The La Pyae
30K subscribers
1.69K photos
402 videos
5 files
880 links
Get the good Stuff related to

Tech 🤖
Mindset 🧠
And all the other things I love 💛

To follow up me on other social media
Please visit https://thelapyae.com
Download Telegram
ကျနော့်ရဲ့ second brain template ကို
အသုံးပြုနေသူ ၇၀၀၀ ကျော်ရှိသွားပါပြီ 🤩

တိတိကျကျပြောရရင်
လူပေါင်း ၇၁၈၁ ယောက်သုံးနေပါတယ်

နေ့စဉ်လုပ်ငန်းဆောင်တာတွေအပြင်
ကိုယ်လုပ်ရမယ့် project တွေ

ဘယ် Area တွေမှာ ကိုယ်ကအားသာတယ်
အားနဲတယ်ဆိုတာကို မြင်နေရတာမို့

Template ဆိုတာထက်
Dashboard လို့တောင်ပြောလို့ရတယ်

ခုချိန်ထိ second brain အကြောင်းမသိသေးရင်
ဒီမှာကြည့်ပါ → https://youtu.be/W5dhozRHd2o

Free သုံးကြည့်ချင်တယ်ဆိုရင်တော့ comment မှာ

second brain လို့ရေးထားလိုက်ပါ ကျနော်ပို့ပေးပါမယ်ဗျ

ဒုတိယ version အနေနဲ့
Second Brain 2.0 ကိုလဲ ကျနော်မကြာခင်မှာ
ဝယ်ယူနိုင်ဖို့ pre order စကောက်ပါမယ် 🫰🏻

Instagram နဲ့ FB Story မှာ
sneak peak အနေနဲ့
တင်ထားပေးပါတယ်ဗျ 🙏🏻

Have a productive day
@thelapyae

————————————
ကျနော် facebook မှာ automation ဖွင့်ထားပေးပါတယ် fb က ဘယ် post အောက်မှာမဆို #thelapyaesecondbrain လို့ရေးလိုက်ရင် inbox ထဲကို တန်းရောက်ပါတယ်
❤62👍10🥰1
မနာလိုစိတ်ဆိုတာ
စိတ်ကင်ဆာရောဂါတစ်မျိုးပဲ

မနာလိုစိတ်ပွားလာလေလေ
စိတ်ဆင်းရဲရလေလေပဲ

@thelapyae
❤64❤‍🔥4💯3👍2
Service industry ရဲ့Marketing နဲ့ Privacy

ဝန်ဆောင်မှုကိုပေးတဲ့ လုပ်ငန်းတွေ
သတိထားကြည့်တဲ့အခါ

Customer ကို marketing material အနေနဲ့
ပြန်ပြန်သုံးနေတာကိုတွေ့ရတယ်

( အားလုံးကိုမဆိုလိုပါ ရှင်းပြပါမယ် )

တချို့ကတော့ လိုလိုလားလားနဲ့ကို
သူတို့ပုံတွေယူသုံးတာကိုလက်ခံတယ်

တချို့က မကြိုက်ဘူးပြောရင်တောင်
Sticker အုပ်ပေးမယ် ဖျက်မပေးဘူးဆိုတာရှိတယ်

ဒီတော့ စီးပွားရေးလုပ်ငန်းတွေက
ကြည့်တဲ့အခါ ကိုယ်ဝန်ဆောင်မှုပေးတာကို

လူပိုသိစေဖို့ ကကြေညာရတယ်
ကြေညာတဲ့နေရာမှာ လူတွေယုံကြည်ဖို့က
တကယ့် customer အစစ်တွေဖြစ်မှရတယ်

အိုကေ အဲ့လိုတွေးတော့မှန်တယ်

Customer ဘက်က တစ်ဖက်ပြန်ကြည့်ရအောင်
တောင်းတဲ့ ပိုက်ဆံအပြည့်ပေးပြီး

ခရီးသွားတယ်၊ သင်တန်းတက်တယ်
ပစ္စည်းဝယ်တယ်၊ ဆိုင်မှာအားပေးတယ်

ဘာမပြောညာမပြော အသိမပေးပဲ
Live တွေလွှင့်ချ ပုံတွေရိုက်ပြီးတင်လုပ်ကြတယ်

Online class တွေဆိုလဲ camera တွေ
အတင်းဖွင့်ခိုင်းScreenshot တွေရိုက်ထားပြီး
ကြေညာထဲမှာပြန်တင်

Web cam ကရုပ်က မလှမပနဲ့ 😅

ခွင့်ပြုတယ်ကျေနပ်လို့တင်တယ်ဆိုရင်
အကြောင်းမဟုတ်ပေမယ့်

အရင်ဆုံး ethic အရ ခွင့်တောင်းသင့်တယ်
သူတို့ကြည်ဖြူလို့ပို့ပေးတာကိုသာ သုံးသင့်တယ်

သုံးခွင့်ပေးလို့ discount ရရင်လဲ
ပေးသုံးရတဲ့သူလဲ ဝမ်းသာရင် ဝမ်းသာမှာပေါ့ 😁

ဒီတော့ လုပ်ငန်းတွေအနေနဲ့လဲ
ခွင့်တောင်းသင့်သလို

Consumer တွေအနေနဲ့လဲ
ကိုယ်က သူများအတွက် free marketing material
ဖြစ်နေမလားဆိုတာလေ့လာကြည့်သင့်တယ်

ယူသုံးရင်လဲ discount တို့ benefit တို့ရသင့်တယ်
မပေးရင်လဲ တောင်းသင့်တယ်
(မြှောက်ပေးတာ 😁😁😁)

Privacy ကအရေးကြီးပါတယ်
နောက်ဆို identity thief တွေ
ဒီထက်ပိုများလာနိုင်တယ်

ဂရုစိုက်ပါမိတ်ဆွေ စေတနာများစွာဖြင့်
@thelapyae

( ကျနော့်ရဲ့ တကိုယ်ရည်သုံးသပ်ချက်မို့ မှားကောင်းလဲမှားနိုင်ပါတယ် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ် )
❤69👍8❤‍🔥7🔥4
လိုင်းကောင်းနေတော့
ဖုန်းပွတ်ရင်းအချိန်ဖြုန်းတယ်

လိုင်းမကောင်းတော့
လိုင်းကောင်အောင် ကြိုးစားရင်း
အချိန်ဖြုန်းတယ်

လိုင်းပြန်ရလာတဲ့အခါကျတော့
အရင်လိုဖုန်းပွတ်ရင်း အချိန်ပြန်ဖြုန်းတယ်

😅😅😅

Habit forming product တွေရဲ့
ဘေးထွက်ဆိုးကျိုးတွေပေါ့ဗျာ

@thelapyae
❤92👍26💯8😎7
အခုလက်ရှိအနေအထားကို မကြိုက်ရင်
ကိုယ်ကြိုက်တဲ့ ပုံစံကိုပြောင်းလဲပိုင်ခွင့်ရှိတယ်

၁၀ နှစ်လောက်ကနေခဲ့တဲ့
လမ်းတွေကလူတွေဘယ်လိုထင်မှာ

ကျောင်းတုန်းကသူငယ်ချင်းတွေက
ငါသာဒါလုပ်ရင် ဝိုင်းဟားမှာ

အမျိုးတွေက ဘာပြောမှာ
ဒီလိုဆင်ခြေတွေရှိပြီး ဘာမှမလုပ်ဖြစ်ရင်

သင်ကအတွေးလွန်နေတာပါ
မဖြစ်လာသေးတာကြိုတွေးပြီးတော့

ကိုယ့်ဘဝအတွက် ကောင်းကျိုးမပေးတဲ့သူတွေရဲ့
မပြောလာသေးတဲ့ စကားတွေကို ကြိုတင်ကြားယောင်
နေလို့မလုပ်ဖြစ်တာဆိုရင်

အဲ့ဒီအတွေးတွေရပ်သင့်ပြီ
ဘယ်သူမှသင်ထင်သလောက်အားမနေသလို

အားလို့ပြောနေရင်တောင်သင်က
ဂရုစိုက်ဖို့လိုမှမလိုတာ 😅

အရင်ပုံစံဟောင်းကြီးကနေရုန်းထွက်ဖို့
ဘယ်သူ့ခွင့်ပြုချက်မှမလိုဘူး

မှန်တယ်ထင်ရင် အကျိုးရှိတယ်ထင်ရင်
ဘယ်သူ့ကိုမှ မထိခိုက်မနစ်နာရင်

ဘေးလူစကားတွေနားမယောင်ပါနဲ့မိတ်ဆွေ
သူတို့အမြင်တွေထမ်းထားရတာလေးပါတယ်

လွှတ်ချခဲ့ပြီး ရှေ့ဆက်ပါ

စေတနာများစွာဖြင့်
@thelapyae
❤82👍18🔥9❤‍🔥8
🟨🟨🟨🟨🟨▫️▫️▫️▫️▫️▫️▫️
၅ လတော့ ကုန်သွားခဲ့ပြီ

ဘာမှသေချာမလုပ်ခဲ့မိသေးဘူးဆိုရင်
ဒီနေ့ကစရင်

တစ်လကို စာအုပ်တစ်အုပ်ဖတ်ရင်
နှစ်ကုန်ရင် ၇ အုပ်ပြီးနိုင်သေးတယ်

တစ်လကို ၁ ပေါင်ကျအောင်
လေ့ကျင့်ခန်းလုပ်ရင် diet လုပ်ရင်
နှစ်ကုန်ရင် ၇ ပေါင်ကျနိုင်သေးတယ်

၃ လကို ဘာသားစကား test တစ်ခု
ရအောင်ဖြေမယ်ဆို level 2 ခုတက်နိုင်သေးတယ်

It’s not too late to start 🙌🏻

@thelapyae

( ပုံကတော့ ကျနော်အသစ်လုပ်နေတဲ့
Notion Widget လေးပါ 🫰🏻)
❤151👍17🔥11💯7
Dyson ဖုန်စုပ်စက် ဖန်တီးဖို့
Prototype ပေါင်း ၅၁၂၇ ခု လုပ်ခဲ့ရတယ်

မီးသီးဖန်တီးဖို့ Edison က
ပုံစံ ၇၀၀ လောက်ဖန်တီးခဲ့ရတယ်

ပန်းချီဆရာ Monet က သူ့ရဲ့
Water lilies နဲ့နာမည်မကြီးခင်

နှစ် ၃၀ လောက် တောက်လျောက်
ပန်းချီတွေဆွဲလာခဲ့ရတယ်

အဆင်မပြေတာလေး
၁ ခု နှစ်ခုလောက်နဲ့

အလုပ်မဖြစ်ဘူးဆိုပြီး
ရပ်လိုက်လို့မရဘူး

အကြီးကြီးအောင်မြင်ချင်ရင်
အမှားခံနိုင်ရတယ်
အမှားထဲက သင်ခန်းစာယူပြီး

အမှန်ရှိရာကို ခြေတစ်လှမ်းဖြစ်ဖြစ်
ပို နီိးစပ်အောင်လုပ်ယူရတယ်

ဒီလိုလူတွေသာအကြီးကြီး
အောင်မြင်နိုင်တယ်မိတ်ဆွေ

@thelapyae
💯53❤42👍15❤‍🔥5
ကောက်ရိုးမီးဖြစ်နေတာ
အားနဲချက်မဟုတ်ဘူး

ကောက်ရိုးနဲနေတာ အားနဲချက်

လုပ်မယ်ဆိုတာတွေကို
ခဏလေးပဲလုပ်ဖြစ်တာကို
ကောက်ရိုးမီးလို့ပြောရင်

လုပ်ချင်စိတ်က ကောက်ရိုးပဲ
လုံလောက်တဲ့ ကောက်ရိုးသာရှိနေပါစေ

မီးကုန်သွားရင် နောက်ထပ်ကောက်ရိုးသာထည့်
အချိန်တန်ရင် ခင်ဗျားချက်မဲ့ဟင်းက ရမှာပဲ 😎

@thelapyae
❤137👍26❤‍🔥10💯7
နေ့စဉ်ငါသေဖို့နီးလာတယ်လို့တွေးဖြစ်တယ်
သေမယ်လိုလဲယုံကြည်ထားတယ်

သေမယ်ဆိုတာယုံရင်
အချိန်ဖြုန်းမှာမဟုတ်တော့ဘူး

သေတော့သေမယ် အချိန်ရသေးတယ်
အေးဆေးဆိုတဲ့သူတွေကတော့

ကြိုးစားဖြစ်မယ်မထင်ဘူးဗျ
သူတို့မှာ မကုန်ဆုံးနိုင်တဲ့ မနက်ဖြန်တွေအပြည့်ရှိတယ်

@thelapyae
❤59💯32👍11🔥8
ကိုယ့်လုပ်ငန်းအတွက် content
တွေကို Ai နဲ့ လုပ်ချင်တယ်ဆိုရင်

💛 Ideas ထုတ်ဖို့အတွက်

- Claude - https://claude.ai
- ChatGPT - https://chatgpt.com
- Bing Chat - https://www.bing.com/chat
- Perplexity - https://www.perplexity.ai
- Betterresearch - https://betterresearch.com

💛 Image generation အတွက်

- Adobe Firefly - https://www.adobe.com/products/firefly.html

- Bing create - https://www.bing.com/images/create

💛 Design အတွက်

- Canva - https://www.canva.com/ai-image-generator/
- Clipdrop - https://clipdrop.co

@thelapyae
#ai
❤44❤‍🔥7👍2
ဒီခေတ်ထဲမှာ အသေးစား
ကိုယ်ပိုင်လုပ်ငန်း စရတာလွယ်မှလွယ်ပဲ

🟨 Step 1
ကိုယ်ရောင်းမယ့် product or
service ထုတ်ရောင်းဖို့အတွက် ကိုယ့်မှာ
Resource တွေ ပညာတွေရှိပြ်ီလား အရင်စစ်

🟨 Step 2
ဈေးကွက်ထဲမှာ ကိုယ့်ရဲ့ product or service ကိုရောင်းနေတဲ့သူတွေလိုက်ရှာ ဈေးဘယ်လောက်နဲ့ရောင်းလဲ ဘာ quality ရှိလဲ လေ့လာ

🟨 Step 3
ကိုယ်က quality ကောင်းပြီးဈေးကြီးကြီးနဲ့ရောင်းမှာလား ? Quality တူတူ ဈေးတူတူရောင်းမှာလား ? Quality ကောင်းပြိး ဈေးနဲအောင်လုပ်မှာလား ? ဆိုတာဆုံးဖြတ်

🟨 Step 4
Delivery method ရွေး။ payment system တွေအတွက် bank account တွေဖွင့် ။ coaching တို့ consulting တို့ဆိုရင် zoom လား google meet လား telegram လား ဘာသုံးမှာလဲရွေး။

🟨 Step 5
နာမည်တစ်ခုဖန်တီး တံဆိပ်တစ်ခုဖန်တီး
ပြီးရင် page တစ်ခုထောင် တစ်ရက်ကို ကိုယ့် product or service နဲ့ဆိုင်တာ ၁ နာရီခြားတစ်ခါ တင်
တစ်ရက်ကို အားလုံးပေါင်း ၅ ခုကနေ ၁၀ ခုခြားရှိအောင်တင်

🟨 Step 6
Frist Customer ကနေ ပထမဆုံး အယောက် ၂၀ ရလာတဲ့အခါ feedback ရအောင်ယူ ခက်ခဲနေတာတွေကို အဆင်မပြေတာတွေရှိရင်ပိုကောင်းလာအောင်လုပ်

🟨 Step 7
လုပ်ငန်းကြီးလာတာနဲ့အမျှ ဝင်ငွေရလာတာနဲ့အမျှ တရားဝင်လုပ်ငန်းဖြစ်အောင် company ကို register လုပ်။ company bank account ဖွင့် ။ ဝင်ငွေထွက်ငွေ စာရင်းကို တင်ပြပြီး SME lone လျှောက်။ လုပ်ငန်းကိုတိုးချဲ့ ။

🟨 Step 8
ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ကိုယ်မပါပဲ ဝန်းထမ်း or automation system တွေနဲ့ လွှတ်ထားလို့တဲ့အထိ setup လုပ်

🟨 Step 9
Cash flow ကိုသေချာသိအောင်လုပ်ပြီး လုပ်ငန်းရှင်အနေနဲ့ ဝန်ထမ်း ဖြုတ်တာ ခန့်တာ (hiring and firing ) လုပ်

🟨 Step 10
အားလပ်ချိန်ရလာတာနဲ့အမျှ Skill ဖြည့် နောက် level တစ်ခုရောက်အောင်တက်လှမ်း

စေတနာများစွာဖြင့်
@thelapyae
❤88👍13💯4🔥3
Impact ဖြစ်တဲ့ အရာတွေလုပ်ဖို့
Popular ဖြစ်ဖို့ မလိုဘူးလို့ယူဆတယ်
ဒါကြောင့် မျက်နှာမပြဘူး

တင့်စားပြောရရင်
ခေတ်သစ် digital ငတက်ပြားလိုပဲ

Information Rich ဖြစ်တဲ့သူတွေစီက
knowledge တွေယူပြီး

Time poor ( အချိန်မရှိတဲ့ ) သူတွေအတွက်
အလကား knowledge တွေဝေပါတယ်

ရှိတဲ့ knowledge, skill နဲ့ power တွေကို
အားလပ်ချိန်မှာ လူအများအတွက်
Contribution လုပ်တယ်

လူပီသတဲ့လူပဲဖြစ်ချင်တယ်
နာမည်ကြီးဖို့မလို

@thelapyae
❤93👍11🥰3💯3
အဆင်မပြေတဲ့သူတွေစုနေတဲ့နေရာမှာ
တစ်ယောက်ကမတ်တတ်ရပ်ပြီးမေးလိုက်တယ်

ဒီမယ် လူကြီးမင်းတို့ ချမ်းသာတဲ့သူတွေကို
မုန်းတီးသလား ? လို့မေးလိုက်တယ်

အားလုံးက လက်သီးလက်မောင်းတန်းပြီး
မုန်းပါတယ် မုန်းပါတယ်လို့အော်ကြတယ်

နောက်မေးခွန်းနေနဲ့ မေးမယ်

ဒီမယ်လူကြီးမင်းတို့ ခင်ဗျားတို့
ချမ်းသာတဲ့သူဖြစ်ချင်လား ? လို့မေးလိုက်တယ်

အားလုံးကလက်သီးလက်မောင်းတန်းပြီး
ဖြစ်ချင်ပါတယ် ဖြစ်ချင်ပါတယ်လို့အော်တယ်

အဲ့ဒါပါပဲမိတ်ဆွေ မနာလိုစိတ်ဆိုတာ
ကိုယ်မဖြစ်ရလို့သူများကိုမုန်းတာ

ကိုယ်သာဖြစ်ရမယ်ဆိုဖြစ်ချင်ကြသား 😁

@thelapyae
❤74👍28💯8🔥6
The La Pyae
အဆင်မပြေတဲ့သူတွေစုနေတဲ့နေရာမှာ တစ်ယောက်ကမတ်တတ်ရပ်ပြီးမေးလိုက်တယ် ဒီမယ် လူကြီးမင်းတို့ ချမ်းသာတဲ့သူတွေကို မုန်းတီးသလား ? လို့မေးလိုက်တယ် အားလုံးက လက်သီးလက်မောင်းတန်းပြီး မုန်းပါတယ် မုန်းပါတယ်လို့အော်ကြတယ် နောက်မေးခွန်းနေနဲ့ မေးမယ် ဒီမယ်လူကြီးမင်းတို့…
Video version နဲ့ ကြည့်ချင်ရင် ဒီမှာကြည့်လို့ရပါတယ် 🙏🏻

https://vm.tiktok.com/ZGeVQ3h4s/
❤‍🔥11❤4👍3
Ooredoo mobile data က
Instagram ရော twitter ရော thread ရော ဘာ VPN မှ မလိုဘူး 😅

ဘာလို့ FB လေးပဲကွက်မရတာလဲမသိ
အကုန်ဖွင့်ပေးလိုက်တာမဟုတ်ဘူး 😅

@thelapyae
🤔31🤩3❤1
ကိုယ်စီမှာအားသာချက်တွေဆိုတာရှိတယ်
ကိုယ့်အားသာချက်နဲ့ ကိုက်တဲ့ game မှာဆော့မှနိုင်တယ်

ဗွက်ပေတာမကြိုက်ဘူး အရပ်က ၆ ပေရှည်တယ်
ဘောလုံးသမားလုပ်ရင် goal ပဲဖမ်းလို့ရတယ်

အဲ့တော့ Basketball သမားလုပ်တယ်
နှစ်တိုင်း ရွှေတံဆိပ်ဆုရတယ်

ဘဝမှာလဲ ထိုနည်းတူပဲ ကိုယ့်ရဲ့ ပင်ကိုယ်
ဘာစွမ်းရည်တွေရှိလဲကြည့် ကိုက်တဲ့ career ကိုရွေးတယ်
မြန်မြန်ရှေ့ရောက်တယ်

လိပ်က အပြေးတော့မသန်ပေမယ့်
Self protection ရော ရေးကူပါရတယ်

ကိုယ့်ရဲ့မွေးရာပါအားသာချက်တွေကိုရှာ
နိုင်မယ့်game တွေမှာ skill development လုပ်ပြီပြိုင်ဗျ

Game မှာလို ကျနော်တို့က အပြင်ထွက်ပြီး
character ပြန်ရွေးလို့မရဘူး

ရှိတာနဲ့နိုင်အောင်ကစားရမှာပဲ

@thelapyae
❤75👍16🔥10💯5
ကိုယ်ဘာလုပ်နေလဲ သေချာသိရင်

ကိုယ်လုပ်နေတဲ့ အရာကနေ
ဘာလိုချင်လဲ သေချာသိရင်

ကိုယ်လုပ်နေတဲ့အရာက
ဘယ်ကိုပို့ဆောင်ပေးနေတယ်ဆိုတာ
သေချာသိရင်

ဘာ Motivation မှ
သူများကပေးစရာမလိုဘူး

@thelapyae
👍44❤20🔥10🎉5
ChatGPT ကို train တာ
ဘယ်လောက်ကုန်လဲသိသွားရင်

တစ်လကို $20 ပေးရတာ
မများတော့ဘူး 😅

လာမယ့် GPT5 ကို train တဲ့ cost က
1.2 billion dollar တောင်ဆိုတော့

$20 ထက်တောင်
ဈေးတက်ဦးမယ်ထင်တယ် 😅

မြန်မာငွေဈေးနဲ့ဆိုရင်
လူတော်တော်များများအတွက်က
ပေးသုံးဖို့များတယ်လို့ဖြစ်နေလိမ့်မယ်

USD နဲ့ရမှ ဗမာလိုသုံးရတာပျော်ဖို့ကောင်းတာ
ဗမာလိုရပြီး USD ပြန်သုံးဆို ငရဲပဲ 😅

သက်သက်သာသာ API နဲ့သာသုံးပါ
@thelapyae
👍21❤6
ကိုယ့်အားကိုယ်ကိုးပြီး
ကိုယ်လိုချင်တာကို
ရအောင်လုပ်ရတာ လူ့ဘဝပါပဲ

ဗုဒ္ဓကလဲ ပြောခဲ့တယ်
အတ္တာဟိ အတ္တနောနာထော
(Rely on yourself) တဲ့ဗျ

သူများအားကိုးနေလို့မရဘူး
ဖြစ်ချင်တာကိုသိအောင်ရှာ

သိရင်ရအောင်လုပ်
အားလုံးကကိုယ့်ပေါ်မှာပဲ
မူတည်တယ်လို့မှတ်

@thelapyae
❤82👍9🔥5💯5
ကိုယ့်အတွက် အဓိပ္ပာယ်မရှိတဲ့
အရာတွေ ဆိုရင်အပင်ပန်းခံနိုင်ဖို့ကခက်တယ်

ကိုယ်ဘာကြောင့်
ဒီအလုပ်ကိုလုပ်နေရတယ်

ဘာလို့ကြိုးစားနေရတယ်ဆိုတဲ့
အကြောင်းပြချက်က ခိုင်လုံနေရင်တော့

ဘယ်လောက်ပဲပင်ပန်းပါစေလုပ်နိုင်တယ်

ဥပမာ -

မိသားစုတစ်ခုလုံးရဲ့
စားဝတ်နေရေးက

ကိုယ့်လုပ်နေတဲ့အလုပ်ပေါ်မှာ
အများကြီးမူတည်နေတယ်ဆိုရင်

ဘယ်လောက်ပင်ပန်းပါစေ
ရအောင်လုပ်မယ်ထင်ပါတယ်

@thelapyae
❤60👍13🥰3🔥1
Notion home page အကြောင်း
Video လေးရပါပြီ 🚀🚀🚀

ဒီမှာကြည့်ပါခင်ဗျာ
https://youtu.be/aMnW-NSan88

Notion က product development မှာ
ဆရာတစ်ဆူလို့ပြောလို့ရတယ်

user တွေဘာသုံးချင်တယ်
လိုချင်တယ်ဆိုတာနားထောင်တယ်

ပြီးရင် အကောင်းဆုံးဖန်တီးပေးတယ်
အခု ဒီ feature ကလဲ တောင်းဆိုမှုတွေကနေ
ပေါက်ဖွားလာတာမို့ဝမ်းသာတယ်

Notion ကို life management system
အနေနဲ့သုံးလို့ရတယ်

ဒီလိုသုံးဖို့ system တွေ
design တွေလုပ်ကြတယ်

ကျနော် ကိုယ်တိုင်လဲ second brain system
တည်ဆောက်ပြီးသုံးတယ်

ကိုယ့်ရဲ့နေ့စဉ်ဘဝကို management လုပ်တယ်

မကြာခင်မှာကျနော့်ရဲ့ Second Brain 2.0 ကို
ရောင်းချပေးသွားပါမယ်

ပထမဆုံး အယောက် ၅၀ အတွက်
အထူးအခွင့်အရေးရှိတာမို့

Preorder စနစ်နဲ့ လက်ခံပါမယ်
ငွေကြိုချေထားတဲ့သူကိုပဲ စာရင်းမှတ်ပါမယ်

လက်မလွတ်သွားဖို့ ကျနော့်ရဲ့
Telegram ကို join ထားပေးပါဗျ

https://t.me/thelapyae_official

@thelapyae
❤16👍2🔥2