UCS-iBoE
607 subscribers
22 photos
11 links
An official telegram channel of Universities of Computer Studies - Interim Board of Education
Download Telegram
LMS Moodle ဝင်မရသူများ မိမိတို့၏ Student ID ကို ucs.iboe@he.moeedu.org ကို ပေးပို့ပြီး LMS ဝင်မရကြောင်း ထည့်ရေးပေးပါ။
LMS Moodle ဝင်မရသူများသို့

တွေ့ရှိချက် ၁။ LMS ဝင်မရကြောင်း ပေးပို့လာသူအချို့သည် ကွန်ပျူတာတက္ကသိုလ်များတွင် ဝင်ရောက်ခွင့်ရထားခြင်းမရှိပါ။
ဖြေရှင်းချက် ၁။ ကွန်ပျူတာတက္ကသိုလ်များသို့ ဝင်ရောက်ခွင့်မရသူကို ကွန်ပျူတာတက္ကသိုလ်များဘက်မှ ဘာမှ လုပ်ဆောင်ပေး၍ မရပါ။ မိမိဝင်ခွင့်ရထားသော တက္ကသိုလ်ကိုသာ ဆက်သွယ်ဆောင်ရွက်ပါ။

တွေ့ရှိချက် ၂။ ပေးပို့လာသော Student ID များသည် ကွန်ပျူတာတက္ကသိုလ်များကို ဝင်ခွင့်ရထားသော်လည်း ကျောင်းအပ်ထားခြင်း မရှိကြသေးပါ။
ဖြေရှင်းချက် ၂https://ucs-iboe.org/enroll_guide/ လင့်တွင် ဖော်ပြထားသည့်အတိုင်း ကွန်ပျူတာတက္ကသိုလ်များတွင် အရင်ဆုံး ကျောင်းအပ်နှံပါ။ ပြီးလျှင် ၂ ရက်စောင့်ပါ။

တွေ့ရှိချက် ၃။ LMS ဝင်မရကြောင်းသာ ပါပြီး Student ID မပါပါ။
ဖြေရှင်းချက် ၃။ မိမိတို့၏ Student ID နှင့် LMS ဝင်မရကြောင်းကို ucs.iboe@be.moeedu.org ထံ အီးမေးလ်ပြန်ပို့ပေးပါ။

တွေ့ရှိချက် ၄။ MES ထဲ ဝင်ထားပြီး LMS ဘယ်ကဝင်ရမလဲ မေးလာခြင်း။
ဖြေရှင်းချက် ၄https://ucs-iboe.org/lms/ လင့်တွင်ဖော်ပြထားသည့်အတိုင်း အတိအကျ ဆောင်ရွက်ပါ။

တွေ့ရှိချက် ၅။ Student ID မှားယွင်းပေးပို့ခြင်း၊ ယင်း ID သည် MES ၏ ကျောင်းသားစာရင်းတွင် မတွေ့ပါ။
ဖြေရှင်းချက် ၅။ မိမိတို့ပို့ပေးထားသော Student ID ကို ပြန်လည်စိစစ်ပြီး မှားယွင်းပါက ပြန်ပို့ပေးပါ။
ကွန်ပျူတာတက္ကသိုလ်များ-ကြားကာလပညာရေးဘုတ်အဖွဲ့
ပညာရည်မှတ်တမ်းတောင်းခံရာတွင် တင်ပြရမည့်အချက်များ


ကွန်ပျူတာတက္ကသိုလ်များတွင် ပထမနှစ်စတင်တက်ရောက်လျက်ရှိသော ကျောင်းသား/သူများသည် ပညာရေးထောက်ခံချက်တောင်းခံရာတွင် အောက်ပါအချက်အလက်များကို ucs.iboe@he.moeedu.org သို့ ပေးပို့တောင်းခံရပါမည်။
၁) အမည်
၂) အဖအမည်
၃) မွေးသက္ကရာဇ် (ရက်၊ လ၊ နှစ်) 
၄) နိုင်ငံသားစိစစ်‌‌ရေးကတ်ပြားမိတ္တူ
၅) MES (မြန်မာပညာရေးစနစ်)တွင် ရရှိခဲ့သော ကျောင်းသားအမှတ် (Student ID)
၆) ‌စီဒီအမ်ဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက် (အမည်/မှတ်ပုံတင်အမှတ်/လက်မှတ်ပါရမည်)

မှတ်ချက်။ ။ယခုကြေငြာချက်သည် ပထမနှစ်စတင်တက်ရောက်နေသော ကျောင်းသား/သူများအတွက်သာ ဖြစ်ပါသည်။
UCS-iBoE pinned Deleted message
StudentIDလေးတွေနဲ့ Joinပေးပါနော်
ကျောင်းထောက်ခံစာတောင်းခံထားသော ပထမနှစ်ကျောင်းသား/သူများ

ကျောင်းထောက်ခံစာကို Email ပို့ပြီးတောင်းထားသော ပထမနှစ်စတင်တက်ရောက်နေသူ ကျောင်းသား/သူများထံ ပြန်လည်ပေးပို့ပြီးဖြစ်ပါသည်။
Email ပို့ပြီး ထောက်ခံစာ ပြန်မရောက်လာသေးဘူးဆိုရင် အဲ့ဒီ Email ကို ucs.iboe@he.moeedu.org ထံ ပြန်ပို့ပေးပါ။ ဒါမှမဟုတ် လိုအပ်တဲ့အချက်အလက် ပြည့်စုံစွာဖြင့် Email ပေးပို့ တောင်းခံပါ။

ပေးပို့ရမည့် Email: ucs.iboe@he.moeedu.org
ကျောင်းပြောင်း ၊ မေဂျာပြောင်းလျှောက်ထားသူများသို့အသိပေးချက်
<><><><><><><><><><><><><><><><><><><><><><><><>

ဝင်ခွင့်စတင်လျှောက်ထားစဉ်မှ အပြီးသတ် ရွေးချယ်ချိန်အထိအဆင့်ဆင့်တိုင်းတွင် မေဂျာရွေးချယ်ရန် လုံလောက်သော စဉ်းစားချိန် အချိန်ကာလ ပေးပြီးဖြစ်ပါသည်။ ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က ချထားပေးသော မေဂျာ၊ဘာသာရပ်မရှိဘဲ ကျောင်းသား/သူတို့ဘက်က လျှောက်ထားလာသော မေဂျာများကိုသာ ဝင်ခွင့်လက်ခံရေးမူနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးကာ ပြန်လည် ရွေးချယ်ခွင့် ပေးခဲ့ခြင်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မေဂျာပြောင်းလျှောက်ထားမှုကို ယခုအသုတ်တွင် (အတန်းများလည်းစတင်နေပြီဖြစ်ပါသဖြင့်) ထပ်မံပြောင်းရွှေ့ခြင်းကိုခွင့်မပြုတော့ပါ။ မိမိတို့ ဝါသနာပါရာ၊ ပိုမိုစိတ်ဝင်စားရာ ဘာသာရပ်/ အထူးပြုများသို့ ထပ်မံ၍ ပြောင်းလိုသည်ဆိုပါက ယခုအသုတ်တွင် တက်ရောက်ခြင်းကို ရပ်နားထားပြီး နောက်တသုတ်ခေါ်ယူမှသာ ပြန်လည်လျှောက်ထားပါရန် အသိပေးပါသည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့
ကြေညာချက်ကို https://ucs-iboe.org/final-continuing လင့်တွင် ဖတ်ရှုနိုင်ပါသည်။

========================
ATTENTION: စစ်ကောင်စီဖွင့်လှစ်သော ကျောင်းများတွင် တက်ရောက်ခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်နှင့် ယင်းကို ထောက်ခံပေးသည့် ထောက်ခံစာ တင်သွင်းခြင်းမရှိသည့် ဖောင်ဖြည့်သွင်းမှုများကို ဆက်လက် ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
========================
Security အတွက် profile မှာ နာမည်ရင်း
မိမိဓါတ်ပုံ သုံးထားခြင်းများ ဂရုစိုက်ပြီးရှောင်ကြဥ်​ပေးကြပါနော်
📷⁩ ⁨🔔🔔🔔တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများသို့ အသိပေးကြေညာခြင်း။ 🔔🔔🔔

၁.၇.၂၀၂၄ ညသန်းခေါင်အချိန်မှစတင်၍ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်ခွင့်လျောက်ထားလာကြသော ကျောင်းသား၊ ကျောင်းသူများ၏ လျှောက်လွှာများအား စိစစ်အတည်ပြုခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မှန်ကန်ပြည့်စုံသော လျှောက်လွှာများကို Verified ပေးနေပြီဖြစ်ပြီး အချက်အလက်မပြည့်စုံသောလျှောက်လွှာများကို လိုအပ်သည့်အချက်အလက်များ MES မှတဆင့် ပြန်လည်တောင်းခံနေပြီဖြစ်ပါသည်။ (ပုံတွင် ကြည့်ရန်)

သို့ဖြစ်ပါ၍ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ MES အကောင့်များအား စောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

💥မှတ်ချက်။ ။ လျှောက်လွှာများစိစစ်အတည်ပြုခြင်းလုပ်ငန်းစဉ်များသည် ၃၁.၇.၂၀၂၄ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အကြောင်းကြားချက် မရရှိသေးသော ကျောင်းသား၊ကျောင်းသူများအနေဖြင့် စိတ်မပူကြပါရန်လည်း အသိပေးအပ်ပါသည်။

အသေးစိတ်ကို "မြန်မာပညာရေးစနစ် [Myanmar Education System (MES)] မှတဆင့်
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် လမ်းညွှန်" တွင်ဖတ်ကြပါရန် 🔔🔔🔔

တက္ကသိုလ်၀င်ခွင့် လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့⁩
vpn မရရင်လိုင်းမကောင်းမှာစိုးလို့စာနဲ့ပုံနဲ့ ကိုထပ်ပြီး ကူးပို့ပေးလိုက်ပါတယ်