kyaw gyi soe
236 photos
10 videos
1 file
22 links
သတင်းနဲ့အတင်းတုတ်
Download Telegram
Forwarded from PDF Insight
This media is not supported in your browser
VIEW IN TELEGRAM
Breaking News : ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်အနီးသို့ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

ယနေ့ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး (၅) လုံး အသုံးပြုပြီး မန္တလေး ပကဖ က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို ကျရောက်ပေါက်ကွဲပြီးနောက်မှာ စစ်ကောင်စီက မြို့၀င် မြို့ထွက်နေရာတွေကို တင်းကြပ်စွာ စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
Forwarded from Khit Thit Media
အစိုးရတစ်ရပ် ဖြစ်ရန် KNU က ကြိုးစားနေပြီး ဖြစ်လည်းဖြစ်တော့မည်ဟု ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို

■ စစ်ကောင်စီက မြို့များကိုဖျက်ဆီးမည်ဟု ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့၍ မြ၀တီမြို့မှ ပြည်သူများ ကြိုတင်ပြင်ဆင်ကြရန် တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၈

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ဂုဏ်သိက္ခာရှိသော ကော်သူလေး အစိုးရ ဖြစ်ရန် ကြိုး စားနေပြီး ဖြစ်လည်း ဖြစ်တော့မည်ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ယနေ့ ပြုလုပ်သော အထူး သီးသန့် တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အစိုးရတစ်ရပ်ဖြစ်လာအောင် ကြိုးစားနေတဲ့ အနေအထားမှာ ရှိတယ်။ အဲဒါကြောင့်မို့လို့ အစိုးရဂုဏ်သိက္ခာနဲ့ ဖြစ်လာအောင် ကျွန်တော်တို့ ကြိုးစားနေတဲ့ အပေါ်မှာ အဲဒီလို အစိုးရ ဂုဏ် သိက္ခာနဲ့ မလျော်ညီတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ မလုပ်ဘူးဆိုတာ ဒါပဲ ပြောချင်တယ်။ကြိုးစားနေတယ်။ G ဖြစ်လာအောင် ကျနော်တို့ဖြစ်အောင် ကြိုးစားနေတယ်။ ဖြစ်လည်းဖြစ်တော့မယ်" ဟု ပဒိုစောတောနီးက ပြော ဆိုသည်။

လက်ရှိ မြ၀တီမြို့၏အခြေအနေနှင့်ပတ်သက်၍ KNU ပဒိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုရာတွင် မြ၀တီတွင် မြို့စောင့်တပ် ၂၇၅ တစ်ခုတည်း ကျန်ရှိတော့ကြောင်း၊ ဗျူဟာစခန်းပင် ပြိုလဲသွားပြီဖြစ်၍ ၂၇၅ တတပ်တစ်ခုတည်း တောင့်ခံရန် မဖြစ်နိုင်ကြောင်း၊ စစ်ကောင်စီက မြို့များကို ဖျက်ဆီးမည်ဟု မြောက်ပိုင်းစစ်ပွဲများအတွင်း ပြောဆိုခဲ့မှုများရှိကြောင်း၊ မြ၀တီမှ ပြည်သူများ စိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်လောက်ကြောင်း၊ KNLA အနေဖြင့် လျှောက်လှမ်းမည့် လမ်းကြောင်းရှင်းလင်းနေပြီး ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊ နောက်ဆုတ်ရန် လမ်းမရှိတော့ကြောင်း ပြောဆိုသည်။

"ပြောရမယ်ဆိုရင်တော့ မြ၀တီမှာ တပ်ရင်းတွေက ၃ ၊ ၄ ၊ ၅ ရင်းလောက်ရှိတယ်။ ၃၅၅ ရှိမယ်၊ ၃၅၆ ရှိမယ်၊ ၃၅၇ ရှိမယ်။ ဗျူဟာစခန်းရှိမယ်။ အဲဒါတွေကတော့ သွားကုန်ပြီ။ တကယ့် အချက်အချာတွေကကုန်ပြီ။ မြို့စောင့်တပ် ၂၇၅ တပ်ရင်းလေးတစ်ခုပဲရှိတယ်။ နောက်ပြီးတော့ အနီးအနားမှာ တပ်မ ၄၄ တပ်မမှူး ကိုယ်တိုင်ရှိတယ်လို့ ကျနော်တို့ကြားရတယ်။ ၂၇၅ တပ်ရင်းကတော့ တစ်ရင်းပဲရှိတော့တာပဲ။ ၂၇၅ သတင်းအမျိုးမျိုးကြားတယ်။ KNLA ကတော့ ဆက်လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ ခံစစ်ကနေ သူတင်ကိုယ်တင် အနေအထား တစ်ခုကို ၂ နှစ်ကျော်ရင်ဆိုင်လာပြီးတဲ့နောက်မှာ အခု ၃ နှစ်ကျော်လာတဲ့အချိန်မှာ ထိုးစစ်ဖြစ်နေပြီ။ သူတို့ ဘယ်လိုပဲ သတင်းတွေ လွှင့်၊ လွှင့် ဘယ်လိုပဲ ကြုံးဝါးပြီး ပြန်သိမ်းမယ်ပြောပြော ။ ဒုချုပ်ကိုယ်တိုင်က ပြန်သိမ်းပြောပြော ဘယ်လောက်ပဲ ထွက်ထွက် အခုကတော့ ဖာပွန်လည်း ကျသွားပြီ။ မြ၀တီမှာလည်း သင်္ဃန်းညီနောင် ကျသွားပြီ။ ကျနော်တို့ ရှေ့တိုးဖို့ပဲ ကျန်တယ်။ ခံစစ်ကနေ သူတင်ကိုယ်တင်အနေအထားရောက်လာပြီး ထိုးစစ်ကနေ တစ်ဆင့်ပြီး တစ်ဆင့် သွားတော့မယ်။ လမ်းကြောင်းက ရှင်းနေတာပဲ။ လမ်းကြောင်းရှုပ်နေတဲ့ အနေအထားမှာတောင် ရပ်ခံနိုင်သေးတာပဲ။ အခု လမ်းကြောင်းရှင်းနေတဲ့အချိန်မှာ ကျနော်တို့ ဘာမှ ဆုတ်စရာ အကြောင်းမရှိတော့ဘူး" ဟု ပဒိုစောတောနီးက ပြောဆိုသည်။

မြ၀တီမြို့ကို စစ်ကောင်စီက ဖျက်ဆီးမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် ၎င်းက " လူထုတွေ စိုးရိမ်သလိုကတော့ ဒါက မလွဲဘူးလို့ ပြောရမှာပဲ။ သူတို့ မြောက်ပိုင်း စစ်ဒေသမှာ သူတို့ ကိုယ်တိုင် ထုတ်ပြောတယ်လေ။ သူတို့မြို့တွေ အလီလီ ဆုံးရှုံးရတဲ့အခါမှာ သူတို့ ဘာပြောလဲဆိုတော့ မင်းတို့ ကြိုက်သလောက် သိမ်း ငါတို့ကတော့ ကြိုက်သလောက် ပြန်ဖျက်မယ်ဆိုတဲ့ စကားမျိုး သူတို့ ထုတ်ပြောတာပဲလေ။ အဲဒါကြောင့်မို့လို့ ဒါက မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ ဒီလူတွေ မလုပ်ရဲတာ မရှိဘူးဆိုတာ သူတို့ကိုယ်တိုင်ကလည်း လူဆိုး လူမိုက်ပီပီ လျှောက်ပြောနေပြီးသား။ အဲဒါကြောင့်မို့လို့ အသိပေးရမှာက လူထုတွေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါ။ လူထုတွေ စိုးရိမ်တယ်ဆိုတာက စိုးရိမ်လောက်တယ်လေ။ အခု သတင်းတွေထွက်နေသလို သူ့လူတွေ ကယ်ထုတ်ပြီးတဲ့အခါမှာ လူထုက စိုးရိမ်တာက သူတို့ ဒီမြို့ကို ဖျက်ဆီးတော့မှာပဲ။ လူထုတိုင်းက စိုးရိမ်ကြတယ်။ ဒါကလည်း စိုးရိမ်စရာတော့ရှိတယ်"ဟု ထုတ်ဖော်ပြောဆိုသွားသည်။

(KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးနှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန တွေ့ဆုံမေးမြန်းခန်းအပြည့် အစုံကို မကြာမီ ဖော်ပြပါမည်။)
Forwarded from Khit Thit Media
Forwarded from Khit Thit Media
အမေရိကန်ရေနံကုမ္ပဏီကြီး Chevron မြန်မာနိုင်ငံမှ အပြီးတိုင်ထွက်ခွာ

ရန်ကုန်၊ ဧပြီ ၈

အမေရိကန်ရေနံကုမ္ပဏီကြီး Chevron က မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း လွန်ခဲ့သည့် ၂ နှစ်ခန့်က ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ခဲ့အပြီး ၂ နှစ်ကျော်ခန့်အချိန်တွင် Chevron သည် ရတနာဓာတ်ငွေ့စီမံကိန်းမှ ၄င်း၏ပိုင်ဆိုင်မှုများကို လွှဲပြောင်းရောင်းချကာ၊ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံမှ အပြီးတိုင်ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

တရားမဝင်စစ်အုပ်စုကို ရတနာဓာတ်ငွေ့စီမံကိန်းမှ ဝင်ငွေများ ပေးချေနေခြင်းများအပေါ် အရပ်ဘက် အဖွဲ့အစည်းများ၏ တစိုက်မတ်မတ် ဖိအားပေးမှုကြောင့် Chevron သည် ၎င်း၏ လုပ်ငန်းရုတ်သိမ်းတော့မည့် အစီအစဥ်အား ကြေငြာခဲ့ပြီး၊ ၄င်း၏ရှယ်ယာများကို ကနေဒါပိုင် MTI Energy သို့ ရောင်းချတော့မည်ဟု ကနဦး ထုတ်ပြန်ခဲ့သော်လည်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုကြောင့် Chevron သည် ၄င်း၏ မူလအစီအစဥ်အား ဖျက်သိမ်းခဲ့ပုံရကြောင်း ကျွမ်းကျင်သူများကဆိုသည်။

Justice for Myanmar (JFM) အဖွဲ့၏ ဖော်ပြချက်အရ Chevron သည် ရတနာဓာတ်ငွေ့စီမံကိန်းမှ ၄င်း၏ အစုရှယ်ယာများကို ကျန်အစုရှယ်ယာရှင်များဖြစ်သည့် ထိုင်းအစိုးရပိုင် PTTEP နှင့် မြန်မာစစ်တပ် ထိန်းချုပ်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ထံ ပြန်လည်လွှဲပြောင်း ရောင်းချခဲ့ကြောင်း သိရသည်။

ရတနာသဘာဝ ဓာတ်ငွေ့စီမံကိန်းသည် တရားမ၀င်စစ်အုပ်စုအတွက် အမြတ်အစွန်းများသော ဝင်ငွေရင်းမြစ် တစ်ခုဖြစ်ပြီး၊ ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ အတွက် ငွေကြေး ထောက်ပံ့ပေးနေခြင်းဖြစ်သဖြင့်၊ Chevron နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များသည် ရတနာစီမံကိန်းအား ဆက်လက် ပူးတွဲလုပ်ကိုင်နေခြင်းအားဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် ပါ၀င်ပတ်သက်နေခဲ့ကြသည်ဟု JFM ကဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းကြောင့် Chevron အနေဖြင့် OECD လမ်းညွှန်ချက်များ၊ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများအောက်ရှိ ၎င်းတို့၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ရှောင်လွဲ၍ ရနိုင်မည်မဟုတ်ကြောင်း JFM ကဝေဖန်လိုက်သလို၊ Chevron အနေဖြင့် မြန်မာနိုင်ငံမှ တာဝန်ယူမှုအပြည့်ဖြင့် ထွက်ခွာရန်နှင့် မြန်မာနိုင်ငံအတွင်း ၎င်း၏ စီးပွားရေး လုပ်ငန်းများကြောင့် ထိခိုက်နစ်နာခဲ့ရသူများအတွက် လျော်ကြေးပေးရန် မည်သို့စီစဥ်ထားကြောင်း စသည်တို့ ဖော်ပြလုပ်ဆောင်ရန် တာဝန်ရှိကြောင်း ထောက်ပြပြောဆိုသည်။

ရတနာနှင့် ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် လုပ်ကိုင်နေသည့် ထိုင်းအစိုးရပိုင် PTTEP သည် တရားမဝင် မြန်မာစစ်အုပ်စု၏ အဓိကစီးပွားရေး မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေသောကြောင့် PTTEP အနေဖြင့် လုပ်ငန်းများမှ တာဝန်သိစွာ ထွက်ခွာသင့်ကြောင်းနှင့် PTTEP အစုရှယ်ယာရှင်များအနေနှင့်လည်း မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကျူးလွန်သော ရက်စက်ယုတ်မာမှုများအား PTTEP က ထောက်ပံ့နေမှုများ ရပ်တန့်စေရန် သို့မဟုတ်ပါက ရင်းနှီးမြှုပ်နှံမှု ရုတ်သိမ်းခြင်းမျိုး ဆောင်ရွက်ရန် တာဝန်ရှိကြောင်း JFM က ဆိုသည်။

ကနေဒါ၊ ယူကေနဲ့ သြစတြေးလျနိုင်ငံတို့အနေဖြင့် MOGE ကို ပိတ်ဆို့အရေးယူရန်နှင့် အမေရိကန်အနေဖြင့် MOGE ကို အပြည့်အ၀ ပိတ်ဆို့အရေးယူရန်၊ ဘဏ္ဍာရေးဝန်ဆောင်မှုများအပေါ် လက်ရှိချမှတ် ထားသော ပိတ်ပင်တားမြစ်ချက်အား ဆက်လက်သက်တမ်းတိုးရန်တို့ လုပ်ဆောင်ရန် တိုက်တွန်းကြောင်းလည်း JFM ကထုတ်ပြန်သည်။

Chevron အနေဖြင့် ပြစ်သစ်စွမ်းအင်အုပ်စု Total Energies က ရတနာဓာတ်ငွေ့စီမံကိန်းမှ ၂၀၂၂ အတွင်းတွင် ထွက်ခွာခဲ့သောကြောင့်၊ ၄င်းပိုင် ရှယ်ယာများသည် ၂၈ ရာခိုင်နှုန်းမှ ၄၁.၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး၊ အဆိုပါရှယ်ယာများအား လုပ်ငန်းလက်တွဲဖော်ဖြစ်ခဲ့သည့် လက်ရှိအော်ပရေတာ ထိုင်းအစိုးရပိုင် PTTEP နှင့် မြန်မာစစ်အုပ်စုထိန်းချုပ်ခံ MOGE တို့ထံ ပြန်လည်လွှဲပြောင်းရောင်းချကာမြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

မုတ္တမကမ်းလွန်မှာ တည်ရှိသော ရတနာဓာတ်ငွေ့တွင်းသည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၆ ဘီလီယံနီးပါး ထွက်ရှိပြီး ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံထံ ပို့လွှတ်ရောင်းချကာ ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းကို ပြည်တွင်းတွင် သုံးစွဲလျက်ရှိသည်ဟု ကုမ္ပဏီထုတ်ပြန်ချက်များက ဆိုသည်။

ရတနာဓတ်ငွေ့စီမံကိန်းအပါအဝင် သဘာဝဓတ်ငွေ့စီမံကိန်းများသည် တိုင်းပြည်အတွက် ဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလျံချီ ရှာဖွေပေးနေသော်လည်း၊ အဆိုပါဝင်ငွေများအား တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးထက် စစ်အုပ်စု၏ ကိုယ်ကျိုးရှာ အသုံးပြုမှုများနှင့် စစ်လက်နက် ဝယ်ယူရေးရေးများတွင်သာ အဓိကထား သုံးစွဲခဲ့ကြသည်ဟု လူ့အခွင့်အရေးတက်ကြွသူများက တစိုက်မတ်မတ် ဝေဖန်ခဲ့ကြသည်။
Forwarded from Khit Thit Media
၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီဂနောက်ပိုင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတွင်း တနေ့တခြား ဆိုးရွားလာသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် နိုင်ငံတကာ ရေနံကုမ္ပဏီများအပါအဝင် နိုင်ငံတကာကုမ္ပဏီကြီးများ အလျိုလျို ထွက်ခွာခဲ့ကြသည်။။

နိုင်ငံတကာ ရေနံကုမ္ပဏီများဖြစ်သည့် ပြင်သစ်ရေနံကုမ္ပဏီကြီး Total၊ မလေးရှားနိုင်ငံပိုင် Petronas နှင့် ဂျပန်ကုမ္ပဏီ ENEOS တို့သည် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ကြပြီးဖြစ်သလို၊ ယခုရက်ပိုင်းအတွင်း Chevron သည်လည်း မြန်မာနိုင်ငံမှ အပြီးတိုင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
Forwarded from Khit Thit Media
Forwarded from Khit Thit Media
Media is too big
VIEW IN TELEGRAM
မြ၀တီမြို့ နှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကို လက်လွှတ်ရပြီဖြစ်သည့် စစ်ကောင်စီ
========================================

"စစ်ရှုံးနေတဲ့ လူတွေကို ဒီကနေ ပြီးတော့ သူ့ရဲ့ဟာတွေ၊ သူ့ဝန်ထမ်းတွေ၊ ပစ္စည်းပစ္စယတွေကို ကြွယ်၀ချမ်းသာမှုတွေကို အကုန်လုံး လေကြောင်းကနေ ပြန်ထုတ်မယ်ဆိုတာကြီးက ဒါက တစ်ကမ္ဘာလုံးကို ငါစစ်ရှုံးပြီဆိုတာ ကြေညာလိုက်တာပဲလေ။ အဲဒါ စစ်ကောင်စီက ရှက်ရကောင်းမှန်းလည်းမသိဘူး"

■ KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးနှင့်တွေ့ဆုံမေးမြန်းခြင်း

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြ၀တီမြို့နှင့် ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို မကြာမီ KNU က အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက်တော့ဖြစ်ရာ ယင်းအခြေအနေများ၊ KNU ထံတွင် လက်နက်ချ အညံ့ခံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁၇ ဦးတို့နှင့်ပတ်သက်သော အခြေအနေများကို သိရှိနိုင်ရန် KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။
Forwarded from Khit Thit Media
ကျောက်ဆည်မြို့တွင် စစ်တပ်က အဓမ္မ လူသစ်စုဆောင်းမှုကြောင့် စစ်တပ်ထဲဝင်ခဲ့ရသည့် တက္ကသိုလ်ကျောင်းသား ၁ ဦး လက်နက်များ ယူဆောင်လာပြီး ကောလင်း PDF ထံ အလင်းဝင်

■ ခလရ ၃၀၅ စစ်ကြောင်းမှ စစ်ကြောင်းမှူးနှင့် စစ်သား ၂ ဦးက အမျိုးသမီး ၁ ဦးကို အဓမ္မ ပြုကျင့်ပြီး လည်လှီး သတ်ဖြတ်ခဲ့သောကြောင့် စစ်တပ်ကို စွန့်ခွာလာကြောင်း ထုတ်ဖော်ပြောဆို

ရန်ကုန်၊ ဧပြီ ၈

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် အကြမ်းဖက် စစ်တပ်က အဓမ္မ လူသစ်စုဆောင်းမှုကြောင့် စစ်တပ်ထဲဝင်ခဲ့ရသည့် တက္ကသိုလ်ကျောင်းသား ၁ ဦးသည် လက်နက်များ ယူဆောင်လာပြီး ကောလင်း PDF ထံ အလင်းဝင်လာကြောင်း စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ တက္ကသိုလ်ကျောင်းသားသည် ကျောက်ဆည်မြို့ အဆောင်တစ်ခုတွင် နေထိုင်ပြီး တက္ကသိုလ်တက်နေစဉ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်တပ်က ၎င်းနေထိုင်ရာ အဆောင်ထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရပြီးနောက် တောင်တွင်းကြီးမြို့၊ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ၄ ပတ်ကြာ စစ်သင်တန်း တက်ရောက်ခဲ့ရပြီး ရွှေဘို၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ပို့ဆောင်ခဲ့ကာ ခလရ ၃၀၅ တပ်ရင်းက ကျားဘီလူး စစ်ကြောင်းခွဲအဖြစ် ဖွဲ့စည်းခဲ့ကာ ကောလင်းမြို့ကို စစ်ကြောင်းပြန်ထိုးစဉ် လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခလရ ၃၀၅ စစ်ကြောင်းသည် ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို မတ်လ ၅ ရက်နေ့ စစ်ကြောင်းထိုး ဝင်ရောက်ချိန်၌ စစ်ကြောင်းမှူးနှင့် စစ်သား ၂ ဦးက အသက် ၂၇ နှစ် အရွယ် ခရီးသွား အမျိုးသမီး ၁ ဦးကို အမ္မ ပြုကျင့်ကာ လည်လှီး သတ်ဖြတ်ခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တက္ကသိုလ်ကျောင်းသားသည် မတ်လ ၁၃ ရက်နေ့က ကောလင်းခရိုင် တပ်ရင်း ၁ ထံ အလင်းဝင်ရောက်ခဲ့ပြီး MA 2 စက်သေနတ် ၁ လက်၊ ကျည်ဆန် ၁၀၀၀ တောင့်၊ ကျည်အိမ် ၆ ခု၊ လက်ပစ်ဗုံး ၁ လုံးနှင့် နင်းမိုင်း ၁ လုံး တို့ကို ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၅ ရက်နေ့တွင် ကောလင်းခရိုင် တပ်ရင်း ၁ က ဂုဏ်ပြုဆုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Forwarded from Khit Thit Media
Forwarded from Khit Thit Media
ရေဦးမြို့မရဲစခန်းတွင် ကျင်းပနေသော ရဲတပ်သား ၁ ဦး၏ မင်္ဂလာဆောင် နှင့် စစ်တပ်က ဒိုင်ကိုင်သော ကြက်ဝိုင်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းတွင် ကျင်းပနေသော ရဲတပ်သား ၁ ဦး၏ မင်္ဂလာဆောင် နှင့် အကြမ်းဖက် စစ်တပ်က ဒိုင်ကိုင်သော ကြက်ဝိုင်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် ရေဦးမြို့ ရဲစခန်းထဲ၌ ရဲတပ်သား ချစ်မင်းကို နှင့် Non CDM စံပယ်ဦး တို့ ၏ မင်္ဂလာ ဆောင်ကျင်းပနေစဉ် ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း၊ ရေဦးPDF က Fixed Wing Drone ၂ စီးဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မူးကျင်းအဆင်းတွင် အကြမ်းဖက် စစ်တပ်က ဒိုင်ကိုင်ပြီး မူးယစ်သောက်စားကာ ကြက်တိုက်နေသော စစ်သားများနှင့် ပျူစောထီးများကို Fixed Wing Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ ကြက်ဝိုင်းအတွင်းရှိ စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

"ရဲစခန်းထဲက ရဲခွေးမင်္ဂလာဆောင်က ဗုံးကျဲတာက ရဲစခန်းဝင်းထဲမှာဖြစ်တဲ့အတွက် ထိခိုက်သေဆုံးအခြေအနေတော့ မသိရပါဘူး။ အဲရဲစခန်းထဲက ရဲတွေ အပြင်ကို ထွက်ပြေးလာတာတော့ တွေ့ရတယ်။ ကြက်ဝိုင်းကို ဒရုန်းနဲ့ ဗုံးကျဲတာကတော့ စစ်ခွေး ၃ ကောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ မင်္ဂလာဆောင်က ကျွန်တော်တို့ တိုက်ခိုက်မှုအပြီးမှာ ဘောက်တွေပါ ပိတ်သွားပြီး လုံးဝကို ဘာသံမှကို မကြားရတော့ဘူး။ ရေဦးမြို့ပေါ်မှာ လူငယ်တွေကို စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး အတင်းအဓမ္မ ခေါ်ယူနေတာတွေ ဆက်တိုက်တွေ့နေရတယ်။ ကျွန်တော်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်ခွေးတွေ ရှိနေတဲ့နေရာတွေကို တိုက်ခိုက်သွားမှာပါ။ အဲတော့ ပြည်သူတွေ အနေနဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား တွေရှိတဲ့နေရာကို မသွားရောက်ဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်" ဟု ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအပြီး အကြမ်းဖက် စစ်သားများက လက်နက်ငယ်များဖြင့် ဘေးပတ်ဝန်းကျင်ကို ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၂ မိနစ်ခန့်တွင် ရေ‌ဦးမြို့‌ ရဲစခန်းကို ရွှေဘိုခရိုင်၊ ပ.က.ဖ လှုပ်ရှားတပ်ဖွဲ့ ဦးဆောင်သော SHAR HTOO WAW Drone များဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မတစ်ထောင် (တစ်ကောင်ဘွား) ပြည်သူ့ကာကွယ်ရေး အဖွဲ့ ဒီပဲယင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်‌မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မတစ်ထောင် (တစ်ကောင်ဘွား) ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ဒီပဲယင်း) ၊ SHAR HTOO WAWနည်းပညာတပ်ဖွဲ့ Team 6 ၊ Drop For Justice -DFJအဖွဲ့၊ Yaung Ni Shwebo ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ YE-U Freedom Comrades (YFC) အဖွဲ့၊ ဝံပုလွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဦး) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Forwarded from Khit Thit Media
(၁၅) နှစ်ပြည့် ရက္ခိုင့်တပ်တော်နေ့သို့ ပေးပို့သော ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA တို့၏ ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်

#3BrotherhoodAlliance
Forwarded from PSLF/TNLA News
Forwarded from PSLF/TNLA News
နမ့်နင်ချောင်းတွင် ငါးမိုင်းသွားခွဲသည့် အမျိုးသားတစ်ဦး လက်ပေါ်တွင် မိုင်းပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံး

မုံးစီး၊ ဧပြီ ၉ ရက်
တအာင်းပြည်နယ်

တအာင်းပြည်နယ်၊ တပ်မဟာ (၅) စစ်ဒေသ၊ သံလွင်ခရိုင်၊ မုံးစီးမြို့နယ်၊ နမ့်နင်ချောင်းအတွင်း ယမန်နေ့ ၈ ရက်နေ့တွင် ငါးမိုင်းသွားခွဲသည့် အမျိုးသားတစ်ဦး လက်ပေါ်တွင် မိုင်းပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

သေဆုံးသူမှာ ဦးအိုက်မင် အသက် ၃၂ နှစ် ကောင်းနိမ်ကျေးရွာတွင် နေထိုင်သူဖြစ်ပါသည်။

ဦးအိုက်မင်နှင့် ငါးမိုင်းခွဲရန်လိုက်သွားခဲ့သူတစ်ဦးက " ကျွန်တော်တို့ ၆ ယောက်သွားတာ အိုက်မင်က စကစ သုံးတဲ့လက်ပစ်ဗုံးကို စနက်တံဖြုတ်တဲ့အချိန်မှာပဲ ပေါက်သွားတာ"ဟု ပြောသည်။

မိုင်းကြောင့် ၎င်း၏ လက်တစ်ဖက်ပြတ်ပြီး ထိုနေရာပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ ၎င်းသူငယ်ချင်းတစ်ယောက်လည်း ဗုံးစ အနည်းငယ်ထိမှန်ခဲ့ပြီး တာမိုးညဲ ဆေးရုံတွင် ဆေးကုသခံယူနေသည်။

၎င်းရုပ်အလောင်းကို PSLF/TNLA မုံးစီးမြို့နယ်တာဝန်ရှိသူများနှင့် ရွာသူ/သားများက နမ့်နင်ချောင်းအနီးတွင် မီးသင်ဂြိုလ်ပေးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန