VarCamp
88 subscribers
55 photos
6 links
The official telegram channel of VarCamp
Download Telegram
New Speaker added!! 📢

Speaker name - Kyi Thet Han

နည်းပညာပေါ်ဈာန်ဝင်စားမှုများလာသည်နှင့်အမျှမေ့လျော့လာသော ကျန်းမာရေး။ ဖိစိမှုအပေါ်မူတည်ပြီး တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြသော မူးယစ်ဆေး။ မိသားစု၊အလုပ်နဲ့ဘဝကြား ပေးဆပ်မှုများ။ ထိလွယ်ခိုက်လွယ်လာသော စိတ်လေးများ။ စိတ်ထွက်ပေါက်အစစ်။ ပြုလုပ်သင့်သောအလေ့ထများနှင့်အားကစား။

#varcamp #varcamp_2023 #varcamp_Speaker
New Speaker added!! 📢

Speaker name - Si Thu Maung

Most of our Burmese students are struggling with how to choose a major, a career and relates factors.

#varcamp #varcamp_2023 #varcamp_Speaker
VarCamp is Back!
၂၀၂၃ ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် VarCamp ပွဲကို လာမယ့် မတ်လ ၁၉ ရက်(တနင်္ဂနွေနေ့)မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
နောက်လာမဲ့ အစီအစဉ်တွေနဲ့ update တွေကိုလည်း Telegram, Facebook, Instagram နဲ့ အခြားသောလူမှုကွန်ရက် များမှာ ဘယ် field ထဲကလူနှင့်မှအဆက်အသွယ်မပျက်အောင်update ပြုလုပ်သွားမှာဖြစ်ပါတယ်။

#VarCamp #March19 #SaveTheDate #BarCamp #VarCampIsBack #VarCampMyanmar
BarCamp သို့မဟုတ် VarCamp ပွဲတစ်ပွဲ ပြုလုပ်နိုင်ဖို့ အဖွဲ့အစည်းရယ် ဖြစ်နေမှ၊ ငွေကြေးအင်အား တောင့်တင်းနေမှ မဟုတ်ပါဘူး။ စိတ်တူကိုယ်တူ ဝါသနာတူ အပေါင်းအသင်း တစ်စုနဲ့တင် သင့်တင့်လျောက်ပတ်အောင် ပြုလုပ်နိုင်ပါတယ်။

မိမိတို့ စိတ်ဝင်စား ကျင်လည်ရာ အသိုင်းအဝိုင်းအလိုက် လူသစ်တန်းတွေ၊ ဝါရင့်သမ္ဘာရင့်တွေ တစ်စုတစ်စည်းတည်း စုဝေးပြီး ကောင်းနိုးရာရာ အသိအမြင် ဗဟုသုတတွေ လွတ်လပ်စွာ ဆွေးနွေးဝေမျှကြတာကပဲ ဘားကမ့်ပွဲတစ်ခုရဲ့ အနှစ်သာရလို့ ဆိုနိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ဘားကမ့်ရန်ကုန် (BarCamp Yangon 2010) ကို ၂၀၁၀ ခုနှစ်မှာ နည်းပညာ အသိုင်းအဝိုင်းက လူငယ်တွေ ဦးဆောင် ကမကထ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ နိုင်ငံအနှံ့ အခြားမြို့ကြီးတွေက ဘားကမ့်ကျင်းပဖို့ စိတ်ဝင်စားကြတဲ့ လူကြီး လူငယ်တွေ ပေါင်းစုပြီး မြို့အလိုက် ဘားကမ့်ပွဲတွေ နှစ်စဉ်ဆိုသလို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လာခဲ့ကြပါတယ်။

ဒါ့အပြင် တက္ကသိုလ် ကျောင်းသူကျောင်းသားတွေရဲ့ IT-Camp, ဓာတ်ပုံပညာရှင်တွေရဲ့ PhotoCamp, နည်းပညာ အသိုင်းအဝိုင်းရဲ့ UbuntuCamp, Arduino Camp စတဲ့ သက်ဆိုင်ရာ နယ်ပယ်တွေအလိုက် ဘားကမ့်ပွဲတွေလည်း ပြုလုပ်နိုင်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ အခြေအနေအရ မြေပြင်ပွဲတွေ မကျင်းပနိုင်သေးတဲ့ အချိန်အခါမို့ အွန်လိုင်းကနေ VarCamp (Virtual Camp) ဆိုတဲ့ပွဲကို ဘားကမ့်ပါ လက်ဟောင်းလက်သစ်တွေ ပူးပေါင်းအားထုတ်ပြီး ကျင်းပလာခဲ့တာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ် နှစ်ကြိမ်တိုင် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

P.S. ၂၀၂၃ ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် VarCamp ကို လာမယ့် မတ်လ ၁၉ ရက် (တနင်္ဂနွေနေ့) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

#VarCamp #Mar19 #BarCamp #ITCamp #PhotoCamp #UbuntuCamp #ArduinoCamp
မင်္ဂလာပါ VarCamp တက်ဖို အဆင့်သင့်ပဲလား

၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက် (တနင်္ဂနွေနေ့) မှာ ကျင်းပမယ့် VarCamp ပွဲကို တက်ရောက်ကြမယ့် VarCamper ညီအစ်ကိုမောင်နှမများ ဒီနေ့ကစပြီး စာရင်းသွင်းလို ရနေပါပြီ။

Register Here: https://var.camp/attendee-registration/

ခုပဲ ဖော်ပြထားတဲ့ ဝဘ်ဆိုဒ်လိပ်စာမှာ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပြီး အခမဲ့ စာရင်းသွင်း လက်မှတ်ဖြတ်လိုက်ပါ။

နယ်ပယ်ပေါင်းစုံက အကြောင်းအရာတွေ၊ စိတ်ဝင်စားစရာ အတွေ့အကြုံတွေ၊ ခေတ်နဲ့အညီ ရင်ပေါင်တန်းနိုင်မယ့် နည်းပညာ အသစ်အဆန်းတွေကို နားဆင်ထိတွေ့ ဆွေးနွေးနိုင်ဖို VarCamp ပွဲက စောင့်မျှော်နေပါတယ်။

P.S. တက်ရောက်လာသူတွေအတွက် အမှတ်တရဖြစ်စေမယ့် ရင်ခုန်စရာ အစီအစဉ်တွေလည်း (ထုံးစံအတိုင်း) စီစဉ်ထားတာမို မဖြစ်မနေ Register လုပ်ထားဖို‌တော့လိုမယ်နော် 😉

#VarCamp #Mar19 #BarCamp #RegisterHere #WeAreReady
နည်းပညာသမားတွေပဲ VarCamp ပွဲ တက်လို့ ရတာလား?

VarCamp ကို စိတ်ဝင်စားပေမယ့် ပွဲမတက်ဖူးသူတွေ မေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုက အပေါ်ကအတိုင်း ဖြစ်ပါတယ်။

မြေပြင်မှာဆို BarCamp အွန်လိုင်းမှာဆို VarCamp အမည်နဲ့ လုပ်တဲ့ ပွဲတွေဟာ ကနဦးအစ နှစ်တွေမှာ မြစ်ဖျားခံရာ အနောက်နိုင်ငံတွေအတိုင်း နည်းပညာပိုင်းဆိုင်ရာကို အဓိကထား ဆွေးနွေးလေ့ ရှိတဲ့ပွဲတွေအဖြစ် ကျင်းပခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ပွဲစီစဉ်သူတွေဟာ သမရိုးကျ ဟောပြောပွဲတွေက ခွဲထွက်ပြီး တက်ရောက်လာသူ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ဝင်ရောက် ဆွေးနွေးပြောဆိုလို့ ရတယ်ဆိုတဲ့ BarCamp ရဲ့ အနှစ်သာရကိုသာ ယူပြီး နယ်ပယ်ပေါင်းစုံနဲ့ လိုက်လျောညီထွေဖြစ်အောင် စီစဉ်ပြုလုပ်ခဲ့ကြပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံမှာလုပ်တဲ့ BarCamp သို့မဟုတ် VarCamp ပွဲတွေဟာ နည်းပညာအသိုင်းအဝိုင်းကနေ စီစဉ်ကျင်းပကြတယ် ဆိုသော်ငြား နယ်ပယ်ပေါင်းစုံနဲ့ အကျုံးဝင်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာစုံ၊ ကဏ္ဍစုံပါဝင်တဲ့ ဟောပြောဆွေးနွေးပွဲ တစ်မျိုးဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို လွတ်လွတ်လပ်လပ် တက်ရောက် ဆွေးနွေးနိုင်ကြပါတယ်။

#VarCamp #BarCamp #Mar19 #RegisterNow
VarCamp တက်ဖို ဘာတွေလိုမလဲ

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ BarCamp ပွဲတွေမှာ ပွဲမစခင် တစ်လလောက် အလိုကတည်းက သက်ဆိုင်ရာ ပွဲဝဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာတွေ ကတဆင့် BarCamper တွေ Online Registration လုပ်နိုင်ဖို ကြိုတင် ကြေညာလေ့ ရှိပါတယ်။ အလားတူ ပွဲမှာ ပါဝင်ကူညီချင်တဲ့ Volunteer တွေကိုလည်း ကြိုတင် ခေါ်ယူကြပြီး ဦးဆောင်ဆွေးနွေးမယ့် Speaker တွေကိုတော့ ပွဲနေ့ရောက်မှ စာရင်းလက်ခံကာ အချိန်၊ အခန်း စီမံခန့်ခွဲတာတွေ တစ်ခါတည်း ပြုလုပ်ပေးပါတယ်။

VarCamp ပွဲတက်ဖို ကြိုတင် Register ပြုလုပ်ထားမယ်ဆိုရင် ပွဲစီစဉ်သူတွေက ပွဲတက်လာမယ့် VarCamper ဦးရေနဲ့ ချိန်ဆလုပ်ကိုင်ရမယ့် အခြေအနေတွေမှာ ပိုမိုအဆင်ပြေ လွယ်ကူစေပါတယ်။ ဒါ့အပြင် ပွဲအပြီး အမှတ်တရ လက်ဆောင်ပေးမယ့် အစီအစဉ်မှာလည်း အလွယ်တကူ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် VarCamp မှာ အချိန်၊ အခန်း စီမံခန့်ခွဲမှု လွယ်ကူစေဖို ဦးဆောင်ဆွေးနွေးလိုသူတွေ စာရင်းကြိုသွင်းထားလို ရပါတယ်။ အဲဒီအတွက် မကြာမီ ရက်ပိုင်းအတွင်းမှာ Speaker Registration ဖွင့်လှစ်လက်ခံသွားဖို ရှိပါတယ်။

VarCamp မှာ Register လုပ်ပြီးပြီ ဆိုရင်တော့ ပွဲရက်ရောက်တာနဲ့ အင်တာနက် အဆင်ပြေတဲ့ ဘယ်နေရာကမဆို ပွဲတက်လို ရပါပြီ။ အင်တာနက် ချိတ်ဆက်ထားတဲ့ ဖုန်း၊ တက်ဘလက် သိုမဟုတ် ကွန်ပျူတာ တစ်ခုခုကနေ အလွယ်တကူ VarCamp တက်လို ရပါတယ်။

- VarCamper တွေ ကြိုတင်ပြင်ဆင်ထားနိုင်ဖို VarCamper Guidelines ကို https://var.camp/varcamper-guidelines/ မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

ခုပဲ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေဆီ VarCamp ပွဲအကြောင်း သတင်းစကား ပါးလိုက်ပါဦးနော်။

#VarCamp #BarCamp #Mar19 #RegisterNow

P.S. ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတဲ့ ဘားကမ့်ပွဲတစ်ပွဲက ဘဝရဲ့ အမှတ်တရကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ် 😉
မင်္ဂလာပါ။ VarCamp Speaker များကို ကြိုဆိုပါတယ်

မကြာမီ ကျင်းပတော့မယ့် VarCamp ပွဲမှာ ဦးဆောင်ဆွေးနွေးနိုင်ဖို့ မိတ်ဆွေ လူကြီးမင်းတို့ကို ဖိတ်ခေါ်ပါရစေ။ ဒီနေ့ကစလို့ အောက်ဖော်ပြပါ ဝဘ်ဆိုက်လိပ်စာမှာ ဦးဆောင်ဆွေးနွေးသူ Speaker အဖြစ် စာရင်းသွင်းနိုင်ပါပြီ။

VarCamp ပွဲမတိုင်မီ တစ်ပတ်အလိုက စလို့ Speaker မိတ်ဆက်နဲ့အတူ ဟောပြောဆွေးနွေးမယ့် အကြောင်းအရာ၊ အချိန်၊ အခန်း စတာတွေကို VarCamp ဝဘ်ဆိုက်နဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ နေ့စဉ် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

မိတ်ဆွေတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အသိအမြင် အတွေ့အကြုံ ဗဟုသုတ ဝေမျှမှုတွေကို စိတ်အားထက်သန်စွာ လာရောက် နားဆင်ဆွေးနွေးကြမယ့် အနယ်နယ် အရပ်ရပ်က VarCamper များနဲ့အတူ စောင့်မျှော်နေပါတယ်။

P.S. VarCamper များကို ဖိတ်ခေါ်စည်းရုံးနိုင်ဖို့ VarCamp Facebook Group မှာ မိမိတို့ ဆွေးနွေးမယ့် အကြောင်းအရာ မိတ်ဆက်နဲ့ အခြားသင့်လျော်ရာများကို ကြိုတင် ကြေညာထားနိုင်ပါတယ်။
#VarCamp #Mar19 #BarCamp #SpeakerRegistration #Myanmar
မင်္ဂလာပါ၊ VarCamp ရဲ့ Community Corner အကြောင်း သိပြီးပြီလား

VarCamp မှာ နယ်ပယ်စုံ ကဏ္ဍစုံက အစုအဖွဲ့တွေ၊ အသိုင်းအဝိုင်းတွေနဲ့ တိုက်ရိုက်ပြောဆို ဆွေးနွေးနိုင်မယ့် Community Corner ဆိုတာ ရှိပါတယ်။

#လမ်းညွှန် - VarCamp ပွဲခင်း (https://play.var.camp) ကို ရောက်တာနဲ့ အဝင်ဝနားမှာ Community Corner ကို သွားလို့ ရတဲ့ တံခါးပေါက် ရှိပါတယ်။ အဲဒီကနေ ဝင်သွားရင် သက်ဆိုင်ရာ Community အမှတ်အသား ကိုယ်စီနဲ့ အခန်းငယ်လေးတွေ အများကြီး ရှိတဲ့ Community Corner ကို ရောက်ပါပြီ။

VarCamper တွေအနေနဲ့ စိတ်ဝင်စားရာ Community Booth မှာ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ စကားဝိုင်းထဲ ဝင်ရောက် ဆွေးနွေးနားဆင် ဒါမှမဟုတ် သိလိုသမျှ စူးစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

Community တွေ အနေနဲ့ VarCamper တွေကို မိမိတို့ အသင်းအဖွဲ့အကြောင်း၊ လုပ်ဆောင်ချက်တွေ၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး စည်းရုံး ဆွေးနွေး အသိပေးနိုင်မှာ ဖြစ်ပါတယ်။

(သင့်လျော်မယ့် အဖွဲ့အစည်းများကိုလည်း VarCamp မှာ ဝင်ရောက် ဆွေးနွေးကြဖို့ ညွှန်းပေးနိုင်ပါတယ်)

#VarCamp #Mar19 #BarCamp #Myanmar #RegisterNow #Community #CommunityCorner
အိုင်တီသမားတွေပဲ VarCamp တက်လို့ရတာလား 😁

#VarCamp #Mar19 #BarCamp #Myanmar
Pre-VarCamp စတင်နေပါပြီ

အခန်း - Yangon Room

Pre-VarCamp ကို https://play.var.camp လိပ်စာကနေ တက်ရောက်နိုင်ပါတယ်။

#VarCamp #Mar19 #BarCamp #Myanmar #PreVarCamp
VarCamp's Topic Board
VarCamp 2.0 ပိတ်ပွဲကို ညနေ ၅ နာရီမှာ "ရန်ကုန်" အခန်းမှာ ပြုလုပ်သွားဖို ရှိတဲ့အတွက် တက်ရောက်နိုင်ကြဖို အသိပေးပါရစေ။

#VarCamp #VarCampMyanmar #March19