ရန်ကုန်မြို့က တရုတ်နှစ်ကူးပွဲ
ဧရာဝတီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅
အာဏာသိမ်းမှု ၄ နှစ်ပြည့်တော့မည့် ယခုနှစ်တွင် ကျရောက်သော တရုတ်နှစ်ကူးပွဲတော်ကို စစ်ကောင်စီက ရန်ကုန်မြို့၌ စည်ကားစွာ ကျင်းပနေသည်ကို တွေ့ရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှစ၍ တရုတ်နှစ်သစ်ကူးပွဲတော်ကို အဖြစ်သဘောမျှသာ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင်မူ တရုတ်ခြင်္သေ့အက၊ နဂါးအကများ၊ စတိတ်ရှိုးများ၊ ပွဲစျေးများဖြင့် လသာမြို့နယ် တရုတ်တန်း(China Town)၌ စည်းကားစွာ ကျင်းပလျက်ရှိသည်။
ယခုနှစ်သည် တရုတ်ရာသီခွင် ၁၂ မျိုးမှ မြွေနှစ် ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်သည် တရုတ်နှစ်ကူးနေ့ဖြစ်ပြီး နဂါးနှစ်မှမြွေနှစ်သို့ ကူးပြောင်းသောနှစ် ဖြစ်သည်။
လသာမြို့၊ စဉ့်အိုးတန်းလမ်းတွင် တရုတ်ရိုးရာ နဂါးအကအလှပြိုင်ပွဲသို့ လာရောက်ကြည့်ရှုသူများ၊ စျေးပွဲတော်သို့ လည်ပတ်သူများဖြင့် များပြားလှသည်။
သတင်းနှင့်ဓာတ်ပုံ - Jack
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Clickandpledge
The Irrawaddy
“ဒါမျိုးတွေ ပစ်ထားရင် အစိုးရမဟုတ်တော့ဘူး၊ အစိုးရဂုဏ်သိက္ခာကို ထိန်းချင်လို့ ကြာလေ ပိုပြီးတော့ သိက္ခာကျလေပဲ”
Website တွင် ဖတ်ရန် https://bit.ly/40PlKEC
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Website တွင် ဖတ်ရန် https://bit.ly/40PlKEC
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
ဧရာဝတီ
NUG တာဝန်ယူရမယ့် ကန့်ဘလူ အချုပ်စခန်းက လိင်အကြမ်းဖက်မှု
ဦးမဲခေါင်က မဝင်းဝင်းကို လိင်အကြမ်းဖက်မှုလုပ်တယ်ဆိုတဲ့ သတင်းဟာ အခုမှ ပထမဆုံးအကြိမ် ထွက်ပေါ်လာတာတော့ မဟုတ်ပါဘူး။
ဆားလင်းကြီး ပကဖမှ ပြည်သူသုံးဦးကို ရိုက်နှက်မှု နှစ်လကျော်ထိ အရေးမယူသေး
ဧရာဝတီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဝင်များက ပြည်သူသုံးဦးအား ရိုက်နှက်ခဲ့မှုအပေါ် တိုင်ကြားထားမှုနှင့် ပတ်သက်၍ ယခုအချိန်ထိ အရေးယူမှုမရှိသေးကြောင်း သိရသည်။
မြို့နယ် ပကဖ ဘဏ္ဍာရေးတာဝန်ခံ ကိုတူး(ခေါ်)ကိုလက်ရာနှင့် ၎င်း၏ရဲဘော်လေးဦးတို့သည် ၂၀၂၄ နိုဝင်ဘာ ၂၇ ရက်၊ ည ၈ နာရီတွင် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးလမ်းမပေါ်ရှိ BOC ဆီဆိုင်၌ အလုပ်လုပ်နေသော ကိုခင်မောင်ထွန်း(၂၅ နှစ်)၊ ကိုသာဖြိုးဝေ(၂၇ နှစ်)၊ ၎င်းတို့နှင့် ဦးလေးတော်စပ်သူ ပုလဲနယ်မှ စစ်ရှောင်လာသည့် ဦးဆန်းမင်းဦး(၄၀ နှစ်) တို့အား ညကင်းတဲကို ခဲဖြင့်ထုသည်ဟုစွပ်စွဲချက်ဖြင့် မသေရုံတမယ် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
အရိုက်ခံရသူများဘက်မှ ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ရုံး၊ ပကဖ တာဝန်ခံနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊တိုင်း တိုင်ကြားရေးဆိုင်ရာကော်မတီနှင့် တိုင်း ပကဖရုံးအထိ တိုင်ကြားထားသည်မှာ နှစ်လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ် ပအဖ ဒုတာဝန်ခံက "ကိုတူးနဲ့သူ့ရဲဘော်တွေကို လက်နက်ကိုင်ဆောင်ခွင့် နှစ်ပတ်ရပ်ဆိုင်းထားတယ်လို့ သိရတယ်။ ရုံးချိန်း ရှိမရှိတော့ မသိသေးဘူး။ ရပ်ဆိုင်းထားတယ်သာပြောတာ သွားသွားလာလာနဲ့ အစည်းအဝေးတက်တာတော့ တွေ့နေတာပဲ" ဟု ပြောသည်။
ယခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကိုတူး(ခေါ်)ကိုလက်ရာအား မြို့နယ် ပကဖ၊ ပအဖများက ပထမအကြိမ် ခုံရုံးတင်စစ်ဆေးပြီးနောက် တာဝန်မှနှစ်ပတ်အနားပေးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၀ ရက် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၏ ရုံးချိန်းထပ်မံခေါ် ယူမှုကိုမူ တက်ရောက်ခြင်းမရှိကြောင်း၊ ထိုသို့ စစ်ဆေးပြီးပါက တရားရုံး၏ အမိန့်ချမှုကိုသာ စောင့်ရန်ကျန်တော့ ကြောင်း သိရသည်။
"သူတို့က ကျနော်တို့ကို ဆေးဖိုးဝါးခပေးမယ်၊ ပြေပြေလည်လည်နဲ့ အမှုကို ပြီးသွားစေချင်တာ၊ ကျေအေးပေးစေချင်တာပေါ့။ ကျနော်တို့ကတော့ လက်မခံဘူးဗျ။ သူတို့ ချမှတ်ထားတဲ့မူဝါဒအတိုင်း အရေးယူဆောင်ရွက်သွားစေချင်တယ်။ ဆေးဖိုးဝါးခလည်းမလိုချင်ဘူး" ဟု ရိုက်နှက်ခံရသူတဦးက ဆိုသည်။
ဆားလင်းကြီးမြို့နယ် ဘဏ္ဍာရေးတာဝန်ခံ ကိုတူးသည် ၂၀၂၁ အာဏာသိမ်း အစောပိုင်းကာလကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ခန့်အပ်ထားသော မြို့နယ်ဘဏ္ဍာရေးတာဝန်ခံဖြစ်ပြီး ယနေ့အချိန်ထိ တာဝန်ယူထားဆဲ ဖြစ်သည်။
ကိုတူးနှင့်အဖွဲ့သည် ယခုရိုက်နှက်မှုဖြစ်စဥ်အပြင် ခိုးမှုများအား ရိုက်နှက်စစ်ဆေး၍ လက်လွန်ကာ အသက်ဆုံးရှုံးရမှုများ ရှိကြောင်း၊ သုံးလရှိပြီဖြစ်သော ကိုယ်ဝန်ဆောင်သည်ကို ကန်လိုက်ရာ ကိုယ်ဝန်ပျက်ကျသည့်အဖြစ်လည်း ရှိခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
အဆိုပါဖြစ်စဥ်များနှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် ဧရာဝတီက ဆားလင်းကြီးမြို့နယ် ပကဖ၊ ပအဖ တာဝန်ခံများကို ဆက်သွယ်သော်လည်း သင်တန်းများ တက်ရောက်နေသောကြောင့် ဆက်သွယ်မရခဲ့ဘဲ ပအဖ ဒုတာဝန်ခံကိုသာ ဆက်သွယ်ရခဲ့သည်။
သတင်း - ဒိုရာ/ CJ
ပုံစာ - ဆားလင်းကြီးမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများ / ဆားလင်းကြီးမြို့နယ်-လက်ပံတောင်းတောင်ပင်မသပိတ်

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို အမေရိကန် ဆက်ထောက်ပံ့မည်
ဧရာဝတီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို အမေရိကန်နိုင်ငံမှ အကူအညီပေးနေသည့် အစားအစာနှင့် အာဟာရအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဟု ဒါကာအခြေစိုက် အမေရိကန်သံရုံးက အတည်ပြုခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၆ ရက်၊ မွန်းလွဲပိုင်းတွင် ဒါကာမြို့ရှိ အမေရိကန်သံရုံးအရာရှိများက အဆင့်မြင့်ကိုယ်စားလှယ် ဒေါက်တာ Khalilur Rahman ထံ သွားရောက်လည်ပတ်ခဲ့ရာ၌ အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေရသော ရိုဟင်ဂျာများ ပြန်လည်ထူထောင်ရေးနှင့် အာဟာရပံ့ပိုးမှုများအတွက် အမေရိကန် အကူအညီများ ရပ်ဆိုင်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် သမ္မတ Trump အား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း လည်း ဒေါက်တာ Khalilur Rahman က ပြောကြားထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာတဝှမ်းရှိ နိုင်ငံခြားအကူအညီအားလုံးနီးပါးကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ထားရန် ဇန်နဝါရီ ၂၀ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ကမ္ဘာတဝှမ်းရှိ အစီအစဉ်များအတွက် အမေရိကန် နိုင်ငံခြားရေးဌာနနှင့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) တို့မှ ရန်ပုံငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ဆိုင်းငံ့ထားရန် ညွှန်ကြားချက်ကို အမေရိကန်သံရုံးများထံ ပေးပို့ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဌာန၏ အမိန့်သည် အရေးပေါ်စားနပ်ရိက္ခာအကူအညီအပြင် အစ္စရေးနှင့် အီဂျစ်တို့အတွက် နိုင်ငံခြားစစ်ဘက်ဆိုင်ရာ ဘဏ္ဍာငွေများ ကင်းလွတ်ခွင့်ပေးထားသည်။ ယူကရိန်း သို့မဟုတ် ထိုင်ဝမ်တို့ကဲ့သို့ နိုင်ငံခြား စစ်ဘက်ဆိုင်ရာ ဘဏ္ဍာငွေရရှိသည့် အခြားနိုင်ငံများကိုမူ အထူးဖော်ပြထားခြင်း မရှိပေ။
ပုံစာ - ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း၊ ကော့ဘဇားရှိ အူကီယာ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများ / AFP

ဒေါက်တာ နေစိုးမောင်ကို ၅၀၅ က ရဲ့ အမြင့်ဆုံးပြစ်ဒဏ် ထောင် ၃ နှစ် အမိန့်ချတာဆိုတာ မှန်ပါတယ်။ ပြီးခဲ့တဲ့ ၁၆ ရက်နေ့က အမိန့်ချတာလို့ သိရတယ်။ သူ့အမှုကို ရန်ကုန်က ရှေ့နေတွေ မန္တလေးကို ဆင်းလာပြီး အမှုလိုက် ကြတာမို့ အသေးစိတ်တော့ မသိရဘူးဗျ။ လက်ရှိ အိုးဘိုထောင်သီးသန့်အဆောင်မှာ သူ့ကို သီးသန့်ထားထားတယ်လို့ သိရတယ်
Website တွင် ဖတ်ရန် https://bit.ly/4h55N2C
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Website တွင် ဖတ်ရန် https://bit.ly/4h55N2C
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
ဧရာဝတီ
စစ်ကောင်စီကိုဝေဖန်၍ ဦးသန်းရွှေသားမက် ဒေါက်တာ နေစိုးမောင် ထောင် ၃ နှစ်ကျ
လက်ရှိအချိန်တွင် ဒေါက်တာ နေစိုးမောင်အား မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)၌ အခြားအကျဉ်းသားများနှင့်အတူ မထားဘဲ သီးသန့်ခွဲ၍ ထားရှိသလို ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊ဇန်နဝါရိ ၂၇၊ ၂၀၂၅
စစ်ကောင်စီ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ်- ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ်- ၁၃၅၀၀၀ (အသစ်) ကျပ်
ပြင်ပလက်ကား ဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ် အမြင့်ဈေးတမျိုးအရောင်းအဝယ်ရှိနေပြီး အရောင်းအဝယ် ပြုလုပ်နေကြကြောင်း သိရသည်။
စားအုန်းဆီ
စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇၂၄၅ ကျပ်၊ လက်လီသတ်မှတ်ဈေးမှာ ၇၇၀၀ ကျပ်ကျော်၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ
ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ
(တလီတာလျှင် ၆၀ ကျပ်မှ ၁၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာသည်။)
ဓာတ်ဆီ ၉၂ တလီတာ ၃၁၃၀ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၃၂၀၀ ကျပ်
ဒီဇယ် တလီတာ ၂၈၆၅ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၃၅၂၅ ကျပ်
တချို့ စစ်ပွဲဖြစ်ပွားသည့် ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။
ရွှေနှင့် ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄၅၈၀ ကျပ်ဝန်းကျင်တွင် ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၆၅၀၀၀၀၀ သိန်းဝန်းကျင်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား ကျပ် ၆၂ သိန်းဝန်းကျင်တွင် ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ၂၇၅၅
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး
အကယ်ဒမီအခေါက် ရွှေ ၁ ကျပ်သား ၅၄၅၀၀၀၀ ကျပ်
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

ဆေးရုံ ဗုံးကြဲတာ လူမဆန်တဲ့လုပ်ရပ် (ရုပ်/သံ)
ဧရာ၀တီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅
အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲခရိုင်ဆေးရုံ အခြေအနေကို ဧရာဝတီက ကွင်းဆင်းမှတ်တမ်းတင်ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံ အလယ်တည့်တည့်ကို စစ်ကောင်စီက ဇန်နဝါရီလ ၂၅ ရက်နေ့မွန်းလွဲပိုင်းမှာ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်း ၂ ဦးအပါအဝင် ဆေးကုသမှုခံယူနေတဲ့ အရပ်သား တချို့ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဆေးကုသခံယူဖို့ရောက်ရှိနေတဲ့ အရပ်သားတွေထဲက ၂၀ ကျော် ဒဏ်ရာ ရထားပါတယ်။
ဗုံးဒဏ်ကြောင့် ဆေးရုံအဆောက်အဦတွေ၊ အရေးပေါ်ကုသရုံတွေနဲ့ ခွဲစိတ်ကုသဆောင်တွေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားသလို ကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိတဲ့ သိုလှောင်ဆေးဝါးတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ကျောက်မဲ ပြည်သူ့ဆေးရုံကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချတယ်လို့ TNLA နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့က ထုတ်ပြန် ထားပါတယ်။
https://youtu.be/4H2cttETxP0
#မြန်မာ #ဧရာဝတီ #ကျောက်မဲ #ဆေးရုံ #ဗုံးကြဲ #ရှမ်းပြည်နယ် #Crime
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
ဧရာ၀တီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅
အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲခရိုင်ဆေးရုံ အခြေအနေကို ဧရာဝတီက ကွင်းဆင်းမှတ်တမ်းတင်ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံ အလယ်တည့်တည့်ကို စစ်ကောင်စီက ဇန်နဝါရီလ ၂၅ ရက်နေ့မွန်းလွဲပိုင်းမှာ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်း ၂ ဦးအပါအဝင် ဆေးကုသမှုခံယူနေတဲ့ အရပ်သား တချို့ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဆေးကုသခံယူဖို့ရောက်ရှိနေတဲ့ အရပ်သားတွေထဲက ၂၀ ကျော် ဒဏ်ရာ ရထားပါတယ်။
ဗုံးဒဏ်ကြောင့် ဆေးရုံအဆောက်အဦတွေ၊ အရေးပေါ်ကုသရုံတွေနဲ့ ခွဲစိတ်ကုသဆောင်တွေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားသလို ကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိတဲ့ သိုလှောင်ဆေးဝါးတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ကျောက်မဲ ပြည်သူ့ဆေးရုံကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချတယ်လို့ TNLA နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့က ထုတ်ပြန် ထားပါတယ်။
https://youtu.be/4H2cttETxP0
#မြန်မာ #ဧရာဝတီ #ကျောက်မဲ #ဆေးရုံ #ဗုံးကြဲ #ရှမ်းပြည်နယ် #Crime
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
YouTube
ဆေးရုံ ဗုံးကြဲတာ လူမဆန်တဲ့လုပ်ရပ် (ရုပ်/သံ)
ဆေးရုံ ဗုံးကြဲတာ လူမဆန်တဲ့လုပ်ရပ် (ရုပ်/သံ)
ဧရာ၀တီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅
အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲခရိုင်ဆေးရုံ အခြေအနေကို ဧရာဝတီက ကွင်းဆင်းမှတ်တမ်းတင်ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
တအာင်းအမျိ…

“DSA ကို ၉ လအတွင်း နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းကို ပြောင်းပြီး အဲဒီက တက္ကသိုလ် ၃ ခုဖြစ်တဲ့ မွေး/ဆေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ် သုံးခုမှာ ဖွင့်မယ်လို့ ဒုဝန်ကြီးဆီက သိရတယ်”
Website တွင် ဖတ်ရန် https://bit.ly/4h7wCTV
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Website တွင် ဖတ်ရန် https://bit.ly/4h7wCTV
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
ဧရာဝတီ
ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်
နောက်ပိုင်းတွင် စစ်တက္ကသိုလ်ကို သူ၏ အင်္ဂလိပ်အမည် အတိုကောက်ဖြင့် ဒေါ်စိန်အေးဟု နောက်ပြောင်ခေါ်ဝေါ်ကြသည်။
အင်းတော်တွင် တိုက်ပွဲပြန်ဖြစ်
ဧရာဝတီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင် တခုတည်းကျန်ရှိနေသေးသော ဂျပန်ဆေးရုံဟောင်း (ဒေသအခေါ် ဂျပန်လိုဏ်ဂူ) ကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့နံနက် ၅ နာရီခန့်မှစပြီး ပြန်လည်ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
အင်းတော်မြို့ မြောက်ဘက်အစွန်ဆုံးရှိ ဂျပန်ဆေးရုံဟောင်းနှင့် တောင်ကြောတစပ်တည်း တည်ရှိသည့် မြို့မဘုန်းကြီးကျောင်း၌ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်(တပ်မ ၇၇) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တို့ ပူးပေါင်းအထိုင်ချတပ်စွဲထားကြောင်း သိရသည်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက “ဒီနေ့မနက်အစောပိုင်းကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်နေတာ။ လက်နက်ကြီး သံတွေ တအုန်းအုန်းနဲ့ အပြင်းအထန်ပါပဲ။ အင်းတော်က ကြာလည်းကြာနေပြီဆိုတော့ အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်တာ မျိုးလို့ ယူဆရတာပါပဲ။ မနက် ၉ နာရီလောက်ကစပြီး လေကြောင်းပစ်ကူတွေလည်း ပါလာတယ်” ဟု ပြောသည်။
အင်းတော်မြို့တိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ တောင်ပိုင်းစစ်ဒေသ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်းတပ်ဖွဲ့များ၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။
အင်းတော်မြို့မကျရေး နောက်ဆုံးလက်ကျန်စခန်း ဂျပန်လိုဏ်ဂူကုန်းပေါ်မှ ခုခံကာကွယ်နေသလို နံနက် ၉ နာရီခွဲခန့်ကစ၍ ဂျက်ဖိုက်တာ၊ Y12 လေယာဉ်များဖြင့် ပစ်ကူပေးနေကြောင်း၊ စစ်တပ်မှ ထွက်ခွာခွင့်မပေးသဖြင့် ပိတ်မိနေသည့် စစ်ရှောင် ပြည်သူများ မြို့မဘုန်းကြီးကျောင်း၌ ကျန်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အင်းတော်မြို့ခံတဦးက “ဒီနေ့တရက်တည်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ၈ ကြိမ်ထက်မနည်း ရှိနေပြီ။ တအုန်းအုန်းနဲ့ အသံတွေ တော်တော်ကိုညံနေတာပဲ။ မြို့ထဲမှာ ပြည်သူတွေတယောက်မှ မရှိတော့ဘူး။ မြို့ကလည်း အရင်တိုက်ပွဲတွေ ကတည်းက မြို့ပျက်ကြီးလို ဖြစ်ခဲ့တာဆိုတော့ ထပ်ပြီးပျက်စီးစရာတောင် ရှိပါ့ဦးမလား မသိတော့ပါဘူး” ဟု ပြောသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်နှစ် ဩဂုတ် ၁၆ ရက်မှစတင်ခဲ့ပြီး စစ်ကောင်စီနှင့် SNA တပ်ဖွဲ့ဝင်များသည် ဂျပန် ဆေးရုံဟောင်းနှင့် အင်းတော်မြို့မဘုန်းကြီးကျောင်းဘက်သို့ ဆုတ်ခွာ၍ အထိုင်ချတပ်စွဲခဲ့ပြီးနောက် စစ်ရှောင်အဖြစ် ရောက် ရှိနေသော ဒေသခံ ၅၀၀ ခန့်ကို လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်းကြောင့် ထိုးစစ်ရပ်ခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပြောထားသည်။
နိုဝင်ဘာ ၁၊ ၂၊ ၃ ရက်နေ့များ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းပစ်ကူပေး၍ ခုခံခဲ့သလို ပိတ်မိနေသည့်ဒေသခံ ၂၀၀ ကျော် လွတ်မြောက်ခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲများငြိမ်သက်ခဲ့ပြီး နှစ်ဖက်စစ်ဆိုင်ထားသော အခြေအနေရှိခဲ့ရာမှ ယနေ့ ပြည်သူ့ကာကွယ်ရေးတပ်များက ပြန်လည်ထိုးစစ်ဆင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ TNLA ပြော (ရုပ်/သံ)
ဧရာဝတီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅
ပြည်သူလူထုတွေရဲ့ အခက်အခဲ၊ အကြပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် တရုတ်ရဲ့ ကြားဝင် ညှိနှိုင်းဆွေးနွေးမှုနဲ့ အတူ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ပြောပါတယ်။
တရုတ်အစိုးရဟာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီ တို့အကြား အပစ်ရပ်ရေးကြားဝင်ဆောင်ရွက်မှု ပြုလုပ်ပြီးတဲ့နောက် TNLA နဲ့ပါ ဆွေးနွေးရေး ဖြစ်မြောက်အောင် စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် TNLA ဘက်က အခုလို တုန့်ပြန်လာတာဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ သူတို့ဆုံးရှုံးထားတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တဲ့လုပ်ရက်ဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေးမှုအတွက်ကိုပါ အတင်းအကြပ် ဖိအားပေးတဲ့သဘော သက်ရောက်စေတာဖြစ်တယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဗိုလ်မှူးနောင်ရိုးက ဧရာဝတီကို ပြောပါတယ်။
TNLA ထိန်းချုပ်ထားတဲ့မြို့တွေ၊ ကျေးရွာ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။
https://youtu.be/QGF497esiEs
#မြန်မာ #ဧရာဝတီ #တရုတ် #TNLA #MNDAA #Politic

ပြည်သူလူထုတွေရဲ့ အခက်အခဲ၊ အကြပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် တရုတ်ရဲ့ ကြားဝင် ညှိနှိုင်းဆွေးနွေးမှုနဲ့ အတူ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း တအာင်းအမျိုးသား…

ဆိပ်ဖြူတွင် လက်နက်ကြီးထိမှန်၍ ၅ ဦး သေဆုံး
ဧရာဝတီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၂)မှ အရှေ့ဘက် ကင်မွန်းတောင့်ကျေးရွာသို့ ယမန်နေ့ ညနေ ၅ နာရီခွဲခန့်၌ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ၅ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
သေဆုံးသူများမှာ အသက် ၅ နှစ်အရွယ် အမြွာနှစ်ဦး၊ အသက် ၅၀ ဝန်းကျင် လင်မယားနှစ်ဦးနှင့် အသက် ၈၀ ခန့် အဘွားတဦးတို့ဖြစ်ကြောင်း ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက "ကပစ-၂၂ နဲ့ ကင်မွန်းတောင့်ရွာက သိပ်မဝေးဘူး နှစ်မိုင်သာသာလောက်တော့ ရှိနိုင်တယ်။ လက်နက်ကြီး တကမ်းစာလောက်ပဲဆိုတော့ နီးတယ်လို့ပြောလို့ရပါတယ်။ လက်ရှိ ကပစတွေကို ခြိမ်းခြောက်လာနိုင်တာကြောင့် ခြောက်လှန့်ပြီး အခုလိုမျိုးတွေ ပစ်ခတ်နေတာ လေးငါးခါထက်မနည်းရှိနေပြီ။ တိုက်ပွဲဖြစ်လို့ ပစ်တာမျိုးမဟုတ်ဘူး” ဟု ပြောသည်။
ကင်မွန်းတောင့်ကျေးရွာမှာ အိမ်ခြေ ၁ ထောင်ကျော်ရှိသည့် ကျေးရွာကြီးတရွာဖြစ်ကာ ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ် အစပ်တွင် တည်ရှိသည်။
ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ကပစ-၂၁၊ ကပစ-၂၂ နှင့် ဝါဇီငွေစက္ကူစက်ရုံတို့ရှိပြီး ဇန်နဝါရီ ၁၉ ရက်၌ ဝါဇီစက်ရုံကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒရုန်းလက်ရုံးတပ်ဖြစ်သည့် သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး အပါအဝင် ပူးပေါင်းတပ်များက Short Range Missile (၁၇)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်အတွင်းရှိ ယင်းစက်ရုံများသည် စစ်တပ်အတွက် ခဲယမ်းမီးကျောက် ရေသောက်မြစ်ဖြစ်သကဲ့သို့ ဘဏ္ဍာရေး ငွေကြေးလည်ပတ်မှုပါ အရေးကြီးသောကြောင့် ဧရာဝတီအနောက်ခြမ်းအခြေစိုက် တခုတည်းသော တပ်မဖြစ်သည့် ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ နှင့် လက်အောက်ခံ ပခုက္ကူ၊ ရေစကြို၊ စလင်း အခြေစိုက် တပ်ရင်းများဖြင့် ခံစစ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။