To Comrades - ရဲဘော်များသို့
425 subscribers
1.14K photos
38 videos
1 file
331 links
Download Telegram
ကျွန်တော်တို့ရဲ့ To Comrades- Fundraising Team က စီစဥ်တဲ့ member ဖြစ်ခွင့်နဲ့ လစဥ် မြို့ပြရဲဘော် (သို့) တောတွင်းမှရဲဘော်များကို ထောက်ပံ့ပေးတဲ့ အစီအစဥ်လေးမှာ ပါဝင်ပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ Member ဝင်ခွင့်ရရှိပြီး လစဥ်ထောက်ပံ့ပေးမယ့် အလှူရှင်များကိုလည်း mail မှာ တစ်ဆင့် private message ပို့ထားပြီးဖြစ်ပါတယ်။ ကျန်ရှိနေသူများကိုလည်း သေချာစိစစ်ပြီး ဆက်လက်ပို့ဆောင်ပေးသွားပါ့မယ်ခင်ဗျာ။ ပါဝင်ပေးကြတဲ့ မိဘပြည်သူများအနေနဲ့လည်း
📌 လစဥ် ထောက်ပံ့ဖို့ရာ မမေ့လျော့စေဖို့ ကျွန်တော်တို့ဘက်မှ လစဥ်ပေးပို့မယ့် REMINDER Mail ကိုလည်း စစ်ပေးကြဖို့ အသိပေးမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။
( inbox ထဲ mail မရရှိသူများအနေနဲ့ spam mail မှတစ်ဆင့် ရှာဖွေနိုင်ပါတယ် )

📌 လစဥ်ထောက်ပံ့မှုအတွက် နောက်လ July လမှစတင်ပြီး ( @To Comrades 2.0 ) မှာပြောင်းလဲ လှူဒါန်းပေးဖို့ အသိပေးပါရစေခင်ဗျာ။

ပြည်သူပါမှ အမြန်ဆုံးခရီးတွင်မယ့် ပြည်သူ့တော်လှန်ရေး ဖြစ်တဲ့အတွက် အားကုန်သုံးပြီး တတ်နိုင်တဲ့ဘက်က ပါဝင်ထောက်ပံ့ပေးကြဖို့ အထူးလိုအပ်ပါတယ်ခင်ဗျာ။
" လိုရာခရီး အမြန်ရောက်ဖို့ ၊ ပြည်သူအားလုံး ပူးပေါင်းစို့ " 🤝

#To_Comrades
ယခုဆို မြန်မာ့တော်လှန်ရေးကာလမှာ တတ်နိုင်ရာနေရာမှ တစ်တပ်တစ်အား စွမ်းစွမ်းတမံ ပါဝင်နေကြတဲ့ LGBT များစွာရှိပါတယ်။ ထိုသူများကို ကြည့်ခြင်းအားဖြင့် သတ္တိမရှိပါက အခြောက် (LGBT အား မြန်မာအခေါ်အဝေါ်) ကိုသာ ရှုံ့ချသင့်ကြောင်း မြင်တွေ့နေရပါတယ်။ တော်လှန်ရေးကာလမှာ တတ်ရာနေရာမှ ပါဝင်နေကြသော အဖိုးတန်လူသားတိုင်းကို ကျွန်တော်တို့အနေနဲ့ လေးစားတန်ဖိုးထားသင့်ပါတယ်။

မြန်မာ့တော်လှန်ရေးကာလအတွင်း သတ္တိရှိစွာပါဝင်နေကြတဲ့ LGBTရဲဘော်များကို ကျွန်တော်တို့ ပြည်သူများမှ အသိအမှတ်ပြုလေးစားဂုဏ်ယူလျက်ပါခင်ဗျာ။

#pridemonth
#to_comrades