်။
-
အားလုံးဘေးရန်ကင်းကြပါစေ။
Forwarded from MDY image✍️
သူခိုး၊ ဓားပြတို့ရဲ့ ဂိုဏ်းချုပ်
သူခိုးမကြီး ဖာဆယ်လို(ခေါ်)
အပျံမ ကတော့
ခိုးရာပါ၊ တိုက်ရာပါ
ပစ္စည်းတွေကို
Live လွှင့်ပြီးရောင်းနေပြီ
ပြည်တွင်း ကအဖွဲ့တွေ
အကြမ်းဖက်သမ
အပျံမဆီကနေ ခိုးရာပါ
ပစ္စည်းတွေကို ဝယ်မိရင်
အကြမ်းဖက်မှုနဲ့
အရေးယူခံရမှာဖြစ်သလို
ပြည်ပက အဖွဲ့တွေ
ဝယ်မိကြရင်တော့
ပတ်စပို့တွေ ဗီဇာတွေ
အသိမ်းခံရမယ်
Blacklist စာရင်း
သွင်းခံရမယ်ဆိုတာတော့
သတိရကြဖို့
သတိပေးလိုက်မယ်နော်
Forwarded from SKZ Book
This media is not supported in your browser
VIEW IN TELEGRAM
ဆီးချိုဝေဒနာရှင်များ 𝗠𝗲𝘁𝗳𝗼𝗿𝗺𝗶𝗻 ဘာကြောင့်သောက်သင့်သလဲ ...

✅ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း၏ နာယက ဆီးချို ၊ သွေးချိုရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်မှပြောကြားထားသော "ဆီးချိုဝေဒနာရှင်များ 𝗠𝗲𝘁𝗳𝗼𝗿𝗺𝗶𝗻 ဘာကြောင့်သောက်သင့်သလဲ" အကြောင်းကို ကျန်းမာရေးဗဟုသုတရရှိစေရန်တင်ပေးလိုက်ပါသည်
အပစ်ရပ်ကို ချိုးဖောက်လာတဲ့ AA အကြမ်းဖက်
ကျောက်ဖြူမြို့နယ်၊ သပြုတောင်ရွာအနီး အေအေသူပုန်မျာကို တိုက်ခိုက်

ဧပြီ ၂၆ ရက် ညနေပိုင်းအချိန်က ကျောက်ဖြူမြို့နယ်၊ သပြုတောင်ရွာအနီး အကြမ်းဖက်အေအေ တိုက်ခိုက်ခံ တပ်စခန်းအား အကြမ်းဖက် AA ၄၈ ဦးခန့်က နေရာ ၂ နေရာမှ တိုက်ခိုက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် နစက စစ်သည် ၂ ဦး (ကျော်ဟိန်းထိ) ပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် AA ၆ လောင်း
(၂) လက်နက်မျိုးစုံ ၄ လက်
တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
အပစ်ရပ်ကို ချိုးဖောက်လာတဲ့ အကြမ်းဖက်သူပုန်အား ညှာတာစရာ မလိုပါ။
မန္တလေးတိုင်း ပြန်လည်ထူထောင်ရန် ငွေကျပ် (၆၀) ဘီလီယံ ထောက်ပံ့ပေးထား

ငလျင်ဒဏ်သင့် မန္တလေးတိုင်း ပြန်လည်ထူထောင်ရန် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှတဆင့် ငွေကျပ် (၆၀) ဘီလီယံ ထောက်ပံ့ပေးထားကြောင်း သိရသည်။

ထို့ပြင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှတဆင့် စစ်ကိုင်းတိုင်းအတွက် ကျပ် (၅၀) ဘီလီယံ၊ နေပြည်တော်ကောင်စီနယ်မြေအတွက် ကျပ် (၁၀) ဘီလီယံနှင့် ရှမ်းပြည်နယ်အတွက် ကျပ် (၅) ဘီလီယံတို့ကိုလည်း ပေးအပ်ထားကြောင်းလည်း သိရသည်။

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဧပြီလ (၂၄) ရက်အထိ အလှူငွေ ကျပ် (၁၁၅ ဒသမ၈၇၆) ဘီလီယံ၊ အမေရိကန်ဒေါ်လာ (၂ဒသမ၄၃၇) သန်း၊ ကိုရီးယားဝမ် (၅) သန်း၊ အိန္ဒိယရူပီး (၁၅) သန်း၊ ထိုင်းဘတ် (၂) သန်းနှင့် စင်ကာပူဒေါ်လာ (၃၁၅၀) လက်ခံရရှိထားကြောင်းလည်း သိရသည်။

ယင်းအလှူငွေများကို အမျိုသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ငွေစာရင်းထဲ ထည့်သွင်းထားပြီး စနစ်တကျနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပြန်လည်အသုံးပြုသွားမည်ဟုလည်း နစကဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားထားသည်။
Forwarded from FACT CHECK
အောက်တန်းစားခွေးသစ်ကတော့ ကာကင်းတွေသိမ်းတယ် အရှင်ဖမ်းမိတယ်ဆိုပြီး ဂျင်းထည့်နေတယ်
-
မြေပြင်မှာ တိုက်ပွဲဖြစ်ပွားနေတာတော့ မှန်တယ် ဒါပေမဲ့ ဘယ်ကာကင်းစခန်းမှလည်း မကျသလို ဘယ်သူမှလည်း အဖမ်းခံရခြင်းမရှိပါဘူး
-
ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ဗန်းမော်ကိုသိမ်းနိုင်းတယ်ဆိုပြီး လွန်ခဲ့တဲ့ ၄ လလောက်က Social ပေါ်မှာ သွားပုတ်လေလွင့်လျှောက်ရေးထားသေးတယ်
-
လက်ရှိမြေပြင်တွင် KIA/PDF များ အထိနာပြီး အလောင်းများပါ မကောက်ယူနိုင်ကြောင်း သိရှိရပါတယ်
-
ခွေးသစ်က သူပုန်တွေရဲ့ ပေးစာကမ်းစာနဲ့ စားသောက်ပြီး အထိနာနေတဲ့ KIA/PDF တွေကို မိုတီရအောင် ဂျင်းထည့်ရေးသားထားခြင်းဖြစ်ပါတယ်

#Disinformations
FACTCHECK
သတင်းမှန်တွေ ဖတ်ဖို့ 👉 နှိပ်ပါ