“အင်တာနက်တွေ လိုင်းမကောင်းဘူး” ဆိုတာမျိုး တစ်လအတွင်းမှာ နေရာစုံမှာ ခပ်စိတ်စိတ် ကြားလာရပါတယ်။ VPN သုံးရတဲ့ Facebook လို နေရာတွေက ဗီဒီယိုတွေကို ကြည့်တဲ့အခါ ပိုသိသာပါလိမ့်မယ်။ VPN မလိုအပ်တဲ့ Youtube လို video တွေကို 4K နဲ့ ကြည့်နေရင်တောင် မထစ်ပေမယ့် Facebook ပေါ်က ခပ်ဝါးဝါးဗီဒီယိုတစ်ပုဒ်ကို မကြာခဏ အဝိုင်းလည်သွားတာမျိုးပေါ့။ ဒီလိုဖြစ်ရခြင်းတွေရဲ့ အကြောင်းရင်းထဲမှာ DPI နဲ့ Throttling လည်း အပါအဝင် ဖြစ်ပါတယ်။
Throttling ဆိုတာက ကျွန်တော်တို့ရဲ့ အင်တာနက်မြန်နှုန်း (Internet Speed) ကို တမင်တကာ နှေးအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါကို အရင်တုန်းက အင်တာနက်ဝန်ဆောင်မှုပေးတဲ့သူတွေ (ISPs) ဒါမှမဟုတ် network administrator တွေက ပြုလုပ်လေ့ရှိပါတယ်။
Network ပေါ်မှာ သုံးစွဲသူများလာတဲ့အခါ network congestion (အင်တာနက်လိုင်းပိတ်ဆို့မှု) မဖြစ်အောင် ကာကွယ်ဖို့အတွက်ပါ။ ဒါက လမ်းပိတ်နေရင် ကားတွေကို တစ်စီးပြီးတစ်စီး ဖြည်းဖြည်းချင်း လွှတ်ပေးသလိုပါပဲ။
နောက်ပြီး အင်တာနက်ဝန်ဆောင်မှုပေးတဲ့သူတွေက သူတို့ရဲ့ ဝန်ဆောင်မှုအပေါ်မူတည်ပြီး အချို့သော ဝန်ဆောင်မှုတွေကို နှေးအောင် လုပ်တာမျိုး ဖြစ်ပါတယ်။ ဥပမာ - 50GB အထိကို အမြန်နှုန်းတစ်မျိုး၊ 50GB ကျော်သွားပြီဆိုရင် အမြန်နှုန်း လျှော့ချပစ်တာမျိုးပေါ့။
Throttling လုပ်ရာမှာ Application-based Throttling နဲ့ User-based Throttling ဆိုပြီး အဓိက တွေ့ရပါတယ်။
Application-based Throttling ဆိုတာက အချို့သော application တွေ (ဥပမာ- Netflix, YouTube လိုမျိုး video streaming service တွေ၊ P2P (torrent) file sharing တွေ) ကို အင်တာနက်မြန်နှုန်း နှေးအောင်လုပ်တာပါ။ ဒီနည်းလမ်းကို အသုံးပြုပြီး ISP တွေက traffic များတဲ့ service တွေကို ထိန်းချုပ်လေ့ရှိပါတယ်။
User-based Throttling ကတော့ အင်တာနက်ကို အများကြီး သုံးစွဲသူ (heavy user) တွေရဲ့ မြန်နှုန်းကို နှေးအောင်လုပ်တာပါ။
ဥပမာ- သတ်မှတ်ထားတဲ့ data ပမာဏ (ခုနပြောတဲ့ တစ်လစာ GB မျိုး) ထက် ပိုပြီး သုံးစွဲမိရင် အင်တာနက်မြန်နှုန်း လျှော့ချခံရတာမျိုးပါ။ ဒါကို မိုဘိုင်းအင်တာနက်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။
အပေါ်က အကြောင်းအရာတွေက ပုံမှန်အတိုင်း တွေ့မြင်နေကျ Throttling တွေပါ။ ခုက WiFi နဲ့ unlimited data သုံးလို့ရနေတဲ့ အနေအထားကနေ ဖြစ်နေရတာပါ။
VPN သုံးရတဲ့နေရာတွေမှာ ဒီလိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းက DPI (Deep Packet Inspection) ကြောင့် ဖြစ်ပါတယ်။
DPI (Deep Packet Inspection) ဆိုတာက ကျွန််တော်တို့ရဲ့ အင်တာနက် traffic တွေကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ နည်းပညာတစ်ခုပါ။ သာမန် router တွေ (သို့မဟုတ် သာမန် packet inspection နည်းလမ်းတွေ) က အင်တာနက် data တွေရဲ့ header (ခေါင်းစဉ်) ကိုပဲ ကြည့်ပါတယ်။ ဒီခေါင်းစဉ်မှာ ဘယ်သူ့ဆီကလာပြီး ဘယ်သူ့ဆီကို သွားတယ်ဆိုတဲ့ IP address လို အချက်အလက်တွေပဲ ပါလေ့ရှိပါတယ်။
DPI စနစ်တွေ ကတော့ data packet ရဲ့ content (အထဲမှာပါတဲ့ အကြောင်းအရာ) ကိုပါ ဖတ်ရှုပြီး ခွဲခြမ်းစိတ်ဖြာပါတယ်။
ဒီလိုခွဲခြမ်းစိတ်ဖြာနိုင်တာကြောင့် DPI ဟာ သင့်ရဲ့ အင်တာနက် traffic ဟာ VPN traffic လား၊ ဒါမှမဟုတ် တခြား service (ဥပမာ- Facebook, YouTube, Netflix) ရဲ့ traffic လားဆိုတာကို ခွဲခြားသိရှိနိုင်ပါတယ်။
VPN တွေက ကျွန်တော်တို့ရဲ့ traffic ကို encrypt လုပ် ပေးထားတာကြောင့် DPI သည် traffic မှာပါတဲ့ content ကို မမြင်နိုင်ပေမယ့်၊ traffic ရဲ့ ပုံစံ (pattern) ကိုတော့ မြင်နိုင်ပါတယ်။ VPN traffic တွေသည် များသောအားဖြင့် ပုံမှန်မဟုတ်တဲ့ port တွေကနေ သွားလာလေ့ရှိပါတယ်။
နောက်ပြီး VPN တွေက သုံးလေ့တဲ့ protocol (ဥပမာ- OpenVPN, WireGuard, Outline VPN ရဲ့ Shadowsocks) တွေမှာ သူတို့ရဲ့ကိုယ်ပိုင် digital signature လိုမျိုး အချက်အလက်တွေ ပါဝင်နေတတ်ပါတယ်။
ဒါကြောင့် DPI ကို အသုံးပြုပြီး ဒီလို VPN traffic ရဲ့ ပုံစံ ကို ရှာဖွေနိုင်ပါတယ်။ ရှာတွေ့ပြီဆိုတာနဲ့ အဲဒီလို VPN traffic တွေကို တမင်တကာ မြန်နှုန်းလျှော့ချ (throttling) လိုက်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။
သို့သော်လည်း DPI တွေအနေနဲ့ VPN traffice မဟုတ်ဘဲ မှားယွင်းပြီး သတ်မှတ်နိုင်ခြေလည်း ရှိနေပါသေးတယ်။ ဒါကြောင့်မို့ VPN traffic လို့ သံသယရှိရင် လိုင်းနှေးအောင် လုပ်ပစ်လိုက်တာမျိုးက ပိုပြီး ဖြစ်နိုင်ချေ ရှိနေပါတယ်။
ဒီလို Throttling မျိုးကို ရှောင်နိုင်ဖို့အတွက် VPN over TLS/443 (HTTPS mimicry) ကို သုံးနိုင်ပါတယ်။
DPI က ဒေတာတွေကို သိနိုင်တဲ့ ပုံစံနဲ့ ကျော်လွှားနိုင်ခြေရှိတဲ့ နည်းလမ်းတွေကို ဆက်ပြီး ရေးပါဦးမယ်။ (ဒီနေ့တော့ ခဏ နားပါပြီ) Crd- https://www.facebook.com/share/p/177dD8eCzE/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
Free US Key
ss://Y2hhY2hhMjAtaWV0Zi1wb2x5MTMwNTpNLXlackdJZzhzLVVoMFdTcjBLdzFB@107.173.47.13:1080#%F0%9F%9A%80%20Truehand%20%28FreeUS%29%20%5BShadowsocks%20-%20tcp%5D
Knowledge Sharing မလုပ်တာကြာပီဆိုတော့ Knowledge Sharing လေး လုပ်ပေးချင်ပါတယ်
နောက်လဲ တင်ပေးအုံးမှာမို့ Like & Share please 🙏🏻
☕ Free WiFi တွေ့တိုင်း ပျော်ပြီး ဝင်မချိတ်ပါနဲ့!
ကော်ဖီဆိုင်ရောက်လို့ WiFi ဖွင့်လိုက်တဲ့အချိန်မှာ ဆိုင်နာမည်နဲ့ WiFi နှစ်ခု တွေ့ဖူးကြလား?
ဥပမာ - Cafe_Wifi_5G နဲ့ Cafe_Wifi_Free ဆိုပြီးတော့ ၂ခု ပေါ်နေတာတွေရှိတတ်တယ်
Hacker တွေက "Evil Twin" (အမြွှာပူး မကောင်းဆိုးဝါး) လို့ခေါ်တဲ့ WiFi အတုတွေကို လွှင့်ထားတတ်ပါတယ်။
ဆိုင်နာမည်နဲ့ တူတူပဲမို့လို့ သင်က ယုံပြီး ချိတ်လိုက်မိပါလိမ့်မယ်။
ဘာဖြစ်သွားမလဲ?
သင် အဲ့ဒီ WiFi အတုကို ချိတ်ပြီး Facebook သုံးလိုက်တာနဲ့... သင့်ရဲ့ Password တွေ၊ Chat တွေ၊ Data တွေအကုန်လုံး Hacker ရဲ့ Laptop ထဲကို ဖြတ်စီးပြီးမှ Internet ဆီ ရောက်သွားမှာပါ။ (Man-in-the-Middle Attack လို့ ခေါ်ပါတယ်)
✅ ဘယ်လိုကာကွယ်မလဲ?
၁။ ဆိုင်ဝန်ထမ်းကို WiFi နာမည် အတိအကျ မေးပါ။
၂။ Banking (ငွေရေးကြေးရေး) ကိစ္စတွေကို Public WiFi သုံးပြီး လုံးဝ မလုပ်ပါနဲ့။ ကိုယ့်ဖုန်း data ကိုပဲ သုံးပါ။
Free ဆိုတာနဲ့ အန္တရာယ်က ကပ်ပါလာတတ်ပါတယ် (Crd)

key ထည့်နည်းကို ဒီမှာ ဝင်ကြည့်ပြီး အသုံးပြုလို့ရပါတယ် - https://zinvpnmanager.netlify.app/amnezia-guide.html