Media is too big
VIEW IN TELEGRAM
အာဏာရှင်တော်လှန်ရေးထဲက မြန်မာ့ဂုဏ်ဆောင် အားကစားသမားများ (ရုပ်/သံ)
ဧရာဝတီ၊ မေ ၂၉၊ ၂၀၂၅
စစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မ သိမ်းယူလိုက်တဲ့ အချိန်မှာ လူထုလူတန်းစားပေါင်းစုံက လမ်းမတွေပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသူတွေထဲမှာ နိုင်ငံလက်ရွေးစင် အားကစားသမားတွေလည်း ပါဝင်ခဲ့ကြပါတယ်။
တချို့အားကစားသမားတွေကတော့ လက်ရှိအချိန်ထိ အာဏာရှင်အောက်မှာ မကစားဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အိပ်မက်တွေကို စွန့်လွှတ်ခဲ့ကြပြီး ဖိနှိပ်ခံပြည်သူတွေဘက်က ရပ်ခဲ့ကြပါတယ်။ တချို့ကတော့ ကိုယ်တိုင် လက်နက်ကိုင်တော်လှန်ရေးထဲပါဝင်ပြီး အာဏာရှင် စစ်တပ်ကို ခုခံတွန်းလှန်နေကြပါတယ်။
တချို့အားကစားသမားတွေကတော့ စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေ၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် အသက်တွေပေးခဲ့ကြရပြီး တချို့ကတော့ ဖမ်းဆီးချုပ်နှောင်ခံထားရတာပါ။

လုံးခင်းမှာ စစ်ကောင်စီတပ် ပစ်ခတ်သွားတဲ့ ရုပ်အလောင်းများ တွေ့ (ရုပ်/သံ)
ဧရာဝတီ၊ မေ ၂၉၊ ၂၀၂၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်သွားတဲ့ ဒေသခံပြည်သူတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိရတယ်လို့ လုံးခင်း ရွာခံတွေက ဧရာဝတီကို ပြောပါတယ်။
ဖားကန့်မြို့နယ်၊ လယ်ပြင်ကျေးရွာ ယမ်းချက်စက်ရုံကနေ မေလ ၂၈ ရက်နေ့မှာ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံးခင်းကျေးရွာအတွင်း ဝင်ရောက်ပြီး စစ်ဆေးမေးမြန်း ရိုက်နှက်မှုတွေနဲ့ လူသားဒိုင်း ပြုလုပ်ပြီးတဲ့နောက် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးရုပ်အလောင်းတွေထဲမှာ အမျိုးသား ၅ ယောက်နဲ့ အသက် ၄၀ ကျော် အရွယ် အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းပါဝင်ပြီး ဆက်လက်ရှာဖွေနေတယ်လို့လည်း လုံးခင်းဒေသခံ အမျိုးသမီးက ဆိုပါတယ်။
https://youtu.be/UxO2UNiOeFk
#မြန်မာ #ဧရာဝတီ #ဖားကန့် #လုံးခင်း #ဒေသခံ #စစ်ကောင်စီ #လူသားဒိုင်း
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

YouTube
လုံးခင်းမှာ စစ်ကောင်စီတပ် ပစ်ခတ်သွားတဲ့ ရုပ်အလောင်းများ တွေ့ (ရုပ်/သံ)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်သွားတဲ့ ဒေသခံပြည်သူတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိရတယ်လို့ လုံးခင်း ရွာခံတွေက ဧရာဝတီကို ပြောပါတယ်။
ဖားကန့်မြို့နယ်၊ လယ်ပြင်ကျေးရွာ ယမ်းချက်စက်ရုံကနေ မေလ ၂၈ ရက်နေ့မှာ ထွက်လာတဲ့…

နယ်စပ်တလျောက်စခန်းတွေ အကုန်လုံးရှင်းမယ့်ပုံစံ သေ့ဘောဘိုး၊ ဥကရစ်ထပါတယ်၊ ဝေါလေလည်း ပါတယ်။ ဘယ်ဟာကို ဦးစားပေးမလဲတော့ မသိသေးဘူး။
Website တွင် ဖတ်ရန် https://bit.ly/4mEuwhw
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

ဧရာဝတီ
မြဝတီတောင်ခြမ်းမှ စခန်းများကို ရှင်းမည့် KNU စစ်ဆင်ရေး
မြဝတီမြို့တောင်ဘက်ခြမ်း ထိုင်း-မြန်မာနယ်စပ်တလျောက် ထိုးစစ်ဆင်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များသည် ယမန်နေ့ညပိုင်း၌ ကနဲလေးတပ်စခန်းအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ရုပ်သံဆောင်းပါး
ရခိုင်စစ်ရေးအောင်ပွဲနှင့် နိုင်ငံရေးအရွေ့များ (ရုပ်/သံ)
ဧရာဝတီ၊ မေ ၃၀၊ ၂၀၂၅
ရခိုင်ပြည်နယ်၏ စစ်ရေးအောင်ပွဲများသည် ရခိုင်ပြည်တွင်း၌ ဖြေရှင်းရမည့် ခက်ခဲရှုပ်ထွေးသည့်ပြဿနာများကို တထိုင်တည်း ဖြေရှင်းနိုင်ဦးမည် မဟုတ်ပါ။ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာနှင့် ပတ်သက်၍ ရှုပ်ထွေးခက်ခဲသော အဆင့်များကို ဖြတ်သန်းရန် လိုဦးမည်ဖြစ်ပါသည်။ အတားအဆီးများကိုလည်း ကြုံတွေ့ ရင်ဆိုင် ကျော်ဖြတ်ကြရဦးမည်ဖြစ်၏။
သို့သော်လည်း ဖြေရှင်းရန် လမ်းစပွင့်စေသည့်အပြင် အမှန်တကယ် ဖြေရှင်းရမည့်သူများလက်သို့ ပြဿနာဖြေရှင်းခွင့် ရောက်လာသည့် နိုင်ငံရေးအရွေ့များ ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ နယ်စပ်ကုန်သွယ်ရေး လမ်းပွင့်လာပြီး အကျပ်အတည်းများကို ကျော်လွှားလာနိုင်သည်။
ထို့ပြင် ရခိုင်၏စစ်ရေးအောင်ပွဲသည် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးသဘောထား၊ သံတမန်ရေးသဘောထားများအပေါ် သက်ရောက်မှုကြီးသည်ကို ရှင်းလင်းစွာတွေ့ရပေသည်။
https://youtu.be/4eVYie3vAA8
#မြန်မာ #ဧရာဝတီ #ရခိုင် #ဘင်္ဂလားဒေ့ရှ် #ရိုဟင်ဂျာ #WhathappensInMyanmar

ရခိုင်ပြည်နယ်၏ စစ်ရေးအောင်ပွဲများသည် ရခိုင်ပြည်တွင်း၌ ဖြေရှင်းရမည့် ခက်ခဲရှုပ်ထွေးသည့်ပြဿနာများကို တထိုင်တည်း ဖြေရှင်းနိုင်ဦးမည် မဟုတ်ပါ။ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာနှင့် ပတ်သက်၍ ရှုပ်ထွေးခက်ခဲသော အဆင့်များကို ဖြတ်သန်းရန် လိုဦးမည်ဖြစ်ပါသည်။ အတားအဆီးများကိုလည်း…
AA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်ရေးသော သူပုန်ဖြူ ကဗျာများတွင် အာရက္ခအိပ်မက် သက်သက်သာ မဟုတ်။ အာရက္ခအိပ်မက်နှင့် နွေဦးတော်လှန်ရေးကို ပေါင်းစပ်ကြည့်မြင် ခံစားထားသည်ကို ရှင်းလင်းစွာ မြင်ရ၏။ အာရက္ခအိပ်မက်နှင့် နွေဦးတော်လှန်ရေးသည် တလှေတည်းစီး၍ တခရီးတည်းသွားများဖြစ်ကြသည်ကို မြင်နိုင်၏။ ရင်ဘတ်ကျယ်သည့် ကဗျာဆရာသူပုန်ဖြူကို မြင်ရ၏။
Website တွင် ဖတ်ရန် https://bit.ly/4mCxvaf
#WhatsHappeningInMyanmar
--------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Website တွင် ဖတ်ရန် https://bit.ly/4mCxvaf
#WhatsHappeningInMyanmar
--------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
ဧရာဝတီ
သူ့အတွေး သူ့အမြင် | သူပုန်ဖြူကို လေ့လာခြင်း
ရခိုင်ဆရာဝန်လူငယ်တဦး၏ ရက္ခိတအိပ်မက်၊ ချေဂွေဗားရား အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်၏။
ကရင်တပ်စခန်းများ ဆုံးရှုံးနေချိန် အပစ်ရပ်ထားမှုကို လိုက်နာပေးရန် စစ်ခေါင်းဆောင်ပြော
ဧရာဝတီ၊ မေ ၃၀၊ ၂၀၂၅
ကရင်ပြည်နယ်ရှိ နယ်စပ်စခန်းများ အပါအဝင် တပ်စခန်းများစွာကို လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်ခတ်ရပ်စဲခြင်း ကြေညာထားမှုအား အလေးထား လိုက်နာဆောင်ရွက်ပေးရန် တိုက်တွန်းပြောဆိုကြောင်း စစ်ကောင်စီသတင်းများ၌ ဖော်ပြသည်။
မေ ၂၉ ရက် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ငလျင်ဒဏ်ကြောင့် တနိုင်ငံလုံးရှိ ပြည်သူများ စိတ်ထိခိုက်ခံစားနေရသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသောကာလ ဖြစ်သောကြောင့် တည်ငြိမ်အေးချမ်းမှု လိုအပ်သည်ဟုလည်း စစ်ခေါင်းဆောင်က ပြောသည်။
မတ် ၂၈ ရက်၌ လှုပ်ခတ်သွားခဲ့သည့် စစ်ကိုင်းပြင်းထန်ငလျင် နောက်ဆက်တွဲ ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကာ စစ်ကောင်စီသည် ဧပြီ ၂ ရက်မှ မေလကုန်ထိ ယာယီအပစ်ရပ်ကြေညာမှုအား ကာလပိုင်းခြား၍ ၃ ကြိမ် ကြေညာခဲ့သည်။
သို့သော် ယာယီအပစ်ရပ် ကြေညာထားသည့် ကာလအတွင်း စစ်ကြောင်းထိုး လှုပ်ရှားမှုများအပြင် နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူရာချီ သေဆုံးခဲ့သည်။
ထို့ပြင် ငလျင်ကြောင့် တော်လှန်ရေးအဖွဲ့တချို့က ယာယီအပစ်ခတ်ရပ်စဲခြင်းများ အသီးသီး ထုတ်ပြန်ခဲ့ထားသော်လည်း တိုက်ပွဲများ နေ့စဥ်နီးပါး ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီအနေဖြင့်လည်း တပ်စခန်းများ တခုပြီးတခု လက်လွှတ်ဆုံးရှုံးနေသည်။
ပုံစာ - ငလျင်ဒဏ်သင့် နေပြည်တော်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်လံကြည့်ရှုစဉ်/ AFP

ဘုရင့်နောင်တပ်စခန်းကို KNLAနှင့် ပူးပေါင်းတပ် သိမ်း၊ စစ်ကောင်စီတပ်သားများ ထိုင်းဘက် ထွက်ပြေး
ဧရာဝတီ ၊ မေ ၃၀ ၊ ၂၀၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလဗျူဟာအနီး ထိုင်း-မြန်နယ်စပ်ရှိ အမြင့်ဆုံးတောင်၌ တပ်စွဲထားသော ဘုရင့်နောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်များမှ ယနေ့ နံနက်အစောပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံက သိရသည်။
အဆိုပါတပ်စခန်းသည် ထိုင်းနယ်စပ်နှင့် ဝေါလေဗျူဟာကြား၌ရှိပြီး စစ်ကောင်စီ၏ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ ၁၃ ) လက်အောက်ခံ ဝေါလေဗျူဟာ ရှေ့တန်းစခန်းတခုဖြစ်ကြောင်း CDM အရာရှိများက ပြောသည်။
CDM ဗိုလ်မှူးတင်လင်းအောင်က '' စစ်ကြောင်းစခန်းလို့ ခေါ်လို့ရတာပေါ့။ ကနဲလေးမှာတော့ အမြောက်တပ် တွဲဖက် ပြီးတော့မှ ၁၂၀ မမ ၂ လက် ထားတယ်။ ဘုရင့်နောင်ရယ်၊ မော်ခီးရယ်ကျတော့ ၆၀ မမ စိန်ပြောင်းတို့၊ ၈၁ မမ စိန်ပြောင်းတို့ ဒါပဲရှိတာပေါ့ '' ဟု ပြောသည်။
ဝေါလေဗျူဟာ၏ စစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ ကနဲလေးစခန်းကို KNLA ပူးပေါင်းတပ်များက မေလ ၂၈ ရက်တွင် သိမ်းပိုက်ရရှိပြီးနောက် ဘုရင့်နောင်စခန်းအား ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားသောကြောင့် စခန်းအား အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် တော်လှန်ရေးတပ်များ၏ စခန်းသိမ်းတိုက်ပွဲများကြောင့် စစ်ရေးပြင်းထန်နေရာ ဒေသခံအများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ထိုင်းသတင်းများကလည်း ဖော်ပြနေကြသည်။
ပုံစာ-မေလ ၂၈ ရက်က ကနဲလေးစခန်းသိမ်းပိုက်ပြီးနောက် တွေ့ရပုံ/ KNU

မော်ခီးစစ်စခန်း KNLA ပူးပေါင်းတပ် ထပ်သိမ်း
ဧရာဝတီ၊ မေ ၃၀၊ ၂၀၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များသည် မော်ခီးစစ်စခန်းကို ထပ်မံသိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ယနေ့ နံနက်အစောပိုင်း၌ ဘုရင့်နောင်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် နံနက် ၁၀ နာရီကျော်တွင် မော်ခီးစခန်းအား ထပ်မံ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတပ်စခန်းများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမြောက်တပ်ခွဲတည်ရှိရာ ကနဲလေးစခန်းကို ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်ပြီးနောက် ခုခံမှု ကောင်းကောင်းမလုပ်နိုင်တော့ဘဲ ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့သောကြောင့် အလွယ်တကူ သိမ်းပိုက်နိုင်ခြင်းဟု သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မော်ခီးစခန်း၊ ကနဲလေးစခန်းနဲ့ ဝေါလေဗျူဟာတို့က ဖိုခနောင့်ဆိုင် အနေအထားပဲ။ ဘုရင့်နောင်တပ်စခန်းဆိုရင်လည်း ကနဲလေးအစွန် ထိုင်းနယ်စပ်ဘက် ပိုကျပေမယ့် စခန်းတွေက ဆက်စပ်နေတာ။ ဝေါလေတို့၊ ကနဲလေးတို့ကနေ ၁၂၀ မမ နဲ့ မော်ခီးရော၊ ဘုရင့်နောင်ရော လှမ်းပစ်ကူပေးလို့ရတယ်” ဟု ပြောသည်။
မော်ခီးစခန်းကို ပြီးခဲ့သည့် ၂၀၂၂ မတ်လ၌ KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိခဲ့သော်လည်း စစ်ကောင်စီက ယင်းနှစ် ဧပြီလအတွင်း ပြန်လည်ထိန်းချုပ် စခန်းထိုင်ခဲ့သည်။ ကြားကာလတွင် ပူးပေါင်းတပ်များ တိုက်ခိုက်မှုရှိခဲ့သော်လည်း ကနဲလေးစခန်းမှ အဓိကပစ်ကူပေးနေသောကြောင့် ထိရောက်စွာ ထိုးစစ်ဆင်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ထိုစခန်းများသည် စစ်ကောင်စီ၏ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃) လက်အောက်ခံ ဝေါလေဗျူဟာ ရှေ့တန်းစခန်းများဖြစ်ကြောင်း CDM အရာရှိများက ပြောသည်။
ပုံစာ - ၂၀၂၂ မတ်လ၌ မော်ခီစခန်းအား KNLA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိခဲ့စဥ်(ပုံဟောင်း)/ CJ

ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊ မေ ၃၀၊ ၂၀၂၅
စစ်ကောင်စီ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်းအနိမ့်ဆုံး ဆန်ကြမ်း (ဆန်ကွဲ ပါဝင်မှု ၂၅ ရာခိုင်နှုန်းပါ) ၁ အိတ် (အနိမ့်ဆုံး)- ၆၀,၀၀၀ ကျပ်၊ အချောအမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် (အမြင့်ဆုံး)- ၁၅၀,၀၀၀ ကျပ် (အဟောင်း ပထမတန်းစား)၊ ရွှေဘိုပေါ်ဆန်း - ၁၃၅,၀၀၀ ကျပ် (အသစ်ပထမတန်းစား)
ပြင်ပလက်ကား ဈေးကွက်မှာ ကြိုက်ရောင်းကြိုက်ဝယ် အမြင့်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး အရောင်းအဝယ် ပါးနေကြောင်း ဝါးတန်းလမ်း ကုန်စည်ဒိုင်အတွင်းရှိ ကုန်သည်များထံမှ သိရသည်။
စားအုန်းဆီ
စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၆,၃၉၀ ကျပ် ၊ လက်လီသတ်မှတ်ဈေးမှာ ၇,၀၀၀ ကျပ်၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၀,၀၀၀ ကျပ်ဝန်းကျင်ရှိနေ
ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ (ယခင်တပတ်ထက် ဓာတ်ဆီ တလီတာ ၁၅ ကျပ်၊ ဒီဇယ်တလီတာ ၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ်တလီတာ ၄၅ ကျပ် ကျလာသည်။)
ဓာတ်ဆီ ၉၂ တလီတာ ၂,၈၅၅ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၂,၉၁၀ ကျပ်
ဒီဇယ် တလီတာ ၂,၄၀၅ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၂,၉၇၀ ကျပ်
တချို့ စစ်ပွဲဖြစ်ပွားသည့် ဒေသများ အပါအဝင် ဝေးလံခေါင်ဖျားဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။
ရွှေနှင့် ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄,၄၃၅ ကျပ်ဝန်းကျင်ရှိ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ်သိန်းပေါင်း ၇၆ သိန်းကျော်ရှိ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား ကျပ် ၇၁ သိန်းကျော်ရှိ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၃၀၃
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး
စံချိန်မီ ရွှေ ၁ ကျပ်သား(၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်) ၅,၇၇၀,၀၀၀ ကျပ်
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ