NUCS-iBoE
621 subscribers
23 photos
14 links
An official telegram channel of Universities of Computer Studies - Interim Board of Education
Download Telegram
ကျောင်းထောက်ခံစာတောင်းခံထားသော ပထမနှစ်ကျောင်းသား/သူများ

ကျောင်းထောက်ခံစာကို Email ပို့ပြီးတောင်းထားသော ပထမနှစ်စတင်တက်ရောက်နေသူ ကျောင်းသား/သူများထံ ပြန်လည်ပေးပို့ပြီးဖြစ်ပါသည်။
Email ပို့ပြီး ထောက်ခံစာ ပြန်မရောက်လာသေးဘူးဆိုရင် အဲ့ဒီ Email ကို ucs.iboe@he.moeedu.org ထံ ပြန်ပို့ပေးပါ။ ဒါမှမဟုတ် လိုအပ်တဲ့အချက်အလက် ပြည့်စုံစွာဖြင့် Email ပေးပို့ တောင်းခံပါ။

ပေးပို့ရမည့် Email: ucs.iboe@he.moeedu.org
ကျောင်းပြောင်း ၊ မေဂျာပြောင်းလျှောက်ထားသူများသို့အသိပေးချက်
<><><><><><><><><><><><><><><><><><><><><><><><>

ဝင်ခွင့်စတင်လျှောက်ထားစဉ်မှ အပြီးသတ် ရွေးချယ်ချိန်အထိအဆင့်ဆင့်တိုင်းတွင် မေဂျာရွေးချယ်ရန် လုံလောက်သော စဉ်းစားချိန် အချိန်ကာလ ပေးပြီးဖြစ်ပါသည်။ ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က ချထားပေးသော မေဂျာ၊ဘာသာရပ်မရှိဘဲ ကျောင်းသား/သူတို့ဘက်က လျှောက်ထားလာသော မေဂျာများကိုသာ ဝင်ခွင့်လက်ခံရေးမူနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးကာ ပြန်လည် ရွေးချယ်ခွင့် ပေးခဲ့ခြင်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မေဂျာပြောင်းလျှောက်ထားမှုကို ယခုအသုတ်တွင် (အတန်းများလည်းစတင်နေပြီဖြစ်ပါသဖြင့်) ထပ်မံပြောင်းရွှေ့ခြင်းကိုခွင့်မပြုတော့ပါ။ မိမိတို့ ဝါသနာပါရာ၊ ပိုမိုစိတ်ဝင်စားရာ ဘာသာရပ်/ အထူးပြုများသို့ ထပ်မံ၍ ပြောင်းလိုသည်ဆိုပါက ယခုအသုတ်တွင် တက်ရောက်ခြင်းကို ရပ်နားထားပြီး နောက်တသုတ်ခေါ်ယူမှသာ ပြန်လည်လျှောက်ထားပါရန် အသိပေးပါသည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့
ကြေညာချက်ကို https://ucs-iboe.org/final-continuing လင့်တွင် ဖတ်ရှုနိုင်ပါသည်။

========================
ATTENTION: စစ်ကောင်စီဖွင့်လှစ်သော ကျောင်းများတွင် တက်ရောက်ခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်နှင့် ယင်းကို ထောက်ခံပေးသည့် ထောက်ခံစာ တင်သွင်းခြင်းမရှိသည့် ဖောင်ဖြည့်သွင်းမှုများကို ဆက်လက် ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
========================
Security အတွက် profile မှာ နာမည်ရင်း
မိမိဓါတ်ပုံ သုံးထားခြင်းများ ဂရုစိုက်ပြီးရှောင်ကြဥ်​ပေးကြပါနော်
📷⁩ ⁨🔔🔔🔔တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများသို့ အသိပေးကြေညာခြင်း။ 🔔🔔🔔

၁.၇.၂၀၂၄ ညသန်းခေါင်အချိန်မှစတင်၍ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်ခွင့်လျောက်ထားလာကြသော ကျောင်းသား၊ ကျောင်းသူများ၏ လျှောက်လွှာများအား စိစစ်အတည်ပြုခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မှန်ကန်ပြည့်စုံသော လျှောက်လွှာများကို Verified ပေးနေပြီဖြစ်ပြီး အချက်အလက်မပြည့်စုံသောလျှောက်လွှာများကို လိုအပ်သည့်အချက်အလက်များ MES မှတဆင့် ပြန်လည်တောင်းခံနေပြီဖြစ်ပါသည်။ (ပုံတွင် ကြည့်ရန်)

သို့ဖြစ်ပါ၍ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏ MES အကောင့်များအား စောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

💥မှတ်ချက်။ ။ လျှောက်လွှာများစိစစ်အတည်ပြုခြင်းလုပ်ငန်းစဉ်များသည် ၃၁.၇.၂၀၂၄ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အကြောင်းကြားချက် မရရှိသေးသော ကျောင်းသား၊ကျောင်းသူများအနေဖြင့် စိတ်မပူကြပါရန်လည်း အသိပေးအပ်ပါသည်။

အသေးစိတ်ကို "မြန်မာပညာရေးစနစ် [Myanmar Education System (MES)] မှတဆင့်
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် လမ်းညွှန်" တွင်ဖတ်ကြပါရန် 🔔🔔🔔

တက္ကသိုလ်၀င်ခွင့် လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့⁩
vpn မရရင်လိုင်းမကောင်းမှာစိုးလို့စာနဲ့ပုံနဲ့ ကိုထပ်ပြီး ကူးပို့ပေးလိုက်ပါတယ်
Channel name was changed to «NUCS-iBoE»
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကြားကာလ တက္ကသိုလ်များသို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း၊
ဒုတိယအကြိမ် လျှောက်ထားခွင့်ကာလ အသိပေးနှိုးဆော်ချက်

ဒုတိယ အကြိမ် လျှောက်ထားခွင့်ကာလ
ပိတ်သိမ်းရန် (၅) ရက် အလို

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ်တက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်းကာလ
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက် မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်အထိ
#24-25AYUniEnt #NUG-MOE
NUCS-iBoE pinned «၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကြားကာလ တက္ကသိုလ်များသို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း၊ ဒုတိယအကြိမ် လျှောက်ထားခွင့်ကာလ အသိပေးနှိုးဆော်ချက် ဒုတိယ အကြိမ် လျှောက်ထားခွင့်ကာလ ပိတ်သိမ်းရန် (၅) ရက် အလို ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ်တက္ကသိုလ်ဝင်ခွင့် ခေါ်ယူခြင်းကာလ…»
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်
ကြားကာလတက္ကသိုလ်များသို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း

ဒုတိယအကြိမ်လျှောက်ထားခွင့်ကာလ အသိပေးနှိုးဆော်ချက်

ပိတ်သိမ်းရန် (၅) ရက်အလို
၂၃. ၇. ၂၀၂၄

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ခေါ်ယူခြင်း _ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက် မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်အထိ

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်​မြောက်​ရေးအဖွဲ့