Bright Education Centre 100 percent free
2.27K subscribers
2.83K photos
1.26K videos
107 files
109 links
Download Telegram
Forwarded from G12 English
Letter- Write a letter to your friend telling him/her how to stay healthy during the rainy season.
Forwarded from G12 English
Essay -The Importance of Communication Skills
Forwarded from G12 English
ကလေးတွေ ရေးကြပါ
Essay နဲ့ Letter တွေကို မပေါ့ပါနဲ့။ မရေးတတ်ရင် chatgpt ကိုအပုဒ်‌များများရေးခိုင်းပြီး သူဘာတွေရေးလဲဖတ်ကြည့်။ အလုပ်မလုပ်ထားရင် စာမေးပွဲမှာ ကိုယ့်ကိုယ်ကိုမကယ်နိုင်ပဲနေမယ်နော်။
10💘4
Forwarded from G12 English
October မှာ English ကျတာ Essay နဲ့ Letter ကို ပေါက်ကရရေးထည့်မိလို့တို့၊ တစ်လုံးမှမရေးတတ်လို့တို့၊ ရေးတတ်တယ်ပျင်းလို့မလေ့ကျင့်တာတို့ မဖြစ်ပါစေနဲ့ဗျား
3
Forwarded from G12 English
Essay - What Makes a Good Leader?
Forwarded from G12 English
Letter - Write a letter to your younger brother/sister advising how to use social media wisely.
G10နဲ့ G11 ကလေးတို့၊ essay နဲ့ letterတွေက အစ်ကိုကြီးအစ်မကြီးတို့နဲ့ပဲဆိုင်တာပါလို့မပြောရဘူးနော် ခုအတန်းငယ်ထဲကလေ့ကျင့်ထားမှ English ကို G12 မှာလွတ်လွတ်ကျွတ်ကျွတ်အောင်မှာနော်။ခုထဲကကြိုးစားရေးပါကလေးတို့။
14
Forwarded from G12 English
Essay - The Importance of Emotional Intelligence
1
Forwarded from G12 English
Letter - Write a letter to your friend about your plans after finishing high school.
Forwarded from G12 English
Essay - The Advantages and Challenges of Online Learning

Letter - Write a letter to your friend giving advice on how to overcome examination anxiety and study effectively.
1
[ အသိပေးကြေညာခြင်း]

၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို (1-9-2026) ရက်နေ့မှ (30-9-2026) ရက်နေ့အတွင်း တင်သွင်းလျှောက်ထားရမည်ဖြစ်သည်။

သတ်မှတ်ရက်အတွင်း အချိန်မီတင်သွင်း လျှောက်ထားခြင်းမရှိပါက စာမေးပွဲဖြေဆိုခွင့်ရရှိမည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

ပညာရေး သတင်းလွှာ
6
မြန်မာစာ (1)မှတ်တန်.pdf
29.7 MB
Grade 12 မြန်မာစာ
တစ်မှတ်တန်(ဓမ္မဓိဋ္ဌာန်) မေးခွန်းများ


-အပြောသင်ခန်းစာ
-အဖတ်အရွတ်သင်ခန်းစာ
-အရေးသင်ခန်းစာ

(လေ့လာလိုသူများ အတွက်)

ပညာရေး သတင်းလွှာ
https://t.me/EducationForAllS
Grade 12 ဘာသာရပ်အလိုက်
တစ်မှတ်တန်(ဓမ္မဓိဋ္ဌာန်) မေးခွန်းများနှင့် အဖြေများ
(သီးသန့်) လေ့လာလိုသူများအတွက်

မြန်မာစာ
https://t.me/EducationForAllG/3356

အင်္ဂလိပ်စာ
https://t.me/EducationForAllG/3387

သင်္ချာ
https://t.me/EducationForAllG/3357?single

ဓာတုဗေဒ
https://t.me/EducationForAllG/3365

ရူပဗေဒ
https://t.me/EducationForAllG/3368

ဇီဝဗေဒ
https://t.me/EducationForAllG/3386

ဘောဂဗေဒ


ပထဝီဝင်


သမိုင်း


ကျန်ဘာသာရပ်များကို ယခု Post တွင် ထပ်မံဖြည့်စွက်ပေးသွားပါမည်။


ပညာရေး သတင်းလွှာ
2
ရောဂါပိုးမွှားများကို တိုက်ဖျက်ပေးသည့် ခန္ဓာကိုယ်၏ စစ်သည်တော်များ - သွေးဖြူဥ (Leucocytes)
လူတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးလှည့်ပတ်မှုစနစ် (Circulatory System) တွင် သွေးရည်ကြည် (Plasma)၊ သွေးနီဥ (Erythrocytes)၊ သွေးဖြူဥ (Leucocytes) နှင့် သွေးဥမွှား (Platelets) ဟူ၍ အဓိက အစိတ်အပိုင်း (၄) မျိုး ပါဝင်ကြသည်။ ထိုအထဲမှ Leucocytes (သွေးဖြူဥ) များသည် ခန္ဓာကိုယ်အား ပြင်ပမှ ရောဂါပိုးမွှားများ အန္တရာယ်မှ ကာကွယ်ပေးသည့် ကိုယ်ခံအားစနစ် (Immune System) ၏ အဓိက စစ်သည်တော်များ ဖြစ်ကြသည်။
၁။ သွေးဖြူဥ (Leucocytes) ဆိုသည်မှာ ဘာနည်း။
Leucocytes ဆိုသည်မှာ သွေးထဲတွင် ပါရှိသော ဆဲလ်အမျိုးအစား ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် အခြားသော အန္တရာယ်ရှိ ပိုးမွှားများကို တိုက်ဖျက်ပေးခြင်း (Defend the body against infection) နှင့် သွေးကြော/တစ်ရှူးများ ပျက်စီးသည့်အခါ ရောင်ရမ်းမှု တုံ့ပြန်ခြင်း (Inflammatory response) တို့တွင် အဓိက ပါဝင်ဆောင်ရွက်ပေးသည့် ဆဲလ်များ ဖြစ်ကြသည်။
သွေးဖြူဥများသည် သွေးနီဥများနှင့် ယှဉ်ပါက အရွယ်အစား ပိုမိုကြီးမားသော်လည်း အရေအတွက်အားဖြင့် နည်းပါးသည်။ ပုံမှန် ကျန်းမာသော လူတစ်ဦး၏ သွေး \text{1 mm}^3 (တစ်ကုဗမီလီမီတာ) တိုင်းတွင် သွေးဖြူဥ ပမာဏ ၄,၀၀၀ မှ ၁၁,၀၀၀ (4,000 - 11,000 \text{ per mm}^3) ခန့် ပါဝင်သည်။
၂။ ဖြစ်တည်ရာ၊ ရင့်ကျက်ရာနှင့် ထူးခြားသည့် လက္ခဏာများ
ဖြစ်တည်ရာနှင့် ရင့်ကျက်ရာ (Origin & Maturation)
* ထုတ်လုပ်သည့်နေရာ: သွေးဖြူဥ အားလုံးကို ရိုးတွင်းခြင်ဆီ (Bone marrow) အတွင်း၌ စတင် ထုတ်လုပ်သည်။
* ရင့်ကျက်သည့်နေရာ: သွေးဖြူဥ အများစုသည် ရိုးတွင်းခြင်ဆီ၌ပင် ရင့်ကျက်ဖွံ့ဖြိုးကြသော်လည်း အချို့သော သွေးဖြူဥ အမျိုးအစားများ (ဥပမာ - T-lymphocytes) သည် Thymus gland (သိုင်းမတ်စ်ဂလင်း) သို့ ရောက်ရှိသွားပြီးမှ ဆက်လက် ရင့်ကျက်ဖွံ့ဖြိုးကြသည်။
ထူးခြားသည့် ရူပလက္ခဏာများ (Key Characteristics)
* နျူကလိယ ပါရှိခြင်း (Contain a nucleus): သွေးနီဥများတွင် ရင့်ကျက်ချိန်၌ နျူကလိယ မပါရှိသော်လည်း သွေးဖြူဥ အမျိုးအစား အားလုံးတွင် နျူကလိယ (Nucleus) ပါဝင်သည်။
* အရောင်မရှိသော Cytoplasm: သွေးဖြူဥများ၏ Cytoplasm သည် ပုံမှန်အားဖြင့် အရောင်မရှိ (Colourless cytoplasm) ကြည်လင်နေသည်။ သို့သော် အချို့သော သွေးဖြူဥ အမျိုးအစားများ၏ Cytoplasm ထဲတွင် ဆေးဆိုး၍ရသော အမှုန်များ (Granules) ပါဝင်ကြသည်။
* ပုံသဏ္ဌာန် ပြောင်းလဲနိုင်ခြင်း (Able to change shape): သွေးဖြူဥများသည် ၎င်းတို့၏ ပုံသဏ္ဌာန်ကို ပြောင်းလဲနိုင်စွမ်း ရှိကြသည်။ ထိုစွမ်းရည်ကြောင့် သွေးမွှေးကြော အနံရံ သေးသေးလေးများ ကြားမှ တိုးဝှေ့ထွက်ကာ (Squeeze through tiny blood vessels) ရောဂါပိုး ဝင်ရောက်နေသည့် တစ်ရှူးများဆီသို့ တိုက်ရိုက် သွားရောက် တိုက်ခိုက်နိုင်ကြသည်။
၃။ သွေးဖြူဥများ၏ အဓိက အမျိုးအစား ခွဲခြားခြင်း
တိုက်ခိုက်သည့် နည်းလမ်းနှင့် ပုံသဏ္ဌာန် ပေါ်မူတည်၍ သွေးဖြူဥများကို အဓိက အုပ်စုကြီး (၂) စု ခွဲခြားနိုင်သည်။
(၁) Phagocytes (ဖားဂိုဆိုက် - ဝါးမျိုဆဲလ်များ)
* လုပ်ဆောင်ချက်: Phagocytes များသည် ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသော ဘက်တီးရီးယားများနှင့် ပြင်ပပစ္စည်းများကို Phagocytosis ဖြစ်စဉ်ဖြင့် တိုက်ရိုက် ဝါးမျိုစုပ်ယူပြီး အင်ဇိုင်းများဖြင့် ဖျက်ဆီးပစ်သည်။
* ထူးခြားချက်: ၎င်းတို့တွင် အမြှောင်းလိုက် ပိုင်းခြားထားသော နျူကလိယ (Lobed nucleus) ပါရှိသဖြင့် သွေးကြောနံရံ သေးငယ်သည့် ကြိုကြားများမှ လွယ်ကူစွာ တိုးဝှေ့ထွက်နိုင်စွမ်း ရှိသည်။
(၂) Lymphocytes (လင်ဖိုဆိုက်)
* လုပ်ဆောင်ချက်: Lymphocytes များသည် ရောဂါပိုးမွှားများ၏ မျက်နှာပြင်တွင် ပါရှိသော Antigens များကို မှတ်သားပြီး ၎င်းတို့ကို တိုက်ခိုက်ရန် Antibodies (ပဋိပစ္စည်းများ) ကို ထုတ်လုပ်ပေးသည်။
* ထူးခြားချက်: ဆဲလ်တစ်ခုလုံး၏ နေရာအများစုကို ယူထားသည့် စက်ဝိုင်းပုံ နျူကလိယကြီး (Large spherical nucleus) ပါရှိပြီး ခန္ဓာကိုယ်၏ ရောဂါဒဏ် ခံနိုင်စွမ်း မှတ်ဉာဏ် (Immunological memory) ကို ဖန်တီးပေးသည်။
၄။ ရောင်ရမ်းမှု တုံ့ပြန်ခြင်း (Inflammatory Response) ၌ ပါဝင်ပုံ
ခန္ဓာကိုယ်၏ တစ်ရှူးတစ်ခုခု ထိခိုက်ဒဏ်ရာရသည့်အခါ သို့မဟုတ် ပိုးဝင်ရောက်သည့်အခါ သွေးဖြူဥများသည် ရောင်ရမ်းမှု တုံ့ပြန်ခြင်းတွင် လျင်မြန်စွာ ပါဝင်ဆောင်ရွက်ကြသည်။ သွေးကြောများကို ကျယ်စေပြီး သွေးဖြူဥများ အမြောက်အမြား ဒဏ်ရာရနေရာသို့ စုပြုံရောက်ရှိစေကာ ဝင်ရောက်လာသည့် ရောဂါပိုးများနှင့် ပျက်စီးသွားသော ဆဲလ်အပျက်အစီးများကို Phagocytes များက ဝါးမျိုရှင်းလင်းပေးခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးပေးသည်။
အနှစ်ချုပ်
သွေးဖြူဥ (Leucocytes) များသည် အရေအတွက်အားဖြင့် သွေးနီဥများထက် နည်းပါးသော်လည်း နျူကလိယ ပါရှိခြင်း၊ ပုံသဏ္ဌာန် ပြောင်းလဲ၍ သွေးကြောများအတွင်းမှ တိုးဝှေ့ထွက်နိုင်ခြင်း၊ Phagocytosis ဖြစ်စဉ်ဖြင့် ဝါးမျိုနိုင်ခြင်းနှင့် Antibodies များ ထုတ်လုပ်ပေးနိုင်ခြင်း စသည့် ထူးခြားသော သတ္တိများကြောင့် ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော ကိုယ်ခံအား အကာအကွယ် စနစ်ကြီးကို တည်ဆောက်ပေးထားပါသည်။
2
[ မေးထားသူများအတွက် ]

Grade-12 စာမေးပွဲအတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် 2026-2027 ပြဌာန်းထားတဲ့ စာအုပ်အတိုင်းသာ အပြည့်အစုံ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။ "ဒီအခန်းလျှော့လိုက်ပြီ၊ ဒီမေးခွန်းဖယ်လိုက်ပြီ" ဆိုတဲ့ အတည်မပြုရသေးတဲ့ ကောလာဟလနဲ့ သတင်းမှားတွေကို (လုံးဝ) မယုံကြည်ပါနဲ့။သတင်းအမှားတွေကြောင့် လျှော့ပြီး မဖတ်မိရင် မလေ့လာမိရင် ကိုယ်တိုင်သာ နစ်နာဆုံးရှုံးရမှာ ဖြစ်ပါတယ်။

စာမေးပွဲနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အပြောင်းအလဲ (သို့မဟုတ်) ကြေညာချက်တစ်စုံတစ်ရာ ရှိလာရင် (Channel) ကနေ အချိန်နဲ့တစ်ပြေးညီ ထပ်မံ အသိပေးသွားမှာ ဖြစ်ပါတယ်။


ပညာရေး သတင်းလွှာ
6
Forwarded from Thet Htar
၁။(က) အောက်ပါတို့ကို မှားလျှင် (မှား)၊ မှန်လျှင် (မှန်) ဟုဖြေဆိုပါ။(၁၀မှတ်)
(၁)တစ်ဖက်လူဝန်ပိုသွားစေမည့်စကားမျိုးကို အစွမ်းကုန်လျှော့ချပြောခြင်းသည် လိမ္မာပါးနပ်မှုဖြစ်သည်။
(၂) တစ်ဖက်လူ အကျိုးရှိစေမည့်စကားမျိုးကို အစွမ်းကုန်မြှင့်ပြောခြင်းသည် လိမ္မာပါးနပ်မှု လမ်းညွှန်ချက်ဖြစ်သည်။
(၃) တစ်ဖက်လူကို ရွေးချယ်ခွင့်ပေးသောစကားမျိုးပြောခြင်းသည် လိမ္မာပါးနပ်မှုဖြစ်သည်။
(၄) မြန်မာစကားတွင် ပြောသူ၊ နာသူတို့၏အခြေအနေကိုလိုက်၍ နာမ်စားသုံးပုံ ကွဲပြားသည်။
(၅) ပုံသေသုံးနှုန်းသော စကားများကို လက်တွေ့အတ္တဗေဒပညာရှင်များက စိတ်ဝင်စားသည်။
(၆) နာသူကို ငဲ့ကွက်လိုမှုဖြင့်ပြောသော စကားမျိုးတို့သည် ယဉ်ကျေးချေငံမှုနှင့်ဆိုင်သော စကားများဖြစ်သည်။
(၇) အတ္တဗေဒပညာရှင် လိခ်ျက ယဉ်ကျေးချေငံမှုဆိုင်ရာလမ်းညွှန်ချက် ၅ခုကိုဖော်ထုတ်ပြသည်။
(၈) တစ်ဖက်လူဝန်မလေးအောင် 'ဖော့' သုံးသည့်စကားမျိုး အခြေအနေအရပြောသင့်သည်။
(၉) နာသူအကျိုးရှိမည့်စကားမျိုးကို သွယ်ဝိုက်ပြောသင့်သည်။
(၁၀) ယဉ်ကျေးချေငံမှုဆိုင်ရာလမ်းညွှန်ချက်များအရ လိမ္မာပါးနပ်မှုလမ်းညွှန်နှင့် ရက်ရောမှုလမ်းညွှန်တူညီသည်။
(ခ) အောက်ပါတို့ကိုကွက်လပ်ဖြည့်ပါ။(၁၀မှတ်)
(၁) မိမိကိုယ်ကို နှိမ့်ချမှုလမ်းညွှန်ချက်အရ -----ကိုဖော်ထုတ်သည့်အဖြစ်မျိုး များများပြောပါ။
(၂) အသိအမှတ်ပြုမှုလမ်းညွှန်က -------ကို အခြေပြုသည်။
(၃) မိမိကိုယ်ကိုနှိမ့်ချမှုလမ်းညွှန်က -----ကိုအခြေပြုသည်။
(၄) ပုံသေသတ်မှတ်သုံးနှုန်းပြောဆိုရသည့် ------မျိုးကို လက်တွေ့အတ္တဗေဒက စိတ်ဝင်စားခြင်းမရှိပါ။
(၅) ရိုသေလေးစားသည့်စကားကိုသုံးပြီး မလေးမစား စောင်းချိတ်ပြောဆိုသည့် စကားမျိုးတို့သည်------ပညာရှင်များအတွက် စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။
(၆) စာနာမှုလမ်းညွှန်အရ မိမိနှင့်တစ်ဖက်လူတို့ကြားတွင် --------ပွားများစေနိုင်သည့်အဖြစ်မျိုး အစွမ်းကုန်တိုးပြောရမည်။
(၇) စာနာမှုလမ်းညွှန်အရ မိမိနှင့်တစ်ဖက်လူတို့ကြားတွင် ------ပွားများစေနိုင်သည့်အဖြစ်မျိုး အစွမ်းကုန်လျှော့ပြောရမည်။
(၈) သဘောတူညီမှုလမ်းညွှန်ချက်အရ မိမိနှင့်တစ်ဖက်လူတို့ -------သည့်အဖြစ်မျိုး များစွာပြောရမည်။
(၉) အသိအမှတ်ပြုမှုလမ်းညွှန်နှင့် -------တို့သည် အပြန်အလှန်သဘောဖြစ်သည်။
(၁၀) ယဉ်ကျေးချေငံမှုဆိုင်ရာလမ်းညွှန်ချက်များအရ -------က တစ်ဖက်လူကိုအခြေပြုသည်။
(ဂ) အောက်ပါတို့မှအဖြေမှန်ကိုရွေးပါ။(၁၀မှတ်)
(၁) စိန္တကျော်သူဦးဩသည် ------- နှစ်အရွယ်တွင် ရွှေတောင်ရာဇကျော်ဘွဲ့ ရရှိခဲ့သည်။
(က) ၁၅
(ခ) ၁၃
(ဂ) ၁၈
(၂) စိန္တကျော်သူဦးဩသည် -------ကို ရေးသား၍ ဗဒုံမြို့စား သတိုးမင်းလှရွှေတောင်ထံ ပေးအပ်ဆက်သွင်းခဲ့သည်။
(က) 'ကဝိလက္ခဏာ သတ်ပုံ' သံပေါက်ကျမ်း
(ခ) ဩဝါဒ ထူးပျို့
(ဂ) ရာဇဝင်လင်ကာ
(၃) ဩဝါဒထူးပျို့ကို စိန္တကျော်သူဦးဩက -------ခေတ်တွင်ရေးသားခဲ့သည်။
(က)အင်းဝ
(ခ)ညောင်ရမ်း
(ဂ) ကုန်းဘောင်
(၄)စိန္တကျော်သူဦးဩသည် သတိုးမင်းခေါင်ထံတွင် -------အဖြစ် အမှုတော်ထမ်းရွက်ခဲ့သည်။
(က)စာဆိုတော်
(ခ)အကြီးတော်
(ဂ)သံတော်ဆင့်
(၅) စိန္တကျော်သူဦးဩသည် "ကုန်းဘောင်မင်ဂလာလူးတား" အပြင် --------ပုဒ်ရေများစွာရေးသားခဲ့သည်။
(က)ပျို့ကဗျာ
(ခ)ရတုပိုဒ်စုံ
(ဂ) သတ်ပုံသံပေါက်
(၆)ရှင်မဟာသီလဝံသသည် ------ပျို့ကို ရေးသားခဲ့သည်။
(က) ကိုးခန်း
(ခ) စတုဓမ္မသာရ
(ဂ) ဆုတောင်းခန်း
(၇) အင်းဝခေတ်တွင် -------များထွန်းကားခဲ့သည်။
(က)ဇာတ်တော်ကြီးစကားပြေ
(ခ)မော်ကွန်း
(ဂ)ပျို့ကဗျာ
(၈) သစ္စာနှင့်ပညာစကားပြေကို -------မှကောက်နုတ်ထားသည်။
(က)ပါရာယနဝတ္ထု
(ခ) ရာဇဝင်ကျော်
(ဂ) မဟာရဟနီတိ
(၉) အင်းဝဘုရင်မင်းခေါင်က ရှင်မဟာသီလဝံသအား ------ကျောင်းကိုလှူဒါန်းခဲ့သည်။
(က) ငါးမျက်နှာ
(ခ) ရတနာဗိမာန်
(ဂ) ပညာဗိမာန်
(၁၀) ရှင်မဟာသီလဝံသနှင့် ခေတ်ပြိုင်စာဆိုမှာ ------ဖြစ်သည်။
(က)ရှင်ပုညာဘိဓဇ
(ခ)ဦးဩဘာသ
(ဂ)ရှင်မဟာရဌသာရ
၂။ အောက်ပါတို့ကိုဖြေဆိုပါ။(၂၀မှတ်)
(က)အောက်ပါဝေါဟာရတို့အနက် ငါးခု၏အဓိပ္ပါယ်ကိုတိကျစွာဖော်ပြပါ။
အရဟတ္တဖိုလ်၊ စီးဖြန်း၊ ပါရမီ၊ နီတိကျမ်း၊ မူရူငြိမ်ဆိပ်၊ရာဇဘုန်း၊ သစ္စာခိုင်ကျည်။
(ခ)အောက်ပါတို့အနက် ငါးခုကိုရွေးချယ်ပြီး မည်သည့်အလင်ကာ‌မြောက်ကြောင်း ရှင်းပြပါ။
ဦးမပြူ၊ တကြုတ်ကြုတ်၊ မြူဆံလောက်သေး၊လေးမဂ်ရေ၊ တဏှာချုံ၊မြေပြင်ကဲ့သို့၊မျက်စိနှစ်ဖက်လုံးချို့။
(ဂ) စကားစပ်နှင့်တကွ ရှင်းပြပါ။
"မကြီးသက်လှယ်၊ မျက်ထားချိုတဲ့၊ ကိုရေသယ်ငယ်။ ချစ်တယ်ကြိုက်တယ် အတင်းအကျပ်၊ နောက်ပိုးထပ်လို့၊ တောက်တဲ့ကပ်တွယ်လေသည်။ ဘယ့်နှယ်တုံးခုတင်ခု အရပ်မှုဆော်သလို၊ တော်ရုံပင်သော့ပါရော့၊ ပေါ့ပေါ့တန်တန်၊ ဟင်းရွက်ကန်စွန်း၊ သရေနွမ်းအောင်၊ တလတွန်း ကြံတယ်လို့၊ ဟန်ပန်ရနိုင်ပါ့မလား။"
(ဃ) ယဉ်ကျေးချေငံမှုလမ်းညွှန် ၆ရပ်ထဲမှ ရက်ရောမှုလမ်းညွှန်အကြောင်းကို ရှင်းလင်းဖြေဆိုပါ။
Forwarded from Thet Htar
၃။ ဩဝါဒထူးပျို့ကဗျာကို ဖတ်ရှုပြီးနောက် မည်သည့်အသိအမြင်များ ရရှိသနည်း။ (၁၀မှတ်)
၄။ ပညာဖြင့်အသက်မွေးသူနှင့် ပညာဖြင့်အသက်မမွေးသူတို့၏ ကွဲပြားခြားနားပုံကို သစ္စာနှင့်ပညာ စကားပြေတွင် မည်သို့တင်ပြထားသနည်း။ (၁၀မှတ်)
၅။ အာလုပ်စကားဟူသည် အဘယ်နည်း။ ရေသည်ပြဇာတ်တွင်ပါရှိသော အာလုပ်အဖွဲ့အမျိုးအစားများကို သင်သိသမျှ လေ့လာတင်ပြပါ။ (၁၀မှတ်)
၆။ နှစ်သက်ရာတစ်ခုကို စာစီကုံးပါ။ (၁၀မှတ်)
(၁) စည်ကားလှသော နံနက်ခင်းဈေးမြင်ကွင်း
-နံနက်ခင်းတစ်ခုတွင် ဈေးသို့သွားပုံ၊ ဈေးပတ်ဝန်းကျင်အခြေအနေ၊ သက်ရှိသက်မဲ့တို့၏ မြင်ကွင်း၊ ရောင်းသူဝယ်သူများနှင့် စည်ကားနေပုံ၊ မိမိအတွေးနှင့်ခံစားမှု။
(၂) နှုတ်ချိုသျှိုတစ်ပါး
-နှုတ်စကားချိုလျှင် လူမှုဆက်ဆံရေးအောင်မြင်ပုံ၊ နှုတ်ချိုသူများကို လူအများချစ်ခင်ကြပုံ၊ နှုတ်ချိုခြင်းအကျိုး၊ နှုတ်ကြမ်းခြင်းအပြစ်၊ မိမိအမြင်။
၇။ အောက်ပါအဆိုတို့အနက် တစ်ခုကို ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဆွေးနွေးပါ။ (၁၀မှတ်)
(၁) မည်သည့်အရာမဆို ကြိုတင်ပြင်ဆင်မှုပြုသင့်သည်။
(၂) စေတနာသည် လူတိုင်းနှင့်မတန်ပါ။
G12 မြန်မာစာ ၁၀၀ဖိုး နမူနာမေးခွန်း
Forwarded from G10/11/12 Guide Books
ပါမောက္ခဒေါက်တာခင်ဆန်းဦး
တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံသစ်အထောက်အကူပြု
စာစီစာကုံးများနှင့်
အဆိုဆွေးနွေးရေးသားခြင်းများ

စာအုပ်ပိုင်ရှင် သမီး မလွန်းအိန္ဒြာပိုးဥ ကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ အောင်မြင်တဲ့ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေသမီးလေး။
4