Technological-Related Interim University Students' Union
73 subscribers
45 photos
10 links
နည်းပညာနှင့်နှီးနွယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
Download Telegram
ရွာသစ်ကုန်း Camp မှတ်တမ်း
4
ချမ်းသာကုန်း Camp မှတ်တမ်း
5
TU Network ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တွေ့ဆုံပွဲ အသိပေးကြေညာခြင်း


TU Network တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အပြန်အလှန်တွေ့ဆုံ၍ ပညာရေးနှင့် ကျောင်းသားများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် တွေ့ဆုံပွဲ တစ်ရပ် ပြုလုပ်သွားမည် ဖြစ်ပါသည်။

🗓 ရက်စွဲ – [31.8.2026](Monday)
အချိန် – [1:00P.M]
📍 နေရာ / Platform – [နေရာ / Zoom]

သိုဖြစ်ပါ၍ TU Network တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအားလုံး အချိန်ပေး၍ တက်ရောက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

တွေ့ဆုံပွဲအတွင်း ဆွေးနွေးလိုသည့် အကြောင်းအရာများနှင့် မေးမြန်းလိုသည့် မေးခွန်းများရှိပါက ကြိုတင်စဉ်းစားပြင်ဆင်လာပေးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

အားလုံး၏ ပါဝင်ဆွေးနွေးမှုများမှတစ်ဆင့် ပိုမိုကောင်းမွန်သော ပညာရေးပတ်ဝန်းကျင်တစ်ရပ် တည်ဆောက်နိုင်ရန် မျှော်လင့်ပါသည်။

TU Network Student Union
4
Topic: TU Network ကျောင်းသားထု တွေ့ဆုံပွဲ
Time: August 31, 2026 01:00 PM Rangoon

Join Zoom Meeting
https://zoom.us/j/91401941541?pwd=qcVs9tKqzXnDrZDoKzkyDpTDZcKdqy.1

Meeting ID: 914 0194 1541
Passcode: 123457
TU Network ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၏ လစဉ်တွေ့ဆုံပွဲတွင် ပညာရေးနှင့် သင်ကြားရေးဆိုင်ရာ အခြေအနေများကို ကျောင်းသား/သူများနှင့် ဆရာ/မများ ပွင့်လင်းမြင်သာစွာ မေးမြန်းဆွေးနွေးတိုင်ပင်နေကြပါသဖြင့် ဝင်ရောက်ပါဝင်ဆွေးနွေးကြပါရန် ကျွန်ုပ်တို့TUNSUမှ လေးစားစွာဖိတ်ခေါ် နွေးထွေးစွာကြိုဆိုအပ်ပါသည်ခင်ဗျာ။

-နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ, TUNSU
3
TU Network ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၏ လစဉ်တွေ့ဆုံပွဲကို 31/08/2026တွင် နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (TUNSU)မှ ဦးဆောင်ကျင်းပခဲ့ပြီး ပညာရေးနှင့် သင်ကြားရေးဆိုင်ရာ အခြေအနေများကို TU Networkရှိ အထူးပြုဘာသာရပ်အသီးသီး၊ စာသင်နှစ်အသီးသီးမှ ကျောင်းသား/သူများနှင့် ဆရာ/မများ ပွင့်လင်းမြင်သာစွာ မေးမြန်းဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ နယ်မြေအခြေအနေ၊ ရာသီဥတု၊ အင်တာနက်နှင့်နည်းပညာ စသောအခက်အခဲများကြားမှ တက်ရောက်ပေးခဲ့ကြပါသော ဆရာ,ဆရာမ ကျောင်းသား,ကျောင်းသူ တဦးတယောက်ချင်းစီအား အထူးပင်ကျေးဇူးတင်အပ်ပါသည်။ TU Network၏ အခြေအနေများ နောင်အစီအစဥ်များနှင့် ကျောင်းသား/သူများ၏ စိတ်ပါဝင်စားစွာမေးမြန်းမှုများမှ တဆင့် ကျွန်ုပ်တို့နည်းပညာကဏ္ဍမှ ပညာရေးအပေါ် တန်ဖိုးထားကာ ဆက်လက်ကြိုးပမ်းနေကြစဲဖြစ်ကြောင်း သိရှိရကာ အလွန်ပင် အားတက်ဝမ်းမြောက်မိပါသည်။ နောင်ကာလများတွင် ထပ်မံကျင်းပမည့် လစဥ်တွေ့ဆုံပွဲများ အခြေအနေအရပ်ရပ်အပေါ် မူတည်၍ ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲများတွင်လည်း ယနေ့ကဲ့သို့ အားတက်သရော တက်ရောက်ကာ ပါဝင်ဆွေးနွေးကြပါရန် ကျွန်ုပ်တို့TUNSUမှ လေးစားစွာဖိတ်ခေါ်, နွေးထွေးစွာကြိုဆိုအပ်ပါသည်ခင်ဗျာ။

စာကြွင်း။ ။TUNSU၏ Official Telegram channel ( https://t.me/TU_Network_SU )နှင့် Official Facebook Page ( https://www.facebook.com/profile.php?id=61589946000337 ) မှသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်ပေးမည် ဖြစ်ပါသဖြင့် Followထားကြပါရန် ထပ်လောင်း တိုက်တွန်းအပ်ပါသည်ခင်ဗျာ။

-နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ, TUNSU
- tunetworkstudentsunion@gmail.com
2
TU Network ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၏ လစဉ်တွေ့ဆုံပွဲမှတ်တမ်း
3
ခက်ခဲစိန်ခေါ်မှုများကြားမှ ပြည်သူ့ထံသို့ - IUSUN ၏ ရေဘေးကူညီရေး လှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ

‎မြန်မာနိုင်ငံအထက်ပိုင်း ဒေသအသီးသီးတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ်မှုကြောင့် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့သည့် အချိန်မှစ၍ ကြားကာလ တက္ကသိုလ်များကျောင်းသားသမဂ္ဂများကွန်ရက် (IUSUN) သည် မြေပြင် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များ၊ ကျောင်းသားသမဂ္ဂ ရဲဘော်များနှင့် လက်တွဲကာ အကူအညီ လိုအပ်နေသည့် ရေဘေးသင့် ပြည်သူများထံ တိုက်ရိုက်ရောက်ရှိရေးကို အရေးပေါ် ဦးစားပေး ဆောင်ရွက်ခဲ့ပါသည်။

‎ယခု မှတ်တမ်းသည် ရေဘေးသင့်ဒေသများရှိ စစ်ဘေးနှင့် ရေဘေး ထပ်ဆင့်ကြုံတွေ့နေရသည့် အိမ်ထောင်စုများထံသို့ အရေးပေါ် စားနပ်ရိက္ခာများ၊ အခြေခံ ဆေးဝါးများနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းများကို မြေပြင်အထိ ကိုယ်တိုင်တိုက်ရိုက် သွားရောက် ဖြန့်ဝေပေးခဲ့သည့် “ဝိုင်းဝန်းကူထောက် ရိက္ခာခြောက်” ရေဘေး ကူညီထောက်ပံ့ရေး လှုပ်ရှားမှုများကို တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
2
လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ စက်သုံးဆီဈေးနှုန်း မြင့်မားမှုနှင့် မြေပြင် လုံခြုံရေး အကန့်အသတ်များစွာကြားမှ ပါဝင်လှူဒါန်းပေးကြသော အလှူရှင်များ၊ မြေပြင်တွင်  ကူညီပေးနေကြသည့် သမဂ္ဂရဲဘော်များနှင့် မဟာမိတ်အဖွဲအစည်းများအားလုံးကို အထူးပင် လေးစားကျေးဇူးတင်ရှိပါသည်။

‎IUSUN သည် ပြည်သူလူထုနှင့် ကျောင်းသားထု အခက်အခဲကြုံတွေ့ရသည့် မည်သည့် အကျပ်အတည်းတွင်မဆို အစဉ်အမြဲ အတူတကွဆက်လက် ရပ်တည်သွားပါမည်။

#IUSUN  #StudentsUnion #FloodReliefMyanmar #HumanitarianResponse #PeopleToPeople
3