'' ကိုယ်စား "
ကျွန်မကလေ
ပန်းတစ်ပွင့်ကို
ရေမှန်မှန်လောင်းပေးတတ်ပေမဲ့
ဥယျာဉ်တစ်ခုလုံးကို
မပိုင်ဆိုင်နိုင်ခဲ့သူပါ မောင် ။
ပြီးတော့...
ပန်းတစ်ပွင့်ကို ချစ်တတ်ရုံနဲ့
လုံလောက်ပြီလို့ ထင်ခဲ့တဲ့
အမျိုးသမီးတစ်ယောက်ပေါ့ ။
တချို့သော ပိုင်ဆိုင်မှုတွေဟာ
လက်လွှတ်ပေးလိုက်မှ
ပိုလှပသွားတတ်တယ်လို့
ကိုယ့်ကိုယ်ကို လိမ်ညာရင်း
ကျွန်မဟာ
မောင့်အတွက်
မေ့လွယ်ပျောက်လွယ်တဲ့
အတိတ်တစ်ခု ဖြစ်သွားခဲ့တယ်။
အခုတော့လေ
ရေမလောင်းနိုင်တော့တဲ့ လက်နဲ့
ပန်းပွင့်မယ့် ရာသီကို
မျှော်ငေး ဆွေးရသူပေါ့ကွယ် ။
မောင်ဟာ
ကျွန်မ ကိုယ်တိုင် အုံ့မှိုင်းစေပြီးမှ
တခြားသူအေးချမ်းဖို့
ရွာချခွင့်ပေးလိုက်ရတဲ့
ရာသီတစ်ခုပါပဲ။
-နေရည်မင်းလွင်
ကျွန်မကလေ
ပန်းတစ်ပွင့်ကို
ရေမှန်မှန်လောင်းပေးတတ်ပေမဲ့
ဥယျာဉ်တစ်ခုလုံးကို
မပိုင်ဆိုင်နိုင်ခဲ့သူပါ မောင် ။
ပြီးတော့...
ပန်းတစ်ပွင့်ကို ချစ်တတ်ရုံနဲ့
လုံလောက်ပြီလို့ ထင်ခဲ့တဲ့
အမျိုးသမီးတစ်ယောက်ပေါ့ ။
တချို့သော ပိုင်ဆိုင်မှုတွေဟာ
လက်လွှတ်ပေးလိုက်မှ
ပိုလှပသွားတတ်တယ်လို့
ကိုယ့်ကိုယ်ကို လိမ်ညာရင်း
ကျွန်မဟာ
မောင့်အတွက်
မေ့လွယ်ပျောက်လွယ်တဲ့
အတိတ်တစ်ခု ဖြစ်သွားခဲ့တယ်။
အခုတော့လေ
ရေမလောင်းနိုင်တော့တဲ့ လက်နဲ့
ပန်းပွင့်မယ့် ရာသီကို
မျှော်ငေး ဆွေးရသူပေါ့ကွယ် ။
မောင်ဟာ
ကျွန်မ ကိုယ်တိုင် အုံ့မှိုင်းစေပြီးမှ
တခြားသူအေးချမ်းဖို့
ရွာချခွင့်ပေးလိုက်ရတဲ့
ရာသီတစ်ခုပါပဲ။
-နေရည်မင်းလွင်
❤6
"Save "
ကိုယ့်ရဲ့
မတော်တဆဖြစ်တည်လာတဲ့
အဓိပ္ပာယ်တစ်ခု ။
နာမ်စားတစ်ခုထက်ပိုတဲ့
အဓိပ္ပါယ်အပြည့်နဲ့
စကားလုံး ။
ကမ္ဘာကြီးထဲက
သာမန်လူတစ်ယောက်
ကိုယ့်ကမ္ဘာရဲ့ ခြွင်းချက်။
အက္ခရာတစ်လုံးတည်းနဲ့
ကိုယ့်ရဲ့ ရာသီတွေကို
ပြောင်းလဲစေသူ။
ကိုယ်ပိုင်မဟုတ်ပေမဲ့
ကိုယ့်အတွေးတွေကို
ပိုင်စားသူ ။
ကိုယ့်နှလုံးသားနဲ့ပဲ
နားလည်တဲ့
မပြည့်စုံခြင်းတွေထဲက
ပြည့်စုံမှုတစ်ခု ။
" မောင် " ။
-နေရည်မင်းလွင်
ကိုယ့်ရဲ့
မတော်တဆဖြစ်တည်လာတဲ့
အဓိပ္ပာယ်တစ်ခု ။
နာမ်စားတစ်ခုထက်ပိုတဲ့
အဓိပ္ပါယ်အပြည့်နဲ့
စကားလုံး ။
ကမ္ဘာကြီးထဲက
သာမန်လူတစ်ယောက်
ကိုယ့်ကမ္ဘာရဲ့ ခြွင်းချက်။
အက္ခရာတစ်လုံးတည်းနဲ့
ကိုယ့်ရဲ့ ရာသီတွေကို
ပြောင်းလဲစေသူ။
ကိုယ်ပိုင်မဟုတ်ပေမဲ့
ကိုယ့်အတွေးတွေကို
ပိုင်စားသူ ။
ကိုယ့်နှလုံးသားနဲ့ပဲ
နားလည်တဲ့
မပြည့်စုံခြင်းတွေထဲက
ပြည့်စုံမှုတစ်ခု ။
" မောင် " ။
-နေရည်မင်းလွင်
❤3❤🔥1
"အိမ်မှာ လူတစ်ယောက် ပိုနေတယ်"
အဲဒီညက နွားတွေတောင် မအော်ခဲ့ဘူး။
အိမ်နောက်ဖေးမှာ သံခုတ်သံ သုံးချက် ။
ပြီးတော့ တစ်အိမ်လုံး တိတ်သွားတယ်။
အမေက မီးဖိုကို ထိုးတယ်။
ပထွေးက ရေတစ်ခွက် သောက်တယ်။
ကျွန်မကတော့ အိပ်ခန်းတံခါးအောက်ကနေ အနီရောင်စီးကြောင်း တဖြည်းဖြည်း ဖြတ်သန်းသွားတာကို ကြည့်နေမိတယ်။
"အင်း နွားတစ်ကောင်တော့ ပေါ်လိုက်ပြီ " ။
ဒါကျွန်မ ပထွေးရဲ့ လက်လုပ်လက်စား စီးပွားရေးပဲ ။
အဲဒီညမှာ ဘေးအိပ်ရာက
အစ်မဟာ ဘယ်ရောက်နေလဲ မသိတော့ဘူး ။
မနက်စာ။
အမေက ပန်းကန်လေးချပ် ပြင်တယ်။
အစ်မရဲ့ ပန်းကန်ကိုတော့ မှောက်ထားတယ်။
ဟင်းက အရမ်းမွှေးတာပဲ ။
ပထွေးက ကျွန်မကို ကြည့်ပြီး
“စားလေ။” တဲ့ ။
ကျွန်မက ပန်းကန်ထဲက
အရိပ်ကိုပဲ ဇွန်းနဲ့ မွှေနေခဲ့တယ်။
အရိပ်က
ကျွန်မတို့ မိသားစုဝင်တွေထက်
တစ်ယောက် ပိုနေတယ်။
အမေ ဟာ ကြက်သေသေနေသလို ။
အမေ့မျက်လုံးတွေက
အဲ့ဒီညကတည်းက
တစ်နေရာတည်းမှာ ရပ်နေခဲ့တာပဲ ။
ပါးစပ်တစ်ပေါက် ။
ပါးစပ်နှစ်ပေါက် ။
ပါးစပ် သုံးပေါက် ။
ဒီလိုနဲ့
ရှစ်နှစ်ကြာတယ်။
ညတိုင်း ဆယ့်နှစ်နာရီမှာ
အိမ်နောက်ဖေးက
သံခုတ်သံ သုံးချက် ပြန်ကြားရတုန်းပဲ။
တစ်ချက်။
နှစ်ချက်။
တတိယတစ်ချက် မကြားခင်
ကျွန်မ အမြဲ နိုးလာတတ်တယ်။
သုံးချက်မြောက် အသံရဲ့နောက်မှာ
အစ်မက ကျွန်မနာမည်ကို
တိုးတိုးလေး အမြဲ ခေါ်တတ်တယ် ။
ဖွင့်ကြည့်မိတိုင်း
အစ်မကို မတွေ့ရဘူး ။
တစ်ည။
ပထွေးက
ကျွန်မအခန်းတံခါးကို လာခေါက်တယ်။
တစ်ချက်။
နှစ်ချက်။
ကျွန်မရဲ့ ခန္ဓာကိုယ်က
ရှစ်နှစ်အရွယ်ဆီ ပြန်ရောက်သွားတယ်။
သံချောင်းခေါက်သံတွေ နောက်ပြန်လည်လာ။
မီးဖိုထဲက မီးတောက်တွေ ဟာ
မျက်လုံးတွေ ဖြစ်လာ ။
အိမ်နောက်ဖေးက မြေကြီးဟာ တစ်စုံတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို
မထိန်းသိမ်းနိုင်တော့သလို
အက်ကွဲလာ ။
တံခါးပွင့်သွားပြီ ။
မနက်မိုးလင်းတော့
ပထွေးရဲ့ ဖိနပ်တစ်ရံဟာ
တံခါးဝမှာ တစ်ဖက်စီ ပြန့်ကျဲလို့ ။
အမေက ထမင်းချက်တယ်။
ကျွန်မက လက်ဆေးရင်း အမေ့ကိုပြောတယ်။
" အမေ စားလေ" ။
ဟင်းခွက်ထဲမှာ အစ်မရဲ့ မျက်နှာရိပ် ။
သူမက
ရှစ်နှစ်လုံး မပြုံးခဲ့ဖူးတဲ့ အပြုံးနဲ့
ကျွန်မကို ကြည့်နေတယ်။
ပြီးတော့ ပြောတယ်။
“ညီမလေး ဒီတစ်ခါတော့
တံခါးကို နင်ဖွင့်ခဲ့တာပဲနော်။” တဲ့
ကျွန်မ လက်ကို ရုပ်လိုက်တယ်။
ဟင်းခွက်ထဲ
အစ်မမျက်နှာက မပျောက်သွားဘူး။
အဲဒီနေ့ကစပြီး အိမ်မှာ လူနှစ်ယောက်ပဲ ကျန်တယ်။
အမေက တစ်ယောက်။
ကျွန်မက တစ်ယောက်။
ဒါပေမဲ့ ညစာစားတိုင်း ပန်းကန်လေးချပ် ပြင်မိနေတုန်းပဲ။
အမေက မေးတယ်။
“ဘယ်သူတွေအတွက်လဲ။”
ကျွန်မ မဖြေဘူး။
ပန်းကန်တစ်ချပ်က အစ်မအတွက်။
နောက်တစ်ချပ်က ပထွေးအတွက်။
ကျန်တဲ့ပန်းကန်နှစ်ချပ်ကတော့
အဲဒီညက တံခါးကြားမှာ မလှုပ်ရှားရဲခဲ့တဲ့
အမေ့အတွက် ။
နောက်တစ်ချပ်က အခုထိ
အဲဒီအိမ်ထဲမှာ အသက်ရှင်နေတယ်လို့
ကိုယ့်ကိုယ်ကို ယုံကြည်နေရတဲ့ ကျွန်မအတွက်။
တစ်ညမှာ
အမေ့အခန်းထဲကနေ
သံခုတ်သံ သုံးချက် ကြားရတယ်။
အမေက မီးဖိုဘက်ကို ပြေးတယ်။
ကျွန်မကတော့ ပန်းကန်တွေကို ရေတွက်နေတယ်။
တစ်ချပ်။
နှစ်ချပ်။
သုံးချပ်။
လေးချပ်။
ငါးချပ်။
ကျွန်မ လက်ထဲက ဇွန်း ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။
အိမ်မှာ လူဘယ်နှယောက် ရှိနေသေးလဲဆိုတာ ကျွန်မ မသိတော့ဘူး။
အိမ်မှာ အရိပ်တွေ မပျောက်သွားခဲ့ပေမယ့်
လူတွေတော့ ပျောက်သွားကြ။
သူတို့အသံတွေကတော့
ဟင်းအိုးထဲမှာ အခုထိ ရှိနေတုန်းပဲ။
-နေရည်မင်းလွင်
"အိမ်မှာ လူတစ်ယောက် ပိုနေတယ်"
အဲဒီညက နွားတွေတောင် မအော်ခဲ့ဘူး။
အိမ်နောက်ဖေးမှာ သံခုတ်သံ သုံးချက် ။
ပြီးတော့ တစ်အိမ်လုံး တိတ်သွားတယ်။
အမေက မီးဖိုကို ထိုးတယ်။
ပထွေးက ရေတစ်ခွက် သောက်တယ်။
ကျွန်မကတော့ အိပ်ခန်းတံခါးအောက်ကနေ အနီရောင်စီးကြောင်း တဖြည်းဖြည်း ဖြတ်သန်းသွားတာကို ကြည့်နေမိတယ်။
"အင်း နွားတစ်ကောင်တော့ ပေါ်လိုက်ပြီ " ။
ဒါကျွန်မ ပထွေးရဲ့ လက်လုပ်လက်စား စီးပွားရေးပဲ ။
အဲဒီညမှာ ဘေးအိပ်ရာက
အစ်မဟာ ဘယ်ရောက်နေလဲ မသိတော့ဘူး ။
မနက်စာ။
အမေက ပန်းကန်လေးချပ် ပြင်တယ်။
အစ်မရဲ့ ပန်းကန်ကိုတော့ မှောက်ထားတယ်။
ဟင်းက အရမ်းမွှေးတာပဲ ။
ပထွေးက ကျွန်မကို ကြည့်ပြီး
“စားလေ။” တဲ့ ။
ကျွန်မက ပန်းကန်ထဲက
အရိပ်ကိုပဲ ဇွန်းနဲ့ မွှေနေခဲ့တယ်။
အရိပ်က
ကျွန်မတို့ မိသားစုဝင်တွေထက်
တစ်ယောက် ပိုနေတယ်။
အမေ ဟာ ကြက်သေသေနေသလို ။
အမေ့မျက်လုံးတွေက
အဲ့ဒီညကတည်းက
တစ်နေရာတည်းမှာ ရပ်နေခဲ့တာပဲ ။
ပါးစပ်တစ်ပေါက် ။
ပါးစပ်နှစ်ပေါက် ။
ပါးစပ် သုံးပေါက် ။
ဒီလိုနဲ့
ရှစ်နှစ်ကြာတယ်။
ညတိုင်း ဆယ့်နှစ်နာရီမှာ
အိမ်နောက်ဖေးက
သံခုတ်သံ သုံးချက် ပြန်ကြားရတုန်းပဲ။
တစ်ချက်။
နှစ်ချက်။
တတိယတစ်ချက် မကြားခင်
ကျွန်မ အမြဲ နိုးလာတတ်တယ်။
သုံးချက်မြောက် အသံရဲ့နောက်မှာ
အစ်မက ကျွန်မနာမည်ကို
တိုးတိုးလေး အမြဲ ခေါ်တတ်တယ် ။
ဖွင့်ကြည့်မိတိုင်း
အစ်မကို မတွေ့ရဘူး ။
တစ်ည။
ပထွေးက
ကျွန်မအခန်းတံခါးကို လာခေါက်တယ်။
တစ်ချက်။
နှစ်ချက်။
ကျွန်မရဲ့ ခန္ဓာကိုယ်က
ရှစ်နှစ်အရွယ်ဆီ ပြန်ရောက်သွားတယ်။
သံချောင်းခေါက်သံတွေ နောက်ပြန်လည်လာ။
မီးဖိုထဲက မီးတောက်တွေ ဟာ
မျက်လုံးတွေ ဖြစ်လာ ။
အိမ်နောက်ဖေးက မြေကြီးဟာ တစ်စုံတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို
မထိန်းသိမ်းနိုင်တော့သလို
အက်ကွဲလာ ။
တံခါးပွင့်သွားပြီ ။
မနက်မိုးလင်းတော့
ပထွေးရဲ့ ဖိနပ်တစ်ရံဟာ
တံခါးဝမှာ တစ်ဖက်စီ ပြန့်ကျဲလို့ ။
အမေက ထမင်းချက်တယ်။
ကျွန်မက လက်ဆေးရင်း အမေ့ကိုပြောတယ်။
" အမေ စားလေ" ။
ဟင်းခွက်ထဲမှာ အစ်မရဲ့ မျက်နှာရိပ် ။
သူမက
ရှစ်နှစ်လုံး မပြုံးခဲ့ဖူးတဲ့ အပြုံးနဲ့
ကျွန်မကို ကြည့်နေတယ်။
ပြီးတော့ ပြောတယ်။
“ညီမလေး ဒီတစ်ခါတော့
တံခါးကို နင်ဖွင့်ခဲ့တာပဲနော်။” တဲ့
ကျွန်မ လက်ကို ရုပ်လိုက်တယ်။
ဟင်းခွက်ထဲ
အစ်မမျက်နှာက မပျောက်သွားဘူး။
အဲဒီနေ့ကစပြီး အိမ်မှာ လူနှစ်ယောက်ပဲ ကျန်တယ်။
အမေက တစ်ယောက်။
ကျွန်မက တစ်ယောက်။
ဒါပေမဲ့ ညစာစားတိုင်း ပန်းကန်လေးချပ် ပြင်မိနေတုန်းပဲ။
အမေက မေးတယ်။
“ဘယ်သူတွေအတွက်လဲ။”
ကျွန်မ မဖြေဘူး။
ပန်းကန်တစ်ချပ်က အစ်မအတွက်။
နောက်တစ်ချပ်က ပထွေးအတွက်။
ကျန်တဲ့ပန်းကန်နှစ်ချပ်ကတော့
အဲဒီညက တံခါးကြားမှာ မလှုပ်ရှားရဲခဲ့တဲ့
အမေ့အတွက် ။
နောက်တစ်ချပ်က အခုထိ
အဲဒီအိမ်ထဲမှာ အသက်ရှင်နေတယ်လို့
ကိုယ့်ကိုယ်ကို ယုံကြည်နေရတဲ့ ကျွန်မအတွက်။
တစ်ညမှာ
အမေ့အခန်းထဲကနေ
သံခုတ်သံ သုံးချက် ကြားရတယ်။
အမေက မီးဖိုဘက်ကို ပြေးတယ်။
ကျွန်မကတော့ ပန်းကန်တွေကို ရေတွက်နေတယ်။
တစ်ချပ်။
နှစ်ချပ်။
သုံးချပ်။
လေးချပ်။
ငါးချပ်။
ကျွန်မ လက်ထဲက ဇွန်း ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။
အိမ်မှာ လူဘယ်နှယောက် ရှိနေသေးလဲဆိုတာ ကျွန်မ မသိတော့ဘူး။
အိမ်မှာ အရိပ်တွေ မပျောက်သွားခဲ့ပေမယ့်
လူတွေတော့ ပျောက်သွားကြ။
သူတို့အသံတွေကတော့
ဟင်းအိုးထဲမှာ အခုထိ ရှိနေတုန်းပဲ။
-နေရည်မင်းလွင်
😭3❤1
" မောင့်ကို ငေးကြည့်ခွင့်သာ ရခဲ့သော "
ကျွန်မက Juliet မဟုတ်ပါဘူး။
ဒါပေမဲ့ တစ်ခါတုန်းကတော့
ကိုယ့်ကမ္ဘာတစ်ခုလုံးကို
လူတစ်ယောက်ရဲ့ လက်ဖဝါးထဲ
ထည့်ပေးခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ပေါ့ ။
မောင်ရေ ...
အခု မောင် ရယ်မောနေတဲ့နေရာဟာ
ကျွန်မ သွေးကြောတွေကို
ဖြတ်တောက် ဖြုတ်ယူသွားပြီးမှ
တည်ဆောက်ထားတဲ့
တံတားတစ်စင်းဖြစ်ကြောင်း
မောင် သိပါသလား ။
ခြေဆင်းက လှပတယ်။
ရှူမျှော်ခင်းကလည်း သာယာတယ် ။
မောင့် ဘေးမှာလည်း
မောင့်ကို ချစ်တဲ့
မိန်းကလေးတစ်ယောက် ရှိနေတယ်။
ကျွန်မနဲ့အတူရှိစဉ်က
မျက်နှာပေါ်မှာ
အမြဲတမ်း မုန်တိုင်းထန်နေတတ်တဲ့ မောင်
အခုတော့
တစ်ခြားသူရဲ့ လက်ချောင်းတွေကြားမှာ
မောင့်ရဲ့ နွေဦးရာသီဟာ
အလွန်အကျွံ လှလှပပကြီး ပွင့်လန်းနေတယ်။
ဒါဆို ကျွန်မဟာ ဘာလဲ။
မောင့် ဘဝထဲက ရာသီဥတုအမှားတစ်ခုလား။
မောင့်နေ့စွဲတွေထဲက
ဖယ်ထုတ်ခံလိုက်ရတဲ့ ပြဿဒါးတစ်ခုလား ။
ဒါမှမဟုတ် မောင့် ပျော်ရွှင်မှုအတွက်
ကြိုတင်စွန့်ပစ်ခံထားရတဲ့
အဟောင်းဆိုင်တစ်ခုလား။
အချစ်ဟာ မြင့်မြတ်တယ်ဆိုတဲ့
စာအုပ်ဟောင်းတွေကို မီးရှို့ပစ်ချင်တယ် ။
သစ္စာရှိခြင်းဟာ
လူတစ်ယောက်ရဲ့ သဘာဝအရည်အချင်းဆိုတဲ့ အယူအဆကိုလည်း
ဖျက်သိမ်းပစ်ချင်တယ်။
လူတွေဟာ
သူတို့ရဲ့ အကျိုးစီးပွားအလိုက်
အချစ်ကို အဓိပ္ပာယ်ဖွင့်တတ်ခြင်းတွေကိုလည်း
သပိတ်မှောက်ပစ်ချင်တယ် ။
ဒါပေမယ့် မောင်ရယ် ။
တစ်ယောက်ဟာ
ပန်းတိုင်တစ်ခု ဖြစ်ပေမယ့်
နောက်တစ်ယောက်ကတော့
ဖြတ်လမ်းတစ်ခု
ဖြစ်သွားနိုင်တယ် မလား ။
တစ်ယောက်ဟာ
စံပြအချစ်ခံရသူ ဖြစ်နေပေမယ့်
နောက်တစ်ယောက်ကတော့
မိတ်ဆက်စကားတောင်
ပြောစရာမလိုတော့တဲ့
သူစိမ်းတစ်ယောက် ဖြစ်သွားနိုင်တယ် မလား။
ဒါကြောင့်
ကျွန်မ အချစ်ကို
ဘာသာတရားတစ်ခုလို
မကိုးကွယ်ချင်တော့ဘူး ။
ဘုရားသခင်ဟာ
သစ္စာဖောက်သူတွေရဲ့ ဘက်မှာလည်း
တစ်ခါတစ်ရံ နေတတ်တယ်ဆိုတာ
လက်သင့်ခံလိုက်ပြီ ။
မောင်ရေ ...
မျက်ကွယ်ပြုချင်ယောင်ဆောင်ခြင်းဆိုတာ
မောင်ဟာ ကျွန်မမရှိဘဲနဲ့လည်း
ဒီလောက်အထိ ပျော်နေနိုင်တယ်ဆိုတဲ့
အမှန်တရားကို
မျက်လုံးနှစ်ဖက်နဲ့ လက်မခံနိုင်ခြင်းပါပဲ ။
ကျွန်မ လည်း
ဒေါသထွက်ခွင့် ရှိချင်သေးတယ်။
ညက ကျွန်မရဲ့ အိပ်မက်ထဲကို
အဖြူရောင်မြင်းတစ်ကောင် ဝင်လာတယ်။
သူ့ကျောပေါ်မှာ
သတို့သမီးဝတ်စုံတစ်စုံကို
တင်လို့...
မြင်းက
ကျွန်မကို ဘယ်သွားချင်သလဲလို့ မေးတော့
ကျွန်မက
မောင် မရှိတဲ့ နေရာတစ်ခုကို
ပို့ပေးပါလို့ ပြောလိုက်တယ်။
မြင်းက ရီ(ရယ်)တယ် မောင် ။
ကမ္ဘာပေါ်မှာ မောင်မရှိတဲ့ နေရာဆိုတာ
မင်းရဲ့အမှတ်တရတွေထဲမှာတောင်
ရှိမှမရှိတာတဲ့ ။
ကျွန်မ နိုးထလိုက်တာပဲ
ကောင်းပါတယ် ။
မေ့ပစ်ခြင်း ဆိုတာ
တစ်စုံတစ်ယောက်ကို
တစ်ချိန်က မှတ်မိခဲ့ဖူးကြောင်း
အမြဲတမ်း သက်သေပြနေရတဲ့ အလုပ်ပဲလေ ။
ကျွန်မ ပင်ပန်းနေပြီ မောင် ။
ကျွန်မ က
မောင် မမြင်နိုင်တဲ့ နေရာကနေ။
မောင် မကြားနိုင်တဲ့ အကွာအဝေးကနေ။
မောင်နဲ့ ပတ်သက်ပြီး
ဘာတစ်ခုမှ တောင်းဆိုခွင့်မရှိတော့တဲ့
မိန်းမတစ်ယောက်ရဲ့ နေရာ ကနေ....
မောင့်ကို ငေးကြည့်ခွင့်သာရခဲ့သော
အမျိုးသမီး တစ်ယောက် အဖြစ်
ကျန်ရစ်ခဲ့ခြင်းဟာ
ကျွန်မ ဘယ်တော့မှ မရေးချင်ခဲ့တဲ့
နောက်ဆုံးဇာတ်ဝင်ခန်းပါပဲ ။
-နေရည်မင်းလွင်
ကျွန်မက Juliet မဟုတ်ပါဘူး။
ဒါပေမဲ့ တစ်ခါတုန်းကတော့
ကိုယ့်ကမ္ဘာတစ်ခုလုံးကို
လူတစ်ယောက်ရဲ့ လက်ဖဝါးထဲ
ထည့်ပေးခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ပေါ့ ။
မောင်ရေ ...
အခု မောင် ရယ်မောနေတဲ့နေရာဟာ
ကျွန်မ သွေးကြောတွေကို
ဖြတ်တောက် ဖြုတ်ယူသွားပြီးမှ
တည်ဆောက်ထားတဲ့
တံတားတစ်စင်းဖြစ်ကြောင်း
မောင် သိပါသလား ။
ခြေဆင်းက လှပတယ်။
ရှူမျှော်ခင်းကလည်း သာယာတယ် ။
မောင့် ဘေးမှာလည်း
မောင့်ကို ချစ်တဲ့
မိန်းကလေးတစ်ယောက် ရှိနေတယ်။
ကျွန်မနဲ့အတူရှိစဉ်က
မျက်နှာပေါ်မှာ
အမြဲတမ်း မုန်တိုင်းထန်နေတတ်တဲ့ မောင်
အခုတော့
တစ်ခြားသူရဲ့ လက်ချောင်းတွေကြားမှာ
မောင့်ရဲ့ နွေဦးရာသီဟာ
အလွန်အကျွံ လှလှပပကြီး ပွင့်လန်းနေတယ်။
ဒါဆို ကျွန်မဟာ ဘာလဲ။
မောင့် ဘဝထဲက ရာသီဥတုအမှားတစ်ခုလား။
မောင့်နေ့စွဲတွေထဲက
ဖယ်ထုတ်ခံလိုက်ရတဲ့ ပြဿဒါးတစ်ခုလား ။
ဒါမှမဟုတ် မောင့် ပျော်ရွှင်မှုအတွက်
ကြိုတင်စွန့်ပစ်ခံထားရတဲ့
အဟောင်းဆိုင်တစ်ခုလား။
အချစ်ဟာ မြင့်မြတ်တယ်ဆိုတဲ့
စာအုပ်ဟောင်းတွေကို မီးရှို့ပစ်ချင်တယ် ။
သစ္စာရှိခြင်းဟာ
လူတစ်ယောက်ရဲ့ သဘာဝအရည်အချင်းဆိုတဲ့ အယူအဆကိုလည်း
ဖျက်သိမ်းပစ်ချင်တယ်။
လူတွေဟာ
သူတို့ရဲ့ အကျိုးစီးပွားအလိုက်
အချစ်ကို အဓိပ္ပာယ်ဖွင့်တတ်ခြင်းတွေကိုလည်း
သပိတ်မှောက်ပစ်ချင်တယ် ။
ဒါပေမယ့် မောင်ရယ် ။
တစ်ယောက်ဟာ
ပန်းတိုင်တစ်ခု ဖြစ်ပေမယ့်
နောက်တစ်ယောက်ကတော့
ဖြတ်လမ်းတစ်ခု
ဖြစ်သွားနိုင်တယ် မလား ။
တစ်ယောက်ဟာ
စံပြအချစ်ခံရသူ ဖြစ်နေပေမယ့်
နောက်တစ်ယောက်ကတော့
မိတ်ဆက်စကားတောင်
ပြောစရာမလိုတော့တဲ့
သူစိမ်းတစ်ယောက် ဖြစ်သွားနိုင်တယ် မလား။
ဒါကြောင့်
ကျွန်မ အချစ်ကို
ဘာသာတရားတစ်ခုလို
မကိုးကွယ်ချင်တော့ဘူး ။
ဘုရားသခင်ဟာ
သစ္စာဖောက်သူတွေရဲ့ ဘက်မှာလည်း
တစ်ခါတစ်ရံ နေတတ်တယ်ဆိုတာ
လက်သင့်ခံလိုက်ပြီ ။
မောင်ရေ ...
မျက်ကွယ်ပြုချင်ယောင်ဆောင်ခြင်းဆိုတာ
မောင်ဟာ ကျွန်မမရှိဘဲနဲ့လည်း
ဒီလောက်အထိ ပျော်နေနိုင်တယ်ဆိုတဲ့
အမှန်တရားကို
မျက်လုံးနှစ်ဖက်နဲ့ လက်မခံနိုင်ခြင်းပါပဲ ။
ကျွန်မ လည်း
ဒေါသထွက်ခွင့် ရှိချင်သေးတယ်။
ညက ကျွန်မရဲ့ အိပ်မက်ထဲကို
အဖြူရောင်မြင်းတစ်ကောင် ဝင်လာတယ်။
သူ့ကျောပေါ်မှာ
သတို့သမီးဝတ်စုံတစ်စုံကို
တင်လို့...
မြင်းက
ကျွန်မကို ဘယ်သွားချင်သလဲလို့ မေးတော့
ကျွန်မက
မောင် မရှိတဲ့ နေရာတစ်ခုကို
ပို့ပေးပါလို့ ပြောလိုက်တယ်။
မြင်းက ရီ(ရယ်)တယ် မောင် ။
ကမ္ဘာပေါ်မှာ မောင်မရှိတဲ့ နေရာဆိုတာ
မင်းရဲ့အမှတ်တရတွေထဲမှာတောင်
ရှိမှမရှိတာတဲ့ ။
ကျွန်မ နိုးထလိုက်တာပဲ
ကောင်းပါတယ် ။
မေ့ပစ်ခြင်း ဆိုတာ
တစ်စုံတစ်ယောက်ကို
တစ်ချိန်က မှတ်မိခဲ့ဖူးကြောင်း
အမြဲတမ်း သက်သေပြနေရတဲ့ အလုပ်ပဲလေ ။
ကျွန်မ ပင်ပန်းနေပြီ မောင် ။
ကျွန်မ က
မောင် မမြင်နိုင်တဲ့ နေရာကနေ။
မောင် မကြားနိုင်တဲ့ အကွာအဝေးကနေ။
မောင်နဲ့ ပတ်သက်ပြီး
ဘာတစ်ခုမှ တောင်းဆိုခွင့်မရှိတော့တဲ့
မိန်းမတစ်ယောက်ရဲ့ နေရာ ကနေ....
မောင့်ကို ငေးကြည့်ခွင့်သာရခဲ့သော
အမျိုးသမီး တစ်ယောက် အဖြစ်
ကျန်ရစ်ခဲ့ခြင်းဟာ
ကျွန်မ ဘယ်တော့မှ မရေးချင်ခဲ့တဲ့
နောက်ဆုံးဇာတ်ဝင်ခန်းပါပဲ ။
-နေရည်မင်းလွင်
❤2😭2
" ဆန့်ကျင်ဘက် "
နွေခေါင်ခေါင်မှာ လက်တဲ့
လျှပ်စီးလိုပေါ့ကွယ် ။
မဖြစ်နိုင်ခြင်းမှာတောင်
ဖြစ်တည်သွားတဲ့အရာတွေရှိတယ်။
မောင့်ကို ပိုင်ဆိုင်လိုခြင်းဟာ
မဖြစ်နိုင်ခြင်း ဖြစ်ပြီး
ဟိုကလေးမဆီမှာ
မောင် ပျော်နေခြင်းဟာ
ဖြစ်တည်ခြင်းပါပဲ ။
-နေရည်မင်းလွင်
နွေခေါင်ခေါင်မှာ လက်တဲ့
လျှပ်စီးလိုပေါ့ကွယ် ။
မဖြစ်နိုင်ခြင်းမှာတောင်
ဖြစ်တည်သွားတဲ့အရာတွေရှိတယ်။
မောင့်ကို ပိုင်ဆိုင်လိုခြင်းဟာ
မဖြစ်နိုင်ခြင်း ဖြစ်ပြီး
ဟိုကလေးမဆီမှာ
မောင် ပျော်နေခြင်းဟာ
ဖြစ်တည်ခြင်းပါပဲ ။
-နေရည်မင်းလွင်
😭3😢2
" မူရင်း "
သားရေ။
အမေ့စကားတွေကို
နာကျည်းလို့ရပေမယ့်
ဘဝနဲ့ချီလောက်တဲ့အထိ
အရွဲ့မတိုက်စေချင်ဘူး။
သား မုန်းမှာသိပ်ကြောက်တယ် ။
မလိမ်မာတဲ့ ကလေးဆိုးလေးကနေ
လူဆိုးကြီမုန်းမှာကို ပိုကြောက်တယ် ။
ဒါကြောင့် ကိုယ့်ဘဝကိုတော့
ပေါ့တန်မှုတွေနဲ့ မလဲလှယ်လိုက်ပါနဲ့။
အမေက ကြမ်းတမ်းတယ်။
စကားလုံး မညှာဘူး ။
အရမ်းဆူတယ် ။
ဆုံးမမှုမှာ ဒေါသအနည်းငယ်လည်း
ပေါင်းထည့်တတ်သေးတယ် ။
ဟုတ်တယ်။
ဒါပေမယ့် အမှားတွေကို
မင်း အနာဂတ်ထက်
ပိုမကြီးထွားစေချင်တဲ့
ပဲ့ကိုင်ရှင် အမျိုးသမီးကြီးဟာလည်း
အမေပဲ ဖြစ်တယ် ။
အမေဟာ
မင်းကို ဆုံးမတဲ့အခါ
အမေဖြစ်ကြောင်း မေ့သွားတတ်ပြီး
ဆူပြီးမှသာ အမေ့သားဖြစ်ကြောင်း
ပြန်ပြန် သတိရ ။
ဒါကိုလည်း သူစိမ်းတမျှလို့ မတွေးလိုက်ပါနဲ့။
လမ်းဆုံးတစ်လျှောက်မှာ
သား မျက်ရည်ကို မမြင်ချင်လို့
သား မျက်ရည်ကျအောင်
အမေကိုယ်တိုင်
ထိုးစိုက်ခဲ့တဲ့ စကားဓားတွေဟာ
ညဘက်ကျမှ အမေ့ကို အမြဲပြန်ပြန် ရှတာ
သား ဘယ်သိမလဲ။
သားရေ ...
ရိုက်မိလိုက်ရင်
အသားနာတာ မင်းဆိုပေမယ့်
အသည်းနာတာဟာ အမေ ။
အမေ့အသည်းနာခြင်း
မင်းရဲ့အသားနာခြင်း
ခွဲခြမ်းစိတ်ဖြာကြည့်ရင်
မေတ္တာပန်းတွေ ပွင့်လာတာကို
မြင်ရမှာပေါ့ ။
အမေ့သားလေးရေ။
အမေ့မှာလည်း ပြင်ဆင်စရာတွေနဲ့။
မင်းမှာလည်း ရှောင်ကြဉ်စရာတွေနဲ့။
အမေ့စကား နားထောင်တဲ့
သားတစ်ယောက်ထက်
အမေ မရှိတော့တဲ့အခါမှာတောင်
အမေ စိတ်ပူစရာမလိုတော့တဲ့
လူတစ်ယောက်ဖြစ်လာဖို့ဆိုတာ
အမေ အလိုချင်ခဲ့ဆုံး
ဆန္ဒတွေထဲက တစ်ခုပါပဲ ။
-နေရည်မင်းလွင်
သားရေ။
အမေ့စကားတွေကို
နာကျည်းလို့ရပေမယ့်
ဘဝနဲ့ချီလောက်တဲ့အထိ
အရွဲ့မတိုက်စေချင်ဘူး။
သား မုန်းမှာသိပ်ကြောက်တယ် ။
မလိမ်မာတဲ့ ကလေးဆိုးလေးကနေ
လူဆိုးကြီမုန်းမှာကို ပိုကြောက်တယ် ။
ဒါကြောင့် ကိုယ့်ဘဝကိုတော့
ပေါ့တန်မှုတွေနဲ့ မလဲလှယ်လိုက်ပါနဲ့။
အမေက ကြမ်းတမ်းတယ်။
စကားလုံး မညှာဘူး ။
အရမ်းဆူတယ် ။
ဆုံးမမှုမှာ ဒေါသအနည်းငယ်လည်း
ပေါင်းထည့်တတ်သေးတယ် ။
ဟုတ်တယ်။
ဒါပေမယ့် အမှားတွေကို
မင်း အနာဂတ်ထက်
ပိုမကြီးထွားစေချင်တဲ့
ပဲ့ကိုင်ရှင် အမျိုးသမီးကြီးဟာလည်း
အမေပဲ ဖြစ်တယ် ။
အမေဟာ
မင်းကို ဆုံးမတဲ့အခါ
အမေဖြစ်ကြောင်း မေ့သွားတတ်ပြီး
ဆူပြီးမှသာ အမေ့သားဖြစ်ကြောင်း
ပြန်ပြန် သတိရ ။
ဒါကိုလည်း သူစိမ်းတမျှလို့ မတွေးလိုက်ပါနဲ့။
လမ်းဆုံးတစ်လျှောက်မှာ
သား မျက်ရည်ကို မမြင်ချင်လို့
သား မျက်ရည်ကျအောင်
အမေကိုယ်တိုင်
ထိုးစိုက်ခဲ့တဲ့ စကားဓားတွေဟာ
ညဘက်ကျမှ အမေ့ကို အမြဲပြန်ပြန် ရှတာ
သား ဘယ်သိမလဲ။
သားရေ ...
ရိုက်မိလိုက်ရင်
အသားနာတာ မင်းဆိုပေမယ့်
အသည်းနာတာဟာ အမေ ။
အမေ့အသည်းနာခြင်း
မင်းရဲ့အသားနာခြင်း
ခွဲခြမ်းစိတ်ဖြာကြည့်ရင်
မေတ္တာပန်းတွေ ပွင့်လာတာကို
မြင်ရမှာပေါ့ ။
အမေ့သားလေးရေ။
အမေ့မှာလည်း ပြင်ဆင်စရာတွေနဲ့။
မင်းမှာလည်း ရှောင်ကြဉ်စရာတွေနဲ့။
အမေ့စကား နားထောင်တဲ့
သားတစ်ယောက်ထက်
အမေ မရှိတော့တဲ့အခါမှာတောင်
အမေ စိတ်ပူစရာမလိုတော့တဲ့
လူတစ်ယောက်ဖြစ်လာဖို့ဆိုတာ
အမေ အလိုချင်ခဲ့ဆုံး
ဆန္ဒတွေထဲက တစ်ခုပါပဲ ။
-နေရည်မင်းလွင်
❤2🍓1
"ဟင်နရီသို့ ( ၂၇) "
အပူအစပ် တွေ ရှောင်တယ်
ရေခဲရေ ရှောင်တယ်
ရယ်ဒီမိတ်တွေ ရှောင်တယ်
အယ်လ်ကိုဟောနဲ့နီကိုတင်းကို ရှောင်တယ်
အငမ်းမရ စွဲလမ်းမိတဲ့ အချစ်မှာမှ
ကျွန်မ အသည်းဟာ
တစ်ဖဲ့စီကြွေကျ ။
နာကျင်မှုဟာ သိပ်ချိုမြတယ် ဟင်နရီ ။
-နေရည်မင်းလွင်
အပူအစပ် တွေ ရှောင်တယ်
ရေခဲရေ ရှောင်တယ်
ရယ်ဒီမိတ်တွေ ရှောင်တယ်
အယ်လ်ကိုဟောနဲ့နီကိုတင်းကို ရှောင်တယ်
အငမ်းမရ စွဲလမ်းမိတဲ့ အချစ်မှာမှ
ကျွန်မ အသည်းဟာ
တစ်ဖဲ့စီကြွေကျ ။
နာကျင်မှုဟာ သိပ်ချိုမြတယ် ဟင်နရီ ။
-နေရည်မင်းလွင်
❤2❤🔥1
ခုလည်း မမ ။
နောင်လည်း မမ ။
ကျွန်တော့်ရဲ့
ပူပူနွေးနွေးနှလုံးသားထဲမှာ မမ ။
မမ ကလွဲရင်
နေမဝင် အင်ပါယာတောင်
ကျွန်တော်လုံးဝမလိုချင်တဲ့
စာမျက်နှာ တစ်ခုစာပါပဲ မမ။
-နေရည်မင်းလွင်
-မမ
နောင်လည်း မမ ။
ကျွန်တော့်ရဲ့
ပူပူနွေးနွေးနှလုံးသားထဲမှာ မမ ။
မမ ကလွဲရင်
နေမဝင် အင်ပါယာတောင်
ကျွန်တော်လုံးဝမလိုချင်တဲ့
စာမျက်နှာ တစ်ခုစာပါပဲ မမ။
-နေရည်မင်းလွင်
-မမ
❤2🍓2
မမနဲ့ပတ်သတ်ရင်
ကျွန်တော်က အောင်ချိမ့်ပါ ။
ကျွန်တော်က အော်ဖီးယပ်စ်ပါ ။
ကျွန်တော်က ဟီးသ်ကလစ် ပါ မမ ။
အရွယ်ရောက်ခြင်းဆိုတာ
ကိန်းဂဏန်းတွေ မဟုတ်ပဲ
စောင့်ရှောက်နိုင်စွမ်းရှိခြင်းပါ မမ။
ဒါ့ကြောင့်
ကျွန်တော့်ကို ကျေကျေနပ်နပ်
အပိုင်ယူလိုက်ပါ မမ ။
-နေရည်မင်းလွင်
-မမ
ကျွန်တော်က အောင်ချိမ့်ပါ ။
ကျွန်တော်က အော်ဖီးယပ်စ်ပါ ။
ကျွန်တော်က ဟီးသ်ကလစ် ပါ မမ ။
အရွယ်ရောက်ခြင်းဆိုတာ
ကိန်းဂဏန်းတွေ မဟုတ်ပဲ
စောင့်ရှောက်နိုင်စွမ်းရှိခြင်းပါ မမ။
ဒါ့ကြောင့်
ကျွန်တော့်ကို ကျေကျေနပ်နပ်
အပိုင်ယူလိုက်ပါ မမ ။
-နေရည်မင်းလွင်
-မမ
❤🔥2❤2
'' နှင်းဆီနီတွေ ရဲရဲပျိုးကြမယ် မောင် "
ဒီနေ့ကစပြီး.....
ကမ္ဘာကြီးရဲ့ သံသယမှန်သမျှ
မောင်နဲ့ ကျွန်မရဲ့
ပျိုးခင်းအပြင်ဘက်မှာ ရှိပါစေ။
ဘဝတိုက်ပွဲတိုင်းမှာ
မောင့်နာမည်ဟာ
ကျွန်မနဲ့အတူ
တစ်သားတည်းရှိပါစေ။
နှင်းဆီနီနီတွေ
ရဲနေအောင် ပွင့်နေသ၍
အကွာအဝေးတွေကို ပယ်ချမယ် ။
အတားအဆီးတွေကို မျက်ကွယ်ပြုမယ်။
ကံကြမ္မာဆိုးတွေကို မီးပုံရှို့မယ် ။
နှင်းဆီတွေ
ရဲရဲနီအောင်ပွင့်နေသ၍ပေါ့ မောင်ရယ်။
-နေရည်မင်းလွင်
ဒီနေ့ကစပြီး.....
ကမ္ဘာကြီးရဲ့ သံသယမှန်သမျှ
မောင်နဲ့ ကျွန်မရဲ့
ပျိုးခင်းအပြင်ဘက်မှာ ရှိပါစေ။
ဘဝတိုက်ပွဲတိုင်းမှာ
မောင့်နာမည်ဟာ
ကျွန်မနဲ့အတူ
တစ်သားတည်းရှိပါစေ။
နှင်းဆီနီနီတွေ
ရဲနေအောင် ပွင့်နေသ၍
အကွာအဝေးတွေကို ပယ်ချမယ် ။
အတားအဆီးတွေကို မျက်ကွယ်ပြုမယ်။
ကံကြမ္မာဆိုးတွေကို မီးပုံရှို့မယ် ။
နှင်းဆီတွေ
ရဲရဲနီအောင်ပွင့်နေသ၍ပေါ့ မောင်ရယ်။
-နေရည်မင်းလွင်
❤2
"မောင်က အရေးမပါဘူး "
အချစ်ဆိုတာ
အဓိပ္ပာယ်မရှိတဲ့ နာမ်တစ်ခုဖြစ်ကြောင်း
မောင်က သက်သေပြခဲ့တယ်။
မောင့်အတွက်တော့
ကျွန်မမျက်ရည်တွေဟာ
အသုံးမဝင်တဲ့ သယံဇာတ ။
ကျွန်မ သစ္စာတရားဟာ
အဖုံးမပါတဲ့ အမှိုက်ပုံး ။
ကျွန်မ ရင်ဘတ်ဟာ
မောင် ပြန်မလာတော့တဲ့အခါ
ဆွေးမြေ့သွားတဲ့ ထိုင်ခုံဟောင်းတစ်ခုပဲ ။
မောင်က အရေးမပါဘူး။
ပြောတုန်းကတော့
ကျွန်မတို့နှစ်ယောက်ကြားက
အရာရာဟာ
မောင့်အတွက် တန်ဖိုးဖြတ်မရပါဘူးတဲ့ ။
အခုတော့
ကျွန်မက
နေ့ရက်တိုင်းကို
မောင့်နာမည် ဝတ်ဆင်ထားရပြီး
မောင်ကတော့ နေ့ရက်တိုင်းကို
နောက်ချစ်သူနဲ့ ဖြတ်သန်းမယ့်
အနာဂတ်တွေ ထုပ်ပိုးနေတယ်။
ဘယ်လောက်တောင်
အဓိပ္ပာယ်မရှိလိုက်သလဲ။
ကျွန်မက
မောင့်ကို ချစ်ခဲ့တဲ့ မိန်းကလေး ။
သူကတော့
မောင် ချစ်နေတဲ့ မိန်းကလေး တဲ့ ။
အဲ့ဒိလို မတူခြားနားခြင်းနှစ်ခုကြား
ကျွန်မတို့ကို ခွဲထားတဲ့ နံရံမရှိဘူး။
တရားသူကြီးမရှိဘူး။
အမှန်တရားလည်း မရှိဘူး။
မောင်က လုံးဝ အရေးမပါဘူး ။
တစ်နေ့နေ့မှာ မောင် ပြန်လာရင်
ပြန်ပေးဖို့ သိမ်းထားခဲ့တဲ့ အတိတ်တွေ
ကျွန်မမှာရှိတယ် ။
မောင်ကသိပ်လွယ်တယ် ။
သစ္စာဖောက်ဖို့အတွက်
တံခါးဖွင့်စရာ မလိုခဲ့ဘူး။
ကျွန်မတို့ရဲ့ အိမ်မက်တွေကို
ပြတင်းပေါက်ကနေ ခုန်ချခိုင်းခဲ့ရုံပဲ။
ပြီးတော့
နောက်အိမ်တစ်လုံးဆီ
ဖိနပ်ချွတ်ဝင်သွားတယ်။
တစ်အိမ်လုံးကို ဖျက်ဆီးပြီးမှ
နောက်အိမ်ရဲ့ တံခါးကို
ညင်ညင်သာသာ ခေါက်တတ်တာ
ဘယ်လောက်ယဥ်ကျေးလိုက်ပါသလဲ ။
တစ်သီးပုဂ္ဂလ ဥပဒေအရ
တားမြစ်ချက် ၁ ။
သူတစ်ပါး တစ်ဘဝလုံးကို
ကိုယ့်အတ္တအတွက် ဖြတ်ညှပ်ကပ် မလုပ်ရ။
တားမြစ်ချက် ၂ ။
သစ္စာဖောက်သူတွေရဲ့ ပါးစပ်ကို
အဓိပ္ပာယ်ဖွင့်ခွင့် မပေးရ။
တားမြစ်ချက် ၃ ။
ကိုယ့်ကိုယ်ကိုယ် မချစ်တတ်တဲ့သူက
တခြားသူကို ချစ်တယ်လို့
ကျယ်ကျယ်လောင်လောင် မကြွေးကြော်ရ ။
မောင် ။
ကျွန်မ မောင့်ကို မုန်းတယ်လို့
မကြေညာလိုတော့ဘူး ။
မုန်းတီးခြင်းဆိုတာဟာလည်း
မောင့်နာမည်နဲ့ ခေါင်းစဉ်တပ်ထားရင်
ကျွန်မအတွက် အရေးပါနေဦးမှာပဲ။
တကယ်တမ်းကျ
မောင်က အရေးမှမပါတာပဲကွယ် ။
ကျွန်မလည်း
အကြောတင်းခြင်း
ကမ္ဘာတစ်ခုကို တည်ဆောက်မယ်။
အဲဒီကမ္ဘာမှာ
အတိတ်ဆိုးတွေ မရှိဘူး။
သီးသန့်ထားတဲ့ Ringtone သံကို
မျှော်လင့်ခွင့်မရှိဘူး ။
မှန်တွေဟာ မောင့်မျက်နှာကို မမှတ်မိဘူး။
အရောင်မှိန်နေတဲ့ last seen ကို
ခဏခဏ မကြည့်ဘူး ။
blacklist ထဲက ကိုယ့်ကိုယ်ကို
စိတ်ကူးနဲ့ ဘယ်တော့မှ မဆွဲထုတ်ဘူး ။
ညတွေဟာ မောင့်ဆီ စာမပို့ဘူး။
အနာဟောင်းတွေကို
ခဏခဏ မထိုးဆွဘူး ။
လိုသုံးဆိုတဲ့ အရာကိုခံယူခွင့်မပေးဘူး။
ကျွန်မဘဝမှာ မောင်ဟာ
အတိတ်ရဲ့သစ္စာဖောက်တစ်ယောက် ။
ပစ္စုပ္ပါန်ရဲ့ ကစဥ့်ကလျား လေရူး ။
အနာဂတ်အတွက်တော့
ပြန်ဖတ်ဖို့တောင် မထိုက်တန်တဲ့
စာလုံးပေါင်း အမှားတစ်ခုပဲ။
မောင်က အရေးမပါဘူး။
မောင်က တကယ်ကို အရေးမပါခဲ့ဘူး။
-နေရည်မင်းလွင်
အချစ်ဆိုတာ
အဓိပ္ပာယ်မရှိတဲ့ နာမ်တစ်ခုဖြစ်ကြောင်း
မောင်က သက်သေပြခဲ့တယ်။
မောင့်အတွက်တော့
ကျွန်မမျက်ရည်တွေဟာ
အသုံးမဝင်တဲ့ သယံဇာတ ။
ကျွန်မ သစ္စာတရားဟာ
အဖုံးမပါတဲ့ အမှိုက်ပုံး ။
ကျွန်မ ရင်ဘတ်ဟာ
မောင် ပြန်မလာတော့တဲ့အခါ
ဆွေးမြေ့သွားတဲ့ ထိုင်ခုံဟောင်းတစ်ခုပဲ ။
မောင်က အရေးမပါဘူး။
ပြောတုန်းကတော့
ကျွန်မတို့နှစ်ယောက်ကြားက
အရာရာဟာ
မောင့်အတွက် တန်ဖိုးဖြတ်မရပါဘူးတဲ့ ။
အခုတော့
ကျွန်မက
နေ့ရက်တိုင်းကို
မောင့်နာမည် ဝတ်ဆင်ထားရပြီး
မောင်ကတော့ နေ့ရက်တိုင်းကို
နောက်ချစ်သူနဲ့ ဖြတ်သန်းမယ့်
အနာဂတ်တွေ ထုပ်ပိုးနေတယ်။
ဘယ်လောက်တောင်
အဓိပ္ပာယ်မရှိလိုက်သလဲ။
ကျွန်မက
မောင့်ကို ချစ်ခဲ့တဲ့ မိန်းကလေး ။
သူကတော့
မောင် ချစ်နေတဲ့ မိန်းကလေး တဲ့ ။
အဲ့ဒိလို မတူခြားနားခြင်းနှစ်ခုကြား
ကျွန်မတို့ကို ခွဲထားတဲ့ နံရံမရှိဘူး။
တရားသူကြီးမရှိဘူး။
အမှန်တရားလည်း မရှိဘူး။
မောင်က လုံးဝ အရေးမပါဘူး ။
တစ်နေ့နေ့မှာ မောင် ပြန်လာရင်
ပြန်ပေးဖို့ သိမ်းထားခဲ့တဲ့ အတိတ်တွေ
ကျွန်မမှာရှိတယ် ။
မောင်ကသိပ်လွယ်တယ် ။
သစ္စာဖောက်ဖို့အတွက်
တံခါးဖွင့်စရာ မလိုခဲ့ဘူး။
ကျွန်မတို့ရဲ့ အိမ်မက်တွေကို
ပြတင်းပေါက်ကနေ ခုန်ချခိုင်းခဲ့ရုံပဲ။
ပြီးတော့
နောက်အိမ်တစ်လုံးဆီ
ဖိနပ်ချွတ်ဝင်သွားတယ်။
တစ်အိမ်လုံးကို ဖျက်ဆီးပြီးမှ
နောက်အိမ်ရဲ့ တံခါးကို
ညင်ညင်သာသာ ခေါက်တတ်တာ
ဘယ်လောက်ယဥ်ကျေးလိုက်ပါသလဲ ။
တစ်သီးပုဂ္ဂလ ဥပဒေအရ
တားမြစ်ချက် ၁ ။
သူတစ်ပါး တစ်ဘဝလုံးကို
ကိုယ့်အတ္တအတွက် ဖြတ်ညှပ်ကပ် မလုပ်ရ။
တားမြစ်ချက် ၂ ။
သစ္စာဖောက်သူတွေရဲ့ ပါးစပ်ကို
အဓိပ္ပာယ်ဖွင့်ခွင့် မပေးရ။
တားမြစ်ချက် ၃ ။
ကိုယ့်ကိုယ်ကိုယ် မချစ်တတ်တဲ့သူက
တခြားသူကို ချစ်တယ်လို့
ကျယ်ကျယ်လောင်လောင် မကြွေးကြော်ရ ။
မောင် ။
ကျွန်မ မောင့်ကို မုန်းတယ်လို့
မကြေညာလိုတော့ဘူး ။
မုန်းတီးခြင်းဆိုတာဟာလည်း
မောင့်နာမည်နဲ့ ခေါင်းစဉ်တပ်ထားရင်
ကျွန်မအတွက် အရေးပါနေဦးမှာပဲ။
တကယ်တမ်းကျ
မောင်က အရေးမှမပါတာပဲကွယ် ။
ကျွန်မလည်း
အကြောတင်းခြင်း
ကမ္ဘာတစ်ခုကို တည်ဆောက်မယ်။
အဲဒီကမ္ဘာမှာ
အတိတ်ဆိုးတွေ မရှိဘူး။
သီးသန့်ထားတဲ့ Ringtone သံကို
မျှော်လင့်ခွင့်မရှိဘူး ။
မှန်တွေဟာ မောင့်မျက်နှာကို မမှတ်မိဘူး။
အရောင်မှိန်နေတဲ့ last seen ကို
ခဏခဏ မကြည့်ဘူး ။
blacklist ထဲက ကိုယ့်ကိုယ်ကို
စိတ်ကူးနဲ့ ဘယ်တော့မှ မဆွဲထုတ်ဘူး ။
ညတွေဟာ မောင့်ဆီ စာမပို့ဘူး။
အနာဟောင်းတွေကို
ခဏခဏ မထိုးဆွဘူး ။
လိုသုံးဆိုတဲ့ အရာကိုခံယူခွင့်မပေးဘူး။
ကျွန်မဘဝမှာ မောင်ဟာ
အတိတ်ရဲ့သစ္စာဖောက်တစ်ယောက် ။
ပစ္စုပ္ပါန်ရဲ့ ကစဥ့်ကလျား လေရူး ။
အနာဂတ်အတွက်တော့
ပြန်ဖတ်ဖို့တောင် မထိုက်တန်တဲ့
စာလုံးပေါင်း အမှားတစ်ခုပဲ။
မောင်က အရေးမပါဘူး။
မောင်က တကယ်ကို အရေးမပါခဲ့ဘူး။
-နေရည်မင်းလွင်
❤2💔1😭1
"ဟင်နရီသို့ (၂၈) "
ဟင်နရီ .....
ကျွန်မကို
ဖြစ်နိုင်ခြေတစ်ခုလို့
သတ်မှတ်ထားပါသလား ။
တစ်ဝက်ပဲ ဖွင့်ထားတဲ့ တံခါးတွေ ။
အမည်မတပ်ရသေးတဲ့ ဆက်ဆံရေးတွေ။
မိုးမရွာဘဲ စိုစွတ်နေတဲ့ ရာသီဥတုတွေကို
ကျွန်မ မုန်းတယ်။
ရွေးချယ်ခြင်းဟာ
ရဲရင့်မှုတစ်ခုဆို
လက်လွှတ်ခြင်းဟာလည်း
တာဝန်ယူမှုတစ်မျိုးပါပဲ ဟင်နရီ။
ရှင်ဟာ ကျွန်မကို မပိုင်ဆိုင်ချင် ။
ပြီးတော့
မဆုံးရှုံးချင် ။
အဖြေမရှိတဲ့ မေးခွန်းတွေမှာ
ကျွန်မဟာ
နေရာလွတ်တွေထဲ
ခဏခဏလဲကျတယ် ။
အိပ်မက်တွေထဲ
ခဏခဏ ကျရှုံးတယ် ။
မသိစိတ်ရဲ့ ထိုးနှက်ချက်တွေထဲ
ခဏခဏ သေဆုံးတယ် ။
မသေချာမှုက အချစ် လား။
စောင့်ဆိုင်းခြင်းဟာ သစ္စာလား ။
ဘာမှန်းမသိပေမယ့်
ကျွန်မကို မရွေးချယ်နိုင်ရင်တော့
လွတ်လပ်ခွင့်ဆိုတာ
ပေးကိုပေးရမယ် ဟင်နရီ။
ကြားကာလဆိုတာ
စောင့်ဆိုင်းသက်ရှည်နေတဲ့
လူတစ်ယောက်ရဲ့ ဘဝမှ
ဖြစ်မလာသင့်တာပဲ ။
-နေရည်မင်းလွင်
👉 ဟင်နရီသို့စီးရီး 🫰🫰
ဟင်နရီ .....
ကျွန်မကို
ဖြစ်နိုင်ခြေတစ်ခုလို့
သတ်မှတ်ထားပါသလား ။
တစ်ဝက်ပဲ ဖွင့်ထားတဲ့ တံခါးတွေ ။
အမည်မတပ်ရသေးတဲ့ ဆက်ဆံရေးတွေ။
မိုးမရွာဘဲ စိုစွတ်နေတဲ့ ရာသီဥတုတွေကို
ကျွန်မ မုန်းတယ်။
ရွေးချယ်ခြင်းဟာ
ရဲရင့်မှုတစ်ခုဆို
လက်လွှတ်ခြင်းဟာလည်း
တာဝန်ယူမှုတစ်မျိုးပါပဲ ဟင်နရီ။
ရှင်ဟာ ကျွန်မကို မပိုင်ဆိုင်ချင် ။
ပြီးတော့
မဆုံးရှုံးချင် ။
အဖြေမရှိတဲ့ မေးခွန်းတွေမှာ
ကျွန်မဟာ
နေရာလွတ်တွေထဲ
ခဏခဏလဲကျတယ် ။
အိပ်မက်တွေထဲ
ခဏခဏ ကျရှုံးတယ် ။
မသိစိတ်ရဲ့ ထိုးနှက်ချက်တွေထဲ
ခဏခဏ သေဆုံးတယ် ။
မသေချာမှုက အချစ် လား။
စောင့်ဆိုင်းခြင်းဟာ သစ္စာလား ။
ဘာမှန်းမသိပေမယ့်
ကျွန်မကို မရွေးချယ်နိုင်ရင်တော့
လွတ်လပ်ခွင့်ဆိုတာ
ပေးကိုပေးရမယ် ဟင်နရီ။
ကြားကာလဆိုတာ
စောင့်ဆိုင်းသက်ရှည်နေတဲ့
လူတစ်ယောက်ရဲ့ ဘဝမှ
ဖြစ်မလာသင့်တာပဲ ။
-နေရည်မင်းလွင်
👉 ဟင်နရီသို့စီးရီး 🫰🫰
❤2🍓1 1 1
'' အလတ်ကောင် ''
----------------
ဘဝအလွှာကို
စိမ်ပြေနပြေ ခွာကြည့်တော့
ရိုးတွင်းချဥ်ဆီထဲက ချွေးစက်တွေကို
ထရံမှာချိတ်ဆွဲထားတဲ့
ဖုန်အလိမ်းလိမ်းတက် လွယ်အိတ်လေးဟာ
နေ့တိုင်း ငိုငိုပြတယ် ။
စာအံသံနဲ့ အစာအိမ်အော်ညည်းသံတွေ
လဲလှယ် လိုက်ရခြင်းမှာ
လူရာဝင်မှုတွေ
ဆယ်စုနှစ် ဘယ်နှခုစာ အရှုံးပေါ်မလဲ
ငါမသိချင်ခဲ့ ။
အဖေ့တာဝန်ကို ပခုံးထမ်းယူလိုက်တဲ့
ဒီကောင်
ကျေကျေနပ်နပ်
သမန်းဆီတက်နေတဲ့ ခြေသလုံးနဲ့
ပေတစ်ရာပေါ် ပစ်လျှောက်ရ
မေတ္တာလက်ဆုံထမင်းဝိုင်းမှာမှ
သောကမှန်သမျှ ရောချပစ်လိုက်ရ။
အမေ့မျက်ရည် အဖေ့ချွေးစက်
အိုးစားဘက်တွေရဲ့ အနာဂတ်အတွက်
ဦးနှောက်ထဲ မင်းမူသွားတဲ့
အသိတရားနဲ့
ဘယ်စစ်ပွဲကိုမဆို လက်ခမောင်းခတ်ပြမယ်။
အလတ်ကောင် ။
ကျောခင်းပေးထားတဲ့ ခေတ်ကူးတံတား ။
လူ့မျက်စောင်းများရဲ့ ဒိုင်းကာ ။
ပတ်ဝန်းကျင်လက်တံရှည်တွေအတွက် စူပါမန်း ။
မနာကျန်းမှုတွေရဲ့ ဘဏ်တိုက် ။
အရေးအခင်းများစွာအတွက်
အလုံပိတ်ခန်း ။
ခွဲရေးခန့်ရေးများရဲ့ ဘူမိ ။
အိမ်အိုကြီးရဲ့ သေနာပတိ ပေါ့ ။
-နေရည်မင်းလွင်
----------------
ဘဝအလွှာကို
စိမ်ပြေနပြေ ခွာကြည့်တော့
ရိုးတွင်းချဥ်ဆီထဲက ချွေးစက်တွေကို
ထရံမှာချိတ်ဆွဲထားတဲ့
ဖုန်အလိမ်းလိမ်းတက် လွယ်အိတ်လေးဟာ
နေ့တိုင်း ငိုငိုပြတယ် ။
စာအံသံနဲ့ အစာအိမ်အော်ညည်းသံတွေ
လဲလှယ် လိုက်ရခြင်းမှာ
လူရာဝင်မှုတွေ
ဆယ်စုနှစ် ဘယ်နှခုစာ အရှုံးပေါ်မလဲ
ငါမသိချင်ခဲ့ ။
အဖေ့တာဝန်ကို ပခုံးထမ်းယူလိုက်တဲ့
ဒီကောင်
ကျေကျေနပ်နပ်
သမန်းဆီတက်နေတဲ့ ခြေသလုံးနဲ့
ပေတစ်ရာပေါ် ပစ်လျှောက်ရ
မေတ္တာလက်ဆုံထမင်းဝိုင်းမှာမှ
သောကမှန်သမျှ ရောချပစ်လိုက်ရ။
အမေ့မျက်ရည် အဖေ့ချွေးစက်
အိုးစားဘက်တွေရဲ့ အနာဂတ်အတွက်
ဦးနှောက်ထဲ မင်းမူသွားတဲ့
အသိတရားနဲ့
ဘယ်စစ်ပွဲကိုမဆို လက်ခမောင်းခတ်ပြမယ်။
အလတ်ကောင် ။
ကျောခင်းပေးထားတဲ့ ခေတ်ကူးတံတား ။
လူ့မျက်စောင်းများရဲ့ ဒိုင်းကာ ။
ပတ်ဝန်းကျင်လက်တံရှည်တွေအတွက် စူပါမန်း ။
မနာကျန်းမှုတွေရဲ့ ဘဏ်တိုက် ။
အရေးအခင်းများစွာအတွက်
အလုံပိတ်ခန်း ။
ခွဲရေးခန့်ရေးများရဲ့ ဘူမိ ။
အိမ်အိုကြီးရဲ့ သေနာပတိ ပေါ့ ။
-နေရည်မင်းလွင်