တောင်သာအလင်းတန်း
2.34K subscribers
5.25K photos
1.37K videos
351 links
တောင်သာမြို့နယ် နွေဦးတော်လှန်ရေး သတင်းဌာနအားသတင်းပေးပို့လိုပါက @Rebeljoegyi1993သို့ပေးပို့နိုင်ပါသည်။
Download Telegram
အမျိုးဘာချာ အာပလာ မဘသ မျိုးညစ် သာသချာခေတ်မှာ သိက္ခါသမာဓိနှင့်ဝိနည်းက အဓိကမဟုတ် လာဘ်လာဘပေါများဖို့အတွက် ဗုဒ္ဓဘာသာ အဆောင်ယောင်များအားအသုံးပြုပြီး ဘာသာရေးကိုခုတုံးလုပ်ကာ အယောင်ဆောင်လုပ်စားသူ များပြားလာ


သာသနာပြုဘွဲ့ ၂ ဘွဲ့ရထားသည်ဆိုသည့် လောကီဆရာ “သုံးရောင်ခြယ်ဘိုးတော်” တပည့်ဖြစ်သူအပေါ် မုဒိမ်းမှုဖြင့် မြောက်ဒဂုံရဲစခန်းတွင် အဖမ်းခံရ


အောက်တိုဘာ ၂၇ ရက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် (၁၅) ရပ်ကွက်တွင် နေထိုင်ပြီး သာသနာပြုဘွဲ့ နှစ်ဘွဲ့ ရရှိထားသူဟု ကိုယ့်ကိုယ်ကိုယ် ကြော်ငြာထားသည့် လောကီဆရာ “သုံးရောင်ခြယ်ဘိုးတော်” ဆိုသူကို တပည့်ဖြစ်သူ မိန်းကလေးအား တည်းခိုခန်းသို့ သုံးကြိမ်တိုင် ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့မှုဖြင့် မြောက်ဒဂုံမြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

တရားခံ ကျော်နိုင် (ခ) သုံးရောင်ခြယ်ဘိုးတော်သည် ၎င်း၏ တပည့်မလေးတစ်ဦးအား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မြနန်းသစ်တည်းခိုခန်းသို့ သုံးကြိမ်တိုင်တိုင် လိမ်လည်ခေါ်ဆောင်ကာ မုဒိမ်းပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နစ်နာသူ မိန်းကလေးဘက်မှ အကျပ်ကိုင်ခံရမှုအပေါ် မကျေနပ်သဖြင့် ရွေးတုအစိုးရလက်အောက်ခံ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ ရဲတပ်ဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် တရားခံကျော်နိုင်၏ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။

လက်ရှိတွင် မြောက်ဒဂုံမြို့မရဲစခန်း၌ တရားခံ ကျော်နိုင် (ခ) သုံးရောင်ခြယ်ဘိုးတော်အား ရာဇသတ် ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် အမှုဖွင့်အရေးယူထားပြီး လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံစာ-ကျော်နိုင် (ခ) သုံးရောင်ခြယ်ဘိုးတော်။
မိတ္ထီလာ ⚠️

မိတ္ထီလာလေတပ်မှ ၃စီးမြောက် ဂျက်ဖိုက်တာ ၁စီး အရှေ့မြောက်အရပ်သို့ ပျံတက်။

#WaiHin
Oct 27, 11:06 PM
UPDATE - ပေါက်မြို့နယ်တွင် အကျဉ်းထောင်ဖောက်ကာထွက်ပြေးသွားသည့် စစ်သုံ့ပန်းများကို လိုက်လံဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်သုံ့ပန်း ၇ ဦးသေဆုံးပြီး လက်နက် ၁ လက်ပြန်လည်သိမ်းဆည်း ရရှိ


အောက်တိုဘာလ ၂၇ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အကျဉ်းထောင်ဖောက်ပြေးသည့် စစ်သုံ့ပန်းများကို လိုက်လံဖမ်းဆီးစဉ် အ ပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်သုံ့ပန်း ၇ ဦး သေဆုံးကာ သေနတ်တစ်လက် ပြန်လည်သိမ်းဆည်း ရရှိခဲ့ ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က ပေါက်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုတွင် ထိန်း သိမ်းထားသော စစ်သုံ့ပန်း ၁၄ ဦးကို ကင်းတာဝန်ကျ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အချုပ်ခန်း ဖောက်ကာ ခေါ်ထုတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ ကင်းတာဝန်ကျ တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကို ဓားစာဖမ်းဆီးသွားသည့်အပြင် လက်နက် ၄ လက်နှင့် ကျည်အတောင့် ၂၀၀ ခန့်ပါ ယူ ဆောင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးသွားပြီးနောက် ဓားစာခံဖမ်းဆီးခံရသည့် ရဲဘော်များကို ယင်းနေ့တွင်လည်း ပြန်လည် တွေ့ရှိခဲ့ပြီး လွတ်မြောက်သွားသည့် စစ်သုံ့ပန်းများကို လိုက်လံဖမ်းဆီးရာ အောက်တိုဘာလ ၂၃ ရက်နေ့ က စစ်သုံ့ပန်း ၈ ဦးအနက် ၇ ဦးကို အသေဖမ်းမိခဲ့ပြီး တစ်ဦးကို လက်နက် ၁ လက်နှင့်အတူ အရှင်ဖမ်းမိခဲ့ ကြောင်း၊ ထို့နောက် အောက်တိုဘာလ ၂၆ ရက်နေ့က အချုပ်ခန်းဖောက်ကာ စစ်သုံ့ပန်းများကို ခေါ်ထုတ် သွားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်ဖိုးသားကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ပေါက်မြို့နယ်အနောက်ပိုင်းမှာပဲ မိတာလို့ သိရတယ်။ သူတို့က ကပစ ၂၄ ကို ဝင်ဖို့သွားတာမှာ မျက်စိ လည်နေတာရယ်၊ တော်လှန်ရေးဘက်က ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးတာရယ်ကြောင့် ပြန်ဖမ်းမိတာ၊ အဖွဲ့ ခွဲပြီး ထွက်ပြေးကြတာ။ ဖမ်းမိတဲ့ ၈ ယောက်အဖွဲ့က ချောင်းဖြတ်ကူးတုန်းက လက်နက်မချပဲ ပြန်ပစ်လို့ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပြီး ၇ ယောက်သေသွားတာ၊ တစ်ယောက်တော့အရှင်မိတယ်။ လက်နက် ၁ လက်လည်း ပြန်ရတယ်။ အချုပ်ခန်းဖောက်သွားတဲ့ တစ်ယောက်ရောဆိုရင် စုစုပေါင်း ၉ ယောက်ပေါ့၊ ကျန်တဲ့သူတွေကိုလည်း လိုက်လံရှာဖွေနေတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းစစ်သုံ့ပန်းများသည် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းသိမ်းတိုက်ပွဲ အတွင်းဖမ်းမိခဲ့သည့် စစ်သုံ့ပန်း ၁၄ ဦး ဖြစ်ပြီး ကျန်ထွက်ပြေးလွတ်မြောက်နေသည့် စစ်သုံ့ပန်းများကို လည်း ဖမ်းဆီးရရှိနိုင်ရေး လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

Photo - မြစ်ခြေရဲစခန်း သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများ
#KTM
အောက်တိုဘာလအတွက် တာဝန်ထမ်းဆောင်ပြီးပြီလား ရဲဘော်?


ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ထောက်ပို့ငွေ EUSD 600,389 အထိ ပါဝင်ထောက်ပို့နိုင်ခဲ့ကြပေမဲ့ ယခု အောက်တိုဘာလအတွက် ၂၇ ရက်နေ့အထိ လက်ရှိမှာ EUSD 440,006 ပဲ ရရှိပါသေးတယ်။ ပြီးခဲ့တဲ့လကထောက်ပို့အရှိန်ထက် ဒီလမှာ ပိုပြီး အရှိန်အဟုန်အားကောင်းစေဖို့ အချိန်မီ အမြန်ဆုံး ဝိုင်းရုန်းကြဖို့ လိုနေပါပြီ။

ပြည်သူ့တော်လှန်ရေးကြီး အမြန်ဆုံး အဆုံးသတ်နိုင်ဖို့အတွက် ရှေ့တန်းက ရဲဘော်တွေနဲ့အတူ နောက်တန်းက ထောက်ပို့မဏ္ဍိုင်ဟာလည်း အခိုင်အမာ တည်ရှိနေဖို့ လိုအပ်ပါတယ်။

ပြည်သူ့ကာကွယ်‌ရေးတပ်သား PDF တွေရဲ့ နောက်ကျောဘက်မှာ အတူတွဲပြီး လစဉ် ထောက်ပို့တာဝန်ထမ်းဆောင်မယ့်သူ ဘယ်နှယောက်ရှိမလဲ?

ငါတို့ တာဝန်... ငါတို့ကိုယ်စီကျေပွန်မှသာ ဒီပွဲက မြန်မြန်ပြီးမှာ ဖြစ်ပါတယ်။

လာပါ... ငါတို့အတူတူရုန်းမယ်။

အခုဆိုရင် ထောက်ပို့အင်အားအခြေအနေတွေကို Website မှာလည်း အချိန်နဲ့တစ်ပြေးညီ (Real-time) တိုက်ရိုက်ဝင်ရောက်ကြည့်ရှုလို့ရနေပါပြီ။


🌐 PRF website တွင် ဝင်ရောက်ကြည့်ရှုရန် - www.prf.modnugmm.org

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot
🔗 နိုင်ငံတကာမှ ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များစာရင်း - https://www.facebook.com/share/p/1AVXcurWuE/


It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

# prf4pdf
# လာပါငါတို့အတူတူရုန်းမယ်
# ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
# တစ်နိုင်ငံလုံးPDF တစ်ကမ္ဘာလုံးPRF
# ထောက်ပို့လစဥ်အောင်ပွဲဝင်
# ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
# PeoplesRevolutionSupplyFamily
# ထောက်ပို့PRF
တောင်သာအလင်းတန်း
Photo
Daily Highlight 1
Oct 27 (11:00 PM)

- အောက်တိုဘာလ ၂၂ ရက်နေ့က မြဝတီနယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း မြန်မာစစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးနှင့် ထိုင်းပြည်သူများ ဘေးကင်းစေရေးအတွက် အစီအမံများ တိုးမြှင့်ဆောင်ရွက်ထားကြောင်း၊ ထိုင်းပိုက်နက်အတွင်းသို့ လက်နက်ကြီးကျည်များ ထပ်မံကျရောက်လာပါက မီးခိုးကျည်မှစတင်ပြီး အဆင့်အလိုက် Rules of Engagement (ROE) အရ တုန့်ပြန်ပစ်ခတ်သွားတော့မည်ဖြစ်ကြောင်း၊ နယ်စပ်လုံခြုံရေးအတွက် သောင်ရင်းမြစ်အတွင်း ရေပြင်စိုးမိုးရေး ကင်းလှည့်ခြင်းအပါအဝင် ကြည်း ရေ လေ ကင်းလှည့်ခြင်းများ တိုးမြှင့်ဆောင်ရွက်နေကြောင်း၊ ထို့ပြင် သံတမန်ရေးရာနည်းလမ်းများဖြင့်လည်း သတိပေးတောင်းဆိုသွားမည်ဖြစ်ပြီး ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများအတွက် မြန်မာစစ်တပ်ဘက်မှ တာဝန်ယူပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း စသည့်အချက်များအပါအဝင် နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးအစီအမံများ ချမှတ်ထားကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရ၊ တဆက်တည်းတွင်ပင် မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံအတွင်း ကျရောက်မှုနှင့်ပတ်သက်ပြီး မဲဆောက်မြို့နယ် မဲ့ကုကင်းရွာမှ ဒေသခံများက အဆိုပါဖြစ်စဉ်များကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးရန် ထိုင်းအစိုးရကို တောင်းဆိုသော ဆန္ဒပြပွဲတစ်ရပ် ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရ။

- အောက်တိုဘာလ ၂၅ ရက်နေ့ မနက်အစောပိုင်း သန်းခေါင်ကျော်အချိန်က တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက်ရှိ VIBE KTV & Entertainment သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း၊ အဆိုပါစီးနင်းမှုတွင် အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၃၃ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများအနက် အုတ်ဖိုမြို့နယ် မြို့နယ်တွဲဖက်တရားသူကြီး နွယ်နီမြင့်၊ ဖြူးမြို့နယ် မြို့နယ်တရားသူကြီး အိမ့်မှူးခင်၊ နေပြည်တော် အမှတ် ၂ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ ကုတင် ၂/၃၀၀ မှ ဗိုလ်မှူးထွန်းလင်းစိုးနှင့် နေပြည်တော် အမှတ် ၂ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံမှ အရာရှိတစ်ကောင်ဖြစ်သူ ဗိုလ်ကြီးကောင်းသန့်မင်းတို့လည်း ပါဝင်နေကြောင်း၊ အဆိုပါ စကစနှင့် စစ်တပ်အရာရှိများအပါအဝင် တရားခံ ၃၃ ဦးကို အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရ။

- မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှ အသက် ၂၃ နှစ်အရွယ် ဗိုလ်(သေဆုံးချိန် ဗိုလ်ကြီးအဆင့်တိုး)တက်လင်းထွန်းဆိုသူ အောက်တိုဘာလ ၂၃ ရက်နေ့က ရှေ့တန်းစစ်မြေပြင်တွင် သေဆုံးသွားကြောင်း၊ ပုံမှန်အားဖြင့် စစ်တပ်အတွင်း စစ်တက္ကသိုလ်ကျောင်းဆင်းစ ဒုဗိုလ်များကို ရှေ့တန်းသို့ စေလွှတ်လေ့မရှိဘဲ ပျမ်းမျှ အသက် ၂၅ နှစ်ခန့်မှာသာ ဗိုလ်ကြီးအဆင့်တိုးမြှင့်ပြီး ရှေ့တန်းသို့ စေလွှတ်လေ့ရှိကြောင်း၊ ယခုအခါ ကျောင်းဆင်းစ တိုက်ပွဲအတွေ့အကြုံလုံးဝမရှိသေးသော ဒုဗိုလ်များကိုပါ ရှေ့တန်းသို့ စေလွှတ်နေရခြင်းဖြစ်ကြောင်း၊ ယခု သေဆုံးသူ ဗိုလ်(ဗိုလ်ကြီး) တင်လင်းထွန်းမှာ အလောင်းပြန်လည်ရရှိခြင်းမရှိသဖြင့် ရက်လည်ဆွမ်းသွပ်တရားနာခြင်းသာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရ။

- အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး စစ်ကိုင်းမြို့ပေါ်မှ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းက စစ်ကိုင်းနယ်အတွင်း ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်းနေ၊ အောက်တိုဘာ ၂၄ နှင့် ၂၅ ရက်နေ့တို့တွင် ရွှေလှေရွာနှင့် သဖန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်ခွေးများက ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ပြည်သူများကို ဖမ်းဆီးခဲ့ပြီး ပြည်သူ ၂ ဦးထက်မနည်းကိုလည်း သတ်ဖြတ်ခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းကြောင့် စစ်ကိုင်းမြို့အနောက်ဘက် ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကျေးရွာများမှ ပြည်သူ သောင်းနှင့်ချီပြီး ထွက်ပြေးနေကြရကြောင်း သိရ။

- အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက မြိုင်မြို့နယ်တောင်ပိုင်း နေရာတစ်ခုကို စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။

- မြန်မာစစ်တပ်၏ လူသတ်မှု၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုနှင့် လူပေါင်း သောင်းနှင့်ချီကို အတင်းအကျပ် နေရပ်စွန့်ခွာစေမှုများအတွက် မြန်မာစစ်ဗိုလ်ချုပ်များကို စုံစမ်းစစ်ဆေး အရေးယူပေးရန် ချင်းတိုင်းရင်းသူတစ်ဦးက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တစ်ရပ် တင်သွင်းလိုက်ကြောင်း၊ လုံခြုံရေးအရ အမည်လျှို့ဝှက်ထားသည့် အဆိုပါအမျိုးသမီးက မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်တပ်က မီးရှို့ဖျက်စီးခဲ့သဖြင့် နေအိမ် ၄၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်း၊ မိသားစုဝင်များနှင့် မိတ်ဆွေများမှာ စစ်ခွေးများထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် သေဆုံးခြင်းနှင့် မသန်စွမ်းဖြစ်ခြင်းများ
တောင်သာအလင်းတန်း
Photo
ကြုံတွေ့ခဲ့ရကြောင်း၊ စစ်တပ်၏ စစ်ဆင်ရေးအမည်တပ် စစ်ကြောင်းထိုး မွှေနှောက်သောင်းကျန်းမှုများကြောင့် သူမကိုယ်တိုင်မှာလည်း ချင်းပြည်နယ်မှ အခြားပြည်သူများနည်းတူ အိန္ဒိယနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရပြီး နောက်ပိုင်းတွင် ဒိန်းမတ်နိုင်ငံတွင် အခြေချ နေထိုင်ခဲ့ရကြောင်း တင်သွင်းချက်တွင် ဖော်ပြထား၊ အဆိုပါအမှုကို ဒိန်းမတ်နိုင်ငံတွင် တိုင်ကြားနိုင်ခြင်းမှာ နိုင်ငံ၏ ဥပဒေပြောင်းလဲမှုကြောင့်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က စတင်အသက်ဝင်ခဲ့သည့် ဥပဒေအသစ်အရ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ အရေးယူနိုင်ရန် အခွင့်အရေးရှိလာခြင်းဖြစ်ကြောင်း၊ အဆိုပါ ဥပဒေအသစ်အရ ပြစ်မှုကျူးလွန်ခဲ့သည့်နေရာ၊ ကျူးလွန်သူများနှင့် နစ်နာသူများ၏ နိုင်ငံသားဖြစ်တည်မှုတို့သည် အရေးကြီးသည့် အတားအဆီးများ မဟုတ်တော့ဘဲ ဒိန်းမတ်နိုင်ငံတွင် နေထိုင်နေသည့် နစ်နာသူများက ၎င်းတို့အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို ဒိန်းမတ်အာဏာပိုင်များထံ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တရားရုံးများကို စစ်အာဏာပိုင်များက ထိန်းချုပ်ထားပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း၊ နယ်သာလန်နိုင်ငံ The Hague မြို့ရှိ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နှင့် နိုင်ငံတကာတရားရုံး (ICJ) တို့တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ ရှိနေသော်လည်း အဆိုပါလုပ်ငန်းစဉ်များမှာ အချိန်ကြာမြင့်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း၊ ဒိန်းမတ်အာဏာပိုင်များအနေဖြင့် ယခုတိုင်ကြားချက်ကို မည်သို့ဆက်လက်ဆောင်ရွက်မည်ဆိုသည်မှာ မြန်မာစစ်အာဏာပိုင်များအပေါ် နိုင်ငံတကာတရားရေးအရ တာဝန်ခံမှု ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် စမ်းသပ်မှုတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသူများက သုံးသပ်ပြောဆိုကြကြောင်း သိရ။

- ကျင်ဒွေးနယ်ဘက်သို့ စစ်ကြောင်းထိုးနေသော စစ်တပ်စစ်ကြောင်း၏ နောက်ချန်အင်အားများဖြစ်သော လောင်းရှည်မြို့ရှိ စစ်ခွေးများအတွက် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စစ်တပ်က ကပစ ၂၅ မှ ကားကြီး ၃ စီးဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်၊ အဆိုပါ လက်နက်ခဲယမ်းများနှင့် ရိက္ခာများကို ဆွဲလွဲကျင်း-မဆာတွီ-မောချောင်းလမ်းအတိုင်း ရှေ့တန်းစစ်မြေပြင်သို့ တဆင့်ပို့ဆောင်ပေးနေကြောင်း၊ အလားတူ ယမန်နေ့ မနက်ပိုင်းက မင်းဘူးမြို့မှ ထွက်ခွာလာသော စစ်ကား ၁၄ စီးပါ ယာဉ်တန်းမှာ ပွင့်ဖြူ၊ စလင်းနယ်များကိုဖြတ်သန်းပြီး ကံပြားမှ တဆင့် လောင်းရှည်အခြေစိုက် ကပစ ၂၅ သို့ ဦးတည်မောင်းနှင်လာနေကြောင်း၊ အဆိုပါ စစ်ကား ၁၄ စီးတွင် Doubke Cab ကားငယ် ၅ စီးပါဝင်ပြီး ဒရုန်းများ၊ လက်နက်ခဲယမ်းများ အပြည့်တင်ဆောင်ထားကြောင်း၊ ကျန် ကားကြီး ၉ စီးတွင် စစ်ခွေးများ တင်ဆောင်လာပြီး အင်အား ၂၀၀ ခန့်ပါဝင်ကြောင်း၊ အဆိုပါစစ်ကြောင်းမှာ ကျင်ဒွေးထိုးစစ်တွင် ပြုန်းတီးနေသော စစ်တပ်အင်အားများအတွက် ပြန်လည်ဖြည့်တင်းပေးမည့် စစ်ခွေးများဖြစ်ကြောင်း သိရ။

- အင်းတော်မြို့မှ စတင်ထွက်ခွာလာပြီး မန္တလေး-မြစ်ကြီးနားလမ်းအတိုင်း ဝန်းသိုနှင့် ထီးချိုင့်နယ်များဘက်သို့ စစ်ကြောင်းထိုးနေသော စစ်တပ်စစ်ကြောင်းများကို တော်လှန်ရေးအဖွဲ့များက အောက်တိုဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များက အင်းတော်နယ် လယ်ပြင် ရွာအနီးတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ခွေးများ ထိခိုက်သေဆုံးမှု အလွန်များပြားခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းကို စစ်ကူပေးရန် ဝန်းသိုမြို့မှ ထွက်ခွာလာသော စစ်ကြောင်းကိုလည်း တော်လှန်ရေးအဖွဲ့များက ဂျိုးတောင်ရွာမအနီးတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ခွေးများ ထိခိုက်သေဆုံးမှု အလွန်များပြားခဲ့ကြောင်း၊ ထိုသို့ အထိနာနေသောကြောင့် စစ်တပ်က လယ်ပြင်၊ ပိန်းအင်း၊ ဂျုံးကျနှင့် ကွင်းချောင်းရွာတို့ကို လေယာဉ်မျိုးစုံဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ အဆိုပါ စစ်ကြောင်း ၂ ကြောင်းမှာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၃၃၁ နှင့် ၃၃၂ တို့မှ စစ်ခွေးများဖြစ်ကြောင်း၊ ၎င်းတို့ကို ဒုတပ်မမှူးနှင့် တပ်ရင်းများမှ နည်းဗျူဟာမှူးများဖြစ်သော ဒုဗိုလ်မှူးကြီး ကျော်ဆန်းဝင်းနှင့် ဒုဗိုလ်မှူးကြီး မျိုးသိန်းတို့က ဦးဆောင်လာခြင်းဖြစ်ကြောင်း၊ ယခုအခါ စစ်ကြောင်း ၂ ကြောင်းလုံး ထိခိုက်သေဆုံးမှု အလွန်များပြားပြီး လက်နက်ချအညံ့ခံသူများ၊ ကစဉ့်ကလျားထွက်ပြေးသူများဖြင့် စစ်ကြောင်းပျက်သွားပြီဖြစ်ကြောင်း၊ ထို့ပြင် ခမရ ၃၃၂ မှ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ဆန်းဝင်းမှာလည်း တော်လှန်ရေးအဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရကြောင်း သိရ။

- အောက်တိုဘာလ ၂၄ ရက်နေ့ ညပိုင်းက ဒီးမော့ဆိုနယ်အနောက်ခြမ်း နေရာတစ်ခုကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရ။

#Thadinsubue
Crd to original uploader with respect
တောင်သာအလင်းတန်း
ကြုံတွေ့ခဲ့ရကြောင်း၊ စစ်တပ်၏ စစ်ဆင်ရေးအမည်တပ် စစ်ကြောင်းထိုး မွှေနှောက်သောင်းကျန်းမှုများကြောင့် သူမကိုယ်တိုင်မှာလည်း ချင်းပြည်နယ်မှ အခြားပြည်သူများနည်းတူ အိန္ဒိယနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရပြီး နောက်ပိုင်းတွင် ဒိန်းမတ်နိုင်ငံတွင် အခြေချ နေ…
Daily Highlight 2
Oct 27 (11:00 PM)

- အောက်တိုဘာလ ၂၁ ရက်နေ့က ပေါက်မြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့၏ စခန်းတစ်ခုတွင် ထိန်းသိမ်းထားသော စစ်သုံ့ပန်း ၁၄ ဦးကို ကင်းတာဝန်ကျ တော်လှန်ရေးရဲဘော် ၁ ဦးက အချုပ်ခန်းဖောက်ကာ ခေါ်ထုတ်ထွက်ပြေးသွားကြောင်း၊ ၎င်းတို့နှင့်အတူ ကင်းတာဝန်ကျ တော်လှန်ရေးရဲဘော် ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့်အပြင် လက်နက် ၄ လက်နှင့် ကျည်အတောင့် ၂၀၀ ခန့်ပါ ယူဆောင်သွားကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့် ရဲဘော်များကို ထိုနေ့တွင်ပင် ပြန်လည်တွေ့ရှိခဲ့ပြီး လွတ်မြောက်သွားသည့် စစ်သုံ့ပန်းများကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ အောက်တိုဘာလ ၂၃ ရက်နေ့တွင် သုံ့ပန်း ၈ ကောင်အနက်မှ ၇ ကောင်ကို အသေဖမ်းမိခဲ့ပြီး ကျန် ၁ ကောင်ကို လက်နက် ၁ လက်နှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့နောက် ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အချုပ်ခန်းဖောက်ကာ စစ်သုံ့ပန်းများကို ခေါ်ထုတ်သွားသည့် တော်လှန်ရေးရဲဘော်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ကျန်ရှိနေသေးသော သုံ့ပန်းများကို ပြန်လည်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ရှာဖွေနေကြောင်း၊ အဆိုပါ သုံ့ပန်းများမှာ မြစ်ခြေရဲစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိထားသော စစ်ခွေး ရဲခွေးများဖြစ်ကြောင်း သိရ။

- အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ရွာ ဘုန်းကြီးကျောင်းအနီးရှိ Wi-Fi ဆိုင်အတွင်း စစ်မှုထမ်းကြေး ကောက်ခံရန် စာရင်းပြုစုနေသော နဘဲပင်ရွာအုပ်ကြီး ဆန်းဝင်း၊ အုပ်ကြီးနောက်လိုက် သူရိန်နှင့် ဇော်လင်းအောင်ဆိုသူတို့ကို တော်လှန်ရေးအဖွဲ့များက ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ကြီး ဆန်းဝင်းနှင့် သူရိန်တို့ နေရာတွင်ပင် သေဆုံးပြီး ဇော်လင်းအောင်မှာ သေနတ်ဒဏ်ရာများဖြင့် ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရ။

- အောက်တိုဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက မုံရွာနယ်၊ ကျောက္ကာရွာ ရွှေဂူနီဘုရားဝင်းအတွင်း အထိုင်ချတပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးအဖွဲ့များက ရှော့တိုက်ဒုံး၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ခွေးများ ထိခိုက်မှုရှိပြီး စခန်းအတွင်းရှိ ဂျန်မာလည်း ပျက်စီးခဲ့ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်၍ အလွန်အမင်း သတိထားတိုက်ခိုက်ခဲ့ရခြင်းကြောင့် စစ်ခွေးများ သေဆုံးမှုမရှိခဲ့ကြောင်း သိရ။

- အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းက ရေးမြို့နယ်၊ မြို့ဟောင်းရွာ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ကောင် အပါအဝင် စစ်ခွေး ၃ ကောင် သေဆုံးပြီး ၄ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရ။

- အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းက ပခုက္ကူနယ် သစ်ပုလွေကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိခဲ့သော်လည်း ဘုန်းကြီးကျောင်းနှင့် နေအိမ် ၇ လုံး လုံးဝပျက်စီးပြီး ကျေးရွာရှိ လျှပ်စစ်ထရန်စ်ဖော်မာ လည်း ထိခိုက်ပျက်စီး၊ အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း သိရ။

- ယမန်နေ့ နေ့လယ်ပိုင်းမှ ညပိုင်းအထိ ပုလောနယ်၊ ပလောက်မြို့၊ မြိတ်-ထားဝယ်လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းလာသဖြင့် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား၊ တိုက်ပွဲများကြောင့် လမ်းသွားလမ်းလာ မော်တော်ယာဉ်များ ပိတ်မိခဲ့ကြောင်း၊ ထို့ပြင် အဆိုပါစစ်ကြောင်းများကြောင့် ဝင်းဝ၊ မင်းဒပ်၊ သိမ်ကုန်း၊ ဝဲရစ်၊ ရငဲနှင့် ကတွဲရွာတို့မှ ပြည်သူ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ။

- ယမန်နေ့ ညဦးပိုင်းက ဝက်လက်နယ် လှတောရွာရှိ စစ်ခွေးများက အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်၊ ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များက စဉ့်ကူးနယ်အနောက်ခြမ်း ကျွန်းဦးရွာမှ စစ်ခွေးများကလည်း ဧရာဝတီမြသ် အနောက်ဘက်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်နေကြောင်း၊ အဆိုပါ ပစ်ခတ်မှုများတွင် လူသူထိခိုက်မှု မရှိခဲ့ကြောင်း သိရ။

- အောက်တိုဘာလ ၁၈ ရက်နေ့က KNU ဒွယ်လိုးမြို့နယ် ပိုးလိုးထာရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မူလတန်းကျောင်းသူအရွယ် မိန်းကလေးငယ် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင်လည်း ဘူးသိုမြို့နယ် ဆောလှိုင်ဒါရွာကို စစ်တပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ဘူးသိုမြို့နယ် မယ်နုထာရွာကို စစ်တပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ မူလတန်းကြို ကျောင်းသားငယ် ၁ ဦး သေဆုံးခဲ့ကြောင်း Karen Education & Culture Department ထုတ်ပြန်ချက်အရ သိရ။

- အောက်တိုဘာလ ၁၉ ရက်နေ့က အင်းတော်နယ် ထန်းတောရွာအနီး မဲဇာချောင်းအတွင်း ကျွဲ နွားများကို ရေချပေးနေသော ပြည်သူများကို စစ်ခွေးများက ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ အမျိုးသား ၄ ဦး သေဆုံးခဲ့ကြောင်း သိရ။
တောင်သာအလင်းတန်း
ကြုံတွေ့ခဲ့ရကြောင်း၊ စစ်တပ်၏ စစ်ဆင်ရေးအမည်တပ် စစ်ကြောင်းထိုး မွှေနှောက်သောင်းကျန်းမှုများကြောင့် သူမကိုယ်တိုင်မှာလည်း ချင်းပြည်နယ်မှ အခြားပြည်သူများနည်းတူ အိန္ဒိယနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရပြီး နောက်ပိုင်းတွင် ဒိန်းမတ်နိုင်ငံတွင် အခြေချ နေ…
- စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်သော မြန်မာနိုင်ငံသား ၁,၄၇၆ ဦး အနက်မှ ၃၀၀ ခန့်ကို မြန်မာစစ်တပ်က ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရ။

- ယမန်နေ့က မကွေးမြို့မှ ထွက်ခွာလာပြီး လောင်းရှည်အခြေစိုက် ကပစ ၂၅ သို့ ဝင်ရောက်သွားသော စစ်ကား ၁၄ စီးအပါအဝင် စစ်ကား ၁၆ စီးပါ လက်နက်ခဲယမ်းနှင့် စစ်ခွေးများ တင်ဆောင်လာသော ယာဉ်တန်း ယနေ့မနက်ပိုင်းတွင် လောင်းရှည်မြို့အတွင်းသို့ ဝင်ရောက်လာကြောင်း၊ ၎င်းတို့မှာ ကျင်ဒွေးထိုးစစ်အတွက် အင်အားဖြည့်ရန် ဖြစ်နိုင်ကြောင်း သိရ။

- ယနေ့ မနက်ပိုင်းက ဆိပ်ဖြူနယ်အခြေစိုက် ကပစ ၂၂ မှ စစ်ကား ၂၇ စီးပါ ယာဉ်တန်းမှာ ပေါက်မြို့နယ်ဘက်သို့ ဦးတည်နေကြောင်း၊ ညနေပိုင်းတွင် ရှေ့ပြေးကား ၂ စီးမှာ ပေါက်နယ်တောင်ပိုင်းရှိ သပြေရေရွာအနီးသို့ ရောက်ရှိလာကြောင်း သိရ။

- အောက်တိုဘာလ ၁၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု မေရီလန်းမြို့တွင် ပြုလုပ်ခဲ့သော တော်လှန်အနုပညာရှင် လင်းလင်း၏ Theatre 21 ဖျော်ဖြေပွဲမှ အမေရိကန်ဒေါ်လာ ၃၇,၉၀၆ ရရှိခဲ့ကြောင်း၊ အဆိုပါ ရရှိငွေများကို  နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော သူရဲကောင်းရဲဘော်များ၏ မိသားစုများ၊ CDM မိသားစုများနှင့် နွေဦးမိသားစုများ၏ ပညာရေးအတွက် ကူညီပေးသွားရန် ရည်ရွယ်ထားကြောင်း သိရ။

- ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” (ARNAB) ၏ အရှိန်ကြောင့် အောက်တိုဘာ ၂၇ မှ ၂၉ ရက်နေ့အတွင်း နိုင်ငံတဝန်းတွင် မိုးများ ပြန်လည်ရွာသွန်းလာမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည်ဖြစ်ပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် ရွာရန်ရာနှုန်းပြည့်နှင့် မိုးကြီးနိုင်ကြောင်း၊ ထို့ပြင် မကွေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ် မိုးကြီးနိုင်ကြောင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အပါအဝင် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း၊ အဆိုပါမိုးလေဝသအခြေအနေများကြောင်း မြစ်ချောင်းများအနီးရှိ ပြည်သူများအနေဖြင့် ရုတ်တရက် ရေကြီးရေလျှံခြင်းများ သတိပြုကြရန်နှင့် မိုးတိမ်တောင်များဖြစ်ထွန်းနေသော ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အဆိုပါမိုးတိမ်တောင်များ ဖြတ်သန်းသွားရာတလျှောက်တွင် မိုးသက်လေပြင်းကျရောက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားနိုင်သည်ဟု မိုးဇလမှ ထုတ်ပြန်ထားကြောင်း သိရ။

#Thadinsubue
Crd to original uploader with respect
တောင်သာအလင်းတန်း
- စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်သော မြန်မာနိုင်ငံသား ၁,၄၇၆ ဦး အနက်မှ ၃၀၀ ခန့်ကို မြန်မာစစ်တပ်က ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရ။ - ယမန်နေ့က မကွေးမြို့မှ ထွက်ခွာလာပြီး…
Daily Highlight 3
Oct 27 (11:10 PM)

ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- အင်းတော်နယ် ၁၄ ကြိမ်
- ပုဏ္ဏားကျွန်းနယ် ၁ ကြိမ်
- ကောလင်းနယ် ၁ ကြိမ်
- ရွှေဘိုနယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- မြိုင်မြို့နယ် ၃ ကြိမ်
- မြိုင်မြို့နယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- မြင်းခြံနယ် ၃ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ပေါက်တောနယ် ၂ ကြိမ်
- မြိုင်မြို့နယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: WES)

- ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။

(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)

#Thadinsubue
Crd to original uploader with respect
“လပြနေ့ည" လားနဂီးကို ကန်တော့ကြတော့ လပဲပြလိုက်တာလား ဠီးရောမပြလိုက်ဘူးလား😂😂😂

ဖွတ်ထွက်တာတောင် တောင်ပို့မှန်းမသိ စေတီမှန်းမသိ ဘုရားဆိုပြီး ကုန်းဝတ်ချနေတဲ့ နလပိန်းတုံးတွေ လခွမ်း
😂😂😂
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from 
Media is too big
VIEW IN TELEGRAM
🪄🪄🪄🪄🪄🪄🪄🪄🪄🪄🪄

လူနတ်ဗြဟ္မာ သတ္တဝါအားလုံးတို့သည် မြတ်စွာဘုရားရှင်၏ တရားတော်မြတ်များကို ရည်သန်သမှုအာရုံပြု၍🙏🙏🙏


ကိုယ်စိတ်နှများကိုလုံး၌ တည်မြဲကြပါစေ။

ကိုယ်စိတ်နှလုံး၌ ခိုင်မြဲကြပါစေ။

လိုအင်ဆန္ဒဟူသမျှ ပြည့်ဝကြပါစေ။

ရန်သူမျိုးငါးပါးဘေး၊ကင်းဝေးကြပါစေ။

ကျန်းမာကြပါစေ ချမ်းသာကြပါစေ။

ရောဂါကင်းကြပါစေ၊အသက်ရှည်မရိကြပါစေ။

အခက်ခဲမရှိ အောင်မြင်ကြပါစေ။

🪄🪄🪄🪄🪄🪄🪄🪄 🪄🪄🪄

ဤ Channel အတွင်းမှ မိဘပြည်သူ ညီအစ်ကို မောင်နှမအားလုံး ဘုရား တရား သံဃာ ရတနာသုံးပါး ကို မမေ့မလျော့ပါပဲ နှလုံးသားမှာ ဘုရားတည်နိုင်ကြပါစေ..
🙏..🙏..🙏

https://t.me/monywa1988

@Rebeljoegyi1993
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from တောင်သာအလင်းတန်း (Joe Gyi (⁠ ⁠˘⁠ ⁠³⁠˘⁠)⁠♥ (⁠╭⁠☞⁠•́⁠⍛⁠•̀⁠)⁠╭⁠☞)
TTA Revolution စကားဝိုင်းကို လာ join‌ သော ညီအကိုများအနေဖြင့်

(၁) နေရပ်လိပ်စာ မပြောရ/ မမေးရ။

(၃)ပုံအစစ်မှန် မတင်ကြပါနဲ့။

(၄) ဖုန်းနံပါတ် မပေါ်အောင်လုပ်ထားပါ။

(၅) အခြားသူများအား Dm ကနေပြီး လိုက်ပြောခြင်း မေးမြန်းခြင်းများ မပြုလုပ်ရန်။

(၆) မိမိအား Dm မှာ လာရောက် ပြောဆို၊နေရပ်များမေးမြန်းပါက  admin များထံသို့ လာပြောပါရန်။ acc တစ်ခုက gp ထဲမှ လူအများထံ သွားပြီး info လိုက်တဲ့ပုံစံတွေ့ရှိပါက Ban ပါမည်။

(၇)location ပေါက်စေမည့် အပြောအဆိုများကို အထူးဂရုစိုက်ပြောဆိုကြရန်

(၈) တတ်နိုင်သမျှ တောင်သာနယ်မြေ သတင်းများကို ပြည်သူများနှင့်ရဲဘော်များ ဘေးကင်းစေရန်အတွက် admin များထံသို့ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါတယ် ခင်မျာ🙏🙏🙏


@Rebeljoegyi1993
Forwarded from တောင်သာအလင်းတန်း (𝓡𝓮𝓫𝓮𝓵 𝓙𝓸𝓮 𝓖𝔂𝓲)
⚠️အထူးသတိပေးချက်⚠️

တောင်သာနယ်မှာ နေထိုင်ကြသော ပြည်သူများအနေဖြင့် ယခုရက်ပိုင်းတွင် အကြမ်းဖက် စကမ မှ ဗုံးကြဲလေယာဉ်အမျိုးမျိုး နှင့် suicide drones အသုံးပြုပြီး အရပ်သားပြည်သူများကို ဦးတည်ကာ လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေပါသဖြင့် ဗုံးခိုကျင်းများပြုလုပ်ကာ လေကြောင်းအန္တရာယ် အထူးဂရုပြုနေထိုင်ကြစေလိုပါတယ်ခင်မျာ
🙏🙏🙏

@Rebeljoegyi1993
Please open Telegram to view this post
VIEW IN TELEGRAM
❤3
တောင်သာ/နွားထိုးကြီး

တောင်သာ/နွားထိုးကြီးနယ်တစ်နေရာတွင် ATR-42MPA ကင်းထောက်လေယာဉ် (ယူဆ)၁စီး ဆက်လက်ပျံဝဲနေ။

#WaiHin
Oct 28, 12:42 PM
❤1
မြင်းခြံ ⚠️

မြင်းခြံနယ်ဖြတ်၍ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
Oct 28, 02:04 PM
👍1