To Comrades - ရဲဘော်များသို့
415 subscribers
1.18K photos
38 videos
1 file
331 links
Download Telegram
ခဏတာမျက်ရည်စက်များ

ဒီအကြောင်းပြောရဖို့ဆိုရင် အရှေ့က ရေပေါ်ဆီလူတန်းစား အကြောင်းနဲ့ ဆက်စပ်ပြီးသွားရပါလိမ့်မယ်။
ဘာလို့ဆို အဲ့လိုလူတွေကသာ ကျန်တဲ့အချိန်
လွတ်လပ်ရေးရသလို ပျော်ချင်တိုင်းပျော်ပြီး
လူတွေသေတဲ့ သတင်းတွေတက်လာမှ
စိတ်နာပြကြ ဝမ်းနည်းပြကြလို့ပါပဲ။
အခွင့်ထူးခံလုပ်ရပ်တွေ မလုပ်နိုင်လို့
ရေပေါ်ဆီပါလို့ သတ်မှတ်လို့မရတောင်
တော်လှန်ရေးအပေါ် အာရုံစူးစိုက်မှုနည်းနေတဲ့
လူတွေမှာလည်း စိတ်အာသာဖြေတဲ့ ဝမ်းနည်းမှုတွေ ကိုတွေ့ရတယ် ။
ယနေ့ ကြည့်မြင်တိုင်ဆန္ဒပြပွဲဖြိုခွင်းမှုမှာ
လူမဆန်စွာ ဆိုးဆိုးရွားရွားကို
ဖြိုခွင်းခံလိုက်ရပါတယ်။
ပျက်စီးသွားခဲ့ရတဲ့ ဘဝတွေ၊ အိပ်မက်တွေ၊ အနာဂတ်တွေ...
ဒါတွေဟာ တချို့လူတွေ‌ အားတက်အောင်ဆိုတဲ့
စိတ်အာသာဖြေမှုတွေအတွက် လုပ်နေတာမဟုတ်သလို ပြန်ပေးဆပ်ရပြီဆိုမှ တစ်ရက်စာ ခဏတာဝမ်းနည်းပြပြီး လုပ်ချင်ရာ ပြန်လုပ် ပျော်နေကြတဲ့ လူတွေအတွက် မဟုတ်ပါ။

လူကြီးမင်းများခင်ဗျာ
ကျွန်တော်တို့ ရဲဘော်များ ၏ အသက် ဆုံးရှူံးခြင်း၊မြို့များ မီးလောင်ခြင်း ၊ဖမ်းဆီးခံရခြင်း တို့သည် လူကြီးမင်းတို့ စိတ်ခွန်အား ခဏတာ တက်ကြွစေရန် မဟုတ်ပါ။ ဖက်ဆစ်၏ လက်အောက်တွင် ရောက်ရှိနေခြင်းကို မေ့လျော့နေပြီ ဆုံးရှူံးမှ ဝမ်းနည်း စိတ်ကြွ လာ ဖို့ အတွက် ကျွန်တော် တို့ ရဲဘော်များ၏ အသက်များသည် လူကြီး မင်းတို့ အာသာဖြေလျော့စေရန်မဟုတ်ပါ‌

ခဏတာဝမ်းနည်းပြခြင်းကြောင့် ရရှိလာတာဆိုးကျိုးတွေပဲ ရှိပါတယ် ဆက်လက်ပြောပြပါမယ်

Click to donate အပါအဝင် တစ်ခြားသော ကြေငြာလုပ်ငန်းဖြင့် ငွေရှာနေသော အဖွဲ့အစည်းများသည်
နေ့စဉ် website များအတွင်းသို့ လူအဝင်အထွက် ငြိမ်နေရန်လိုသည်။ အဝင်ဖြည်းဖြည်းတက်လာခြင်းသည် သတင်းကောင်းဖြစ်သော်လည်း ယခုကဲ့သို့ ခဏတာဝမ်းနည်းပြီး စုပြုံ ဝင်ကြပါက အဝင်ဆောင့်တက်ပြီး သင်္ကာမကင်းဖြစ်ခံရကာ ကြော်ငြာ ပိတ်သိမ်းခြင်း၊ website ပိတ်သိမ်းခြင်းများဖြစ်ပေါ်နိုင်သည်။ ဖြစ်သွားသော အဖွဲ့အစည်းများကိုလည်း မကြာခဏ မြင်တွေ့နေရပါတယ်။

ဒီလိုရက်မျိုးမှာ ဝမ်းနည်းလို့ click မယ် ဟိုလှူ ဒီလှူ လှူမယ် နောက်ပြီး လုပ်ချင်တာ ပြန်လုပ်နေကြလို့ တချို့က ဝေဖန်တဲ့အခါ ဒီ clickတာ၊ လှူတာကို high ground ပြန်ယူနေကြလို့ပဲဖြစ်တယ်

လူကြီးမင်းများခင်ဗျာ
Click ခြင်း လှူဒါန်းခြင်းများသည် High ground ယူခြင်း(ငါဒါလုပ်ထားတယ် ဒါမို့ လုပ်ချင်တာလုပ်မယ်) လုပ်ရမည့်အရာမဟုတ်ပါ
လွတ်လပ်ရေးကို ချစ်မြတ်နိုးသော ဖက်ဆစ်စနစ်ကို မုန်းတီးသော လူတိုင်းအတွက် ဆောင်ရွက်ရမည့်တာဝန်ဖြစ်ပါသည်။
အမြဲတမ်းဝမ်းနည်းနေရန်မဆိုလို
အမြဲတမ်း တော်လှန်ရေး သတိ တော်လှန်ရေး အသိရှိနေရန်လိုသည်။
ပြည်သူများအနေနဲ့ ဘယ်လိုကူညီကြမလဲ

Click to donateများတွင် ပါဝင်ခြင်းသည်လည်း ကောက်ရိုးမီးသဏ္ဍာန်မဖြစ်ဘဲ နေ့စဉ်ရက်ဆက်ပုံမှန်လုပ်နေဖို့လိုအပ်ပါတယ် အကြောင်းကို အပေါ်မှာ ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်
မသိသေးသောသူများအတွက်

https://www.facebook.com/click2donatemm/posts/148634857474846

https://m.facebook.com/story.php?story_fbid=148634857474846&id=100355732302759

လင့်နှိပ်နည်းတွေဖြစ်ပါတယ်။

Click to donateများသည် လက်တလောဖြစ်ပွားနေသည်များကို ထောက်ပံ့နိုင်ခြင်းသိပ်မရှိပါ။
ငွေရရန်စောင့် ထုတ် ပြန်လည်ပို့ဆောင်ရခြင်းဖြစ်သဖြင့် လောလောလတ်လတ်အရေးပေါ်လိုခြင်းအား မစွမ်းဆောင်နိုင်ပါ။
UG များသည် လည်း ပေါ်တင် အလှူခံ၍မရပါ။ လုံခြုံရေး စည်းမျဥ်းများရှိသည့်အပြင် လုံခြုံရေးအရလုပ်၍မရပါ။ ထိုအခါ Fundraiserဟုခေါ်သော ချိတ်ဆက်ကူညီနေသော သူများ က တစ်ဆင့်အလှူခံ အကူအညီတောင်းခံကြသည်။

ကျွန်တော်တို့ page သည်လည်း Fundraiser category ထဲတွင်ပါဝင်သည်။
မြေပြင်တွင် လတ်‌တလောလိုအပ်ချက်များကိုလဲ တတ်နိုင်သလောက် fundraisersများနှင့် ချိတ်ဆက်၍ ထောက်ပံ့ရန်လိုအပ်သည်။ သို့ဖြစ်ပါ၍ မိမိတို့ လက်လှမ်းမှီသလောက် ချိတ်ဆက်လှူဒါန်းကြစေလိုပါသည်။

ဤတိုက်ပွဲသည် လူထုတိုက်ပွဲဖြစ်သည့်အတွက် သပိတ်ပွဲများတွေ့လျှင်လည်း ဝင်ရောက်ပူးပေါင်းပေးရန်လိုအပ်ပါသည်။
ရဲဘော်များကို အန္တရာယ်ဖြစ်စေသော လမ်းဘက်သို့ လှည့်ထားသည့်cctvများအား ဖြုတ်သိမ်းပေးခြင်းစသဖြင့် မိမိဉာဏ်စွမ်းသလောက်တွေးဆပြီး ကူညီကြစေလိုပါသည်။
လူထု၏ဆန့်ကျင်သပိတ်များ၊ campaignများတွင်လည်း ပါဝင်ပေးကြရန်နှင့် တော်လှန်ရေးအား မျက်ခြေမပြတ်ရှိစေဖို့တို့သည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်။

နိဂုံး

တော်လှန်ရေးအစပိုင်းကာလ ၂လ ၃လလောက်မှာ အင်တာနက်နဲ့အခြားသော လွတ်လပ်စွာလုပ်ပိုင်ခွင့်တွေဆုံးရှုံးခဲ့ရပြီး
ဒီလုပ်ပိုင်ခွင့်တွေနဲ့ အင်တာနက်တွေ
ပြန်ရသွားကြသည်မှစ၍ ဒီဟာတွေနဲ့ပဲ
အချိန်ကုန်လာကြပြီး သွေးအေးလာကြသည်ကိုတွေ့မြင်ရပါသည်။
ပစ်ခတ်သတ်ဖြတ်မှုတွေများလာသည်နဲ့အမျှ
လူထုသပိတ်တွေ ကျဲသထက်ကျဲလာသည်
မိမိ ရဲ့အသိုက်အမြုံနဲ့ပတ်ဝန်းကျင်ကို
ထိခိုက်မှာ ကြောက်လာကြသည်။ အဆိုးဆုံးကတော့ သပိတ်တွေကို ရှောင်လာကြသည်တာမျိုး တွေ့ရပါသည်။

တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်တဲ့လူအများစုကလည်း အဖမ်းခံရ အသတ်ခံရ ထွက်ပြေးရ
ဖြစ်လာတော့ တဖြည်းဖြည်း အားနည်းလာပါတယ်။ စကစရဲ့လက်အောက်ကို ကျရောက်ပြီး
လွတ်လပ်ခွင့်တွေ အနာဂတ်တွေ ဆုံးရှုံးနေကြတာ အဲ့ဒီလူတွေချည်းပဲ မဟုတ်ဘဲ ကျွန်တော်တို့အားလုံး တစ်နိုင်ငံလုံး ဖြစ်နေရတယ်ဆိုတာကို
သတိရပေးကြပါ။ ဖက်ဆစ်တွေရဲ့အောက်မှာရောက်နေတုန်းပဲဆိုတာကို
သတိရကြပါ၊ သတိကပ်ကြပါ။

စိတ်ပြေလက်ပျောက် ပျော်စရာတွေလုပ်ရင်း အပျော်မလွန်ကြပါနဲ့။ မိမိကို ထိခိုက်မှာကြောက်နေရင် ရင်းနှီးခဲ့ရတဲ့ ဘ‌ဝတွေ ထိခိုက်ခဲ့ရသူတွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဝင်တွေ အလောင်းတောင်ပြန်မရဘဲ အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေ လူမစုံတော့တဲ့ ထမင်းဝိုင်းတွေကို သတိရပေးပါလို့ ပြောရင်း ကျွန်တော် တို့ဟာ မကောင်းဆိုးဝါးတွေရဲ့လက်အောက်မှာ ရှိနေရတုန်းဆိုတာ သတိရကြဖို့ ကောက်ရိုးမီးလို မဖြစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
🔴ပန်းပင်နီလမ်း🔴

အကြမ်းဖက်စစ်တပ်ဟာ ''ရန်ကုန်လူထုသပိတ်''က လူငယ်တွေကို ကားနဲ့ကြိတ်ပြီး အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့ လူငယ်တွေအတွက် (၅.၁၂.၂၀၂၁) မနေ့ကစလို့ ရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ်က ပန်းပင်ကြီးလမ်းဟာ ပန်းပင်နီလမ်းဖြစ်ခဲ့ရပါတယ်။

နီရဲတဲ့ သူရဲကောင်းတွေအတွက် ဒီလမ်းဟာ ပန်းပင်နီလမ်းဖြစ်ခဲ့ပါပြီ။

ပန်းပင်နီလမ်းလို့ ခေါ်တွင်ကြ။
ပန်းပင်နီလမ်းလို့ ခေါ်တွင်ကြ။

ယခုကမ်ပိန်းကို ပါဝင်ကြပါ။
မည်သည့်အဖွဲ့အစည်း မည်သည့်လူပုဂ္ဂိုလ်ကမဆို ယူငင်သုံးစွဲနိုင်သလို ပါဝင်နိုင်ပါတယ်။

#PanPinNiStreet #ပန်းပင်နီလမ်း

General Strike Committee - GSC မှ ပုံနှင့် စာကို ပြန်လည်ကူးယူ၍ campaign တွင်ပါဝင်ခြင်းဖြစ်သည်။
"ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင်လှုပ်မယ်။

မိဘပြည်သူများခင်ဗျာ

လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်မယ့်
Silent strike အသံတိတ် လူထု သပိတ်ပွဲကြီးမှာ ပါဝင်ပေးကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

သမိုင်းကြောင်းတလျှောက်လုံး တောင်းဆိုနေခဲ့၊ နေဆဲဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ လူ့အခွင့်အရေးတွေဟာ ဒီနေ့ဒီချိန်ထိ ပျောက်ဆုံးနေရဆဲပါပဲ။ ဒီနေ့ရဲ့ တော်လှန်ရေးမှာ အထင်ရှားဆုံးအနေနဲ့ ကိုယ့်ဆန္ဒကိုယ် လွတ်လပ်စွာထုတ်ဖော်နေကြတဲ့ ပြည်သူတွေဟာ အသက်ပေး အဖိနှိပ်ခံနေရသေးတာဟာ အင်မတန်မှ တုန်လှုပ်နာကြည်းစရာကောင်းတဲ့ အမှန်တရားပါပဲ။

အခုလာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ “ကမ္ဘာ့ လူ့အခွင့်အရေးနေ့” ဖြစ်ပါတယ်။ ၁၉၉၁ ခု၊ ဒီဇင်ဘာ (၁၀) ရက်နေ့ မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အပြင် စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ထိုနှစ်ရဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်” ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အတွက် ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်၊ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း စစ်အာဏာရှင်တွေကတော့ လက်နက်အားကိုး၊ အကြမ်းဖက်ဖြိုခွဲခဲ့ကာ ကျောင်းသားလူငယ်ပေါင်း ရာနဲ့ချီဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒီ လှုပ်ရှားမှုဟာ အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့သမိုင်းမှာ အထင်ကရဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်ပြီး ဖြစ်ပါတယ်။

ယနေ့အချိန်ထိ ချိုးဖောက်ခံနေရတဲ့ ကျွန်တော်တို့ရဲ့ လူ့အခွင့်ရေးအတွက်၊ ကျွန်တော်တို့ကို ဖိနှိပ်ထားတဲ့ အကြောက်တရားတွေကို တွန်းလှန်ဖို့အတွက် လာမယ့် ၁၀-၁၂-၂၀၂၁ မှာ တိတ်ဆိတ်မှုနဲ့ တော်လှန်မယ့် Silent Strike - တိတ်ဆိတ်ငြိမ်သက်ခြင်းပိတ်" ပြုလုပ်ကြမှာဖြစ်ပါတယ်။

ဘာတွေလုပ်ကြမလဲ...။
◼️၁၀ ရက်နေ့ (မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ) ကားမရှိ၊ လူမရှိ၊ စျေးတွေမဖွင့်၊ ဆိုင်တွေမဖွင့်ပဲ နေကြမယ်။
◼️ "လူ့အခွင့်အရေးမရှိ ၊ အလုပ်သမားအခွင့်အရေး မရှိ လွတ်လပ်ခွင့်မရှိ အမှောင်အတိ ၊ ဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ ငါတို့ ဘဝတွေကို ကိုယ်စားပြုတဲ့" အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာဏာရှင်ဆန့်ကျင် " တော်လှန်"ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြမယ်။

လူတိုင်းပါဝင်နိုင်တဲ့ ဆန္ဒပြပွဲဖြစ်တာကြောင့် အားလုံးပါဝင်ပေးကြပါခင်ဗျာ

"ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ"

တိတ်ဆိတ်ခြင်းရဲ့ အကျယ်လောင်ဆုံး ဟစ်ကြွေးသံကို အာဏာရူးတွေ ဆက်ဆက်ကြားစေရမယ်။
Silence shall be our loudest WAR CRY!

#OurCity #OurRules
#SilentStrike
#10DMovement
#RejectMilitaryCoup
#WhatshapeninginMyanmar
အိပ်မက်လှလှမက်ပါစေ မက်သောအိပ်မက်လှပါစေ ဘေးကင်းပါစေ ရန်ရှင်းပါစေ
ကျန်းမာပါစေ
စိတ်အေးချမ်းပါစေ

"Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people living life in peace, "
(John Lennon)

တစ်နေ့တော့ ငြိမ်းချမ်းပါလိမ့်မယ် ရဲဘော်
အားတင်းထားပါ
တိတ်ဆိတ်ခြင်းရဲ့ အကျယ်လောင်ဆုံး ဟစ်ကြွေးသံကို အာဏာရူးတွေ ဆက်ဆက်ကြားစေရမယ်။
Silence shall be our loudest WAR CRY!

ယ​နေ့ ဒီဇင်ဘာ ၁၀ ရက်​နေ့ "ကမ္ဘာ့လူ့အခွင့်အ​ရေး​နေ့" တွင် Silent Strike (အသံတိတ်သပိတ်) နှင့် အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာဏာရှင်ဆန့်ကျင် တော်လှန်ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြတဲ့ Campaign တို့တွင် ကျွန်​တော်တို့ "To Comrades - ရဲ​ဘော်များသို့" အဖွဲ့အစည်းမှ Fundraisers များလည်း ပြည်သူအားလုံးနှင့်အတူ ပူး​ပေါင်းပါဝင် ဆန္ဒပြခဲ့ပါသည်။

မိဘပြည်သူများခင်ဗျာ

ယ​နေ့ ညနေ (၄)နာရီမှာ ပြည်သူများရဲ့ ညီညွတ်မှုကို ဂုဏ်ပြုနိုင်ရန်အတွက် လက်ခုပ်တီးပြီး ဂုဏ်ပြုကြရ​အောင်ဗျာ။

ထို့အပြင်ည (၈) နာရီမှာလည်း သံပုံးများတီးပြီး​တော့ သွေးပျက်ခြောက်ခြားနေတဲ့ စစ်ခွေးမိစ္ဆာများအား ကျွန်​တော်တို့ပြည်သူများရဲ့ စည်းလုံးညီညွတ်မှုအင်အားကို ပြန်လည်ပြသကြစို့လားခင်ဗျာ

"ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ"

#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#အရေးတော်ပုံအောင်ရမည်
#silentstrikecamping
#10DMovement
#BlackShirtphotocampaign
📣📣“အကြွေ campaign “



"အကြွေ campaign"

Hello Hello
ချိတ်ဆက်ထားမိတဲ့
မြေအောက် ရဲဘော်တွေ နေထိုင်စရိတ်၊ ရွှေ့ပြောင်းစရိတ်တွေအတွက် အလှူခံချင်ပါတယ်ဗျာ။

အကြွေ campaign ဆိုတဲ့ ခေါင်းစဉ်နဲ့ အညီ အကြွေများ ကို အလှူခံချင်ပါတယ် ။ လူကြီးမင်းတို့ရဲ့ pay account ထဲမှာ ကျန်ရှိ​နေ​သော ၊ ပို​နေ​သော အ​ကြွေများအား ပါဝင်လှူဒါန်း​ပေးသွားကြပါဦးခင်ဗျာ 🤍

အလှူခံပြီး ရရှိသော ငွေ အဝင် အထွက်စာရင်း အတိအကျ ပြန်တင်ပေးသွားပါ့မယ်။

အားလုံးရဲ့ အ​ကြွေပမာဏ နည်းနည်းချင်းဆီစု​​ပေါင်းရင်း လိုအပ်တဲ့ရဲ​ဘော်​တွေအတွက် အ​ထောက်အကူ အများကြီး ဖြစ်လာနိုင်တာမို့
လူများများ ဒီ campaign မှာ ပါဝင်ဖို့ ဖိတ်​ခေါ်ပါတယ် ခင်ဗျာ။ လူများများ ပါဝင် လှူဒါန်းကြ​အောင်လည်း share ရင်း တိုက်တွန်း​​ပေးကြဦးဗျာ 🤍

လှူဒါန်းဖို့အတွက် facebook page messenger ကိုသာလာခဲ့ပါနော်၊ Fundraiser အ​ချော​လေး​တွေ ​စောင့်​နေပါ့မယ် 🙆‍♀️

လှူဒါန်းလိုပါက နှိပ်ပါ🔽

https://m.me/hlukyamal


#ToComrades #ရဲဘော်များသို့
#အကြွေ #Campaign #အကြွေCampaign
ကျွန်တော်တို့ To Comradesအဖြစ်သို့ မပြောင်းလဲခင် Wel Yinn Hluuတုန်းက certificateရရှိထားတဲ့ ထောက်ပံ့မှုတွေပါ။

PDF Central Headquarter - Mandalay Regionသို့ ငါးသိန်း ကျပ်

ကန်ပက်လက် - ဆော - ကျောက်ထု - မင်းတပ်ဒေသရှိ PDFများသို့ သုံးသိန်း ကျပ်
အားလုံးမင်္ဂလာပါ ခင်ဗျာ 📣📣
ကျွန်တော်တို့ To Comrades ရန်ပုံငွေရှာဖွေရေးအဖွဲ့အနေနဲ့ December 10 ရက်နေ့ ည က အကြွေ Campaign ဆိုတဲ့ Campaign လေးကို စတင်ခဲ့ပါတယ်
နှစ်ရက်အကြာ ဒီဇင်ဘာ ၁၂ ရက်နေ့
ယခု နောက်ဆုံးအချိန်ထိ ရရှိငွေ စုစုပေါင်း

💄232700 kyats

နှစ်သိန်းသုံးသောင်းနှစ်ထောင့်ခုနှစ်ရာ ကျပ်
ကို ရရှိခဲ့ပါတယ်
ရရှိသော အလှူငွေ များကို အဖွဲ့ ၏ ရန်ပုံငွေ နဲ့ပေါင်း စည်းပြီး လိုအပ်နေသော ရဲဘော်များကို ပံပိုးကူညီပေးခဲ့ပါ
တယ် 🖤

အကြွေ Campaign လေး ပိတ်သိမ်းကြောင်း ကြေငြာရင်းနဲ့ အတူ အထောက်အထားပြနိုင်သော လှူဒါန်းမှုများကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ
UG တစ်ဖွဲ့သို့ ၂ သိန်းကျပ်
KNDF B -05 - ၃ သိန်း၅ သောင်းကျပ်
PRA-တပ်ခွဲ 6 -၃ သိန်း ကျပ်
SPDF UG အဖွဲ့သို့ သုံးသိန်း ကျပ်
ကချင်ပြည်နယ်ဘက်မှ PDF ရဲဘော်နှစ်ဦး အတွက်
၅ သောင်းကျပ်