Tsuki Japanese Center
149 subscribers
45 photos
5 videos
9 links
For Japanese Learning Online
Download Telegram
🏫University of Tsukuba ရဲ့ Japan Expert Program Online Seminar

✅ ဂျပန်နိုင်ငံရဲ့ နာမည်ကျော်အစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Tsukuba ရဲ့ Japan Expert Program အကြောင်းကို University of Tsukuba နဲ့ Zen Miari Myanmar- Study in Japan with Us တို့ ပူးပေါင်းပြီး Online Seminar ပြုလုပ်သွားမှာဖြစ်ပါတယ်။

❓University of Tsukubaရဲ့ Japan Expert Program ဆိုတာ ဘာလဲ။
✅ Japan-Expert (bachelor degree) Program ဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ဂျပန်လူမျိုးတစ်ယောက်ရဲ့ အမြင်ရှိဖို့အတွက် နိုင်ငံတကာက ကျောင်းသူကျောင်းသားတွေကို လေ့ကျင့်ပျိုးထောင်ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီကျောင်းသူကျောင်းသားတွေက ဂျပန်နိုင်ငံ ဒါမှမဟုတ် ဂျပန်နဲ့ ဆက်စပ်တဲ့ကုမ္ပဏီတွေမှာ အလုပ်ဝင်နိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ထားတဲ့ (၄)နှစ် သင်တန်းဖြစ်ပါတယ်။

❓ ဘယ်လို Courses တွေကို သင်ကြားပေးမှာလဲ။
✅ အဓိကအားဖြင့်တော့ Agricultural Science Course, Health Care Course, Japanese Art & Design Couorse နဲ့ Japanese Language Training Course တို့ဖြစ်ပါတယ်။

🧑‍🌾Agricultural Science Course
🧑‍🌾 Agricultural Science Courseမှာဆိုရင် ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ သစ်တောနည်းပညာ၊ စိုက်ပျိုးရေးနဲ့သစ်တောပိုင်းဆိုရာနဲ့ ဆက်စပ်နေတဲ့ လိုက်နာရမဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာ နည်းပညာနဲ့ သဘောတရားတွေကို သင်ကြားဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။

🧑‍⚕️Health Care Course
🧑‍⚕️ Health Care Courseမှာဆိုရင်တော့ Nursing Qualification တွေသာမကပဲ health care policy ပိုင်းတွေမှာပါ ဦးဆောင်နိုင်အောင်လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

🎨 Japanese Art & Design Course
🎨 Japanese Art & Design Couorseပိုင်းမှာဆိုရင် နိုင်ငံတကာက လေးစားမြတ်နိုးရတဲ့ ဂျပန်ရိုးရာအနုလက်ရာတွေဖြစ်တဲ့ ပန်းချီ၊ လက်မှုပညာရပ်တွေနဲ့ လက်ရေးလှအနုပညာတို့သာကမကပဲ ခေတ်သစ်ဂျပန်အနုပညာလက်ရာတွေပါဝင်တဲ့ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့အနုလက်ရာတွေကို သင်ကြားရမှာဖြစ်ပါတယ်။

🇯🇵 Japanese Language Training Course
🇯🇵 Japanese Language Training Course မှာဆိုရင် မိခင်နိုင်ငံမှာ ဂျပန်စာသင်ကြားနေတဲ့ဆရာ၊ ဆရာမတွေကို ဂျပန်ပညာရေးနဲ့ပတ်သက်ပြီး အဆင့်မြှင့်တင်ဖို့ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားကို သင်ကြားရမှာဖြစ်ပါတယ်။

⭕️ ဒီCoursesတွေကနေ တဆင့် ကျွမ်းကျင်မှုနဲ့ ဆန်းစစ်ဝေဖန်မှုပိုင်းဆိုင်ရာစွမ်းရည်တွေ ရရှိလာပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် ဒေသတွင်းသာမက ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်တွေမှာလည်း ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေရရှိဖို့ ရည်ရွယ်ပါတယ်။

❓Japan-Expert Program ကို လျှောက်ဖို့ဘာတွေလိုအပ်သလဲ။
✅ ဒီCourse လေးခုမှာ ၃ခုက N3 နဲ့ အထက်လိုအပ်မှာဖြစ်ပေမဲ့ Japanese Language Training Course လျှောက်ထားဖို့အတွက် N2 နဲ့ အထက်လိုအပ်ပါတယ်။

❓ ဒီOnline Seminar ကနေပြီးတော့ တခြားဘာတွေသိနိုင်မလဲ။
✅ Online Seminar ကနေ ပြီးတော့ ဂျပန်နိုင်ငံရဲ့ ပညာသင်ဆုတွေအကြောင်းသိရှိနိုင်ပြီးတော့ ကျောင်းသူကျောင်းသားတွေအတွက် ဘယ်လိုအခွင့်အလမ်းတွေရှိသလဲဆိုတာကိုပါ သိရှိသွားနိုင်မှာဖြစ်ပါတယ်။

⭕️ စိတ်ဝင်စားစရာအကောင်းဆုံးအချက်က University of Tsukuba မှာ တက်ရောက်နေပြီးတော့ JASSO Scholarship, University of Tsukuba Scholarship နဲ့ Watanabe Scholarshipတို့ကို ရရှိထားတဲ့ ကျောင်းသူနှစ်ယောက်ကလည်း guest speakers အနေနဲ့ ပါဝင်ပြီးတော့ သူတို့ရဲ့အတွေ့အကြုံတွေကို ဝေမျှကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံမှာ တက္ကသိုလ်တက်ရောက်ဖို့ ပြင်ဆင်နေတဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ ကိုယ့်အတွက် ဘယ်လိုအခွင့်အလမ်းတွေရှိနေတယ်ဆိုတာ သိရဖို့ ဒီonline Seminar ကို လက်လွတ်မခံဖို့ တိုက်တွန်းလိုက်ရပါတယ်။

🌸 ကျင်းပမဲ့အစီအစဉ် 🌸
📆 (Sunday) 16, February ၊ 2025
⏰ 4:30 - 6:00PM (🇯🇵)
2:00 - 3:30 PM (🇲🇲)
🧑‍💻 Zoom
▶️ စာရင်းသွင်းရန်လင့်- https://docs.google.com/forms/d/1tz7lPzUTufh0b3bvf-hdgMrIvpZWw4nJBHdKGhOe7gQ/edit
🎍Japan Education Fair in Yangon 2025🎴

📍 ဝင်ကြေး အခမဲ့ 📍

🎌နေ့ရက် - 15th & 16th (February)
🎌အချိန် - မနက် 10နာရီမှ ညနေ 3နာရီ
🎌နေရာ - M-Tower (18th Floor) office tower ဝင်ပေါက်

🌸ဂျပန်နိုင်ငံတွင်ပညာသွားရောက်သင်ယူရန် စိတ်ပါဝင်စားတဲ့ကျောင်းသားကျောင်းသူတွေအတွက် “Japan Education Fair in Yangon 2025” ကို ဖေဖော်ဝါရီလ ၁၅ရက်နေ့နဲ့ ၁၆ရက်နေ့တွေမှာ ကျင်းပပေးသွား‌တော့မှာဖြစ်ပါတယ်ရှင့်

🎏ပညာတော်သင်ထောက်ပံ့ကြေးရရန် အတွက်ကြိုးစားချင်‌သော်လည်း ဘယ်ကစရမှန်းမသိတဲ့ ကျောင်းသူ/သားများအတွက်လည်း မြန်မာနိုင်ငံရှိ ဂျပန်ပညာ‌ရေးနှင့်ဆိုင်‌သောအဖွဲ့အစည်းကြီးများဖြစ်သော MJC , MAJA နှင့် OJEIC စသည့်အဖွဲ့အစည်းများမှ နှစ်စဉ်ပေးအပ်လေ့ရှိသော Scholarship Program များကိုလည်း လာရောက်ရှင်းလင်းပြောကြားပေးမှာဖြစ်တဲ့အတွက် သိရှိလိုသည်များကိုမေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

🇯🇵🇲🇲ဂျပန်-မြန်မာ စကားပြန်တွေလည်း စီစဉ်ပေးထားပြီး မေးလိုရာမေးမြန်းနိုင်မဲ့ အမေးအဖြေကဏ္ဍလည်း ပါဝင်မှာဖြစ်တာကြောင့် ဂျပန်နိုင်ငံတွင်ပညာတော်သင်ရန် စိတ်ဝင်စားသူတိုင်း ဆက်ဆက်ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်

👇School Fair သို့လာရောက်မည့်သူများအနေဖြင့် Google Form လေးဖြည့်ပေးပြီး Register လုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့် 🔗 🖇️
https://docs.google.com/forms/d/e/1FAIpQLScex-XpZEGS9m-7GeXZjNZ1ycEPSk4ZmXxTZ_YGZw9LfaEtRw/viewform

ပွဲတွင်ပါဝင်မည့်ကျောင်းများ၏Presentation Schedule 🗒️

🔻15th (Saturday Schedule)
*Kyoto University of Advanced Science ( 10:15am - 10:45am)
*Yu Language Academy (11:00am - 11:30am)
*Embassy of Japan in Myanmar (11:45am - 12:15pm)
*MJC (12:30pm - 1:00pm)
*MAJA (1:15pm - 1:45pm)
*OJEIC (2:00pm - 2:30pm)

🔻16th February (Sunday Schedule)
*Kyoto University of Advanced Science ( 10:00am - 10:30am)
*Chinzei Gakuin University (10:45am - 11:15am)
*Yu Language Academy (11:30am - 12:00pm)
*Embassy of Japan in Myanmar (12:15pm - 12:45pm)
*MJC (1:00pm - 1:30pm)
*MAJA (1:45pm - 2:15pm)
*OJEIC (2:30pm - 3:00pm)

🎎Embassy of Japan (မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး) မှ School Fair ကျင်းပနိုင်ရေးအတွက် SPONSORED ပေးထားပါတယ်ရှင့်

School Fair အကြောင်းစုံစမ်းမေးမြန်းလိုပါက 💁
☎️09250430271, 09408855622
📨 operation@nicemyanmartravel.com သို့‌ဆက်သွယ်နိုင်ပါတယ်ရှင့်

(မှတ်ချက်- Office towerဖက်အခြမ်းရှိ ဝင်ပေါက်မှ ဝင်ပေးပါရန်။ Shopping mall ဝင်ပေါက်မှ ဝင်ရောက်နိုင်မည်မဟုတ်ပါ။)

#education
#schoolfair
#myanmar_gss
#gss_japanese_language_center
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲအတွက် လျှောက်လွှာလျှောက်ထားခြင်း၊ငွေပေးချေခြင်းနှင့် ပတ်သက်၍ (သင်တန်းကျောင်းများ)

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲ အတွက် သင်တန်းကျောင်းအလိုက် လျှောက်ထားခွင့်ရရှိသောကျောင်းများအား အောက်ဖော်ပြပါအတိုင်း လက်ခံသွားမည်ဖြစ်ပါသည်။

လျှောက်ထားခွင့်ရရှိသော သင်တန်းကျောင်းများအား မှတ်ပုံတင်ကာလတွင်ဖြည့်သွင်းထားသော Email သို့ Login ID နှင့် Registration Status အား စတင်ပေးပို့နေပြီဖြစ်ပြီး ဖေဖော်ဝါရီလ (၇) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား ပေးပို့သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email အဝင်များအား စစ်ဆေးပေးရန်လိုအပ်ပါမည်။

၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N3 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)
Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)

၄။ လျှောက်လွှာလက်ခံမည့် ကာလ နှင့် အချိန်
၈.၂.၂၀၂၅ (စနေနေ့) မနက် ၉း၀၀နာရီ မှ ၂၄.၂.၂၀၂၅ (တနင်္လာနေ့) ညနေ ၄း၀၀ နာရီ အတွင်း Email မှ တဆင့်လက်ခံရရှိထားသော login ID နှင့် ဝင်ရောက် လျှောက်ထားရပါမည်။

Website Link >>>> http://schoolform.jlpt-maja.org.mm

လျှောက်ထားသူများ သတိပြုရန်
- လျှောက်လွှာဖောင်တင်ရန်အတွက် Registration (မှတ်ပုံတင်ခြင်း) ပြုလုပ်ထားရန်လိုအပ်ပါမည်။

Registration (မှတ်ပုံတင်ခြင်း) အတွက်ကြေငြာချက်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
https://www.facebook.com/share/p/15iUJXnmEx/

- လျှောက်ထားသည့် Level, စာဖြေဌာနအတိုင်း ဖြေဆိုရမည်ဖြစ်ပြီး၊ ပြောင်းလဲခြင်းအားခွင့်မပြုပါ။ အဆိုပါလျှောက်ထားမှုများအတွက် ငွေပြန်အမ်းခြင်းများ လုပ်ဆောင်ပေးမည် မဟုတ်ပါ။

- လျှောက်လွှာဖောင်ပါအချက်အလက်များအား ပြန်လည်ပြင်ဆင်ခွင့်မရှိပါသောကြောင့် သေချာမှန်ကန်စွာ ဖြည့်သွင်းပေးရန်။

- မိမိတို့၏လျှောက်လွှာဖောင်အခြေအနေနှင့် ငွေပေးချေမှုအခြေအနေများအား Login ID ဖြင့်ဝင်ရောက်စစ်ဆေးနေရန်။

- မိမိတို့ လျှောက်ထားသည့်ဖောင်အရေအတွက်အားလုံး အတည်ပြုခြင်းအဆင့် (Approve Status) ရောက်ရှိပါက ငွေပေးချေခြင်းအဆင့်အား လျှောက်လွှာလက်ခံကာလအတွင်း ချက်ချင်းလုပ်ဆောင်ပေးရန်။

အသေးစိတ်လမ်းညွှန်များအား ဖော်ပြပါပုံများတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် - 01 757 10 15 Ext-1 (ရုံးချိန်တွင်းသာ)
N5 ~ N1 ထိ ဂျပန်စာအုပ်မျိုးစုံ PDF file များ

အရင်ဆုံး link တွေစုပေးတဲ့ မူရင်းတင်ပေးသူကို
ကျေးဇူးတင်ပါတယ်ရှင့်

ကျောင်းသားတွေအတွက် တကယ့်အကျိုးရှိစေတယ်

နယ်ကဖြစ်ဖြစ်၊နိုင်ငံခြားရောက်နေလို့ဖြစ်ဖြစ်၊ စာအုပ်ဆိုင်မှာကုန်နေလို့ဖြစ်ဖြစ် အလွယ်တကူလေ့လာနိုင်ပါပြီ 😊

အပြာရောင်linkလေးကိုနှိပ်ပြီး Download လုပ်လိုက်တာနဲ့ စာအုပ်တစ်အုပ်ရပြီ၊ ဘယ်လောက်အဆင်ပြေလိုက်လဲ ✌️

💢 N5 & N4 Books

N5 Minna no Nihongo
https://www.mediafire.com/download/he8hykbmnznov9x

N5 Minna no Nihongo Listening
https://drive.google.com/folderview?id=1npHtVnEAiBKWA9kjClHhIWQ27kOUqNmS

N4 Minna no Nihongo
https://www.mediafire.com/download/nxpzk5l8n4anb4o

N4 Minna no Nihongo Listening

https://www.mediafire.com/folder/5opt54bgxx9i0/Minna N4

N5&N4 Nihongo Challenge Kanji
https://www.mediafire.com/download/s0rfru1ix53o1cv

Kanji Look & Learn
https://www.mediafire.com/download/r97v73p167j3qma

N4 Kirari Nihongo Vocabulary
https://www.mediafire.com/download/4ax68c3tudizsdm

💢 N3 Books

1. Soumatome Series

N3 Soumatome Goi
https://www.mediafire.com/download/2cq6sq9qjoyfo6z

N3 Soumatome Bunpou
https://www.mediafire.com/download/ftdlvk43pu84si5

N3 Soumatome Kanji
https://www.mediafire.com/download/yabg6bn3w24jzoa

N3 Soumatome Dokkai
https://www.mediafire.com/download/9rj7nsldxpfmimt

N3 Soumatome Choukai with CD
https://www.mediafire.com/download/5mpblfoj1e22s3s

https://www.dropbox.com/sh/kg9939ipwp4l7eo/AADO0APifbqtHbBXNdjAVwWFa?dl=0

2. Speed Master Series

N3 Speed Master Goi with CD
https://www.mediafire.com/folder/p2fzha5o7l0t4/N3 Speed Master Goi

N3 Speed Master Bunpou
https://www.mediafire.com/download/2l621w8bp3kdrn3

N3 Speed Master Dokkai
https://www.mediafire.com/download/vnkwl6xiu8xavsa

N3 Speed Master Choukai
https://www.mediafire.com/folder/sus9ov4h3hz5d/N3 Speed Master Choukai

3.Mimi Kara Oboeru

N3 Mimi Goi
https://www.mediafire.com/folder/usnh2sx78oo3e/N3 Mimi Goi

N3 Mimi Bunpou
https://www.mediafire.com/folder/8m0cmpnst96ml/N3 Mimi Bunpou

N3 Mimi Choukai
https://www.mediafire.com/folder/htiiagwotjb6x/N3 Mimi Choukai

💢 N2 Books

1. Soumatome Series

N2 Soumatome Goi
https://www.mediafire.com/download/yn2114lk85pxcvq

N2 Soumatome Bunpou
https://www.mediafire.com/download/8w04qu8w98owdec

N2 Soumatome Kanji
https://www.mediafire.com/download/m949lw4kcr0ylfw

N2 Soumatome Dokkai
https://www.mediafire.com/download/uirtyig3ko77iy2

N2 Soumatome Choukai with CD

https://www.mediafire.com/download/2vrnplwtnm8eg3k

https://drive.google.com/folderview?id=1-pKShDiTBQQxkM65dYclyX4CUAW2z3hb

2.Shinkanzen Master Series

N2 Shinkanzen Goi
https://www.mediafire.com/download/f8ixp20kbu1b9jg

N2 Shinkanzen Bunpou
https://www.mediafire.com/download/8nf4ofcyla3y4qx

N2 Shinkanzen Dokkai
https://www.mediafire.com/download/lur8zjw6bxdfwl8

💢 N1 Books

N1 Soumatome Goi
https://www.mediafire.com/download/u9fv27d2buxwkcw

N1 Soumatome Bunpou
https://www.mediafire.com/download/gp5oat92w65m1sy

N1 Soumatome Kanji
https://www.mediafire.com/download/npqkozjn7cdri3s

N1 Soumatome Dokkai
https://www.mediafire.com/download/1yrlpo5dmirt4r3

N1 Soumatome Choukai with CD
https://www.mediafire.com/folder/842u65w32v3y5/N1 Choukai

Share ထားလို့မမှားပါ။ သေချာပေါက် Share ယူထားသင့်ပါတယ်

မူရင်း link စုပေးသူ Crd ပေးပါတယ်ရှင့်
🥰2
ယခု List သည် PDF File ဖြင့်လေ့လာရတာ အဆင်ပြေဆုံးနဲ့ အပြည့်စုံဆုံးဖြစ်စေမယ့် File တွေကို ရွေးတင်ပေးထားတာပါ။

Resource တွေများပြီး ဘယ်ဟာကိုရွေးရမှန်းမသိတဲ့သူတွေဆို ဘာမှစဥ်းစားစရာမလိုတော့ဘဲ ဒီ List အတိုင်းကြည့်လိုက်ရုံပါပဲ။

Recommended Books (N5)
https://t.me/jpbookpdf/3699

Recommended Books (N4)
https://t.me/jpbookpdf/3701

Recommended Books (N3)
https://t.me/jpbookpdf/3703

Recommended Books (N2)
https://t.me/jpbookpdf/3705

Recommended Books (N1)
https://t.me/jpbookpdf/3707

-------------------------------------------------
👍1
Tsuki Japanese Center pinned «Sensei Telegram link ပါ t.me/AliceAero»
Tsuki Japanese Center pinned «Sensei Telegram link ပါ t.me/AliceAero»
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား
(Online Test Voucher) ထုတ်ယူရန် ကြေငြာခြင်း

(Individual and School Online Application)

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲအတွက် Online မှ လျှောက်ထားသူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ စတင်၍ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) အား အောက်ပါအတိုင်း ထုတ်ယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
စာမေးပွဲဖြေဆိုသည့်နေ့တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) အား Color Print ထုတ်၍ ယူဆောင် လာရမည် ဖြစ်ပါသည်။ (ဖုန်းဖြင့်ပြသ၍မရပါ။)

စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) ဝင်ရောက်ထုတ်ယူရမည့် Website Link

Individual - https://jlpt-maja.org.mm/

School - http://schoolform.jlpt-maja.org.mm

Online Test Voucher ထုတ်ယူပုံ အဆင့်ဆင့်အား အောက်ဖော်ပြပါပုံများတွင်ကြည့်ရှုနိုင်ပါသည်။

Online Test Voucher တွင် စာမျက်နှာ ၃ မျက်နှာ ပါဝင်ပါသည်။

စာမျက်နှာ ၁ - Online Test Voucher (ခုံနံပါတ်၊ ဖြေဆိုရမည့်ရက်၊ အချိန် နှင့် နေရာ ပါဝင်ပါသည်။)
စာမျက်နှာ ၂ - စာမေးပွဲစည်းကမ်းများ
စာမျက်နှာ ၃ - စာမေးပွဲဖြေဆိုရမည့်နေရာပြမြေပုံ
စာမေးပွဲလာရောက်ဖြေဆိုသည့်နေ့တွင် အဆိုပါ စာမျက်နှာလုံး (၃) ခုလုံး color Print ထုတ်၍ ယူဆောင်လာရန် လိုအပ်ပါသည်။

Application Form (Form C) စာရွက်ကိုလဲသိမ်းဆည်းထားရန်လိုအပ်ပါသည်။
Online result ကြည့်ရှုရာတွင် Form C တွင် ဖြည့်သွင်းထားခဲ့သော Passcode 8လုံးအား ထည့်သွင်းကြည့်ရှုရပါမည်။

Online Test Voucher ထုတ်ရန် မိမိတို့၏ Login ID အား မှတ်သားထားခြင်း မရှိပါက Online Application Website တွင်၊ "Login" > "Forget Password & Login ID" သို့ ဝင်ရောက်ပြီး၊ မိမိ၏ Email Address အားထည့်သွင်းကာ "Show Login ID" ကို နှိပ်ပြီး Login ID ကို ရယူနိုင်ပါသည်။

မှတ်ချက်။
မန္တလေးစာဖြေဌာနအတွက် လျှောက်ထားခဲ့သည့် စာဖြေသူများအား Level အားလုံး ရန်ကုန်မြို့တွင် ပြောင်းလဲ‌ ဖြေဆိုသွားရမည်ဖြစ်ကြောင်း နှင့် ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုလိုခြင်းမရှိပါက စာမေးပွဲလျှောက်ထားမှုအား ပယ်ဖျက်(Cancel)၍ စာမေးပွဲကြေးအား ပြန်လည်ထုတ်ယူနိုင်ပါကြောင်း ကြေငြာထားပြီး ဖြစ်ပါသည်။ အဆိုပါ လျှောက်ထားသူများအတွက် စာမေးပွဲကြေးပြန်လည်ထုတ်ပေးမည့် အသေးစိတ်အား ထပ်မံကြေငြာပေးသွားမည် ဖြစ်ပါသည်။

“မန္တလေးစာဖြေဌာနတွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (JLPT) စာမေးပွဲအား ဖြေဆိုမည့် နေရာပြောင်းရွေ့ခြင်း။”
ကြေငြာချက်Link >> https://www.facebook.com/share/p/1CYnppKYUA/?mibextid=wwXIfr

ရန်ကုန်စာဖြေဌာနသို့ပြောင်းရွှေ့ဖြေဆိုမည့် စာဖြေသူများ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Manual Test Voucher) များသည် မူလမန္တလေးစာဖြေဌာန လိပ်စာများဖြင့်သာ ထွက်ရှိမည်ဖြစ်ပြီး အမှန်တကယ် သွားရောက်ဖြေဆိုရမည့် ရန်ကုန်မြို့ရှိ စာဖြေဌာနလိပ်စာများအား ၁၆.၆.၂၀၂၅ ရက်နေ့တွင် MAJA ၏ Facebook page မှတဆင့် ကြေငြာပေးသွားမည်ဖြစ်ပါသည်။
(စာမေးပွဲလျှောက်ထားမှုအား ပယ်ဖျက်(Cancel) လျှောက်ထားသော စာဖြေသူများ၏ စာမေးပွဲဖြေဆိုခွင့် လက်မှတ်များအား ထုတ်ယူနိုင်မည်မဟုတ်ပါ။)

စာမေးပွဲဖြေဆိုရမည့်နေ့တွင် ယခု Online Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) Print စာရွက်နှင့်အတူ အောက်ပါ သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲဖြေဆိုခွင့် မပြုပါ။”

(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)
(၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
(၃) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (အမည် နှင့် မွေးသက္ကရာဇ် မပါသောလိုင်စင်များ အကျုံးမဝင်ပါ)
(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)
(၅) သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက်သာ အကျုံးဝင်ပါသည်။)

အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်ရုံး- ၀၁-၇၅၇ ၁၀ ၁၅ နှင့် မန္တလေးရုံး - ၀၉-၂၅၅ ၁၆၂ ၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း