ချောင်းသာမှာ သုံးပုံနှစ်ပုံလောက်က စိတ်မအေးကြဘူး။ ဟိုတယ်တွေ၊ KTV တွေ အကုန် ပိတ်လိုက်ပြီ။ ဈေးဆိုင်တွေဆို မရှိတော့ဘူး။ ချောင်းသာဘက်မှာ ဘာမှကို မရှိတော့ဘူး၊ အကုန်ကုန်သွားပြီ၊ မနေ့က ကျနော်တို့ ဟိုတယ်ကပစ္စည်းတွေ အကုန်သွားရွှေ့ရတာလေ။ ရွှေချောင်းသာတဲ့ ဟိုတယ်ကဟာတွေ အကုန်ရွှေ့ပေးရတယ်၊ မနေ့က မွေ့ယာတွေ၊ မီးစက်တွေရော ရွှေ့လို့ရတာ အကုန်ရွှေ့တာပေါ့။ ဟိုတယ်အခွံနဲ့ လုံခြုံရေး လောက်ပဲ ထားခဲ့တာပေါ့
Website တွင် ဖတ်ရန် https://bit.ly/4hpwTkC
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

ဧရာဝတီ
ရုရှားခရီးသွားများအား ဆွဲဆောင်မည့် ချောင်းသာ တိုက်ပွဲကြောင့် ပိတ်ရ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်း ဖြစ်ပွားနေသော အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲများကြောင့် ချောင်းသာကမ်းခြေရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ အပါအဝင် စားသောက်ဆိုင်များပါ ပိတ်သိမ်း ပြီး ကမ်းခြေတခုလုံး ခြောက်ကပ်နေကြောင်း…
စစ်ရေးအရှိန်မြှင့်ရန် တပ်ဖွဲ့ဝင်သစ်များကို PRA-Magway ဖိတ်ခေါ်
ဧရာဝတီ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၅
မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတွင် စစ်ဆင်ရေးများ ဖော်ဆောင်နေသည့် လူထုတော်လှန်ရေး မဟာမိတ်အင်အားစု - People's Revolution Alliance (PRA-Magway) က စစ်ရေးအရှိန်တိုးမြှင့်ရန်အတွက် တပ်ဖွဲ့ဝင်သစ်များ ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
PRA-Magway မှ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က “ကျနော်တို့ မကွေးတိုင်းထဲမှာရှိနေတဲ့ ဧရာဝတီမြစ်အနောက်ဘက် ခြမ်း တခုလုံး လွတ်မြောက်ရေးဆိုတဲ့ဟာကို စစ်ဆင်ရေး ရည်မှန်းချက်အနေနဲ့ ထားတယ်။ အဲဒီရည်မှန်းချက် မရောက်ခင်မှာ ကျနော်တို့ တဆင့်ချင်းဆီ သွားနေတဲ့ဟာတွေရှိတယ်။ အဲဒီတော့ လက်ရှိရှိနေတဲ့ တပ်ဖွဲ့ဝင်တွေရော၊ အသစ်ခေါ်ယူတဲ့ သင်တန်းသားတွေအားလုံး ဒီစစ်ဆင်ရေးတွေမှာ ပါဝင်ဖို့အတွက်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
PRA-Magway အနေဖြင့် မကွေးတိုင်း မင်းဘူးခရိုင်အတွင်းရှိ ငဖဲ၊ စေတုတ္တရာမြို့နယ်များကို အဓိကအားပြုပြီး စစ်ရေး လှုပ်ရှားလျက်ရှိရာ အင်အားတိုးချဲ့နိုင်ရေးနှင့် စစ်ဆင်ရေးများ ပို၍ တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင် နေသည်ဟု ဆိုသည်။
ယခု ၂၀၂၅ နှစ်ဆန်းပိုင်းမှာပင် စစ်ရေးဖော်ဆောင်မှု ၄ ကြိမ်အထိ ပြုလုပ်ထားပြီး အမ်း-ပဒါန်းလမ်းပိုင်းတွင် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၊ ဒေသခံ LPDF တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးဖော်ဆောင်မှုများရှိကြောင်း သိရသည်။
ဧရာဝတီမြစ်အနောက်ဘက်ခြမ်း စစ်ဆင်ရေးများအတွက် သင်တန်းသား ၁၀၀ ခေါ်ယူသွားမည်ဖြစ်ရာ လာမည့် မတ်လ ကုန်ထိ PRA တယ်လီဂရမ်ချန်နယ်နှင့် ဖေ့စ်ဘွတ်စာမျက်နှာများမှတဆင့် ဆက်သွယ်ဝင်ရောက်နိုင်ကြောင်း၊ ဖွင့်လှစ်ပြီး ခဲ့သော သင်တန်းအပတ်စဥ်(၆)ထိ ဦးရေ ၅၀ ကျော်ထိသာ ခေါ်ယူခဲ့ပြီး သင်တန်းအပတ်စဥ်(၇)တွင် သင်တန်းသားဦးရေ ၁၀၀ ခေါ်ယူလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုနောင်သူရိန်က “လက်ရှိမှာတော့ ရန်သူရဲ့ စစ်မှုထမ်းဥပဒေကလည်း အသက်ဝင်နေတုန်းပေါ့နော်။ အဲဒီတော့ ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တွေအနေနဲ့က ရွေးချယ်စရာ များများစားစား ရှိမနေဘူး။ စစ်ကောင်စီမှာ သွားပြီးတော့ အသေခံမလား၊ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ အတူတူ စစ်ကောင်စီကို တော်လှန်မလား ရွေးချယ်ရမယ့် အချိန် ရောက်ပြီလို့ ကျနော် ပြောချင်ပါတယ်” ဟု ဆိုသည်။
ပုံစာ - PRA-Magway အခြေခံစစ်သင်တန်းအပတ်စဉ်(၆) သင်တန်းဆင်းပွဲ / PRA-Magway
#WhatsHappeningInMyanmar
#RejectMilitaryCoup

Clickandpledge
The Irrawaddy
ကျားဖြန့်အရေး နှစ်နိုင်ငံစစ်တပ် ဆွေးနွေး
ဧရာဝတီ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၅
နှစ်နိုင်ငံနယ်စပ်ရှိ မြဝတီကျားဖြန့်အရေး မြင့်မားနေချိန် ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်ရုံး ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန် သည် ဒုစစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံသည်။
ဆွေးနွေးပွဲတွင် နယ်စပ် တရားမဝင်လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများ ပပျောက်ရေး နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်ကြား ပူးပေါင်း ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံမှ အရေးယူထားရှိမှုအပြင် တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးကိစ္စများကို ဆွေးနွေးသည်ဟု စစ်ကောင်စီ သတင်းက ဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံက တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် နယ်စပ်လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်နေသလို လတ်တလော ဖြစ်ပေါ် လာသည့် တရုတ်ကျားဖြန့် အရေးအပေါ် မြန်မာက ထိုင်းအား အပြစ်ပုံသည့် သဘောမျိုး စစ်ကောင်စီမှ သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၆ ရက်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက အာဆီယံအဖွဲ့ဝင် သံအမတ်ကြီးများနှင့် ဘေဂျင်းမြို့၌ တွေ့ဆုံရာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများနှင့် တရားမဝင်လောင်းကစား ပူးပေါင်းနှိမ်နင်းရေးကိစ္စများ ဆွေးနွေးခဲ့သည်။
ဓာတ်ပုံ-CINCDS

ရဲရဲတွေး ရဲရဲပြော (ရုပ်/သံ)
ဧရာဝတီ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၅
https://youtube.com/shorts/iErzCfIKM8Y?feature=share

Media is too big
VIEW IN TELEGRAM
ရဲရဲတွေး ရဲရဲပြော (ရုပ်/သံ)
ဧရာဝတီ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၅
ဧရာဝတီ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၅
မုံရွာမြို့ပေါ် ပေါ်တာဆွဲမှု များလာ
ဧရာဝတီ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၅
မုံရွာမြို့ပေါ်နှင့် မြို့ဝင်ပေါက်များတွင် အာဏာသိမ်းစစ်တပ်မှ အခြေခံလူတန်းစားများဖြစ်သော ဆိုင်ကယ်ဖြင့်ဈေးရောင်းသူ၊ ၊ဈေးကားများ၊ နေ့စားအလုပ်သမားများကို ပေါ်တာဆွဲဖမ်းဆီးနေသလို လမ်းဘေးဈေးသည်များအား ယခုလဆန်းပိုင်းမှစ၍ ရှင်းလင်းနေသောကြောင့် စားဝတ်နေရေး အခက်တွေ့လာရကြောင်း ဒေသခံများထံက သိရသည်။
မုံရွာမြို့ပေါ်တွင် ယခုလမှစ၍ စစ်တပ်မှ ပေါ်တာဆွဲဖမ်းဆီးမှု အများအပြားရှိခဲ့ပြီး မြို့ဝင်ပေါက်များ၌ ခရီးသွားအမျိုးသားများအား ပေါ်တာဆွဲဖမ်းဆီးကာ အမျိုးသမီးအချို့ကိုလည်းဖမ်းဆီးနေကြောင်း သိရသည်။
ဇန်နဝါရီလ ၁၃ ရက်ညနေပိုင်းတွင် ကနီမြို့နယ် နတ်လာပို့ကျေးရွာမှ ဆိုင်ကယ်ဈေးသည်တဦးကို ဖမ်းဆီးစစ်ဆေးခဲ့သလို မုံရွာ နန်ချွန်ဆိပ်၌လည်း ညောင်ပင်ကြီးရွာမှ စက်လှေဖြင့်အလုပ်လုပ်ရန်လာသော ကိုကျော်ဇင်ထူးအပါအဝင် နေ့စားအလုပ်သမား ၁၀ဦး အား ဖမ်းဆီးခဲ့ကြောင်း၊ မုံရွာမြို့ထဲအနှံ့ အရပ်ဝတ်များ၊ ယူနီဖောင်းဝတ်များဖြင့် လိုက်လံဖမ်းဆီးနေသောကြောင့် အခက်ခဲကြုံနေရကြောင်း ဒေသခံများက ပြောသည်။
ဆိုင်ကယ်ဈေးသည်တဦးက "အရင်ဆိုပုံမှန်ထွက်နေကျ ဈေးသည်တွေ နားထားရတာ၊ ခါတိုင်းဆို ပုံမှန်ထွက်တယ်။ ခုက ဈေးခြင်းတွေပါတာတောင် မရှောင်တာ၊ ငါတို့ကဘာမို့လို့လဲဆိုပြီး နားနေတာ။ အခြေနေလေး ငြိမ်မှ ပြန်ထွက်ရတာ” ဟုဆိုသည်။
ယင်းဆိုင်ကယ်ဈေးသည်များ၊ ဈေးကားရောင်းသူများသည် ပုံမှန်အားဖြင့် နေ့စဉ်မြို့တက်၍ ဟင်းသီးဟင်းရွက်များနှင့် ကုန်ခြောက်များဝယ်ပြီး ကျေးရွာများသို့လှည့်လည်ရောင်းချကာအသက်မွေးဝမ်းကျောင်း ပြုရသောကြောင့် ယခုကဲ့သို့ ဖမ်းဆီးမှုများရှိလာချိန်တွင် မြို့ပေါ် မသွားရဲတော့၍ ဈေးရောင်းသူသာမက ဈေးဝယ်များလည်း အခက်တွေ့နေရကြောင်း သိရသည်။
ထို့အတူ နေ့စားအလုပ်သမားများမှာလည်း မြို့တက်လျှင်အဖမ်းခံရမည်စိုးသောကြောင့် မိမိကျေးရွာရှိ ကျပန်းအလုပ်များ ရှာဖွေလုပ်ကိုင်နေရသလို အလုပ်လက်မဲ့များလည်းရှိနေကြောင်း သိရသည်။
ပုံစာ- မုံရွာမြို့ပေါ်တွင် လုံခြုံရေးယူနေသော စစ်သားများ (ပုံဟောင်း)/ CJ

စစ်ကြောင်းထိုးမှုကြောင့် ဘုတလင်နယ်မှတောင်သူများ ဆောင်းသီးနှံ မစိုက်ပျိုးနိုင်
ဧရာဝတီ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေဆဲဖြစ်သောကြောင့် တောင်သူများအနေဖြင့် ဆောင်းသီးနှံ စိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။
ဘုတလင်မြို့နယ်မှ တောင်သူများအနေဖြင့် ကုလားပဲ၊ နေကြာ၊ မြေပဲ၊ ပြောင်း၊ ကြက်သွန် စသည့် ဆောင်းသီးနှံစိုက်ပျိုးမှုကို အောက်တိုဘာလဆန်း၌ စတင်စိုက်ပျိုးလေ့ရှိပြီး စစ်ကြောင်းထိုးဝင်ရောက်ချိန် နေအိမ်များအား မီးရှို့ဖျက်ဆီးသဖြင့် သီးနှံမျိုးစေ့များ အပါအဝင် တောင်ယာသုံးပစ္စည်းများပါ မီးလောင်ပျက်စီးသဖြင့် သီးနှံမစိုက်ပျိုးနိုင်ကြခြင်းဟု ဆိုသည်။
စစ်ဘေးရှောင်ကူညီနေသူတဦးက “စစ်ကြောင်းက ဆက်တိုက်ထိုးနေတော့ စိုက်ရပျိုးရမယ့်အချိန်မှာ ပြေးနေကြရတာမို့ ဒေသခံတောင်သူတွေ ဆောင်းသီးနှံ မစိုက်ပျိုးနိုင်ကြဘူး။ တချို့ ပြန်ကပ်နိုင်တဲ့ရွာလေးတွေမှာလည်း စိုက်ဖို့ပျိုးဖို့အတွက် ထွန်စရာထွန်တုံး၊ ထွန်သွားကအစ မကျန်တော့ ဘယ်လိုမှ စိုက်ဖို့ပျိုးဖို့ မဖြစ်နိုင်တော့ဘူး။ ဒီနှစ် ဆောင်းသီးနှံမစိုက်နိုင်ကြ တော့ တောင်သူတွေ တော်တော်အခက်အခဲဖြစ်နေကြတယ်” ဟု ပြောသည်။
လက်ရှိအချိန်ထိ ဘုတလင်မြို့ပေါ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး နှစ်နေရာ၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) လက်အောက်ခံ စစ်တပ်နှင့် ပျူစောထီးအင်အား ၂၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲ၍ မြို့အား ခံစစ်ပြင်မှုနှင့်အတူ မြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံများမှာ ရပ်ရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ထို့ပြင် စစ်ကြောင်းထိုးမှုအတွင်း နေအိမ်များ မီးရှို့ ဖျက်ဆီးခံရသဖြင့် ကျေးရွာ ၇ ရွာမှ အိမ်ခြေ ၅၀၀ ကျော်ထိ မီးလောင် ပျက်စီးထားသလို ဘုတလင်မြောက်ခြမ်း ကူတော်၊ ကတိုး၊ ဇီးတော(န)၊ ရွှေချောင်းလည်၊ သရက်တိုရိုး၊ ကံသစ်ရွာများ အပါအဝင် ကျေးရွာ ၁၂ ထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ပုံစာ - ၂၀၂၄ အောက်တိုဘာလအတွင်းက မီးရှို့ဖျက်ဆီးခံရသည့် စီပါရွာ / CJ