To Comrades - ရဲဘော်များသို့
415 subscribers
1.18K photos
38 videos
1 file
331 links
Download Telegram
သိစေလို-ဆောင်းပါး

ဖတ်ရန်ကြာချိန် -၄ မိနစ်

တစ်ပုံချင်းထောက်ဖတ်ပါ

◼️ယနေ့ မနက် ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သော ရဲဘော်များနှင့် ဖမ်းဆီးခံခဲ့ရသော ရဲဘော်များကို အလေးပြုဦးညွတ်ပါတယ်။

To Comrades-ရဲဘော်များသို့
အဖွဲ့အနေဖြင့်လည်း
သွေးခင်းထားသော လမ်းပေါ်တွင် ရဲဘော်များအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
ဆန္ဒပြပွဲများနှင့် အမှန်တရား

အာဏာသိမ်းပြီးချိန်မှစလို့ ယနေ့လက်ရှိချိန်ထိ သပိတ်စစ်ကြောင်းတွေထွက်ခဲ့တာဟာဆိုရင်ဖြင့် မြန်မာတစ်နိုင်လုံးအတိုင်းအတာအနေနဲ့ စစ်ကြောင်း ထောင်ချီထွက်ခဲ့ပြီးပါပြီ။ ယနေ့မနက် ဖြစ်ပေါ်ခဲ့တဲ့ ကျွန်တော် တို့ရဲ့ သပိတ်မှောက်ရဲဘော်အချို့အား စကစ လက်ပါးစေများမှ လူမဆန်စွာ သတ်ဖြတ်ခံရခြင်း ၊ ဖမ်းဆီးခံရခြင်းများ အပေါ် ပြည်သူလူထုများအနေနဲ့ ခံပြင်းဝမ်းနည်းမှုများ ဖြစ်ပေါ်နေကြပါတယ်။

ဒီစိတ်ခံပြင်းဝမ်းနည်းမှုများအပေါ်လိုက်ပြီး
သပိတ်စစ်ကြောင်းတွေ ရပ်သင့်ပြီလို့ ဆိုစကားများ ကျယ်ပြန့်လာတာကိုလည်းတွေ့ရပါတယ်။ အမှန်စင်စစ် သပိတ်များ ရပ်သင့်ပြီဆိုသော စကားသည် ယခု သပိတ်စစ်ကြောင်းများတွင် ကျဆုံးသွားခဲ့ရတဲ့ ပြည့်သူရဲဘော်များကို ဝမ်းနည်းနှမြောစိတ်ဖြင့် ပြောသော စကားဖြစ်သော်လည်း သပိတ်စစ်ကြောင်းများကို အတည်တကျ ရပ်တန့်ပစ်ရန်ဆိုသည်မှာ ကျဆုံးရဲဘော်များအား စော်ကားခြင်းတစ်ရပ်ပင်ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သပိတ်စစ်ကြောင်းဟာ တော်လှန်ရေးတွက် ထောက်တိုင်တစ်ရပ်ဖြစ်ပါတယ်။ သပိတ်စစ်ကြောင်းများသည် ပြည်သူလူထုတစ်ရပ်လုံးနဲ့သက်ဆိုင်ပါတယ်။

မြို့ပြသပိတ်တွေဆက်လုပ်နေခြင်းဟာ စကစဘက်မှ လွတ်‌မြောက်နယ်မြေမရောက်သေးသော CDM များ၊မြို့ပြပျောက်ကြားများ ၊PDF များအား လိုက်လံရှာဖွေဖမ်းဆီးမှုများ နှင့် ယခုလက်ရှိ တိုက်ပွဲဖြစ်ပေါ်နေသောနေရာဒေသများနှင့်အတူ ပြည်သူ့ရဲဘော်များ၏ လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့် ရင်ဘောင်တန်း ရပ်တည်နေခြင်းဖြစ်ပါတယ်။ မြို့ပြနေပြည်သူများကိုလည်း မိမိတို့မှာ အကြမ်းဖက် စစ်တပ်အောက်ရောက်ရှိနေဆဲဖြစ်ကြောင်းကို သွေးမအေးသွားစေရန်အလို့ငှါ သပိတ်စစ်ကြောင်းများကို ဆက်လက်ထွက်ရှိနေခြင်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်မှ ထည့်ပေးထားသော
အကြောက်တရားကို တစ်နည်းတစ်ဖုံတိုက်ထုတ်နေသော သပိတ်စစ်ကြောင်းများအား ပြည်သူများအနေဖြင့် ဆက်လက်အားပေးကူညီသင့်ပါတယ်။

အပေါ်မှာပြောခဲ့တဲ့အတိုင်း သပိတ်ဆိုတာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယုတ်မာကြမ်းတမ်းမှုများကို ရင်စီးခံနေရတဲ့ ပြည်သူလူထုတစ်ရပ်လုံးနဲ့သက်ဆိုင်ပါတယ်။ အခုဆိုရင် သပိတ်စစ်ကြောင်းတွေမှာ ပါဝင်သူလူထုဟာ ပိုပိုအားနည်းလာတာတွေ့ရပါတယ်။ ဒါ့အပြင် ဒလန်လက်ချက်နဲ့ သတင်းပေါက်တာတွေကို တွေ့လာရပါတယ်။ မြို့ပြသပိတ်လမ်းကြောင်းသည် မြို့ပြဖြစ်တဲ့အတွက် လုံခြုံမှုကို ပထမဦးစားပေးရပါတယ်။ ဒါကြောင့် မည်သည့်အကြောင်း”ပဲဖြစ် သံသယဖြစ်ဖွယ်ရာ လူများအား သပိတ်ရဲဘော်အချင်း”မှ အစဉ်သတိထားနေပေးပါရန် တိုက်တွန်းအပ်ပါတယ်။ မြို့ပြနေပြည်သူများမှလည်း သပိတ်ပွဲများတွေ့လျှင် တစ်တပ်တစ်အား ကူညီပူးပေါင်းပေးဖို့ နိုးဆော်အပ်ပါတယ်။ သပိတ်မပြီးခင် ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီး ငါတို့မြို့ဟေ့လို့ post တင်ရမည်ကိုဆိုလိုခြင်းမဟုတ်ပါ သပိတ်ရဲ့မြေပြင်အခြေအနေများအား ကြည့်ရှုပေးခြင်း ၊ဘေးပတ်ဝန်းကျင်အန္တရာယ်များအား သပိတ်ရဲဘော်များကို ကြိုတင်သတိပေးခြင်း ၊ အခွင့်သာလျှင်မိမိကိုယ်တိုင် ပါဝင်ဆင်နွှဲခြင်းများကို ဆိုလိုပါတယ် အလကားသက်သက်ရပ်ကြည့်နေရုံ မဖြစ်စေလိုပါ။

မြို့ပြရှိဆန္ဒပြရဲဘော်အချို့၏ ရင်တွင်းခံစားချက်များကို ပြောပြမှုများမှပြန်လည်ကောက်နုတ်ရမည်ဆိုပါက တစ်သံထဲသာထွက်လာပါသည်။

"အာဏာရှင်အောက်ရောက်နေတာမေ့သွားကြမှာစိုးရိမ်လို့ပါ”
ရေပေါ်ဆီ ဆိုသော လူတန်းစား

"ရေပေါ်ဆီ" ဆိုသည့်စကားလုံးကို တော်လှန်ရေးကာလမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြတာကို တွေ့ရပါတယ်။
တော်လှန်ရေးကာလကြီး မပြီးဆုံးသေးသော်လည်း
အစောပိုင်းဆန္ဒပြပွဲများတွေ ပါခဲ့ ဆန္ဒပြခဲ့ကြပြီး ယခုအခါ လိုအပ်သည့်နေရာများကို တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ပါဝင်ခြင်းမရှိ၊ boycott လုပ်သင့်သည့်လူများ အရာများနှင့်ကင်းကွာခြင်းမရှိ၊ စိတ်လွတ်ကိုယ်လွတ် ဒီမိုကရေစီရသလို ပျော်နေကြ၊ အခွင့်ထူးခံပြီးရတဲ့အရာတွေကို နှစ်နှစ်ခြိုက်ခြိုက် လုပ်နေကြတဲ့ လူတန်းစားတစ်ရပ်ကို ဆိုလိုပါတယ်။

မြို့ပေါ်နေပစ္စည်းရှိလူတန်းစားများဟာအခွင့်ထူးခံတွေဖြစ်တဲ့အလျှောက်
Barသွားခြင်း၊ Clubတက်ခြင်း၊ ကိုယ့်အတွက်
မရှိမဖြစ်လိုအပ်သည်များမဟုတ်လည်းပဲ
ဈေးကြီးတဲ့အသုံးအဆောင်များ ဝယ်ခြင်း
တစ်နည်းအားဖြင့်ပိုက်ဆံ ကိုဖြုန်းခြင်း တို့ကို ပြုလုပ်သည်။လိုအပ်သည့်နေရာများကိုပံ့ပိုးရကောင်းမှန်းမသိကြ
အသက်တွေပေးသွားခဲ့ရသော အဖမ်းခံခဲ့ရသော
ထွက်ပြေးနေရသော လက်နက်ကိုင်တော်လှန်နေရသော ပညာသင်ခွင့်ဆုံးရှူံးသွားခဲ့ရသော သူများကိုမှ အားမနာ ၊ တစ်တိုင်းပြည်ထဲနေထိုင်ပြီး ဖိနိုပ်ခံ နေရသူများ၏ ငိုသံများကို သူတို့မကြားနိုင်ကြ။
ဖုန်းတစ်လုံးရှိပြီး အင်တာနက်ကောင်း‌ကောင်းသုံးလို့ရနေတဲ့သူများကလည်း တဖြည်းဖြည်းနဲ့
Boycott ရမယ့်အရာတွေကိုမေ့လာပြီး
Boycottရမယ့် ပစ္စည်းများ ဂိမ်းများကို သုံးခြင်း ဆော့ခြင်းများကိုလည်း
ခပ်စိပ်စိပ် ပြန်လုပ်လာကြပါတယ်။ ဒါဟာ
တော်လှန်ရေး‌အတွက် နောက်ထပ်သွေးစက်တွေထပ်တောင်းပစ်မယ့် ကျည်ဆံဖိုးတွေ ပေးနေတာပဲ ဖြစ်တယ်။

အဆိုးဆုံးအရာမှာ ဒီလိုလုပ်ရပ်တွေ လုပ်နေတယ်ဆိုတာကို social media ပေါ်မှာ တင်နေကြတဲ့သူတွေပဲ ဖြစ်တယ်။
ဒါတွေကို ငွေကြေးပြည့်စုံ အပူအပင်မရှိရတဲ့ လူတန်းစားတွေထဲမှာ အများဆုံးတွေ့ရတယ်။
အခွင့်ထူးခံလုပ်ရပ်တွေ လုပ်ရင်း နေသားကျနေတဲ့ ရေပေါ်ဆီ လူတန်းစားတွေပဲဖြစ်နေပါတယ်။
ကိုယ်ပိုင်လွတ်လပ်ခွင့်ဟု အာဏာရှင်၏အောက်တွင် အော်နေကာ တော်လှန်ရေးနှောင့်နှေးစေရန် တစ်ဖက်တစ်လမ်းက အားဖြည့်နေကြသူများဖြစ်တယ်။