The Knowledge Hub by Yu Thet
1.61K subscribers
1.83K photos
571 videos
981 links
Class များအတွက် စုံစမ်းရန်
https://t.me/yuthet_ytc

Trading Service များအတွက် စုံစမ်းရန်
https://t.me/TST_Official_26
Download Telegram
"ဒီနှစ်မကုန်ခင် အမြတ်ဘယ်​လောက်ရရမယ်ဆိုတဲ့ ဖိအားထက် … ကျွန်မတို့ရဲ့ Account နဲ့ စိတ်ဓာတ် မကုန်ခမ်းသွားဘဲ ကျန်ခဲ့ဖို့က ပိုအရေးကြီးပါတယ်"

​Trading စ,လုပ်ခါစက "ဒီနှစ်ကုန်ရင်တော့ ငါ့ Account က ဘယ်​လောက် ဖြစ်​နေရမယ်၊ ငါ့ဘဝ ဘယ်လို ပြောင်း​နေရမယ်" ဆိုပြီး ... ရက်စွဲတွေနဲ့ အိပ်မက်ကြီးကြီးမက်ခဲ့ဖူးတယ် မဟုတ်လား ?
​
ဒါပေမဲ့ လပေါင်းများစွာ ကြိုးစားပြီးတဲ့အခါ ... Market က ကျွန်မတို့ရဲ့ အစီအစဉ်အတိုင်း သွားမပေးပါဘူး။

အရာရာဟာ ကျွန်မတို့ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ... "ငါ သတ်မှတ်ထားတဲ့ အချိန်မီဖို့" ဆိုတဲ့ ဖိအားနံရံကြီးက ... ကျွန်မတို့ကို စည်းကမ်းမဲ့​စေတော့တာပါပဲ။

​တကယ်တော့ Trading ဆိုတာ ပြိုင်ပွဲ မဟုတ်ပါဘူး၊ အချိန်ကန့်သတ်ချက်ပါတဲ့ စာ​မေးပွဲ (Exam) လည်း မဟုတ်ပါဘူး။

​သတ်မှတ်ထားတဲ့ အချိန်အတွင်း အမြတ် ဘယ်လောက်ရလဲဆိုတာထက် ...

ကျွန်မတို့ရဲ့ Capital ကို ကုန်မသွားအောင် ထိန်းနိုင်ခဲ့ရဲ့လား ... ? ကျွန်မတို့ရဲ့ စည်းကမ်းတွေကို မြဲမြဲဆုပ်ကိုင်ထားနိုင်ခဲ့ရဲ့လား ... ? ဆိုတာကမှ တကယ့် အောင်မြင်မှုပါပဲ။

ဒါ​ကြောင့် ... အချိန်ဇယားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့ … စည်းကမ်းအတိုင်း ငြိမ်ငြိမ်လေး သွားနေသမျှ ကာလပတ်လုံး ... ကျွန်မတို့ရဲ့ အချိန်တွေဟာ အလကား လေထဲလွင့်သွားတာ မဟုတ်ပါဘူး။

Yu Thet
8.10.2026 (12:30 p.m - MMT)
The Knowledge Hub by Yu Thet
Photo
အပြောင်းအလဲမြန်တဲ့ ဈေးကွက်ထဲမှာ ... သင့်​တော်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ဆိုတာ၊ အ​ထောက်အကူပြု​ပေးတဲ့ သုံးသပ်ချက်တွေ ရှိနေရင် အကျိုးရှိ​စေပါတယ်။

ဒါကြောင့်မို့လို့ Trading Service Team ရဲ့ Traders ရဲ့ မိတ်​ဆွေတို့အတွက် ဒီနေ့ရဲ့ ဈေးကွက်အခြေအနေတွေကို ... အနီးကပ်စောင့်ကြည့်ပြီး ပြင်ဆင် မျှဝေပေးခဲ့တာဖြစ်ပါတယ်။

​Trader တယောက်စီတိုင်းရဲ့ ခရီးစဉ်တိုင်းဟာ တန်ဖိုးရှိပါတယ် ✨️... TST မှ တဖက်တလမ်းက​နေ အ​ထောက်အကူပြု​စေတဲ့အတွက်လဲ ဝမ်း​သာမိရပါတယ်။

Contact Us _
Trading Service Team :
https://t.me/TST_Official_26
@TST_Official_26
"အရှုံးတစ်ခု ကြုံရတိုင်း ... Strategy ကို အသစ်တခုလိုက်ရှာနေမိရင်… ကျွန်မတို့ ဘယ်တော့မှ Pro Trader ဖြစ်လာမှာ မဟုတ်ပါဘူး"

​SL နှစ်ခေါက် ဆက်တိုက်ထိလိုက်တာနဲ့ ... "ဒီ Indicator မကောင်းဘူး"၊ "ဒီ Strategy က ဘာမှသုံးလို့မရဘူး" ဆိုပြီး ...

YouTube ပေါ်မှာ Holy Grail (မရှုံးနိုင်တဲ့ နည်းလမ်း) အသစ်တွေကို ပျာပျာသလဲ လိုက်ရှာမိဖူးတယ် မဟုတ်လား ?
​
Market ထဲမှာ 100% အမြဲနိုင်တဲ့ Strategy ဆိုတာ မရှိပါဘူး။

Pro Trader တွေနဲ့ Amateur တွေရဲ့ ကွာခြားချက်ဟာ ... အသုံးပြုတဲ့ နည်းလမ်း မတူလို့ မဟုတ်ပါဘူး … အရှုံးကို လက်ခံနိုင်တဲ့ စိတ်ဓာတ် (Risk Acceptance) မတူလို့ပါ။

​Strategy တိုင်းမှာ အရှုံးစက်ဝန်း (Loss Streak) ဆိုတာ ရှိစမြဲပါပဲ။

အဲဒီ အရှုံးစက်ဝန်း ရောက်လာတိုင်း နည်းလမ်း အသစ်ပြောင်းနေရင် ... ကျွန်မတို့ဟာ အမြဲတမ်း "အစကနေ ပြန်စနေရတဲ့ လူသစ်" ပဲ ဖြစ်နေပါလိမ့်မယ်။

နည်းလမ်းတစ်ခုကို သေချာ ယုံကြည်ပါ၊ အရှုံးကို စည်းကမ်းအတိုင်း လက်ခံပါ၊ ပြီးရင် အဲဒီ System ပေါ်မှာပဲ ကျွန်မတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မီခိုမှုကို ခိုင်မာအောင် တည်ဆောက်လိုက်ပါ။

Yu Thet
8.10.2026 (9:00 p.m - MMT)
The Trading Map
အောက်တိုဘာလ (၈) ရက်နေ့အတွက် ကမ္ဘာ့ရွှေစျေးကွက်သုံးသပ်ချက် Basic to Advanced Level အထိ Online Training များ စနစ်တကျ တက်ရောက်လေ့လာ လိုပါက ယခု Telegram Acc : https://t.me/yuthet_ytc မှတဆင့် လာရောက် မေးမြန်းဆွေးနွေးလို့ ရပါတယ်ရှင်။
ဒီပုံ​လေးထဲမှာ မြင်​တွေ့ရတဲ့ ​အတက်၊အကျ စျေးတန်း​တွေဟာ ... မ​နေ့ကနဲ့ ဒီ​နေ့ (၂) ရက်တာ Analysis Video ထဲမှာ ကျွန်မမျှ​ဝေ​ပေးထားတဲ့ ... အ​ရောင်းအဝယ်ပြုလုပ်ဖို့ စဥ်းစားရမယ့် Zone ​တွေရဲ့ Market အ​ပေါ် သက်​ရောက်မှု​တွေ ဖြစ်ပါတယ်။

Analysis ​တွေကို ​နေ့စဥ်​လေ့လာ​နေတဲ့ မိတ်​ဆွေ​တွေဆိုရင် ​... အခုလို Reply ​ပြောမပြခဲ့ရင်​တောင် ... ​နေ့စဥ်​နေ့တိုင်းမှာ Impact ဖြစ်တာ​တွေကို ကောင်း​ကောင်းသိ​နေမှာပါ။

အခုလို ​စျေကွက်သုံးသပ်ချက်​တွေကို ... ကိုယ်တိုင်ပြုလုပ်နိုင်ဖို့ ... ကျွန်မသုံး​နေတဲ့ Strategy များကို မျှ​ဝေ​ပေးတဲ့ ... 1 on 1 Advance Training များရှိပါတယ်။

Basic ပိုင်းကိုလဲ Video Lesson ​တွေနဲ့ ​သေချာမျှ​ဝေ​စီစဥ်​ပေးထားပါတယ်။

📌 Contact here: https://t.me/yuthet_ytc
"Risk Acceptance 'အရှုံးကို စိတ်ထဲကပါ အပြည့်အဝ လက်ခံခြင်း' ... "

​Stop Loss ထားလိုက်ရုံနဲ့ ... Risk ကို လက်ခံလိုက်ပြီလို့ မဆိုထားပါနဲ့ ...။

Entry မနှိပ်ခင်ကတည်းက ... 'ဒီပိုက်ဆံ ငါ့ဆီက ထွက်သွားနိုင်တယ်' ဆိုတာကို ... စိတ်ထဲကပါ ကျေကျေနပ်နပ် လက်ခံထားနိုင်တာကမှ ... တကယ့် Risk Acceptance ပါ ...။

​ကျွန်မတို့ Trader အများစုဟာ ... SL တော့ ထားပါရဲ့၊ ဒါပေမဲ့ SL ထိသွားတဲ့အခါ ရင်ထဲမှာ ... ဒေါသထွက်တယ်၊ မကျေနပ်ဖြစ်တယ်၊ Revenge လုပ်ချင်လာကြတယ်။

ဒါဟာ Risk ကို ... ကိန်းဂဏန်းပေါ်မှာပဲ ထားခဲ့ပြီး၊ စိတ်ထဲကပါ အပြီးအပိုင် လက်မခံနိုင်သေးလို့ပါပဲ။
​
တကယ့် Pro Trader တစ်ယောက်ဟာ ... Trade တစ်ခု မဝင်ခင်မှာတင် ... အမြတ်ထက် အရှုံးကို အရင် ကြည့်တတ်ကြပါတယ်။

'ဒီ Trade မှားသွားလို့ SL ထိခဲ့ရင်လည်း ... ငါ့ဘဝ မပျက်သွားဘူး၊ ဒီအရှုံးဟာ ... ငါ့ Plan ရဲ့ တစိတ်တပိုင်းပဲ" ဆိုပြီး ... အရှုံးကို ပန်းသီးတစ်လုံးလို အေးအေးဆေးဆေး ဝါးစားနိုင်ခဲ့ရင် …

Market က ကျွန်မတို့ကို ဘယ်တော့မှ ... စိတ္တဇဖြစ်အောင် လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။

Yu Thet
9.10.2026 (8:00 a.m - MMT)
Forwarded from The Trading Map
Media is too big
VIEW IN TELEGRAM
အောက်တိုဘာလ (၉) ရက်နေ့အတွက် ကမ္ဘာ့ရွှေစျေးကွက်သုံးသပ်ချက်

Basic to Advanced Level အထိ Online Training များ စနစ်တကျ တက်ရောက်လေ့လာ လိုပါက ယခု Telegram Acc : https://t.me/yuthet_ytc မှတဆင့် လာရောက် မေးမြန်းဆွေးနွေးလို့ ရပါတယ်ရှင်။
"Loss Streak ဆိုတဲ့ 'အရှုံးစက်ဝန်း' နဲ့ ကြုံရချိန်"
​
၃၊ ၄ ခုဆက်တိုက် SL ထိသွားတာဟာ ကျွန်မတို့ ညံ့သွားတာ မဟုတ်ပါဘူး။

တကယ့် Pro Trader တစ်ယောက်အဖြစ် အဆင့်တက်ဖို့ Market က ကျွန်မတို့ရဲ့ စည်းကမ်းကို လာစစ်ဆေးနေတာပါ။

​Trading မှာ Analysis ဘယ်လောက်ပဲ ကောင်းပါစေ၊ Loss Streak ဆိုတဲ့ အရှုံးစက်ဝန်းနဲ့ မလွဲမသွေ ကြုံရတဲ့ အချိန်တွေ ရှိပါတယ်။

အဲဒီအခါမှာ Amateur တွေက "ငါ့ Strategy တော့ ပျက်ပြီ" ဆိုပြီး အ​တွေး​တွေဝင်၊ System တွေကို အသစ်လိုက်ပြောင်း၊ Lot Size တွေ တိုးပြီး ပျက်စီးခြင်းဆီကို ဆက်လျှောက်လှမ်းသွားတတ်ကြပါတယ်။

​ဒါပေမဲ့ ရင့်ကျက်တဲ့ Trader ကတော့ Loss Streak ကို Market ရဲ့ သဘာဝတစ်ခုလို အေးဆေး ခေါင်းငြိမ့် လက်ခံလိုက်တယ်။

Strategy ကို အသစ်မပြောင်းဘူး၊ ရာနှုန်းပြည့် Risk Management စည်းကမ်းအတိုင်းပဲ ငြိမ်ငြိမ်လေး ထိုင်စောင့်တယ်။

အရှုံးစက်ဝန်းကို စည်းကမ်းမပျက်ဘဲ ကျော်ဖြတ်နိုင်သူမှသာ နောက်ထပ် ရောက်လာမယ့် အမြတ်စက်ဝန်း (Win Streak) ရဲ့ အသီးအပွင့်ကို ပြည့်ပြည့်ဝဝ ခံစားရတာပါ။

Yu Thet
9.10.2026 (12:30 p.m - MMT)
"Holy Grail (မရှုံးနိုင်တဲ့ နည်းလမ်း) ဆိုတာ ဘာလဲ ?"
​
"မရှုံးနိုင်တဲ့ ၁၀၀% Holy Grail Strategy ကို လိုက်ရှာနေသမျှ ကျွန်မတို့ဟာ Market ထဲမှာ အမြဲတမ်း လမ်းပျောက်နေတဲ့ ကလေးတစ်ယောက်လိုပဲ ဖြစ်နေပါလိမ့်မယ်။

​YouTube ပေါ်မှာ၊ သင်တန်းတွေမှာ "မရှုံးနိုင်တဲ့ နည်းလမ်း အသစ်အဆန်း" တွေကို လိုက်ရှာမိဖူးတယ် မဟုတ်လား ?

သတင်းကောင်းတစ်ခု ပေးရရင် …

ဒီ Market ထဲမှာ 100% အမြဲနိုင်တဲ့ Holy Grail Indicator (သို့မဟုတ်) System ဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။

​တကယ့် Holy Grail ဆိုတာ ကျွန်မတို့ရဲ့ Chart ပေါ်မှာ မဟုတ်ပါဘူး။

ကျွန်မတို့ရဲ့ 'စည်းကမ်းနဲ့ စိတ်ဓာတ်'ထဲမှာပဲ ရှိတာပါ။

​နိုင်ခြေ ၆၀% ပဲရှိတဲ့ ရိုးရိုးရှင်းရှင်း Strategy တစ်ခုကို သံမဏိလို ခိုင်မာတဲ့စည်းကမ်း၊ မှန်ကန်တဲ့ Risk Management ၊ နာကျင်မှုကို ခံနိုင်ရည်ရှိတဲ့ Psychology နဲ့ ပေါင်းစပ်လိုက်တာဟာ ...

ကမ္ဘာပေါ်မှာ အကောင်းဆုံး Holy Grail ပါပဲ။

ဒါ​ကြောင့် နည်းလမ်းအသစ်တွေကို လိုက်ရှာ​နေတာကို ရပ်လိုက်ပြီး ကျွန်မတို့ရဲ့ စည်းကမ်းနဲ့ စီမံခန့်ခွဲမှုကိုပဲ ထက်မြက်အောင် သွေးလိုက်ပါ။

Yu Thet
9.10.2026 (9:00 p.m - MMT)
The Knowledge Hub by Yu Thet
အပြောင်းအလဲမြန်တဲ့ ဈေးကွက်ထဲမှာ ... သင့်​တော်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ဆိုတာ၊ အ​ထောက်အကူပြု​ပေးတဲ့ သုံးသပ်ချက်တွေ ရှိနေရင် အကျိုးရှိ​စေပါတယ်။ ဒါကြောင့်မို့လို့ Trading Service Team ရဲ့ Traders ရဲ့ မိတ်​ဆွေတို့အတွက် ဒီနေ့ရဲ့ ဈေးကွက်အခြေအနေတွေကို ...…
ဒီ​​နေ့မှာလည်း ပုံမှန်အတိုင်းပဲ Trading Service Team ရဲ့ Traders မိတ်​ဆွေတို့အတွက် Market Analysis ​တွေကို မျှဝေပေးခဲ့ပါတယ်။

ခက်ခဲတဲ့ Market အ​ခြေအ​နေ​တွေမှာဖြစ်​စေ၊ ပုံမှန်ရှိ​နေတဲ့ Market ရက်​တွေမှာဖြစ်​စေ၊ TST က မိတ်​ဆွေတို့အတွက် အမြဲအတူရှိ​နေ​ပေးဖြစ်ပါတယ်။

Contact Us _
Trading Service Team :
https://t.me/TST_Official_26
@TST_Official_26
"Trader ဘဝဆိုတာ Profit & Loss (P&L) အပြာ၊အနီ ကိန်းဂဏန်းတွေကို စီမံခန့်ခွဲရတာထက်၊ 'သံသယ' နဲ့ 'မသေချာမှု' ကြားမှာ ကိုယ့်စိတ်ကို စီမံရတဲ့ ခရီးပါ"

​Strategy ဘယ်လောက်ကောင်းကောင်း၊ Candle ဘယ်ဘက်ထွက်သွားမလဲဆိုတာ ၁၀၀% ဘယ်သူမှ မသိနိုင်ပါဘူး။

Trade တစ်ခုနှိပ်လိုက်တိုင်း မသေချာမှု (Uncertainty) ဆိုတဲ့ စိတ်က ကြီးစိုးလာတတ်ပါတယ်။

​Market က ကျွန်မတို့ကို အမြဲတမ်း သံသယဝင်အောင် လုပ်ပါလိမ့်မယ်။

"ငါ့ Analysis မှားနေပြီလား"၊ "ဒီ Candle က ငါ့ကို လှည့်စားနေတာလား" ဆိုတဲ့ အတွေးတွေနဲ့ ခေါင်းခြောက်အောင် လုပ်ပါလိမ့်မယ်။

အတွေ့အကြုံနည်းသူတွေက အဲဒီ မသေချာမှုကို မခံနိုင်လို့ အစောကြီး အမြတ်ပိတ်ပစ်တာ၊ ဒါမှမဟုတ် SL မထားဘဲ အတင်း ရုန်းကန်ကြတာပါ။

​မသေချာခြင်းကို ငြိမ်းချမ်းစွာ ခေါင်းငြိမ့် လက်ခံလိုက်ပါ။

Market က ဘာပဲလုပ်လုပ် 'ငါ့မှာ လိုက်နာရမယ့် Risk Management System ရှိတယ်' ဆိုတဲ့ မတုန်လှုပ်တဲ့ စိတ်ဓာတ်ကို မွေးမြူနိုင်ရင် ကျွန်မတို့ဟာ ဘယ်လို Market Structure မှာမဆို အေးဆေး ရှင်သန်နိုင်ပါပြီ။

Yu Thet
10.10.2026 (8:00 a.m - MMT)
"Weekend (စနေ/တနင်္ဂနွေ) မှာ Market ပိတ်ထားချိန် ဘာမှမလုပ်ရဘဲ ထိုင်နေရတာဟာ Trader တစ်ယောက်အတွက် အကြီးမားဆုံး စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုပါပဲ"

​တပတ်လုံး Screen ရှေ့မှာ Dopamine အပြည့်နဲ့ ဖြတ်သန်းခဲ့ရပြီးမှ Saturday ရောက်လာတဲ့အခါ Market က ရုတ်တရက် ငြိမ်သက်သွားတယ်။

အဲဒီအခါ အငြိမ်မနေနိုင်တဲ့ ဦးနှောက်က "ငါ တစ်ခုခု လုပ်မှရမယ်" ဆိုတဲ့ အချက်ပြစနစ်ကို လွှတ်ပေးတော့တာပါပဲ။

​အဲဒီအခါမှာ ကျွန်​မတို့Trader အများစု ဘာလုပ်မိကြသလဲ ?
​
Market ပိတ်ထားတာကို အတင်းဇွတ် Trade ချင်တဲ့အခါ Trade လို့ရနိုင်တဲ့ Crypto ​တွေမြင်သမျှ လိုက် Trade မိတာ၊

ရှုံးခဲ့တာတွေကို ခေါင်းထဲမှာ ပြန်တွေးပြီး နောင်တရနေတာ၊ ဒါမှမဟုတ် ..

တနင်္လာနေ့ ရောက်ရင် "ငါ ဘယ်လို လိုက် Trade ပစ်မယ်" ဆိုပြီး မခိုင်မာတဲ့ Analysis တွေနဲ့ ဇာတ်လမ်းကြိုဆင်နေတတ်ကြပါတယ်။

​တကယ်တော့ Saturday ဆိုတာ ကျွန်​မတို့ရဲ့ ရင်ဘတ်ထဲက မီးတွေကို ငြှိမ်းသတ်ရမယ့် "Cooling Period (အေးဆေး အနားယူရမယ့်နေ့)" ပါပဲ။

​Screen ကို အပြီးအပိုင် ပိတ်ထားလိုက်ပါ။
Market နဲ့ လုံးဝမဆိုင်တဲ့ အပြင်လောကထဲ ထွက်ပါ။

မိသားစု/သူငယ်ချင်းတွေနဲ့ အချိန်ပေးပါ၊ အားကစားလုပ်ပါ၊ စိတ်ကို လုံးဝ Reset ချလိုက်ပါ။
​
Saturday မှာ စိတ်ရော ခန္ဓာပါ အပြည့်အဝ အနားပေးနိုင်ခဲ့သူမှသာ တနင်္လာနေ့ Market ပြန်ဖွင့်တဲ့အခါ ​​ခေါင်းအေးအေးနဲ့ စည်းကမ်းရှိရှိ ပြန်လည် စတင်နိုင်မှာပါ။

Yu Thet
10.10 2026 (12:30 p.m - MMT)
"Acc ကုန်သွားတဲ့နေ့ဟာ ကျွန်မတို့ရဲ့ Trader ဘဝ အဆုံးသတ်လိုက်တာ မဟုတ်ပါဘူး … ကျွန်မတို့ကို ပိုပြီး ရင့်ကျက်တဲ့ Trader တ​ယောက်အဖြစ် အစကနေ ပြန်စဖို့ သင်ခန်းစာ ရလိုက်တာပါ"

​Margin Call မထိဖူးတဲ့ Trader ဆိုတာ မရှိသလောက်ပါပဲ။

Account ထဲက ပိုက်ဆံတွေ အကုန်ကုန်သွားတဲ့အခါ အစားလည်း မဝင်၊ အိပ်လို့လည်း မပျော်ဘဲ ရင်ဘတ်ထဲ မွန်းကျပ်နေတာကို ကျွန်မက​တော့ အပြည့်အဝ နားလည်ပါတယ်။
​
အဲဒီအချိန်ကျရင် "Market က ငါ့ကို အငြိုးနဲ့ လိုက်ဆွဲစား​နေတာ" လို့ တွေးပြီး Market ကို ဒေါသထွက်မိတတ်ကြပါတယ်။

ဒါပေမဲ့ သွေးအေးအေးနဲ့ ပြန်စဉ်းစားကြည့်ရင် Market က ကျွန်မတို့ကို ဘာမှ လုပ်တာ မဟုတ်ပါဘူး။
​
စျေးတက်တာ မြင်တော့ အခွင့်အရေး လွတ်သွားမှာ စိုးလို့ Lot အကြီးကြီးနဲ့ ဝင်မိတာ၊ SL ထိခါနီးတော့ "ပြန်တက်လာမှာပါ" ဆိုပြီး စည်းကမ်းကိုလွှတ်ချ၊ ဇွတ်မှိန်းကိုင်ထားမိတာ၊

ဒီလို စိတ်ဇောလေးတွေကြောင့် Account ကုန်သွားရတာပါ။

ဒါဟာ ဘာမှ အဆန်းမဟုတ်ပါဘူး၊ ကျွန်မတို့အားလုံး ဒီလမ်းကို ဖြတ်ခဲ့ကြရတာချည်းပါပဲ။

Account ကုန်သွားလို့ စိတ်ဓာတ်မကျပါနဲ့။

"ငါ ဘယ်နေရာမှာ ဘာစည်းကမ်းလွတ်သွားတာလဲ" ဆိုတာကို အေးအေးဆေးဆေး ပြန်သုံးသပ်ကြည့်ပြီး ​နောက်ထပ်မဖြစ်​အောင် ပြင်ဆင်လိုက်ပါ။

ကိုယ့်အမှားကို ကိုယ်တိုင် လက်ခံနိုင်ခဲ့ရင် ကျွန်မတို့ဟာ ပိုပြီး ရဲရင့်ပြတ်သားတဲ့၊ ပိုပြီး ရင့်ကျက်တဲ့ Trader ​ကောင်းတစ်ယောက် ဖြစ်လာတော့မှာပါ။

Yu Thet
10.10.2026 (9:00 p.m - MMT)
"နားလည်မှုနဲ့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ"

​ကျွန်​မတို့ ပြီးခဲ့တဲ့အပတ်မှာ စည်းကမ်း​တွေဖောက်မိခဲ့ရင်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့တော့။

အမှားမလုပ်ဖူးတဲ့ Trader ဆိုတာ မရှိပါဘူး။
အရေးကြီးတာက အမှားထဲမှာ နှစ်မျောမနေဘဲ မနက်ဖြန်အတွက် သင်ခန်းစာ ယူနိုင်ဖို့ပါ။

ဒီညတော့ စိတ်လက်ပေါ့ပါးစွာ အနားယူပါ။ မနက်ဖြန်မနက်အတွက် အ​ကောင်းဆုံးပြန်စပါ။
​
ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှ စိတ်သစ်၊ ကိုယ်သစ်နဲ့ ပြန်စနိုင်မှာပါ။

Yu Thet
6.9.2026, Sunday (6:00 p.m - MMT)
"အပြိုင်အဆိုင် မဟုတ်သော ခရီး"

​သူများ Account တွေ ကြီးလာတာ၊ မြတ်လာတာ မြင်ပြီး၊ ကိုယ့်ရဲ့ Risk ​တွေကို အတင်း တိုးမယူလိုက်ပါနဲ့။

​သူတို့ဆီမှာ သူတို့ရဲ့ ခရီးရှိသလို၊ ကျွန်​မတို့ဆီမှာလည်း ကျွန်​မတို့ သွားရမယ့် ခြေလှမ်း ရှိပါတယ်။

ကျွန်​မတို့ရဲ့ မူလ Plan ကို ဖျက်ပြီး၊ သူများနောက် လိုက်ကြည့်တဲ့အခါ ထိန်းချုပ်လို့ မရတဲ့ အရှုံးတွေနဲ့ပဲ ရင်ဆိုင်ရနိုင်ပါတယ်။

​ပြိုင်ရမှာ သူများနှင့် မဟုတ်ပါဘူး။ မနေ့က လောဘကြီးခဲ့တဲ့၊ ​ကြောက်ခဲ့တဲ့၊ စိတ်မရှည်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုပဲ ဒီ​နေ့ အနိုင်ယူပါ။

Yu Thet
6.9.2026 (8:00 a.m - MMT)
"သူများ Signal ကိုပဲ မမှီခိုပါနဲ့"

​VIP Group တွေ၊ Signal ပေးတဲ့သူတွေ နောက်ကိုပဲ တောက်လျှောက် လိုက်နေမိရင်... ကျွန်မတို့ဘယ်တော့မှ ကိုယ်ပိုင် ခြေထောက်ပေါ် ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။

​သူများ ပေးမှရတဲ့ Fish (ငါး) ကို မျှော်နေတာထက် ကိုယ်တိုင် ငါးမျှားတတ်အောင် သင်ယူတာကမှ ရေရှည်အတွက် စိတ်အချရဆုံးပါ။

​ကိုယ်တိုင် သုံးသပ်ပါ၊ ကိုယ်တိုင် ဆုံးဖြတ်ပါ၊ အရှုံးရလဒ် ထွက်လာရင်တောင် ကိုယ်ပိုင် သင်ခန်းစာအဖြစ် တန်ဖိုရှိစွာ ကျန်ခဲ့သလို၊ အမြတ်ရတဲ့အချိန်မှာလဲ အင်မတန် ​ကျေနပ်ပီတိဖြစ်​စေပါတယ်။

ကိုယ့်စီးပွား​ရေး၊ ကိုယ့်လုပ်ငန်းမှာ ကိုယ်တိုင်စီမံခန့်ခွဲပြီး ရှာလို့ရလာတဲ့​ငွေကသာ ​ရေရှည်အသုံးပြုလို့ ရပါတယ်။

သူများရှာ​ပေးမှရတဲ့အခါ ... အဲ့ဒီသူမရှိ​တော့ရင်​ရော ​နောက်တ​ယောက်ထပ်ရှာမှာလား ... ?? ဒါမှမဟုတ် အဲ့ဒီသူက မှားသွားလို့ ဆုံးရှုံးသွားရင်​ရော၊ မ​ကျေနပ်တဲ့စိတ်နဲ့ ပူ​လောင်​သောက ​ရောက်နိုင်​သေးတာ မဟုတ်လား ... ??

Okay, ​နောက်ထပ် သာဓကတခုနဲ့ အဆုံးသတ်ရရင်​တော့ ... ကျွန်မတို့​တွေ သူများစိုက်ထားတဲ့အပင်က သီးတဲ့ အသီး​တွေကို ဝယ်စားကြသလို၊ ကိုယ်တိုင်လဲ အပင်စိုက်ကြည့်ဖို့ လိုအပ်ပါတယ်။

Yu Thet
11.9.2026 (9:00 p.m - MMT)