NUCS-iBoE
1.05K subscribers
28 photos
16 links
An official telegram channel of Universities of Computer Studies - Interim Board of Education
Download Telegram
Channel created
၂၀၂၃ -၂၀၂၄ ကြားကာလတက္ကသိုလ်များသို တက္ကသိုလ်ဝင်ခွင့် လျှောက်ထားပြီးသူများအတွက် “ကျောင်းသားကျောင်းသူမှ ပြန်လည်ရွေးချယ်ခြင်း” ဆိုင်ရာ အသိပေးနှိးဆော်ချက်

ကြားကာလတက္ကသိုလ်/ဘာသာရပ်များဘက်မှ မိမိတိုကို ရွေးချယ်လက်ခံထားသည့် ကျောင်းသားကျောင်းသားများသည် မိမိတို MES ရှိ “Selected” ပေါ်နေသော တက္ကသိုလ်/ဘာသာရပ်များအနက်မှ တစ်ခုကို ပြန်လည်ရွေးချယ်ပေးရမည့် နောက်ဆုံးသတ်မှတ်ရက်သည် ယ နေ့ (၁၅. ၁. ၂၀၂၄) ရက် နေ့ ဖြစ် ပါ သည်။ သိုဖြစ်ပါ၍ တက္ကသိုလ်များကို တက် ရောက်နိုင်ကြပါရန် မရွေးချယ်ရသေး သော ကျောင်းသား ကျောင်းသူများသည် ယ နေ့ည ၁၂ နာရီမတိုင်မီ ရွေးချယ်ပေးကြပါရန် သတိပေးနှိး ဆော်အပ်ပါသည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ် မြောက် ရေးအဖွဲ
Channel photo updated
ကွန်ပျူတာတက္ကသိုလ်များ ကျောင်းအပ်နှံခြင်းလမ်းညွှန်
(၂၀၂၃-၂၀၂၄ ပညာသင်နှစ်)


ကျောင်းအပ်နှံရမည့်လင့် - MES (https://mes.moeedu.org)

ကျောင်းအပ်စတင်လက်ခံမည့်ရက် - ၂၄.၁.၂၀၂၄ (ဗုဒ္ဓဟူးနေ့)
ကျောင်းအပ်ခွင့်နောက်ဆုံးရက် - ၁၅.၂.၂၀၂၄ (ကြာသပတေးနေ့)

သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၁.၂.၂၀၂၄ (ကြာသပတေးနေ့)

https://ucs-iboe.org
NUCS-iBoE pinned a photo
ကွန်ပျူတာတက္ကသိုလ်များ-ကြားကာလပညာရေးဘုတ်အဖွဲ့
ပညာရည်မှတ်တမ်းတောင်းခံရာတွင် တင်ပြရမည့်အချက်များ


ကွန်ပျူတာတက္ကသိုလ်များ၊ ကွန်ပျူတာဘာသာရပ်ကိုသင်ကြားပေးသောတက္ကသိုလ်များတွင် တက်ရောက်ဆဲကျောင်းသား/သူများအတွက် ပညာရေးထောက်ခံချက်တောင်းခံရာတွင် အောက်ပါအချက်အလက်များကို ucs.iboe@he.moeedu.org သို့ ပေးပို့တောင်းခံရပါမည်။

၁) အမည်
၂) အဖအမည်
၃) မွေးသက္ကရာဇ် (ရက်၊ လ၊ နှစ်) 
၄) နိုင်ငံသားစိစစ်‌‌ရေးကတ်ပြားမိတ္တူ
၅) တက္ကသိုလ်ဝင်မှတ်ပုံတင်အမှတ် (သို့မဟုတ်) တက်ရောက်ခဲ့သောခုံနံပါတ်များ
၆) တက်‌ရောက်နေသည့်တက္ကသိုလ်/ကျောင်းအမည်
၇) (၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင်) တက်ရောက်နေဆဲသင်တန်းနှစ် နှင့် အထူးပြုဘာသာ (ကွန်ပျူတာသိပ္ပံ/ ကွန်ပျူတာနည်းပညာ/ စသဖြင့်)
၈) နံပါတ် (၇)ကို အတည်ပြုနိုင်သော ကျောင်းသားကတ် (သို့မဟုတ်) အထောက်အထားတစ်ခုခု
၉) စီဒီအမ်ဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက် (အမည်/မှတ်ပုံတင်/လက်မှတ်ပါရမည်)
၁၀) ‌ရှေ့သင်တန်းနှစ်များတွင် အောင်မြင်ပြီးမြောက်ခဲ့သော (သို့မဟုတ်) Credit ရရှိခဲ့သော သင်တန်းနှစ်အလိုက် ဘာသာရပ်ကုဒ်နှင့် ဘာသာရပ်အမည်များ

ဘေးကင်းလုံခြုံပါစေရန် ဆန္ဒပြုလျှက်
ကွန်ပျူတာတက္ကသိုလ်များ ကြားကာလပညာရေးဘုတ်အဖွဲ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့မှ တက္ကသိုလ်အသီးသီးသို့ဝင်ခွင့်ရရှိထားသော မောင်မယ်သစ်လွင်ကျောင်းသား/ကျောင်းသူများအား “မောင်မယ်သစ်လွင်ကြိုဆိုပွဲ (Fresher Welcome)” ပြုလုပ်ပေးရန်ရှိပါ၍ ကျောင်းသား/ကျောင်းသူများကိုယ်တိုင်ပါဝင်နိုင်ရန် မောင်မယ်သစ်လွင်ကြိုဆိုပွဲအကြိုညှိနှိုင်းအစည်းအဝေးကို အောက်ဖော်ပြပါ နေ့ရက်နှင့်အချိန်အတိုင်း တက်ရောက်ပေးပါရန် ဖိတ်ကြားအပ်ပါသည်။

တက်ရောက်ရမည့် Meeting Link ကို ကျောင်းသား/သူ၏ အီးမေးလ်များဆီသို့ 31.1.2024 ညနေ ၄ နာရီမတိုင်မီ အချိန်မှီ ပေးပို့ပေးသွားပါမည်။

နေ့ရက်နှင့်အချိန်: 31st January 2024 / 7:00 PM

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ကွန်ပျူတာတက္ကသိုလ်များသို့ တက်ရောက်ကြမည့် ....
Student ID နှင့် Password များကို MES တွင် Login ဝင်ရောက်ပြီး ရယူနိုင်ပါပြီ။ အဆင်မပြေမှုများရှိပါက ဆက်သွယ်အကြောင်းကြားပေးကြပါ။