The La Pyae
26.6K subscribers
1.19K photos
260 videos
4 files
543 links
Get the good Stuff related to

Tech 🤖
Mindset 🧠
And all the other things I love 💛

To follow up me on other social media
Please visit https://thelapyae.com
Download Telegram
လူတွေနဲ့ ထိတွေ့ဆက်ဆံမှုနဲရင်
လူကြောက်တဲ့သူဖြစ်လာတယ်

နည်းပညာနဲ့ ထိတွေဆက်ဆံမှုနဲရင်
နည်းပညာကြောက်သူဖြစ်လာတယ်

စာနဲ့ထိတွေ့ဆက်ဆံမှုနဲရင်
စာကြောက်တဲ့သူဖြစ်လာတယ်

အတွေးအခေါ်စဉ်းစားမှုနဲရင်
တွေးခေါ်ရမှာကြောက်လာတယ်

ပိုက်ဆံနဲ့ ထိတွေ့ဆက်ဆံမှုနဲရင်
ငွေကိုင်ရမှာကြောက်လာတယ်

လူတွေက ကိုယ်သေချာမသိရင်
ကြောက်ကြတာကြီးပါပဲ

အကြောက်တရားကိုကျော်လွန်ဖို့က
ဘာကြောင့်ဖြစ်နေရလဲဆိုတာကို
သိအောင်ရှာပြီးပြေးတွေးလိုက်ဖို့ပဲရှိတယ်

@thelapyae
IDGAF ဆိုတာ ပါးစပ်ကနေ
လိုက်ပြောနေရတဲ့ အရာမဟုတ်ဘူးဗျ

စိတ်အတွင်းထဲမှာထားရမယ့် mentality

ဂရုမစိုက်ဘူးအော်နေပေမယ့်
လိုက်ခံစားနေရင် ဘာမှ မထူးဘူး

စကားနာထိုးခံရလို့ နာနေရင်

အရင်ဆုံးဘာကြောင့် ဒီလူက
ဒီစကားပြောတာ ဒီလုပ်ရပ်လုပ်တာကို
ငါခံစားနေရလဲအရင်သိအောင်လုပ်ပါ

အနာရှိလို့နာတာပါ မနာတတ်ဖို့က
အနာကိုအရင်ကုဖို့လိုပါတယ် 🫰🏻

@thelapyae
May လအတွက် Event တွေထဲမှာ
ကိုယ့်အတွက် အသုံးတည့်မယ့်

Custom Ai တည်ဆောက်နည်းပါ
ထည့်ပေးထားတယ်

ခေတ်နောက်ကျမကျန်ခဲ့အောင်လို့ 🫶🏻

See ya tomorrow 🚀

https://t.me/moonbasehq/233
ကလေးတစ်ယောက်ရဲ့ ကျောင်းစရိတ်ကို
စုံစမ်းကြည့်တဲ့အခါ အံအြသွားတယ်

တခြားကြောင့်မဟုတ်ဘူး
ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက်
အရေးကြီးတဲ့ ပညာရေးမို့ဒီလောက်
Invest လုပ်သင့်တယ်ဆိုရင်

ငွေရှာနေတဲ့ လူကြီးအတွက်ရော
ဘာလို့အဲ့လောက် invest
မလုပ်ကြလဲတွေးမိသွားလို့

၁၀ တန်းအောင် ဘွဲရပြီးရင်
ပညာရေးကဆုံးခန်းတိုင်တယ်ထင်ပြီး
ရထားတဲ့ ဘွဲနဲ့ တစ်သက်လုံး
လုပ်စားဖို့တွေးကြတယ်

တကယ်တော့ အဲ့ခေတ်က ကုန်ခဲ့တာကြာပြီ

The more you learn ,
the more you earn ဆိုတဲ့အတိုင်းပဲ

ကျောင်းပြီးသွားလဲ ဆက်ပြီးသင်ယူနေမှ
ဝင်ငွေကပိုတိုးလာနိုင်တယ်

ဒါကြောင့်ကိုယ့်ကိုယ်ကို သင်ယူမှုရော
ကိုယ့်ထက်တော်တဲ့သူတွေစီကသင်ယူမှုကိုရော
ဘယ်တော့မှမရပ်ပါနဲ့ မိတ်ဆွေ

ကလေးကျူရှင်ခလောက်တော့
ကိုယ့်ကိုယ်ကို အတွက်လဲ တိုးတက်စေတဲ့
နေရာတွေမှာ အသုံးပြုပါ 🫰🏻

@thelapyae
လူတွေကိုလေ့လာမယ်ဆိုရင်
အဆင်ပြေတဲ့အချိန်ဘာလုပ်သလဲ
ဆိုတာကိုကြည့်ပြီး ဆုံးဖြတ်တာထက်

အဆင်မပြေတဲ့ အချိန် ဘာလုပ်သလဲ
ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲဆိုတာကိုကြည့်

ပြဿနာဆိုတာ personality ကို
စစ်ဆေးတဲ့ မှတ်ကျောက်ပဲ

@thelapyae
သူကောင်းမှ ကိုယ်ကောင်းမယ်ဆိုတာထက်
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကတော့ ကောင်းနိုင်ဖို့ကြိုးစားပါ

မကောင်းတာများရင် မရှောင်ခင်
သိသွားအောင် ပွင့်ပွင့်လင်းလင်းပြောပါ

တချို့ကသူတို့လုပ်မိနေမှန်းမသိကြရှာဘူး

@thelapyae
Morning ပါ MoonBase Membership ဝင်ထားသူများအားလုံးကို

Group link များပို့ပြီးပါပြီ 🙏🏻

ဒီနေ့ည ၉ နာရီမှာ

ဘဝကို စမ်းသပ်မှုသေးသေးလေးတွေလုပ်ရင်း scientific ကျကျ ဘယ်လိုဖြတ်သန်းမလဲဆိုတဲ့ topic လေးနဲ့ စတင်မှာဖြစ်ပါတယ်

See you at MoonBase 🚀
https://moonbase.ltd

@thelapyae
Mental ဘယ်လောက်ပဲ strong ပါစေ
Physical limitations တွေရှိလာရင်ဘာမှလုပ်မရဘူး

ခုတော့ Amaterasu ကို Mangekyō Sharingan
နဲ့သုံးထားသလို ဘယ်ဘက်မျက်စိက limit ထိနေလို့
(Only legends will know)

Screen-time လျော့တဲ့ အနေနဲ့ post တွေ
အရင်ထက်နဲနဲတော့လျော့ပါမယ် 🙏🏻

@thelapyae
ဆေးသောက်တာတောင်
မပျောက်တဲ့မျက်စိအောင့်တာက

သူမ အာဘွားနဲ့ကျသက်သာသွားတယ်

ဒီလိုမှန်းသိရင် .....

၉၆ ပါးရောဂါမဖြစ်ရအောင်
နေ့စဉ် ၉၆ ခါလောက် အာဘွားပေးခိုင်းပါတယ် 🤪

@thelapyae
လူတစ်ယောက်က ၆ လဆို
သိသိသာသာပြောင်းလဲနိုင်တယ်

- goal တစ်ခုသတ်မှတ်
- တစ်ရက်ကို မိနစ် ၃၀ အချိန်ပေး
- တစ်လကို မိနစ် ၉၀၀ ရှိတယ်
- ၆ လဆိုရင် မိနစ် ၅၄၀၀ ရှိတယ်

မိနစ် ၅၄၀၀ focus work က
လူကိုအများကြီးပြောင်းလဲသွားစေနိုင်တယ် 💪🏻

@thelapyae
အမေပေးထားတဲ့
သွားတစ်ချောင်းရဲ့ တန်ဖိုးကို
သွားဆေးခန်းသွားမှသေချာသိတယ်

၃၂ ချောင်းဆို ကားတောင်ဝယ်စီးလို့ရတယ် 😆

@thelapyae
အခုလက်ရှိနေရာကိုရောက်စေတဲ့
Knowledge နဲ့ skill က

နောက် level ကိုတက်ဖို့
ဘယ်နည်းနဲ့မှ မလုံလောက်ဘူး

လိုအပ်တဲ့ skill , ပညာ ကိုသင်ယူပြီး
တွေးခေါ်ပုံ၊ ဖြေရှင်းနည်းပြောင်းလဲမှ

ဒီထပ်ပိုကောင်းတဲ့နေရာကို
ရောက်နိုင်တယ် မိတ်ဆွေ

ပညာသင်တယ်ဆိုတာ ပြောင်းလဲဖို့ပဲ

ပြောင်းလဲနိုင်မှလဲ
တိုးတက်မှုကိုမြင်ရမယ် 🤘🏻

@thelapyae
ဒီနေ့ မြန်မာနိုင်ငံရဲ့
အမျိုးသမီး rapper တစ်ယောက်နဲ့
၂ နာရီနီးပါး podcast record လုပ်ထားပါတယ်

Record က ၂ နာရီ
Upload လုပ်တာက ၅ နာရီ 😬

မကြာမှီလာမည် 😬

@thelapyae
လူတွေရဲ့ ခေါ်င်းထဲမှာ
ကိုယ့်ကို မှတ်မိနေတဲ့ ပုံစံမျိုးစုံရှိတာ
သိပ်အံ့ဩဖို့ကောင်းတယ်

အဲ့ဒါကို လိုက်ပြီးပြင်ချင်နေတာက
ပိုအံ့အြဖို့ကောင်းတယ်

@thelapyae
လူငယ်တွေဆိုတာ အရောင်ကူးလွယ်တဲ့
အဖြူရောင်အဝတ်လိုပဲ

နီးနီးကပ်ကပ်ထားမိတဲ့ အရောင်တွေက
သူတို့စီကပ်ပါလာလေ့ရှိတယ်

ဒါကြောင့် အလေ့အကျင့်ကောင်း
မိတ်ဆွေကောင်း ဥပမာကောင်းတွေရနိုင်တဲ့
ပတ်ဝန်းကျင်ကောင်းမှာထားပေးဖို့လိုတယ်

@thelapyae
နောက်မှပျော်ဖို့ အခုလက်ရှိကို
စတေးတာထက်စာရင်

စတေးရတာကို ပျော်နေလိုက်တာ
ရလဒ်ရရင်ရော လုပ်နေရတာကိုရော
ပျော်တတ်လာလိမ့်မည်

@thelapyae
ကောင်းကောင်း စဉ်းစားတွေးခေါ်နိုင်ချင်ရင်
ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားလုပ်ဖို့လိုတယ်

ကောင်းကောင်းအလုပ်လုပ်နိုင်ချင်ရင်
အတွေးမလွန်ဖို့ ထိန်းချုပ်နိုင်ဖို့လိုတယ်

ခန္ဓာကိုယ်ရော စိတ်ရောကျန်းမာရင်
Performance ကောင်းဖို့ဆိုတာလွယ်တယ်

Take care of yourself

@thelapyae
ငယ်ငယ်တုန်းကတော့ကလေးအတွေးနဲ့
တိမ်တွေကိုခွစီးချင်တယ်လို့တွေးဖူးတယ်

ခုတော့လဲ ဘာမှမထူးဆန်းတော့သလိုပဲ

ဒီလိုပဲ စိတ်ကူးနဲ့ရူးရရင်
ဘဝကြီးကသာယာတတ်တဲ့သဘောမှာရှိသကိုး

တကယ့်အစစ်အမှန်တွေသိလာရင်
သိပ်တော့ရင်ခုန်စရာမကောင်းတော့ဘူး 😁

@thelapyae
ဘဝမှာ ဘာအတွက် အပင်ပန်းခံမလဲလို့
ရွေးချယ်တတ်ဖို့လိုတယ်

ကိုယ့်အတွက် ကိုယ်အပင်ပန်းခံမလား
သူများအတွက်အပင်ပန်းခံမလား

ကိုယ်ကြိုက်တာတွေကိုယ်လုပ်ရင်း
အပင်ပန်းခံမလား မကြိုက်တာတွေလုပ်ရင်း
အပင်ပန်းခံမလား

အကျိုးရှိတာတွေလုပ်ရင်း အပင်ပန်းခံမလား
အကျိုးမရှိတာတွေလုပ်ရင်း အပင်ပန်းခံမလား

Status တစ်ခုအတွက် အပင်ပန်းခံမလား
Impact တစ်ခုအတွက် အပင်ပန်းခံမလား

အတ္တဟိတအတွက် အပင်ပန်းခံမလား
ပရဟိတအတွက် အပင်ပန်းခံမလား

ရွေးချယ်မှုပေါ်မူတည်ပြီး
ရလဒ်တွေကွာသွားကြတာပါပဲ

@thelapyae
ကိုယ့်ရဲ့ daily progress တွေကို
မှတ်တမ်းတင်ထားနိုင်ရင်

ကျနော်တို့မှာ ကိုယ်ပိုင် data တွေရှိလာမယ်

အဲ့ data တွေကိုကြည့်ပြီး
ကိုယ်ဘယ်ကို ဦးတည်နေတယ်ဆိုတာ
လေ့လာလို့ရတယ်

ကိုယ်အခု ဘယ်အရာတွေပေါ်မှာ
အချိန်ကို အများကြီးသုံးနေသလဲဆိုတာ
လေ့လာကြည့်ပါ

အခုလက်ရှိပေါင်းနေတဲ့သူ
ကြည့်နေတဲ့အရာတွေ
ဖတ်နေတဲ့ စာတွေက

သင့်အနာဂါတ်ကို ဆောက်လုပ်နေတဲ့
အုတ်ခဲတွေနဲ့တူတာမို့

မကောင်းတဲ့ quality မပြည့်တဲ့
အုတ်ခဲတွေဆိုရင်

ကြိုတင်ဖယ်ရှားထားပါ မိတ်ဆွေ

@thelapyae