ကောလင်းတွင် စာသင်ကျောင်းဗုံးကြဲခံရမှု အရပ်သားထိခိုက်မှုရှိ
ဧရာဝတီ၊ ဧပြီ ၁၀၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်း အင်ပင်လှရွာစာသင်ကျောင်းအား ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် စစ်တပ်မှ လေကြောင်း တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကလေးငယ်တဦး သေဆုံးဖွယ်ရှိကြောင်း Kawlin Info က ဖော်ပြသည်။
စာသင်ကျောင်းအား ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပျက်အစီးများကြားတွင် အသားစအချို့လည်း တွေ့ရကြောင်း ပါရှိသည်။
ယမန်နေ့ကလည်း ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းကျေးရွာဆေးရုံအနီးသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၂၀ ကျော် သေဆုံးပြီး ၅၀ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင်လည်း ယမန်နေ့ညပိုင်း၌ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် မင်းတပ်တွင် အရပ်သား ၆ ဦး၊ တီးတိန်တွင် အရပ်သား ၆ ဦး သေဆုံးခဲ့ရသည်။
အာဏာသိမ်းစစ်တပ်အနေဖြင့် ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် ဧပြီ ၂ ရက်မှ ၂၂ ရက်ထိ တဖက်သတ်အပစ်အခတ်ရပ်စဲ ကြောင်း ကြေညာခဲ့ထားသော်လည်း အရပ်သားပစ်မှတ်များအား ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ - Kawlin Info
#WhatsHappeningInMyanmar
#MyanmarEarthquake
#Earthquake2025
#earthquake #Sagaing
#Mandalay
#Naypyitaw
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Clickandpledge
The Irrawaddy
ထိုင်း-မြန်မာနယ်စပ် ကော့မြစ်ရေအဆိပ်သင့်မှုကိုင်တွယ်ရေး မြန်မာပူးပေါင်းရန် ထိုင်းမျှော်လင့်
ဧရာဝတီ၊ ဧပြီ ၁၀၊ ၂၀၂၅
ထိုင်းအာဏာပိုင်များသည် ချင်းမိုင်အတွက် အရေးပါသော ရေအရင်းအမြစ်ဖြစ်သည့် ကော့မြစ်ရေတွင် တွေ့ရှိရသော အန္တရာယ်ရှိအဆိပ်သင့်ညစ်ညမ်းမှုအား ကိုင်တွယ်ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံမှ တုံ့ပြန်မှုကို စောင့်မျှော်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စတင်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ရာ ဒေသများမှတဆင့် စီးဆင်းလာသည့် ကော့မြစ်သည် ချင်းမိုင်နှင့် ချင်းရိုင်ရှိ လူထုအတွက် အရေးကြီးသော ရေအရင်းအမြစ်တခုဖြစ်ကာ နောက်ဆုံးတွင် မဲခေါင်မြစ်နှင့် ပေါင်းဆုံသည်။
ရေဓာတ်ခွဲစမ်းသပ်မှုများအရ ကော့မြစ်တွင် အာဆင်းနစ်နှင့် ခဲဓာတ်ကဲ့သို့သော သတ္တုဓာတ် ပမာဏသည် ဘေးကင်း သတ်မှတ်ချက်ထက် နှစ်ဆပိုများနေကြောင်း တွေ့ရှိထားသဖြင့် ရေအသုံးပြုမှုကို ယာယီရပ်ဆိုင်းရန် အကြံပြုထားကြောင်း သိရသည်။
အမျိုးသားရေအရင်းအမြစ်ရုံး (ONWR) အတွင်းရေးမှူးချုပ် ဆူရာဆီ ကစ်တီမွန်ထွန်က "ဒီပြဿနာကို ကိုင်တွယ် ဖြေရှင်းရာမှာ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ဖို့ နိုင်ငံနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုဟာ အလွန် အရေးကြီးပါတယ်" ဟု ပြောသည်။
ယင်းပြဿနာကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ ပါဝင်မှု လွယ်ကူချောမွေ့စေရန် မဲခေါင်မြစ်ကော်မရှင် အတွင်းရေးမှူးချုပ်ရုံးနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့မှတဆင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။
"ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမူဘောင်များမှတဆင့် မြန်မာအစိုးရထံမှ အပြုသဘောဆောင်သော တုံ့ပြန်မှု ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကစ်တီမွန်ထွန်က ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည်လည်း မြန်မာနိုင်ငံနှင့် သံတမန်လမ်းကြောင်းများမှတဆင့် ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန၏ အဆိုအရ ယခုတွေ့ရှိနေရသော ညစ်ညမ်းမှုသည် ဝ ဒေသရှိ နိုင်ငံခြားကုမ္ပဏီများအား ခွင့်ပြုထားသည့် ရွှေတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်နေနိုင်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ-Bangkok Post

TNLA ကောက်ခံမည့် လျှပ်စစ်မီတာခနှုန်းထား ထုတ်ပြန်
ဧရာဝတီ၊ ဧပြီ ၁၀၊ ၂၀၂၅
တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ဒေသများအတွင်း ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများအား ထုတ်ပြန်လိုက်ပြီး ယခုလမှစတင်ကာ ကောက်ခံသွားမည် ဖြစ်ကြောင်း ဆိုထားသည်။
ဧပြီ ၆ ရက် လျှပ်စစ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ အိမ်သုံးမီတာရိုးရိုး ၁ ယူနစ် အနိမ့်ဆုံး ကျပ် ၅၀ မှ ကျပ် ၃၀၀၊ စက်မှုလုပ်ငန်းသုံးမီတာ ၁ ယူနစ် အနိမ့်ဆုံးကျပ်၂၅၀ မှ ကျပ် ၅၀၀ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ စစ်ကောင်စီကောက်ခံသည့် မီတာခနှုန်းထားအနေဖြင့် အိမ်သုံးမီတာ၊ စီးပွားရေးလုပ်ငန်းများ မပါသော ဘာသာ/သာသနာ အဆောက်အုံများအနေဖြင့် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀၊ ၁၀၀ မှ ၂၀၀ ယူနစ်အထိ ၁၅၀၊ ၂၀၁ ယူနစ်အထက် ၃၀၀ သတ်မှတ် ထားပြီး အိမ်သုးမဟုတ်သော အမျိုးအစားများအတွက် ၁ ယူနစ်မှ ၅ ထောင်ယူနစ်ထိ ၂၅၀၊ ၅၀၀၁ မှ ၂ သောင်း ယူနစ်ထိ ၄၀၀၊၂၀၀၀၁ ယူနစ်အထက်လျှင် ၅၀၀ ဟူ၍ သတ်မှတ်ကောက်ခံလျက်ရှိသည်။

ငလျင်ကြောင့် အင်းဝရှိ သမိုင်းဝင်အမွေအနှစ် ၇၅ ရာခိုင်နှုန်းခန့် ပျက်စီး
ဧရာဝတီ၊ ဧပြီ ၁၀၊ ၂၀၂၅
ပြီးခဲ့သည့် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန် အတွင်း သမိုင်းဝင် အမွေအနှစ်အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ ရှေးဟောင်းယဥ် ကျေးမှုနှင့် အမျိုးသားပြတိုက်ဦးစီးမှုဌာနက ထုတ်ပြန်သည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုစာရင်း ကောက်ယူရာတွင် ပြိုပျက်နေသော စေတီများအတွင်းမှ မူလစေတီငယ်ကိုငုံပြီး တည်ထားသည့် နှစ်ထပ်စေတီများ တွေ့ခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။
သောတပန်ဘုရားအနီး အမှတ် ၉၃ စေတီတွင် ၁ ဆူ၊ ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် ၃၁၆ နှင့် ၃၁၈ တွင် ၂ ဆူ၊ အမှတ် ၂၁ ကြေးနီမုဌောတွင် ၁ ဆူ၊ မြသိန်းတန်ဘုရားအနီး ကိုစံငွေ ယာခင်းအနီးတွင် ၁ ဆူ၊ မင်္ဂလာရပ် ကျောဘက်ဦးထွန်းနိုင် ယာခင်း အနီးတွင် ၂ ဆူ၊ ရှင်ပင်ခရေသီးတွင် ၁ ဆူ၊ အနောက်ရိပ်သာဝင်းတွင် ၁ ဆူ၊ ပုလိပ်ဘုရားစုတွင် ၁ ဆူ၊ ကျောက်ဆည်မြို့၊ အင်ရောင်းဘုရားစုတွင် ၁ ဆူ၊ မန္တလေးမြို့၊ ကျောက်ဆည်မြို့နယ်၊ တောတွင်ရွာ တွင် ၁ ဆူ၊ မန္တလေးမြို့၊ ဘုရားနီဘုရားတွင် ၁ ဆူ စုစုပေါင်း ၁၃ ဆူ တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထို့ပြင် သုံးထပ်လိုဏ်ဂူဘုရားများကို ပင်းယတွင် ၁ ဆူ၊ မြစ်ငယ်တွင် ၃ ဆူ၊ စာတိုး မြို့ပြင်ကြီးတွင် ၁ ဆူ စုစုပေါင်း ၃ ဆူ တွေ့ရှိရကြောင်း၊ ပဏာမ ကွင်းဆင်းစစ်ဆေးချက်အရ မန္တလေးမြို့၊ ၈၁ လမ်းပေါ် ၂၁ x ၂၂ အကြားရှိ ဘုရားနီဘုရားမှာ ငလျင်ဒဏ်ကြောင့် အပေါ်ယံအုတ်များကွာကျ၍ အတွင်းတွင် အင်းဝခေတ်နှောင်းပိုင်းကတည်းက တည်ထားခဲ့သည်ဟု ယူဆရသော စေတီရှိပြီး ၎င်းစေတီအား အမရပူရခေတ်တွင် တကြိမ် ထပ်မံငုံ၍ တည်ထားသည်ကို တွေ့ရှိရကြောင်း သိရသည်။
အင်းဝဒေသတွင်လည်း ပထမအင်းဝခေတ်၌ တည်ထားခဲ့သော ဘုရား ၉ ဆူအနက် အချို့ ဘုရားများသည် ညောင်ရမ်းခေတ် တွင် ဒုတိယအကြိမ်ငုံ၍ ထပ်မံမွမ်းမံပြင်ဆင်ထားသည်ကိုလည်းကောင်း၊ အချို့သည် ပထမ အင်းဝခေတ်နှောင်းပိုင်းတွင်ပင် ထပ်မံငုံ၍ မွမ်းမံပြင်ဆင်ထားသည်ကိုလည်းကောင်း ကနဦးစစ်ဆေးတွေ့ရှိကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ - Department of Archaeology and National Museum

ဧပြီ ၁၀ ရက် နံနက်ပိုင်း စစ်ကောင်စီထုတ်ပြန်ချက်အရ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ ပြင်းထန်ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၈ ဦးနှင့် ပျောက်ဆုံးသူ ၁၄၅ ဦး ရှိကြောင်း သိရသည်။
လက်ရှိအချိန်ထိ ကယ်ဆယ်ရေး မလုံလောက်သောကြောင့် ပိတ်မိနေသူ အများအပြားရှိနေပြီး ထိခိုက်သေဆုံးသူ ဦးရေမှာလည်း တိုးလာနေသည့်အတွက် ဧရာဝတီက စုံစမ်းရရှိထားသော သေဆုံး၊ ထိခိုက်မှု နောက်ဆုံးရစာရင်းများကို အောက်ပါလင့်ခ်တွင်
https://burma.irrawaddy.com/.../2025/03/30/399148.html

ဧရာဝတီ
“စစ်ကိုင်းငလျင် နောက်ဆုံးရ သေဆုံးစာရင်း”
ပြင်းအား ၇ ဒသမ ၇ ရှိသည့် မြေငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနေရာများ ဆိုးရွားစွာပျက်စီးခဲ့သလို လက်ရှိအချိန်ထိ အကူအညီများ လိုအပ်လျက်ရှိသည်။
လူသတ်မှုကျူးလွန်သူ ၅ ဦးအား MNDAA သေဒဏ်ပေး
ဧရာဝတီ၊ ဧပြီ ၁၀၊ ၂၀၂၅
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) က လားရှိုးမြို့နယ်အတွင်း လူသတ်မှုကျူးလွန်သူ တရားခံ ၅ ဦးအား ယနေ့ သေဒဏ်ပေး ကွပ်မျက်ခဲ့ကာ ကျန် ၃ဦးကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း ကိုးကန့်မီဒီယာမှ သတင်း ထုတ်ပြန်သည်။
ယနေ့နံနက်ပိုင်းအမှုစီရင်မှုတွင် သမီးဖြစ်သူအား မုဒိန်းမှုကျူးလွန်သူကို ထောင်တသက်ပြစ်ဒဏ်၊ လုယက်မှု၊ ဓားပြမှု၊ အပြင်းအထန်နာကျင်စေမှုတို့ ကျူးလွန်သူနှစ်ဦးအနက် တဦးမှာ သေဒဏ်( ၂ နှစ်ဆိုင်းငံ့)နှင့် တဦး ထောင်ဒဏ်တသက် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်းလည်း သိရသည်။
MNDAA သည် ယမန်နှစ် မေလအတွင်းကလည်း လူသတ်မှု၊ မုဒိန်းမှုကျူးလွန်သူတရားခံအချို့ကို သေဒဏ် ကွပ်မျက်ခဲ့ဖူးသည်။
ပုံစာ - လားရှိုးမြို့တွင် ယနေ့နံနက်ပိုင်းက တရားစီရင်မှုမြင်ကွင်း/ MNDAA